← Chapters

အလကားရတဲ့ နေ့လည်စာဆိုတာ မရှိ

Vol. 34 Ch. 336

အလကားရတဲ့ နေ့လည်စာဆိုတာ မရှိ

Vol. 34 Ch. 336

[ အသေးစိတ်ကျကျလေး ပြောပေးပါဦး ဒေါက်တာချန် ]

[ ဟိုလို စထွင်မာ ဟုတ်လား … ဘယ်လို စထွင်မာကို ပြောချင်နေတာ ]

[ ဟိုက် လခွမ်း … ဒါကြီးက ပိုက်ဆံတစ်ပြားမှ ကုန်ခံစရာမလိုဘဲ နားထောင်လို့ရတဲ့ အရာပေါ့ဟုတ်လား … ဒေါက်တာချန် … ဆက်ပြောပြပေးပါဦး … ငါတို့ နားထောင်ရတာ ကြိုက်တယ် … ]

[ မင်းတို့ကောင်တွေ ဘာအကြောင်းတွေ ပြောနေကြတာ … ဒီရဲ့ အလယ်တန်းကျောင်းသားလေးက ဘာမှ နားမလည်နိုင်လို့ .. ]

[ အသက် ၂၆ နှစ်အရွယ် အလယ်တန်းကျောင်းသားလေးပေါ့ ဟုတ်လား …. ညီကို … မင်း နောက်တစ်ခါကျ ငယ်ချင်ယောင်ဆောင်ချင်လည်း ကိုယ့် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဖျောက်ထားစမ်းကွာ … ]

[ ဘုရားရေ … တကယ်ပဲ ဟိုလိုစထွင်မာလား .. ]

[ အင်း … ဟုတ်တယ် အိုင်ပီ ၊ သဲလွန်စ ရှာတွေ့သွားတဲ့အတွက် ဂုဏ်ယူပါတယ် … ]

[ အဲ့လိုဟာတွေက စထွင်းမင်း ပလတ်ဖောင်းတွေမှာ အများကြီး ရှိတယ်လေ … ]

အတွေ့အကြုံ ကြွယ်ဝကြသည့် အင်တာနက် သုံးစွဲသူများက ချက်ချင်းဆိုသလို ချန်ယွီ့ ဆိုလိုချင်သည့် စကားအဓိပ္ပာယ်ကို နားလည်သဘောပေါက်သွားခဲ့တော့သည်။

သူတို့၏ မျက်လုံးအရောင်များ လင်းလက်လာပြီး စိတ်ဓာတ်ကလည်း ဟိုးအမြင့်ဆုံးထိရောက်အောင် တက်ကြွကုန်ကြတော့သည်။

ကျောကို‌ တည့်တည့်မတ်၊ စခရင်ကို မျက်တောင်မခတ်တမ်း ကြည့်ရှုနေလျက် ရှိတော့၏။

ဖုန်းစခရင်ထက်ရှိ မရေမတွက်နိုင်သည့် ကွန်းမန့်များကို ဖတ်ရှုရင်း ချစ်စဖွယ် ယုန်သားဆော့စ်လေးမှာ တစ်ကိုယ်လုံး တုန်ယင်သည်အထိ ကြောက်လန့်နေရှာသည်။

သူမ ငွေမက်တာတော့ မှန်သည်။ သို့ပေမယ့် ထိုသို့ဆိုတိုင်း မလုံခြုံသည့် ဝက်ဘ်ဆိုဒ်များ၌ စထွင်မာတစ်ယောက် ဖြစ်လာပေးမည်လို့တော့ မဆိုလိုချေ။

“ သူတို့ မိသားစုရဲ့ လိမ်လည်နည်းလမ်းက အစီအစဉ်တွေ တစ်ဆင့်ပြီးမှ တစ်ဆင့်လာတာ ….” ချန်ယွီ့ ထူးမခြားနားစွာ ဆိုလိုက်ပြီး “ မင်းကသာ စဉ်းစားလို့ မရရင် မရမယ် … သူတို့ စဉ်းစားလို့ မရတာမရှိဘူး …”

ချစ်စဖွယ် ယုန်သားဆော့စ်လေးမှာ ကျယ်လောင်စွာ အော်ငိုလုနီးပါး ဖြစ်သွားခဲ့၏။

ကြည့်ရှုသူများဆို ပိုလို့ပင် အံ့ဩဘနန်း ဖြစ်နေကြလေသည်။

ဒီမိသားစုရဲ့ ပူးပေါင်းဆောင်ရွက်မှုကလည်း အပြစ်ပြောစရာ မရှိလောက်အောင်ကိုပဲ … ချစ်စဖွယ် ယုန်သားဆော့စ်လေး မပြောနဲ့ ၊ ဘယ်သူမဆို အလိမ်ခံလိုက်ရလောက်တယ် …

အချို့သော ကြည့်ရှုသူများကတော့ အနှီ လူလိမ်များက ချစ်စဖွယ် ယုန်သားဆော့စ်ကို ထိုသို့သော အရာမျိုး ပြုလုပ်စေချင်နေသည်ကို လုံးဝ မယုံကြည်နိုင် ဖြစ်နေမိကြ၏။

ဘယ်လိုတောင် အံ့ဩဖို့ကောင်းလိုက်တဲ့ မိသားစုလဲ …

ဒါပေမယ့်လည်း ပြောတာ ပြောနေရတာ ဒီစထွင်မာကောင်မလေးကလည်း ဖြူစင်ရိုးသားတဲ့ မိန်းမကောင်းလေး ဟုတ်မနေပြန်ဘူး …

အစောပိုင်းတုန်းက သူမ ဘယ်လိုတွေ မောက်မာစီးပိုးခဲ့လဲဆိုတာကို လူတိုင်း မှတ်မိနေကြတုန်း။

ကိုယ့်ရဲ့ နံပါတ်ဝမ်းဖန်ကနေ ပိုက်ဆံတွေလည်း ယူတယ်။ သူ့ကိုလည်း စော်ကားသေးတယ်။ တစ်ဖက်လူမှာ မိန်းမရှိမှန်း သိတာတောင် မရှောင်ဘူး။

ကိုယ်လုပ်စရာရှိတာပဲ လုပ်သွားခဲ့တာ။

မျက်နှာအရေအဲ့လောက်ထူနေပြီဆိုတော့ နယူဘီစထွင်မာဘွဲ့ရပြီးသွားပြီလို့ ဆိုရမယ်။

အခုဆို သူ့ရဲ့ ကြည့်ရှုသူတွေဆီကနေ ပိုက်ဆံတွေ မညှာတမ်း အမှဲ့ချွေချွေသလို ချွေနိုင်ပြီလေ။

“ ဒီ မိသားစု သုံးယောက်က အပြင်မှာ လူတွေကို အမြဲတမ်း လိုက်ပြီး လိမ်နေကြ ….” ချန်ယွီ့ စကားကို ဆက်ပြောလိုက်၏။ “ သူတို့ရဲ့ လိမ်နည်းကလည်း အတော်လေး အပြစ်အနာအဆာ မဲ့တယ်လို့ ဆိုရမယ် ….”

“ အရင်ဦးဆုံး အွန်လိုင်းပေါ်မှာ ပစ်မှတ်ထားတယ် … နောက်ပြီး မိန်းကလေး မင်းက သူတို့ လိမ်နည်းအသစ်ရဲ့ ပထမဦးဆုံး နစ်နာသူပဲ ….”

“ သေချာစီစဉ်ထားတဲ့ကြားက ထင်ထားသလို ဖြစ်မလာတဲ့ တစ်ချို့ ကိစ္စလေးတွေလည်း ရှိတယ် ….”

“ ဥပမာပြောရရင် သူတို့က မင်းရဲ့ အကျင့်စရိုက်ကို လျှော့တွက်ထားခဲ့မိကြတာပဲ ….”

“ မင်း လိုက်စထွင်း စလွှင့်ဖြစ်ခဲ့တာက တက္ကသိုလ်ကနေ ဘွဲ့ရပြီးတဲ့ အချိန် အလုပ် ရှာမတွေ့လို့ ….”

“ လိုက်စထွင်းလွှင့်တာကို ကိုယ့်ရဲ့ အရန်အလုပ်အနေနဲ့ သဘောထားပြီး အပိုဝင်ငွေလေး တစ်ချို့ ရှာဖွေချင်ရုံအတွက် သပ်သပ်ပဲ ….”

“ စထွင်မာ လုပ်တာကို အလုပ်ကြီး အကိုင်ကြီးတစ်ခုအနေနဲ့ မသတ်မှတ်ထားဘူး …..”

“ မင်းက နည်းနည်းလေး မောက်မာတယ်ဆိုပေမယ့် ခြုံငုံကြည့်ရင် မိန်းမကောင်းလေး တစ်ယောက်ပါပဲ ….”

“ သူက မင်းကို မြန်မြန်ဆန်ဆန်နဲ့ နာမည်ကြီး ဆယ်လီ ဘယ်လို ဖြစ်လာအောင် နည်းလမ်းဆက်ပေးရင်း …၊ မင်းရဲ့ ဖန်အရေအတွက်တွေ များလားတာနဲ့ မင်းရဲ့ စရိုက်ကလည်း ပြောင်းလဲလာတယ် ….”

“ ပိုက်ဆံတွေလည်း ပိုပိုပြီး ရလာခဲ့တယ် … မင်း လိုက်စထွင်း စလွှင့်တာနဲ့ မင်းကို ပံ့ပိုးပေးမယ့် ဖန်တွေက အများကြီးရှိလာပြီ … အဲ့တာတွေက မင်းကို မောက်မာစီးပိုးဖို့ အားဖြစ်လာစေတာပဲ ….”

“ တစ်ချိန်တည်းမှာပဲ မင်းက ဖန်တွေကို စိတ်ကျေနပ်အောင် လုပ်ပေးရင်း ရလာတဲ့ လက်ဆောင်ငွေလေးတွေနဲ့ပဲ မကျေနပ်နိုင်တော့ဘူး ….”

“ မင်းရဲ့ အနေအထားနဲ့ဆိုရင် ဒီထက် ပိုမြင့်တဲ့ လူမှုအသိုင်းအဝိုင်းထဲ ဝင်ရောက်ပြီး ဖီးနစ်တစ်ကောင် ဖြစ်လာနိုင်တယ် …. ချမ်းသာတဲ့ သူဌေးတစ်ယောက်နဲ့ လက်ထပ်ပြီး ချမ်းသာတဲ့ မိသားစုထဲကို ဝင်ရောက်ချင်တယ် ….”

ချန်ယွီ့က သူမ၏ အကျင့်စရိုက် ပြောင်းလဲသွားခဲ့သည်ဟု ဆိုတော့ ချစ်စဖွယ် ယုန်သားဆော့စ်၏ မျက်နှာအမူအရာမှာ ဝမ်းနည်းသွားခဲ့သည်။

တကယ်လည်း သူမ ထိုသို့ တွေးတောခဲ့တာပင်။

ဖန်အရေအတွက် တိုးပွားလာသည်နှင့် နေ့တိုင်းနေ့ များပြားလှသည့် လက်ဆောင်ငွေများ ရရှိခဲ့ပြီး အနည်းနှင့်အများတော့ ဆယ်လီတစ်ယောက်လိုမျိုး ခံစားခဲ့ရသည်။

တစ်ဖြည်းဖြည်းချင်း ၊ သာမန် ယွမ်ထောင်ဂဏန်းလောက် ရမည့် အလုပ်တစ်ခု ရှာဖွေရမှာကို မတင်းတိမ်နိုင် ဖြစ်လာသည်။

သာမန်လူနှင့် ချစ်ကြိုက်ပြီး အိမ်ထောင်ပြုရမှာကိုလည်း စိတ်ထဲ မလိုလားလာခဲ့တော့၏။

[ ကျွန်တော့်ရဲ့ အရင် ကောင်မလေးဆိုလည်း စထွင်မာပဲ … သူ လိုင်းပေါ်တက်တဲ့အချိန် ဖန်တွေက လက်ဆောင်တွေ အများကြီး ပေးကြတယ် … သူ လိုင်းဆင်းတဲ့ အချိန်ကျရင် သူတို့ပေးတဲ့ ပိုက်ဆံနဲ့ ကျွန်တော်က ဟိုတယ်ခေါ်သွားတယ် … ဘဝကြီးက သာသာယာယာပဲ … ]

[ ဟားဟား … ကွန်းမန့်ထဲက အင်နိုးစန့်လေးတွေတော့ ဂျောင်တစ်ဂျောင်ကို သွားပြီး တိတ်တိတ်လေး ငိုနေကြလောက်ပြီ … ]

[ သူက ဆင်းရဲတဲ့ သူတွေအတွက်တော့ နတ်ဘုရားမလေး … ဒါပေမယ့် လူချမ်းသာတွေအတွက်ကတော့ ဖသမပဲ…. ]

[ ကောက်ကျစ်တဲ့ ကောင်မစုတ်လေးတော့ မြေခွေးအိုကြီးနဲ့မှ လာတိုးတာပဲ … ငါရယ်သေပြီ … ]

[ မင်းက အမြင့်ကို ပျံတက်ပြီး ဖီးနစ်ဖြစ်လာချင်တယ်ပေါ့ ဟုတ်လား … ငါကတော့ မင်းရဲ့ အရိုးထဲက ချဉ်စီပါမကျန် အကုန်စုပ်ပစ်ချင်တာ … ]

[ တကယ်လို့ တစ်စုံတစ်ယောက်က အကျိုးအမြတ် သေးသေးလေးကို မလိုချင်ဘူးဆိုရင် ဒါ သူတို့တွေ အကြီးကြီး ကြံနေလို့ပဲ … ]

ဤသည်ကို ကြားတော့ ကြည့်ရှုသူအများစုက ချစ်ဖို့ကောင်းတဲ့ ယုန်သားဆော့စ်လေးသည် ခံရတာ နည်းတောင်းနည်းသေးသည်ဟု ခံစားနေမိကြ၏။

အကယ်၍ သူမသာ လောဘမကြီး၊ မမောက်မာခဲ့ဘူးဆိုပါက လူလိမ်များ၏ လှည့်ဖျားခြင်းကို ခံခဲ့ရမှာ မဟုတ်ချေ။

ယနေ့ခေတ်တွင် အလကားရသည့် နေလည်စာသည် မရှိ။

အကယ်၍ တကယ်ပဲ တစ်စုံတစ်ရာက ကောင်းကင်ပေါ်မှ ပြုတ်ကျလာမည်ဆိုလျှင်တော့ ….. ပိုင်မုန့်ကြီး မဟုတ်ဘဲ သူတို့ခေါင်းကို ကွဲထွက်စေမယ့် သံပြားအဝိုင်းကြီးပဲ ဖြစ်လိမ့်မည်။

[ ဒေါက်တာချန် … ငါတို့ အဓိက အကြောင်းအရာကို ပြန်သွားကြရအောင် .. ]

[ အဲ့ဘဲကြီးက သူ့ကို ဘာလို့ ဟိုလို စထွင်မာမျိုး ဖြစ်လာစေချင်တာလဲတဲ့ .. ]

ကြည့်ရှုသူ တစ်ဦးက ကာနီဗယ်လက်ဆောင်တစ်ခု ချီးမြင့်ပေးပြီး ကြည့်ရှုသူများ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။

သူက အထူးကွန်းမန့်လည်းရေးပြီး [ ငါအစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာကြာပြီ ]၏ လိမ်လည်နည်းလမ်းအသစ် အကြောင်း မေးမြန်းလာခဲ့၏။

“ လက်ဆောင်ပေးတဲ့အတွက် ဒီက ညီကို ကျေးဇူးပါပဲ … ဆိုတော့ အဓိက အကြောင်းကို ပြန်သွားကြတာပေါ့ …..”

“ အများမြင်ကွင်းမှာ အခုလို ဆူဆူညံညံတွေ ဖန်တီးနေတယ်ဆိုတာကလည်း …. ငါ အစောတုန်းက ပြောခဲ့တဲ့အတိုင်း ပိုက်ဆံ ပိုညှစ်ချင်လို့ပဲ ….”

“ ဒီလူနာက ဒီမိန်းကလေးကို ဝက်မွေးသလို မွေးမြူခဲ့တာ … အသားကို ခုတ်ထစ်ပြီး ရောင်းချလို့အသင့်ဖြစ်တဲ့ အထိပေါ့ ….”

“ ဒီမိန်းကလေးက ကနေဦး ရင်းနှီးမြုပ်နှံမှုတွေကနေ တစ်ဆင့် အင်တာနက် ဆယ်လီ တစ်ယောက်အဖြစ် လေ့ကျင့်ခံခဲ့ရတယ် ….”

“ ရိတ်သိမ်းဖို့ အချိန်ကျတဲ့ အခါကျတော့ သူ့မိန်းမနဲ့ သားက စပြီး အတူပူးပေါင်း အလုပ်လုပ်ကြတယ် ….”

“ တစ်ယောက်က နည်းပညာ အကူအညီနဲ့ ဒစ်ဂျစ်တယ် အက်ဗက်တာ တစ်ခု ဖန်တီးတယ် … နောက်တစ်ယောက်က ချမ်းသာတဲ့ ဒုတိယမျိုးဆက် သူဌေးသားလို ဟန်ဆောင်ရင်း ဒီမိန်းကလေးနဲ့ စကားပြောတယ် ….” ချန်ယွီ့ ညင်သာစွာ ပြုံးလျက် [ ငါအစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာကြာပြီ ]၏ ပြောင်မြောင်လှသည့် လိမ်လည်နည်းလမ်းအသစ်အကြောင်းကို ဖောက်သည်ချပြလိုက်တော့သည်။

သူ့သားနှင့် ဇနီးဖြစ်သူက ချစ်ဖို့ကောင်းတဲ့ ယုန်သားဆော့စ်လေးကို ထောင်ချောက်ထဲသို့ ကျရောက်သည်အထိ အောင်အောင်မြင်မြင်နှင့် ထောင်ချောက်ဆင်နိုင်ခဲ့သည်။

စထွင်မာ မိန်းကလေးကတော့ သူမမှာ အရူးလုပ်ခံနေရသည်ကို မသိဘဲ သူမ၏ ချမ်းသာသည့် အွန်လိုင်းချစ်သူကောင်လေးက တကယ့်အစစ်ဟုသာ ယုံကြည်နေခဲ့လေသည်။

ကောင်လေးဖြစ်သူက အရေးတကြီး ငွေလိုအပ်နေသည်ကို သိလိုက်ရတော့ သူမ၏ ပိုက်ဆံများအားလုံးကို သူ့ထံသို့ ပေးအပ်လိုက်သည်။

အခြားသော အလားအလာရှိသည့် ဖန်များနှင့်ပင် ကလူကျီစယ်ရင်း ကောင်လေးဖြစ်သူအတွက် ပိုက်ဆံပိုရအောင် ကြိုးပမ်းခဲ့သေးသည်။

မည်သို့ပင်ဆိုစေ သူမက ပါမွှား အင်တာနက် စထွင်မာလေး တစ်ဦးသာ ဖြစ်၏။

လိုက်စထွင်းခန်းထဲတွင် ချမ်းသာသည့် ဖန်များက ဘယ်လောက်မျှ မရှိပေ။

ဖလစ်ပြီးနောက် သူမ၏ အဆက်အသွယ်များကိုလည်း ချဲ့ထွင်ခဲ့၏။

ကြွယ်ဝမှုကို ဆက်လက် စုဆောင်းဖို့ဆိုပါက ဖလစ်ပြီး ချစ်ဖို့ကောင်းအောင် သရုပ်ဆောင်နေသည့်အပေါ် ရေရှည်မှီခိုဖို့က မဖြစ်နိုင်ချေ။

သူမဘက်က ကြိုးပမ်းအားထုတ်မှုတစ်ချို့ လုပ်ဖို့ရာ လိုအပ်၏။

ချစ်စဖွယ် ယုန်သားဆော့စ်လေးက ချမ်းသာသည့် မိသားစုထဲသို့ လက်ထပ်ဝင်ရောက်နိုင်ဖို့ အိပ်မက်မက်နေပြီး [ ငါအစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာကြာပြီ ]ကလည်း သားဖြစ်သူကနေတစ်ဆင့် သူတို့ထံသို့ ငွေလွှဲသည့် အမြန်နှုန်းက နှေးကွေးလာသည်နှင့်တစ်ပြိုင်နက် ချစ်စဖွယ် ယုန်သားဆော့စ်တွင် ငွေပြတ်နေပြီ ဖြစ်ချင်း ချက်ချင်း သိရှိလိမ့်မည်။

သူမ မွဲလုနီးနီး ဖြစ်နေပြီဆိုတာကို သိသည်နှင့် [ ငါအစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာကြာပြီ ]က သူ၏ နည်းဗျူဟာကို အချိန်မီ ပြောင်းလဲလိမ့်မည်။

ချစ်စဖွယ် ယုန်သားဆော့စ်ကို သူနှင့် အပြင်မှာတွေ့ဖို့ တောင်းဆိုပြီး သူမ၏ အချစ်အတွက် သူ၏ မိသားစုနှင့် အလုပ်ကိုပါ စွန့်ပစ်ခဲ့ဟန်ဆောင်မည်။

အတွေ့အကြုံ ရင့်ကျက်သည့် လူလိမ်တစ်ယောက်အနေနှင့် [ ငါအစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာကြာပြီ ]က ချစ်စဖွယ် ယုန်သားဆော့စ်လေးသည် သူ့အပေါ် စိတ်ဝင်စားမှာ မဟုတ်မှန်း ရှင်းရှင်းလင်းလင်း သိထားပြီး ဖြစ်သည်။

သူတို့ချင်း ကွဲပြဲကြပြီး လူမြင်ကွင်းတွေ စကားများ ၊ ရန်ဖြစ်ကြမှာ ဖြစ်၏။

ဤသည်က သူလိုချင်သည့် အကျိုးသက်ရောက်မှုပင်။

အင်တာနက်က လူတစ်ဦးကို နာမည်ကြီးအောင် လုပ်ပေးနိုင်သလို လူကို သတ်သေသည်အထိ ကျရှုံးအောင်လည်း လုပ်နိုင်စွမ်းရှိသည်။

ချစ်စဖွယ် ယုန်သားဆော့စ်လေး ရန်လိုလာသည်နှင့် [ ငါအစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာကြာပြီ ]ဘက်က ရုတ်ရုတ်သဲသဲလုပ်ဖို့ လုံလောက်သည့် အကြောင်းပြချက် ရသွားခဲ့လေပြီ။

“ မိန်းကလေး … တကယ်လို့ သူသာ ငါ့လိုက်စထွင်းထဲ မဆက်သွယ်ခဲ့ဘူး … မင်းကလည်း အတွင်းဇာတ်လမ်းတွေ မသိခဲ့ဘူးဆိုရင် နောက်ဆုံးကျ သူ့ပိုက်ဆံတွေကို ပြန်ပေးဖို့ သဘောတူလိုက်မှာပဲမလား ….”

ချန်ယွီ့ ရုတ်ချည်း မေးမြန်းလိုက်သည်။

“ အင်း …. အဲ့လိုပဲ ဖြစ်လောက်တယ် ….”

ချစ်ဖို့ကောင်းသည့် ယုန်သားဆော့စ်လေးက သူမနှုတ်ခမ်းကို ကိုက်လိုက်၏။

အကယ်၍ သူမသာ အတွင်းဇာတ်လမ်းများကို မသိဘူးဆိုပါက ချမ်းသာသည့် မိသားစုထဲ ဝင်ရောက်ဖို့ရာအတွက် ဆက်လက် အိပ်မက်မက်ရင်း သူမ၏ ဂုဏ်သတင်းနှင့် ချစ်သူကောင်လေး၏ အမြင်သဘောထားအတွက် ချစ်ဖို့ကောင်းသည့် ယုန်သားဆော့စ်လေးသည် ပိုက်ဆံကို ပြန်ပေးဖို့ သဘောတူမိလောက်သည်။

ရုတ်တရက်ဆိုသလို ထူးဆန်းသည့် အတွေးတစ်ခုက သူမစိတ်ထဲ ထွက်ပေါ်လာသည်။

All Chapters