← Chapters

အခန်း (၂၃၉၃-၂၃၉၄)

Vol. 240 Ch. 2393-2394

အခန်း (၂၃၉၃-၂၃၉၄)

Vol. 240 Ch. 2393-2394

အခန်း (၂၃၉၃) - နောက်ထပ် နှစ်အနည်းငယ် ကြာသွားရင်တော့ အခြေအနေက တစ်မျိုးဖြစ်သွားလိမ့်မယ်

အတွင်းကမ္ဘာ။

“ပြောစမ်းပါဦး၊ ဘာတွေဖြစ်ခဲ့တာလဲ”

ဖန့်ချန်သည် သူ၏ ကိုယ်ပေါ်မှ လှည့်စားခြင်း စွမ်းအားကို ဖျောက်ပစ်လိုက်ပြီး ‘ချန်ချန်၏ မိန်းမ’ ကို အနည်းငယ် သက်ပြင်းချကာ ကြည့်လိုက်သည်။

“သခင်လေး၊ သခင်လေး ပြောချင်တာက ကျွန်မရဲ့ နာမည်ပြောင်ကိုလား”

နတ်မိမယ် ‘ယွီ’ မှာ အလေးအနက် ရှင်းပြသည်။

“ကျွန်မက သခင်လေးရဲ့ မိန်းမလေ၊ ဒါကြောင့် ‘ချန်ချန်၏ မိန်းမ’ လို့ ခေါ်တာ ဘာမှ မမှားဘူးမလား။ ဘယ်သူမှလည်း ကျွန်မက ဘယ်သူ့ကို ရည်ညွှန်းမှန်း သိကြမှာ မဟုတ်တဲ့အတွက် သခင်လေးရဲ့ အထောက်အထားကို ပေါက်ကြားသွားစေမှာ မဟုတ်ပါဘူး”

“ငါပြောနေတာ အဲ့ဒါကို မဟုတ်ဘူး၊ မင်းရဲ့ မှတ်ဥာဏ်တွေကို ပြောတာ”

ဖန့်ချန်မှာ ထူးဆန်းသော အမူအရာဖြင့် ပြောလိုက်သည်။

“မင်းရဲ့ ယခင်ဘဝတွေတုန်းကဆိုရင် ငါ မင်းကို စောင့်ကြည့်နေခဲ့တာ။ အဲ့ဒီအချိန်တုန်းက မင်းက တခြားသူတွေလိုပဲ၊ မင်းရဲ့ အမှတ်တရတွေက သော့ခတ်ခံထားရတာလေ။

ဘာလို့ ဒီတစ်ဘဝမှာကျမှ ရုတ်တရက် ပြန်ရလာရတာလဲ”

“ဒါတော့မသိဘူး အဲ့ဒါက အရင်တုန်းက ပြောင်းပြန်နတ်ဆိုးသန္ဓေသား နဲ့များ ဆက်စပ်နေမလား”

နတ်မိမယ်‘ယွီ’ မှာ စဉ်းစားတွေးတောရင်း ပြောလိုက်သည်။

“ကျွန်မလည်း အဲ့ဒီအချိန်တုန်းက ထူးဆန်းတယ်လို့ ခံစားရတယ်။ စဉ်းစားလိုက်၊ တွေးလိုက်နဲ့ဆိုရင်တော့ ဒီဖြစ်နိုင်ခြေတစ်ခုပဲ ရှိတယ်။

ယင်လာကဘက်က ‘ဝိညာဉ်မျိုးနွယ်စု’ က ကျွန်မရဲ့ မှတ်ဉာဏ်တွေကို တမင်တကာ မပိတ်ထားတာတော့ မဖြစ်နိုင်ဘူးမလား။

သူတို့ကိုယ်တိုင်တောင် ဒီဘက်ကိစ္စတွေကို ထိန်းချုပ်နိုင်ပုံ မရဘူး”

ထိုသို့ ပြောဆိုနေရင်း နတ်မိမယ် ‘ယွီ’ မှာ စကားမရပ်တန့်ဘဲ ဖန့်ချန်၏ ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်း ခုန်တက်လိုက်ပြီး လက်နှစ်ဖက်ဖြင့် ဖန့်ချန်၏ လည်ပင်းကို ဖက်တွယ်လိုက်သည်။

“သခင်လေး၊ ကျွန်မကို လွမ်းလားဟင်”

“မလွမ်းဘူး”

“လိမ်နေတာ”

နတ်မိမယ်‘ယွီ’ မှာ တဟီးဟီးရယ်မောကာ ပြောလိုက်သည်။

“ကျွန်မရဲ့ ယခင်ဘဝတွေတုန်းက ကံမကောင်းခဲ့ပေမဲ့ အဲ့ဒီကာလတွေအတွင်းမှာ သခင်လေးက ကျွန်မဆီကို လျှို့ဝှက်ပြီးတော့ အကြိမ်ကြိမ် လာကြည့်ခဲ့မှန်း ကျွန်မ သိတယ်။

သခင်လေးက ကျွန်မကို မလွမ်းဘဲ နေနိုင်ပါ့မလား၊ အစကတော့ ကျွန်မကို အကြိမ်တစ်ရာလောက် ပြန်လည်မွေးဖွားစေပြီး မိစ္ဆာမျိုးနွယ်စုရဲ့ မှတ်ဉာဏ်တွေကို လုံးဝ ပျောက်ကွယ်သွားအောင် လုပ်ဖို့ ကြံစည်ထားတာလေ ”

“ဒါဆို မင်းက အခု မိစ္ဆာမျိုးနွယ်စု ဖြစ်ခဲ့တဲ့ ကာလက မှတ်ဉာဏ်တွေကိုပါ ပြန်ရလာတာပေါ့”

ဖန့်ချန်မှာ အံ့အားသင့်သွားသည်။

“ဒါတင်မကသေးဘူး……”

နတ်မိမယ်‘ယွီ’ မှာ ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။

“အဲ့ဒီအရင်က ပြန်လည်မွေးဖွားခဲ့တဲ့ မှတ်ဉာဏ်တွေအထိပါ အတော်လေး ပြန်ရလာတယ်။

ဒါပေမဲ့ သခင်လေး စိတ်မပူပါနဲ့၊ အဲ့ဒီမှတ်ဉာဏ်တွေက စာအုပ်တွေလိုပါပဲ၊ ကျွန်မ လိုချင်တဲ့အချိန်မှပဲ ပြန်လှန်ဖတ်မှာပါ။

အခု ကျွန်မက သခင်လေးရဲ့ ‘ရှောင်ယွီ’ ပဲ၊ တခြားသူ ဘယ်သူမှ မဟုတ်ဘူး”

ပြောရင်းဆိုရင်း နတ်မိမယ် ‘ယွီ’ မှာ ဆိုးသွမ်းသော အပြုံးဖြင့် မေးလိုက်သည်။

“သခင်လေး၊ ကျွန်မတို့ မတွေ့ရတာ ကြာပြီပဲ၊ အတိတ်အကြောင်းတွေ ပြောပြီး အမှတ်တရတွေ ပြန်ဆန်းသစ်ကြမလား”

“ကိစ္စကြီးကြီးတစ်ခု ပြောစရာရှိတယ်၊ အရင် အောက်ကို ဆင်းဦး”

“မဆင်းဘူး”

“တခြားသူတွေ ကြည့်နေတယ်”

“ဟင်”

နတ်မိမယ်‘ယွီ’ မှာ ဖန့်ချန်၏ ခန္ဓာကိုယ်ပေါ်မှ ခုန်ဆင်းလိုက်ပြီး မျက်နှာပျက်နေသော လီဝူ နှင့် ချီယန်သူတော်စင်တို့ကို ချက်ချင်းပင် မြင်လိုက်ရသည်။

“သူတို့က ဘယ်သူတွေလဲ”

နတ်မိမယ်‘ယွီ’ မှာ သိချင်စိတ်ဖြင့် မေးသည်။

“ငါ မိတ်ဆက်ပေးမယ်”

ဖန့်ချန်မှာ ပြုံးရွှင်စွာဖြင့် ထိုသူနှစ်ဦး၏ နောက်ကြောင်းကို မိတ်ဆက်ပေးလိုက်သည်။

လီဝူမှာ ‘ရှန်းဟုန်’ မျိုးဆက်မှ ဖြစ်ကြောင်း သိလိုက်ရသောအခါ နတ်မိမယ် ‘ယွီ’ မှာ လေးနက်သော အမူအရာဖြင့် လီဝူ ကို ဂါရဝပြုလိုက်သည်။

“ရှောင်ယွီ၊ လီအကြီးအကဲကို ဂါရဝပြုပါတယ်”

“ဒီလောက်ထိ အားနာစရာ မလိုပါဘူး”

လီဝူ မှာ လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ကောင်မလေးက အရှင်သခင် ရဲ့ မိန်းမပဲဟာ၊ အကြီးအကဲတို့ ဘာတို့ဆိုတာ မလိုပါဘူး၊ မရှိပါဘူးကွယ်”

“လီအကြီးအကဲကလည်း ကျွန်မကို သခင်လေးရဲ့ မိန်းမလို့ ထင်နေတာလား”

နတ်မိမယ်‘ယွီ’ ၏ မျက်လုံးများမှာ တောက်ပသွားသည်။

လီဝူ မှာ တည်ကြည်သော အမူရာဖြင့် ပြောလိုက်သည်။

“မိန်းကလေးရဲ့ အရည်အချင်းနဲ့ဆိုရင် ဒီလောကမှာ အရှင်သခင်ရဲ့ မိန်းမဖြစ်ဖို့ အရည်အချင်းရှိတာ မင်းတစ်ယောက်ပဲ ရှိတယ်လို့ ကျုပ် မြင်ပါတယ်”

“လီအကြီးအကဲရဲ့ အကြည့်က ထက်မြက်လိုက်တာ”

နတ်မိမယ်‘ယွီ’ မှာ ခေါင်းကို တရစပ် ညိတ်သည်။

ချီယန်သူတော်စင်မှာ စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။ ထိုလူအိုကြီးကလည်း ချီးမွမ်းတတ်ပါကလား။

သူသည် ချက်ချင်းပင် ရှေ့ကို ထွက်လာကာ ပြောလိုက်သည်။

“မိန်းကလေး၊ ဖန့်ငရဲမင်းက အရင်က ဒီနေရာမှာ မိန်းကလေးကို အကြိမ်ပေါင်းများစွာ လျှို့ဝှက် လာကြည့်ခဲ့ဖူးတယ်။ မိန်းကလေးကို အလွန် လွမ်းဆွတ်နေခဲ့တာပေါ့။

ဟော်ဆွေ့ မျိုးဆက်ရဲ့ အနှောင့်အယှက်တွေသာ မရှိရင် မိန်းကလေးနဲ့ အတူတူ ပြန်ဆုံတွေ့နေခဲ့တာ ကြာပြီပေါ့”

“ဒါပေါ့၊ ကျွန်မ ပြောသားပဲ”

နတ်မိမယ်‘ယွီ’ မှာ ဖန့်ချန်ကို ကြည့်ကာ ပြုံးလျက် -

“သခင်လေးက မဝန်ခံတာပဲ”

“ငါ မဝန်ခံတာ မဟုတ်ပါဘူး”

ဖန့်ချန်မှာ ရိုးသားစွာဖြင့် -

“ရှောင်ယွီ၊ မင်း ပြန်ရောက်လာတာကို ငါ အလွန် ဝမ်းသာတယ်”

နတ်မိမယ်‘ယွီ’ မှာ ပြုံးလိုက်သည်။ ပြုံးရင်းနှင့်ပင် သူမ၏ မျက်ရည်များမှာ တားမရအောင် စီးကျလာသည်။

သူမ၏ ဦးနှောက်ထဲတွင် ယခင်က အဖြစ်အပျက်များမှာ မှတ်ဉာဏ်များအဖြစ် အဆက်မပြတ် ပေါ်လာသည်။

ထိုမျှ နှစ်များစွာ ကုန်လွန်သွားမှသာ…

သူတို့၏ အခြေအနေမှာ အနည်းငယ် ပိုကောင်းလာပုံရသည်။

အနည်းဆုံးတော့ ဒီကာလမှာ သူတို့က စိတ်အေးလက်အေးဖြင့် ကျင့်ကြံနိုင်ကြသည်။

‘ရှန်းဟုန်’ မျိုးဆက်မှန်း မပေါက်ကြားသရွေ့တော့ပေါ့။

ဟော်ဆွေ့ မျိုးဆက်ဘက်ကိုတောင် သိပ်ပြီး ကြောက်နေစရာ မလိုတော့ပေ။

နတ်မိမယ်‘ယွီ’ မှာ မျက်ရည်စက်များကို အားပါးတရ သုတ်ပစ်လိုက်သည်။

“သခင်လေး၊ ဝမ်အိုကြီးတို့ အခု ဘာဖြစ်နေကြပြီလဲ”

ဖန့်ချန်မှာ လက်ခုပ်တစ်ချက် တီးလိုက်ရာ မျက်နှာပြင်တစ်ခု ကျလာသည်။

ကြီးမားသော ပိတ်ကာမျက်နှာပြင်မှာ ပြတင်းပေါက်ငယ်များအဖြစ် ခွဲခြားခံလိုက်ရသည်။

“ဝမ်အိုကြီးတို့က အခု ရွှေဟွေး ကျောင်းတော်ကြီးရဲ့ လူသားမျိုးနွယ်စု ကျောင်းတော်မှာ တပည့်တွေ ဖြစ်နေပြီ။

အခု နဂါးဓား တားမြစ်နယ်မြေမှာ ကရုဏာ တောင်ရဲ့ စစ်ဘက်ဆိုင်ရာ နတ်ဘုရားစွမ်းရည်ကို လေ့လာနေကြတယ်။

မင်းနဲ့ ယှဉ်ရင် သူတို့ရဲ့ ပြန်လည်မွေးဖွားပြီးနောက် လမ်းကြောင်းက ပိုပြီး ချောမွေ့တယ်”

ဖန့်ချန်မှာ စကားအနည်းငယ်ဖြင့် ရွှေဟွေး ကျောင်းတော်ကြီးသို့ ရောက်ရှိပြီးနောက်ပိုင်း ကြုံတွေ့ခဲ့ရသည်များကို ပြောပြလိုက်သည်။

ပြောပြပုံမှာ ရိုးရှင်းသော်လည်း နတ်မိမယ်‘ယွီ’ သိသည်မှာ အရင်က နယ်မြေကိုးခု သေပြီးမှ ပြန်ရှင်လာခဲ့စဉ်က ဖန့်ချန် တစ်ယောက်တည်းသာ ပြန်လည်မွေးဖွားခြင်း မရှိခဲ့ခြင်းဖြစ်သည်။

မှတ်ဉာဏ်အပြည့်နဲ့ ဘယ်သူ့ကိုမှ မသိတဲ့ နေရာတစ်ခုကို ရောက်လာတဲ့အခါ။

ဟော်ဆွေ့ မျိုးဆက်ရဲ့ အင်အားကို ခံစားရတဲ့အခါ။

လိုအပ်တဲ့ ဖိအားတွေက သာမန်လူတွေ စိတ်ကူးမယဉ်နိုင်တဲ့ ပမာဏ ဖြစ်သည်။

“သခင်လေး၊ အနာဂတ် ဆရာကို တောင်းဆိုပြီး ဟော်ဆွေ့ ဘိုးဘေးကို တိုက်ရိုက် သတ်ပစ်ခိုင်းလိုက်ရမလား”

နတ်မိမယ်‘ယွီ’ မှာ သွားကို ကြိတ်ကာ ပြောလိုက်သည်။

“ကျွန်မ စုံစမ်းပြီးပြီ၊ ဟော်ဆွေ့ ဘိုးဘေးက ကောင်းကင်ဘုံအရှင်အဆင့်ကို တက်လှမ်းတာ မကြာသေးဘူး၊ ကျွန်မရဲ့ အနာဂတ် ဆရာသမားရဲ့ စွမ်းအားက သူ့ထက် ပိုသာလွန်မှာ သေချာတယ်”

“ဟော်ဆွေ့ ဘိုးဘေးက ကောင်းကင် ငါးပါးစနစ်ထဲမှာ ရှိနေတာပဲ၊ သူ့နောက်ကွယ်မှာ ပိုသန်မာတဲ့ ကျောထောက်နောက်ခံတွေ ရှိနေတာပေါ့။ ‘ရှန်းကျောက်’ ကောင်းကင်အရှင်တောင် သူ့ကို လုပ်ဖို့ဆိုတာ မင်းထင်သလောက် မလွယ်ဘူး။

ဒါပေမဲ့… အခု မင်းနဲ့ ငါ့ရဲ့ အထောက်အထား ပေါက်ကြားသွားရင်တောင်။

သူက ငါတို့ကို လာသက်ဖို့ဆိုတာ မင်းထင်သလောက် မလွယ်ကူပါဘူး”

ဖန့်ချန်မှာ ခေါင်းကို ခါယမ်းကာ -

“အန္တရာယ်များတဲ့ အလုပ်တွေကို မလုပ်နဲ့၊ အခု ဟော်ဆွေ့ ဘိုးဘေးကို သွားသတ်ရင် လူသားမျိုးနွယ်စု အားလုံးနဲ့ ရန်သူဖြစ်သွားလိမ့်မယ်။

နောက်ထပ် နှစ်အနည်းငယ် ကြာသွားရင်တော့ အခြေအနေက တစ်မျိုးဖြစ်သွားလိမ့်မယ်”

နတ်မိမယ်‘ယွီ’ မှာ စဉ်းစားတွေးတောရင်း ဖန့်ချန်၏ စကားအဓိပ္ပာယ်ကို တိတ်ဆိတ်စွာ နားလည်သွားသည်။

ထိုအချိန်မှာပင် ဟင်းလင်းပြင်ထဲတွင် အတွင်းကမ္ဘာတစ်ခုမှာ လျင်မြန်စွာ ကပ်လာသကဲ့သို့ ရှိသည်။

“ဟေ့၊ အနာဂတ် ညီမငယ်၊ ဆရာက မင်းကို သူ့ဆီ လာခေါ်ခိုင်းလိုက်တယ်။

မင်းနဲ့ ‘ဝူရှီ’ စကားပြောပြီးပြီလား”

‘လုယေကျွင်း’ က အပြင်ဘက်မှ အော်ခေါ်လိုက်သည်။

“အရမ်း စိတ်ညစ်ဖို့ကောင်းတာပဲ”

နတ်မိမယ်ယွီ မှာ မသက်သာစွာ မျက်လုံးကို လှန်ကြည့်လိုက်သည်။

“သွားလိုက်ပါတော့၊ ကောင်းကင်အရှင်ရဲ့ တပည့်ဖြစ်ရတာ အခွင့်အရေးကို တန်ဖိုးထားပါ။ နောက်ဆိုရင် ငါတို့တွေ့ဖို့က လွယ်ပါတယ်”

ဖန့်ချန်မှာ ပြုံးကာ လက်ဝှေ့ယမ်းလိုက်သည်။

“ဒါဆို ဝူရှီ အစ်ကို၊ ကျွန်မ သွားလိုက်ဦးမယ်။ လီအကြီးအကဲ၊ ဝူရှီ အစ်ကို့ကို ဂရုစိုက်ပေးပါဦး၊ ကျွန်မ မရှိတဲ့အချိန်မှာ သူ ရမ်းကားတာမျိုး မလုပ်ပါစေနဲ့ ”

နတ်မိမယ်ယွီ မှာ သတိပေးလိုက်ပြီးနောက် အမြန်လမ်းလျှောက် ထွက်သွားသည်။

အတွင်းကမ္ဘာ တံခါးဖွင့်လိုက်သောအခါ လုယေကျွင်း က သိချင်စိတ်ဖြင့် ခေါင်းကို ထိုးကြည့်လိုက်သော်လည်း နတ်မိမယ်ယွီ က လက်ဖြင့် ချက်ချင်း တားဆီးလိုက်သည်။

“အနာဂတ် အစ်ကိုကြီး၊ ဘာတွေ ကြည့်နေတာလဲ။ ဝူရှီ အစ်ကို့ ခွင့်ပြုချက်မရဘဲ သူများ အတွင်းကမ္ဘာကို ကြည့်တာမျိုးက ရန်သူဖြစ်သွားနိုင်တယ်နော် ”

“ကြည့်ရုံသက်သက်ပါ”

လုယေကျွင်း က ညည်းညူလိုက်ပြီး တံခါးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို မြင်သောအခါ သိပ်ပြီး ဂရုမစိုက်တော့ဘဲ နတ်မိမယ်ယွီ ကို ခေါ်ကာ အမြန် ထွက်ခွာသွားသည်။

တစ်ချိန်တည်းမှာပင်။

ဝမ်ကျန်းတို့ လေးယောက်မှာ မိမိတို့ ဘိုးဘေး၏ အတွင်းကမ္ဘာသို့ ပြန်ရောက်နေပြီဖြစ်သည်။

“မင်းတို့ ဒီတစ်ခေါက် ကြုံခဲ့ရတာတွေကို ငါ မြင်ပြီးပြီ၊ ဝမ်ကျန်း၊ ပြန်ရောက်ရင် ခဏလောက် တရားကျင့်ပြီး ဒဏ်ရာကို ကုသလိုက်ပါဦး”

အရိပ်မှာ တိုးညင်းစွာ ပြောသည်။

ဝမ်ကျန်းမှာ စိတ်ဓာတ်ကျစွာဖြင့် ပြောလိုက်သည်။

“ဟုတ်ကဲ့”

“ရှကျိကော”

ထိုအရိပ်မှာ တစ်ဖန် ပြောသည်။

“ဘိုးဘေး၊ သူက သွေးရွာခန်းမ တားမြစ်နယ်မြေကို ရောက်တော့ ကျွန်တော်တို့နဲ့ လမ်းခွဲသွားတယ်။ သူ ဘာနာမည်လဲဆိုတာလည်း မသိဘူး။ သူ့ကို လိုက်ရှာရမလား”

ဝမ်ဟိုက မေးသည်။

“ဒါဆိုရင် သူ့ကို မရှာနဲ့တော့၊ ငါတို့ ပြန်ကြမယ်”

အခန်း (၂၃၉၄) - ငါ့ကို စိတ်ပူရလွန်းလို့ သေတော့မှာပဲ

သွေးရွာခန်းမမှ သူတော်စင်များမှာ ချန်ချန်၏ မိန်းမ သည် ဝူရှီ ကို နောက်ထပ် စိန်ခေါ်တော့မည် မဟုတ်ကြောင်းကို အတော်လေး နားလည် သဘောပေါက်နေကြပြီဖြစ်သည်။

ထို့ကြောင့် သွေးရွာခန်းမ၏ စွမ်းအင်စုစည်းခြင်း အလယ်အဆင့် နံပါတ် (၁) သူတော်စင်ဟူသော ဘွဲ့တံဆိပ်မှာလည်း ထိုနေရာတွင်ပင် ခိုင်မြဲသွားခဲ့သည်။

ဆက်တိုက် ဆိုသလိုပင် ရက်အနည်းငယ် ကြာသည်အထိ မည်သည့်သူတော်စင်မျှ စိန်ခေါ်ရန် မဝံ့မရဲ ဖြစ်နေကြသည်။

သူတော်စင် အများစု၏ သုံးသပ်ချက်အရဆိုလျှင် နောက်ထပ် ဆယ်နှစ်ခန့်သာ ဆက်လက် စောင့်ဆိုင်းရမည်ဆိုပါက ‘ကိုးကြယ်သွေးစက်မျက်လုံး အသီး’ ကို အလွယ်တကူ လက်ဝယ်ပိုင်ဆိုင်နိုင်တော့မည် ဖြစ်သည်။

“ရှင် မှားပြီး ခန့်မှန်းမိတာများလား၊ သူက ရှင့်ကို စိန်ခေါ်ဖို့ အစီအစဉ် မရှိပါဘူး။ စဉ်းစားကြည့်လေ၊ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ရှင့်ထက် တစ်ဆင့်နိမ့်နေတာ။ သူတို့နှစ်ယောက်လုံးက ထိပ်တန်း အဆင့်မြင့် အရည်အချင်းရှင်တွေ ဖြစ်နေကြပေမဲ့ ကြားထဲက ကွာဟချက်က အရမ်းများနေတာ၊ သူက ဘယ်လိုလုပ်ပြီး ရှင့်ကို စိန်ခေါ်ရဲမှာလဲ”

အမျိုးသမီးတစ်ဦးသည် အနည်းငယ် တည်ငြိမ်နေသည့် သွေးတိုက်ပွဲစာရင်းကို ကြည့်ရင်း ချီကွမ်းယိ ကို စောင်းငဲ့ကြည့်ကာ ပြောလိုက်သည်။

“ငါ မှားပြီး ခန့်မှန်းတာ မဟုတ်ဘူး။ အဲ့ဒီနေ့က သူ့ကို တစ်ချက်ကြည့်လိုက်တာနဲ့ သူ့မျက်ဝန်းတွေထဲမှာ ဘာကို ရည်ရွယ်နေလဲဆိုတာ ငါ မြင်လိုက်ရတယ်”

ချီကွမ်းယိ က တည်ငြိမ်စွာ ပြောသည်။

“သူ ငါ့ကို မုချ စိန်ခေါ်လိမ့်မယ်။ သူ သွေးရွာခန်းမကို ရောက်လာတာတောင် ငါ့အတွက်ပဲ ဖြစ်ဖို့ များတယ်”

“ရှင် ပြောချင်တာက…… သူက ချီထျန် မျိုးနွယ်စုကနေပြီးတော့ အိမ်သန့်ရှင်းရေး လုပ်ခိုင်းဖို့အတွက် ပင့်လာတဲ့သူလို့ ပြောချင်တာလား”

အမျိုးသမီး၏ အမူအရာမှာ တစ်ချက် ရွေ့လျားသွားသည်။

“ချီထျန် မျိုးနွယ်စုက ဒီလို အရည်အချင်းရှိတဲ့ သူမျိုးကို ငှားရမ်းနိုင်မယ်လို့တော့ မထင်ဘူး။

သူ ဒီကို ရောက်လာတာဟာ ငါနဲ့ အတူတူပဲ ဖြစ်တဲ့ ရည်ရွယ်ချက် တစ်ခုတည်းကြောင့်ပဲ”

ချီကွမ်းယိ က ပြုံးလျက် ပြောသည်။

‘သူတော်စင်အဆင့်၏ ကန့်သတ်ချက်ကို ချိုးဖျက်ခြင်း ’

အမျိုးသမီး၏ မျက်ဝန်းများမှာ အနည်းငယ် လှုပ်ရှားသွားပြီး အသေးစိတ် ပြန်တွေးကြည့်သည်။

“တချို့ဆိုရင် သူက သူတော်စင်အဆင့်ရဲ့ ကန့်သတ်ချက်ကို ချိုးဖျက်ပြီးနေလောက်ပြီ၊ ရှင့်လိုမျိုးပဲလေ”

“သူတော်စင်အဆင့်ရဲ့ ကန့်သတ်ချက်ကို ချိုးဖျက်နိုင်တဲ့ အရည်အချင်းရှင်ဆိုတာ လက်ချိုးရေတွက်လို့ ရတယ်”

ချီကွမ်းယိ က ခေါင်းကို အသာအယာ ညိတ်သည်။

“သူကတော့ မုချ တစ်ဦးဖြစ်မှာ သေချာတယ်။ နောက်ပြီးတော့လည်း သူတို့ထဲမှာမှ အသန်မာဆုံး အမျိုးအစား ဖြစ်မယ်။ ရှန်ရှိုးယွမ် တို့ ဘာတို့နဲ့တော့ လုံးဝ ကွာခြားတယ်”

“ရှင်တို့လို ကောင်တွေကလည်း တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတယ်နော်။

သူတော်စင်အဆင့် ကန့်သတ်ချက် ချိုးဖျက်တာကိုတောင် လျှို့ဝှက်ထားပြီး ဘယ်သူ့ကိုမှ မသိအောင် လုပ်ထားကြသေးတယ်။

အရင်က ရှင် တစ်ယောက်တည်းနဲ့ ဆယ်ယောက်ကို ရင်ဆိုင်တုန်းက တန် မျိုးနွယ်စုနဲ့ စီကု မျိုးနွယ်စုက ထိပ်တန်းလူတွေကို သတ်ဖြတ်၊ ဒဏ်ရာရအောင် လုပ်ပြီးတော့ ထွက်ပြေးခဲ့တာလေ။

နောက်ဆုံးတော့ မငြိမ်သက်သော ဒေသ မှာ သူတော်စင်အဆင့် ကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခဲ့တယ်။

ရှန်ရှိုးယွမ် တို့ ဘာတို့ဆိုရင်လည်း…… သူတို့မှာလည်း တချို့သော အရိပ်အယောင်တွေ ရှိကြတယ်။

ဒါပေမဲ့ အဲ့ဒီ ဝူရှီ ဆိုတဲ့ လူကော။ သူက ဘယ်လိုလုပ်ပြီး သူတော်စင်အဆင့် ကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခဲ့တာလဲ။

ဒီတစ်ခါ သွေးရွာခန်းမကို ရောက်မလာခဲ့ရင် ကျွန်မတို့တောင် သူ ရှိမှန်း သိမှာ မဟုတ်ဘူး”

အမျိုးသမီးမှာ မျက်မှောင်ကြုတ်လျက် ပြောသည်။

“ဒါက သူ့ရဲ့ စွမ်းရည်ပဲ။ ဒါမှမဟုတ်လည်း သူ့ကို ကာကွယ်ပေးဖို့အတွက် ကောင်းကင်ဘုံအရှင် သူတော်စင်တစ်ဦးက ကူညီပေးထားတာ ဖြစ်နိုင်တယ်”

ချီကွမ်းယိ က ပြောသည်။

ထိုအချိန်တွင် သူ၏ မျက်ဝန်းမှာ တစ်ချက် ရွေ့လျားသွားပြီး ပျော်ရွှင်စွာ ပြောလိုက်သည်။

“သူ ငါ့ကို စိန်ခေါ်လိုက်ပြီ”

“ဒါဆိုရင်တော့ ငါ ကြည့်ရတော့မယ်”

အမျိုးသမီးက ပြောသည်။

“မရဘူး၊ ဒီတစ်ခါတော့ မဖြစ်ဘူး”

ချီကွမ်းယိ က အမျိုးသမီးကို ကြည့်ကာ လေးနက်သော အမူအရာဖြင့် ပြောသည်။

“ဘာလို့လဲ”

အမျိုးသမီးက မျက်မှောင်ကြုတ်လျက် -

“အရင်တုန်းက နင့်ရဲ့ တိုက်ပွဲတွေကို ငါ အမြဲတမ်း ကြည့်နေကျပဲလေ။ ဒီတစ်ခါ ဘာလို့ မရတာလဲ၊ နင်ငါ့ကို အကြောင်းပြချက် တစ်ခုတော့ ပေးရမယ်”

“သေဆုံးသွားမယ့် ပုံစံကိုတော့ မင်း မမြင်စေချင်ဘူး”

ချီကွမ်းယိ က ပြောသည်။

အမျိုးသမီးမှာ ထိုနေရာတွင်ပင် ကြောင်အမ်းအမ်း ဖြစ်သွားပြီး ချီကွမ်းယိ ကို သွေးမြူများက ခေါ်ဆောင်သွားသည်ကို ငေးကြည့်ရင်း နောက်ဆုံးတွင် တိုက်ပွဲကို မကြည့်တော့ရန် ဆုံးဖြတ်လိုက်သည်။

“သူ…… သူ သေတော့မယ်လို့ ခံစားနေရတာလား”

အမျိုးသမီးမှာ ရုတ်တရက် ရယ်ချင်စိတ် ပေါ်လာသည်။

“ဒီကောင်က ဘာလို့များ ကိုယ့်ကိုယ်ကိုယ် သေရတော့မယ်လို့ တွေးနေတာလဲ၊ နင်ကလေ…… ငါ မြင်ဖူးသမျှထဲမှာ တူညီတဲ့ အဆင့်အတန်းထဲမှာ အသန်မာဆုံးပဲဟာကို……”

တစ်ချိန်တည်းမှာပင်။

သွေးရွာခန်းမ၏ တိုက်ပွဲဇုန် အသီးသီးရှိ သွေးတိုက်ပွဲစာရင်းများ ရှေ့တွင်၊ စကားပြောနေကြသော သူတော်စင်များမှာ အမူအရာများမှာ တစ်စုံတစ်ရာ ပြောင်းလဲသွားပြီး တည်ငြိမ်လာကြသည်၊ အံ့အားသင့်သွားကြသည်၊ ထိတ်လန့်သွားကြသည်၊ မယုံနိုင်စရာ ဖြစ်သွားကြသည်။

“ချီကွမ်းယိ စိန်ခေါ်ခံလိုက်ရတယ်”

“သူ့ကို စိန်ခေါ်တာက…… ဝူရှီ ”

“ဘာတွေ ပြောနေကြတာလဲ ဝူရှီ က စွမ်းအင်စုစည်းခြင်း အလယ်အဆင့်ပဲ ရှိသေးတာ၊ သူက ဘာလို့ ချီကွမ်းယိ ကို စိန်ခေါ်ရဲတာလဲ ”

“သူက ငါတို့ သွေးရွာခန်းမရဲ့ စည်းမျဉ်းကို ဖောက်ဖျက်ဖို့ ကြိုးစားနေတာလား ”

“ဖောက်ဖျက်တာပေါ့၊ ဝူရှီ ရဲ့ တိုက်ပွဲမှတ်တမ်းကို ကြည့်ဦး၊ တစ်သောင်းနီးပါး ဆက်တိုက် နိုင်ထားတာ ချီကွမ်းယိ ဆိုရင်လည်း တစ်သောင်း လေးထောင်ကျော်ပဲ ရှိတာ။

ဝူရှီ ရဲ့ မှတ်တမ်းက ချီကွမ်းယိ ရဲ့ တစ်ဝက်လောက် ရှိပြီဆိုရင် သူ့ကို စိန်ခေါ်ခွင့် ရှိတယ်၊ အခုဆိုရင် တစ်ဝက်ထက်တောင် ပိုနေပြီ"

ရှူး

လူအများမှာ ရူးသွပ်စွာပင် အံ့ဩတကြီး ဖြစ်ကုန်ကြပြီး အလွန်ပင် မဖြစ်နိုင်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။

ထို ဝူရှီ ဆိုသူက ယခုကဲ့သို့ ဂုဏ်ပြုခံရပြီးကာမှ ဘာကြောင့် ဒီလောက်ထိ စိတ်ကူးပေါက်ကရ ဖြစ်ပြီး စွမ်းအင်စုစည်းခြင်း အလယ်အဆင့် နံပါတ် (၁) သူတော်စင် နေရာကို စွန့်လွှတ်ကာ သေဖို့ ရွေးချယ်လိုက်ရတာလဲ။

“သေဖို့ ရွေးချယ်တာပဲ သူက တကယ်ကို သေဖို့ ရွေးချယ်လိုက်တာ”

လုယေကျွင်း က ဒေါသတကြီး ဆဲဆိုလိုက်သည်။

“သူက ဘာဖြစ်လို့ ချီကွမ်းယိ ဆိုတဲ့ ရူးနေတဲ့ကောင်ကို သွားစိန်ခေါ်ရတာလဲ။

သူက တကယ်ပဲ သူကိုယ်သူ ကောင်းကင်ဘုံအရှင် ပြန်လည်မွေးဖွားလာသူလို့ ထင်နေတာလား။

စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့်ကို ရောက်ရင်တောင် သူက အဲ့ဒီရူးနေတဲ့ကောင်ရဲ့ ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး ”

လုယေကျွင်း အနီးတွင် ရပ်နေသူများမှာ သူနှင့် နောက်ခံတူ၊ အရည်အချင်း ဆင်တူကြသည့် သွေးရွာခန်းမ၏ ကြီးမားသော သူတော်စင်များ ဖြစ်ကြသည်။

ဤနေရာတွင် ရှိနေသူတိုင်းသည် နေမင်းခုနှစ်ပါး ခန်းမတွင် တာဝန်ထမ်းဆောင်ရန် အရည်အချင်း ပြည့်မီကြပြီး တချို့ဆိုလျှင် ပို၍ပင် သာလွန်သေးသည်။

သူတို့သည် သွေးစစ်ပွဲစာရင်းပေါ်မှ အဖြစ်အပျက်ကို ကြည့်ရင်း လုယေကျွင်း ၏ ဆဲဆိုသံကို ကြားလိုက်ရသောအခါ တချို့မှာ တည်ငြိမ်စွာ တွေးတောနေကြပြီး၊ တချို့မှာလည်း မယုံနိုင်စရာ ဖြစ်ကာ ပါးစပ်ကို အနည်းငယ် ဟလျက် ကျန်ခဲ့ကြသည်။

ကမ္ဘာကြီး သူတော်စင် အချို့မှာ လုယေကျွင်း နှင့် ခေတ်ပြိုင် အင်အားကြီးသူများ ဖြစ်ကြသည်။

သူတို့သည်လည်း ချီကွမ်းယိ ၏ ကြောက်မက်ဖွယ်ကောင်းသော အုပ်စိုးသည့် ကာလကို ကြုံတွေ့ခဲ့ဖူးကြသည်။

အဲ့ဒီအချိန်တုန်းက သူတို့အားလုံး ချီကွမ်းယိ ကို စိန်ခေါ်ခဲ့ဖူးကြသည်။

နောက်ဆုံးတော့ အားလုံး ရှုံးနိမ့်သွားကြပြီး တစ်ချက်တည်းဖြင့် အရေးနိမ့်ခဲ့ကြရသည်။

လုယေကျွင်း တစ်ယောက်တည်းသာ ချွင်းချက် ဖြစ်သည်။

“မင်း အရင်က ချီကွမ်းယိ လက်ထဲမှာ နှစ်ချက်လောက်တော့ ခံနိုင်ခဲ့တယ်……”

သူတော်စင် တစ်ဦးက တိုးညင်းစွာ ပြောသည်။

“အဲ့ဒါကတောင် ငါတို့ ခေတ်ရဲ့ အကောင်းဆုံးနဲ့ အထူးချွန်ဆုံး မှတ်တမ်းပဲ၊ ဒီ ဝူရှီ ဆိုတာကတော့ တကယ်ကို ကိုယ့်အရည်အချင်းကို အကဲမဖြတ်တတ်သူပဲ”

“ငါတော့ မြင်လိုက်ရပြီ၊ ဝူရှီ က သူတော်စင်အဆင့် ကန့်သတ်ချက်ကို ချိုးဖျက်ပြီးနေလောက်ပြီ။

သူက ဒုတိယအကြိမ်မြောက် သူတော်စင်အဆင့် ကန့်သတ်ချက်ကို ချိုးဖျက်ဖို့ ကြိုးစားနေတာ၊ တူညီတဲ့ အဆင့်အတန်းထဲမှာ သူ့ကို ပြိုင်ဘက်လုပ်နိုင်တဲ့ သူတော်စင် မရှိတော့ဘူး”

သူတော်စင် တစ်ဦး၏ မျက်နှာပေါ်တွင် သက်ပြင်းချသံ တစ်ခု ပေါ်လာသည်။

သူတော်စင်အဆင့် ကန့်သတ်ချက်ကို ချိုးဖျက်ခြင်းသည် ကိုယ့်ကိုယ်ကိုယ် အလိမ်အညာ အသုံးချ၍ မရနိုင်ဆုံးသော ကိစ္စဖြစ်သည်။

မိမိထက် အဆမတန် သာလွန်သော အကြီးအကဲများကို ဖိအားပေးခိုင်းစေလျှင်ပင် လုပ်ဆောင်ရန် ခက်ခဲသည်။

သူတော်စင်အဆင့် ကန့်သတ်ချက်ကို ချိုးဖျက်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ကျင့်ကြံခြင်း အဆင့် မကွာခြားလှသော ထိပ်တန်းအရည်အချင်းရှင်များကို ရှာဖွေပြီး မိမိကိုယ်မိမိ အသက်နှင့် သေခြင်းကြား ထိတ်လန့်စရာ အခြေအနေမျိုးတွင် ထည့်သွင်းလိုက်ခြင်းဖြစ်သည်။

ထိုသို့မှသာ အနည်းငယ်သော အခွင့်အရေးဖြင့် ရုတ်တရက် နားလည်သဘောပေါက်ကာ အတွင်းကမ္ဘာကို အသွင်ပြောင်းလဲနိုင်မည်ဖြစ်သည်။

ယခုအချိန်အထိ၊ မည်သည့် သူတော်စင်မျှ ၎င်း၏ စည်းမျဉ်းကို အရှင်းလင်းဆုံး နားလည်အောင် မလုပ်နိုင်သေးသလို၊ မည်သည့် ဖြတ်လမ်းမျှ မရှိကြောင်းကိုလည်း ဆိုလိုခြင်းဖြစ်သည်။

သေချာသည့် တစ်ခုတည်းသော စည်းမျဉ်းမှာ ‘ကိုယ့်ကိုယ်ကိုယ် လိမ်ညာ၍ မရခြင်း’ ပင် ဖြစ်သည်။

“‘ချီကွမ်းယိ က ဒီနေရာမှာ နှစ်ပေါင်းများစွာ စောင့်နေတာဟာ သူ့ကို သူတော်စင်အဆင့် ကန့်သတ်ချက် ချိုးဖျက်နိုင်စေမယ့် ပြိုင်ဘက်ကို စောင့်နေတာပဲ။

သူ့ရဲ့ လောဘကြောင့်ပဲ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဒီအဆင့်မှာတင် ပိတ်မိနေခဲ့တာ။

အဖိုးတန်တဲ့ ဒိန်ရွှမ်း အသီးတွေကို မရေမတွက်နိုင်အောင် သုံးစွဲခဲ့ပြီးပြီ။

ငါဆိုရင် သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဒိိန်ရွှမ်းအသီးတွေကြောင့် စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့်မှာတင် လုံးဝ ပိတ်မိသွားပြီး အသက်စွမ်းအင် သူတော်စင်အဆင့်ကို တက်လှမ်းဖို့ အခွင့်အရေး မရှိတော့ဘူးလို့တောင် ထင်မိတယ်……”

“ဒိိန်ရွှမ်းအသီး ခဏလေး၊ ညီမငယ်၊ မင်း အရင်ရက်က ဆရာသမားဆီကနေ ဒိိန်ရွှမ်းအသီး အစုလိုက် အပြုံလိုက် တောင်းခဲ့တာက…… အဲ့ဒါ……”

လုယေကျွင်း က မသိစိတ်ဖြင့် အနီးအနားမှ နတ်မိမယ် ယွီ ကို ကြည့်လိုက်ရာ သူ၏ မျက်လုံးထဲတွင် အံ့ဩမှုများ ပြည့်နှက်နေသည်။

“အစ်ကိုကြီး၊ ကျွန်မ တောင်းခဲ့တဲ့ ဒိိန်ရွှမ်းအသီးတွေက တကယ်တော့ ကျွန်မ နောက်မှ သူတော်စင်အဆင့် ကန့်သတ်ချက် ချိုးဖျက်တဲ့အခါ သုံးဖို့ ရည်ရွယ်ထားတာပါ။

ဒါပေမဲ့ ဝူရှီ အစ်ကို လိုအပ်နေလို့ ကျွန်မ သူ့ကို အရင် ငှားလိုက်တာပါ။

နောက်မှ သူ ပြန်ဆပ်လိမ့်မယ်”

နတ်မိမယ် ယွီ က ပြုံးလျက် ပြောသည်။

“တောက်”

လုယေကျွင်း က မကျေမနပ်နှင့် ကျိန်ဆဲလိုက်သည်။ မိမိ၏ ညီမငယ်က ဒီလို အချိန်တိုလေးအတွင်းမှာပဲ တစ်ဖက်လူနဲ့ ဒီလောက်တောင် ရင်းနှီးသွားပြီး ဒိိန်ရွှမ်းအသီး ရာပေါင်းများစွာကို အလွယ်တကူ ငှားပေးလိုက်နိုင်လိမ့်မယ်လို့ မထင်ထားမိပေ။

ညီမငယ်က သူ့လို အစ်ကိုတစ်ယောက်တောင် ဒိိန်ရွှမ်းအသီး မလောက်ငှနေတာကို မသိရှာဘူးလား။

“ပြီးသွားပြီ၊ ငါတို့ သိလိုက်ရတာ နောက်ကျသွားပြီ၊ တိုက်ပွဲကို မကြည့်နိုင်တော့ဘူး၊ ငါ့ကို စိတ်ပူရလွန်းလို့ သေတော့မှာပဲ ”

သူတော်စင် တစ်ဦးက အော်ဟစ်လိုက်သည်။

All Chapters