← Chapters

အခန်း ၁၅၆

Vol. 16 Ch. 156

အခန်း ၁၅၆

Vol. 16 Ch. 156

အခန်း (၁၅၆) - ပြိုင်ဘက်ကင်း နတ်ဘုရားအင်ပါယာ (၂)

ဤစကားကို ကြားသောအခါ ကောင်းကင်မိစ္ဆာ မဟာအကြီးအကဲမှာ ဒေါသထွက်သွားကာ အံ့ကြိတ်လိုက်ပြီး ပဥ္စမအကြီးအကဲကို ချက်ချင်း ပြေးတိုက်ပစ်ချင်စိတ်ပေါက်သွားသည်။

သို့သော် ကံမကောင်းစွာဖြင့် သူ၏စွမ်းအားက တစ်ဖက်လူကို ချေမှုန်းပစ်နိုင်ရန် မလုံလောက်ခဲ့ပေ။

ထို့ကြောင့် သူ တွေးထားခဲ့သော်လည်း အကောင်အထည်ဖော်ရန် နည်းလမ်းမရှိဘဲ တစ်ဖက်လူ၏ ရန်စမှုကိုသာ ရပ်ကြည့်နေရတော့သည်။

“ခွေးသူတောင်းစား၊ ဒီမှာ အရမ်းမာနကြီးမနေနဲ့၊ ဒီနေ့က ငါတွက်ချက်ထားတာ မှားယွင်းသွားရုံပဲ။ နဂါးမျိုးနွယ်စုက မင်းတို့လို ကောင်ကြီးတွေ ထွက်ရပ်တည်ပေးလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။

အခု မင်းတို့က ဒီကိုရောက်လာပြီး ယုတ်မာတဲ့လုပ်ရပ်တွေ လုပ်နေကြတယ်။ ဒါက မင်းတို့ကို သူရဲကောင်းဖြစ်သွားစေလား။ ငါ့ကို အနိုင်ယူခဲ့တာ မင်းမဟုတ်ဘူး၊ နတ်ဘုရားဧကရာဇ်တစ်ယောက်ပဲ”

မဟာအကြီးအကဲက နီရဲနေသော မျက်လုံးများဖြင့် အော်ဟစ်လိုက်သည်။

“ဟီးဟီးဟီး...”

နဂါးမျိုးနွယ်စု၏ ပဉ္စမအကြီးအကဲသည် ထိုစကားကို ကြားသောအခါ ဒေါသမထွက်ဘဲ ပို၍ပင် ကျေနပ်သွားပုံရသည်။

“ဒီမှာ လာပြီး အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့။ ဘာပဲဖြစ်ဖြစ် ငါတို့ မင်းကို အနိုင်ယူနိုင်သရွေ့ ငါတို့က ပိုအစွမ်းထက်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။

မင်းက ငါတို့ကို မနိုင်ဘူး၊ ငါတို့ကို မခုခံနိုင်ဘူးဆိုရင် အဲဒါ မင်းအရည်အချင်းမရှိတာကို ပြနေတာပဲ၊ တခြားသူတွေကို အပြစ်တင်လို့ရမလား”

“မင်း—“

ကောင်းကင်မိစ္ဆာ မဟာအကြီးအကဲက ပြန်လည်ချေပချင်ခဲ့သော်လည်း ဤအချိန်တွင် ဘာပြောရမှန်း မသိတော့ပေ။ ထို့အပြင် ယခုအခြေအနေအထိ ရောက်ရှိနေပြီဖြစ်ရာ ဆက်လက် အငြင်းပွားနေခြင်းက အချည်းနှီးသာဖြစ်သည်။

အခြေအနေသည် နောက်ကြောင်းပြန်လှည့်၍ မရနိုင်တော့သည့်အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူ သိထားသည်။

အကယ်၍ ကျိုးရီသာ မလှုပ်ရှားခဲ့ပါက သူ အသက်ရှင်ရန် အခွင့်အရေး ရှိနိုင်သေးသော်လည်း ကျိုးရီလှုပ်ရှားလာပါက သူသည် ယနေ့ ဤနေရာတွင် သေချာပေါက် သေဆုံးရပေလိမ့်မည်။

ထို့အပြင် ဤကိစ္စကြောင့် သူ၏မျိုးနွယ်ဝင်များက သူ့အား အလွယ်တကူ လာရောက်ကယ်တင်ဝံ့မည် မဟုတ်ဟု သူထင်မိသည်။ မည်သို့ပင်ဆိုစေ တစ်ဖက်လူ၏ နောက်ကွယ်တွင် နဂါးမျိုးနွယ်စု ရှိနေသေးသည်။

အကယ်၍ အမှန်တကယ် ကြီးမားလွန်းသော ပဋိပက္ခတစ်ခုသာ ဖြစ်ပွားခဲ့ပါက မျိုးနွယ်စုတစ်ခုလုံး ပျက်သုဉ်းသွားပေလိမ့်မည်။

ထိုသို့ပြုလုပ်ခြင်းက အဓိပ္ပာယ်မရှိပေ။ ထို့ကြောင့် တစ်ဖက်လူက သူ့အသက်ကို ချမ်းသာပေးမည်ဟု မျှော်လင့်ကာ မျက်နှာပြောင်တိုက်ရန်သာ ရွေးချယ်လိုက်သည်။

ဤသို့တွေးမိသည်နှင့် ကျိုးရီထံသို့ အသံလှိုင်းဖြင့် ချက်ချင်း ဆက်သွယ်လိုက်သည်။

“ကျိုးရီ၊ တကယ်တော့ မင်း သေချာစဉ်းစားကြည့်ပါ။ အခု မင်း ဒီအဆင့်ကို ရောက်သွားတာနဲ့ တကယ်ပဲ အေးအေးချမ်းချမ်း နေနိုင်လိမ့်မယ်လို့ ထင်နေတာလား။ ငါ မင်းကို အာမခံနိုင်တယ်၊ နဂါးမျိုးနွယ်စုဆိုတာ လောဘကြီးတဲ့ လူယုတ်မာတွေချည်းပဲ။

သူတို့က ကိုယ်ကျင့်တရား စည်းမျဉ်းမရှိတဲ့ ကောင်တွေချည်းပဲ။ သူတို့ကို ယုံကြည်ရင် မင်း အနာဂတ်မှာ သေချာပေါက် အဖြစ်ဆိုးနဲ့ ကြုံရလိမ့်မယ်”

“အခု မင်းအတွက် တစ်ခုတည်းသော နည်းလမ်းက ငါနဲ့ ပူးပေါင်းဖို့ပဲ။ ဒါမှသာ မင်း သူတို့နဲ့ ချိန်ခွင်လျှာညှိနိုင်လိမ့်မယ်။

မဟုတ်ရင် စကြဝဠာတစ်ခုလုံးမှာ သူတို့က မွေးရာပါပြိုင်ဘက်ကင်းအစွမ်းကို အားကိုးပြီး ရမ်းကားလာကြလိမ့်မယ်၊ အနာဂတ်မှာ မင်း သူတို့ကို ဘယ်တော့မှ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး”

“မင်းသာ ငါ့အသက်ကို ချမ်းသာပေးမယ်ဆိုရင် နောက်ထပ် အဆင့်တက်လှမ်းနိုင်ဖို့ ကူညီပေးမယ့် အရင်းအမြစ်အများအပြားကို ငါ ထောက်ပံ့ပေးနိုင်တယ်။ ဒါမှ အနာဂတ်မှာ မင်း ကျင့်ကြံခြင်းအရင်းအမြစ်တွေ ပိုပြီးရရှိနိုင်လိမ့်မယ်။

မင်းကို ပိုအားကောင်းတဲ့ အဆင့်တစ်ခုဆီ တက်လှမ်းနိုင်အောင် ကူညီပေးနိုင်လိမ့်မယ်။ မင်း အဲဒီလို မဖြစ်ချင်ဘူးလား။ ဒါမှမဟုတ် ငါက မင်းကို လှည့်စားနေတယ်လို့ ထင်နေတာလား”

ကျိုးရီက သူ့စကားများကို ကြားသောအခါ အခြားသူများရှေ့တွင် တိုက်ရိုက်မပြောဘဲ တစ်ဖက်လူထံသို့ အသံလှိုင်းဖြင့်ပင် ပြန်လည်တုံ့ပြန်လိုက်သည်။

“မင်းပြောတာက တော်တော်လေး အဓိပ္ပာယ်ရှိပေမဲ့ ကံမကောင်းစွာနဲ့ မင်းလွတ်သွားတဲ့ အချက်တစ်ချက် ရှိနေသေးတယ်၊

ငါ မင်းကို သတ်ရတာက မင်းကို ကြည့်ရတာ အရမ်းမျက်စိနောက်နေလို့ပဲ၊ ဒီနေ့ မင်းက ငါ့ရဲ့မျက်လုံးထဲမှာ အရမ်း ကန့်လန့်ဖြစ်လွန်းနေတယ်၊ အဲဒီလိုဆိုမှတော့ ဘယ်လိုအခြေအနေရောက်ရောက် ငါတို့က ရန်သူတွေပဲ ဖြစ်လာလိမ့်မယ်”

“ဘာ”

ထိုစကားကို ကြားပြီးနောက် ကောင်းကင်မိစ္ဆာ မဟာအကြီးအကဲမှာ လုံးဝ ဆွံ့အသွားတော့သည်။ တစ်ဖက်လူက ဤကဲ့သို့ ပြောလိမ့်မည်ဟု သူ မည်သည့်အခါကမှ မထင်မှတ်ထားခဲ့ပေ။

‘ဒါက… ဒါက ဘယ်လိုကောင်ကြီးလဲ၊ ကြည့်မရယုံလေးနဲ့ ရန်သူအဖြစ် ရွေးချယ်လိုက်တာတဲ့လား’

ဤသည်မှာ သိပ်ကို ပရမ်းပတာနိုင်လွန်းလှ၏။

စကြဝဠာတစ်ခုလုံးရှိ အဆင့်မြင့် ထိပ်တန်းကျင့်ကြံသူများထဲတွင် မည်သူက ကျိုးရီကဲ့သို့ ရန်သူကိုရွေးချယ်မည်နည်း။

‘ဒီကောင်က တကယ်ကို ရက်စက်လွန်းတယ်'

“မင်းက အရူးလား။ အရှင်လတ်လတ် ဝါးမျိုခံရမှာကို မကြောက်ဘူးလား၊ အဖြစ်ဆိုးနဲ့ သေရမှာကို မကြောက်ဘူးလား”

“မင်းပြောတဲ့ မေးခွန်းတွေအားလုံးကို ငါ စဉ်းစားပြီးသွားပြီ။ ဒါပေမဲ့ မင်းကတော့ နောက်ထပ် ဘာတွေဖြစ်လာမယ်ဆိုတာ စဉ်းစားဖို့ မလိုတော့ဘူး။ ဘာလို့လဲဆိုတော့ မင်းက သေလူဖြစ်နေပြီလေ။

မင်းက ဒီလောကကြီးထဲကနေ လုံးဝ ပျောက်ကွယ်သွားတော့မှာ။ မင်း ဆက်ပြီးရုန်းကန်နေဖို့ မလိုတော့ဘူး”

ကျိုးရီ၏အသံမှာ ခံစားချက်ကင်းမဲ့နေလေသည်။

“မင်း... မင်း စိတ်မမှတ်တဲ့ အရူးကောင်၊ စိတ်ရောဂါရနေတဲ့ကောင်။ တစ်နေ့ကျရင် မင်းရဲ့ မာနကြောင့်ပဲ မင်းသေရလိမ့်မယ်”

“ကံမကောင်းတာက မင်း အဲဒီနေ့ကို မြင်ရတဲ့အထိ အသက်ရှင်နေနိုင်မှာ မဟုတ်တော့ဘူး၊ နှမြောစရာပဲ”

ထိုသို့ပြောပြီးနောက် ကောင်းကင်မိစ္ဆာ‌ မဟာအကြီးအကဲကို သူ၏ မဟာကံကြမ္မာပညာရပ်ကို တိုက်ရိုက် ထုတ်ဖော်တိုက်ခိုက်လိုက်၏။

“ငါ့နာမည်နဲ့ မင်းကို ဒီလောကကြီးထဲကနေ ဖယ်ရှားပစ်ဖို့ စီရင်လိုက်တယ်”

ထိုစကားကို ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီးစွမ်းအင်များ ချက်ချင်း နိုးထလာပြီး ကောင်းကင်မိစ္ဆာ‌ မဟာအကြီးအကဲရှိရာနေရာသို့ လျင်မြန်စွာ စုစည်းလာတော့သည်။

ကြီးမားလှသော ဖိအားကြီးတစ်ခုက ပတ်၀န်းကျင် လေထုတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

“သေသင့်တဲ့ ကောင်၊ လူယုတ်မာ၊ ငါ မင်းကို သေတဲ့အထိတိုက်မယ်”

မဟာအကြီးအကဲသည် တစ်ခွန်းမှထပ်မပြောတော့ဘဲ အသက်ရှင်သန်ရေးအတွက် ရုန်းကန်ကာ အသည်းအသန် တိုက်ခိုက်တော့သည်။

သူ၏စွမ်းအားမှာ အလွန်ကြီးမားသော်လည်း ပြင်ဆင်ချိန်က အလွန်တိုတောင်းလွန်းနေသည်။ ထို့အပြင် မဟာကံကြမ္မာပညာရပ်ထံမှ လွတ်ကင်းနိုင်သောနေရာဟူ၍ မရှိပေ။

၎င်းကို ထုတ်ဖော်လိုက်သည်နှင့် တစ်စုံတစ်ရာက သူ၏လည်ပင်းကို ညှစ်ထားသကဲ့သို့ ခံစားလိုက်ရသည်။

မည်သို့ပင်ဆိုစေကာမူ ကောင်းကင်မိစ္ဆာ မဟာအကြီးအကဲသည် သူ၏စွမ်းအားများကို ရူးသွပ်စွာ မြှင့်တင်နေသော်လည်း ထိုထူးခြားပြီး အားကောင်းသော စွမ်းအင်အဖြစ် မပြောင်းလဲနိုင်ခဲ့ပေ။

ထို့ကြောင့် သူသည် သူ၏ ကိုယ်ပိုင် သက်စောင့်စွမ်းအင်ကို လောင်ကျွမ်းစေကာ စွမ်းအင်များအား အတင်းအဓမ္မ မြှင့်တင်လိုက်ရန်သာ ပြုလုပ်နိုင်တော့သည်။

ဤနည်းဖြင့် သူသည် ပိုမိုအားကောင်းသော တိုက်ခိုက်မှုများကို ထုတ်ဖော်နိုင်မည်ဖြစ်သည်။

သူ၏ စိတ်ကူးက သေချာပေါက် လှပသော်လည်း ကံမကောင်းစွာဖြင့် သူ ရန်သူရွေးချယ်မှု မှားယွင်းသွားခဲ့သည်။

ကျိုးရီကို မည်သို့မျှ ခုခံ၍မရနိုင်ပေ။ အနည်းဆုံးတော့ ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးဖြင့် ခုခံ၍မရနိုင်ပေ။

မဟာအကြီးအကဲက သက်ပြင်းချလိုက်သည်။

“ငါ ရှုံးပြီ။ ငါ ရှုံးသွားပြီ။ ဒီလောကကြီးက ဒီလောက်တောင် ပါရမီရှင်တွေပေါလိမ့်မယ်လို့ ငါ တစ်ခါမှမတွေးမိခဲ့ဘူး။ ပေါ်ထွက်လာတဲ့ မျိုးဆက်သစ်တွေက တစ်ယောက်ထက်တစ်ယောက် ပိုပြီး အားကောင်းနေကြတယ်။

ငါ တကယ်ပဲ အိုသွားပြီထင်တယ်။ ဒီလောကကြီးနဲ့ ဝေးကွာနေခဲ့တာ အရမ်းကြာသွားတော့ လောကကြီးရဲ့ နိယာမတွေကို ငါ နားမလည်နိုင်တော့ဘူး။

ငါ တကယ်ပဲ အသုံးမကျတော့ဘူး၊ ဒါ ငါ့နောက်ဆုံးအချိန် ရောက်ပြီလား။ မင်း နိုင်သွားပါပြီ၊ မင်း ပိုအားကောင်းလာပြီး ကျင့်ကြံခြင်းလမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းနိုင်ဖို့ မျှော်လင့်ပါတယ်”

မဟာအကြီးအကဲသည် ဤအချိန်ကား သူ့အတွက် အခက်ခဲဆုံးအချိန်ဖြစ်ပြီး အသက်ပါပေး‌ဆပ်ရတော့မည်ကို ခံစားသိရှိနေပြီဖြစ်သည်။ သူသည် ခုခံခြင်းကို စွန့်လွှတ်လိုက်ကာ အသက်ရှင်သန်ရန် မျှော်လင့်ချက်ကိုလည်း စွန့်လွှတ်လိုက်သည်။

သူ၏စွမ်းအားများသည်လည်း ဆက်လက်ခုခံရန် မလုံလောက်တော့ပေ။

ဆိုရိုးစကားအတိုင်း သေမည့်သူ၏စကားများသည် ကောင်းမွန်လှ၏။

ယခုအခြေအနေအထိ ရောက်ရှိလာပြီဖြစ်ရာ တစ်ဖက်လူသည် သူ့အား ခြေထောက်ဖြင့်တက်နင်းခဲ့သူ ဖြစ်နေလျှင်ပင် တစ်ဖက်လူအပေါ် နာကြည်းနေရန် မလိုအပ်တော့ပေ။

ထို့ကြောင့် နှစ်သိမ့်အားပေးစကားများကို တိုက်ရိုက်ပြောဆိုလိုက်ခြင်းဖြစ်သည်။

သိုင်းပညာရှင်တစ်ဦးအတွက် ဤသည်မှာ ထူးခြားသော အမူအကျင့်ပင်ဖြစ်သည်။

ကျိုးရီက ခေါင်းညိတ်လိုက်သည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် တစ်ဖက်လူအနေဖြင့် ဤနောက်ဆုံးအဆင့်ကို လုပ်ဆောင်နိုင်ခြင်းကပင် သူ့အတွက် ကောင်းကင်ကိုဆန့်ကျင်သော တည်ရှိမှုတစ်ခု ဖြစ်နေပြီဖြစ်သည်။

မသေဆုံးမီ ရန်သူအား ဆုတောင်းပေးနိုင်ခြင်းက ဤလူ၏ ပင်ကိုယ်ဇရိုက်သည် ကောင်းမွန်နေသေးကြောင်း ပြသနေသည်။ သို့မဟုတ်ပါက ဤကဲ့သို့ အလွန်ကောင်းမွန်သော လုပ်ရပ်မျိုးကို လုပ်ဆောင်နိုင်မည်မဟုတ်ပေ။

ဤသည်မှာ ထိပ်တန်းသိုင်းပညာရှင်တစ်ဦးတွင် ရှိသင့်ရှိထိုက်ျသာ အမူအကျင့်ပင်။

ထို့ကြောင့် သူသည်လည်း တစ်ဖက်လူအား ပြန်လည်ပြောဆိုရန် ရွေးချယ်လိုက်သည်။

“အေးအေးချမ်းချမ်း အနားယူပါ။ မင်းရဲ့ နောက်ဘဝမှာ ငါ့လိုလူမျိုးကို ပြဿနာမရှာမိဖို့ မျှော်လင့်ပါတယ်။

မဟုတ်ရင် နောက်ဘဝမှာ ဒီစကားပြောဖို့ ဒီလောက်လွယ်ကူချင်မှ လွယ်ကူလိမ့်မယ်။ မင်း ရိုးရိုးသေရုံတင်မဟုတ်ဘဲ ရက်ရက်စက်စက် နှိပ်စက်ခံရပြီးမှ သေသွားနိုင်တယ်”

All Chapters