← Chapters

အခန်း ၂၂၇

Vol. 23 Ch. 227

အခန်း ၂၂၇

Vol. 23 Ch. 227

အခန်း (၂၂၇) အဝါရောင်မြွေပါက ကြက်ကို နှစ်သစ်ကူး ဂါရဝလာပြုခြင်း

သူမ၏အစ်ကိုကို မြင်သောအခါ လီထျန်းသည် လီလန်၏နောက်သို့ အမြန်ပုန်းကွယ်သွားလေသည်။

"အစ်ကို... ရှချွန်းရှန်းက ငှက်ကလေးကို ဆော့ချင်လို့တဲ့... ညီမက မပေးတော့ သူက အတင်းလုယူသွားတယ်..."

လီထျန်းက တိုင်တန်းလိုက်သည်။

ရှချွန်းရှန်းသည် ရှအိုက်ဟွာ၏ သားအကြီးဆုံး ဖြစ်သည်။

ရှအိုက်ဟွာတွင် သားနှစ်ယောက်ရှိပြီး သားအကြီးမှာ ရှချွန်းရှန်းဖြစ်ကာ သားအငယ်မှာ ရှတုံ့ရှန်းဟု အမည်ရလေသည်။

"ဘယ်သူက ခိုးလို့လဲ... အလကားပေးရင်တောင် မယူဘူး... နံစော်နေတဲ့ ငှက်စုတ်လေးကိုများ ဘာတွေများ အထင်ကြီးစရာရှိလို့လဲ..."

ရှချွန်းရှန်းက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

လီလန်သည် လှောင်ပြောင်ရယ်မောလိုက်ပြီး ရှချွန်းရှန်း၏ နားရွက်ကို လှမ်းဆွဲလိုက်လေသည်။

"မင်းလို ကလေးဆိုးက...ဒီနေရာက ငါ့အိမ်ကွ... မင်း ရမ်းကားလို့ရမယ့်နေရာ မဟုတ်ဘူး..."

"အား... အား... အား... အမေ... နာတယ်..."

လီလန်က ၎င်း၏ နားရွက်ကို လိမ်ဆွဲထားသဖြင့် ရှချွန်းရှန်းက အော်ဟစ်ငိုယိုလိုက်သည်။

လီလန်၏ မျက်နှာမှာ ချက်ချင်းပင် မှောင်မိုက်သွားတော့သည်။

သူသည် အားများများ မသုံးခဲ့သော်လည်း ရှချွန်းရှန်းက နာကျင်ဟန်ဆောင်နေခြင်း ဖြစ်သည်။ ငယ်ငယ်ရွယ်ရွယ်နှင့်ပင် အလွန်ကောက်ကျစ်လှပေသည်။

"ဟက်... ဘယ်လိုလူမျိုးက ဘယ်လိုအကျင့်ရှိတယ်ဆိုတာ သိသာပါတယ်..."

လီလန်က လှောင်ပြောင်လိုက်သည်။

သူသည် လက်၏ ဖိအားကို တဖြည်းဖြည်း တိုးမြှင့်လိုက်ပြီး ရှချွန်းရှန်း၏ နားရွက်ကို အားကုန်ဆွဲကိုင်လိုက်လေသည်။

ထိုကလေးဆိုး ရှချွန်းရှန်းသည် ချက်ချင်းပင် မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ရင်တွင်းမှလှိုက်၍ နာကျင်စွာ အော်ဟစ်လိုက်တော့သည်။

“အား... အား..."

"ချွန်းရှန်း... ဘာဖြစ်လို့လဲ..."

ထိုဆူညံသံကြောင့် တံခါးအပြင်ဘက်ရှိ လူသုံးယောက်၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားလေသည်။

ကျူးရှောင်ရုံသည် လီလန်က သူမ၏သားဖြစ်သူ၏ နားရွက်ကို ဆွဲထားသည်ကို မြင်သောအခါ ချက်ချင်းပင် အော်ဟစ်လိုက်တော့သည်။

"လီလန်... နင် ဘာလုပ်နေတာလဲ..."

"နင်က ဒီလောက်အသက်အရွယ်နဲ့ ကလေးကို အနိုင်ကျင့်ရသလား..."

ကျူးရှောင်ရုံသည် ဒေါသကြောင့် မျက်နှာရှုံ့မဲ့သွားကာ သူ့ကို ဒေါသတကြီး ကြိမ်းမောင်းလိုက်လေသည်။

ရှအိုက်ဟွာသည် မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး လီလန်ကို ဆူပူလိုက်သည်။

"လီလန်... ချွန်းရှန်းက မင်းရဲ့ ညီလေးလေ... သူ့ကို ဘယ်လိုလုပ် အနိုင်ကျင့်ရက်တာလဲ... မင်းက အစ်ကိုကြီးတစ်ယောက်နဲ့ လုံးဝမတူဘူး..."

ထိုနှစ်ယောက် ပြေးလာသည်ကို မြင်သောအခါ လီလန်သည် သူ၏လက်ကို တွန်းဖယ်လိုက်သည်။

"ဒုတိယညီမ... ရှောင်ရွှယ်ကို အိမ်ထဲ ပြန်ခေါ်သွား..."

"အစ်ကို... ဂရုစိုက်နော်... သူတို့က အစ်ကို့ကို အနိုင်ကျင့်ဖို့ ကြိုးစားရင် ညီမ ကွန်မြူနစ်အဖွဲ့ကို သွားပြီး ဦးလေးရှန်းနဲ့ ဦးလေးကျိုးတို့ကို သွားခေါ်လိုက်မယ်..."

လီထျန်းသည် အလွန်သိတတ်ပြီး ဤဆွေမျိုးများက အကြံအစည်မကောင်းကြောင်းကို သိနေလေသည်။

"အစ်ကို... သူတို့ကို မကြောက်နဲ့နော်... အိမ်ထဲကို မြန်မြန်ဝင်..."

ထို့နောက် ကောင်မလေးသည် ငှက်ကလေးကို ကောက်ယူကာ ရှောင်ရွှယ်ကို ဆွဲ၍ အိမ်ထဲသို့ ဝင်သွားလေသည်။

"ရပ်လိုက်စမ်း... ဘယ်သူက သွားလို့ရတယ်ပြောလို့လဲ..."

လီရွှယ်ကို တားဆီးရန် ကြိုးစားရင်း ရှတုံ့ရှန်းက အော်ပြောလိုက်သည်။

"မင်းက မင်းအစ်ကိုလို ဖြစ်ချင်နေတာလား..."

လီလန်သည် သူ့ကို ခြောက်လှန့်ရန် ရည်ရွယ်၍ စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။

သူ၏အစ်ကိုဖြစ်သူ၏ သနားစရာအခြေအနေကို မြင်တွေ့ရပြီး လီလန်၏စကားကြောင့် လန့်ဖြန့်သွားသော ရှတုံ့ရှန်းသည် နောက်သို့ဆုတ်သွားကာ အမြန်ပုန်းကွယ်သွားတော့သည်။

"လီလန်... မင်းက ဘာသဘောလဲ... ခုလေးတင် ချွန်းရှန်းကို အနိုင်ကျင့်ပြီးသွားပြီ... အခု တုံ့ရှန်းကိုပါ ထပ်အနိုင်ကျင့်ချင်နေတာလား..."

ကျူးရှောင်ရုံသည် သူမ၏ သားနှစ်ယောက်ကို ကာကွယ်ပေးရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။

လီလန်သည် လက်ခုပ်တီးလိုက်ပြီး သူ၏ မျက်နှာအမူအရာမှာ ခံစားချက်ကင်းမဲ့နေလေသည်။

"အဒေါ်ရဲ့ သားနှစ်ယောက်က ယဉ်ကျေးမှုမရှိဘူး... ကျွန်တော်က အဒေါ့်ကိုယ်စား ဆုံးမပေးတာလေ... ဘာဖြစ်လို့လဲ... ပြဿနာရှိလို့လား..."

"လီလန်..."

"မင်းအဒေါ်ကို ဘယ်လိုစကားမျိုး ပြောရဲတာလဲ..."

လီလန်၏ လေသံကို ကြားလိုက်ရသည့်အခါ ရှအိုက်ဟွာ၏ မျက်နှာမှာ ချက်ချင်းပင် ဖြူရော်သွားတော့သည်။

"သား... ဒီနေ့ မင်းဦးလေးက နှစ်သစ်ကူး ဂါရဝပြုဖို့ လာတာလေ... စကားကို တတ်နိုင်သလောက် နည်းနည်းပဲပြောပါ... မဟုတ်ရင် ငါတို့ သံယောဇဉ်တွေ ပျက်စီးကုန်လိမ့်မယ်..."

လီတာ့ဟိုင်က လျှောက်လာရင်း တိုးညင်းသောအသံဖြင့် ပြောလိုက်သည်။

"နှစ်သစ်ကူး ဂါရဝပြုတာ ဟုတ်လား... မဟုတ်လောက်ပါဘူး... အဝါရောင်မြွေပါက ကြက်ကို နှစ်သစ်ကူး ဂါရဝလာပြုသလိုပဲလို့ ခံစားရတယ်... ဒါက ရည်ရွယ်ချက် မကောင်းတာ သေချာတယ်..."

လီလန်သည် ရှအိုက်ဟွာနှင့် ကျူးရှောင်ရုံတို့ကို ပြုံးစိစိဖြင့် စိုက်ကြည့်နေလေသည်။

"လီလန်... မင်းက ဘာကိုဆိုလိုချင်တာလဲ..."

"မင်းအဒေါ်နဲ့ ငါက မင်းတို့မိသားစုကို နှစ်သစ်ကူး ဂါရဝပြုဖို့ ကောက်နှံတွေတောင် ယူလာခဲ့သေးတယ်... အဲဒါကို ဘယ်လိုလုပ် ရည်ရွယ်ချက် မကောင်းဘူးလို့ သတ်မှတ်လို့ရမှာလဲ..."

ရှအိုက်ဟွာက ဒေါသတကြီးဖြင့် ပြောလိုက်သည်။

"အို... ကျွန်တော့်အိမ်ကို စားစရာတွေတောင် ယူလာခဲ့တယ်ပေါ့... ဒါက တကယ် ရှားပါးတဲ့ကိစ္စပဲ..."

"ကျွန်တော့်ရဲ့ ပထမဆုံးအမွှေးတိုင်ကို ခုနစ်ယွမ်နဲ့ ဝယ်မယ်လို့ ကြားလိုက်တယ်... ဟုတ်လား..."

ထိုစကားကို ကြားလိုက်ရသည့်အခါ ရှအိုက်ဟွာ၏ မျက်နှာထားမှာ ခက်ထန်သွားတော့သည်။

"အဲ့အမဲလိုက်ခွေးနှစ်ကောင်က မင်းဟာတွေလား..."

ရှအိုက်ဟွာက မျက်မှောင်အနည်းငယ် ကြုတ်သွားလေသည်။

အစက ထိုအမဲလိုက်ခွေးနှစ်ကောင်မှာ သူ၏ ယောက်ဖဖြစ်သူ လီတာ့ဟိုင်ပိုင်သည်ဟု ထင်ထားခဲ့သော်လည်း လီလန်၏ လေသံအရ ထိုခွေးနှစ်ကောင်၏ ပိုင်ရှင်မှာ လီလန်ဖြစ်နေကြောင်း သိလိုက်ရသည်။

"ကျွန်တော် မွေးထားတာ..."

လီလန်က ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆို ကွက်တိပဲ... ဦးလေးက အဲ့အမည်းရောင်ခွေးကို မျက်စိကျနေတာ... ခုနစ်ယွမ် ပေးမယ်..."

ရှအိုက်ဟွာက ပြောလိုက်သည်။

"အိုး... ခုနစ်ယွမ်လား..."

လီလန်သည် မျက်လုံးများကို မှေးကျဉ်းလိုက်လေသည်။

"ခုနစ်ယွမ်ပေးဖို့တောင် သတ္တိရှိသေးတာလား... ကျွန်တော် ခုနစ်ယွမ် မလိုအပ်ဘူး..."

လီလန်က ခေါင်းခါလိုက်သည်။

အဒေါ်ဖြစ်သူ ကျူးရှောင်ရုံက ဘေးမှနေ၍ လှောင်ပြောင်လိုက်သည်။

"လီလန်... နင်က ဘာတွေ ဟန်ဆောင်နေတာလဲ... ခုလေးတင် ငါ မြင်ခဲ့တယ်... နင်တို့မိသားစုက ဆန်ပြုတ်နဲ့ ဟင်းသီးဟင်းရွက်ချဉ်ဖတ်တွေ စားနေရတာလေ... စားစရာတောင် မရှိလောက်အောင် ဆင်းရဲနေတာကိုများ

မာနကြီးချင်ယောင် ဆောင်နေသေးတယ်..."

"ခုနစ်ယွမ်က နင့်အတွက် မလောက်သေးဘူးလား... အဲဒီငွေက ဂျုံမှုန့် ဆယ်ကျင်းကျော် ဝယ်လို့ရတယ်ဆိုတာ သိရဲ့လား..."

လီတာ့ဟိုင်သည် အခြေအနေကို အမြန်ထိန်းညှိရန် ကြိုးစားလိုက်လေသည်။

"ခယ်မ... ရှောင်လန်က အဲဒီလို သဘောမျိုးနဲ့ ပြောတာ မဟုတ်ပါဘူး... ဟေးလုံက..."

"အဖေ... ဘာမှ ဆက်မပြောပါနဲ့တော့... ကျွန်တော်ပဲ ရှင်းလိုက်ပါ့မယ်..."

လီလန်က ခေါင်းခါပြကာ သူ၏အဖေကို တားဆီးလိုက်သည်။

သူ၏အဖေသည် အကြံပေးစကားများကို နားထောင်တတ်သော်လည်း အသက်ကြီးလာပြီဖြစ်ကာ မိသားစုသံယောဇဉ်နှင့် သွေးသားတော်စပ်မှုကို တန်ဖိုးထားလွန်းလေသည်။ သူသည် စိတ်ထားနူးညံ့လွန်းသဖြင့် ငြင်းဆန်ရန်ပင် ခွန်အားမရှိပေ။

သူသည် ရှအိုက်ဟွာ၊ ကျူးရှောင်ရုံတို့နှင့် အဆင်မပြေဖြစ်မည်ကို မလိုလားသဖြင့် အခြေအနေကို ပြေလည်စေရန် ကြားဝင်ဖြန်ဖြေရန်သာ အမြဲကြိုးစားနေခဲ့သည်။

လီတာ့ဟိုင်သည် သက်ပြင်းချလိုက်လေသည်။ မိခင်ဖြစ်သူ၏ မီးဖွားရခက်ခဲမှုကြောင့် ချေးငှားခဲ့ရသော ငွေကြေးကိစ္စအတွက် သားဖြစ်သူက ရန်ငြိုးဖွဲ့ထားကြောင်းကို သူ သိရှိထားလေသည်။

"ကောင်းပြီလေ... အဖေ ဘာမှ ဆက်မပြောတော့ပါဘူး..."

လီတာ့ဟိုင်သည် အသက်ကြီးပြီဖြစ်ကာ ခွန်အားများလည်း ဆုတ်ယုတ်နေပြီ ဖြစ်သည်။

ယခုအခါ လီလန်က တာဝန်ယူလိုက်ပြီဖြစ်သဖြင့် သူသည် ဘေးသို့ဖယ်ပေးလိုက်ပြီး ကြားဝင်ဖြန်ဖြေခြင်းကို ရပ်တန့်လိုက်တော့သည်။

လီလန်သည် ကျူးရှောင်ရုံကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ယောကျာ်းတွေ စကားပြောနေတဲ့အချိန်မှာ အဝတ်လျှော်၊ ထမင်းချက်လုပ်နေတဲ့ မိန်းမတစ်ယောက်က ကြားဝင်စွက်ဖက်ခွင့် ရှိလို့လား..."

လီလန်က စကားတစ်ခွန်းတည်းဖြင့် ကျူးရှောင်ရုံကို ချက်ချင်းပင် ချေပလိုက်လေသည်။

“နင်..."

"နင်က ဘာကိုဆိုလိုတာလဲ... ခင်ဗျား သေနတ် ကိုင်ဖူးလို့လား... အမဲလိုက်ဖူးလို့လား..."

"မလုပ်ဖူးဘူးဆိုရင် ပါးစပ်ပိတ်ထားလိုက်... ယင်ကောင်တစ်ကောင်လို လာပြီး ဆူညံမနေနဲ့..."

လီလန်က လှောင်ပြောင်လိုက်သည်။

ထိုစကားများကို ကြားလိုက်ရသည့်အခါ ကျူးရှောင်ရုံ၏ မျက်နှာမှာ အလွန်တရာ အကျည်းတန်သွားတော့သည်။

လီလန်က သူမကို ထိုကဲ့သို့ စကားမျိုးပြောလာမည်ဟု တစ်ခါမျှ မမျှော်လင့်ထားခဲ့သလို သူမကိုပင် ဆန့်ကျင်ရဲလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဤကိစ္စသာ ယမန်နှစ်က ဖြစ်ခဲ့မည်ဆိုလျှင် လီလန်သည် ဤသို့လုပ်ရဲမည် မဟုတ်ပေ။

ကျူးရှောင်ရုံသည် လီလန် ပြောင်းလဲသွားပြီဟု အမြဲတစေ ခံစားနေရသည်။ အရင်ကနှင့် နှိုင်းယှဉ်လျှင် သူသည် လုံးဝကို ကွဲပြားခြားနားနေပြီ ဖြစ်သည်။

"ဟွာဇီ... သူက ငါတို့သုံးယောက်ကို အနိုင်ကျင့်နေတာကို ငြိမ်ကြည့်နေတော့မလို့လား..."

ကျူးရှောင်ရုံသည် သူမ၏ ခင်ပွန်းဖြစ်သူကို ကြည့်လိုက်ရာ သူမ၏အသံတွင် နာကြည်းမှုနှင့် ဒေါသတို့ ပြည့်နှက်နေလေသည်။

ရှအိုက်ဟွာသည် မျက်နှာထား တင်းမာစွာဖြင့် ဘေးတွင် ရပ်နေသော်လည်း စကားတစ်ခွန်းမျှ မဟခဲ့ပေ။

လီလန်က သူ၏ ဇနီးဖြစ်သူအား လူပုံအလယ်တွင် ဆူပူကြိမ်းမောင်းလိုက်ခြင်းမှာ သူ့အတွက် မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ ဖြစ်စေပြီး သိက္ခာကျစေသည်မှာ သေချာလှပေသည်။

"လီလန်... မင်းအဒေါ်ကို ဘယ်လိုများအဲ့လိုစကားမျိုး ပြောရဲရတာလဲ... သူ့ကို တောင်းပန်လိုက်စမ်း..."

"မင်းအမေက မင်းလိုလူကို ဘယ်လိုများ မွေးထုတ်ခဲ့ပါလိမ့်..."

"ဟေးလုံ... ပိုင်လုံ... သူ့ကို ကိုက်စမ်း..."

ရှအိုက်ဟွာ စကားပင် မဆုံးသေးခင်မှာပင် လီလန်က အော်ဟစ်လိုက်လေသည်။

"ဝုတ်... ဝုတ်..."

"ဝုတ်... ဝုတ်... ဝုတ်..."

တံခါးကိုပိတ်၍ ခွေးများကို လွှတ်ပေးလိုက်လေပြီ။

အမည်းရောင်တစ်ကောင်၊ အဖြူရောင်တစ်ကောင်ရှိသော အမဲလိုက်ခွေးနှစ်ကောင်သည် ရှအိုက်ဟွာကို ဟောင်ကာ သွားများဖြဲပြပြီး ပြေးဝင်သွားကြတော့သည်။

"လီလန်... မင်း ဘာလုပ်မလို့လဲ..."

ရှအိုက်ဟွာ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။

ဤအမဲလိုက်ခွေးနှစ်ကောင်မှာ သူ၏ အမဲလိုက်ခွေးများထက်ပင် ပို၍ ကြမ်းကြုတ်လေသည်။ အကယ်၍ ၎င်းတို့ထဲမှ တစ်ကောင်ကသာ ကိုက်လိုက်မည်ဆိုပါက မသေလျှင်တောင် ဒုက္ခိတဖြစ်သွားနိုင်ပေသည်။

"ငါက မင်းရဲ့ ဦးလေးကွ... အဆင်ခြင်မဲ့ ဘာမှ မလုပ်နဲ့..."

"ယောက်ဖ... မင်း လီလန်ကို တစ်ခုခု လုပ်တာ ပိုကောင်းလိမ့်မယ်..."

အမဲလိုက်ခွေးများ သူ့ဆီသို့ ပြေးဝင်လာသည်ကို မြင်သောအခါ ရှအိုက်ဟွာသည် ထိတ်လန့်သွားပြီး အကူအညီတောင်းရန် လီတာ့ဟိုင်ဘက်သို့ အမြန်လှည့်လိုက်လေသည်။

ပြဿနာများ ပိုမိုကြီးထွားလာပြီး မိသားစုနှစ်စုကြားရှိ ဆက်ဆံရေးများ ပျက်စီးသွားမည်ကို စိုးရိမ်သဖြင့် လီတာ့ဟိုင်သည် အလျင်အမြန်ပင် ဖျောင်းဖျရန် ကြိုးစားလိုက်လေသည်။

"ရှောင်လန်... မလုပ်နဲ့... အဲ့လိုလုပ်လို့ လုံးဝမရဘူး..."

"ဟေးလုံနဲ့ ပိုင်လုံက တောဝက်တွေကိုတောင် တိုက်ခိုက်နိုင်တဲ့ အမဲလိုက်ခွေးတွေလေ... လူတွေကို ဘယ်လိုလုပ် ရန်ပြုခိုင်းလို့ ရမှာလဲ... အကိုက်ခံရရင် သိပ်ကိုဆိုးရွားသွားလိမ့်မယ်..."

လီတာ့ဟိုင်သည် အမည်းနှင့် အဖြူရောင်ခွေးနှစ်ကောင်ကို တားဆီးရန် အပြေးအလွှား သွားလိုက်လေသည်။

"ဟေးလုံ... ပိုင်လုံ... နောက်ဆုတ်..."

လီလန်သည် သူ၏အဖေကို ထိခိုက်မိမည်ကို စိုးရိမ်သဖြင့် ပိုင်လုံနှင့် ဟေးလုံတို့ကို တိုက်ခိုက်မှု ရပ်တန့်ရန် အမိန့်ပေးလိုက်သည်။

အမည်းတစ်ကောင်၊ အဖြူတစ်ကောင်ဖြစ်သော ခွေးနှစ်ကောင်မှာ ဉာဏ်ကောင်းလှပြီး ၎င်းတို့၏ ပိုင်ရှင်က အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် တိုက်ခိုက်ခြင်းကို ချက်ချင်း ရပ်တန့်သွားကြတော့သည်။

ရှအိုက်ဟွာသည် နဖူးမှ ချွေးများကို သုတ်လိုက်ပြီး သက်ပြင်းချကာ စိတ်အေးသွားတော့သည်။

All Chapters