← Chapters

အခန်း ၁၅၇

Vol. 16 Ch. 157

အခန်း ၁၅၇

Vol. 16 Ch. 157

အခန်း (၁၅၇) - ကောင်းကင်မိစ္ဆာမျိုးနွယ်စု၏ အင်အားအကြီးဆုံးသူ ရောက်လာခြင်း (၁)

ကျိုးရီက ကောင်းကင်မိစ္ဆာမျိုးနွယ်စု၏ မဟာအကြီးအကဲကို သတ်ဖြတ်ပြီးနောက် တစ်ကမ္ဘာလုံး လုံးဝ တိတ်ဆိတ်သွားတော့သည်။

ဤအခိုက်အတန့်တွင် လူတိုင်းက သူ့အား နက်ရှိုင်းသော ရိုသေလေးစားမှုမျက်၀န်းများဖြင့် ကြည့်ရှုနေကြသည်။

သို့သော်လည်း ထိုနေရာရှိ လူတိုင်းသည် စကြဝဠာတစ်ခုလုံး၏ ထိပ်တန်းသိုင်းပညာရှင်များ ဖြစ်ကြရာ အင်အားကြီးကျင့်ကြံသူများကိုသာ လေးစားတတ်ကြပြီး အားနည်းသူများသည် သူတို့၏ လေးစားမှု သို့မဟုတ် စိတ်ဝင်စားမှုကို ဘယ်သောအခါမျှ မရရှိနိုင်ချေ။

ဤတိုက်ပွဲအပြီးတွင် ကျိုးရီသည် သူတို့အားလုံး၏ လေးစားမှုကို အပြည့်အဝ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။

သူတို့၏ရင်ထဲ၌ သူသည် အမှန်တကယ်ပင် စွမ်းအားကြီးမားသော သိုင်းပညာရှင်တစ်ဦး ဖြစ်နေပြီဖြစ်ရာ ယခုမှစ၍ မည်သူကမျှ သူ့အား ယှဉ်ပြိုင်ဝံ့ခြင်း သို့မဟုတ် သူ၏အဆင့်အတန်းကို သံသယဝင်ဝံ့ခြင်း ရှိတော့မည်မဟုတ်ပေ။

နဂါးမျိုးနွယ်စု၏ ပဉ္စမအကြီးအကဲက ရှေ့သို့တစ်လှမ်းလှမ်းကာ ပြုံးလျက် ပြောလိုက်သည်။

“နတ်ဘုရားအင်ပါယာကျိုးရဲ့ စွမ်းအားက တကယ်ကို ကြီးမားပြီး ခန့်ညားထည်ဝါလှပါတယ်။ ဂုဏ်ယူပါတယ်... ဂုဏ်ယူပါတယ်”

ကျိုးရီက သူ့အား တည်ငြိမ်စွာ ကြည့်လိုက်၏။

သူသည် ကောင်းကင်မိစ္ဆာဧကရာဇ်ကို ယခုလေးတင် သတ်ဖြတ်ခဲ့သည်ဆိုသော်လည်း နဂါးမျိုးနွယ်စု၏ ပဉ္စမအကြီးအကဲကို အကြောင်းပြချက်မရှိဘဲ လွှတ်ပေးမည်ဟု မဆိုလိုပေ။

သေချာသည်မှာ တစ်ဖက်လူက သူ့အား တိုက်ခိုက်ခြင်းမရှိခဲ့သဖြင့် သူကလည်း တစ်ဖက်လူကို စတင်တိုက်ခိုက်မည်မဟုတ်ပေ။

သို့သော်လည်း သူနှင့် နဂါးမျိုးနွယ်စုက မည်သည့်ယုံကြည်မှုမျှ ရှိမည်မဟုတ်ပေ၊ သို့မဟုတ် မည်သည့်ရင်းနှီးသောဆက်ဆံရေးမျိုးမျှ တည်ဆောက်ရန် မဖြစ်နိုင်ပေ။

အကယ်၍ နဂါးမျိုးနွယ်စုက သူနှင့် ကြိုတင်၍ မဟာမိတ်ဖွဲ့ခဲ့မည်ဆိုပါက သူသည် သေချာပေါက် မဟာမိတ်ဖွဲ့မိပေလိမ့်မည်။

သို့သော် နဂါးမျိုးနွယ်စုက အစပိုင်းတွင် မဟာမိတ်မဖွဲ့ဘဲ အခြေအနေများကိုသာ စောင့်ကြည့်နေခဲ့ပြီး သူ၏စွမ်းအားများ ထပ်မံမြင့်တက်လာပြီးမှသာ မဟာမိတ်ဖွဲ့ရန် လာရောက်ခဲ့ခြင်းဖြစ်သည်။

ကျိုးရီသည် ဤကဲ့သို့သော အခြေအနေမျိုးကို အလွန်အထင်သေးမိသည်။

သူ အခက်အခဲကြုံတွေ့နေချိန်တွင် ကူညီခြင်းက အဆင်ပြေနေချိန်တွင် လာရောက်မြှင့်တင်ပေးခြင်းထက် ပိုမိုဖြစ်သင့်သည်ဟု အစဉ်အမြဲ ယုံကြည်ထားသူဖြစ်သည်။

ဤအခိုက်အတန့်တွင် အခြားသူများအားလုံးက သူ့အား အားကောင်းသောမဟာမိတ်တစ်ဦး ရရှိခဲ့သည့်အတွက် မနာလိုဖြစ်နေကြသည်။

ယခုမှစ၍ သူသည် စကြဝဠာကြီးတစ်ခုလုံးတွင် စိတ်ကြိုက် လွတ်လွတ်လပ်လပ် လျှောက်လှမ်းနိုင်တော့မည်ဖြစ်ပြီး မည်သူကမျှ သူ့အား အရမ်းကာရော ရန်စဝံ့တော့မည်မဟုတ်ပေ။

“အကြီးအကဲ... ခင်ဗျားက သိပ်ပြီးအားနာတတ်တာပဲ။ ခင်ဗျားတို့ရဲ့ နဂါးမျိုးနွယ်စုက စကြဝဠာကြီးတစ်ခုလုံးမှာ အမြဲတမ်း အင်အားအကြီးဆုံး မျိုးနွယ်စုပဲလေ။

ကျွန်တော့်စွမ်းအားက နတ်ဘုရားအင်ပါယာအဆင့်ကို ရောက်သွားပြီဆိုပေမဲ့ ခင်ဗျားတို့ရှေ့မှာတော့ အားနည်းနေပါသေးတယ်”

ကျိုးရီက ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။

အခြားတစ်ဖက်နှင့် ဆက်ဆံရေးကို လုံးဝဖြတ်တောက်ပစ်ရန် မလိုအပ်သေးပေ။ မည်သို့ပင်ဆိုစေ အခြားတစ်ဖက်၏ စွမ်းအားက အမှန်တကယ်ပင် ကြီးမားလှပြီး ယခုက ပဉ္စမအကြီးအကဲတစ်ဦးတည်းသာ လာရောက်ခဲ့ခြင်းဖြစ်သည်။

နောက်ထပ် ရောက်လာမည့်အကြီးအကဲများက ပို၍ပင် အားကောင်းနေနိုင်လောက်ပေမည်။ ထို့ကြောင့် သူသည် လောလောဆယ်အခြေအနေတွင် အခြားတစ်ဖက်နှင့် ပဋိပက္ခဖြစ်ပွားရန် မလိုလားပေ။

သူသည် အနာဂတ်တွင် အမှန်တကယ် ထိပ်တန်းသိုင်းပညာရှင်တစ်ဦး ဖြစ်လာသည့်အချိန်အထိ စောင့်ဆိုင်းရပေမည်။

ကောင်းကင်မိစ္ဆာမျိုးနွယ်စု၏ မဟာအကြီးအကဲနှင့် အခြားသူများကို သတ်ဖြတ်ပြီးနောက် သူသည် ၎င်းတို့၏ မှတ်ဉာဏ်များနှင့် စွမ်းအင်များကိုလည်း စုပ်ယူခဲ့သည်။

သူ၏စွမ်းအားနှင့် ကျင့်ကြံခြင်းအဆင့်ကို လျင်မြန်စွာ မြှင့်တင်နိုင်ရန် ဤမှတ်ဉာဏ်အားလုံးကို တစ်ခုပြီးတစ်ခု အချိန်ယူခြေဖျက်ရပေမည်။ သို့မှသာ သူသည် စကြဝဠာအတွင်း ပိုမိုခိုင်မာစွာ ရပ်တည်နိုင်လိမ့်မည်ဖြစ်သည်။

“ဟားဟား... နတ်ဘုရားအင်ပါယာကျိုးက အားနာနေဖို့ မလိုပါဘူး။ အခုကစပြီး ငါတို့က မဟာမိတ်တွေပဲလေ။ အပြန်အလှန် ကူညီကြတာက သဘာဝကျပါတယ်။ အကယ်၍ မင်း အနာဂတ်မှာ တစ်ခုခု အခက်အခဲရှိရင် ငါတို့ကိုသာ အသိပေးလိုက်ပါ။

ငါတို့နဂါးမျိုးနွယ်စုက မင်းပြောတဲ့အတိုင်း သေချာပေါက် လုပ်ဆောင်ပေးကြလိမ့်မယ်၊ ဘယ်တော့မှ ဒီအတိုင်း ရပ်ကြည့်နေမှာမဟုတ်ဘူး”

“ကျေးဇူးတင်ပါတယ်”

စကားအနည်းငယ် အပြန်အလှန် ပြောဆိုပြီးနောက် သူတို့နှစ်ဦးလုံး ထွက်ခွာသွားကြတော့သည်။

ထွက်ခွာလာပြီးနောက် ပဉ္စမအကြီးအကဲ၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်းခြင်း တည်ကြည်လေးနက်လာသည်။ သူသည် ထွက်ခွာသွားသော ကျိုးရီ၏ကျောပြင်ကို ကြည့်ရင်း သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိတော့၏။

“အကြီးအကဲ... ဘာဖြစ်လို့လဲ။ ဘာလို့ ရုတ်တရက် သက်ပြင်းချနေရတာလဲ”

အကြီးအကဲလိန်က ဤမြင်ကွင်းကို မြင်တွေ့သောအခါ မချင့်မရဲဖြင့် မေးခွန်းထုတ်လိုက်သည်။

ပဉ္စမအကြီးအကဲက ရှင်းပြလာလေ၏။

“ငါတို့ နဂါးမျိုးနွယ်စု အစောပိုင်းက လုပ်ခဲ့တဲ့ မိုက်မဲတဲ့ဆုံးဖြတ်ချက်အတွက် သက်ပြင်းချနေတာပါ။

သူ့ခက်ခဲနေချိန်မှာ ငါတို့က သူ့ကို အပြည့်အဝမကူညီခဲ့ဘဲ အခု သူက နတ်ဘုရားအင်ပါယာအဆင့်ကို တက်လှမ်းသွားပြီးနောက်မှ ဆက်ဆံရေးကောင်းတည်ဆောက်ဖို့ ကြိုးစားနေတာက သိပ်နောက်ကျသွားပြီ။

မင်းလည်း ဒီစကားကို ကြားဖူးမယ်ထင်တယ်... ‘အခက်အခဲကြုံတွေ့နေချိန်မှာ ကူညီခြင်းက အဆင်ပြေနေချိန်မှာ လာရောက်မြှင့်တင်ပေးခြင်းထက် ပိုမိုမြင့်မြတ်တယ်’ ဆိုတာလေ။

သူ အခက်ခဲဆုံးအချိန်တုန်းက ငါတို့က သူ့ကို အပြည့်အဝ မကူညီခဲ့ဘူး၊ အခု သူက တိုးတက်လာပြီဆိုတော့ မဟာမိတ်ဖွဲ့တာက ဘာအကျိုးသက်ရောက်မှုမှ မရှိတော့ဘူး”

“အဲဒီလိုတော့ မဖြစ်နိုင်ပါဘူး။ သူက တော်တော်လေးနားလည်မှုရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာပြဿနာဖြစ်ခဲ့ကြလို့လဲ”

“ဟားဟား... မင်းက တကယ်ကို နားမလည်တာပဲ။ စောစောက သူ့ရဲ့ လေသံကိုက ငါတို့ကို ယဉ်ကျေးပြနေရုံသက်သက်ပဲဆိုတာ သိသာနေတာပဲလေ၊ ပြီးတော့ ဒီကောင်ရဲ့ အဆင့်တက်လှမ်းတဲ့ အရှိန်က မယုံနိုင်လောက်အောင် မြန်ဆန်လွန်းတယ်။

သူ အသက်တစ်ရာတောင် မပြည့်သေးမှာကို ငါသံသယဝင်မိတယ်။ စဉ်းစားကြည့်စမ်း... အသက် တစ်ရာတောင်မရှိသေးတဲ့ လူသားမျိုးနွယ်တစ်ယောက်က နတ်ဘုရားအင်ပါယာအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တာ။ သူ့ရဲ့စွမ်းအားက ဘယ်လောက်တောင် အားကောင်းနေမလဲ”

“ဘာ”

ဤနေရာရှိ နဂါးမျိုးနွယ်စုမှ သိုင်းပညာရှင်များအားလုံး ထိုစကားကို ကြားသောအခါ မျက်နှာအမူအရာများ ပြင်းထန်စွာ ပြောင်းလဲသွားကြတော့သည်။ ဤသည်မှာ ပါရမီထူးလွန်းလှသည်မဟုတ်လော။

သူတို့၏စွမ်းအားက အားနည်းလွန်းသဖြင့် ကျိုးရီ၏အသက်ကို အတိအကျ မခွဲခြားနိုင်ခဲ့ပေ။ သို့သော်လည်း အကြီးအကဲက တစ်ဖက်လူ၏ အသက်ကို ခွဲခြားနိုင်လေ၏။

ပဥ္စမအကြီးအကဲ လိမ်ညာမည်မဟုတ်ဟု သူတို့ အကြွင်းမဲ့ ယုံကြည်ထားကြသည်။

သူပြောသမျှ အရာအားလုံးက အမှန်တရားပင်။

“ဘုရားရေ... ဒီကောင်က ဘယ်လို တည်ရှိမှုမျိုးလဲ။ သူက ပါရမီရှင်တစ်ယောက်လား။ ဘယ်လိုလုပ် ဒီလောက်တောင် ပုံမှန်မဟုတ်ရတာလဲ။ တကယ်ကို စိတ်ကူးလို့တောင် မရဘူး။

ဒီလိုအသက်အရွယ်‌လေးနဲ့ နတ်ဘုရားအင်ပါယာအဆင့်ကို တက်လှမ်းနိုင်တာက ငါတို့ နဂါးမျိုးနွယ်စုအသက်နဲ့ တွက်မယ်ဆိုရင် အသက် တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်အတွင်း နတ်ဘုရားအဆင်ပါယာအဆင့်ကို တက်လှမ်းတာနဲ့ အတူတူပဲ”

“ဒါထက်တောင် ပိုသေးတယ်။ ငါတို့ နဂါးမျိုးနွယ်စုက ကောင်းကင်နဲ့ မြေကြီးကြားမှာ အင်အားအကြီးဆုံး မျိုးနွယ်စုပဲလေ။ ငါတို့ရဲ့ သွေးမျိုးဆက်စွမ်းအားက ပိုပြီးအားကောင်းတဲ့အတွက် ငါတို့က အရမ်းလွယ်လွယ်ကူကူ အဆင့်တက်လှမ်းနိုင်တာ၊

ငါတို့ရဲ့ တိုးတက်မှုအရှိန်က အခြားသူတွေထက် အများကြီး ပိုမြန်တယ်။ သူက လူသားမျိုးနွယ်သက်သက်ပဲ။ သူ့ရဲ့ပါရမီက သာမန်ထက်ပိုကောင်းရုံလောက်ဆို ငါတို့ နဂါးမျိုးနွယ်စုရဲ့ ပါရမီကို ကျော်လွန်ဖို့က မဖြစ်နိုင်ဘူး။

ဒါကြောင့် သူ့ရဲ့စွမ်းအားက ဒီလောက်မြန်မြန် တက်လှမ်းသွားနိုင်တာက သူ့ရဲ့ပါရမီက ငါတို့ထက် အများကြီးသာနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။

ဆိုလိုတာက သူ့ရဲ့စွမ်းအား ဒါမှမဟုတ် အနာဂတ်မှာ တိုးတက်လာမယ့် အလားအလာက ပိုပြီးကြီးမားကျယ်ပြန့်လိမ့်မယ်”

“ဒီကောင်က တကယ်ပဲ လူသားမျိုးနွယ်လား။ ဒါမှမဟုတ် သူက ကပ်ဘေးဖြတ်ကျော်ပြီး လူဝင်စားလာတဲ့ နတ်ဘုရားအင်ပါယာအဆင့် သိုင်းပညာရှင်တစ်ယောက်လား”

“အခုချိန်မှာ ပြောဖို့ခက်ပေမဲ့ သူ့ရဲ့ အနာဂတ်အောင်မြင်မှုတွေက သေချာပေါက် ဒီလောက်နဲ့ ရပ်တန့်နေမှာ မဟုတ်ဘူးဆိုတာ ငါခံစားမိတယ်။

သူက ငါတို့ နဂါးမျိုးနွယ်စုတစ်ခုလုံးကိုတောင် အလွယ်လေး ကျော်သွားပြီး ဒီစကြဝဠာရဲ့ ထိပ်တန်းအရှင်သခင်တစ်ဦး ဖြစ်လာနိုင်တယ်”

“ဘာ”

ထိုစကားကို ကြားသောအခါ နဂါးမျိုးနွယ်စုမှ သိုင်းပညာရှင်များမှာ ထပ်မံ၍ ထိတ်လန့်သွားကြပြန်ပြီး သူတို့၏ မျက်နှာအမူအရာများမှာ ယခင်ကထက် ပို၍ အပြင်းအထန် လှုပ်ရှားသွားကြတော့သည်။

သူတို့၏ အကြီးအကဲက ဤကဲ့သို့ ပြောလာလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။ ဤသည်မှာ သိပ်ကို ကြောက်စရာကောင်းလွန်းလှသည်။

မည်သို့ပင်ဆိုစေ သူတို့၏ နဂါးမျိုးနွယ်စုသည် ဤစကြဝဠာကြီးကို နှစ်ပေါင်းသိန်းသန်းချီ၍ အုပ်စိုးခဲ့သည်မဟုတ်လော။

ဤနှစ်များတစ်လျှောက်တွင် အလွန်တရာ စွမ်းအားကြီးမားသော တည်ရှိမှုများစွာက သူတို့၏အာဏာကို စိန်ခေါ်ခဲ့ကြသော်လည်း ခြွင်းချက်မရှိဘဲ လူတိုင်း ပျက်သုဉ်းခဲ့ကြရသည်။

ရေတွက်၍မရနိုင်သော တိုက်ပွဲများနှင့် အခက်အခဲများစွာကို ဖြတ်ကျော်ပြီး နောက်ဆုံးအချိန်အထိ သူတို့၏ နဂါးမျိုးနွယ်စုသည် ဤလောကကြီး၏ အထွတ်အထိပ်နေရာတွင် မားမားမတ်မတ် ရပ်တည်နေနိုင်ဆဲပင်။

မည်သူကမျှ သူတို့အား အနိုင်မယူနိုင်ခဲ့ချေ။ အားကောင်းသူများသည် အမြဲတမ်း စင်မြင့်ပေါ်၌ရှိနေလေ၏။

All Chapters