← Chapters

အခန်း ၂၉၄၆

Vol. 235 Ch. 2946

အခန်း ၂၉၄၆

Vol. 235 Ch. 2946

အခန်း (၂၉၄၆)

ထိုစကားကိုကြားလိုက်ရလျှင် ကျန်းချန်သည် အနည်းငယ် စိုးရိမ်သွားခဲ့သည်။

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ကျဆုံးခဲ့ပြီးနောက်တွင် သူအုပ်ချုပ်ခဲ့သည့် ထာဝရရှင်သန်ခြင်း အင်မော်တယ် နန်းတော်ကြီးသည် အင်အားစုသုံးစုအဖြစ် ပြိုကွဲသွားခဲ့သည်။

ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ နန်းတော်သခင်ဖြစ်သူ လုချန်ချင်းသည် ထာဝရရှင်သန်ခြင်း အင်မော်တယ် နန်းတော် မပြိုကွဲမီကတည်းကပင် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေတွင် နာမည်ကျော်ကြားသော ဟန်ယွင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

ယခုနှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီဖြစ်ရာ လုချန်ချင်း၏ စွမ်းရည်သည် ယခင်ထက် များစွာ ပို၍ အားကောင်းနေမည်မှာ သေချာသလာက်ပင်။

ဤကဲ့သို့ ပုဂ္ဂိုလ်မျိုးသည် အရှင်ဇူရီ၏ အထွတ်အထိပ်ကာလနှင့် ယှဥ်လျှင်ပင် များစွာနိမ့်ကျလိမ့်မည် မဟုတ်ချေ။

“မစိုးရိမ်ပါနဲ့.. ငါ့အနေနဲ့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ရဲ့ နန်းတော်သခင်ကို အနိုင်မယူနိုင်ရင်တောင်မှ တခဏလောက် ထိန်းထားဖို့တော့ ပြဿနာကြီးကြီးမားမား မရှိပါဘူး”

အရှင်ဇူရီ၏ မျက်ဝန်းထဲတွင် ယုံကြည်မှုအပြည့်ရှိသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သူက သူ၏ အထွတ်အထိပ် အခြေအနေသို့ ပြန်လည်မရောက်ရှိသေးသော်လည်း တစ်ချိန်က ဟန်ယွင်အထွတ်အထိပ်အဆင့် ကျင့်ကြံသူ ဖြစ်ခဲ့ပြီး အင်မော်တယ်ဘုရင်အဆင့်ကို ရောက်ရှိရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့သည်။

ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်မှ ဟန်ယွင်အဆင့် ကျင့်ကြံသူက မည်မျှပင် စွမ်းအားကြီးမားနေပါစေ၊ သူ့ကို အနိုင်ယူရန်မှာ လွယ်ကူသော အလုပ်တစ်ခု မဟုတ်ပေ။

အရှင်ဇူရီနှင့် စကားပြောပြီးနောက်တွင် ကျန်းချန်သည် တစ်စုံတစ်ရာကို ရုတ်တရက် အာရုံခံမိလိုက်ပြီး ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော် တည်ရှိရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်သည်။

“ကောာင်လေး သေချာပြင်ဆင်ထားလိုက်တော့.. ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ရဲ့ နန်းတော်သခင် ဖြစ်တဲ့ ဟန်ယွင်အဆင့် ကျင့်ကြံသူက ပြန်လည် ရောက်ရှိလာပြီ ထင်တယ်”

ကျန်းချန်၏ မျက်ဝန်းများက ကျဥ်းမြောင်းသွားခဲ့ပြီး သူ၏ မျက်နှာအမူအရာကလည်း တစ်ခဏအတွင်းမှာပင် ပိုမို၍ လေးနက်သွားခဲ့သည်။

ဟန်ယွင်အဆင့် ကျင့်ကြံသူ ဆိုသည်မှာ အင်မော်တယ်ဘုရင်ပြီးလျှင် အစွမ်းအထက်ဆုံးသော အဆင့် ဖြစ်သည်။

အထူးသဖြင့် အရှင်ဇူရီ၏ လှုပ်ရှားမှုတချို့ကို အကြိမ်ကြိမ်မြင်တွေ့ခဲ့ရပြီးနောက်တွင် ကျန်းချန်သည် ဟန်ယွင်အဆင့် ကျင့်ကြံသူ မည်မျှ အစွမ်းထက်သည်ကို ကောင်းစွာ နားလည်သွားခဲ့သည်။

သူက ပါရမီအလွန်တရာ ထူးချွန်ပြီး သူ၏ လက်ထဲတွင် အင်မော်တယ်ဘုရင်အဆင့် လက်နက်များစွာ ရှိနေသည့်တိုင် အဆုံးသတ်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် တလော့အင်မော်တယ် အဆင့်မျှသာ ဖြစ်၍ စစ်မှန်သော ဟန်ယွင်အဆင့် ကျင့်ကြံသူ၏ ရှေ့မှောက်တွင် ခုခံနိုင်စွမ်း လုံးဝ ရှိလိမ့်မည်မဟုတ်ပေ။

သို့သော်လည်း သူ့ဘက်တွင် အရှင်ဇူရီ ရှိနေခြင်းကြောင့် သူ့အနေဖြင့် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်မှ ဟန်ယွင်အဆင့် ကျင့်ကြံသူနှင့် ယှဥ်ပြိုင်နိုင်စွမ်း မရှိဟုတော့ မဆိုနိုင်ပေ။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူရှိုက်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

“အရှင်ဇူရီ.. ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်က ဟန်ယွင်အဆင့် ကျင့်ကြံသူကို ဒီနေရာဆီ ရောက်လာအောင် ခေါ်လိုက်တော့”

“ကောင်းပြီ”

အရှင်ဇူရီက ခေါင်းညိတ်ပြလိုက်ပြီး ဟန်ယွင်အဆင့်အင်မော်တယ် အရှိန်အဝါကို တစ်ခဏအတွင်း ထုတ်လွှတ်လိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် မိုင်ပေါင်းထောင်ချီ ဧရိယာရှိ ဟင်းလင်းပြင် အထိ ပျံ့နှံ့သွားခဲ့သည်။

“ဟန်ယွင်အဆင့် အင်မော်တယ်အရှိန်အဝါပါလား”

ယွင်ရှောင်ဂိုဏ်းကို သွားရောက် စာရင်းရှင်းရန် ပြင်ဆင်နေသော လုချန်ချင်းသည် မိုင်ပေါင်းထောင်ချီ ဝေးကွာသောနေရာမှာ ဟန်ယွင်အဆင့် အင်မော်တယ်အရှိန်အဝါကို အာရုံခံမိသွားခဲ့ပြီး ရုတ်တရက် မျက်ဝန်းများ စူးရှသွားခဲ့သည်။

ထိုစဥ်က ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေသည် ကြီးမားသော အပြောင်းအလဲ တစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ပျောက်ကွယ်သွားရုံတင်မကဘဲ ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေထဲမှာ ဟန်ယွင်အဆင့် ကျင့်ကြံသူ အမြောက်အများ ဆုံးရှုံးခဲ့ရသည်။

ယနေ့ခေတ်တွင်မူ ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေထဲတွင် ဟန်ယွင်အဆင့် ကျင့်ကြံသူ ဟူ၍ လက်ချိုးရေတွက်၍ ရသော အရေအတွက်မျှသာ ရှိတော့သည်။

ထို့အပြင် ဤဟန်ယွင်အဆင့် အင်မော်တယ် အရှိန်အဝါသည် သူ အာရုံခံမိစေရန်အတွက် အရှိန်အဝါကို ရည်ရွယ်ချက်ရှိရှိ ထုတ်ဖော်ပြသနေခြင်း ဖြစ်ပုံရ၏။

လုချန်ချင်း၏ မျက်ဝန်းထဲတွင် တောက်ပသော အလင်းတန်းများ ယှက်သန်းသွားခဲ့သည်။

အကယ်၍ သူ၏ ခန့်မှန်းချက်သာ မမှားလျှင် ဤဟန်ယွင်အဆင့် အရှိန်အဝါပိုင်ရှင်သည် ယွင်ရှောင်ဂိုဏ်း၏ နောက်ကွယ်မှ လျှို့ဝှက်ဆန်းကြယ်သော အစွမ်းထက်ပုဂ္ဂိုလ်ဖြစ်ပြီး ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို ကျူးကျော်ဝင်ရောက်ကာ ရတနာတိုက်ကို လုယက်သွားသည့် တရားခံ ဖြစ်နိုင်ခြေ အလွန်များ၏။

ထိုလူသည် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို ကျူးကျော်ဝင်ရောက်ကာ လုယက်ပြီးနောက်တွင် ထွက်ခွာသွားခြင်း မရှိသေးဘဲ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ အနီးအနားတွင် သူ့ကို စောင့်ဆိုင်းနေလိမ့်မည်ဟု လုချန်ချင်း လုံးဝ ထင်မှတ်မထားခဲ့ပေ။

“ဟမ့် ငါ့ရဲ့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို ကျူးကျော် ဝင်ရောက်လုယက်ပြီးတဲ့နောက်မှာတောင် ထွက်မသွားသေးဘဲ အနီးအနားမှာ ရှိနေတယ်ဆိုတော့ တော်တော်မာနထောင်လွှားတဲ့ကောင်ပဲ.. မင်းဘယ်လိုလူမျိုးလဲဆိုတာ ငါကိုယ်တိုင် ကြည့်ချင်သေးတယ်”

လုချန်ချင်းက နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်ပြီးနောက်တွင် မိုင်ပေါင်းထောင်ချီ ဝေးကွာသော ဟင်းလင်းပြင်ကို တိုက်ရိုက်ပင် ဖြတ်သန်းသွားခဲ့ပြီး ကျန်းချန်တို့ နှစ်ဦးရှေ့မှောက်သို့ တစ်ခဏအတွင်း ရောက်ရှိလာခဲ့သည်။

သူက အေးစက်စက် အကြည့်ဖြင့် ကျန်းချန်တို့နှစ်ဦးကို အကဲခတ်ကြည့်လိုက်သည်။

သူ၏ လူသတ်ငွေ့များ ပြည့်နှက်နေသော စကားသံသည် ပတ်ဝန်းကျင်တွင် ဟိန်းခနဲ ထွက်ပေါ်လာခဲ့သည်။

“ငါ့ရဲ့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို ကျူးကျော်ဝင်ရောက်လုယက်သွားတာ မင်းတို့နှစ်ယောက်လား”

ကျန်းချန်က သူ့ရှေ့ရှိ လုချန်ချင်းကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

“ဟုတ်တယ် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို ကျူးကျော်ဝင်ရောက်လုယက်ခဲ့တာ ကျုပ်တို့ပဲ.. နန်းတော်သခင် လုချန်ချင်း.. ကျုပ်တို့ ခင်ဗျားကို ဒီနေရာမှာ စောင့်နေတာ အတော်ကြာပြီ”

“ငါမင်းတို့ကို လျှော့တွက်မိသွားတာပဲ.. မင်းတို့က ငါ့ရဲ့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်က တပည့်အများအပြားကို သတ်ဖြတ်ပြီး ငါ့ရဲ့ ရတနာတိုက်ကို လုယက်ခဲ့တာတောင် ထွက်မပြေးသေးဘဲ ငါပြန်လာမဲ့ အချိန်အထိ ဒီနေရာမှာ စောင့်ရဲတယ်လား”

လုချန်ချင်းက ကျန်းချန်တို့နှစ်ဦးကို အေးစက်စက် စိုက်ကြည့်ကာ မေးလိုက်သည်။

“မင်းတို့ ဘယ်သူတွေလဲ.. ငါတို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်က မင်းတို့နဲ့ ဘာရန်ငြိုးရန်စမှ မရှိခဲ့ဖူးဘူး မင်းတို့က ငါ့ကို ဘာဖြစ်လို့ ရန်သူကြီး တစ်ယောက်လို ဆက်ဆံနေရတာလဲ”

ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ နန်းတော်သခင်တစ်ဦး အနေဖြင့် လုချန်ချင်းသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေထဲရှိ ဟန်ယွင်အဆင့် ကျင့်ကြံသူများကို ကောင်းစွာ သိရှိထားခဲ့သည်။

ထို့ကြောင့် သူ့ရှေ့ရှိ ဟန်ယွင်အဆင့် ကျင့်ကြံသူသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေမှ ကျင့်ကြံသူ မဟုတ်သည်မှာ သေချာသလောက်ပင်။

ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ၏ ပြင်ပမှ ရောက်ရှိလာသော ဟန်ယွင်အဆင့် ကျင့်ကြံသူ တစ်ဦးသည် အဘယ်ကြောင့် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ ရန်သူဖြစ်လာရသနည်း ဆိုသည်ကို လုချန်ချင်း အမှန်တကယ် နားမလည်နိုင်ခဲ့ပေ။

“ဒီအခြေအနေအထိတောင် ရောက်နေပြီပဲ.. ကျုပ်တို့ ဘယ်သူလဲဆိုတာ ခင်ဗျားအတွက် အရေးကြီးနေသေးလို့လား”

ထိုခဏဝယ် လုချန်ချင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ရုန့်ရင်းသည့် အရှိန်အဝါများကို ခံစားမိလျှင် ကျန်းချန်အနည်းငယ် ထိတ်လန့်သွားခဲ့သည်။

လုချန်ချင်းသည် ထာဝရရှင်သန်ခြင်းး အင်မော်တယ်နန်းတော်မှ ဟန်ယွင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့ဖူးသည် ဟူသော ဂုဏ်ပုဒ်နှင့် အမှန်တကယ်ပင် ထိုက်တန်လှ၏။

လုချန်ချင်း၏ စွမ်းရည်သည် အင်မော်တယ် လောကရှိ သူ မြင်တွေ့ဖူးသမျှထဲတွင် သေချာပေါက် အစွမ်းအထက်ဆုံး ဖြစ်သည်။

အကယ်၍ အရှင်ဇူရီ၏ ခုခံကာကွယ်ပေးမှုသာ မရှိခဲ့လျှင် လုချန်ချင်း၏ ခန္ဓာကိုယ်က ထွက်ပေါ်လာသည့် ရုန့်ရင်းသည့် အရှိန်အဝါများကို အလွယ်တကူ တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

လုချန်ချင်းက ခေါင်းညိတ်လိုက်ပြီး ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

“မင်းပြောတာ မှန်တယ်.. အဲဒါက သိပ်အရေးမကြီးဘူး.. မင်းတို့ ဘယ်သူပဲဖြစ်ဖြစ် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို လာပြီး ရမ်းကားရဲမှတော့ အဲဒီအတွက် သေချာပေါက် ပြန်လည် ပေးဆပ်ရလိမ့်မယ်”

“လုချန်ချင်း မင်းလေလုံးထွားလှချည်လား”

အရှင်ဇူရီက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။

ငါ့ကို ပြန်လည် ပေးဆပ်စေဖို့က မင်းမှာ အဲလိုလုပ်နိုင်စွမ်း ရှိ မရှိ ဆိုတဲ့အပေါ်မှာပဲ မူတည်တယ်”

စကားဆုံးသည်နှင့် အရှင်ဇူရီ၏ ပုံရိပ်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် လုချန်ချင်း၏ ဦးခေါင်းအထက်ရှိ ဟင်းလင်းပြင်တွင် ထွက်ပေါ်လာခဲ့သည်။

သူက ဟန်ယွင်အဆင့် ဥပဒေသကို ချက်ချင်းပင် ထုတ်ဖော်လိုက်ရာ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် တစ်ခုလုံးသည် တောက်ပသော နေမင်းကြီး တည်ရှိသည့် ‌ရွှေရောင်ကမ္ဘာကြီးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“ သေချင်နေပြီလား ”

လုချန်ချင်း၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ လင်းလက်သွားခဲ့သည်။

မြင့်မားသော ရှေးဟောင်းသစ်ပင်ကြီးများ သိပ်သည်းစွာ ပေါက်ရောက်နေသည့် စိမ်းလန်းသောကမ္ဘာကြီးတစ်ခုသည် သူ၏ ခန္ဓာကိုယ်ကနေ တစ်ခဏအတွင်း ဆင့်ကဲပြောင်းလဲလာခဲ့သည်။

ဤစိမ်းလန်းသော ကမ္ဘာကြီးသည် လုချန်ချင်း၏ ပတ်ဝန်းကျင်တွင် ဆက်တိုက်ဆိုသလို ကြီးထွားလာခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အရှင်ဇူရီ ထုတ်ဖော်ထားသော ရွှေရောင်ကမ္ဘာကြီးနှင့် ထိပ်တိုက် ဆုံတွေ့သွားခဲ့သည်။

“ဝုန်း..ဝုန်း..”

ထိုအခိုက်အတန့်တွင် ကောင်းကင်ယံက ပြိုကျမတတ် ဖြစ်သွားခဲ့ပြီး ဟင်းလင်းပြင်၌ ပရမ်းပတာ အခြေအနေများ ဖြစ်ပေါ်လာခဲ့သည်။

ကမ္ဘာလောကကြီးကို ထိန်းချုပ်နိုင်သည့် စွမ်းအားများကိန်းအောင်းနေသော ဟန်ယွင်အဆင့် ဥပဒေသနှစ်ခုသည် ဟင်းလင်းပြင်ထဲတွင် စဥ်ဆက်မပြတ် ရင်ဆိုင်နေခဲ့ကြရာ ဟင်းလင်းပြင် မိုင်ပေါင်းထောင်ချီ ဧရီယာသည် အရာအားလုံးကို ဝါးမျိုပစ်နိုင်လောက်သည့် နေရာလွတ် တွင်းနက်ကြီးတစ်ခု အဖြစ်သို့ တစ်ခဏအတွင်း ပြောင်းလဲသွားခဲ့သည်။

ကျန်းချန်က မိုင်ပေါင်းထောင်ချီ အကွာအဝေးအထိ ဆက်တိုက်ဆိုသလို ဆုတ်ခွာသွားခဲ့ရသည်။

သူက ဟင်းလင်းပြင်ထဲရှိ ထိတ်လန့်ဖွယ်ရာကောင်းသော ထိပ်တိုက် ဆုံတွေ့မှုကို ကြည့်ကာ အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ရသည်။

သူက ဟန်ယွင်အဆင့် ကျင့်ကြံသူ တိုက်ခိုက်သည်ကို မြင်ဖူးခဲ့သော်လည်း ဟန်ယွင်အဆင့် ကျင့်ကြံသူနှစ်ဦး ထိပ်တိုက်တွေ့ဆုံမှုကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

ယခုကဲ့သို့ အရှင်ဇူရီနှင့် လုချန်ချင်းတို့၏ တိုက်ပွဲကို မြင်တွေ့လိုက်ရသောအခါမှသာ ကျန်းချန်သည် ဟန်ယွင်အဆင့်ကျင့်ကြံသူ ဆိုသည်မှာ သူထင်ထားသည်ထက် များစွာ ပိုမို၍ အစွမ်းထက်ကြောင်း သဘောပေါက် နားလည်သွားခဲ့သည်။

“အရှင်ဇူရီ ဒီလူကို တားဆီးနိုင်ပါ့မလား”

အရာအားလုံးကို ဝါးမျိုပစ်နိုင်လောက်သည့် နေရာလွတ်တွင်းနက်ကြီးကို စိုက်ကြည့်ရင်း ကျန်းချန်၏ အမူအရာက ပိုမို၍ လေးနက်လာခဲ့သည်။

ဟန်ယွင်အဆင့်၏ စွမ်းအားသည် ကျန်းချန် စိတ်ကူးထားသည်ကို များစွာ ကျော်လွန်နေခဲ့ပြီ ဖြစ်၏။

အကယ်၍ အရှင်ဇူရီသာ ဤလူကို မတားဆီးနိုင်လျှင် ယနေ့တွင် အနည်းငယ် ပြဿနာများလိမ့်မည်ကို သူစိုးရိမ်နေမိသည်။

အခန်း(၂၉၄၆)ပြီး၏။

All Chapters