အခန်း (၂၃၉၁-၂၃၉၂)
Vol. 240 Ch. 2391-2392
အခန်း (၂၃၉၁) - ဝူရှီအစ်ကို၊ ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါ
ဖြစ်ပျက်သမျှအားလုံးမှာ အလွန်ပင် မြန်ဆန်လွန်းလှသည်။
မည်မျှမြန်ဆန်သနည်းဆိုလျှင် သူတော်စင်အပေါင်းမှာ ‘ဝူရှီ’ တစ်ယောက် ‘ဟွမ်ချွီတွင်းနက်’ ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး သေဆုံးသွားမည်ဟု မျှော်လင့်ထားကြချိန်တွင်…
ရုတ်တရက် ‘ဇန်ထျန်တောင်’ မှာ တိုက်ပွဲတွင် ကျဆုံးသွားသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
‘ဇန်ထျန်တောင်’ ကျဆုံးသွားသည့်အချိန်တွင် လေဟာနယ်၏ အထက်ပိုင်းတွင် လှိုင်းထန်မှုများ ဖြစ်ပေါ်လာသယောင် ရှိသော်လည်း ချက်ချင်းပင် ငြိမ်သက်သွားခဲ့သည်။
ဖန်ချန်မှာ ထိုအရာကို သတိပြုမိသော်လည်း ခေါင်းမော့၍ မကြည့်တော့ဘဲ ‘ဇန်ထျန်တောင်’ ၏ ပျက်စီးနေသော အတွင်းကမ္ဘာကိုသာ တည်ငြိမ်စွာ စိုက်ကြည့်နေသည်။
သူ၏ အရိပ်အကဲဖြင့် ကြည့်လိုက်လျှင် ဝိညာဉ်ခေါ်ဆောင်သူ မှာ ရောက်ရှိလာပြီး မှင်တက်နေသော ‘ဇန်ထျန်တောင်’ ကို ခေါ်ဆောင်သွားသည်ကို မြင်လိုက်ရသည်။
“ငါပြောခဲ့တယ်မဟုတ်လား၊ ‘ဇန်ထျန်တောင်’ သေမှာပဲလို့”
ဟု ‘ချန်ချန်၏ မိန်းမ’ က ကျေနပ်အားရစွာ ရယ်မောရင်း ပြောသည်။
‘လုယေကျွင်း’ မှာမူ တီးတိုးရေရွတ်လိုက်သည်။
“မိန်းမတွေရဲ့ ဆဋ္ဌမအာရုံက ဒီလောက်ထိ မှန်ကန်တာလား”
အမျိုးသမီးမှာ ချီကွမ်းယိကို ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများတွင် မယုံကြည်နိုင်ခြင်းများ ပြည့်နှက်နေသည်။
“ခုနလေးတင်ပဲ အဲဒီကောင်လေးက ဖိနှိပ်ခြင်း ခံထားရတာလေ၊ ဘယ်လိုလုပ်ပြီး လက်သီးတစ်ချက်နဲ့တင်…”
ချီကွမ်းယိမှာ အလေးအနက်ထားသည့် အမူအရာဖြင့် -
“သူ့ရဲ့ စွမ်းအားအဆုံးစွန်ကို ငါ ခန့်မှန်းမိတယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ ငါ သူ့ကို အထင်သေးမိမှန်း သိလိုက်ရပြီ”
အနီးအနားတွင် ရှိနေကြသော စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့် သူတော်စင်များဟု ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေကြသည့် သူတော်စင် အမြောက်အမြားမှာမူ ခုနက လက်သီးချက်၏ အရှိန်အဝါကြောင့် အရိုးထဲထိ တုန်လှုပ်ချောက်ချားသွားကြသည်။
သူတို့ကိုယ်တိုင်သာ ထိုလက်သီးချက်ကို ရင်ဆိုင်ရမည်ဆိုလျှင် အသက်ပါ ပျောက်ဆုံးသွားလိမ့်မည်ဟု ခံစားလိုက်ရသည်။
ထိုအချိန်တွင် ကောင်းကင် ငါးပါးမှ သူတော်စင်များအားလုံးမှာ တိတ်ဆိတ်သွားကြသည်။
‘ဇန်ထျန်တောင်’ သေဆုံးသွားပြီ။
သေဆုံးသွားသူမှာ သွေးရွာခန်းမ၏ ‘ဇန်ထျန်တောင်’ တစ်ဦးတည်းသာ မဟုတ်ပေ။
နေမင်းခုနှစ်ပါးခန်းမမှ စွမ်းအင်စုစည်းခြင်း အလယ်အဆင့်၏ နံပါတ် (၁) သူတော်စင် ‘ဖန့်ကး’ လည်း သေဆုံးသွားခဲ့ပြီ။
သူတို့သည် ဖန့်ကျီး ကဲ့သို့သော ပုဂ္ဂိုလ်မျိုး အဆင့်တူ သူတော်စင်တစ်ဦး၏ လက်ချက်ဖြင့် သေဆုံးလိမ့်မည်ဟု လုံးဝ မတွေးထားခဲ့ကြပေ။
သူဆိုသည်မှာ စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်တွင်ပင် အတွင်းကမ္ဘာနှစ်ခုကို အောင်မြင်စွာ ဝါးမြိုထားနိုင်သော ထူးချွန်သူ မဟုတ်ပါလော။
တခေတ်တည်းသားများထဲတွင်ပင် မည်သည့်အင်အားကြီးမျိုးနွယ်စုမှ မဆို ‘ဖန်ကျီး’ နှင့် ယှဉ်နိုင်မည့်သူကို ရှာဖွေ၍ မရနိုင်ပေ။
ပြောရမည်ဆိုလျှင် သူသည် ကမ္ဘာကြီးသူတော်စင်အဆင့် ကောင်းကင်နိမိတ်ဖြစ်စဥ် သူတော်စင်အဆင့်၊ အထွတ်ထိပ်တာအို သူတော်စင်အဆင့်သို့ ရောက်ရှိနေကြသော ကောင်းကင်အရှင် များ၏ အမွေဆက်ခံသူများပင်လျှင် ကြောက်ရွံ့လေးစားရသည့် ရက်စက်သူတစ်ဦး ဖြစ်သည်။
ယခုမူ…
ထိုအတိုင်းပင် သေဆုံးသွားရရှာသည်။
‘လက်ရှစ်ဖက်နတ်ဘုရား’ မှာ ကြောက်မက်ဖွယ်ကောင်းပြီး ခန့်ညားလှသော ထိုခန္ဓာကိုယ်ကြီးကို ငေးကြည့်နေရင်း အသိစိတ်များပင် လွင့်ပျယ်နေသည်။
သူ့ဦးနှောက်မှာ ဖြစ်ပျက်သွားသည်များကို လက်ခံနိုင်ခြင်း မရှိသေးပေ။
ကိစ္စရပ်များမှာ ဤသို့ ဖြစ်ပျက်သင့်သည် မဟုတ်ပေ။
ဤတစ်ခါမှာ သူ၏ ညီဝမ်းကွဲဖြစ်သူ ပိုမိုကောင်းမွန်သော စွမ်းရည်ကို ရရှိရန် အကောင်းဆုံး အခွင့်အရေး ဖြစ်ခဲ့သင့်သည်။
အကယ်၍ ရှုံးနိမ့်သွားခဲ့လျှင်ပင် အလကား အချိန်ဖြုန်းလိုက်ရခြင်းသာ ဖြစ်သင့်သည်။
“ဒီလောက်ထိ… အသက်ပါ ဆုံးရှုံးသွားစရာ မလိုပါဘူး”
‘လက်ရှစ်ဖက်နတ်ဘုရား’ မှာ ကိုယ်ခန္ဓာတစ်ခုလုံးမှ ချွေးစေးများ အဆက်မပြတ် ထွက်ကျလာသည်။
“ဒီကောင်လေးရဲ့ မူလအစကို သေချာအောင် စုံစမ်းရမယ်”
ဟု ကြက်သားပြုတ်ရည် က လေးနက်သော အမူအရာဖြင့် ပြောသည်။
“ဘယ်သူ့မှာ အရိပ်အမြွက် ရှိလဲ”
“ဖန့်ချန် မဟုတ်ဘူးလား”
ဟု သူတော်စင်တစ်ဦးက မသိစိတ်ဖြင့် မေးလိုက်သည်။
“စောက်စကားတွေ”
ဟု တျန်ယိကျန့် အစရှိသည့် ကောင်းကင်အရှင်တို့၏ အမွေဆက်ခံသူများက တညီတညွတ်တည်း ပြန်လည် ချေပလိုက်သည်။
ဖန့်မျိုးနွယ်ဝင်တစ်ဦးမှာ ထိုကဲ့သို့သော လက်ရုံးရည်ကို ပိုင်ဆိုင်နိုင်မည်တဲ့လား။
တစ်ဖက်လူမှာ သန်မာသော်လည်း နားလည်နိုင်သော အတိုင်းအတာအတွင်းတွင် ရှိသည်။
သို့သော် မျက်စိရှေ့က တစ်ယောက်မှာမူ မည်သည့်အစအနမှ ရှာမတွေ့နိုင်အောင် နက်နဲလွန်းသည်။
ယခု လက်ရှိ မြင်တွေ့နေရသည့် ကြောက်မက်ဖွယ်ကောင်းသော ကိုယ်ခန္ဓာမှာ မည်သည့် နတ်ဘုရားစွမ်းရည်မျိုးနည်း။
တစ်ဖက်တွင်။
နဂါးဖရုံံသီး တစ်လုံး မှာ ကိုယ်ခန္ဓာတစ်ခုလုံးရှိ အမွေးအမှင်များပင် ထောင်မတ်သွားရသည်။
သူ၏ အတွင်းကမ္ဘာထဲရှိ နတ်ဘုရားစွမ်းရည် အမှတ်အသားမှာ တုန်ရီနေသည်။
“မူလအစက… အတူတူပဲ ဖြစ်နေတာကိုး။ ငါက အစပိုင်းတုန်းက လက်မောင်းတစ်ဖက်ကိုပဲ ရခဲ့ပေမဲ့ သူကတော့… ပြည့်စုံတဲ့ ကိုယ်ခန္ဓာကို ရထားတာကိုး၊ ဒါကြောင့် ငါ ရှုံးနိမ့်ခဲ့တာပဲ…”
ဤသို့ တွေးတောမိလိုက်သောအခါ နဂါးဖရုံသီး တစ်လုံး မျက်ဝန်းများမှာ ရုတ်တရက် တောက်ပလာပြီး ဖန့်ချန်ကို စိုက်ကြည့်ရင်း မည်သည်ကို တွေးတောနေသည် မသိတော့ပေ။
ထိုအချိန်တွင် မည်သူမှန်းမသိသော သူတော်စင်တစ်ဦးက စတင်၍ အော်ဟစ်လိုက်သည်။
ထို့နောက်တွင်မူ ပင်လယ်လှိုင်းလုံးများကဲ့သို့ ကျယ်လောင်လှသော ဝမ်းမြောက်သံများ ပေါ်ထွက်လာသည်။
ဖန့်ချန်မှာလည်း အသိစိတ် ပြန်ဝင်လာပြီး သိုင်းသူတော်စင် ကိုယ်ခန္ဓာကို ရုတ်သိမ်းကာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
ခုနက လက်သီးချက်အတွက် သူ စွမ်းအားအကုန်သုံးခဲ့ရသည်။
ယခင်က သူ စွမ်းအားအကုန်သုံးရမည့် အခွင့်အရေးမျိုး မရှိသလောက်ပင်။
သူ့စိတ်ထဲတွင် အနည်းငယ် ပြည့်စုံမှုမရှိသေးဟု ခံစားရသည်။
‘ဇန်ထျန်တောင်’ သည်လည်း အသုံးမဝင်တော့သည်ဖြစ်၍ သူ၏ နောက်ဆုံးပစ်မှတ်ဆီသို့ အာရုံစိုက်လိုက်သည်။
ဤသို့ တွေးမိလိုက်သောအခါ ဖန့်ချန်မှာ ချီကွမ်းယိကို ကြည့်လိုက်သည်။
သူသည် အစကတည်းက ချီကွမ်းယိ တိုက်ပွဲကို ကြည့်ရှုနေသည်ကို သိရှိထားပြီး ဖြစ်သည်။
ချီကွမ်းယိနှင့် ဖန့်ချန်တို့ အကြာကြီး အကြည့်ချင်း ဆုံပြီးနောက် သွေးမြူများ ကျဆင်းသွားကာ တိုက်ပွဲမှာ အဆုံးသတ်သွားသည်။
သူတော်စင်များအားလုံး မူလနေရာသို့ ပြန်လည် ရောက်ရှိသွားကြသည်။
ချီကွမ်းယိမှာ အမျိုးသမီးကို ကြည့်ကာ ပြောသည်။
“သူ ‘ချန်ချန်၏ မိန်းမ’ နဲ့ တိုက်ပြီးသွားရင် ငါ့ကို စိန်ခေါ်တော့မှာ”
ချီကွမ်းယိ၏ မျက်နှာပေါ်တွင် ပီတိနှင့် စိတ်လှုပ်ရှားမှုများ ရောထွေးနေသော အမူအရာကို ရုတ်တရက် မြင်လိုက်ရသည်။
အမျိုးသမီးမှာ အံ့အားသင့်သွားပြီး ခဏအကြာမှ ပြန်ဖြေနိုင်သည်။
“ဘာတဲ့ သူ နင့်ကို ချက်ချင်း စိန်ခေါ်မှာလား”
“ဟုတ်တယ်၊ ငါ သေချာ ပြင်ဆင်ထားရတော့မယ်”
ချီကွမ်းယိမှာ အလေးအနက် ခေါင်းညိတ်လိုက်သည်။
“ဒီတစ်ခါက ငါ့ရဲ့ သန့်စင်သော အဆင့် အကန့်သက်ကို ကျော်လွန်ဖို့ နောက်ဆုံး ကြိုးစားမှုပဲ။
သူ့တောင် မနိုင်ရင်တော့ ငါ အဆင့်တက်ဖို့ပဲ ရွေးတော့မယ်။ ကမ္ဘာငယ် သူတော်စင်အဆင့်မှာပဲ ဆက်မနေတော့ဘူး”
“နင် အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်”
အမျိုးသမီးမှာ စိတ်ရှုပ်ထွေးနေဆဲဖြစ်သော်လည်း မသိစိတ်ဖြင့် ပြောလိုက်သည်။
“အကယ်၍ မအောင်မြင်ခဲ့ရင်ရော…”
“ကောင်းကင်နိမိတ်ဖြစ်စဥ် သူတော်စင်အဆင့်ကိုပဲ တည်ဆောက်တော့မယ်လေ”
ဟု ချီကွမ်းယိက တီးတိုးပြောသည်။
“နတ်ဘုရားစွမ်းရည်မှာ အနှစ်သာရတွေ စုစည်းဖို့ အချိန်လိုသေးတယ်၊ ရ မရတော့ မသိဘူး”
“အို”
အမျိုးသမီးမှာ စိတ်ထဲမှ ‘ရူးသွပ်သူပဲ’ ဟု ကျိန်ဆဲလိုက်သည်။
…
သွေးတိုက်ပွဲစာရင်းရှေ့တွင်။
သူတော်စင်များစွာတို့သည် ဖန့်ချန်ကိုသာ စိုက်ကြည့်နေကြပြီး သူတို့၏ မျက်ဝန်းများတွင် လေးစားခြင်းနှင့် ကိုးကွယ်ခြင်းမှလွဲ၍ အခြားအရာ မရှိတော့ပေ။
တချို့သော စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့်၊ အသက်စွမ်းအင် အဆင့်၊ ကမ္ဘာတည်ဆောက်ခြင်း သူတော်စင်များပင်လျှင် ဖန့်ချန်ကို ကိုးကွယ်သည့် အကြည့်ဖြင့် ကြည့်နေကြသည်။
သူတို့ရှေ့တွင် ရပ်နေသူမှာ သေးငယ်သော စွမ်းအင်စုစည်းခြင်း အလယ်အဆင့် သူတော်စင်မဟုတ်တော့ဘဲ ကြီးမားမြင့်မြတ်သူတစ်ဦးနှင့် တူနေသည်။
ရှဲ့ထူနှင့် ဂွေ့မြန်တို့မှာ စိတ်လှုပ်ရှားလွန်း၍ စကားပင် မပြောနိုင်တော့ပေ။
သူတို့သည် ဖန့်ချန်မှာ ကောင်းကင်ငါးပါးမှလာသလား၊ သို့မဟုတ် မငြိမ်သက်သော ဒေသမှ လာသလားဆိုသည်ကို ဂရုမစိုက်တော့ပေ။
သူတို့ သိသည်မှာ သူတို့သည် ဤသူကို နှစ်ပေါင်းများစွာ ‘ဝူရှီအစ်ကို’ ဟု ခေါ်ဆိုခဲ့သည် ဆိုသည်ပင် ဖြစ်သည်။
ထိုဆက်ဆံရေး ရှိနေသရွေ့ သူတို့မှာလည်း မည်သည့်အခါမျှ ပြိုလဲမည်မဟုတ်ပေ။
ထိုအချိန်တွင် ပုံရိပ်တစ်ခုမှာ လေဟာနယ်ကို ဖြတ်ကျော်၍ လျင်မြန်စွာ ရောက်ရှိလာသည်။
သူတော်စင်များအားလုံး မသိစိတ်ဖြင့် ခေါင်းမော့ကြည့်လိုက်ကြသည်။
“နဂါးဖရုံသီီီီီီီီီး တစ်လုံး အစ်ကိုလား”
မြင်ရသည်မှာ နဂါးဖရုံသီးတစ်လုံး ဖြစ်ပြီး သူသည် အတွင်းကမ္ဘာကို မောင်းနှင်ကာ ဖန့်ချန်ကို အထက်စီးမှ အသေအချာ စိုက်ကြည့်နေသည်။
သူတော်စင်များ၏ မျက်ဝန်းတွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာသည်။ သူ ဘာလုပ်ဖို့ ကြံစည်နေသနည်း။
ဝူရှီအစ်ကိုကို… စိန်ခေါ်ချင်နေတာလား။
သူတော်စင်များ စဉ်းစားနေစဉ်မှာပင် နဂါးဖရုံသီး တစ်လုံး မှာ အတွင်းကမ္ဘာထဲမှ ခုန်ချလာပြီး ဖန့်ချန်၏ ရှေ့တွင် ဒူးထောက်လိုက်သည်။
“ဝူရှီအစ်ကို၊ ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါ၊ နတ်ဘုရားစွမ်းရည်ကို သင်ပေးပါ ”
“……”
ထိုမြင်ကွင်းကို မြင်လိုက်ရသော သူတော်စင်များအားလုံး၊ ကောင်းကင် ငါးပါးမှဖြစ်စေ၊ မငြိမ်သက်သော ဒေသမှဖြစ်စေ၊ အားလုံးမှာ အံ့အားသင့်၍ မင်သက်သွားကြသည်။
‘လက်ရှစ်ဖက်နတ်ဘုရား’ အစရှိသည့် သူတော်စင်များမှာ သွေးရွာခန်းမ၏ နံပါတ် (၁) သူတော်စင်ဟောင်းတစ်ဦးက ဤအချိန်တွင် ‘ဝူရှီ’ ကို တပည့်ခံလိမ့်မည်ဟု မထင်မှတ်ထားကြပေ။
‘လုယေကျွင်း’ မှာ ဒေါသထွက်လွန်း၍ ခေါင်းမှပင် မီးခိုးထွက်တော့မတတ် ဖြစ်သွားသည်။
“နဂါးဖရုံ သီး၊ မင်း ဘယ်လိုလုပ်ပြီး ဒီလောက် ရှက်စရာကောင်းတဲ့ ကိစ္စကို လုပ်ရဲတာလဲ သူ အစကတည်းက ဆရာ့ကို တပည့်ခံချင်နေတာကို ဆရာက သူ့အရည်အချင်း မရှိလို့ ငြင်းခဲ့တာ၊ အခုကျမှ စွမ်းအင်စုစည်းခြင်း အလယ်အဆင့်တစ်ယောက်ကို ဆရာတင်တယ်ပေါ့ ဟုတ်လား ဒါက ဘာဖြစ်တာလဲ”
အနီးနားရှိ သူတော်စင်များမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဘာပြန်ပြောရမှန်း မသိဖြစ်သွားသည်။
‘ချန်ချန်၏ မိန်းမ’ က တီးတိုးပြောသည်။
“အနာဂတ် အစ်ကိုကြီးရယ်၊ သူများကိစ္စကို မစွက်ဖက်ပါနဲ့။ ဘယ်သူ့ကို ဆရာတင်တင် တူတူပါပဲ၊ အကုန်တူတူပါပဲ”
“ဒါက ဘယ်လိုလုပ် အတူတူ ဖြစ်နိုင်မှာလဲ…”
‘လုယေကျွင်း’ မှာ စကားအန်းသွားသည်။
ဖန်ချန်မှာ နဂါးဖရုံ သီးကို ငြိမ်သက်စွာ ကြည့်နေပြီး တစ်ဖက်လူ တပည့်ခံရသည့် အကြောင်းရင်းကိုလည်း ခန့်မှန်းမိလိုက်သည်။
“ငါ မင်းကို မသင်ပေးနိုင်ဘူး” ဟု ဖန်ချန်က ရိုးသားစွာ ပြောသည်။
“ကျွန်တော် သိပါတယ်။ အတတ်ပညာကို လွယ်လွယ်နဲ့ မသင်ပေးရဘူးဆိုတာ သိပါတယ်၊ ဆရာ့အနေနဲ့ ကျွန်တော့်ရဲ့ စိတ်ရင်းကို မြင်ပြီးရင်တော့ တပည့်ကို စာသင်ပေးမှာပါ”
ဟု နဂါးဖရုံသီး က ပြတ်သားစွာ ပြောသည်။
“ဒါဆိုရင် မင်း အရင်ဆုံး လူသားမျိုးနွယ်စုအဖြစ် ပြန်လည် မွေးဖွားလာခဲ့ဦး”
ဖန်ချန်က စိတ်ထဲတွင် ရေရွတ်လိုက်သည်။ သို့သော် နဂါးဖရုံသီး ၏ သွေးရွာခန်းမအတွင်းရှိ အဆင့်အတန်းနှင့် ဆက်ဆံရေးကွန်ရက်ကို ထည့်တွက်ပြီးနောက် ခဏကြာ စဉ်းစားကာ ခေါင်းညိတ်လိုက်သည်။
“ရတယ်၊ ငါ မင်းကို လက်ခံမယ်။ ဒါပေမဲ့ ဘယ်တော့ သင်ပေးမယ်ဆိုတာကတော့ ငါ့သဘောပဲ”
“တပည့် ဆရာ့ကို အသိအမှတ်ပြုပါတယ် ”
နဂါးဖရုံသီး မှာ အလွန်ဝမ်းမြောက်သွားပြီး ဆရာတပည့် ဆက်ဆံရေးကို အတည်ပြုရန်အတွက် ကိုးကြိမ်တိုင်တိုင် ဦးညွှတ်လိုက်လေတော့သည်။
အခန်း (၂၃၉၂) - စိန်ခေါ်ချင်ရင် ကိုယ်တိုင်သာ သွားစိန်ခေါ်တော့
‘နဂါးဖရုံသီးတစ်လုံး’ မှာ ရန်ဖက်ဘက်သို့ တကယ်ပင် ကူးပြောင်းသွားသည်ကို မြင်လိုက်ရသောအခါ ‘လုယေကျွင်း’ မှာ ဒေါသထွက်လွန်း၍ မျက်နှာမှာ စိမ်းဖန့်ဖန့် ဖြစ်သွားသည်။ သူသည် ‘ချန်ချန်၏ မိန်းမ’ ဘက်သို့ လှည့်ကြည့်ကာ ပြောသည်။
“အနာဂတ် ညီမငယ်၊ အခု မင်း အလှည့်ရောက်ပြီ”
အခြေအနေများက ပြောင်းလဲသွားသော်လည်း သူသည် မိမိ၏ ဆရာဖြစ်သူ ပေးအပ်ထားသော တာဝန်ကို ပျက်ကွက်၍ မရပေ။ ဤကိစ္စကို ပုံမှန်လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေရန် မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်သည်။
အနီးအနားရှိ သွေးရွာခန်းမမှ သူတော်စင်များမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အမူအရာများမှာ ထူးဆန်းနေကြသည်။
သူတို့၏ ခန့်မှန်းချက်အရ ‘ချန်ချန်၏ မိန်းမ’ ၏ စွမ်းအားမှာ ‘ဇန်ထျန်တောင်’ ထက် သာလွန်လိမ့်မည်ဟု ယူဆထားကြသည်။
သို့သော် မည်မျှသာလွန်သနည်းဆိုသည်ကိုမူ သေချာစွာ စဉ်းစားရတော့မည်ဖြစ်သည်။
ယခုမူ ‘ဇန်ထျန်တောင်’ မှာ ရက်စက်စွာ သေဆုံးသွားခဲ့ပြီဖြစ်ရာ နောက်တစ်ပွဲမှာ မည်သို့သော မြင်ကွင်းဖြစ်လာမည်ကို မည်သူမျှ မခန့်မှန်းနိုင်ကြပေ။
“အနာဂတ် အစ်ကိုကြီး၊ နင်က ငါ့ကို အသေခံခိုင်းနေတာလား ”
‘ချန်ချန်၏ မိန်းမ’ မှာ မျက်စိကို လှန်ကြည့်လိုက်သည်။
“စိန်ခေါ်ချင်ရင် ကိုယ်တိုင်သာ သွားစိန်ခေါ်တော့၊ ငါတော့ အသေမခံနိုင်ဘူး”
“……”
‘လုယေကျွင်း’ ၏ မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။
“အသေခံတာမျိုးတော့ မဟုတ်လောက်ပါဘူး။ နင်က ကောင်းကင်အရှင်အဆင့် အတွင်းကမ္ဘာကို ပိုင်ဆိုင်ထားတာပဲ၊ တစ်ဖက်လူက အထွတ်ထိပ်တာအိုအဆင့် ဖြစ်ရင်တောင် ဒီကြားထဲက ကွာဟချက်ကို စကားလုံးနှစ်ခွန်း၊ သုံးခွန်းနဲ့ ရှင်းပြလို့ မရဘူးလေ။ နင် တိုက်ခိုက်ရင် အသာစီး ရဦးမှာပါ…”
အတွင်းကမ္ဘာ၏ အခြေခံအုတ်မြစ် ပိုမိုအားကောင်းလေလေ၊ နတ်ဘုရားစွမ်းရည်၏ အစွမ်းမှာ ပိုမို ကြောက်မက်ဖွယ်ကောင်းလေလေ ဖြစ်သည်။
ထိုအရာမှာ လူတိုင်း လက်ခံထားသည့် အချက်ပင် ဖြစ်သည်။
ထိုအချက်ကြောင့်ပင် ‘ချန်ချန်၏ မိန်းမ’ အနေဖြင့် ‘ဇန်ထျန်တောင်’ ကို အနိုင်ယူနိုင်မည့် အခွင့်အရေး ရှိသည်ဟု လူအများက ယုံကြည်နေကြခြင်း ဖြစ်သည်။
“မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး။ အသေခံရမယ့် ကိစ္စတွေကို ငါ မလုပ်ဘူး။ အဲ့ဒီအရသာမျိုးက…”
‘ချန်ချန်၏ မိန်းမ’ မှာ ခေါင်းကို တရစပ် ခါယမ်းလိုက်ပြီး သူမ၏ မျက်ဝန်းများထဲတွင် စိတ်ပျက်အားငယ်သည့် အရိပ်အယောင်များ ပေါ်လာသည်။
‘လုယေကျွင်း’ မှာ ကိစ္စရပ်များ ဤမျှအထိ ဆိုးရွားသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
နောက်ဆုံးတွင် တိုက်ခိုက်ရမည့် အဓိကဇာတ်ဆောင်မှာ ယခုအခါ ပြိုင်ဘက်၏ လက်ရုံးရည်ကို ကြောက်ရွံ့ကာ တိုက်ခိုက်ရန်ပင် ငြင်းဆန်နေပြီဖြစ်သည်။
ထိုသို့ဆိုလျှင် ဖြစ်ပျက်သမျှအားလုံးမှာဟာသတစ်ခု ဖြစ်မသွားပေဘူးလား။
သူ၏ ဆရာမှာ အခြားသော ကောင်းကင်အရှင်တို့၏ ဟာသတစ်ခု ဖြစ်လာတော့မည် မဟုတ်လော။
‘လုယေကျွင်း’ က မိမိ၏ အနာဂတ် ညီမငယ်ကို မည်သို့ စည်းရုံးရမည်ဟု တွေးတောနေစဉ်တွင် သူ့နားထဲသို့ အသံတစ်ခု ရောက်ရှိလာသည်။
“ကိစ္စတွေက ပြောင်းလဲသွားပြီ။ ရှောင်ယွီကို တိုက်ခိုက်ခိုင်းမနေနဲ့တော့။ ဖန့်ကျီးကို ကိုင်တွယ်ပေးမယ့် သူတော်စင်တစ်ဦး ရှိနေတာပဲ၊ ဒီကိစ္စမှာ ငါတို့က အမြတ်တောင် ထွက်ပါသေးတယ်။ ကိုးကြယ်သွေးစက်မျက်လုံး အသီးတစ်လုံးလောက်ကတော့ ဘာမှ မဟုတ်ပါဘူး၊ စိတ်ထဲ ထည့်မနေနဲ့”
‘လုယေကျွင်း’ မှာ အနည်းငယ် တုန်လှုပ်သွားပြီး ချက်ချင်းပင် လေးစားစွာဖြင့် -
“တပည့်တော် နားလည်ပါပြီ” ဟု ပြန်လျှောက်လိုက်သည်။
အနီးအနားရှိ သူတော်စင်များမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အံ့အားသင့်သွားကြသည်။ မည်သို့ဖြစ်သနည်း၊ ခုနက ရှန်းကျောက် ကောင်းကင်အရှင် စကားပြောလိုက်တာလား။
ကံမကောင်းစွာဖြင့် သူတို့မှာ ကောင်းကင်အရှင်တို့၏ အသံကို ကြားနိုင်ကြမည် မဟုတ်ပေ။
“အနာဂတ် ညီမငယ်၊ ဆရာက နင် တိုက်ခိုက်စရာ မလိုတော့ဘူးလို့ ပြောတယ်။ ကြည့်ရတာ…
နင်က တကယ်ပဲ အဲဒီလူကို မနိုင်မှာ ဖြစ်မယ်”
‘လုယေကျွင်း’ မှာ ပြောရင်း ဖန့်ချန်ဘက်ကို ကြည့်လိုက်ရာ သူ၏ အကြည့်များမှာ ရှုပ်ထွေးနေသည်။
ကောင်းကင်ငါးပါးမှ လူများသည် မည်သည့်အချိန်ကတည်းက ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ထူးချွန်သူကို မွေးထုတ်နိုင်ခဲ့သနည်း။
စွမ်းအင်စုစည်းခြင်း အလယ်အဆင့်၏ နံပါတ် (၁) ထူးချွန်သူမှာ ဖန့်ကျီးဟု ထင်ခဲ့သော်လည်း ယခုအခါ ဖန့်ကျီး ထက်ပင် ပိုမို သန်မာသော နတ်ဆိုးတစ်ကောင် ပေါ်ထွက်လာသည်။
သူသည် ယခုအချိန်တွင် ‘ဝူရှီ’ ၏ မူလအစကို အလွန်သိချင်နေမိသည်။
သို့သော် တစ်ချက်မှာ သူ့စိတ်ကို သက်သာရာရစေသည်။
တစ်ဖက်လူက ဖန့်ကျီီး ကို သတ်ဖြတ်နိုင်သည် ဆိုသည့်အတွက် အနည်းဆုံးတော့ လောဘကြီးသော နတ်ဆိုးမျိုးနွယ်စု နှင့် တစ်ဖွဲ့တည်း မဟုတ်ကြောင်း သိသာနေသည်။
အနည်းဆုံးတော့ မငြိမ်သက်သော ဒေသအတွက် ပြဿနာတစ်ခုတော့ ဖြစ်မလာနိုင်ပေ။
‘လုယေကျွင်း’ ၏ စကားကြောင့် နေရာတွင် ရှိနေသော သူတော်စင်များအားလုံးမှာ အံ့အားသင့်သွားကြသည်။
ရှန်းကျောက် ကောင်းကင်အရှင် ကိုယ်တိုင်က ‘ချန်ချန်၏ မိန်းမ’ ကို တိုက်ခိုက်ရန် မလိုတော့ဟု ပြောလိုက်တာလား။
ထိုသို့ဆိုလျှင်…
“ကောင်းကင်အရှင်ရဲ့ အသိအမှတ်ပြုခြင်းကို ခံရတဲ့ စွမ်းအင်စုစည်းခြင်း အလယ်အဆင့် နံပါတ် (၁) သူတော်စင် ဖြစ်သွားပြီလား ”
ရိုင်းစိုင်းစိန်ခေါ်တတ်သော သွေးရွာခန်းမမှ သူတော်စင်အပေါင်းမှာ ယခုအခါတွင် အတွေ့အကြုံနုနယ်သည့် ပရိသတ်များကဲ့သို့ ဖန့်ချန်ကို အားကျသည့် မျက်ဝန်းဖြင့် ကြည့်နေကြသည်။
“ဒီလို ထူးချွန်တဲ့သူမျိုးကို ငါတို့ ပေါင်းသင်းသင့်တယ်။ အနာဂတ် အစ်ကိုကြီး၊ ကျွန်မ သွားပြီး စကားပြောကြည့်လိုက်ဦးမယ်”
ဟု ‘ချန်ချန်၏ မိန်းမ’ က စကားတစ်ခွန်း ပြောပြီးနောက် ဖန့်ချန်ဆီသို့ ပျံသန်းသွားသည်။
“ဟေ့ ”
‘လုယေကျွင်း’ မှာ တားဆီးရန် ကြိုးစားလိုက်သော်လည်း သူ၏ အနာဂတ် ညီမငယ်မှာ ဖန့်ချန်အနီးသို့ ရောက်ရှိသွားကာ ရင်းနှီးစွာ စကားပြောနေလေပြီ။
……
“အဲဒါ ‘ချန်ချန်၏ မိန်းမ’ မဟုတ်လား”
“သူပဲ။ သူက ကိုးကြယ်သွေးစက်မျက်လုံး အသီးအတွက် အဓိက လျာထားခံထားရသူလေ၊ ဘာလို့ ပြိုင်ဘက်ဘက်ကို သွားပြီး စကားပြောနေတာလဲ ”
“သူက ‘ဝူရှီ’ ကို ဘယ်တော့ စိန်ခေါ်မှာလဲ ”
“‘ဝူရှီ’ ကို စိန်ခေါ်မယ် ငါတို့တော့ မြင်ရတော့မယ် မထင်ဘူး၊ တကယ်သာ စိန်ခေါ်မယ်ဆိုရင် ခုနကတည်းက စိန်ခေါ်ပြီးပြီလေ”
“နင် ပြောချင်တာက ‘ချန်ချန်၏ မိန်းမ’ က ‘ဝူရှီ’ ကို မစိန်ခေါ်တော့ဘူးပေါ့။ ကိုးကြယ်သွေးစက်မျက်လုံး အသီးကို လက်လွှတ်လိုက်တာလား ”
“စောက်စကားတွေ ‘ဇန်ထျန်တောင်’ ဘာဖြစ်သွားလဲ မမြင်ဘူးလား ”
သူတော်စင်များမှာ ‘ချန်ချန်၏ မိန်းမ’ တစ်ယောက် ‘ဝူရှီ’ နှင့် ရင်းနှီးစွာ စကားပြောနေသည်ကို မြင်သောအခါ အမျိုးမျိုး တွေးတောနေကြသည်။
‘ကြက်သားပြုတ်ရည်’ မှာ သူတို့နှစ်ယောက်ကို ကြည့်နေရာမှ အကြည့်ရုတ်သိမ်းကာ သက်ပြင်းချလိုက်သည်။
“မိတ်ဆွေအပေါင်းတို့၊ ပြန်ကြပါတော့”
ဝမ်ကျန်းနှင့် ဝမ်ဟိုတို့မှာ တိတ်ဆိတ်နေကြသည်။
‘လက်ရှစ်ဖက်နတ်ဘုရား’ မှာ နွမ်းနယ်စွာဖြင့် -
“ပြန်ကြမယ်”
သူသည် လှည့်ထွက်သွားပြီး သူ၏ ကျောပြင်မှာ အထီးကျန်ဆန်နေသည်။
သူ့ကို မည်သို့သော ပြစ်ဒဏ်များ စောင့်ကြိုနေမည်ကို သူတော်စင်များ ခန့်မှန်းနိုင်သည်။
အဘယ်ကြောင့်ဆိုသော် ဤတစ်ကြိမ်တွင် ဖန့်ကျီး ကို ဆုံးရှုံးလိုက်ရသည် မဟုတ်ပါလော…
ဖန့်ကျီး ၏ သေဆုံးမှုမှာ ပိလော့ အဆင့်မြင့်မဟာမိတ်အတွက် ကြီးမားလှသော ဆုံးရှုံးမှုကြီး ဖြစ်သည်။
အခြား မဟာမိတ်များမှ သူတော်စင်များမှာ အပေါ်ယံတွင် လေးနက်နေသော်လည်း အတွင်းစိတ်ထဲတွင်မူ ဝမ်းမြောက်နေကြသည်။
အဘယ်ကြောင့်ဆိုသော် ပြင်ပတွင်သာ ကောင်းကင် ငါးပါးဟု စုစည်းနေကြသော်လည်း အတွင်းပိုင်းတွင်မူ ကောင်းကင် ငါးပါးချင်း ပြိုင်ဆိုင်မှုမှာ အလွန် ပြင်းထန်သည်။
ဥပမာ - ချင်းမင် မဟာမိတ်နှင့် လင်ယောင် မဟာမိတ်တို့မှာ စစ်ပွဲများ ဖြစ်ပွားနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည်။
……
“ဝူရှီအစ်ကို၊ ကျွန်မတို့ တစ်နေရာရာမှာ သွားပြီး စကားပြောရအောင်။ ဆရာ့ရဲ့ နတ်ဘုရားစွမ်းရည်ကို အလွန်သဘောကျမိလို့ပါ၊ ဒီနေရာက လူရှုပ်လွန်းလို့ပါ”
‘ချန်ချန်၏ မိန်းမ’ မှာ သူတော်စင်များရှေ့တွင် အခြားသူများ မြင်ဖူးသည့် ထိပ်တန်း ထူးချွန်သူတစ်ဦး၏ ခန့်ညားမှု မရှိတော့ဘဲ နွဲ့နွဲ့နှောင်းနှောင်းဖြင့် ပြောလိုက်သည်။
သို့သော် သူတော်စင်များမှာ သူမကို အထင်မသေးရဲကြဘဲ ‘ဝူရှီ’ မှာ ဤမျှလောက်အထိ ကြောက်မက်ဖွယ်ကောင်းသူ ဖြစ်သည်ဟုသာ ပို၍ ခံစားလိုက်ရသည်။
“အေးဆေးတဲ့ နေရာ… ဒါဆိုရင် ငါ့ရဲ့ အတွင်းကမ္ဘာကို သွားကြမယ်”
ဟု ဖန့်ချန်က ပြောသည်။
“ကောင်းပါပြီ၊ ကောင်းပါပြီ”
‘ချန်ချန်၏ မိန်းမ’ မှာ ဝမ်းမြောက်စွာ ခေါင်းညိတ်လိုက်သည်။
ထို့နောက် လူအများရှေ့တွင်ပင် သူတို့နှစ်ဦးမှာ အတွင်းကမ္ဘာ အပေါက်ဝမှ ပျောက်ကွယ်သွားကြသည်။
‘နဂါးဖရုံသီးတစ်လုံး’ မှာလည်း လိုက်သွားရန် ကြိုးစားသော်လည်း အပေါက်ဝမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ရှက်စရာကောင်းသည်ကို ရှောင်ရှားရန်အတွက် သူသည် အနည်းငယ် လမ်းလျှောက်လိုက်ပြီးနောက် အမြန်ဆုံး ထွက်ခွာသွားလေသည်။
“ရှဲ့ထူ၊ ငါတို့ ဒီတစ်ခါတော့ ချမ်းသာပြီ”
ဂွေ့မြန်မှာ စိတ်လှုပ်ရှားလွန်း၍ ကိုယ်ခန္ဓာတစ်ခုလုံး တုန်ရီနေသည်။
ရှဲ့ထူမှာ သူ့စိတ်ကို နားလည်သည်။ သူကိုယ်တိုင်လည်း စိတ်လှုပ်ရှားနေမိသည်။
မထင်မှတ်ထားသော ကံကြမ္မာကြောင့် သူသည် အလွန်အင်အားကြီးမားသော သူတစ်ဦးကို အားကိုးခွင့် ရရှိလိုက်ပြီဖြစ်သည်။
သူသည် ယခင်က ဂွေ့မြန်ကို ပြိုင်ဘက်ဟု ထင်ခဲ့သော်လည်း ယခုမူ မဟုတ်တော့ပေ။
ဤမျှ အင်အားကြီးမားသူတစ်ဦးကို သူတို့ နှစ်ယောက်စလုံး အားကိုးနိုင်သည် မဟုတ်ပါလော။
“ချန်အစ်မတောင် ‘ဝူရှီ’ အစ်ကိုကို ဒီလောက် လေးစားနေမှတော့ နောက်ဆိုရင် ငါတို့ ညီအစ်ကိုတွေ ဒီနေရာမှာ ဘုရင်လို နေနိုင်ပြီ”
ဟု ရှဲ့ထူက ပြောသည်။
“ညီအစ်ကိုကောင်းတွေပဲ”
ဟု ဂွေ့မြန်က ခေါင်းညိတ်လိုက်သည်။
“အစ်ကိုကြီးတို့၊ နောက်ဆိုရင် ညီလေးကိုလည်း ဂရုစိုက်ပါဦး။ ‘ဝူရှီ’ အစ်ကိုနဲ့ မိတ်ဆက်ပေးပါဦး၊ ညီလေးလည်း ‘ဝူရှီ’ အစ်ကို့ နောက်မှာပဲ နေချင်ပါတယ်”
ဟု သွေးရွာခန်းမမှ သူတော်စင်တစ်ဦး ရောက်လာပြီး လာရောက် အထက်စီးဖြင့် ပြောသည်။
ရှဲ့ထူမှာ စိတ်ဆိုးရန် ပြင်လိုက်သော်လည်း သူသည် ထိပ်တန်း အဆင့် (၁၀၀) စွမ်းအင်စုစည်းခြင်း သူတော်စင်တစ်ဦး ဖြစ်နေသည်ကို သိလိုက်ရသဖြင့် အသံကို ချက်ချင်း နူးညံ့စေလိုက်သည်။
“ရပါတယ်၊ အချိန်သင့်ရင် ‘ဝူရှီ’ အစ်ကိုနဲ့ ပြောပေးပါ့မယ်။ အချိန်ရရင် အတူတူ ထမင်းစားကြတာပေါ့၊ အစ်ကို့ကို ညီလေးလို့ ခေါ်လိုက်ရင် နောက်ဆိုရင် အားလုံး ‘ဝူရှီ’ အစ်ကို့ရဲ့ ညီလေးတွေပဲ ဖြစ်သွားမှာပေါ့”
“ဒါဆိုရင် အရမ်းကောင်းတာပဲ ”
တစ်ဖက်လူမှာ ဝမ်းမြောက်စွာ ခေါင်းညိတ်လိုက်သည်။
အနီးအနားရှိ သူတော်စင်များမှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ တွန့်ဆုတ်မနေတော့ဘဲ ဂွေ့မြန် နှင့် ရှဲ့ထူတို့ထံသို့ လာရောက်ကာ အလိုလိုက် အကြိုက်ဆောင်၍ ‘ဝူရှီ’ အစ်ကိုနှင့် မိတ်ဆက်ပေးရန် တောင်းဆိုကြတော့သည်။