← Chapters

ရိတ်သိမ်းမှုမှာ တစ်မိသားစုလုံး ပါဝင်ပတ်သက်နေတယ်

Vol. 34 Ch. 337

ရိတ်သိမ်းမှုမှာ တစ်မိသားစုလုံး ပါဝင်ပတ်သက်နေတယ်

Vol. 34 Ch. 337

“ ဒေါက်တာချန် … ကျွန်မ နားရှုပ်နေတာ တစ်ခု ရှိတယ်… ကျေးဇူးပြုပြီး ရှင်းပြပေးလို့ ရမလား ….”

“ စထွင်မာတွေနဲ့ ပလတ်ဖောင်းက ကြည့်ရှုသူတိုင်း ရှင့်ရဲ့ လိုက်စထွင်းက စွယ်စုံရ ချာနယ်ခန်းနဲ့ တူတယ်ဆိုတာ သိကြတယ် ….” ချစ်ဖို့ကောင်းတဲ့ ယုန်သားဆော့စ်က မနေနိုင်ဘဲ ထုတ်မေးလိုက်ပြီး “ လူတစ်ယောက်က လူကောင်းလား ၊ လူဆိုးလားဆိုတာလည်း ရှင်က တပ်အပ်ပြောနိုင်တယ် … လုံးဝကို နတ်မျက်စိရထားသလိုပဲ …..”

“ သူက မကောင်းတဲ့အလုပ်တွေ ဒီလောက် အများကြီး လုပ်ထားတာတောင် ရှင့်ရဲ့ လိုက်စထွင်းထဲကို ဝင်လာပြီး ဘယ်လိုဖြစ်လို့ တိုင်ပင်ဆွေးနွေးဝံ့နေတာလဲတဲ့ ….”

[ ငါအစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာကြာပြီ ]၏ မိသားစုက သူမအပေါ်တွင် မကောင်းသည့် ရည်ရွယ်ချက်များ ရှိနေသည် ဖြစ်ရာ ယနေ့ခေတ် လိုက်စထွင်းများ၏ စီးပွားရေး သဘောသဘာဝများအကြောင်း ကောင်းစွာ နားလည်ထားကြလောက်သည်။

ထိုသို့ ဖြစ်မည်ဆိုပါက ချန်ယွီ့ ဘယ်လောက်ထိ အစွမ်းအစရှိလဲဆိုတာကိုလည်း သိနေသင့်၏။

[ ငါအစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာကြာပြီ ]၏ အနုစိတ်လှသည့် အစီအစဉ်များကို ရေးဆွဲနိုင်သူက ထိုမျှ တုံးအသည့် တစ်စုံတစ်ရာကို ပြုလုပ်ပါမည်လော။

အကယ်၍ သူသာ ချန်ယွီ့နှင့် ဆက်သွယ်လိုက်မည်ဆိုပါက သူ့ကိုယ်သူ လက်မြှောက်အရှုံးပေးပြီး အရာအားလုံး ဝန်ခံလိုက်သလို ဖြစ်မနေပေဘူးလော။

“ ဟားဟား ….”

“ မင်း ငါ့ကို လွန်လွန်ကျူးကျူးတွေ ချီးကျူးနေတာပဲ မိန်းကလေး ….” ချန်ယွီ့ ပြုံးလျက် ဆိုလိုက်ပြီး “ ငါက မင်းပြောသလောက်လည်း အံ့အားသင့်ဖို့ မကောင်းပါဘူး …”

“ အလွန်ဆုံးရှိလှ ဒီတိုင်း အတွေ့အကြုံများတဲ့ သာမန် စိတ်ပညာရှင် တစ်ယောက်သာသာပါပဲ ….”

“ မင်းပြောတဲ့ အရာရာကို သိမြင်နေတဲ့ နတ်မျက်စိလို စွမ်းရည်တွေဆိုတာ လူသားတွေ တတ်နိုင်တဲ့ အရာ မဟုတ်ဘူး …”

“ ငါ့ရဲ့ ဆန်းစစ်လေ့လာ သုံးသပ်ချက်တွေက စိတ်ပညာ ဗဟုသုတတွေ အပေါ်မှာပဲ အခြေခံထားတာ ….”

“ သူ ဘာကြောင့် ငါ့ဆီ ဆက်သွယ်လာရလဲဆိုတာကတော့ … လုံးဝကို တိုက်ဆိုင်မှု တစ်ခု သပ်သပ်ပါပဲ ….”

“ တိုက်ဆိုင်မှုလား …. “ ချန်ယွီ့ စကားကို ကြားတော့ ချစ်စဖွယ် ယုန်သားဆော့စ်က မယုံကြည်နိုင်စွာ မေးမြန်းလိုက်၏။ “ ဘယ်လိုလုပ် တိုက်ဆိုင်မှု ဖြစ်နိုင်မှာလဲ ….”

“ သူက မင်းကို စောင့်နေတဲ့အချိန် ဖုန်းကြည့်နေခဲ့တယ် …. ငါ လိုက်စထွင်းလွှင့်နေတာကိုမြင်တော့ စူးစမ်းချင်စိတ်နဲ့ ဝင်ကြည့်ဖြစ်သွားခဲ့တာပဲ ….”

“ အဲ့နောက် ငါပေးတဲ့ ဟုန်ပေါင်းတစ်ခုကို ရသွားခဲ့တယ် ….”

“ အဲ့လိုနဲ့ ကံကောင်းတဲ့ တတိယလူနာ ဖြစ်လာခဲ့တာပဲ ….”

“ အစကတော့ ငါ့လိုက်စထွင်းထဲ ဝင် join ဖို့ စိတ်ကူးမရှိခဲ့ဘူး … “ ချန်ယွီ့က သာမန်လျှံကာ အမူအရာဖြင့် ဆက်ပြီး ပြောပြလိုက်၏။ “ ဒါပေမယ့် မင်းရဲ့ သဘောထားကြောင့် ငါ့ရဲ့ လိုက်စထွင်းကို အသုံးပြုပြီး မင်းရဲ့ အနာဂတ်အတွက် ခြိမ်းခြောက်မှု ဖြစ်အောင် ဖန်တီးချင်ခဲ့တယ် …”

“ ကျွန်မရဲ့ သဘောထား …. ကျွန်မက ပိုက်ဆံ ပြန်မပေးချင်လို့လား ….”

ချစ်စဖွယ် ယုန်သားဆော့စ်လေးက မရေမရာ ဖြစ်စွာ မေးမြန်းလိုက်၏။

“ အမှန်ပဲ ….” ချန်ယွီ့ ခေါင်းညိတ်လိုက်သည်။ “သူ မင်းနဲ့ သိတာ ရှစ်လနီးပါးလောက် ရှိပြီ … အစတုန်းက မင်းရဲ့ အကျင့်စရိုက်ကို သူ နားလည်သလောက်ဆိုရင် မင်းက မောက်မာပြီး အထက်တန်းကျတဲ့ အရာအားလုံးကို နှစ်သက်တယ် ….”

“ တစ်ချိန်တည်းမှာပဲ မင်းက လုံလောက်တဲ့ သတ္တိလည်း မရှိဘဲ မင်းရဲ့ ဂုဏ်သိက္ခာကိုလည်း ဂရုစိုက်တယ်….”

“ သူ စဉ်းစားထားတာက လူမြင်ကွင်းမှာ ရုတ်ရုတ်သဲသဲ လုပ်လိုက်တာနဲ့ မင်းကို အကြွေးစာချုပ် ရေးခိုင်းပြီး နာနာခံခံနဲ့ သူ့ကို ထိန်းချုပ်ခွင့် ပြုမယ်ပေါ့ ….”

“ ဒါပေမယ့် မင်းရဲ့ အကျင့်စရိုက်က ရှစ်လအတွင်းမှာ ဒီလောက် အများကြီး ပြောင်းလဲသွားလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး ….”

“ မင်းက မျက်နှာအရေထူလာရုံတင် မကသေးဘူး … သူ့ကို ဘယ်လိုလှောင်ပြောင်ထေ့ငေါ့ပြီး ပြန်ချေပရမလဲဆိုတာကိုပါ သိလာပြီ ….”

“ မင်းရဲ့ စကားလုံးတွေက သူ့စိတ်ကို ဆက်တိုက် ဆွပေးသလို ဖြစ်လာစေခဲ့တာပဲ ….”

“ ဘုန်းကြီးတွေတောင် အဲ့လို ဖြစ်လာရင် သည်းခံနိုင်စွမ်း ကုန်သွားကြတာ မင်းကို သူ့ရဲ့သားကောင်လို သဘောထားနေတဲ့ လူလိမ်ဆိုလို့ကတော့ ပြောတောင် မနေနဲ့တော့ ….”

“ မင်းရဲ့ လှောင်ပြောင် ပြက်ရယ်ပြုတာကို ခံရပြီးတဲ့နောက်မှာ သူ ဒေါသအကြီးအကျယ်ထွက်သွားခဲ့ပြီး မင်းကို ကြောက်လန့်သွားအောင် ခြိမ်းခြောက်ဖို့ ဆုံးဖြတ်လိုက်တယ် ….”

ချန်ယွီ့က [ ငါအစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာကြာပြီ ]၏ ဝမ်းဗိုက်ထဲရှိ ပုဏ္ဏားလေးနှယ် ၎င်း၏ နောက်ဆက်တွဲ စီစဉ်မှုများအားလုံးကို အသေးစိတ်ကျကျ ထုတ်ဖော်ပြောဆိုသွားခဲ့သည်။

ချစ်စဖွယ် ယုန်သားဆော့စ်လေးက သူတို့ ထောင်ချောက်ထဲသို့ ကျရောက်သွားခဲ့ပြီး သူမ၏ ပိုက်ဆံများနှင့် ပရိသတ်များက ရိတ်သိမ်းဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ရာ [ ငါအစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာကြာပြီ ]က သူမကို ယခင်အတိုင်း ဆက်လက်ထားရှိဖို့ ဆိုတာ မည်သို့ ဖြစ်နိုင်လိမ့်မည်နည်း။

သူနှင့် သူ့မိသားစုတို့ ခေါင်းချင်းဆိုင်၍ သုံးရက်တိတိ တိုင်ပင်ခဲ့ကြသည်။

နောက်ဆုံးတွင် သူမကို လှည့်စားပြီး လူကြီး ဝက်ဘ်ဆိုဒ်တစ်ခုတွင် စထွင်မာတစ်ယောက် လုပ်ခိုင်းဖို့ ဆုံးဖြတ်လိုက်တော့၏။

သူမ၏ အားနည်းချက်ကို ဆုပ်ကိုင်ထားပြီး နာခံလာအောင် နှိမ်နင်းပစ်ရမည်။

အကြွေးက သူမ၏ အကောင်းဆုံးသော အားနည်းချက် ဖြစ်၏။

ချစ်စဖွယ် ယုန်သားဆော့စ်လေးက သူ့အပေါ် စိတ်ဝင်စားခြင်း မရှိဘူးဆိုတာကို သိနေသည့်အတွက် [ ငါအစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာကြာပြီ ]က ရည်ရွယ်ချက်ရှိရှိ ချစ်ခွင့်ပန်ခဲ့၏။ ငြင်းခံရမည်မှန်းလည်း သူ့ကိုယ်သူ သေချာသိသည်။

ဤနည်းလမ်းဖြင့် လူမြင်ကွင်းတွင် ရုတ်ရုတ်သဲသဲ ပြုလုပ်နိုင်မည်။

သူ့ကိုယ်သူ စုငွေများအားလုံး အသုံးပြုခဲ့ပြီး မိန်းမဖြစ်သူနှင့်ပင် ကွာရှင်းပစ်ခဲ့ရကြောင်း ဆိုသည်။ သို့ပေမယ့်လည်း တကယ့်လက်တွေ့တွင်တော့ ယင်းက အရူးတစ်ယောက်၏ ကြောင်တောင်တောင် အိပ်မက်သဖွယ် ဖြစ်နေခဲ့သည့်တဲ့လော။

ထိုစကားလုံးများကို အပြင်လူတို့ ကြားသွားသည်နှင့် [ ငါအစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာကြာပြီ ]က ရွံရှာစက်ဆုပ်ခြင်း ခံရမည့်အပြင် ချစ်စဖွယ် ယုန်သားဆော့စ်လေးသည်လည်း လူအများ၏ အာရုံစိုက်ရာ ဖြစ်လာပေမည်။

ယင်းက ချစ်စဖွယ် ယုန်သားဆော့စ်လေးကို ကြောက်လန့်သွားစေပြီး သူ ပြောသည့် စကားများကို နာခံလာစေလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။

သူတို့အပေါ် အကြွေးတစ်ခု တင်သွားမည်ဖြစ်ပြီး သူတို့ အလိုရှိရာမှန်သမျှကို လုပ်ခွင့်ပြုရတော့မည်။

ထင်မှတ်မထားစွာဖြင့် … ချစ်စဖွယ် ယုန်သားဆော့စ်လေးက သူ့စိတ်ကူးထဲကအတိုင်း လိုက်ပါသရုပ်မဆောင်ပေးဘဲ နေရာမှာတင် သူ့အား စိန်ခေါ်လာခဲ့၏။

သူ့တွင် ချန်ယွီ့နှင့် ဆွေးနွေးရန် အခွင့်အရေးတစ်ခု ရှိထားသည်ကို သိတော့ ရုတ်တရက်ဆိုသလို အနည်းငယ် မသက်မသာ ခံစားလာခဲ့ရသည်။

သို့ပေမယ့်လည်း နောက်ဆုံးတွင် [ ငါအစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာကြာပြီ ]က အဆုံးထိ သွားဖို့ ဆုံးဖြတ်လိုက်ပြီး ချစ်စဖွယ် ယုန်သားဆော့စ်လေးကို ခြောက်လန့်ရန်အတွက် ချန်ယွီ့၏ လိုက်စထွင်းထဲ ဝင် Join ဖို့ရာ ဆုံးဖြတ်လိုက်လေသည်။

နောက်ပိုင်းတွင် သူ့ဇနီးက လူအုပ်ကြီးထဲမှ ထွက်ပေါ်လာပြီး ချစ်စဖွယ် ယုန်သားဆော့စ်လေးအပေါ် အများအမြင်ဖိအား ပို၍ လေးလံလာစေရန် သရုပ်ပြမှု တစ်ခု ပြုလုပ်ပေလိမ့်မည်။

“ ဒီရဲ့လူနာ … ကျုပ် ပြောသွားတာတွေက မှန်တယ်မဟုတ်လား ….”

ချန်ယွီ့က တစ်ကိုယ်လုံး တုန်ယင်အောင် လှုပ်ခါနေသည့် [ ငါအစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာကြာပြီ ]ကို ကြည့်ပြီး မေးလိုက်သည်။

ထိုအချိန်အခိုက်အတန့်၌ အွန်လိုင်းရော အပြင်က ကြည့်ရှုသူများပါ သူနှင့် သက်လတ်ပိုင်း အမျိုးသမီးကြီးအပေါ်တွင် အာရုံစူးစိုက်လို့နေသည်။

နှစ်ဦးမှာ အရာအားလုံးကို သေချာ တွက်ချက်ထားခဲ့ကြ၏။ သို့သော် နောက်ဆုံး အခိုက်အတန့်တွင်မှ ချန်ယွီ့၏ လက်တွင်းသို့ ကျရောက်သွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။

“ လူလိမ်တွေအနေနဲ့ ခင်များတို့သုံးယောက်က လိမ်လည်နည်းလမ်းအသစ်ကို ဖန်တီးနိုင်ရုံတင် မကဘူး ၊ လူသားတွေရဲ့ စိတ်နှလုံး သဘာဝကိုပါ ကောင်းကောင်းကြီး နားလည်ထားတယ် …”

“ ဒီမိန်းကလေးမှာ ကြီးကြီးကျယ်ကျယ်တွေ လုပ်ရဲတဲ့ သတ္တိမျိုး မရှိပါဘူးလို့ ခင်များတို့တွေ ယုံကြည်ချက် ရှိခဲ့ကြတယ် ….”

“ ဒီခုလို ဖြစ်တဲ့သတင်းက သူ့ကောင်လေး နားထဲ ရောက်သွားတာနဲ့ သူတို့ချင်း လမ်းခွဲဖြစ်ကြမှာ ကျိန်းသေတယ် ….”

“ ခင်များတို့တွေ အခုလိုမျိုး လုပ်ဝံ့နေတာက ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျိန်းသေပေါက်ကို သေချာနေလို့ပဲ ….”

“ ခင်များတို့နှစ်ယောက်က အပြည့်အဝ ပြင်ဆင်ထားခဲ့ကြတယ် … ဒါပေမယ့် ကျုပ်ရဲ့ လိုက်စထွင်းထဲ ဝင်ရောက်ခဲ့မိတာကတော့ မှားသွားတာပဲ … ဒီလိုလုပ်တာနဲ့ သူ့အပေါ် အများအမြင် ဖိအားက ပိုပြီး တိုးပွားသွားမယ်လို့ ခင်များတို့တွေ ထင်နေတာလား ….”

“ ခင်များတို့က အများအမြင် ဖိအား ဖန်တီးဖို့အပြင် …” ချန်ယွီ့ အေးစက်သည့် မျက်နှာအမူအရာဖြင့် “ တရားဥပဒေ ဘက်ခြမ်းကနေလည်း ဒီမိန်းကလေးကို ဖိအားပေးဖို့ ဆုံးဖြတ်ထားခဲ့ကြတယ် ….”

“ ခင်များနဲ့ ခင်များရဲ့ ဇနီးတို့က တရားဝင် လက်ထပ်ထားကြတဲ့လူတွေ … ခင်များ သုံးလိုက်တဲ့ ငွေတွေက ခင်များဇနီးရဲ့ ငွေတွေဆိုလည်း ဟုတ်တယ် ….”

“ ခင်များဇနီးမှာ သူ့ရဲ့ ပိုင်ဆိုင်မှုတွေအတွက် ဒီမိန်းကလေးကို တရားစွဲပိုင်ခွင့် ရှိတယ် ….”

“ တရားခွင် ရောက်သွားတဲ့ အခါကျရင်တော့ အခြေအနေတွေက ထိန်းချုပ်မှုအောက်ကနေ လွတ်ကင်းသွားလိမ့်မယ် ….”

“ ခင်များတို့ရဲ့ နည်းလမ်းမျိုးစုံနဲ့ ရင်ဆိုင်လိုက်ရရင် ဒီ မိန်းကလေးရဲ့ သဘောထားက ဘယ်လောက်ပဲ တင်းမာနိုင်ပါစေဦးတော့ …၊ အဆုံးမှာ လက်လျှော့လိုက်ရမှာပဲ ….”

“ သူက နာနာခံခံနဲ့ ခင်များတို့ တောင်းဆိုတဲ့အတိုင်း လိုက်နာပါမယ်ဆိုတဲ့ အကြွေးစာချုပ်ကို လက်မှတ်ထိုးပေးလိမ့်မယ် …”

“ ဒါပေါ့ … သူ့ဘက်က သိန်းနဲ့ချီတဲ့ ငွေတွေကို ပြန်ပေးဖို့ မတတ်နိုင်မှတော့ သူ လုပ်နိုင်တဲ့အရာက ကောင်လေးဖြစ်သူဆီ အကူအညီတောင်းဖို့ပဲ …”

“ အဲ့ခါကျရင် သူ့ရဲ့ ပုံရိပ်ယောင် ကောင်လေးကလည်း အင်တာနက်ပေါ်ကနေ ခြေရာလက်ရာ မကျန်ရစ်ဘဲ လုံးဝ ပျောက်ကွယ်သွားလိမ့်မယ် ….”

ကြည့်ရှုသူများအားလုံး ပင့်သပ်ရှိုက်မိသွားခဲ့ကြ၏။

ဘယ်လိုတောင် ရက်စက်တဲ့ အစီအစဉ်လဲ …

ဒီထောင်ချောက်တွင်းကြီးထဲ ဘယ်သူပဲပြုတ်ကျကျ လုံးဝ ပြန်တက်မလာနိုင်မှာတော့ သေချာတယ် …

ချစ်စဖွယ်ယုန်သားဆော့စ်လေး ချမ်းသာတယ်လို့ ထင်ထားတဲ့ ပုံရိပ်ယောင် ကောင်လေးကလည်း သူမရဲ့ ပိုက်ဆံတွေနဲ့အတူ ခြေရာလက်ရာ မကျရစ်ပဲ ပျောက်ကွယ်သွာခဲ့မယ်ဆိုရင် …

အဲ့လို အခြေအမျိုးမှာ သူမဘက်က ပေးစရာ ပိုက်ဆံ ရှိတော့မှာ မဟုတ်ဘူး … သူမလုပ်ဖို့ တတ်နိုင်တာက လူလိမ်တွေ တောင်းဆိုတာကို လိုက်နာဖို့ပဲ ရှိတယ် ….

တစ်ချိန်တည်းမှာပဲ ကြည့်ရှုသူ တော်တော်များများက ပြဿနာတစ်ရပ်ကို သတိပြုမိသွားခဲ့ကြ၏။

ဘဏ်အကောင့် ဖြစ်စေ၊ မိုဘိုင်းဖုန်းနံပါတ်ဖြစ်စေ၊ သို့မဟုတ် ဆိုရှယ်မီဒီယာပင် ဖြစ်စေ၊ သူတို့အကုန်လုံးတွင် နာမည်အစစ်နှင့် မှတ်ပုံတင်ခြင်း လိုအပ်သည်။

လူလိမ်က ကမ္ဘာမြေကြီးထဲသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့လျှင်ပင် ချစ်စဖွယ်ယုန်သားဆော့စ်လေးက ရဲကို ဖုန်းဆက်ဖို့ရာ ရွေးချယ်လိုက်၍ ရလေသည်။

သူ့နာမည်အစစ်နဲ့ ပတ်သက်ပြီး သူမတွင် သတင်းအချက်အလက် အများအပြား ရှိနေသဖြင့် လူလိမ်ကို ရှာတွေ့နိုင်လောက်သည်။

“ မဟုတ်ဘူး …” သူ့ခေါင်းကို ခါယမ်းရင်း ချန်ယွီ့ ပြောလိုက်၏။ “ ကျွမ်းကျင်တဲ့ လူလိမ်တွေ ဖြစ်နေပြီးတော့မှ သူတို့က ဒါလေးတောင် မစဉ်းစားနိုင်ဘူးလို့ မင်းတို့ ထင်နေလား ….”

“ အစီအစဉ် မတင်ခင်ကတည်းကရင် အထူးလမ်းကြောင်းတွေကနေတစ်ဆင့် ဖုန်းနံပါတ်တွေ အများကြီးနဲ့ ဘဏ်အကောင့်တွေကို ဝယ်ထားပြီးသား …”

ဝီးဝေါ် ဝီးဝေါ် ဝီးဝေါ် ….

ထိုအချိန်မှာပဲ လူအုပ်အပြင်ဘက်မှ ရဲကားအချက်ပေးသံများ ဆူညံလာသည်။

လူတိုင်း နောက်လှည့်ကြည့်လိုက်ကြ၏။

များပြားလှသည့် ရဲကားများက မီးရောင် တဖျပ်ဖျပ်နှင့် အလွန်လျင်မြန်သည့် အမြန်နှုန်းဖြင့် ချဉ်းကပ်လာခဲံကြသည်။

ဒါဇင်ကျော်သည့် ရဲအရာရှိများက ၎င်းတို့၏ ကားကိုယ်စီထဲကနေ တင်းမာနေသည့် အမူအရာများဖြင့် ဆင်းလာကြလေသည်။

ရဲအရာရှိများက လူအုပ်ထဲသို့ အလျင်အမြန်ဝင်ရောက်၍ [ ငါအစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာကြာပြီ ]နှင့် သူ့ဇနီးကို ဖမ်းဆီးချုပ်နှောင်လိုက်ကြသည်။

ထိုအချိန်အခိုက်အတန့်မှာပဲ သူတို့၏ ခန္ဓာကိုယ်များကို လေးလံနေစေသည့် ခံစားချက်များ ပျောက်ကွယ်သွားခဲ့ပြီး ပြန်လည် လှုပ်ရှားနိုင်သွားခဲ့တော့၏။

“ ဒေါက်တာချန် … ငါတို့ကို သဲလွန်စ ထောက်ပံ့ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် … ဒီကိစ္စကို ငါတို့ဘက်က လေးလေးနက်နက် စုံစမ်းဖော်ထုတ်သွားမှာပါ ….”

အဖွဲ့ကို ဦးဆောင်လာသည့် ခေါင်းဆောင် ရဲအရာရှိက [ ငါအစ်ကိုကြီးမဖြစ်တာ နှစ်ပေါင်းများစွာကြာပြီ ]၏ ဖုန်းကို ယူပြီး ခေါ်ဆိုမှုကို အဆုံးမသတ်မီ ချန်ယွီ့ကို ကျေးဇူးတင်လိုက်သည်။

“ ခဏလေး ….”

“ ကျန်သေးတယ် …” ချန်ယွီ့ ပြောလိုက်သည်။

All Chapters