အခန်း (၂၄၀၃-၂၄၀၄)
Vol. 241 Ch. 2403-2404
အခန်း (၂၄၀၃) - စင်ကြယ်သော ဗောဓိသီး များ ပြတ်လပ်နေသည်
ရက်အနည်းငယ် ကြာပြီးနောက်၊ ကောင်းကင် ငါးပါးနန်းတော်
လူသားမျိုးနွယ်စု ကျောင်းတော်ရှိ တောင်တန်းအသီးသီးမှ ကျောင်းသားများမှာ ထိုနေရာတွင် စုဝေးရောက်ရှိနေကြပြီး ကောင်းကင်ငါးပါးနန်းတော် တံခါးကြီး ပွင့်လာမည့်အချိန်ကို စောင့်မျှော်နေကြသည်။
“မင်းတို့ ဘယ်လို ထင်လဲ ငါတို့ကတော့ ဒီတစ်ခါ ကောင်းကင်ငါးပါး စစ်မြေပြင် ပြီးသွားရင် သွေးရွာခန်းမ ဘက်ကို သွားပြီး အတွေ့အကြုံသစ်တွေ ရှာဖို့ လမ်းကြောင်းတစ်ခု ရှာဦးမလို့။”
“သွေးရွာခန်းမ သွားပြီး အတွေ့အကြုံ ရှာမယ် ရူးနေကြတာလား၊ အဲ့ဒီနေရာက ပုန်ကန်ထွက်ခွာလာတဲ့ သူတော်စင်တွေ စုဝေးရာ နေရာသက်သက်ပါ၊ ငါတို့ တိုက်နေရတဲ့ ကောင်းကင်ငါးပါး စစ်မြေပြင်ကပဲ မင်းတို့အတွက် မလုံလောက်သေးဘူးလား ”
“အဲ့ဒီလိုတော့ မပြောနဲ့လေ၊ ငါအရင်က ကောင်းကင်ငါးပါး စစ်မြေပြင်ကပဲ အရက်စက်ဆုံးလို့ ထင်ခဲ့တာ။ နှစ် (၁၀၀) တစ်ခါဆိုရင် (၁၀) ကြိမ် ဝင်တိုက်ရမယ်၊ အထဲမှာပဲ သေသွားနိုင်တယ်ဆိုတဲ့ စိတ်နဲ့ပေါ့။ ဒါပေမဲ့ သွေးရွာခန်းမ ဘက်မှာကျတော့ ဘယ်အချိန်မဆို သွေးချောင်းစီး တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတာ ဘယ်သူသိမှာလဲ ငါကြားရတဲ့ သတင်းအရဆိုရင်၊ ငါတို့နဲ့ အရည်အချင်းချင်း တူလောက်တဲ့ သွေးရွာခန်းမ က သူတော်စင်တွေနဲ့ ယှဉ်တိုက်ရင်တောင် သူတို့ကပဲ ပိုပြီး အနိုင်ရဖို့ ရာခိုင်နှုန်း များတယ်တဲ့။”
“စကားမပြောစမ်းနဲ့၊ ငါ မယုံဘူး ”
“ငါလည်း မယုံဘူး၊ ဒါဆိုရင် အခွင့်အရေး ရရင် တစ်ခေါက်လောက် သွားကြည့်ကြမလား ”
“အဲ့ဒါဆိုလည်း လမ်းကြောင်းတစ်ခုတော့ ရှာရဦးမှာပေါ့၊ ငါတို့ရဲ့ ကျင့်စဉ်အဆင့်နဲ့ဆို သွေးရွာခန်းမ ကို ဘယ်လိုသွားရမှာလဲ ဝေးလွန်းတယ်မလား၊ နှစ် (၁၀၀) တောင် အသွားအပြန်အတွက် မလောက်နိုင်ဘူး။”
“အဆက်အသွယ်လေး ဘာလေး ရှာပေါ့လေ။”
အရင်တုန်းက ကောင်းကင် ငါးပါးနန်းတော် ပွင့်ချိန်ဆိုလျှင် ကျောင်းသားများမှာ ကောင်းကင် ငါးပါးစစ်မြေပြင်နှင့် ပတ်သက်သည့် အကြောင်းအရာများကိုသာ အဓိကထား ဆွေးနွေးလေ့ရှိကြသည်။
ဥပမာအားဖြင့် - ဒီတစ်ခါ ဘယ်သူက အဆင့်တက်နိုင်မလဲ။ သို့မဟုတ် - နေမင်းခုနှစ်ပါး ခန်းမထဲမှာ ဘယ်သူနဲ့ ဘယ်သူ ရန်ငြိုးဖွဲ့လိုက်ပြန်ပြီလဲ။ သို့မဟုတ် ဖန့်ချန် ဒီတစ်ခါ (၁၀) ပွဲဆက်တိုက် အနိုင်ရနိုင်ပါ့မလား ဆိုသည်တို့ ဖြစ်သည်။
သို့သော် မငြိမ်သက်သော ဒေသ အကြောင်း သတင်းများ ပျံ့နှံ့သွားပြီးနောက်တွင်မူ၊ လူသားမျိုးနွယ်စု ကျောင်းတော် တစ်ခုတည်းသာမကဘဲ ရွှေဟွေး အကယ်ဒမီ တစ်ခုလုံး၊ နေမင်းခုနှစ်ပါး ကျောင်းတော် များအားလုံးတွင် သွေးရွာခန်းမ အကြောင်းကိုသာ အသံတိတ် ဆွေးနွေးနေကြတော့သည်။
“ညီကို ချိုင် ဖန့်ချန် လိုမျိုး အရည်အချင်းရှိတဲ့သူ သွေးရွာခန်းမ သွားရင် စွမ်းအင်စုစည်းခြင်း အလယ်အဆင့်မှာ နံပါတ် (၁) နေရာကို လုယူပြီး ထိုင်နိုင်မလားလို့ မင်းထင်သလဲ ”
လုကျိုးဝမ် က စပ်စုလိုက်သည်။
ချိုင်စစ်ရှို့ မှာ အနည်းငယ် အံ့ဩသွားပြီး အနီးအနားရှိ ဒီဂျွန်း တောင် မှ ကျောင်းသားများမှာလည်း ကြောင်သွားကြသည်။ ကျောင်းသား တစ်ဦးက တွေးတောရင်း ပြောသည်။
“သွေးရွာခန်းမ ရဲ့ စွမ်းအင်စုစည်းခြင်း အလယ်အဆင့် နံပါတ် (၁) သူတော်စင် ဆိုတာ အဲ့ဒီ ‘ဝူရှီ’ မဟုတ်ဘူးလား ငါမှတ်မိသလောက်တော့ ကောင်းကင်ငါးပါးက သူတော်စင် တစ်ယောက်က သူက ဖန့် အတန်းဖော်ပဲလို့ ပြောသွားတာလေ။”
“အဲ့ဒီလို ကောလာဟလတွေက ကြားရုံတင်ပါပဲ၊ ဖန့် အတန်းဖော် ဖြစ်ဖို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။”
လုကျိုးဝမ် က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။
“မင်းတို့ သိလား၊ အဲ့ဒီ ‘ဝူရှီ’ က ချီထျန် မျိုးနွယ်စုက ချီကွမ်းယိ ကို အနိုင်ယူသွားတယ်လေ။ သူက စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့်ရဲ့ ထိပ်တန်းနေရာမှာ နှစ်ပေါင်းများစွာ တည်ရှိနေတဲ့ မဟာမျိုးနွယ်စုက သားသမီး တစ်ယောက်လေ ”
ချိုင်စစ်ရှို့ က ခေါင်းကို အသာအယာ ညိတ်လိုက်သည်။
“မင်းတို့က ချီကွမ်းယိ ရဲ့ အကြောင်းကို သေချာ သွားဖတ်ကြည့်မှပဲ အခုလက်ရှိ သွေးရွာခန်းမ ရဲ့ စွမ်းအင်စုစည်းခြင်း အလယ်အဆင့် နံပါတ် (၁) ရဲ့ တန်ဖိုးကို သိမှာ။ သူက သေချာပေါက်... နေမင်း ခုနှစ်ပါးခန်းမ ရဲ့ စွမ်းအင်စုစည်းခြင်း အလယ်အဆင့် နံပါတ် (၁) ဖြစ်တဲ့ ဖန့်ကျီီီး ထက်တောင် သာလွန်နေမှာပဲ။ ဘာလို့လဲဆိုတော့ ဖန့်ကျီး ကိုယ်တိုင်လည်း ဒီတစ်ခါမှာ ‘ဝူရှီ’ လက်ချက်နဲ့ သေသွားလို့လေ။”
လူအများ တိတ်ဆိတ်သွားကြသည်။
သူတို့ သွေးရွာခန်းမ သို့ သွားချင်သည့် စိတ်ကူး ပေါက်လာရခြင်းမှာ နေမင်းခုနှစ်ပါး ကျောင်းသားများပင်လျှင် သွေးရွာခန်းမ ဘက်သို့ သွားရောက် လေ့ကျင့်နေကြသည်ကို သိလိုက်ရ၍ ဖြစ်သည်။ သူတို့ကရော ဘာလို့ မရရမှာလဲ နေမင်းခုနှစ်ပါး ကျောင်းသားတွေတောင် အားကျရတဲ့ နေရာဆိုတော့ အကျိုးအမြတ် တစ်ခုခုတော့ ရှိမှာ သေချာသည်။
“ဖန့် အတန်းဖော် က အရမ်းတော်တာ အမှန်ပါပဲ၊ ဒါပေမဲ့... ဘယ်လိုပြောရမလဲ... အဲ့ဒီ ‘ဝူရှီ’ နဲ့ ယှဉ်လိုက်ရင်တော့ နည်းနည်းလေး လိုနေသေးသလိုပဲ။”
ချိုင်စစ်ရှို့ က တွေးတောရင်း ပြောလိုက်သည်။
ထိုအချိန်တွင် တစ်စုံတစ်ယောက်က လှမ်းအော်လိုက်သည်။
“ဖန့် အတန်းဖော် ရောက်လာပြီ၊ ဒီတစ်ခါ ကရုဏာတောင် က လူတွေ ဘာလို့ အဲ့လောက် အများကြီး ပါလာတာလဲ ဖန့် အတန်းဖော် ကို ကောင်းကင်ငါးပါး စစ်မြေပြင်ထဲ ပို့ဖို့ လိုက်လာကြတာလား ”
လူတိုင်း၏ အကြည့်များမှာ ဖန့်ချန် တို့အဖွဲ့ဆီသို့ တစ်ပြိုင်နက်တည်း ရောက်သွားကြသည်။
ဖန့်ချန် တစ်ယောက်တည်းတင် မဟုတ်ဘဲ နောက်ကနေ နောက်ထပ် လူ (၈) ယောက်၊ (၉) ယောက်ခန့် ပါလာသည်ကို တွေ့လိုက်ရသည်။ ကျောင်းတော်ရှိ ဆရာများ၏ မျက်လုံးထဲတွင်လည်း အံ့ဩမှုများ ပေါ်လာသည်။
ထိုအချိန်တွင် ‘ဝေလျန်ယွမ်’ နှင့် ‘ဝေကွမ်းရှောက်’ တို့က ‘ကျန်းတောက်ယွဲ့’ ရှေ့တိုးလာသည်ကို မြင်လိုက်ရသည်။ ရှိနေသည့် ဆရာများအားလုံးမှာ ကျန်းတောက်ယွဲ့ ထံမှ ကမ္ဘာကြီး သူတော်စင် အဆင့်မှသာ ရရှိနိုင်သည့် အငွေ့အသက်ကို ခံစားလိုက်ရသည်။
“မင်းက အဆင့်တက်သွားတာလား”
ဝေကွမ်းရှောက် ၏ မျက်နှာမှာ ထူးဆန်းသွားသည်။ ကျိုကျိ တောင် မှ ရွှေရှင်း လည်း အံ့ဩလွန်း၍ မျက်လုံးပြူးသွားသည်။ အားလုံးက ထိပ်တန်းကျောင်းသား အဆင့်ချင်း တူတူပဲ၊ ကျန်းတောက်ယွဲ့ က ဘယ်အချိန်က တိတ်တိတ်ကလေး အဆင့်တက်သွားတာလဲ။
“ဆရာတို့ ခင်ဗျား၊ ဆရာ ရှူရှန့် က အနားယူသွားပြီ ဖြစ်တဲ့အတွက်၊ ကျွန်တော်က အရည်အချင်း မရှိပေမဲ့ ဆရာ့ရဲ့ နေရာကို အစားထိုး တာဝန်ယူလိုက်ပါပြီ။ နောက်ပိုင်း ကရုဏာတောင် ရဲ့ ကျောင်းသားတွေကို ကျွန်တော်ကပဲ ကြီးကြပ်သွားမှာပါ။”
ကျန်းတောက်ယွဲ့ က ပြုံးရွှင်စွာဖြင့် လက်ယှက် နှုတ်ဆက်လိုက်သည်။
ဆရာများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ထူးဆန်းသော အမူအရာများ ဖြစ်သွားကြသည်။ တစ်ခုခုတော့ လွဲနေသလိုပဲ။ ထိုအချိန်တွင် ကောင်းကင် ငါးပါးနန်းတော် တံခါးကြီးမှာ ဖြည်းညင်းစွာ ပွင့်လာသည်။
“သွားကြစို့။”
ဖန့်ချန် က လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ပြီး ဝမ်ချုံစန်း တို့ကို ခေါ်ဆောင်ကာ ကောင်းကင်ငါးပါးနန်းတော် ထဲသို့ တန်းပြီး ပျံသန်းဝင်ရောက်သွားသည်။
ဝင်ဖို့ ပြင်နေကြတဲ့ တခြားသူတော်စင်များမှာ ကြောင်အနေကြသည်။
“ဟင် ဝမ် အစ်ကိုကြီး တို့လည်း ဒီတစ်ခါ ကောင်းကင်ငါးပါး စစ်မြေပြင်ထဲ ဝင်မှာလား”
‘ဖန်ကျစ်ရွှယ်’ က အခုမှ ရောက်လာပြီး ဤမြင်ကွင်းကို မြင်လိုက်ရ၍ တွေးနေမည့်အစား သူမလည်း အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင် ငါးပါးနန်းတော် ထဲသို့ ဝင်သွားတော့သည်။
“ဟို... ငါခုနက မြင်တာ မှန်ရဲ့လား ”
လုကျိုးဝမ် က ချိုင်စစ်ရှို့ ကို ကြည့်ပြီး ကြောင်တောင်တောင် မေးလိုက်သည်။
“မင်းမြင်တာ မှန်တယ်၊ ငါလည်း မြင်တယ်၊ သူတို့အားလုံး အထဲဝင်သွားကြပြီ။”
ချိုင်စစ်ရှို့ ၏ မျက်နှာမှာ တည်တင်းသွားသည်။ သူတို့နှစ်ယောက်လုံးက ကရုဏာတောင် ကနေ ဆင်းလာကြသူတွေ ဖြစ်လို့ ကရုဏာတောင် က ကောင်းကင်ငါးပါး စစ်မြေပြင်ကို ဘယ်လောက်တောင် အားမပေးဘူးလဲ ဆိုတာ ကောင်းကောင်း သိသည်။ အဲ့ဒီလိုမျိုး မဖြစ်လို့သာ သူတို့က ဒီဂျွန်း တောင် ကို ပြောင်းပြီး ဝင်ခဲ့ကြတာ။ ဒါပေမဲ့ ဒီတစ်ခါ ဘာတွေ ဖြစ်သွားတာလဲ ဘာလို့ ကရုဏာတောင် က ကျောင်းသားတွေက ကောင်းကင်ငါးပါး စစ်မြေပြင်ထဲ ဝင်ဖို့ ဆုံးဖြတ်လိုက်ကြတာလဲ။
သူတို့က ရွှီရှန် ကို ရှာကြည့်ပေမဲ့ မတွေ့လိုက်ရဘဲ ကျန်းတောက်ယွဲ့ နှင့် ဝေကွမ်းရှောက် တို့ စကားပြောနေသည်ကိုပဲ တွေ့လိုက်ရသည်။
ကျိုကျိ တောင် က ရွှမ်ပုထုံ လည်း တွေးတောရင်း ကျန်ရစ်ခဲ့သည်။
နောက်ဆုံးတွင် တစ်စုံတစ်ယောက်က သတိပေးလိုက်မှသာ သူလည်း ကောင်းကင် ငါးပါးနန်းတော် ဆီသို့ လျှောက်သွားလိုက်သည်။ ကရုဏာတောင် က ကျောင်းသားတွေ အစုလိုက်အပြုံလိုက် ဝင်သွားတာကို ကြည့်ပြီး လူတိုင်း အံ့ဩနေကြသလို စပ်စုစိတ်လည်း ဖြစ်ပေါ်လာသည်။
ဖန့်ချန် က တစ်ယောက်ပဲ ရှိတာလေ၊ ကျန်တဲ့သူတွေက ဖန့်ချန် မှ မဟုတ်တာ။ အရင်ပုံစံအတိုင်းဆိုရင် သူတို့က လူနဲ့ ယှဉ်တိုက်တာ နည်းတဲ့အတွက် ဒီတစ်ခါ စစ်မြေပြင်ထဲမှာ အရိုက်ခံရဖို့ များပါတယ် ဟု တစ်ယောက်က တိုးတိုးလေး ပြောလိုက်ရာ အများစုကလည်း ထောက်ခံကြသည်။
ကောင်းကင်ငါးပါးနန်းတော် အတွင်း၌။
ဖန်ကျစ်ရွှယ် က ကရုဏာတောင် ရဲ့ သွန်သင်မှု ပုံစံတွေက (၃၆၀) ဒီဂရီ အကြီးအကျယ် ပြောင်းလဲသွားပြီ ဆိုတာကို သိလိုက်ရတဲ့အခါ အံ့ဩမိသလို အင်မတန်လည်း ဝမ်းသာသွားသည်။ ဒီလိုဆိုရင်တော့ နောက်ပိုင်း ကောင်းကင်ငါးပါး စစ်မြေပြင်မှာ သူတို့ အမြဲလိုလို တွေ့ဆုံနိုင်တော့မည် ဖြစ်သည်။
“ဖန် အစ်ကိုကြီး၊ ကျွန်တော်တို့ သွားတော့မယ်နော်”
ဝမ်ချုံစန်း တို့အဖွဲ့က လက်ယှက် နှုတ်ဆက်ကြသည်။
“သွားကြ၊ ဆရာ့ကိုတော့ ရှက်အောင် မလုပ်ကြနဲ့။”
ဖန့်ချန် က ပြုံးရင်း ပြောလိုက်သည်။ လူတိုင်း၏ မျက်လုံးများတွင် လေးနက်သော အမူအရာများ ပေါ်လာပြီး ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်ကာ တိုက်ပွဲဝင်ဇုန် ထဲသို့ တစ်ဦးပြီးတစ်ဦး ဝင်ရောက်သွားကြသည်။
ဖန့်ချန် ကတော့ ဖန်ကျစ်ရွှယ် နှင့်အတူ နေမင်း ခုနှစ်ပါး ခန်းမ ထဲသို့ ဝင်လိုက်သည်။
ကျယ်ဝန်းလှသော စင်မြင့်ထက်တွင် နေမင်း ခုနှစ်ပါး ကျောင်းသားများမှာ အုပ်စုလိုက် ရပ်နေကြပြီး သွေးရွာခန်းမ ဘက်က ဖြစ်ရပ်အကြောင်းကို တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။ အထူးသဖြင့် စွမ်းအင်စုစည်းခြင်း အလယ်အဆင့် ကျောင်းသားများမှာ အလွန်ပင် စိုးရိမ်နေကြသည်။ ဘာလို့လဲဆိုတော့ ဒီတစ်ခါ သွေးရွာခန်းမ အဖြစ်အပျက်မှာ နံပါတ် (၁) ဖြစ်တဲ့ ဖန့်ကျီးကိုယ်တိုင်က ‘ဝူရှီ’ ရဲ့ နောက်ခံ ဇာတ်ပို့အဖြစ်သာ ဖြစ်သွားလို့ပဲ။
သူတို့ ဒါကို ရှက်စရာလို့ ထင်မိပြီး နေမင်းခုနှစ်ပါး ခန်းမ က အသာစီး မရတော့ဘူးလို့ ခံစားနေကြရသည်။ ဒါပေမဲ့ ဝူရှီ ကလည်း နေမင်းခုနှစ်ပါး ကျောင်းသား ဖြစ်နိုင်သေးတယ် ဆိုတဲ့ မျှော်လင့်ချက်လေး ရှိနေလို့သာ စိတ်သက်သာရာ ရနေကြခြင်း ဖြစ်သည်။
“ဖန့်ချန် ရောက်လာပြီ။”
စွမ်းအင်စုစည်းခြင်း အလယ်အဆင့် သူတော်စင် တစ်ဦးက တိုးတိုးလေး ပြောလိုက်သည်။ တိုးတိုးတိတ်တိတ် စကားပြောနေသံများ ရပ်တန့်သွားသည်။ အထူးသဖြင့် အဆင့် (၆၀) နေရာမှာ ရှိသူ၏ မျက်နှာမှာ အလွန်ကို ကြည့်မကောင်း ဖြစ်နေသည်။
ထိုအချိန်တွင် ဟင်းလင်းပြင်ထဲမှ ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။
“စင်ကြယ်သော ဗောဓိသီးများ ပြတ်လပ်နေသဖြင့်၊ နောက် နှစ် (၅) သောင်း အတွင်း နေမင်းခုနှစ်ပါး ခန်းမတွင် စင်ကြယ်သော ဗောဓိသီး များဖြင့် ဆုလာဘ် ချီးမြှင့်ခြင်းကို ခေတ္တ ရပ်ဆိုင်းထားမည်။”
ကောင်းကင်ငါးပါး စစ်ဆေးရေးမှူး ၏ အသံမှာ နေမင်းခုနှစ်ပါး ခန်းမ တစ်ခုလုံး၊ တိုက်ပွဲဝင်ဇုန် အသီးသီးသို့ ပျံ့နှံ့သွားတော့သည်။
အခန်း (၂၄၀၄) - မင်းက မင်းအဖေကို ရယ်နေတာလား
ဖန့်ချန် တစ်ယောက် ကြက်သေသေသွားသည်။
နှစ် (၅) သောင်းအတွင်း စင်ကြယ်သော ဗောဓိသီးများ ဆုလာဘ်အဖြစ် မပေးတော့ဘူးလား။
သူ့ရဲ့ သိုးမွေးနှုတ်တဲ့ (အကျိုးအမြတ်ရှာတဲ့) လုပ်ငန်းစဉ်ကြီး ဒီမှာတင် အဆုံးသတ်ရတော့မှာလား။
နေမင်းခုနှစ်ပါး ခန်းမရှိ ကျောင်းသားများမှာ အံ့ဩတကြီး ဖြစ်သွားကြပြီး ဖန့်ချန် ဘက်သို့ အလိုအလျောက် ငေးကြည့်လိုက်ကြသည်။ သူတို့က အရူးမှ မဟုတ်တာ၊ ဒီစည်းကမ်း အပြောင်းအလဲက ဘယ်သူ့ကို ရည်ရွယ်ပြီး ပြောင်းလိုက်တာလဲ ဆိုတာကို ဘယ်သူမသိဘဲ ရှိမလဲ။
ဒီနှစ်တွေအတွင်းမှာ ဒီလူကပဲ နေမင်းခုနှစ်ပါး ခန်းမရဲ့ ဆုလာဘ် စင်ကြယ်သော ဗောဓိသီးတွေကို အမြဲတမ်း ယူနေခဲ့တာ ဖြစ်သည်။ တခြား သူတော်စင်တွေကတော့ တစ်ခါတစ်ရံမှသာ ရဖူးကြပြီး နေမင်းခုနှစ်ပါး ခန်းမ အပေါ် ဘာမှ သက်ရောက်မှု မရှိပေ။
“ဟားဟားဟား၊ ကောင်းကင်ငါးပါး စစ်ဆေးရေးမှူး အနေနဲ့ ဒီလိုမျိုး ဆုံးဖြတ်ချက်ကို ရှေးကတည်းကချမှတ်သင့်နေတာ ကြာပြီ ”
စီကုပေ့ က ဖန့်ချန် ကို လက်ညှိုးထိုးပြီး အားရပါးရ ရယ်မောလိုက်သည်။
“ဒီနှစ်တွေအတွင်း ဒီကောင်လေး ဆီကနေ စင်ကြယ်သော ဗောဓိသီး ဘယ်လောက်တောင် အလကား ရသွားပြီလဲ။ သူ့ကို စင်ကြယ်သော ဗောဓိသီး ပေးတာဟာ အလကား အချိန်ဖြုန်းနေတာနဲ့ အတူတူပဲ။”
ထိုစကားကို ထောက်ခံသည့် အသံများစွာ ထွက်ပေါ်လာသည်။ ရှန်ရှိုယွမ်၊ ရင်တန့်၊ ဖူယွင်ဖေး နှင့်ဆွေ့ထျန်ဟွမ်၊ တန်ခယ်ရွှမ်၊ ချင်ဟောက်ယွီ စသည့် ဖန့်ချန်နှင့် ယခင်က အဆက်အသွယ် ရှိခဲ့ဖူးသော သူများမှာလည်း ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေကြသည်။
“ထားလိုက်ပါတော့၊ ဒီနှစ်တွေအတွင်း နှုတ်ယူခဲ့ရတဲ့ သိုးမွေးတွေကလည်း လုံလောက်နေပါပြီ။ လူဆိုတာ… လောဘ အရမ်းကြီးလို့ မဖြစ်ဘူးလေ။”
ဖန့်ချန် စိတ်ထဲကနေ သက်ပြင်းချလိုက်ပြီးနောက် စီကုပေ့ ဘက်သို့ လှည့်ကြည့်လိုက်သည်။
“စီကုပေ့၊ လွန်ခဲ့တဲ့ နှစ်တွေက မင်း လူတစ်ယောက်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတယ်လို့ ငါ ကြားမိတယ်။ မင်း သေသွားပြီလို့တောင် ထင်ခဲ့တာ၊ မင်း အခုထိ အသက်ရှင်နေပါသေးလား။”
ထိုစကားထွက်လာသည်နှင့် စီကုပေ့၏ မျက်နှာပေါ်က အပြုံးမှာ ချက်ချင်း ရပ်တန့်သွားသည်။ စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့် ကျောင်းသားများထဲတွင် ချီထျန် မျိုးနွယ်စုဝင်များစွာ ရှိကြပြီး၊ ထိုသူများမှာ ထိုနှစ်က စီကုပေ့ မည်မျှ အခြေအနေ ဆိုးရွားခဲ့သည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသူများ ဖြစ်ကြသည်။ ထိုစကားသည် သူတို့၏ မှတ်ဉာဏ်များကို ထိုနှစ်က နွေဦးရာသီသို့ ချက်ချင်း ပြန်လည် ဆွဲခေါ်သွားသလို ဖြစ်သွားသည်။
“ဟွန်း…”
တန်ခယ်ရွှမ် က မနေနိုင်ဘဲ ရယ်မောလိုက်သည်။ စီကုပေ့ က တန်ခယ်ရွှမ် ဆီသို့ မျက်လုံးများ နီရဲကာ ကြမ်းတမ်းစွာ ကြည့်လိုက်သည်။
“ငါ့ကို ကြည့်နေတာ ဘာလုပ်မလို့လဲ။”
တန်ခယ်ရွှမ် က အေးဆေးစွာ ပြောသည်။
စီကုပေ့ မှာ စက္ကန့်အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် ဖန့်ချန် ဘက်သို့ ဖြည်းညင်းစွာ လှည့်ကြည့်လာသည်။ သူ၏ မျက်လုံးများထဲတွင် အေးစက်သော အရောင်များ ထွက်ပေါ်နေသည်။
“နှမြောစရာပဲ၊ မင်းက စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့်မှ မဟုတ်တာ။ မဟုတ်ရင်တော့ ဒီတစ်ခါ မင်းကို မတရားမှုတွေ များရင် ကိုယ့်အကျိုး ဆိုးကျိုး ပြန်ခံစားရတတ်တယ် ဆိုတာကို ငါ သိအောင် လုပ်ပေးမှာ။”
“ငါ အခုချက်ချင်းပဲ စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့်ကို တက်တော့မှာ။”
ဖန့်ချန် က ပြုံးရင်း ပြောသည်။
စကားပြောနေရင်းပင် သူ၏ ခန္ဓာကိုယ်မှ စွမ်းအင်များမှာ ရုတ်တရက် အဆက်မပြတ် တက်ကြွလာသည်။ နောက်ကွယ်မှ အတွင်းနယ်မြေ မှာ ဖြည်းညင်းစွာ ပေါ်ထွက်လာပြီး အလွန်အားကောင်းသော စွမ်းအင်တစ်ခု အသင့် ဖြစ်နေသလိုပင်။
နောက်တစ်ခဏတွင်၊ ထိုစွမ်းအင်များမှာ ချက်ချင်း ပေါက်ကွဲထွက်လာသည်။ ဖန့်ချန်၏ စွမ်းအင် အရှိန်အဝါများမှာ အဆပေါင်းများစွာ တိုးတက်သွားသည်။
“ဖန့် အစ်ကိုကြီး က အရင်ကတည်းက စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့်ကို တက်နိုင်နေတာကိုး…”
ဖန့်ကျစ်ရွှယ် မှာ သဘောပေါက်သွားသည်။ ဖန့်ရှောင်ထျန် နှင့် ဖန့်ရှောင်ပန်း တို့မှာလည်း ဤမြင်ကွင်းကို ကြည့်ရင်း ဝမ်းသာအားရ ဖြစ်နေကြသည်။ ယူဝမ်ရှန်၊ ထိုက်ဟောက်ကျုံး တို့ကဲ့သို့သော သူများမှာလည်း စိတ်ထဲမှ တုန်လှုပ်နေကြသည်။
ဒီလူသား နောက်ဆုံးတော့ စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့်ကို ရောက်သွားပြီပေါ့။
နေရာတွင် ရှိနေသော စွမ်းအင်စုစည်းခြင်း အလယ်အဆင့် ကျောင်းသားများ၊ အထူးသဖြင့် အဆင့် (၆၀) နေရာက သူတော်စင်မှာ မျက်နှာမှာ အလွန်ပင် ပျော်ရွှင်နေပုံ ပေါ်သည်။ သူက ပျော်ရွှင်စွာ ပြောလိုက်သည်။
“ဖန့်ညီကို စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့်ကို ရောက်တဲ့အတွက် ဂုဏ်ယူပါတယ်”
“ဟုတ်တယ်၊ ဂုဏ်ယူပါတယ် ဖန်ညီကို”
စွမ်းအင်စုစည်းခြင်း အလယ်အဆင့် ကျောင်းသားများမှာ တစ်ဦးပြီးတစ်ဦး လက်ယှက် နှုတ်ဆက်ကြသည်။ ထိုအချိန်တွင် ပြင်းထန်စွာ တက်လာသော စွမ်းအင်များမှာ တဖြည်းဖြည်း ငြိမ်သက်သွားပြီး ဖန့်ချန်၏ ခန္ဓာကိုယ် အတွင်းသို့ အကုန် ဝင်ရောက်သွားသည်။ အတွင်းနယ်မြေမှာလည်း ဟင်းလင်းပြင်ထဲမှ ပျောက်ကွယ်သွားသည်။
စီကုပေ့ မှာ မျက်လုံးကို အနည်းငယ်မှိတ်ပြီး ဤမြင်ကွင်းကို ကြည့်ပြီးနောက် ရုတ်တရက် အေးစက်စက် လှောင်ပြောင်လိုက်သည်။
“စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့် တက်သွားတာနဲ့ ဘာဖြစ်လဲ။ မင်းနဲ့ ငါနဲ့ တိုက်ခိုက်ရမယ့် အခွင့်အရေးကို မြန်မြန် ရစေချင်လိုက်တာ၊ စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့်ရဲ့ ကောင်းကင်အရှင် ဆက်ခံသူ တစ်ယောက်မှာ ဘယ်လို နည်းလမ်းတွေ ရှိလဲဆိုတာ မင်းကို ငါ ပြပေးမယ်။”
“စီကုပေ့ သူက ‘ဝူရှီ’ ဖြစ်နေမှာကို မင်း မစိုးရိမ်ဘူးလား။ ငါ့ညီဝမ်းကွဲ ပြောပြတာတော့ ‘ဝူရှီ’ ဆိုတာ ဖန့်ချန် ဖြစ်ဖို့ အလားအလာ အရမ်းများတယ်တဲ့။”
ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာပြီး လူတစ်ယောက် ထွက်လာကာ စီကုပေ့ ကို ပြုံးပြီး ပြောလိုက်သည်။
ထိုစကားသံကြောင့် နေရာတစ်ခုလုံးမှာ ချက်ချင်း တိတ်ဆိတ်သွားသည်။ ‘ဝမ်ဟို’ မှာ စွမ်းအင်စုစည်းခြင်း အလယ်အဆင့် ကျောင်းသားများကြားတွင် ရပ်နေရင်း ဖန့်ချန်ကို စိုက်ကြည့်နေသည်။ ဆွေ့ထျန်ဟွမ် မှာလည်း အနီးနားက ဆွေ့ချင်းတုန်း ကို အလိုအလျောက် လှည့်ကြည့်လိုက်သည်။ ရှန်ရှိုယွမ် လည်း ရင်တန့် နှင့် ဖူယွင်ဖေး ကို ကြည့်လိုက်ရာ သူတို့အားလုံး၏ မျက်လုံးထဲတွင် နက်နဲသော အတွေးများ ရှိနေကြသည်။
ခဏအကြာတွင် စီကုပေ့ က ရုတ်တရက် တဟားဟားတိုက်ပြီး ရယ်မောလိုက်သည်။
“ဖန်ရွှေ၊ မင်း နောက်နေတာလား။ သူက ဝူရှီဟုတ်လား ဟားဟားဟား၊ မင်းရဲ့ ညီဝမ်းကွဲ ဖန်ကျီးက သွေးရွာခန်းမမှာ သေသွားလို့ မင်း ရူးသွားတာလား။”
ဖန့်ချန် က ဖန်ရွှေ ကို တစ်ချက် ကြည့်လိုက်သည်။ မထူးဆန်းစွာပင် ဒီလူမှာ လက်ရှစ်ဖက် နတ်ဘုရား ရှိသူ ၏ ဖြစ်နေလိမ့်မည်။ ဖန်ရွှေ က ဖန့်ချန် ကို ဖော်ရွေစွာ ပြုံးပြပြီးနောက် စီကုပေ့ ဘက်သို့ လှည့်လိုက်သည်။
“မင်းက မင်းအဖေကို ရယ်နေတာလား။ မင်းကို ငါ အရင်ကတည်းက မုန်းနေတာ။ မင်း ချီထျန် ကြီးမားသော ကျောက်စာမှတ်တမ်း ကို ဘယ်လို နားလည်အောင် လုပ်ခဲ့လဲဆိုတာ ငါ မသိဘူး ထင်နေတာလား။ မင်းက အရင်ကဆို အသုံးမကျတဲ့ အမှိုက်တစ်ရုပ်ပဲ။ အဆင့်ကလည်း (၉၀) နဲ့ (၁၀၀) ကြားမှာပဲ လည်ပတ်နေတာ။
မင်းရဲ့ ဆရာ စီခိုကျင်းဟွာ က မင်းတို့ မျိုးနွယ်စုရဲ့ စည်းကမ်းကို ဖောက်ဖျက်ပြီး မင်းကို ချီထျန် မျိုးနွယ်စုရဲ့ ဘိုးဘေးမြေမှာ သွားလေ့ကျင့်ခိုင်းလို့သာ အခုလို မင်း မျက်နှာရနေတာ မဟုတ်လား။
ဒီမှာရှိတဲ့ ချီထျန် မျိုးနွယ်စုတွေ ဒီကို လာကြည့်ကြစမ်း၊ အရင်တုန်းက သူတို့က မင်းထက် ပါရမီ ပိုပါတယ်၊ အဆင့်လည်း ပိုမြင့်တယ်၊ ဦးနှောက်လည်း ပိုကောင်းတယ်။ ဘာလို့ အခုကျမှ မင်းတစ်ယောက်တည်းကပဲ အဲ့ဒီ မှတ်တမ်းကို နားလည်သွားရတာလဲ။”
ထိုစကားကြောင့် ချီထျန် မျိုးနွယ်စု ကျောင်းသားများမှာ မျက်နှာပျက်သွားကြသည်။ ဖန်ရွှေ သတိပေးစရာ မလိုဘဲ သူတို့ ဒီကိစ္စကို အရင်ကတည်းက အလွန် စိတ်ပျက်နေကြတာ ဖြစ်သည်။ ဘာလို့ ဒီလို အခွင့်အရေးမျိုးက စီကုပေ့ ဆီ ရောက်သွားရတာလဲ။
အလွန် မမျှတဘူး
စီကုပေ့ မှာ ဤကိစ္စ ပျံ့နှံ့နေလိမ့်မည်ဟု မထင်ထားခဲ့ဘဲ ယနေ့ လူကြားထဲမှာ ဖန်ရွှေက ထုတ်ပြောလိုက်၍ ဒေါသထွက်ပြီး မျက်နှာမှာ ပြာနှမ်းသွားသည်။
“ဘာလဲ၊ စကားမပြောနိုင်တော့ဘူးလား။ မင်းကို ငါ ပြောမယ်၊ သိပ်ပြီး မောက်မာမနေနဲ့။ သိပ်မောက်မာရင် နောက်ဆုံးမှာ ကိုယ်ပဲ ခံရလိမ့်မယ်။”
ဖန်ရွှေ က လှောင်ပြောင်လိုက်သည်။
“မင်း ငါ့ကို ပြောတာလား”
စီကုပေ့ မှာ တစ်ခုခုကို သတိရသွားပြီး ဒေါသထွက်လွန်း၍ ရယ်မောလိုက်သည်။
“ဟားဟားဟား၊ ငါ ကြားထားတာကတော့ မင်း သွေးရွာခန်းမ ဘက်မှာ ‘ဝူရှီ’ ရှေ့ ဒူးထောက်ခဲ့တယ်ဆိုပဲ”
“…”
စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့် သူတော်စင်များမှာ ဖန်ရွှေ ကို အနည်းငယ် ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
“ခြေချော်သွားတာပါ။ ဒါပေမဲ့ ငါ ဒူးထောက်ရင်ကော ဘာဖြစ်လဲ။ မင်းတို့ ချီထျန် မျိုးနွယ်စုရဲ့ ချီကွမ်းယိ တောင်မှ ဝူရှီ အကိုကြီး လက်ချက်နဲ့ ရှုံးသွားတာပဲ။ ငါ သူ့ကို ဒူးတစ်ခါလောက် ထောက်လိုက်တာ မထူးဆန်းပါဘူး၊ ဟုတ်တယ်မလား။”
ဖန်ရွှေ က တည်ငြိမ်စွာပင် ပြောသည်။
“…”
ချီကွမ်းယိ ရှုံးနိမ့်သွားသည်ကို ကြားလိုက်ရချိန်တွင် ချီထျန် မျိုးနွယ်စုများမှာ ရှုပ်ထွေးနေကြသည်။ သူတို့က ချီကွမ်းယိ သေစေချင်သလို၊ တခြားသူ လက်ချက်နဲ့ ရှုံးတာကိုလည်း မလိုချင်ကြပါ၊ အဲ့ဒါက ချီထျန် မျိုးနွယ်စုကို အရှက်ရစေလို့ပါ။
“မင်းရဲ့ ညီဝမ်းကွဲက ဝူရှီ လက်ချက်နဲ့ သေတာ၊ မင်းက သူ့ကို ဒူးထောက်ပေးတယ်၊ မင်းမှာ ရှက်တတ်တဲ့ စိတ်ရော ရှိသေးလား ”
စီကုပေ့ က မယုံနိုင်စွာ ကြည့်သည်။
“ငါ့မျက်နှာက ဒီမှာ ရှိနေတာပဲ၊ မင်းမှာ စွမ်းရည်ရှိရင် ခွာကြည့်လေ”
ဖန်ရွှေ က လှောင်ပြောင်သည်။
“မင်းက အခုမှ တက်လာတဲ့ ကောင်းကင်အရှင် ဆက်ခံသူပဲ၊ ချီထျန် မှတ်တမ်းရဲ့ စွမ်းအားကိုရော နားလည်အောင် လုပ်ပြီးပြီလား။ ငါနဲ့ တိုက်ချင်တာလား ငါ့ ပါးစပ်နဲ့ မင်းကို တစ်ကိုက်တည်း ဝါးစားပစ်လိုက်ရမလား။”
စီကုပေ့ မှာ တိတ်ဆိတ်သွားပြီး သူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှု အနည်းငယ် ပေါ်လာသည်။ လောဘကြီးသော နတ်ဆိုးမျိုးနွယ်စု သည် အမှန်တကယ်ပင် ထူးခြားသော တည်ရှိမှု တစ်ခုဖြစ်သည်။ အရေအတွက် မများသော်လည်း နေမင်းခုနှစ်ပါး ခန်းမရှိ လောဘကြီးသော နတ်ဆိုးမျိုးနွယ်စုတိုင်းကို သူတော်စင်များက သတိထား၍ ဆက်ဆံကြသည်။ ဟွမ်ချွမ် တွင်းနက် ဆိုသည့် နည်းလမ်းမှာ တားမြစ်ထားသော စွမ်းအားတစ်ခု ဖြစ်သည်။
သူတို့အပေါ် အသုံးမပြုရန် တားမြစ်ထားသော်လည်း၊ သူတို့ အရင်က ဘယ်လို အတွင်းနယ်မြေမျိုးကို ဝါးမြိုခဲ့လဲ ဆိုတာ ဘယ်သူမှ မသိနိုင်ပေ။ ဖန်ကျီး တစ်ယောက် စွမ်းအင်စုစည်းခြင်း အလယ်အဆင့်မှာ ခိုင်မြဲစွာ ရပ်တည်နိုင်ခဲ့ခြင်းကပင် လောဘကြီးသော နတ်ဆိုးမျိုးနွယ်စု၏ စွမ်းအားကို သက်သေပြနေသည်။
“ငါ မင်းနဲ့ စကားမပြောတော့ဘူး၊ နောက်ကျရင် မင်းနဲ့ တိုက်ရမယ့် အခွင့်အရေး ရလာမှာပါ။”
စီကုပေ့ က အေးစက်စွာ ပြောသည်။
ပြီးနောက် သူက ဖန့်ချန် ကို ကြည့်လိုက်သည်။
“မင်းလည်း အတူတူပဲ၊ စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့်မှာ ငါ စောင့်နေမယ်။”
“ငါ့ကို စောင့်နေတဲ့သူတွေက အများကြီးပဲ၊ မင်းကတော့ အကြော် တစ်ပွဲလောက်ပါပဲ။”
ဖန့်ချန် က ပြုံးရင်း ပြောလိုက်သည်။
“ငါ ပိုစိတ်ဝင်စားတာက ဆွေ့ထျန်ဟွမ်၊ တန်ခယ်ရွှမ်၊ ရှန်ရှိုယွမ်၊ ရင်တန့်၊ ဖူယွင်ဖေး တို့ပဲ။”
“ငါတို့နဲ့ ဘာဆိုင်လို့လဲ ”
ရင်တန့် က အလိုအလျောက် ပြောလိုက်သည်။
ဆွေ့ထျန်ဟွမ် နှင့် တန်ခယ်ရွှမ် တို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အလွန်ပင် စိုးရိမ်နေကြသည်။ တစ်ဖက်လူက အခုဆိုရင် သူတို့နဲ့ လိုက်မီလာပြီ၊ သူတို့ နောက်ထပ် အဆင့်တက်ဖို့ ကြိုးစားဦးမှာလား။ အဲ့ဒီလိုဆိုရင်တော့... သူတို့ သူတော်စင် အဆင့်မှာ အကန့်သက်ကို ထပ်ပြီး ကျော်လွန်ဖို့ အခွင့်အရေး လုံးဝ မရှိတော့မှာ ဖြစ်သည်။