← Chapters

အခန်း ၁၅၃

Vol. 16 Ch. 153

အခန်း ၁၅၃

Vol. 16 Ch. 153

အခန်း (၁၅၃) - ကျိုးရီ အဆင့်တက်လှမ်းခြင်း (၁)

“ဘေးကကြည့်နေရုံနဲ့တင် သေလောက်အောင် ကြောက်ဖို့ကောင်းနေပြီ။ သူတို့ တကယ်တိုက်ခိုက်ကြတဲ့အခါ ဘယ်လောက်အစွမ်းထက်ပြီး ကြောက်စရာကောင်းမလဲဆိုတာ ငါ တကယ်မသိတော့ဘူး”

“ဒါပေမယ့် ဒါက တကယ်ကို ရှားပါးလွန်းတယ်။ ဒီလို အခွင့်အရေးကို လွယ်လွယ်ကူကူ လက်လွှတ်ခံလို့ မဖြစ်ဘူး။ ဒီမှာနေရင်း ဒဏ်ရာရသွားမယ်ဆိုရင်တောင် ငါကတော့ ဒီမှာပဲနေပြီး ဒီတိုက်ပွဲကို သေချာစောင့်ကြည့်သွားမယ်။

ဒါက ငါ့ရဲ့ အနာဂတ်လမ်းစဥ်အတွက် အကျိုးရှိနိုင်ပြီး ငါ့အင်အားကို ပိုသန်မာလာစေနိုင်တယ်။ ငါ တစ်ခါမှ အိမ်မက်မမက်ဖူးတဲ့ အဆင့်တစ်ခုဆီကို ဖောက်ထွက်နိုင်ဖို့ အခွင့်အရေး ရလာနိုင်တယ်”

“မင်းက တကယ် အသုံးမကျတာပဲ။ အိပ်မက်ထဲမှာတောင် အဆင့်မြင့်မြင့် မတွေးရဲဘူး။ ငါသာဆိုရင် အိမ်မက်ထဲမှာ နတ်ဘုရားအင်ပါယာအဆင့်ထိတောင် အဆင့်ဖောက်ထွက်သွားနိုင်တယ်”

“ဟား... မင်း တကယ်ကို ရဲရဲဝံ့ဝံ့ တွေးရဲတာပဲ”

တိုက်ပွဲက ပေါက်ကွဲလုနီးပါး ဖြစ်နေလေပြီ။ ကောင်းကင်မိစ္ဆာမျိုးနွယ်စု၏ မဟာအကြီးအကဲက လေဟာနယ်အတားအဆီးကို တိုက်ရိုက် ဆွဲဖြဲကာ တိုး၀င်သွားသည်။

ပဉ္စမအကြီးအကဲ၏ ရှေ့သို့ ရောက်လာသောအခါ အလွန်ထူးခြားသော စွမ်းအားက လေဟာနယ် အတားအဆီးကို ထပ်မံဆွဲဖြဲခံလိုက်ရ၏။

ထို့နောက် အတားအဆီးအတွင်းမှ ကောင်းကင်မိစ္ဆာမျိုးနွယ်စု မဟာအကြီးအကဲက ပြေးထွက်လာကာ အလွန် အစွမ်းထက်သော တိုက်ခိုက်မှုတစ်ခုကို တိုက်ရိုက်ထုတ်ဖော်၍ ပဉ္စမအကြီးအကဲကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။

ပဉ္စမအကြီးအကဲသည် သူနှင့် အဆင့်တူ သိုင်းပညာရှင်တစ်ဦးဖြစ်ရာ ဤမျှ လွယ်လွယ်ကူကူ တိုက်ခိုက်ရန် မဖြစ်နိုင်သကဲ့သို့ အလွယ်တကူ အသတ်ခံရရန်မှာလည်း သဘာဝကျကျပင် လုံးဝ မဖြစ်နိုင်ချေ။

ထို့ကြောင့် သူကလည်း တစ်ချိန်တည်းမှာပင် ပြန်တိုက်ခိုက်လိုက်ပြီး သူ၏ စွမ်းအင်များကို ဒိုင်းတစ်ခုအဖြစ် တိုက်ရိုက်ပြောင်းလဲလိုက်ကာ တစ်ဖက်လူ၏ တိုက်ကွက်ကို ခုခံ၍ တိုက်ရိုက် ပြန်လည်ရိုက်ချပစ်လိုက်သည်။

ကောင်းကင်မိစ္ဆာမျိုးနွယ်စု မဟာအကြီးအကဲ၏ တိုက်ခိုက်မှု ကျရှုံးသွားသော်လည်း သူက ကြိုတင်မျှော်လင့်ထားသည့်အလား ဒေါသမထွက်ခဲ့ပေ။

ထို့နောက် ပဉ္စမအကြီးအကဲကို ဆက်လက်တိုက်ခိုက်လေသည်။

သူတို့နှစ်ဦး အပြန်အလှန် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်။ သူတို့၏ တိုက်ပွဲကြောင့် လေဟာနယ်အတားအဆီးအားလုံး ပြိုကျသွားပြီး ကမ္ဘာကြီးတစ်ခုလုံး၏ ကောင်းကင်နှင့် မြေကြီး စွမ်းအင်ဓာတ်များ ကမောက်ကမဖြစ်သွားကာ အလွန် မတည်ငြိမ်သော စွမ်းအင်လှိုင်းများ ဖြစ်ပေါ်နေသည်။

အောက်ဘက်ရှိ လူများက အလန့်တကြား အော်ဟစ်နေကြသည်။ သူတို့သည်လည်း အစွမ်းထက်ကျင့်ကြံသူများ ဖြစ်ကြသော်ငြား ဤကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုနှစ်ခုကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။

ထို့ကြောင့် သူတို့က တစ်ဖက်လူ၏တိုက်ပွဲကို စောင့်ကြည့်ပြီး အတွေ့အကြုံအချို့ ရယူလိုလျှင်ပင် အလွယ်တကူ မလုပ်နိုင်ကြပေ။

အကြောင်းမှာ ဤပုဂ္ဂိုလ်နှစ်ဦးသည် အလွန်အစွမ်းထက်လွန်းလှပြီး သူတို့၏ တိုက်ခိုက်မှု လှိုင်းဂယက်များကလည်း ကြီးမားလွန်းလှသဖြင့် လူအတော်များများ တုံ့ပြန်ရန် အခွင့်အရေးပင် မရခဲ့ကြပေ။

ကျိုးရီကမူ သူတို့နှစ်ဦး ယခုလေးတင် ထုတ်သုံးလိုက်သော တိုက်ကွက်များကို သာသာယာယာ လေ့လာသုံးသပ်နေလေတော့သည်။

……….

ဖြစ်ပွားနေသော တိုက်ခိုက်မှုများမှတစ်ဆင့် ကျိုးရီသည် သိမ်မွေ့နက်နဲလှသော ခံစားချက်တစ်ရပ်ကို ရရှိခဲ့သည်။

ဤခံစားချက်ကား စကားဖြင့် ဖော်ကျူးရန် ခက်ခဲလှသည်။ လျှို့ဝှက်ချက်တစ်ခုကို ရုတ်တရက် ဆုပ်ကိုင်မိလိုက်သကဲ့သို့ ရှိသော်လည်း ချက်ချင်းလက်ငင်း ရှင်းပြရန်မူ မစွမ်းသာချေ။

အချုပ်အားဖြင့်ဆိုရသော် ထိုနက်နဲဆန်းကြယ်လှသော ခံစားချက်ကို သူမှတ်သားထားလိုက်ပြီး ထိုခံစားချက်က စိတ်အာရုံထဲ၌ အဆက်မပြတ် ဆင့်ကဲပြောင်းလဲနေလေသည်။

“ဟိုလူရဲ့ တိုက်ခိုက်မှုက အာကာသအက်ကွဲကြောင်းကို ထိုးဖောက်သွားပြီးတဲ့နောက်မှာ ရုတ်တရက် အရှိန်မြန်လာခဲ့တာပဲ...”

တစ်နည်းအားဖြင့်ဆိုရသော် တိုက်ခိုက်မှုတစ်ခုသည် အာကာသအက်ကွဲကြောင်းထဲ၌ ရှိနေပါက ၎င်း၏အရှိန်မှာ ပိုမိုမြန်ဆန်လာမည်ဖြစ်သည်။

ဆိုလိုသည်မှာ ဤလောက၏ တိုက်ခိုက်မှုစွမ်းအင်များသည် ဗလာနယ်အခြေအနေတွင် ရှိနေချိန်၌ ပို၍စွမ်းအားကြီးမားလာခြင်းလော။

သို့မဟုတ် အဖြစ်အပျက်တစ်ခုလုံး၏ သဘောတရားများ သို့မဟုတ် စွမ်းအင်ပုံစံများသည် ဟင်းလင်းပြင်ထဲမှ ပေါက်ကွဲထွက်ပေါ်လာခြင်းလော။

အကယ်၍ ထိုသို့သာဆိုလျှင် သူ၏စွမ်းအားအားလုံးကို ဟင်းလင်းပြင်ထဲသို့ ပြန်လည်ပို့ဆောင်လိုက်ခြင်းဖြင့် စွမ်းအားများကို ထပ်မံမြှင့်တင်နိုင်ပြီး လုံးဝအသစ်စက်စက်အဆင့်တစ်ခုသို့ ရောက်ရှိသွားနိုင်မည်လော။

စွမ်းအားမြှင့်တင်ခြင်းဆိုသည်မှာ အမှန်တကယ်တော့ မိမိ၏စွမ်းအားပမာဏကို ပိုမိုအားကောင်းသောအဆင့်တစ်ခုသို့ တက်လှမ်းစေခြင်းပင်။

ယခင်က သူ၏စွမ်းအားသည် အချိန်နှင့် လေဟာနယ်အတွင်းတွင်သာ ရှိခဲ့ပြီး လက်ရှိအဆင့်နှင့် များစွာကွာဟနေသေးသည်။

ယခု ဤအတွေးနှင့်အတူ သူ၏စွမ်းအားများကို ပိုမိုအားကောင်းလာစေရန် မည်သို့ စုစည်း၍ ဆင့်ကဲပြောင်းလဲရမည်ကို စတင်နားလည်လာပြီဖြစ်သည်။

ထိုစဉ် ကောင်းကင်ယံထံမှ မိုးခြိမ်းသံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ တိုက်ခိုက်နေကြသော နဂါးမျိုးနွယ်စုမှ ပဉ္စမအကြီးအကဲနှင့် ကောင်းကင်မိစ္ဆာမျိုးနွယ်စု၏ မဟာအကြီးအကဲတို့အပြင် နေရာအနှံ့မှ စောင့်ကြည့်နေကြသော ရေတွက်၍မရနိုင်သည့် ထိပ်တန်းသိုင်းပညာရှင်များအားလုံး အလန့်တကြားဖြစ်သွားကြသည်။

အကြောင်းမူကား ဤမိုးခြိမ်းသံသည် သာမန်မဟုတ်သောကြောင့်ပင်။ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပြီး ထိုမိုးခြိမ်းသံက ထိုနေရာရှိ လူတိုင်း၏ ဝိညာဉ်များအပေါ်သို့ ဖိအားတစ်ခု သက်ရောက်သွားစေသည်။

ဤသည်ကပင် မိုးခြိမ်းသံ၏ထူးကဲမှုကို ပြသရန် လုံလောက်နေပြီဖြသ်ပြီး သူတို့တွေးတောရန်ပင် မဝံ့ရဲသောအရာတစ်ခုကို ကိုယ်စားပြုနေပေလိမ့်မည်။

“ထူးဆန်းလိုက်တာ၊ ဘာတွေဖြစ်ကုန်တာလဲ။ ဘာလို့ ဒီလောက်ကျယ်လောင်တဲ့ မိုးခြိမ်းသံကြီး ရုတ်တရက် ထွက်လာရတာလဲ”

“ဟုတ်တယ်၊ ဒီလောက်ကျယ်လောင်တဲ့ မိုးခြိမ်းသံကြီး ထွက်လာတာကတစ်ပိုင်း၊ ဒါပေမဲ့ ဒီမိုးခြိမ်းသံက အရမ်း ကြောက်စရာကောင်းလွန်းတယ်။ စက္ကန့်ပိုင်းအတွင်း ဝိညာဉ်ကွဲကြေတော့မလိုပဲ”

“တကယ်ကို ကြောက်စရာကောင်းတာပဲ။ ဒီလိုမိုးခြိမ်းသံမျိုး မကြားရတာ တော်တော်ကြာပြီ။ တကယ်တန်း ဘာတွေဖြစ်နေတာလဲ။ ဘယ်သူကများ လျှို့ဝှက်လှုပ်ရှားနေတာလဲ။ တခြား ထိပ်တန်းသိုင်းပညာရှင်တစ်ယောက် ရောက်လာပြန်ပြီလား”

“မဖြစ်နိုင်ပါဘူး။ ဒီအချိန်မှာ တခြားထိပ်တန်းသိုင်းပညာရှင်တစ်ယောက် ထပ်ရောက်လာမယ်ဆိုရင် မျိုးနွယ်စုတစ်ခုလုံးရဲ့ အမြင့်ဆုံးတည်ရှိမှုတောင် ဖြစ်ကောင်းဖြစ်နိုင်တယ်။ နဂါးမျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင် ဒါမှမဟုတ် နဂါးမျိုးနွယ်စုရဲ့ မဟာအကြီးအကဲများ ဖြစ်နေမလား”

“ဘယ်သူသိနိုင်မှာလဲ၊ စောင့်ကြည့်ကြတာပေါ့”

လူအများ တုန်လှုပ်နေကြဆဲမှာပင် နောက်တစ်ခဏ၌ ကောင်းကင်ယံမှ နောက်ထပ် မိုးခြိမ်းသံတစ်ချက် ထွက်ပေါ်လာပြန်သည်။

ယခုတစ်ကြိမ်တွင် မိုးခြိမ်းသံသာမကဘဲ ထူထဲလွန်းသော မိုးတိမ်မည်းကြီးများသည်လည်း ကောင်းကင်ယံတစ်ခုလုံးသို့ စတင်ပျံ့နှံ့လာတော့သည်။

ထိုမိုးတိမ်မည်းကြီးများက လက်ရှိနေရာရှိ လူတိုင်းကို ရင်းနှီးကျွမ်းဝင်နေသော ခံစားချက်တစ်ခု ပေးစွမ်းနေသည်။

“ဒီမိုးခြိမ်းသံ၊ ဒီခံစားချက်က... ဒါက ကောင်းကင်ကပ်ဘေးများလား”

ထိုအချိန်တွင် တစ်စုံတစ်ယောက်က ကောင်းကင်ယံရှိ မိုးခြိမ်းသံ၏ လားရာကို သတိထားမိသွားပြီး ယင်းမှာ ကပ်ဘေးဖြတ်ကျော်ခြင်းအတွက် ဖြစ်ပေါ်လာသော ကံကြမ္မာမိုးကြိုးဖြစ်ကြောင်း နားလည်သွားသည်။

“တစ်ယောက်ယောက်က အဆင့်တက်လှမ်းဖို့နဲ့ ကပ်ဘေးဖြတ်ကျော်ဖို့ ပြင်ဆင်နေတာလား။ ဒီနေရာမှာ အခုလို ကပ်ဘေးဖြတ်ကျော်မယ့်သူ ရှိနေမယ်လို့ မထင်ထားခဲ့ဘူး၊ တကယ်ကို မယုံနိုင်စရာဘဲ”

“ဒါပေမဲ့ သေသေချာချာ စဉ်းစားကြည့်ရင်တော့ ဒါကသာမန်ပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီမှာ ထိပ်တန်းသိုင်းပညာရှင်နှစ်ယောက် တိုက်ခိုက်နေကြတာလေ။ ပြီးတော့ ဒီကိုရောက်လာတဲ့သူတိုင်းက ဒီစကြဝဠာထဲက ထိပ်တန်း နယ်မြေနတ်ဘုရားတွေချည်းပဲ။

သူတို့ထဲက အများစုက အဆင့်တက်လှမ်းနိုင်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ၊ အခုလို စိတ်လှုပ်ရှားစရာကောင်းတဲ့ တိုက်ပွဲကို မြင်တွေ့ရပြီးတဲ့နောက်မှာ သူတို့တွေ ထိုးထွင်းသိမြင်မှုတချို့ ရရှိသွားကြပြီး အဆင့်တက်လှမ်းသွားနိုင်တာက လုံးဝဖြစ်နိုင်တဲ့အရာပဲ”

“မဟုတ်ဘူး၊ တကယ်လို့ နယ်မြေနတ်ဘုရားတစ်ပါး အဆင့်တက်လှမ်းရာက ထွက်ပေါ်လာတဲ့ ကောင်းကင်ကပ်ဘေးဆိုရင် ကောင်းကင်ကံကြမ္မာမိုးကြိုးက ဒီလောက်အထိ အားကောင်းနေမှာမဟုတ်ဘူး။ ဒါက သာမန် ကောင်းကင်ကံကြမ္မာမိုးကြိုးမှ မဟုတ်တာ။

ဒါက၊ ဒါက... ဘုရားရေ၊ ဒါက နတ်ဘုရားဧကရာဇ်တစ်ပါး ကပ်ဘေးဖြတ်ကျော်နေတာပဲ”

“ဘာ”

ထိုအချိန်တွင် ထိပ်တန်းသိုင်းပညာရှင်တစ်ဦးက ဤကဲ့သို့သော ပြင်ထန်လွန်းလှသည့် ကောင်းကင်ကံကြမ္မာမိုးကြိုးသည် သာမန်နယ်မြေနတ်ဘုရားများ ခံနိုင်ရည်ရှိသည့်အရာမဟုတ်ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားသည်။

နတ်ဘုရားဧကရာဇ်တစ်ပါး ကပ်ဘေးဖြတ်ကျော်နေခြင်းဖြစ်ကြောင်း သူတို့ အလျင်အမြန် နားလည်သွားကြပြီး ထိုခဏ၌ပင် လူအသီးသီးသည် ကောင်းကင်ယံရှိ ကျိုးရီထံသို့ အကြည့်များ တစ်ပြိုင်နက်တည်း ရောက်ရှိသွားကြတော့သည်။

အဘယ်ကြောင့်ဆိုသော် ထိုနေရာ၌ အဆင့်တက်လှမ်းနိုင်သော နတ်ဘုရားဧကရာဇ်အဆင့် သိုင်းပညာရှင်တစ်ဦး ရှိနေမည်ဆိုပါက သူသည်သာ အရည်အချင်း အပြည့်မီဆုံး ဖြစ်နေ၍ပင်။

သူ၏စွမ်းအားမှာ အလွန်တရာ ကြီးမားလှပြီး ကြောက်မက်ဖွယ်ကောင်းလှသဖြင့် ကွင်းပြင်တစ်ခုလုံးရှိ မည်သည့်နတ်ဘုရားဧကရာဇ်ကမျှ သူ့အား ယှဉ်ပြိုင်နိုင်စွမ်းမရှိပေ။

သို့သော် ဤအရာကပင် လူတိုင်းကို အဆုံးမဲ့တုန်လှုပ်မှုထဲသို့ ထပ်မံကျဆင်းသွားစေသည်။

ကျိုးရီ၏ ယခင်က ကြောက်မက်ဖွယ်စွမ်းအားသည် သူတို့အပေါ် နက်ရှိုင်းသော အမှတ်အသားတစ်ခု ချန်ရစ်ခဲ့ပြီးဖြစ်သော၏။

သူ၏ပါရမီနှင့် စွမ်းအားတို့က ကောင်းကင်ကိုပင် အံတုနိုင်‌လောက်အောင် အံ့ဩဖို့ကောင်းနေခဲ့ပြီဖြစ်ရာ ယခု သူ ထပ်မံ၍ အဆင့်တက်လှမ်းလိမ့်မည်ဟု မည်သူကမျှ မထင်မှတ်ထားခဲ့ကြပေ။ ဤသည်မှာ တကယ်ကို ယုံကြည်နိုင်ဖွယ်မရှိပေ။

သူသာ ဤမျှလျင်မြန်စွာ အဆင့်တက်လှမ်းနိုင်မည်ဆိုပါက ဤလောက၏ အဆင့်သတ်မှတ်ချက် ကန့်သတ်ချက်များမှာ သူ့အတွက် အဓိပ္ပာယ်မရှိတော့ဘူးဟု ဆိုလိုရာမရောက်ပေဘူးလော။

ဤသည်မှာ သောက်ကျိုးနည်း ခမ်းနားကြီးကျယ်လွန်းလှသည်။ သူတို့ ယုံကြည်ရန်ပင် ခက်ခဲလွန်းနေသေး၏။

သို့သော် ကံမကောင်းစွာဖြင့် အမှန်တရားက သူတို့၏မျက်နှာကို ပြင်းပြင်းထန်ထန် ထပ်မံဖြတ်ရိုက်လိုက်ပြန်သည်။ ကောင်းကင်ယံရှိ မိုးခြိမ်းသံများ တဖြည်းဖြည်း စုစည်းလာသည်နှင့်အမျှ မိုးကြိုးအစက်အပြောက်များအားလုံးမှာ အောက်ဘက်ရှိ ကျိုးရီထံသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာကြလေ၏။

ဤသည်မှာ ကပ်ဘေးဖြတ်ကျော်မည့်သူသည် အခြားသူမဟုတ်ဘဲ ကျိုးရီသာဖြစ်ကြောင်း လူတိုင်းကို ပြောပြနေခြင်းပင်။

ဆိုလိုသည်မှာ သူသည် အမှန်တကယ်ပင် ကပ်ဘေးဖြတ်ကျော်ပြီး နတ်ဘုရားအင်ပါယာအဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်လာတော့မည်ဟူ၍ပင်။

“ဘုရားရေ၊ ဒါက ကောင်းကင်နဲ့မြေကြီးကြားမှာ ကြီးကျယ်ခမ်းနားဆုံး မြင်ကွင်းပဲ၊ ဒီကောင်က တကယ်ကို မိုက်ရူးရဲဆန်လွန်းတယ်။ သူက ဒီလောက်အချိန်တိုလေးအတွင်းမှာ ထပ်ပြီး အဆင့်တက်လှမ်းနိုင်သေးတာလား။ သူ လူရောဟုတ်သေးရဲ့လား။ သူက သောက်ကျိုးနည်း မိစ္ဆာကောင်ကြီးပဲ”

All Chapters