← Chapters

အခန်း ၄၇

Vol. 3 Ch. 47

အခန်း ၄၇

Vol. 3 Ch. 47

အပိုင်း(၄၇) ဟန်ဆောင်ကောင်းသော ခေါင်းဆောင်ချူ

"နာနာနဲ့ ချန်းရီတို့ သဘောတူညီမှု ရရှိသွားကြပြီး လီတာဝက်ဝင် ဘီယာလေးဗူးကို ဟဲဟွာ တစ်တောင့်၊ တာဇီး တစ်တောင့်တို့နဲ့လဲလှယ်ခဲ့ကြတယ်"

"နာနာက သူမ ကိုယ်သူမ ချန်းရီရဲ့ လိမ်လည်လှည့်စားတာကို ခံရတယ်လို့ တွေးပြီး ချန်းရီအပေါ် တော်တော်လေး မကျေမနပ် ဖြစ်သွားတယ်"

"အဲ့ဒီကောင်မလေးက ချန်းရီကို စိတ်ထားပုပ်တဲ့ လူလိမ်တစ်ယောက်လို့ သတ်မှတ်ထားတယ်"

"ထယ်ရှီးက ဘတ်စ်ကားထဲမှာ အနားယူ ခွန်အားပြန်လည်ဖြည့်တင်းနေတုန်းပဲ"

"ဘတ်စ်ကားကြီးက အဖွဲ့ဝင်အသစ်တွေကို ကြိုဆိုလက်ခံလိုက်ပြီ"

"ရွှီကျောင်းကျောင်းက တခြားအသက်ရှင်ကျန်ရစ်သူတွေနဲ့ ပူးပေါင်းပြီး ယာဉ်တန်းရဲ့ လက်ရှိစည်းမျဉ်းတွေကို ဖြုတ်ချဖို့ ကြိုးစားနေတုန်း ဖြစ်ပေမယ့် ထိရောက်မှု သိပ်မရှိခဲ့ဘူး... ချန်ရှုရွာ ဖြစ်ရပ်ကို ကြုံတွေ့ပြီးနောက်မှာ ရွှီကျောင်းကျောင်းရဲ့ အရှိန်အဝါက တော်တော်လေးကျဆင်းသွားတယ်... တရားမျှတမှု ယာဉ်တန်းရဲ့ စည်းမျဉ်းတွေကို ဖြုတ်ချဖို့က ဘယ်လိုလုပ်လွယ်မှာလဲ"

"..."

တဲအိမ်ထဲတွင် ခေါင်းဆောင်ချူဖြစ်သော ချူချယ်က အနီရောင် ဆေးသုတ်ပုံးတစ်ပုံးကို ဖျော်စပ်နေရင်း ကုဒ်နံပါတ် ၀၁၂၅၇ ခိုးနားထောင်သည့် ရေဒီယိုမှတစ်ဆင့် ခိုးယူနားထောင်ထားသော သတင်းများကို နားထောင်နေသည်။

ချန်းရီနှင့် နာနာတို့ သဘောတူညီမှု ရရှိသွားကြောင်းကို ကြားသောအခါ ခေါင်းဆောင်ချူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာ၏။

အုံ့မှိုင်းနေပုံရသော ချန်းရီက နာနာကို လှည့်စားပြီး တကယ်ပဲ အရောင်းအဝယ် ဖြစ်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ထယ်ရှီး အနားယူနေဆဲဖြစ်ကြောင်း ကြားရချိန်တွင် ခေါင်းဆောင်ချူက စိတ်ထဲမှ အကြမ်းဖျင်း တွက်ဆကြည့်ပြီး ထယ်ရှီး မနက်ဖြန်လောက်ဆိုလျှင် နိုးလာသင့်ပြီဟု ခန့်မှန်းထားသည်။

ရွှီကျောင်းကျောင်းနှင့် ပတ်သက်၍မူ။

ထိုမိန်းမသည် လုမြို့မှ ထွက်ပြေးလွတ်မြောက်လာသူ ဖြစ်ပြီး ယောက်ျားမိန်းမ တန်းတူညီမျှရေးကို အမြဲတမ်း တောင်းဆိုနေသူ ဖြစ်သော်လည်း အကျိုးသက်ရောက်မှုမှာ အလွန် နည်းပါးလှသည်။

ယာဉ်တန်းထဲတွင် လမ်းစဉ် အစွမ်းပိုင်ရှင် လေးဦး ရှိပြီး ထိုအထဲမှ သုံးဦးမှာ အမျိုးသားများ ဖြစ်နေခြင်းက ရွှီကျောင်းကျောင်းကို အလွန် မတရားဟု ခံစားရစေသည်။ သူမသည် ခေါင်းဆောင်ချူ၏ အုပ်ချုပ်မှုကို ဖြုတ်ချရန်ပင် တစ်ကြိမ် စဉ်းစားခဲ့ဖူး၏။

သို့သော် ခေါင်းဆောင်ချူက ဉာဏ်ဆင်မှု အနည်းငယ် ပြုလုပ်ရုံဖြင့် ဤအမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူကို အရှက်ကွဲကာ ဒုက္ခရောက်သွားစေခဲ့သည်။

ဤမိန်းမက လုံးဝ လက်မလျှော့သေးဘဲ တိတ်တဆိတ် လှုပ်ရှားနေဆဲ ဖြစ်မည်ဟု သူ မထင်ထားခဲ့ပေ။

သို့သော် သူမ၏ လုပ်ရပ်များ အားလုံးကို ခိုးနားထောင်သည့် ရေဒီယိုက အလွန် ရှင်းလင်းပြတ်သားစွာ ကြားနေရသည်ကို သူမ မသိရှာပေ။

ယခင်က ခေါင်းဆောင်ချူသည် ဖြောင့်မတ်ပြီး တက်ကြွလန်းဆန်းသော လူငယ်တစ်ဦး ဖြစ်ခဲ့ဖူးသည်။

သို့သော် ကုဒ်နံပါတ် ၀၁၂၅၇ ခိုးနားထောင်သည့် ရေဒီယိုကို ပိုင်ဆိုင်ခဲ့ပြီးနောက်တွင်မူ ခေါင်းဆောင်ချူ၏ ခိုးနားထောင်တတ်သော အကျင့်မှာ ပို၍ ဆိုးရွားလာခဲ့သည်။

အခြားသူများ မသိနိုင်သော လျှို့ဝှက်ချက်များကို နေ့စဉ် ကြားသိနေရခြင်းက ခေါင်းဆောင်ချူအတွက် အပျော်ရွှင်ဆုံး အချိန်ပင် ဖြစ်သည်။

ဟန်ဆောင်ကောင်းလွန်းလှသော ခေါင်းဆောင်ချူတွင် ဤကဲ့သို့ သူတစ်ပါးကို ဖွင့်မပြောနိုင်သော အကျင့်ဆိုးမျိုး ရှိနေပြီး သူတစ်ပါးစကားကို ခိုးနားထောင်ရသည်ကို နှစ်သက်လိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။

ယာဉ်တန်းတစ်ခုလုံးတွင် ခေါင်းဆောင်ချူ တစ်ယောက်တည်းကသာ လျှို့ဝှက်ချက်များကို အများဆုံး သိထားသူ ဖြစ်သည်။

ဤသည်မှာ ခိုးနားထောင်သည့် ရေဒီယိုကို ပိုင်ဆိုင်ထားခြင်းကြောင့် ရရှိလာသော ဘေးထွက်ဆိုးကျိုးပင် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

ခေါင်းဆောင်ချူက သီချင်းတစ်ပုဒ်ကို တညည်းညည်းဖြင့် ဆေးသုတ်ပုံးကို ဆွဲကာ တဲအိမ်ထဲမှ ထွက်လာခဲ့သည်။

မကြာမီမှာပင် လမ်းကြမ်းမောင်းကား၏ ကိုယ်ထည်ပေါ်တွင် ကပျာကယာ ရေးဆွဲထားသော အနီရောင် စာလုံးနှစ်လုံး ထပ်တိုးလာ၏။ "တရားမျှတမှု"

[သင့်ရှေ့ရှိ ပစ္စည်းများကို အဆင့်မြှင့်တင် ပြုပြင်ရန်အတွက် သတ်ဖြတ်မှတ် (၃၆၂) မှတ်ကို အသုံးပြုလိုပါသလား]

"သတ်ဖြတ်မှတ် သုံးရာ ဟုတ်လား"

"ဒီလောက်တောင် ဈေးကြီးတာလား"

အရင်က စွန့်ပစ်အဝတ်အစားများကို အသုံးပြု၍ ဆိုင်ကယ်အမိုးကို အဆင့်မြှင့်တင်စဉ်က သတ်ဖြတ်မှတ် နှစ်ရာကျော်သာ ကုန်ကျခဲ့သည်။

ယခုမူ အပိုပစ္စည်း အချို့ကို ပြုပြင်မွမ်းမံရန်အတွက်သာ သတ်ဖြတ်မှတ် သုံးရာကျော် လိုအပ်နေသည်။

ဤသည်မှာ ဆိုင်ကယ်အမိုး အားဖြည့်ပစ္စည်းများကို ပြုပြင်မွမ်းမံရန်အတွက်သာ လိုအပ်သော သတ်ဖြတ်မှတ်များ ဖြစ်သည်။

နောက်တွဲယာဉ်၏ အပိုပစ္စည်းများကို ပြုပြင်မွမ်းမံရန် ကုန်ကျစရိတ်ကိုပင် ထည့်မတွက်ရသေးပေ။

အကယ်၍ သူ ယခင်က စီစဉ်ထားသည့်အတိုင်း စက်ဘီးဘီးများကို အသုံးပြုကာ နောက်တွဲယာဉ်ကို ပြုပြင်မွမ်းမံမည်ဆိုပါက သတ်ဖြတ်မှတ်များက တစ်ထောင်အထိ တိုက်ရိုက် ထိုးတက်သွားမည် ဖြစ်သည်။

အဓိက အကြောင်းအရင်းမှာ ကုန်ကြမ်းပစ္စည်း မလုံလောက်သဖြင့် စနစ်မှ ကုန်ကြမ်း အချို့ကို ထောက်ပံ့ပေးရန် လိုအပ်နေခြင်းကြောင့် ဖြစ်သည်။

ကုန်ကြမ်းပစ္စည်းများက သတ်ဖြတ်မှတ်များကို အများဆုံး ကုန်ကျစေသော အရာပင်တည်း။

ထို့ကြောင့် ချန်းရီသည် နောက်တွဲယာဉ် ပြုပြင်မည့် အစီအစဉ်ကို ယာယီ ဘေးဖယ်ထားရပြီး ဆိုင်ကယ်အမိုးကို အရင် အဆင့်မြှင့်တင် အားဖြည့်ရန်သာ ရွေးချယ်ရတော့သည်။

ချန်းရီက ခဏမျှသာ တုံ့ဆိုင်းနေပြီးနောက် အတည်ပြုရန် ရွေးချယ်လိုက်သည်။

ထိုစက်ဘီး အပိုပစ္စည်းများအပုံ ထက်တွင် ရေတွက်စနစ် တစ်ခု ပေါ်လာ၏။

[၀၀:၅၉:၅၉]

တစ်နာရီကြာလျှင် အဆင့်မြှင့်တင်မှု အောင်မြင်သွားမည် ဖြစ်သည်။

ဤအချိန်ပမာဏကိုတော့ လက်ခံနိုင်သေးသည်။

ချန်းရီက ကားဘေးတွင် မှီထိုင်ရင်း ဆေးလိပ်တစ်လိပ်ကို မီးညှိကာ ဖြည်းဖြည်းချင်း စောင့်ဆိုင်းနေ၏။

အသစ်ရရှိထားသော အစွမ်းကို အသုံးပြုကာ ပတ်ဝန်းကျင်ရှိ မီးခိုးငွေ့များကို တစ်ခါတစ်ရံ ကျားအဖြစ် ပြောင်းလဲစေပြီး တစ်ခါတစ်ရံတွင် စပါးကြီးမြွေ အဖြစ်သို့ ပြောင်းလဲစေသည်။

မီးခိုးငွေ့ ပုံတူကူးပြောင်းခြင်းသည် လက်ရှိအချိန်တွင် မိမိ၏ အင်အားအကောင်းဆုံး တိုက်ခိုက်ရေးစွမ်းရည် ဖြစ်သင့်သည်။

နောင်တစ်ချိန် ရန်သူနှင့် ရင်ဆိုင်ရပါက မီးခိုးငွေ့များဖြင့် ကိုယ်ပျောက်အောင် အရင်ဖုံးကွယ်ထားနိုင်ပြီးမှ ပုံတူကူးပြောင်းခြင်း အစွမ်းဖြင့် တိုက်ခိုက်မှု စတင်နိုင်သည်။

သို့သော် ဤပုံတူကူးပြောင်းခြင်း စွမ်းရည်ကို ချန်းရီ လေ့ကျင့်နေဆဲ ဖြစ်သော်လည်း အဓိက သော့ချက်ကို မမိသေးပေ။

ကျားဖြစ်စေ၊ စပါးကြီးမြွေဖြစ်စေ ချန်းရီသည် ဖုန်းနှင့် ရုပ်မြင်သံကြားထဲတွင်သာ မြင်ဖူးခဲ့ခြင်း ဖြစ်သည်။

အကျွမ်းကျင်ဆုံး ပုံတူကူးပြောင်းနိုင်သည်မှာ ကြောင်လေးများနှင့် ခွေးလေးများ ဟူသော တိရစ္ဆာန် နှစ်မျိုးသာ ဖြစ်သည်။

သူ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး သက်ရှိများကို ပုံတူကူးပြောင်း၍ မရလျှင် သက်မဲ့ပစ္စည်းများကို ပုံတူကူးပြောင်းကြည့်လျှင် ကောင်းမည်ဟု ချန်းရီ ရုတ်တရက် တွေးမိသွားသည်။

ချန်းရီသည် ပုံတူကူးပြောင်းခြင်း အစွမ်းကို အသုံးပြု၍ လက်ကိုင်ဒူးလေး တစ်လက်ကို ပုံဖော်ကြည့်ရာ ထူးဆန်းစွာပင် အလွန် ချောမွေ့အောင်မြင်သွားခဲ့သည်။

သို့သော် ထိုအရာတွင် လက်ကိုင်ဒူးလေး၏ ပစ်ခတ်သတ်ဖြတ်နိုင်သော လုပ်ဆောင်ချက် ပါဝင်မနေဘဲ ပုံစံတူ အခွံသက်သက်သာ ဖြစ်နေသည်။

သို့တိုင်အောင် ချန်းရီမှာ အလွန် ပျော်ရွှင်စွာ ဆော့ကစားနေမိ၏။

အချိန်များ မည်သို့ ကုန်ဆုံးသွားမှန်း မသိလိုက်ပေ။ ချန်းရီသည် သူ၏ ပတ်ဝန်းကျင်တွင် အသုံးပြုနိုင်မည့် အခြားသော အရာဝတ္ထုများကို ပုံဖော်ကြည့်ရန် ကြိုးစားနေခဲ့ရာ ခေါင်းထဲမှ အပ်ဖြင့် ထိုးခံရသကဲ့သို့ နာကျင်မှု ခံစားလာရသည့် အချိန်ကျမှသာ ပုံတူကူးပြောင်းခြင်းကို ရပ်တန့်ခဲ့သည်။

အချိန်အတန်ကြာ အနားယူပြီးမှသာ ခေါင်းကိုက်သည့် ဝေဒနာက သက်သာရာရသွားသည်။

ညအချိန် ကန္တာရကြီးသည် တိတ်ဆိတ်ငြိမ်သက်နေသည်။ ပတ်ဝန်းကျင်ရှိ ကားများနှင့် တဲအိမ်များဆီမှ ထွက်ပေါ်လာသော တိုးတိတ်သည့် စကားပြောသံများမှလွဲ၍ လေတိုက်သံများသာ ကျန်ရှိတော့သည်။

တစ်ခါတစ်ရံတွင်မူ ဖော်ပြ၍ မရနိုင်သော အသံအချို့ကိုလည်း ကြားနေရသေးသည်။

ထိုအကြောင်းကိုတော့ အသေးစိတ် ပြောပြရန် မလိုအပ်တော့ပေ။

အပူချိန်က တဖြည်းဖြည်း ပိုမို ကျဆင်းလာသော်လည်း ကံကောင်းစွာဖြင့် အားဖြည့်ထားသော ချန်းရီ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုက ဒဏ်ခံနိုင်စွမ်း ရှိနေဆဲ ဖြစ်သည်။

အကယ်၍ တစ်ရက်အလိုကသာဆိုလျှင် ဆိုင်ကယ်အမိုး ပြုပြင်မွမ်းမံရန် မဆိုထားနှင့်၊ ဆိုင်ကယ်အမိုးအောက်တွင် နေရုံမျှဖြင့်ပင် အအေးဒဏ်ကြောင့် လူကို တုန်ယင်နေစေမည် ဖြစ်သည်။

တစ်နာရီဆိုသော အချိန်က လျှပ်တစ်ပြက်အတွင်းမှာပင် ကုန်ဆုံးသွားခဲ့၏။

[သင့် အပိုပစ္စည်းများ၏ အဆင့်မြှင့်တင်မှု ပြီးဆုံးပါပြီ]

စနစ်၏ အသိပေးချက်ကို ရရှိသော ချန်းရီက အလျင်အမြန် မတ်တတ်ထကာ လျှောက်သွားလိုက်သည်။

မှိန်ဖျော့ဖျော့ သွေးရောင်လမင်းကြီး၏ အလင်းရောင်ဖြင့် ယခင်က စက်ဘီးအပိုပစ္စည်းများ ချထားခဲ့သော နေရာတွင် သံမဏိပိုက်များ၊ ချိတ်ဆက်ကွင်း မျိုးစုံတို့ များပြားစွာ ရောက်ရှိနေသည်ကို ချန်းရီ မြင်တွေ့ရသည်။

ဤအပိုပစ္စည်းများသည် ဆိုင်ကယ်အမိုး ပြုလုပ်ရန်အတွက် သီးသန့် ထုတ်လုပ်ထားသော အပိုပစ္စည်းများနှင့် တူညီနေပြီး ယခင်က စက်ဘီးအပိုပစ္စည်းများမှ ပြုပြင်ပြောင်းလဲထားသည်ဟု လုံးဝ အထင်မပေါက်နိုင်ပေ။

ချန်းရီက ဝမ်းသာအားရဖြင့် ဤအပိုပစ္စည်းများကို ကောက်ယူ စစ်ဆေးကြည့်ရာ သူ၏ သုံးဘီးဆိုင်ကယ်နှင့် အတိအကျပင် လိုက်ဖက်ညီနေသည်။

ယခင် စက်ပြင်သေတ္တာကို ထုတ်ယူကာ တန်ဆာပလာများဖြင့် ကားနောက်တွဲပေါ်တွင် စတင် တပ်ဆင်တော့သည်။

ပထမဦးစွာ ချိတ်ဆက်ကွင်းများကို အသုံးပြု၍ နောက်တွဲပေါ်တွင် အောက်ခံအုတ်မြစ်များကို တပ်ဆင်ပြီးနောက် သံပိုက်များကို တစ်ချောင်းချင်းစီ ချိတ်ဆက်ကွင်းများပေါ်တွင် အသေတပ်ဆင်သည်။

ဖာထေးရာများ အပြည့်ရှိနေသော ဆိုင်ကယ်အမိုးစနှင့် အောက်ခံထောက်တိုင်များကို တွဲချည်သည်။

ယခင် ဆိုင်ကယ်အမိုးမှာ အပျော့စား ဆိုင်ကယ်အမိုးသာ ဖြစ်ပြီး နေရောင်ကာကွယ်ရန်နှင့် ကိုယ်ပိုင်သီးသန့် နေရာလေးတစ်ခု ဖန်တီးရန် လုပ်ဆောင်ချက်ကိုသာ ပေးစွမ်းနိုင်သည်။

အနည်းငယ် ပြင်းထန်သော လေတိုက်ခတ်လာလျှင်ပင် ဆိုင်ကယ်အမိုးကို ဘယ်ညာ ယိမ်းထိုး တုန်ခါသွားစေသည်။

အကယ်၍ သဲမုန်တိုင်းကဲ့သို့ ဆိုးရွားသော ရာသီဥတုနှင့် ကြုံတွေ့ရပါက မိနစ်ပိုင်းအတွင်းမှာပင် ဆုတ်ဖြဲခံရမည်ကို စိုးရိမ်ရသည်။

ယခုမူ အသေတပ်ဆင်ထားသော ထောက်တိုင်များကို ပေါင်းထည့်ပြီးနောက် ဆိုင်ကယ်အမိုး တစ်ခုလုံးသည် ပို၍ လုံခြုံစိတ်ချရပုံ ပေါ်လာသည်။

ကားခေါင်မိုးပေါ်တွင် ခရီးဆောင်အိတ် တင်ရန် စင်ငယ်လေး တစ်ခုပင် ပါရှိနေသေးသည်။

စနစ်၏ ဒီဇိုင်းပုံစံအရ ကားခေါင်မိုးပေါ်ရှိ ခရီးဆောင်အိတ်စင်သည် ပစ္စည်း (၂၅) ပိဿာခန့်အထိ တင်ဆောင်နိုင်သည်။

ခေါင်းဆောင်ချူနှင့် နာနာတို့၏ ပြုပြင်မွမ်းမံထားသော လမ်းကြမ်းမောင်းကားနှင့် နှိုင်းယှဉ်၍ မရနိုင်သော်လည်း ချန်းရီအတွက်တော့ အလွန် ကျေနပ်နေပြီ ဖြစ်သည်။

စနစ်မှ ထုတ်လုပ်ပေးသော ပစ္စည်းများ၏ အရည်အသွေးက အလွန် ခိုင်မာကောင်းမွန်သည်ဟု မပြောဘဲ မနေနိုင်ပေ။

ချန်းရီက လက်လှမ်းကာ ဆိုင်ကယ်အမိုး၏ ထောက်တိုင်များကို လှုပ်ကြည့်သော်လည်း သိသာထင်ရှားသော ယိမ်းထိုးလှုပ်ခါမှုကို မခံစားရပေ။

ချန်းရီသည် ယာယီ အသုံးမလိုသေးသော ပစ္စည်းအချို့ကို ကားခေါင်မိုးပေါ်သို့ အကုန် တင်ထားရာ ဆိုင်ကယ်နောက်တွဲ အတွင်းရှိ နေရာလွတ်က ချက်ချင်းပင် အတော်လေး ကျယ်ဝန်းသွားသည်။

အနည်းငယ် ရှင်းလင်းလိုက်ရုံဖြင့် အတော်လေး ကျယ်ဝန်းသော အနားယူစရာ နေရာတစ်ခုကို ရရှိသွားသဖြင့် ချန်းရီ အလွန် ကျေနပ်သွား၏။

ချန်းရီသည် အဝတ်အစားများ မချွတ်ဘဲ ရှင်းလင်းထားသော ယာယီ အိပ်ရာနေရာ အလယ်တွင် ဝင်လှဲရာ တစ်ကိုယ်လုံး သက်တောင့်သက်သာ ရှိသွားသည်ကို ခံစားရသည်။

ယခင်က ဆိုင်ကယ်နောက်တွဲထဲတွင် လှဲလျောင်း အနားယူရသည်ထက် အများကြီး ပို၍ သက်တောင့်သက်သာ ရှိသည်။

ထောက်ပံ့ရေးပစ္စည်းများ အလွန် ရှားပါးပြတ်လပ်နေသော ဤကမ္ဘာပျက်ကပ်ကြီးထဲတွင် ယခုကဲ့သို့ ကိုယ်ပိုင် အနားယူစရာ နေရာလေး တစ်ခု ရှိနေခြင်းက ကံကောင်းမှု တစ်ခုဟုပင် ဆိုရပေမည်။

အကယ်၍ တစ်ရက်အလိုကသာဆိုလျှင် လူစီးကားတစ်စီးနှင့် ဤသုံးဘီးဆိုင်ကယ်ကို ယှဉ်ထားခဲ့ပါက။

ချန်းရီသည် မဆိုင်းမတွပင် သူ၏ သုံးဘီးဆိုင်ကယ်ကို စွန့်ပစ်ခဲ့ပြီး လူစီးကားကိုသာ ရွေးချယ်၍ အဆင့်မြှင့်တင် ပြုပြင်မည် ဖြစ်သည်။

သို့သော် ယခုအချိန်တွင်မူ မိမိကိုယ်တိုင် တဖြည်းဖြည်း ပြုပြင်မွမ်းမံထားသော သုံးဘီးဆိုင်ကယ်ကို ကြည့်ရင်း ချန်းရီ တုံ့ဆိုင်းနေမိလိမ့်မည်။

ဘာပဲဖြစ်ဖြစ် ဤသုံးဘီးဆိုင်ကယ်သည် သူကိုယ်တိုင် တစ်ဆင့်ပြီးတစ်ဆင့် အဆင့်မြှင့်တင် ပြုပြင်ထားခြင်း ဖြစ်သည် မဟုတ်ပါလော။

ဆိုင်ကယ်အမိုး တပ်ဆင်ထားသော သုံးဘီးဆိုင်ကယ်၏ ပစ္စည်းတင်ဆောင်နိုင်စွမ်းမှာလည်း တိုးတက်လာခဲ့ပြီး ကျိုး ညီအစ်မများ၏ လူစီးကားနှင့် နှိုင်းယှဉ်လျှင်ပင် နောက်ကောက်ကျ မနေပေ။

ဘီးလေးဘီး လူစီးကားနှင့် မယှဉ်နိုင်သော်လည်း။

ဆီစားနှုန်းက ဘီးလေးဘီး လူစီးကားထက် အများကြီး ပိုသက်သာသည်။

ချန်းရီက ကားနောက်တွဲထဲတွင် ဇိမ်ကျကျ တစ်ပတ်လှိမ့်ရင်း ဤအတိုင်း အိပ်ပျော်သွားရန် ရည်ရွယ်ထားသည်။

ရုတ်တရက် သူ့လက်က သစ်ကိုင်းနှင့် တူသောအရာ တစ်ခုကို စမ်းမိသွားသည်။

ချန်းရီက လှမ်းယူ၍ မျက်စိရှေ့သို့ ယူဆောင်ကြည့်ရာ မိုးမခကိုင်း တစ်ကိုင်း ဖြစ်နေသည်ကို မြင်တွေ့ရ၏။

ဒါက ချန်ရှုရွာက မိုးမခပင်ကြီးရဲ့ မိုးမခကိုင်းလား။

ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်နေတာလဲ။

ဆက်ရန်...

All Chapters