← Chapters

အခန်း ၂၉၄၁

Vol. 235 Ch. 2941

အခန်း ၂၉၄၁

Vol. 235 Ch. 2941

အခန်း (၂၉၄၁)

လုချင်းလီ၏ မျက်နှာက ယခုအခါတွင် အလွန်တရာ သုန်မှုန်နေခဲ့သည်။

ထိုနေ့က ယွင်ရှောင်ဂိုဏ်းတွင် ရှချင်းလဲ့ ကျဆုံးသွားပြီးနောက် လုချင်းလီအနေဖြင့် ယွင်ရှောင်ဂိုဏ်းကို လူလွှတ်တိုက်ခိုက်ရန် မရွေးချယ်ခဲ့သည်မှာ ယွင်ရှောင်ဂိုဏ်း၏ နောက်ကွယ်ရှိ လျှို့ဝှက်ဆန်းကြယ်သော အင်အားစုကို ကြောက်ရွံ့ပြီး အပို ပြဿနာများကို မဖန်တီးချင်သောကြောင့်သာ ဖြစ်သည်။

သို့သော်လည်း ယွင်ရှောင်ဂိုဏ်းက သူတို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို အစပြု တိုက်ခိုက်လာလိမ့်မည်ဟု သူတစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။

ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် ယွင်ရှောင်ဂိုဏ်းနှင့် မည်သည့် ပတ်သက်မှုမျှ မရှိခဲ့ပေ။

ယွင်‌ရှောင်ဂိုဏ်းကို သိမ်းသွင်းရန် ကြိုးစားရာတွင် မအောင်မြင်ခဲ့သော ကိစ္စရပ် တစ်ခုသာရှိခဲ့သည်။

လုချင်းလီ၏ အမြင်အရ သူတို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ၏ ထိပ်တန်း ဟန်ယွင်အဆင့် အင်အားစုတစ်စု ဖြစ်သည်။

ယွင်ရှောင်ဂိုဏ်းအနေဖြင့် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို ခုခံဝံ့သည့်တိုင် ဆန့်ကျင် တိုက်ခိုက်ဝံ့လောက်သည်အထိတော့ သတ္တိရှိမနေသင့်ပေ။

သို့သော် လက်ရှိ အရှိတရားက လုချင်းလီ၏ မျှော်လင့်ချက်ကို လုံးဝ ကျော်လွန်သွားခဲ့ပြီး ယွင်ရှောင်ဂိုဏ်းသည် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သို့ပင် အမှန်တကယ် ရောက်ရှိလာခဲ့သည်။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် ယွင်ရှောင်ဂိုဏ်း၏ နောက်ကွယ်မှ လျှို့ဝှက်ဆန်းကြယ်သော အင်အားစုသည် ထင်သလောက် မရိုးရှင်းဘဲ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ ရန်သူပင် ဖြစ်နိုင်နေခြေ အလွန်များနေခဲ့သည်။

“အတော်အတင့်ရဲတဲ့ ယွင်ရှောင်ဂိုဏ်းပါလား.. ငါအရှင်က သူတို့ကို သွားရှာဖို့ စိတ်မကူးခဲ့တာကိုတောင် သူတို့က ငါအရှင်ရဲ့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို လာပြီး ရမ်းကားရဲတယ်.. ငါအရှင်နဲ့အတူ ယွင်ရှောင်ဂိုဏ်းက လူတွေကို သွားရင်ဆိုင်ကြစို့”

လုချင်းလီ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် ယနေ့ခေတ် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ၏ ထိပ်တန်း ဟန်ယွင်အဆင့် အင်အားစုဖြစ်ပြီး ယွင်ရှောင်ဂိုဏ်းကမူ သာမန် ထိုက်ယီအဆင့် အင်အားစုမျှသာ ဖြစ်သည်။

ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် ယခုအခါတွင် ၎င်းတို့၏ အင်အားအများစုကို ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို တိုက်ခိုက်ရန် စေလွှတ်ထားသဖြင့် ဂိုဏ်းအတွင်းရှိ အင်အားသည် အတော်လေး အားနည်းနေသည်မှာ မှန်သော်လည်း အခြားသော အင်အားစုများ စိတ်ကြိုက် အနိုင်ကျင့်ရန် လွယ်ကူသည့် အခြေအနေတော့ မဟုတ်ပေ။

အကယ်၍ ယွင်ရှောင်ဂိုဏ်းနှင့် အခြားသော ထိုက်ယီအဆင့် အင်အားစုများကို ရင်ဆိုင်ရာတွင် သူတို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်အနေဖြင့် ဂိုဏ်းအတွင်း၌သာ ပုန်းအောင်းနေမည်ဆိုလျှင် အနာဂတ်တွင် ထာဝရရှင်သန်ခြင်း အင်မော်တယ် နယ်မြေ၌ မည်သည့်မျက်နှာဖြင့် နေထိုင်ရပါမည်နည်း။

စကားဆုံးသည်နှင့် လုချင်းလီက ထိုက်ယီအဆင့် အင်မော်တယ် နှစ်ပါးနှင့်အတူ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော် တည်ရှိရာ ကမ္ဘာငယ်လေး အတွင်းကနေ ထွက်ခွာလာခဲ့သည်။

နောက်ထပ် တစ်ခဏတွင် လူရိပ်သုံးခုသည် အပြာရောင်သစ်သား အင်မော်တယ်တောင်တန်း၏ အထက်ကောင်းကင်ယံတွင် ပေါ်လာခဲ့ကြသည်။

ထိုအခါ လုချင်းလီ၏ အကြည့်သည် ကျန်းချန်တို့ သုံးဦးပေါ်သို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့၏။

“သာမန် ထိုက်ယီအဆင့် အင်အားစုလေးကများ ငါတို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို လာပြီး ရမ်းကားရဲတယ်.. မင်းတို့က ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ”

ဘိုးဘေးချင်းယွင်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“ဟားဟား ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်က အတော်လေး အထက်စီးဆန်လှချည်လား.. မင်းတို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်က ငါတို့ ယွင်ရှောင်ဂိုဏ်းကို ဒုက္ခပေးဖို့တော့ လူလွှတ်လို့ရပြီး ငါတို့ ယွင်ရှောင်ဂိုဏ်းက မင်းတို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို ပြန်ပြီး အရေးယူလို့တော့ မရဘူးတဲ့လား”

“ဒီထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေထဲမှာ ငါတို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ရဲ့ ရန်သူဖြစ်လာရင် ဘယ်လို အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမလဲ ဆိုတာ မင်းတို့တွေ သိသင့်တယ်”

လုချင်းလီ၏ မျက်ဝန်းများက တည်ငြိမ်နေခဲ့သည်။

“ငါ မင်းတို့ကို အခွင့်အရေး တစ်ခုပေးမယ်.. အခုချက်ချင်း အပြာရောင်သစ်သား အင်မော်တယ်တောင်တန်းကနေ ထွက်သွားမယ်ဆိုရင် အချိန်မီသေးတယ်.. မဟုတ်ရင်တော့ ဒီထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေထဲမှာ မင်းတို့ ယွင်ရှောင်ဂိုဏ်း အတွက် နေစရာနေရာ ရှိတော့မှာမဟုတ်ဘူးလို့ ငါအရှင် အာမခံတယ်”

လုချင်းလီသည် ယွင်ရှောင်ဂိုဏ်းနှင့် ပတ်သက်၍ စိုးရိမ်ထိတ်လန့်မှု အနည်းငယ်ရှိနေဆဲ ဖြစ်သည်။

အကြောင်းရင်းမှာ ရှချင်းလဲ့သည် ထိုက်ယီအဆင့် အင်မော်တယ်နှစ်ပါးနှင့် အတူ ယွင်ရှောင်ဂိုဏ်းကို သွားရောက်တိုက်ခိုက်ခဲ့သော်လည်း အဆုံးသတ်တွင် ကျဆုံးခဲ့ရပြီး အသက်ရှင်လျက် မည်သူမျှ ပြန်မလာနိုင်ခဲ့ကြပေ။

ယင်းက ယွင်ရှောင်ဂိုဏ်းတွင် ထိုက်ယီအဆင့် အင်မော်တယ်သုံးပါးကို အလွယ်တကူ သတ်ဖြတ်နိုင်သည့် စွမ်းအား ရှိနေသည်ဟု ဆိုလိုနေခြင်းပင် မဟုတ်ပါလော။

ထို့အပြင် လက်ရှိ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်တွင် ထိုက်ယီအဆင့် အင်မော်တယ် ဟူ၍ သူတို့သုံးဦးတည်းသာ ရှိတော့သည်။

သူတို့် သုံးဦး၏ စွမ်းအားက ရှချင်းလဲ့တို့ လူစုထက် များစွာပို၍ အစွမ်းထက်ပြီး ဤနေရာက ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ နယ်မြေ ဖြစ်သော်လည်း လုချင်းလီသည် ယွင်ရှောင်ဂိုဏ်းနှင့် အမှန်တကယ် မတိုက်ခိုက်ချင်သေးပေ။

“တကယ်လား.. မင်းတို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်က ယွင်ရှောင်ဂိုဏ်းကို ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေထဲမှာ နေစရာနေရာ မရှိအောင် ဘယ်လိုလုပ်မလဲဆိုတာ ငါကြည့်ချင်‌သေးတယ်”

ကျန်းချန်က လုချင်းလီကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။

“စတိုက်ကြစို့.. အမြန်ဆုံး အဆုံးသတ်လိုက်ကြရအောင် “

မည်သို့ပင် ဖြစ်စေကာမူ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ၏ ဟန်ယွင်အဆင့် အင်အားစု အနည်းငယ်ထဲမှ တစ်စု ဖြစ်ပြီး အင်အား အလွန်အမင်း တောင့်တင်းသည်။

ယင်းကြောင့် သူတို့အနေဖြင့် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော် အားနည်းနေသည့် အချိန်ကို အခွင့်ကောင်းယူကာ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို တိုက်ခိုက်ရပေလိမ့်မည်။

အကယ်၍ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်က ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို စေလွှတ်ထားသည့် ကျင့်ကြံသူများသာ ပြန်ရောက်လာခဲ့မည် ဆိုလျှင် သူတို့အနေဖြင့် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို တိုက်ခိုက်ရန် အလွန်တရာ ခက်ခဲသွားပေလိမ့်မည် မဟုတ်ပါလော။

စကားဆုံးသည်နှင့် ကျန်းချန်၏ ခန္ဓာကိုယ်က ဓားအလင်းတန်းတစ်ခု အဖြစ် ပြောင်းလဲသွားခဲ့ပြီး လုချင်းလီ ဆီသို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားခဲ့သည်။

ထိုလူ၏ ကျင့်ကြံခြင်းအဆင့်က ထိုက်ယီ အင်မော်တယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး အလွန်တရာ အစွမ်းထက်သည်။

ယွင်ရှောင်ဂိုဏ်း၏ ဘိုးဘေးချင်းယွင်နှင့် အရှင်ယွင်ကန်းတို့သည် ထိုက်ယီအင်မော်တယ် အစောပိုင်းအဆင့်တွင်သာ ရှိ၍ လုချင်းလီကို ရင်ဆိုင်ရန်မှာ မဖြစ်နိုင်ပေ။

ထို့ကြောင့် ကျန်းချန်သည် လုချင်းလီကို ပထမဆုံး ကိုင်တွယ်ရန် ဆုံးဖြတ်လိုက်၏။

ဤထိုက်ယီအင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူကို ရှင်းပစ်နိုင်သရွေ့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို ကျူးကျော်ရာတွင် များစွာပို၍ လွယ်ကူသွားပေလိမ့်မည်။

ကျန်းချန်၏ တိုက်ခိုက်မှုကို မြင်လိုက်ရလျှင် ဘိုးဘေးချင်းယွင်နှင့် အရှင်ယွင်ကန်း တို့သည်လည်း ထာဝရစိမ်းလန်းသောအင်မော်တယ်နန်းတော်မှ အခြားသော ထိုက်ယီအဆင့်အင်မော်တယ် နှစ်ပါးကို အသီးသီး ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသည်။

“ကောင်လေး မင်းက ယွင်ရှောင်ဂိုဏ်းရဲ့ နောက်ကွယ်ကလူ မဟုတ်လား”

ဟင်းလင်းပြင်ထဲတွင် လုချင်းလီသည် ကျန်းချန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“မင်းဘယ်သူလဲ.. မင်းဘာလို့ ငါတို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို ဆန့်ကျင်ပြီး ယွင်ရှောင်ဂိုဏ်းကို အကူအညီ ပေးနေရတာလဲ”

သူ့ရှေ့မှ လူငယ်လေးသည် ဤမျှငယ်ရွယ်သောအသက်အရွယ်ဖြင့် တလော့အင်မော်တယ် အဆင့်ကိုပင် ရောက်ရှိနေခဲ့သည်။

ထိုလူငယ်က ရှားပါးသော ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦး ဖြစ်ပြီး ပါရမီအရာတွင် သူတို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်မှ တလော့အဆင့် ပါရမီရှင်ထက်ပင် မနိမ့်ကျပေ။

ဤကဲ့သို့သော ပါရမီရှင်မျိုးကို အနည်းဆုံး ဟန်ယွင်အဆင့်ရှိသည့် အင်အားစုများကသာ ပျိုးထောင်ပေးနိုင်လိမ့်မည် ဖြစ်၏။

ဆိုလိုသည်မှာ ယွင်ရှောင်ဂိုဏ်း၏ နောက်ကွယ်မှ အထောက်အပံ့ ပေးနေသော အင်အားစုသည် ဟန်ယွင်အဆင့် အင်အားစု ဖြစ်နိုင်ခြေ အလွန်များ၏။

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ပြောလိုက်သည်။

“ငါ ဘယ်သူလဲဆိုတာ အရေးမကြီးဘူး.. အပိုစကားတွေ ပြောမနေနဲ့တော့.. ငါတို့ တိုက်ခိုက်ကြစို့”

“‌ကောင်လေး.. မင်းရဲ့ပါရမီက ထူးခြားပေမဲ့ တလော့အင်မော်တယ် အစောပိုင်းအဆင့်လောက်နဲ့တော့ ငါအရှင်ရဲ့ ရှေ့မှာ ရမ်းကားဖို့ အရည်အချင်း မပြည့်မီသေးဘူး.. မင်းဘာသာ ဘယ်သူပဲဖြစ်နေပါစေ. ငါတို့ ထာဝရစိမ်းလန်းသောအင်မော်တယ်နန်းတော်ကို လာပြီး မောက်မာရဲမှတော့ ငါအရှင်က မင်းကို ဒီနေရာမှာပဲ အဆုံးသတ် ပေးလိုက်မယ်”

လုချင်းလီ၏ မျက်နှာက အေးစက်သွားခဲ့ပြီး လက်ဝါးရိုက်ချက်ကို ထုတ်ဖော်လိုက်ရာ ကောင်းကင်နှင့် နေမင်းကိုပင် ဖုံးလွှမ်းသွားသည့် အပြာရောင် လက်ဝါးတစ်ဖက်သည် ဟင်းလင်းပြင်ထဲတွင် ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး ကျန်းချန်၏ ဦးခေါင်းအထက်ရှိ ပေပေါင်းသောင်းချီ ဧရိယာကို တစ်ခဏအတွင်းမှာပင် ဘာမှမကျန်ရှိသည်အထိ ချေမှုန်းပစ်လိုက်သည်။

“ကျိုလီစစ်နတ်ဘုရားခန္ဓာကိုယ်”

သူ၏ ရှေ့တွင် ထုတ်ဖော်လိုက်သော လက်ဝါးရိုက်ချက်ကို မြင်လျှင် ကျန်းချန်၏ ခန္ဓာကိုယ်ကနေ ရုတ်တရက် တောက်ပသော ရွှေရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့ပြီး ပေပေါင်းထောင်ချီမြင့်မားသော ရွှေရောင်မွန်းစတားတစ်ကောင် အဖြစ်သို့ တစ်ခဏအတွင်း ပြောင်းလဲသွားခဲ့သည်။

ထို့နောက် သူက ရွှေရောင်နေမင်း ကဲ့သို့ ဧရာမ လက်သီးချက်ဖြင့် အပြာရောင်လက်ဝါး ဆီသို့ ထိုးနှက်လိုက်သည်။

“ဝုန်း..”

ကောင်းကင်ကိုပင် ဖုံးလွှမ်းမတတ် ဖြစ်နေသည့် အပြာရောင်လက်ဝါးသည် ကျန်းချန်၏ လက်သီးချက်ဖြင့် တိုက်ရိုက်ပင် ပေါက်ကွဲပျက်စီးသွားခဲ့သည်။

“ကျိုလီစစ်နတ်ဘုရားခန္ဓာကိုယ်..”

“မင်းက ကျိုလီအင်မော်တယ်ဘုရင်ရဲ့ မျိုးဆက်လား”

သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း လုချင်းလီ ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူ၏ မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်သော အမူအရာများ တစ်ခဏအတွင်း ဖြစ်ပေါ်လာခဲ့၏။

အခန်း(၂၉၄၁)ပြီး၏။

All Chapters