← Chapters

အခန်း ၃၆၈

Vol. 37 Ch. 368

အခန်း ၃၆၈

Vol. 37 Ch. 368

အပိုင်း (၃၆၈) ဟွမ်ယွမ်တံဆိပ်ပြား

​မှောင်မှိုင်ပျပျ အကျဉ်းခန်းငယ်အတွင်း၌ စုတ်ပြတ်သတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် လင်းလင်ကျိုးတယောက် ကြမ်းပြင်ထက်တွင် တင်ပလ္လင်ခွေထိုင်နေ၏။

သူ့ ဆံပင်များ ဖရိုဖရဲ ဖွာလန်ကြဲနေသည်။ သူသည် ပြတင်းပေါက်ငယ်လေးဆီသို့ စူးစိုက်ကြည့်နေမိရာ ထိုအပြင်ဘက်၌ ကြည်လင်ပြာလဲ့နေသော ကောင်းကင်ယံကြီး ရှိနေပြီး ပင်လယ်ငှက်များ ပျံသန်းနေကြသည်ကို မြင်တွေ့ရသည်။

​ဤနေရာ၌ လပေါင်းများစွာ ချုပ်နှောင်ခံခဲ့ရပြီးနောက် စိတ်ဓာတ် ပြန်လည်လန်းဆန်းလာခဲ့ပြီ ဖြစ်၏။

​သူသည် မိမိကိုယ်မိမိ စိတ်မကောင်းဖြစ်မိကာ လီချင်းချိုးအတွက် ဒုက္ခရှာပေးခဲ့မိပြီဟု တွေးတောနေခဲ့သည်။ မိမိကိုယ်မိမိ သတ်သေရန်ပင် ကြိုးစားခဲ့သော်လည်း ဇီယန်ကျွန်းက သူ့ကို မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့ပြီး သူ့ ခန္ဓာကိုယ်အပေါ် ပိတ်ဆို့မှုအမြောက်အမြား ပြုလုပ်ထားခဲ့သည်။

​အကယ်၍ သတ်သေရန် ကြံစည်လိုက်သည်နှင့် ချက်ချင်းပင် သတိလစ်မေ့မြောသွားပေလိမ့်မည်။

​ဤကဲ့သို့ သတိလစ်မေ့မြောနေမည့်အစား ပိုမိုကောင်းမွန်သော နည်းလမ်းများကို စဉ်းစားသင့်သည်ဟု တွေးမိသည်။

​ဤအတွေးဖြင့် လမ်းလျှောက်ဖြတ်သန်းသွားသော ဇီယန်ကျွန်းတပည့်များ၏ စကားပြောသံများကို အာရုံစိုက်နားထောင်ခဲ့ရာ သတင်းအချက်အလက် အမြောက်အမြားကို စုံစမ်းသိရှိခဲ့သည်။

​ဇီယန်ကျွန်းသည် လက်ရှိတွင် မည်သူမည်ဝါမှန်းမသိသော ဘိုးဘေးတစ်ဦးကို ပြန်လည်အသက်သွင်းရန်အတွက် ယဇ်ပူဇော်ခြင်း အခမ်းအနားတစ်ခုကို ကျင်းပနေခြင်း ဖြစ်သည်။

​ဤအဖြစ်အပျက်ကြောင့် လင်းလင်ကျိုး စိတ်မအေးဖြစ်ရသည်။

​သူသည် ဇီယန်ကျွန်း၏ အစွမ်းခွန်အားကို အကဲမဖြတ်နိုင်သော်လည်း မိမိကိုအသုံးပြု၍ ချင်းရှောင်ဂိုဏ်းကို ခြိမ်းခြောက်ရဲကြသည်ဟူသောအချက်က သာမန်လူများမဟုတ်ကြောင်း သက်သေပြနေ၏။

ယခုအခါ ဘိုးဘေးတစ်ဦးကိုပင် ပြန်လည်အသက်သွင်းရန် ကြံစည်နေကြပြီဖြစ်ရာ ၎င်းက သေချာပေါက် ကောင်းသောသတင်း မဟုတ်ချေ။

​လင်းလင်ကျိုးက ဤသတင်းစကားကို မည်သို့ပြင်ပသို့ ပေးပို့ရမည်ကို စဉ်းစားနေခဲ့သည်။ သူသည် ဇီယန်ကျွန်းက ထောင်ချောက်တစ်ခုကို ဆင်ထားပြီးဖြစ်ကာ မိမိ၏ ဂိုဏ်းတူအစ်ကိုကြီး လာရောက်အဖမ်းခံမည့်အချိန်ကို စောင့်ဆိုင်းနေကြလိမ့်မည်ဟု ခန့်မှန်းလိုက်သည်။

​ဂျိန်း….

​ထိုစဉ် အကျဉ်းခန်းတံခါး တုန်ခါသွားကာ အသံမြည်လာခဲ့သည်။ ထို့နောက် တံခါးပွင့်သွားပြီး လူရိပ်တစ်ဦး လှမ်းဝင်လာခဲ့၏။

ထိုသူသည် ဝါကျင်ကျင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအမျိုးသားတစ်ဦး ဖြစ်ပြီး မုတ်ဆိတ်တဖွားဖွားနှင့် ဆံပင်များမှာ အဖြူအမည်း ရောနှောနေသည်။

နက်ရှိုင်းသော မျက်ဝန်းများနှင့်အတူ ခန္ဓာကိုယ်မှ ယုတ်မာကောက်ကျစ်သော ချီစွမ်းအင်များ ထွက်ပေါ်နေ၏။

​လင်းလင်ကျိုးက ထိုဝါကျင်ကျင်ဝတ်ရုံနှင့်လူကို တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်လုံးများကို ပြန်မှိတ်ထားလိုက်သည်။

​“လင်းလင်ကျိုး... မင်း တကယ် သေချင်နေတာလား...”

​ဝါကျင်ကျင်ဝတ်ရုံနှင့်လူက အေးစက်စက် လေသံဖြင့် မေးမြန်းလိုက်တော့ လင်းလင်ကျိုးက မျက်လုံးပင်မဖွင့်ဘဲ ပြန်လည်ဖြေကြားလိုက်သည်။

“ဘာလဲ... မင်းတို့ ငါ့ကို သတ်ရဲလို့လား...”

​“အကယ်၍ မင်းသာ သဘောတူမယ်ဆိုရင် ဇီယန်ကျွန်းက မင်းကို ချင်းရှောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်လာအောင် ကူညီပေးနိုင်တယ်...”

​ဝါကျင်ကျင်ဝတ်ရုံနှင့်လူက ဆက်လက်စကားဆိုလိုက်ရာ ၎င်းကို ကြားသောအခါ လင်းလင်ကျိုး မရယ်ဘဲ မနေနိုင်တော့ချေ။တကယ်တော့ သရော်ပြုံး တစ်ချက် ပြုံးလိုက်မိခြင်း ဖြစ်၏။

​အကယ်၍ ဂိုဏ်းတူအစ်ကိုကြီး တစ်ခုခုဖြစ်သွားခဲ့လျှင်ပင် ဂိုဏ်းချုပ်ရာထူးက သူ့ထံသို့ မည်သည့်အခါမျှ ရောက်ရှိလာလိမ့်မည် မဟုတ်ချေ။

​ထို့ပြင် ဂိုဏ်းတူအစ်ကိုကြီး မည်မျှအစွမ်းထက်သည်ကို သိထားသဖြင့် ထောင်ချောက်တစ်ခုအတွင်းသို့ ကျရောက်သွားခဲ့လျှင်ပင် သေချာပေါက် ရုန်းထွက်နိုင်လိမ့်မည်ဖြစ်ကာ ဒဏ်ရာအနည်းငယ်သာ ရရှိပေလိမ့်မည်။

​ချင်းရှောင်ဂိုဏ်းသို့ ရောက်ရှိလာပြီးသည့်နောက် လင်းလင်ကျိုးအနေနှင့် လီချင်းချိုးအပေါ် လုံးဝဥဿုံ ယုံကြည်ကိုးစားစိတ်များ ဖြစ်ပေါ်နေခဲ့ပြီ ဖြစ်သည်။

​သူ့ရဲ့ စိတ်ဝိညာဉ်အနက်ရှိုင်းဆုံးနေရာတွင် ဂိုဏ်းတူအစ်ကိုကြီး မိမိကို လာရောက်ကယ်တင်ပေးလိမ့်မည်ဟူသော မျှော်လင့်ချက်ကလေးတစ်ခု ကျန်ရှိနေဆဲပင်။

​လင်းလင်ကျိုး တိတ်ဆိတ်နေသည်ကို မြင်သောအခါ ဝါကျင်ကျင်ဝတ်ရုံနှင့်လူက နှာခေါင်းရှုံ့လိုက်ပြီး ညာလက်ကို မြှောက်ကာ လျှပ်စီးလှိုင်းများကို ထုတ်လွှတ်လိုက်ရာ ၎င်းတို့က လင်းလင်ကျိုး၏ ခန္ဓာကိုယ်ကို ပိုက်ကွန်တစ်ခုကဲ့သို့ လွှမ်းခြုံသွားတော့သည်။

​“အား... အား...”

​လင်းလင်ကျိုး စူးစူးဝါးဝါး အော်ဟစ်လိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျသွားကာ ခန္ဓာကိုယ်တစ်ခုလုံး တွန့်လိမ်ကွေးကောက်သွားလေသည်။

လျှပ်စီးလှိုင်းများက သူ့ ခန္ဓာကိုယ်ထက်တွင် တဖြတ်ဖြတ် တောက်ပနေပြီး ဒဏ်ရာများထဲမှ သွေးစများပင် လွင့်စင်ထွက်ပေါ်လာသည်။

​ဝါကျင်ကျင်ဝတ်ရုံနှင့်လူက ဤမြင်ကွင်းကို မည်သည့်အမူအရာမျှမပြဘဲ စောင့်ကြည့်နေခဲ့ပြီး လျှပ်စီးအလင်းရောင်များ မျက်နှာထက်တွင် ဖြတ်သန်းနေသဖြင့် သူ့ ရုပ်သွင်မှာ အလွန်ပင် ရက်စက်ကြမ်းကြုတ်ပုံ ပေါက်နေသည်။

​လင်းလင်ကျိုးအား ကယ်တင်မည့် တာဝန်ကို ဓားမိစ္ဆာနှင့် ရှန်ယွဲ့တို့ထံ လွှဲအပ်ပြီးသည့်နောက် လီချင်းချိုးက ဤကိစ္စကို စိတ်ထဲ၌ ထပ်မံမထားတော့ချေ။

​ယနေ့တွင် သူသည် ယင်ကျင်းရှင်းကို ခေါ်ဆောင်၍ တောအုပ်ငယ်လေးတစ်ခုအတွင်း၌ ကောင်းကင်ရွှေခန္ဓာကိုယ်ကျင့်စဉ်ကို လေ့ကျင့်နေခဲ့သည်။

​ယင်ကျင်းရှင်း၏ လှုပ်ရှားမှုများက တောင့်တင်းနေပြီး လီချင်းချိုးလို နူးညံ့ချောမွေ့သော အရှိန်အဟုန်မျိုး လုံးဝမရှိသေးချေ။

သို့သော်လည်း သူသည် အလွန်အစွဲအလမ်းကြီးစွာ လေ့ကျင့်နေပြီး မျက်လုံးများက မိမိ၏ ဆရာသခင်ထံသို့သာ စူးစိုက်ကြည့်နေသည်။ ထိုအခိုက်၌ လူရိပ်တစ်ဦး လှမ်းလျှောက်လာခဲ့ရာ ၎င်းက ယွင်ချိုင် ဖြစ်နေသည်။

​ယွင်ချိုင်က သူတို့ထံလျှောက်လာရင်း…

“ဂိုဏ်းချုပ်... ကျွန်မ ဟွမ်ယွမ်ကျမ်းစာမှာ အဆင်ပြေတဲ့ တိုးတက်မှုအသစ်တစ်ခု ရရှိခဲ့တယ်... ဂိုဏ်းချုပ် သိချင်လား..”

​လီချင်းချိုးက ကောင်းကင်ရွှေခန္ဓာကိုယ်ကျင့်စဉ်၏ ခန္ဓာကိုယ်သန့်စင်ခြင်း နည်းလမ်းများကို ဆက်လက်လုပ်ဆောင်နေရင်း ခပ်အေးအေးပင်…

“ငါတို့ လေ့ကျင့်လို့ပြီးရင် လာခဲ့ချေ...”

​ယွင်ချိုင် ခဏမျှ ချီတုံချတုံ ဖြစ်သွားပြီး ယင်ကျင်းရှင်းတယောက် ကောင်းကင်ရွှေခန္ဓာကိုယ်ကျင့်စဉ်ကို ခက်ခဲစွာ လေ့ကျင့်နေရသည်ကို သတိပြုမိလိုက်သည်။

သို့သော်လည်း ယခုအချိန်တွင် ထိုကလေး၏ ကျင့်ကြံခြင်းကို သွားရောက်နှောင့်ယှက်ရန်မှာ မသင့်တော်ချေ။

​သူမ၏ အကြည့်များက ယင်ကျင်းရှင်းထံသို့ ကျရောက်သွားခဲ့ပြီး စူးစမ်းလိုစိတ်များ ပြည့်နှက်နေသည်။

​သူမ၏ အရာအားလုံးကို မြင်နိုင်သော မျက်ဝန်းထဲ၌ ယင်ကျင်းရှင်းသည် အလွန်ပင် သာမန်လူတစ်ဦးကဲ့သို့ ဖြစ်နေပြီး မည်သည့်လျှို့ဝှက်ဆန်းကြယ်သော အစွမ်းခွန်အားမျှ ရှိမနေချေ။ သို့သော်လည်း သူမအနေဖြင့် သူ့ကို သာမန်လူတစ်ဦးအဖြစ် မည်သည့်အခါမျှ သတ်မှတ်နိုင်မည်မဟုတ်ပေ။

ဒါကလည်း သူမတစ်ဦးတည်းတင် မဟုတ်ဘဲ ဂိုဏ်းတစ်ခုလုံးကလည်း ဤသို့ပင် ယူဆထားကြသည်။

ယင်ကျင်းရှင်း သာမန်မျှသာ ဖြစ်နေလေလေ... ဂိုဏ်းတပည့်များက သူ့အပေါ် ပိုမို၍ မျှော်လင့်ချက် ကြီးမားလေလေ ဖြစ်နေပြီး သူသည် နောက်ထပ် ယွမ်လီတစ်ဦး ဖြစ်လာလိမ့်မည်ဟု အားလုံးက ယုံကြည်နေကြသည်။

တပည့်သစ်များ နားမလည်သည့်အခါ တပည့်ဟောင်းများက သူတို့အား ယွမ်လီ၏ အတိတ်သမိုင်းကြောင်းများကို ရှင်းလင်းပြောပြလေ့ ရှိကြသည်။

​၎င်းက ထူးဆန်းသော အခြေအနေတစ်ခုကို ဖြစ်ပေါ်စေခဲ့ရာ ယင်ကျင်းရှင်း အားနည်းနေလေလေ... သူ့ရဲ့ ပါရမီနှင့် ပတ်သက်သော ဂုဏ်သတင်း ပိုမိုမြင့်မားလေလေ ဖြစ်နေတော့သည်။

​အတန်ကြာပြီးနောက်...

​ယင်ကျင်းရှင်း မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး အသည်းအသန် အသက်ရှူနေရသည်။ သူ့ ခန္ဓာကိုယ်တစ်ခုလုံး သွေးချွေးများဖြင့် စိုရွှဲနေပြီး ဆံပင်အများစုမှာလည်း ရွှဲနစ်နေခဲ့ပြီ ဖြစ်သည်။

​လီချင်းချိုးက လှည့်၍ ယွင်ချိုင်ကို ကြည့်ကာ….

“မင်းမှာ ဘာအတွေးအမြင်တွေ ရှိလို့လဲ... ငါ့ကို ပြောပြဦး...”

​ယွင်ချိုင်က ဟွမ်ယွမ်ကျမ်းစာကို နှစ်ပေါင်းများစွာ လေ့လာခဲ့ခြင်း ဖြစ်ပြီး သူမ၏ ဝိညာဉ်စွမ်းအင်များက ကျိယာနှင့်ပင် နီးကပ်နေပြီဖြစ်သော်လည်း ၎င်းကို မည်သူမျှ မသိကြချေ။

​စစ်မှန်သော စွမ်းအင်ပမာဏအရ ဆိုလျှင် သူမသည် ကျောက်ကျိန်း၊ ကျန့်ကူး၊ ရွှီနင်းနှင့် အခြားသူများထက် အဆပေါင်းများစွာ ပိုမိုအစွမ်းထက်လှပြီး သူမ အခြားသူများနှင့် တိုက်ခိုက်ခြင်းမပြုခဲ့သည်မှာလည်း ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

​ယွင်ချိုင်က ယင်ကျင်းရှင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဟွမ်ယွမ်ကျမ်းစာအပေါ် မိမိ၏ နားလည်သဘောပေါက်မှုများကို စတင်ရှင်းလင်း ပြောပြခဲ့သည်။

​သူမပြောဆိုသော ဟွမ်ယွမ်တံဆိပ်ပြားအကြောင်းက လီချင်းချိုးအား အလွန်ပင် စိတ်ဝင်စားသွားစေခဲ့သည်။

​သူမသည် ချင်းရှောင်ဂိုဏ်းအတွင်း၌ ဟွမ်ယွမ်ကျမ်းစာကို အနက်ရှိုင်းဆုံး လေ့လာထားသူ ဖြစ်၏။ သူမတဉီးတည်းကသာ ဟွမ်ယွမ်ကျမ်းစာ၏ အရေးပါမှုကို သိရှိနားလည်ထားသည်။

လီချင်းချိုး ဟွမ်ယွမ်ကျမ်းစာကို အလွယ်တကူ သင်ကြားပေးနေခြင်းက အလွန်ပင် ပေါ့ဆလွန်းသည်ဟု သူမ ခံစားရသည်။ ဟွမ်ယွမ်ကျမ်းစာ အပြင်သို့ ပျံ့နှံ့သွားခြင်းကို မလိုလားသဖြင့် နည်းလမ်းတစ်ခုကို စဉ်းစားခဲ့ခြင်းလည်း ဖြစ်သည်။

​ဟွမ်ယွမ်တံဆိပ်ပြားကို ဟွမ်ယွမ်ကျမ်းစာကို ကျင့်ကြံသူအားလုံး၏ အပေါ်၌ အသုံးပြုနိုင်ပြီး စိတ်ဝိညာဉ် ပိတ်ဆို့မှုကို ပြုလုပ်နိုင်ပေလိမ့်မည်။

အကယ်၍ တစ်စုံတစ်ယောက်က ဟွမ်ယွမ်ကျမ်းစာကို အခြားသူတစ်ဦးအား တိတ်တဆိတ် လက်ဆင့်ကမ်းသင်ကြားပေးရန် ကြံစည်ပါက ထိုပိတ်ဆို့မှု၏ တန်ပြန်တိုက်ခိုက်ခြင်းကို ခံရမည် ဖြစ်သည်။

​တန်ပြန်တိုက်ခိုက်မှု မည်မျှအထိ ပြင်းထန်မည်ကိုတော့ ယွင်ချိုင် ဆက်လက်တွေးတောနေဆဲပင်။

​လီချင်းချိုးက ဤအရာကို ကြားရသောအခါ အလွန်ပင် ဝမ်းမြောက်သွားခဲ့သည်။

သူသည်လည်း ဟွမ်ယွမ်ကျမ်းစာ အပြင်သို့ ပေါက်ကြားသွားခြင်းကို မလိုလားသော်လည်း လောလောဆယ်တွင် ပိုမိုကောင်းမွန်သော နည်းလမ်းကို ရှာမတွေ့သေးသောကြောင့် ငြိမ်နေရခြင်းဖြစ်သည်။

​ထို့ကြောင့် ဟွမ်ယွမ်တံဆိပ်ပြား၏ ကျင့်ကြံခြင်းနည်းလမ်းကို ရှင်းလင်းပြောပြရန် တောင်းဆိုလိုက်သည်။

​ယွင်ချိုင်တွင် လောလောဆယ်၌ ဟွမ်ယွမ်တံဆိပ်ပြားနှင့် ပတ်သက်သော အတွေးအခေါ်မျှသာ ရှိသေးသဖြင့် လီချင်းချိုးအား အသေးစိတ် ရှင်းလင်းပြောပြခဲ့ရာ ၎င်းက သူ့အား ကြီးမားသော ဉာဏ်အလင်းများကို ရရှိစေခဲ့သည်။

​မြေပြင်ပေါ်တွင် ထိုင်နေသော ယင်ကျင်းရှင်းကလည််း ယွင်ချိုင်ကို ငေးမောကြည့်နေခဲ့သည်။

ယွင်ချိုင်က အလွန်ပင် စွမ်းဆောင်ရည်မြင့်မားလှသည်ဟု သူ တွေးမိကာ ဤကဲ့သို့သောသူမျိုးသာ မိမိဆရာသခင်၏ တပည့်ဖြစ်ရန် ထိုက်တန်ပေသည်။

အတန်ကြာပြီးနောက် ယွင်ချိုင် ထွက်ခွာသွားခဲ့သည်။

​ယင်ကျင်းရှင်းလည်း မတ်တပ် ထရပ်၍ လီချင်းချိုး၏အနားသို့ လှမ်းလာခဲ့သည်။

“ဆရာ... ကျွန်တော် ဘယ်တော့ကျရင် ဂိုဏ်းတူအစ်မကြီး ယွင်ချိုင်လို အစွမ်းထက်လာမှာလဲ...”

ဟွမ်ယွမ်တံဆိပ်ပြားအကြောင်းကို စဉ်းစားနေသော လီချင်းချိုးလည်း ထိုအခါမှသာ သတိပြန်ဝင်လာခဲ့သည်။ မျှော်လင့်ချက်များ ပြည့်နှက်နေသော မိမိ၏ တပည့်ငယ်လေးကို ကြည့်ကာ လက်ကို မြှောက်၍ ယင်ကျင်းရှင်း၏ ခေါင်းကို ပုတ်ပေးလိုက်ရင်း …

“ဒါက မင့်ရဲ့ နားလည်သဘောပေါက်နိုင်စွမ်းအပေါ်မှာပဲ မူတည်တယ်... မင့်ရဲ့ ပါရမီက သူ့ထက် မနိမ့်ကျပါဘူး...”

​“ဆရာ.. ကျွန်တော် ဉာဏ်အလင်းပွင့်အောင် ဘယ်လိုလုပ်ရမလဲ...”

​“မင်းက ငယ်ငယ်ကတည်းက နေမင်းကို ကြည့်ရတာ ဝါသနာပါခဲ့တာပဲ... ဖြစ်နိုင်တာကတော့ နေမင်းရဲ့ မီးတောက်တွေက မင့်ရဲ့ အသွင်ပြောင်းလဲခြင်းအတွက် သော့ချက် ဖြစ်လိမ့်မယ်...”ဟု ​လီချင်းချိုးက အဓိပ္ပာယ်ပါပါ စကားဆိုလိုက်သည်။

ယင်ကျင်းရှင်းက ငယ်ရွယ်သေးသော်လည်း အကယ်၍ တုနှိုင်းမဲ့ ယန်ခန္ဓာကို စောစီးစွာ နိုးထစေနိုင်ပါက အချိန်မတိုင်မီ ပိုမိုအစွမ်းထက်လာနိုင်ပေလိမ့်မည်။

​သူသည် အစပိုင်း၌ ဤကိစ္စကို အလောတကြီး ပြုလုပ်ရန် ရည်ရွယ်ချက်မရှိခဲ့သော်လည်း ယင်ကျင်းရှင်းသည်လည်း ယွမ်လီလို ဂိုဏ်းအတွင်းမှ ဖိအားများကို ခံစားနေရခြင်း ဖြစ်သည်။ ဂိုဏ်းချုပ်၏ တပည့်တစ်ဦးအနေဖြင့် ယင်ကျင်းရှင်းက မည်သူ့ကိုမျှ မရှုံးနိမ့်လိုချေ။

​“ရဲရဲတောက် မီးတောက်တွေ...”

​ယင်ကျင်းရှင်း နက်နက်ရှိုင်းရှိုင်း တွေးတောနေစဉ် ​နေမင်းကြီး အနောက်ရပ်သိြု တဖြည်းဖြည်းချင်း နစ်မြုပ်သွားခဲ့ချေပြီ။

​ယင်ကျင်းရှင်းတယောက် ခြံဝင်းသို့ ပြန်ရောက်လာသည့် အချိန်အထိ ဤကိစ္စကို တွေးတောနေဆဲပင်။

​သူသည် ကျိယာနှင့်အတူ နေထိုင်ခြင်းဖြစ်ပြီး သူ့ကို ပြုစုစောင့်ရှောက်ရန်အတွက် ကျိယာက မသေမျိုးဂူအတွင်းသို့ သွားရောက်သည့် အကြိမ်အရေအတွက် များစွာ လျော့နည်းသွားခဲ့သည်။

​ကျိယာက ခြံဝင်းအတွင်း၌ ဆေးလုံးများ ဖော်စပ်နေပြီး ဆေးဖော်စပ်ခြင်း ပညာရပ်အပေါ် အတော်လေး စိတ်ဝင်စားနေကာ မကြာသေးမီကပင် ဆေးလုံးဖော်စပ်ခြင်းနည်းအသစ်ကို စမ်းသပ်နေခြင်း ဖြစ်သည်။

​ယင်ကျင်းရှင်း ခေါင်းငုံ့၍ ခြံဝင်းအတွင်းသို့ ဝင်ရောက်လာသည်ကို မြင်သောအခါ ကျိယာက ပြုံး၍…

“ဂိုဏ်းတူညီလေး... မင်း ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာတွေ တွေးနေရတာလဲ... စိတ်လွင့်နေပုံရတယ်...”

ထိုစကားကို ကြားသောအခါ ယင်ကျင်းရှင်းက မသိစိတ်အရ မော့ကြည့်လိုက်မိပြီး ထို့နောက်တွင် ကျိယာ၏ နောက်ကွယ်ရှိ ဆေးဖော်စပ်သည့် မီးဖိုကြီးထံသို့ အကြည့်များ ရောက်ရှိသွားခဲ့သည်။

​အတိအကျ ဆိုရလျှင်မူ ဆေးဖော်စပ်သည့် မီးဖိုကြီး၏ အောက်ဘက်တွင် တောက်လောင်နေသော မီးတောက်များက သူ့ကို ဆွဲဆောင်သွားခဲ့ခြင်း ဖြစ်၏။

​သူသည် မိမိကိုယ်မိမိ နေမင်းကိုသာမက မီးတောက်များအပေါ်၌လည်း ကြီးမားသော စူးစမ်းလိုစိတ်များ ရှိနေကြောင်း ကြာမြင့်စွာကတည်းက ရှာဖွေတွေ့ရှိခဲ့ဖူးသည်။

​ထို့ကြောင်ြ အစောပိုင်းက မိမိဆရာသခင် ပြောကြားခဲ့သော စကားများကို ပြန်လည်သတိရလိုက်မိပြီး တစ်ခဏချင်းမှာပင် သူ့ အကြည့်များက ဆေးဖော်စပ်သည့် မီးဖိုကြီးအောက်တွင် တောက်လောင်နေသော မီးတောက်များဿိ မျက်တောင်မခတ်တမ်း ငေးမောကြည့်နေမိတော့သည်။

All Chapters