← Chapters

အခန်း ၂၉၄၃

Vol. 235 Ch. 2943

အခန်း ၂၉၄၃

Vol. 235 Ch. 2943

အခန်း (၂၉၄၃)

“ဟန်ယွင်အဆင့်ဥပဒေသ”

သူ၏ ပတ်ဝန်းကျင်တွင် ရုတ်တရက် ဖြစ်ပေါ်ပြောင်းလဲလာသော ကမ္ဘာကြီးကို ကြည့်ပြီး လုချင်းလီ၏ မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

သူ့ရှေ့မှ သံချပ်ဝတ်စုံဝတ်လူသည် အမှန်တကယ်ပင် ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပါး ဖြစ်နေခဲ့သည်။

“ခင်ဗျားက အစွမ်းထက်တယ် ဆိုပေမဲ့ ကျုပ်တို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကလည်း ဘယ်သူမဆို အလွယ်တကူ အနိုင်ကျင့်နိုင်တဲ့ အင်အားစုမဟုတ်ဘူး.. ခင်ဗျားတကယ်ပဲ ကျုပ်တို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်နဲ့ ရန်သူလုပ်ဖို့ ရည်ရွယ်ထားတာလား”

လုချင်းလီက အရှင်ဇူရီကို ကြည့်ကာ အထိတ်တလန့် အော်ဟစ်လိုက်သည်။

သူက ထိုက်ယီအင်မော်တယ် အထွတ်အထိပ်အဆင့် ဖြစ်သော်လည်း ဟန်ယွင်ဥပဒေသ၏ ရှေ့မှောက်တွင် မည်သည့်ခုခံနိုင်စွမ်းမှ မရှိသလောက် ဖြစ်နေခဲ့၏။

“လောင်ကျွမ်းစမ်း..”

အရှင်ဇူရီက လုချင်းလီ၏ အော်ဟစ်သံကို ဂရုမစိုက်ဘဲ အေးစက်စက် မျက်နှာအမူအရာဖြင့် ရေရွတ်လိုက်သည်။

ထိုခဏဝယ် ဟင်းလင်းပြင်ထဲရှိ ကြောက်မက်ဖွယ်အရှိန်အဝါများ ထုတ်လွှတ်နေသော ရွှေရောင်နေမင်းကြီးသည် လုချင်းလီဆီသို့ တိုက်ရိုက်ပင် ဖိနှိပ်လာခဲ့သည်။

သူ့ထံသို့ သက်ရောက်လာသည့် ရွှေရောင်နေမင်းကြီးကို ကြည့်ပြီး လုချင်းလီ၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

သူက အပြာရောင်မှန်တစ်ချပ်ကို ထုတ်ဖော်လိုက်ပြီး စွမ်းအားများဖြင့် လှုံ့ဆော်လိုက်ရာ ဆန်းကြယ်သော အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

ဤအပြာရောင်ကြေးမုံမှန်သည် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ အင်မော်တယ်ရတနာတစ်ပါး ဖြစ်သည်။

ဟန်ယွင်အဆင့်ဥပဒေသ၏ ဖိနှိပ်မှုနှင့် ရင်ဆိုင်ရသောအခါတွင် လုချင်းလီသည် ထိုအင်မော်တယ် ရတနာကို ထုတ်သုံးရန် တုံ့ဆိုင်းမနေခဲ့ပေ။

“ဝုန်း..”

အောက်ဘက်သို့ သက်ဆင်းလာသော ရွှေရောင်နေမင်းကြီးကို အပြာရောင်ကြေးမုံမှန်ကနေ ထုတ်လွှတ်နေသည့် အကာအကွယ် အတားအဆီးသည် အမှန်တကယ်ပင် တားဆီးထားနိုင်ခဲ့သည်။

“ဟန်ယွင်အဆင့် အင်မော်တယ်ရတနာပါလား”

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် အရှင်ဇူရီ မျက်ခုံးအနည်းငယ် တွန့်ကွေးသွားခဲ့သည်။

လုချင်းလီ၏ လက်ထဲရှိ ဟန်ယွင်အဆင့် အင်မော်တယ်ရတနာသည် အလွန်ပင် ထူးခြားနေခဲ့၏။

အကယ်၍ သူသာ လက်ရှိအချိန်တွင် သူ၏ အထွတ်အထိပ်အခြေအနေတွင် ရှိနေခဲ့လျှင် သာမန် ဟန်ယွင်အဆင့် အင်မော်တယ် ရတနာမျှသာ ဖြစ်သော အပြာရောင်ကြေးမုံမှန်သည် သူ့ကို လုံးဝ တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ယခုအခါတွင် သူ၏ စွမ်းအားသည် သူ၏ အထွတ်အထိပ်ကာလနှင့် နှိုင်းယှဥ်လျှင် အတော်လေး ကွာဟချက် ရှိနေသေး၏။

သူက ဟန်ယွင်အဆင့် ဥပ‌ဒေသကို အသုံးပြုနိုင်သော်လည်း ဟန်ယွင်အဆင့် အင်မော်တယ်ရတနာကို ကိုင်ဆောင်ထားသည့် လုချင်းလီကို ဖိနှိပ်ရန်မှာမူ မလွယ်ကူဘဲ ဖြစ်နေခဲ့သည်။

“ကျန်းချန် ဒီကောင်က သာမန်မဟုတ်ဘူး.. သူ့လက်ထဲမှာ ဟန်ယွင်အဆင့် အင်မော်တယ်ရတနာတစ်ပါး ရှိနေတယ်.. ငါ သူ့ကို သတ်နိုင်မှာမဟုတ်ဘူး တားဆီးထားရုံလောက်ဘဲ တတ်နိုင်လိမ့်မယ်.. ဒီအချိန်အတွင်း မင်းလုပ်ချင်တာကို ခပ်မြန်မြန်လုပ်ဆောင်ပါ”

အရှင်ဇူရီက ကျန်းချန်ကို စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။

အရှင်ဇူရီ၏ စိတ်ချင်းဆက်သွယ်ပြောဆိုချက်ကို ကြားလိုက်ရလျှင် ကျန်းချန် အနည်းငယ် မှင်တက်သွားခဲ့သည်။

သူ့အနေဖြင့် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို လာရောက်တိုက်ခိုက်သည်မှာ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ အဓိက တိုက်ခိုက်ရေးစွမ်းအားကို ဆွဲဆောင်လိုခြင်း ဖြစ်ရုံသာမက ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော် အတွက် ဖိအားတချို့ကိုပါ ခွဲဝေယူလိုခြင်းကြောင့်ဖြစ်သည်။

တလော့အင်မော်တယ်အဆင့်ကို ထိုး‌ဖောက်ရာတွင် ကျန်းချန်၏ ကျင့်ကြံခြင်း အရင်းအမြစ်များသည် ကုန်သလောက် ဖြစ်သွားခဲ့သည်။

လက်ရှိတွင် သူ၏ စွမ်းအားကို လျင်မြန်စွာ မြှင့်တင်ရန်အတွက် ကျင့်ကြံခြင်း အရင်းအမြစ် အများအပြား လိုအပ်နေခဲ့၏။

ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ၏ ထိပ်တန်းဟန်ယွင်အဆင့် အင်အားစုတစ်စု ဖြစ်ပြီး အင်မော်တယ်ဘုရင် အဆင့်အင်အားစု ဖြစ်သည့် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကနေ ခွဲထွက်လာခဲ့ခြင်း ဖြစ်သည်။

အကယ်၍ သူသာ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ ရတနာတိုက်ကို လုယက်နိုင်ခဲ့လျှင် ကြွယ်ဝသော အရင်းအမြစ်များကို အမှန်တကယ် ရရှိနိုင်လိမ့်မည် မဟုတ်ပါလော။

ထိုအချိန်သို့ရောက်လျှင် အဆ ၁၀၀ စနစ်၏ အတွေ့အကြုံနှင့် အချိန်မျှော်စင်၏ အဆ ၁၀၀ အချိန်စီးဆင်းမှုနှုန်း တို့၏ အကူအညီဖြင့် ဆိုလျှင် သူ၏ စွမ်းအားကို နောက်ထပ်အဆင့်တစ်ဆင့်သို့ မြှင့်တငမြှင့်တင်နိုင်ပေလိမ့်မည်။

သို့သော်လည်း ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် ဟန်ယွင်ဥပဒေသဖြင့် ဖန်တီးထားသော သီးခြားကမ္ဘာလောကထဲတွင် ဝှက်ထားခြင်း ဖြစ်သည်။

ထို့ကြောင့် အရှင်ဇူရီ၏ အကူအညီ မရှိလျှင် သူ့အနေဖြင့် ထာဝရစိမ်းလန်းသော အင်မော်တယ် နန်းတော်ထဲသို့ ဝင်ရောက်ရန် ခက်ခဲပေလိမ့်မည်။

“အရှင်ဇူရီ.. ကျွန်တော် ထာဝရစိမ်းလန်းသောအင်မော်တယ်နန်းတော်ထဲကို ဝင်ချင်တယ်.. ဒါကြောင့် ဒီလူ့ကို ရှင်းပစ်ဖို့ လိုအပ်လိမ့်မယ်ထင်တယ်.. ကျွန်တော့်ကို စီနီယာရဲ့ ဟန်ယွင်ဥပဒေသနဲ့ ဖန်တီးထားတဲ့ ကမ္ဘာကြီးထဲကို ပေးဝင်ပြီး အဲဒီကောင်ကို အင်မော်တယ်ကျောက်တိုင်နဲ့ ဖိနှိပ်ခွင့် ပြုနိုင်မလား”

ကျန်းချန်က အရှင်ဇူရီကို စိတ်ချင်းဆက်သွယ်၍ တိုက်ရိုက်ပင် ပြောလိုက်သည်။

ကျန်းချန်၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် မမြင်နိုင်သော စွမ်းအားတစ်ခုသည် ကျန်းချန်ကို သီးခြားကမ္ဘာ တစ်ခုထဲသို့ တိုက်ရိုက်ပင် ဆွဲခေါ်သွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင် ကျန်းချန်သည် ရွှေရောင်ကမ္ဘာကြီးထဲတွင် ရောက်ရှိသွားခဲ့ပြီး သူ၏ နံဘေးတွင် ပုံရိပ် တစ်ခု ရှိနေခဲ့သည်။

ထိုသူမှာ အရှင်ဇူရီပင် ဖြစ်သည်။

အရှင်ဇူရီ၏ ဆန့်ကျင်ဘက်တွင်မူ လုချင်းလီသည် အပြာရောင် ကြေးမုံမှန်ကို သူ၏ စွမ်းအား အလုံးအရင်းဖြင့် လှုံ့ဆော်နေခဲ့ပြီး ရွှေရောင်နေမင်းကြီး၏ ဖိနှိပ်မှုအောက်တွင် အတော်လေး ရုန်းကန်နေခဲ့ရသည်။

“ဒါက ဟန်ယွင်ဥပဒေသ စွမ်းအားလား.. တကယ်ကို အစွမ်းထက်လွန်းတာပဲ”

သူ့ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရလျှင် ကျန်းချန်သည် စိတ်ထဲကနေ တအံ့တဩ ချီးကျူးမိလိုက်သည်။

လုချင်းလီကဲ့သို့ ထိုက်ယီအင်မော်တယ် အထွတ်အထိပ်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်သည် ဟန်ယွင်အဆင့် အင်မော်တယ်ရတနာကို ထုတ်သုံးထားသည့်တိုင် ခုခံနိုင်စွမ်း သိပ်မရှိဘဲ ဟန်ယွင်အဆင့် အင်‌မော်တယ်ရတနာကို အားကိုး၍သာ အသက် ဆက်လက်ရှင်နိုင်ရန် အတွက် မနည်း ရုန်းကန်နေခဲ့ရခြင်းဖြစ်သည်။

ကျန်းချန်က အချိန်ဆွဲမနေတော့ဘဲ သူ၏ လက်ဖဝါးကိုလှုပ်ရှားလိုက်ရာ အင်မော်တယ် ကျောက်တိုင်သည် သူ၏ လက်ဖဝါးထဲတွင် ထွက်ပေါ်လာခဲ့သည်။

“အင်မော်တယ်အကျဥ်းသားစွမ်းအား သက်ရောက်စမ်း”

ကျန်းချန်က အင်မော်တယ်ကျောက်တိုင်ကို လျင်မြန်စွာလှုံ့ဆော်လိုက်ရာ အင်မော်တယ် အကျဥ်းသား စွမ်းအားသည် တစ်ခဏအတွင်း စွမ်းအင်သံကြိုးနှစ်ချောင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ရွှေရောင်နေမင်းကြီး၏ အောက်တွင် ရုန်းကန်နေရသော လုချင်းလီကို တိုက်ရိုက်ပင် ချုပ်နှောင်လိုက်သည်။

“မလုပ်ပါနဲ့”

လုချင်းလီ သတိပြုမိလိုက်သည်နှင့် တစ်ပြိုင်နက် လုချင်းလီ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် စွမ်းအင်သံကြိုးများဖြင့် အင်မော်တယ်ကျောက်တိုင်ထဲသို့ ဆွဲသွင်းခြင်း ခံလိုက်ရသည်။

ကျန်းချန်၏ လက်ရှိစွမ်းအားဖြင့် ဆိုလျှင် လုချင်းလီ ကဲ့သို့ ထိုက်ယီအင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူကို အင်မော်တယ်ကျောက်တိုင်၏ အင်မော်တယ်အကျဥ်းသားစွမ်းအားဖြင့် ဖိနှိပ်ရန်မှာ မဖြစ်နိုင်ပေ။

သို့သော်လည်း ယခုအခါတွင် လုချင်းလီသည် ဟန်ယွင်အဆင့် အင်မော်တယ်ဥပဒေသဖြင့် ဖန်တီးထားသောကမ္ဘာကြီးထဲတွင်ရှိနေပြီး ဟန်ယွင်အဆင့် အင်မော်တယ်ရတနာကိုသာ အားကိုး၍ တောင့်ခံနေရခြင်း ဖြစ်သည်။

ထို့ကြောင့်လည်း ဤကဲ့သို့သော အချိန်တွင် အင်မော်တယ်ကျောက်တိုင်၏ အင်မော်တယ်အကျဥ်းသားစွမ်းအားကို အသုံးပြု၍ ဖိနှိပ်ခြင်းသည် သံသယဖြစ်ဖွယ်ရာမရှိ ‌အောင်မြင်သွားခဲ့သည်။

ကျန်းချန်က လုချင်းလီကို အင်မော်တယ် ကျောက်တိုင်ထဲ၌ ဖမ်းဆီးလိုက်သည်အား မြင်လျှင် အရှင်ဇူရီသည် သူ၏ လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်ရှိ ရွှေရောင်ကမ္ဘာကြီးသည် ဟင်းလင်းပြင်ထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

“အကြီးအကဲချုပ် ကျဆုံးသွားပြီလား”

ဟင်းလင်းပြင်ထဲရှိ အခြား တိုက်ပွဲနှစ်ခုတွင် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်မှ ထိုက်ယီအင်မော်တယ်နှစ်ပါးသည် လုချင်းလီ၏ အရှိန်အဝါ ပျောက်ကွယ်သွားသည်ကို တစ်ခဏအတွင်း သိရှိသွားခဲ့ပြီး ချက်ချင်းဆိုသလို ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ အကြီးအကဲချုပ်ဖြစ်သူ လုချင်းလီသည် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ ဟန်ယွင်အဆင့် အင်မော်တယ်အောက်တွင် အစွမ်းအထက်ဆုံး ကျင့်ကြံသူလည်း ဖြစ်သည်။

ယင်းကဲ့သို့ ထိုက်ယီအင်မော်တယ် အထွတ်အထိပ်အဆင့် ပုဂ္ဂိုလ်တစ်ဦးသည် ဟန်ယွင်အဆင့် အင်မော်တယ်ရတနာကို ကိုင်ဆောင်ထားသည့်တိုင် ရုတ်တရက် ကျဆုံးသွားလိမ့်မည်ဟု သူတို့ လုံးဝမတွေးမိခဲ့ကြပေ။

“ဒါက ဟန်ယွင်အဆင့် အင်မော်တယ်ရဲ့ လက်ချက်ပဲ ဖြစ်ရမယ်”

ဤသည်မှာ ဟန်ယွင်အဆင့် အင်မော်တယ်သာလျှင် အလွယ်တကူ လုပ်ဆောင်နိုင်သောကိစ္စမျိုး ဖြစ်သည်။

ယင်းအခိုက်အတန့်တွင် ထိုက်ယီအင်မော်တယ် နှစ်ပါးစလုံးသည် ဝိညာဥ်လွင့်မတတ် ထိတ်လန့် ကြောက်ရွံ့သွားခဲ့ကြသည်။

သူတို့က တိုက်ခိုက်လိုစိတ် မြူမှုန်မျှပင် မရှိတော့ဘဲ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ ဘေးကင်းလုံခြုံရေးကိုပင် လျစ်လျူရှုကာ အဝေးသို့ လျင်မြန်စွာ ထွက်ပြေးသွားခဲ့ကြသည်။

ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ကျန်းချန်သည် လိုက်လံဖမ်းဆီးရန် စိတ်ကူးမရှိဘဲ အရှင်ဇူရီကို တိုက်ရိုက်ပင် ပြောလိုက်သည်။

“အရှင်ဇူရီ.. ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ထဲကို ဘယ်လိုဝင်ရမလဲ”

လက်ရှိ ကျန်းချန်၏ စွမ်းရည်ဖြင့်ဆိုလျှင် ထွက်ပြေးသွားသော ထိုက်ယီအင်မော်တယ် နှစ်ပါးလောက်ကို စိုးရိမ်ပူပန်နေစရာ မလိုအပ်ပေ။

ထိုက်ယီအင်မော်တယ် နှစ်ပါးကို သတ်ဖြတ်ခြင်းနှင့် နှိုင်းယှဥ်လျှင် ကျန်းချန်သည် ယခုအခါတွင် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ အရင်းအမြစ်များကို လုယက်ရန် ပိုမို စိတ်အားထက်သန်နေသည်မှာ သံသယဖြစ်ဖွယ်ရာမရှိချေ။

အရှင်ဇူရီက ဘာစကားတစ်ခွန်းမျှ မပြောဘဲ မျက်တောင်တစ်ခတ်အတွင်းမှာပင် အပြာရောင်သစ်သား အင်မော်တယ်တောင်တန်း၏ အထက်ကောင်းကင်ယံကို ရောက်ရှိသွားခဲ့သည်။

ယင်းနောက်တွင် အနက်ရောင်မီးလျှံများ ဝန်းရံနေသည့် ဟန်ယွင်အဆင့် ဓားရှည်တစ်လက်သည် သူ၏ လက်ဖဝါးထဲတွင် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

သူက သူ၏ စွမ်းအားများကို အနက်ရောင်ဓားရှည် အတွင်းသို့ ထည့်သွင်းလိုက်ကာ ဓားချက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။

ချက်ချင်းဆိုသလိုပင် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော် တည်ရှိသည့် ဟန်ယွင်အဆင့် အင်မော်တယ် ဖန်တီးထားသော သီးခြားကမ္ဘာကြီးသည် အရှင်ဇူရီ၏ ဓားချက်ကြောင့် တိုက်ရိုက်ပင် ဆုတ်ဖြဲခြင်း ခံလိုက်ရသည်။

“သွားကြစို့”

အရှင်ဇူရီက ကျန်းချန်ကို အေးစက်စက် လှမ်းခေါ်လိုက်ပြီးနောက်တွင် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်တည်ရှိရာ သီးခြားကမ္ဘာထဲသို့ ချက်ချင်းဆိုသလို ဝင်ရောက်သွားခဲ့သည်။

အခန်း(၂၉၄၃)ပြီး၏။

All Chapters