← Chapters

အခန်း ၁၅၉

Vol. 16 Ch. 159

အခန်း ၁၅၉

Vol. 16 Ch. 159

အခန်း (၁၅၉) - စကြ၀ဠာ၏ အရှင်သခင် (၁)

“ကျွန်တော်နဲ့ ဘာအကြောင်း ဆွေးနွေးချင်တာလဲ”

ကျိုးရီ၏ မျက်နှာထားမှာ အေးစက်တည်ငြိမ်နေသည်။

“ပူးပေါင်းဆောင်ရွက်ရေးအကြောင်း ဆွေးနွေးချင်တာပါ”

ချိုင်ကျွင်း၏ မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မျှ မပေါ်လွင်နေပေ။

“ငါတို့ ကောင်းကင်မိစ္ဆာမျိုးနွယ်စုအနေနဲ့ မင်းနဲ့ မဟာမိတ်ဖွဲ့ချင်တယ်။ အခုကစပြီး ခရီးကြမ်းကို အတူတူ ရှေ့တိုးနောက်ဆုတ် ဖြတ်သန်းကြမယ်။ စိတ်ဝင်စားမှုရှိရဲ့လား”

ထိုစကားများကြားသော် ကျိုးရီ ခေတ္တမျှ ကြက်သေသေသွားသည်။ တစ်ဖက်လူ၏ စကားများကြောင့် အံ့အားသင့်သွားပြီး ဆိုလိုရင်းကို ချက်ချင်း သဘောမပေါက်နိုင် ဖြစ်သွားဟန်ရ၏။

“အကြီးအကဲချိုင်... ကျွန်တော် နားကြားမမှားဘူးမလား”

ကျိုးရီ မျက်ခုံးအနည်းငယ် ပင့်လိုက်မိသည်။

“ကျွန်တော်က ခင်ဗျားတို့ရဲ့ ထိပ်သီးကျင့်ကြူံ အတော်များများကို သတ်ပစ်ခဲ့တဲ့အပြင် မဟာအကြီးအကဲကိုတောင် အရှက်ခွဲခဲ့တာလေ။ ကျွန်တော်ကို လုံးဝမမုန်းတဲ့အပြင် မဟာမိတ်တောင် ဖွဲ့ချင်သေးတယ်ပေါ့။

ခင်ဗျားစကားတွေကို ယုံမယ်ထင်နေတာလား။ ကျွန်တော့်ကို လူအလို သဘောထားပြီး ဟာသလာလုပ်နေတာတော့ မဟုတ်ပါဘူးနော်”

“လူအလို သဘောထားတာ လုံးဝ မဟုတ်ပါဘူး”

ချိုင်ကျွင်းက လေးနက်သော အမူအရာဖြင့် တုံ့ပြန်လာသည်။

“မဟာမိတ်ဖွဲ့ဖို့ တကယ်ကို ရိုးရိုးသားသားလာခဲ့တာပါ။ လက်ခံတာ လက်မခံတာကတော့ မင်းရဲ့ သဘောပါပဲ”

“ခင်ဗျားကို ဘာလို့ ယုံရမှာလဲ”

ကျိုးရီ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

“မဟာမိတ်ဖွဲ့ချင်တယ်ဆိုတိုင်း ဖွဲ့ရအောင် နောင်တစ်ချိန်မှာ နောက်ကျောကို ဓားနဲ့မထိုးဘူးလို့ ဘယ်လိုလုပ် သေချာနိုင်မှာလဲ။ ပြီးတော့... ခင်ဗျားတို့နဲ့ မဟာမိတ်ဖွဲ့လိုက်လို့ ကျွန်တော့်အတွက် ဘာအကျိုးအမြတ်တွေ ရနိုင်မှာလဲ”

သူသည် လူမိုက်တစ်ယောက် မဟုတ်ပေ။ အကျိုးအမြတ်မရှိဘဲ မဟာမိတ်ဖွဲ့ခြင်းသည် အချိန်ဖြုန်းခြင်းသက်သက်သာ ဖြစ်ပေလိမ့်မည်။

ထို့အပြင် ကိုယ့်ကိုယ်ကို ကြီးမားသော အန္တရာယ်တစ်ခုအတွင်း မြှုပ်နှံထားသလိုပင်။ တစ်နေ့နေ့ တခြားသူများနှင့် တိုက်ခိုက်နေချိန် နောက်ကျောကို ဓားဖြင့်အထိုးခံရပါက ငိုစရာမျက်ရည်ပင် ကျန်ရှိမည်မဟုတ်ပေ။

ထို့ကြောင့် မဟာမိတ်မဖွဲ့မီ အကြောင်းရင်းအမှန်ကို သေချာပေါက် နားလည်ထားရန် လိုအပ်သည်။

ချိုင်ကျွင်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ်တွန့်ကွေးသွားသော်လည်း ပျော်ရွှင်ခြင်းအငွေ့အသက် အလျဉ်းမရှိပေ။

“မဟာအကြီးအကဲကို သတ်လိုက်တဲ့အတွက် ငါက ရန်ငြိုးဖွဲ့နေမယ်လို့ ထင်နေမှာပေါ့။ တကယ်တော့ မင်းထင်တာ မှားနေတယ်။ အခုလက်ရှိ စကြ၀ဠာရဲ့ အခြေအနေက အရမ်းကို ရှုပ်ထွေးလွန်းတယ်။ အားလုံးက အချင်းချင်း စုရုံးနေကြရတဲ့အချိန်ပဲ။

မဟုတ်ရင် တစ်နေ့နေ့မှာ တခြားသူတွေရဲ့ သတ်ဖြတ်တာကို ခံရလိမ့်မယ်။ ငါတို့ဘက်က အဓိကစစ်သူကြီး တော်တော်များများ ဆုံးရှုံးထားပြီးပြီမို့လို့ ထပ်ပြီး အဆုံးရှုံးခံလို့ မဖြစ်တော့ဘူးလေ။

ကြီးမားတဲ့ရန်ငြိုးတွေ ရှိနေပေမဲ့ အဲဒါတွေကို ဘေးဖယ်ပြီး ပူးပေါင်းလိုက်မယ်ဆိုရင် နောင်အနာဂတ်မှာ ရလာမယ့် အကျိုးအမြတ်တွေက အရင်ဆုံးရှုံးမှုတွေအားလုံးကို အစားထိုးနိုင်မှာပဲ။ မဟုတ်ရင် နှစ်ဖက်လုံး ဆုံးရှုံးမှုတွေနဲ့ ထပ်ရင်ဆိုင်ရပြီး ပိုဆိုးရွားလာလိမ့်မယ်။

ဒါက ငါ မြင်ချင်တဲ့အရာမဟုတ်ဘူး။ ကိုယ့်မျိုးနွယ်စုရဲ့ တိုးတက်မှုအတွက်လည်း ဘယ်လိုမှ အထောက်အကူမဖြစ်နိုင်ဘူး”

ထိုစကားများကြောင့် ကျိုးရီ အတော်လေး တုန်လှုပ်သွားသည်။ တစ်ဖက်လူတွင် ဤမျှကျယ်ပြန့်သော အမြင်ရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။ တကယ်ကို အံ့ဩစရာပင်။

မျိုးနွယ်စုတစ်ခုလုံး၏ အကျိုးစီးပွားအတွက် ကိုယ်ပိုင်ဂုဏ်သိက္ခာကို စတေးနိုင်ခြင်း... တကယ်လို့ သူကိုယ်တိုင်သာဆိုလျှင် ထိုသို့လုပ်နိုင်ရန် အခွင့်အရေးပင် ရချင်မှရပေမည်။

ဤသည်ကပင် ရာထူးကြီးမားသူအချို့ ထိပ်ဆုံးနေရာတွင် အမြဲရပ်တည်နိုင်ခြင်း၏ လျှို့ဝှက်ချက် ဖြစ်ကောင်းဖြစ်နိုင်သည်။ ခေါင်းဆောင်ကောင်းတစ်ယောက်၏ စိတ်ဓာတ်ကို မြင်တွေ့လိုက်ရခြင်းက သူ၏စိတ်နှလုံးအတွင်းရှိ အာဏာနှင့် အုပ်စိုးလိုသော ရည်မှန်းချက်များကိုပင် တစ်စုံတစ်ရာက နှိုးဆွပေးလိုက်သကဲ့သို့ ရှိသည်။

တခဏမျှ တိတ်ဆိတ်သွားပြီးနောက် ထိုကမ်းလှမ်းချက်ကို မငြင်းပယ်ရန် ဆုံးဖြတ်လိုက်သည်။ လတ်တလောတွင် အကျိုးကျေးဇူးများသာရှိပြီး ဆိုးကျိုးမရှိသောကြောင့်ပင်။

မျိုးနွယ်စုတစ်ခုလုံးကို တိုက်ရိုက် ရင်ဆိုင်နိုင်မည်ဟု မသေချာသေးသလို တစ်ဖက်လူသည် စကြ၀ဠာတစ်ခုလုံးရှိ ထိပ်သီးမျိုးနွယ်စုဆယ်ခုအတွင်း တစ်ခုအပါအဝင် ဖြစ်နေသည်။

ထိုသို့သော မျိုးနွယ်စုနှင့် မဟာမိတ်ဖွဲ့နိုင်ပါက ဂုဏ်သတင်း တက်လာမည်ဖြစ်ပြီး နောင်တွင် လူပေါင်းများစွာ၏ ယုံကြည်မှုကို ရရှိကာ အမြဲတစေ ပြဿနာရှာခံရခြင်းမှလည်း ကင်းဝေးသွားပေမည်။

“ကောင်းပြီလေ... ဒီလောက်တောင် ပြောနေမှတော့ ကျွန်တော်လက်ခံပါတယ်။ အခုကစပြီး မဟာမိတ်ဖွဲ့ကြတာပေါ့။ အချင်းချင်း ဘယ်တော့မှ ပြန်မတိုက်ခိုက်ကြေး”

ကျိုးရီ ခေါင်းညိတ်လိုက်သည်။

ချိုင်ကျွင်း သက်ပြင်းချလိုက်ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။

ထို့နောက် လက်နှစ်ဖက်ယှက်ကာ အရိုအသေပေးလိုက်၏။

“မျက်နှာသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နတ်ဘုရားဧကရာဇ်ကျိုး... ကျွန်တော်တို့ ကောင်းကင်မိစ္ဆာမျိုးနွယ်စုအနေနဲ့ အခုကစပြီး ဘယ်တော့မှ ပြဿနာမရှာတော့ပါဘူး။ မဟာမိတ်အဖြစ် ရပ်တည်နိုင်ဖို့ ဘယ်ကိစ္စမျိုးမှာမဆို အစွမ်းကုန် ကူညီပေးသွားပါ့မယ်”

ကျိုးရီ ခေါင်းညိတ်လက်ခံလိုက်သည်။

နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိသွားပြီးနောက် ထိုသတင်းသည် စကြ၀ဠာတစ်ခွင်လုံးသို့ အလျင်အမြန် ပျံ့နှံ့သွားလေတော့သည်။ သတင်းကို ကြားသိရသော စကြ၀ဠာအတွင်းရှိ ရေတွက်မရနိုင်သော ထိပ်သီးကျင့်ကြံသူများစွာမှာ အကြီးအကျယ် တုန်လှုပ်သွားကြလေ၏။

“ဘုရားရေ... ငါ ဘာတွေကြားလိုက်ရတာလဲ။ နားကြားများမှားတာလား... ငါ့နားတွေ တစ်ခုခုဖြစ်နေတာလား”

“မင်း ကြားတာ အမှန်ပဲ၊ ငါလည်း ကြားလိုက်တယ်။ ဒါပေမဲ့ ဒီသတင်းက အရမ်းကို ရူးသွပ်ဖို့ကောင်းလွန်းတယ်။ ကျိုးရီက ကောင်းကင်မိစ္ဆာမျိုးနွယ်စုနဲ့ မဟာမိတ်ဖွဲ့မယ်လို့ ဘယ်သူထင်ထားမှာလဲ။ တကယ်ကို မယုံနိုင်စရာပဲ”

“သူတို့ အသေအကြေ တိုက်ခိုက်ခဲ့ကြတာ မဟုတ်ဘူးလား။ ပြီးတော့ ကျိုးရီက ကောင်းကင်မိစ္ဆာမျိုးနွယ်စုရဲ့ ထိပ်သီးကျင့်ကြံသူ အတော်များများကိုလည်း သတ်ပစ်ခဲ့သေးတာလေ။ အဲဒါကို ကောင်းကင်မိစ္ဆာမျိုးနွယ်စုက အလွတ်ပေးလိုက်တယ်ပေါ့။

တကယ်ကို အံ့ဩစရာကောင်းတာပဲ။ ကောင်းကင်မိစ္ဆာမျိုးနွယ်စုက ဒီတစ်ခေါက် အများကြီး ဆုံးရှုံးခဲ့ရတာ။ သူတို့မျက်နှာ ဘယ်သွားထားမလဲ။ စကြ၀ဠာထဲက မျိုးနွယ်စုတွေအကုန်လုံး လှောင်ရယ်ကြတော့မှာပဲ။

အဲဒါကိုတောင် ဒီလိုလုပ်ဖို့ ရွေးချယ်တယ်ဆိုတော့ သူတို့ရဲ့ အဆင့်အတန်း ကျဆင်းသွားမှာကို မကြောက်ဘူးလား။ အခုလိုဆိုရင် နောင်ကျ လူတော်တော်များများ သူတို့ကို ပြဿနာရှာကြတော့မှာအသေအချာပဲ”

“အဓိကကတော့ ကျိုးရီရဲ့ စွမ်းအားက အရမ်းကြီးမားလွန်းနေလို့ပဲ။ သူ့မှာ လုံလောက်တဲ့အင်အားရှိနေသရွေ့ တခြားသူတွေက ရွေးချယ်စရာ မရှိဘူးလေ။

ကောင်းကင်မိစ္ဆာမျိုးနွယ်စုက အရင်က ဘယ်လောက်ပဲအားကောင်းခဲ့ပါစေ၊ အခုလို ကြောက်မက်ဖွယ်ကောင်းတဲ့သူနဲ့ ရင်ဆိုင်ရချိန်မှာတော့ ဆုတ်ခွာဖို့ပဲ ရွေးချယ်ရတော့မှာပေါ့။ မဟုတ်ရင် သူတို့ မျိုးနွယ်စုတစ်ခုလုံး ကမ္ဘာမြေပေါ်ကနေ အမြစ်ဖြတ် ခံရနိုင်တယ်။

ဒါက လက်ရှိကမ္ဘာရဲ့ အမှန်တရားပဲလေ။ လက်သီးကြီးသူက အားလုံးကို သိမ်းပိုက်နိုင်တာပဲ။ အင်အားကြီးမားနေသရွေ့ နှစ်ဖက်ကြားမှာ ဘယ်လောက်ပဲကြီးမားတဲ့ ရန်ငြိုးတွေရှိနေပါစေ လက်နက်ချအရှုံးပေးဖို့ ရွေးချယ်ရမှာပဲ။ မဟုတ်ရင် အနာဂတ်ဆိုတာ ရှိလာမှာမဟုတ်တော့ဘူး”

“ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စအပြီးမှာတော့ ကျိုးရီရဲ့ဂုဏ်သတင်းက စကြ၀ဠာတစ်ခွင်လုံးမှာ အခိုင်အမာ အမြစ်တွယ်သွားပြီ။ အခုကစပြီး ဘယ်သူမှ သူ့ကို ရန်စရဲတော့မှာမဟုတ်ဘူး”

“ဟုတ်တယ်... သူက နောက်ဆုံးပေါ်ထွက်လာမယ့် မဟာပါရမီရှင် ဖြစ်လာမယ်လို့ မထင်ထားခဲ့ဘူး။ ဒီတစ်ကြိမ်တော့ သူ တကယ်ကို ကံကောင်းသွားတာပဲ”

“ဒါကလည်း သူ့ရဲ့ ကိုယ်ပိုင်စွမ်းအားက လုံလောက်အောင် ကြီးမားနေလို့ပါ။ အဲဒါ သူ့ရဲ့ကံတရားပဲလေ။ လတ်တလော သူ့ရဲ့ ကံက တကယ်ကို ကောင်းလွန်းနေတယ်”

ဤကိစ္စကို လူအများအပြားက မနာလို ငြီးငြူစွာ ဆွေးနွေးနေကြသော်လည်း ရင်ထဲ၌မူ ကျိုးရီကို ရန်မစမိစေရန် နက်နက်ရှိုင်းရှိုင်း မှတ်သားထားလိုက်ကြလေ၏။

ကျိုးရီ၏ ဂုဏ်သတင်းမှာ ယနေ့မှစ၍ ပိုမိုကြီးမားလာတော့သည်။

နဂါးမျိုးနွယ်စုဘက်တွင်မူ ပဉ္စမအကြီးအကဲသည် နဂါးနတ်ဘုရားကျွန်းပေါ်၌ ရပ်ကာ ထိုအရပ်မျက်နှာဆီသို့ လှမ်းမျှော်ကြည့်နေ၏။

သူ၏ မျက်လုံးများမှာ မှိုင်းညို့နေပြီး မည်သည့်ခံစားချက်ကိုမျှ ဖတ်ရှု၍မရနိုင်ပေ။ အကြီးအကဲလိန်သည် သူ့အနောက်သို့ ရောက်လာကာ ရိုသေစွာ အရိုအသေပေးလိုက်သည်။

“ပဉ္စမအကြီးအကဲ... ကျိုးရီက ကောင်းကင်မိစ္ဆာမျိုးနွယ်စုနဲ့ မဟာမိတ်ဖွဲ့လိုက်ပါပြီ”

ပဉ္စမအကြီးအကဲက တည်ငြိမ်စွာပင် ပြန်ပြောလာ၏။

“ဒီကောင်လေးက ဒီလောက်အထိ စွမ်းဆောင်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဟိုဘက်ကလည်း ဦးနှောက်ရှိသားပဲ။ ဒီလောက် ဆုံးရှုံးမှုကြီးကြီးမားမား ကြုံတွေ့ခဲ့ရတာတောင် ဒေါသတွေ ဖုံးလွှမ်းမသွားဘဲ မဟာမိတ်ဖွဲ့ဖို့ ရွေးချယ်လိုက်တယ်။

ဒါက အတော်လေး ဆင်ခြင်တုံတရားရှိတဲ့လုပ်ရပ်ပဲ။ တကယ်လို့များ မဟာမိတ်ဖွဲ့ဖို့ မရွေးချယ်ခဲ့ဘူးဆိုရင် ဒီတစ်ကြိမ်တော့ သူတို့အနာဂတ်မှာ အတော်ခက်ခဲမှာ အသေအချာပဲ”

ထိုစကားများကို ကြားလိုက်ရချိန်တွင် အကြီးအကဲလိန်၏ရင်ထဲ၌ အကြီးအကျယ် လှိုင်းထန်သွားပြီး အလွန်အမင်း တုန်လှုပ်သွားလေသည်။ ပဉ္စမအကြီးအကဲထံမှ ဤသို့သော စကားမျိုး ထွက်လာလိမ့်မည်ဟု မတွေးမိခဲ့ပေ။

တကယ်ကို မယုံနိုင်စရာပင်။ ဤသည်က ကျိုးရီအား မဟာပါရမီရှင်တစ်ဦးအဖြစ် သွယ်ဝိုက်သောနည်းဖြင့် အသိအမှတ်ပြုလိုက်ခြင်းနှင့် အတူတူပင် ဖြစ်လေ၏။

ပဉ္စမအကြီးအကဲသည် မိမိကိုယ်မိမိ ပြောနေသလိုလို၊ အကြီးအကဲလိန်အား ပြောနေသလိုလိုဖြင့် ဆက်လက် ပြောဆိုလာပြန်သည်။

“ဒီနေ့ကစပြီး ဒီစကြ၀ဠာကြီးရဲ့ အခြေအနေက လုံးဝပြောင်းလဲသွားလိမ့်မယ်။ ဒီကောင်လေးက အရမ်းစွမ်းအားကြီးလာပြီး မကြာခင်မှာ ကမ္ဘာကြီးတစ်ခုလုံးရဲ့ ထိပ်ဆုံးနေရာကို အရယူသွားလိမ့်မယ်”

All Chapters