← Chapters

အခန်း ၉၂

Vol. 10 Ch. 92

အခန်း ၉၂

Vol. 10 Ch. 92

အခန်း (၉၂)

ကမ္ဘာ့အမြင်များ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားခြင်း

ကောင်းယွမ်သည် အထဲ၌ စာရေးနေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို မြင်လိုက်ရလေ သည်။

သူ၏ လက်ထဲတွင် ထိပ်ဝိုင်းသော စုတ်တံကြီးတစ်ခုကို ကိုင်ထားပြီး သစ်သားစားပွဲပေါ်၌ ရွှမ်းစက္ကူများ ကို ဖြန့်ခင်းထားလျက်ရှိလေ၏။

ဤကဲ့သို့သော မြင်ကွင်းမျိုးမှာ အနာဂတ်ကမ္ဘာတွင် အလွန်ပင် ရှားပါးလှပေသည်။

အကယ်၍ ကောင်းယွမ်သည် ကမ္ဘာကူးတံခါးကို ဖြတ်ကျော်လာခဲ့ခြင်း မဟုတ်ပါက သူသည် လက်ရှိကမ္ဘာမှ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး၏ ရှေ့သို့ ရောက်နေသည်ဟုပင် ထင်မှတ်မှားဖွယ် ရှိပေသည်။ အနာဂတ်ကမ္ဘာတွင် ရွှမ်းစက္ကူမှာ ရွှေထက်ပင် ပို၍ အဖိုးထိုက်တန်လှသောကြောင့်ဖြစ်လေ၏။

ကောင်းယွမ်သည် အနားသို့ လျှောက်သွားလိုက်လေသည်။

"ကောင်းကန့်လား..."

"ငါပါပဲ... မင်း နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့..."

ကောင်းယွမ် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့ရလေ၏။

"ခင်ဗျားက ကျွန်တော့်ကို သိနေတာလား..."

"သိတာပေါ့... ဒီလောကကြီးက မင်းရဲ့ အကျပ်အတည်းကို ဖြေရှင်းပေးနိုင်မယ့် အချိန်ကို စောင့်နေခဲ့ရ တာ... ပြောရရင် မင်းက ငါ့ကို အစ်ကိုလို့ ခေါ်ရမှာ..."

"နောက်မနေပါနဲ့... ခင်ဗျား အသက်က ဘယ်လောက်ရှိပြီလဲ..."

"(၁၄၀)..."

"ကျွန်တော်က (၂၅) နှစ်ပဲ ရှိသေးတာ..."

ကောင်းယွမ်က ပြန်ပြောလိုက်လေ၏။

အသက်အရွယ် ရာစုနှစ်တစ်ခုမက ကွာခြားနေသော သူများမှာ ဘယ်လိုလုပ် ညီအစ်ကို တော်စပ်နိုင်မှာ လဲဟု ကောင်းယွမ် ပြောလိုက်ချင်သော်လည်း စကားလုံးများမှာ လည်ချောင်းထဲ၌ပင် တစ်ဆို့နေခဲ့ လေ သည်။

"မင်းရဲ့ ကမ္ဘာကူးတံခါးက အဆင်ပြေပြေ အလုပ်လုပ်ရဲ့လား..."

ဤစကားလုံးများမှာ ကောင်းယွမ်၏ နားထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ခံစားလိုက်ရလေတော့ သည်။ သူ၏ အကြီးမားဆုံးသော လျှို့ဝှက်ချက်မှာ ပေါ်ပေါက်သွားခဲ့ပြီ ဖြစ်၏။ သို့သော် အဓိက မေးခွန်း မှာ ကောင်းကန့်သည် ဤအရာကို မည်သို့ သိရှိသွားသနည်း ဟူသောအချက်ပင် ဖြစ်သည်။

"ခင်ဗျား..."

"ငါ ပြောပြီးသားပဲလေ... ငါက မင်းရဲ့ အစ်ကိုပါ... ငါ မင်းကို ဒုက္ခမပေးပါဘူး... နောက်ပြီး မင်း လုံကျင်း မြို့မှာ ရှိနေတာကို ဘယ်သူမှ သတိမထားမိဘူးလို့ တကယ်ပဲ ထင်နေတာလား... ချင်မိသားစုက မင်းကို သူစိမ်းတစ်ယောက်မှန်း မသိဘူးလို့ရော ထင်နေလား..."

ကောင်းယွမ် မှင်သက်သွားခဲ့ရ၏။ သူသည် ထိုအချက်များကို လုံးဝပင် ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိပေ။ ယခုမူ အရာအားလုံးမှာ ပေါ်ပေါက်သွားခဲ့ပြီ ဖြစ်သဖြင့် ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။

သူသည် ကုလားထိုင်တစ်လုံးကို ဆွဲယူ၍ ထိုင်လိုက်လေသည်။ သူသည် သူ၏ ဘဝတစ်ခုလုံးကို ပြန် လည် စဉ်းစားကြည့်လိုက်လေ၏။

အကယ်၍ သူသည် ကောင်းကန့်နှင့် မတွေ့ဆုံခဲ့ပါက သူ၏ စိတ်ထဲ၌ သံသယများ ရှိနေဦးမည် ဖြစ်သော် လည်း ဤကဲ့သို့သော အခြေအနေထိ စဉ်းစားမိမည် မဟုတ်ပေ။ သို့သော် ယခုအခါ ကောင်းကန့်က သူ ၏ ညီအစ်ကို ဖြစ်ကြောင်း ပြောဆိုနေခဲ့ပြီ ဖြစ်သည်။

*ဒီလိုသာဆိုရင် ... ငါက အစကတည်းက အနာဂတ်ကမ္ဘာက လူသားတစ်ဦး ဖြစ်နေခဲ့တာလား…*

*ငါ လက်ရှိကမ္ဘာကို ဘယ်လို ရောက်သွားရတာလဲ…. ပြီးတော့ လက်ရှိကမ္ဘာမှာ ဘာလို့ နှစ်ပေါင်း နှစ်ဆယ်ကျော်အောင် နေထိုင်ခဲ့ရတာလဲ…*

*တကယ်လို့ ငါဟာ အနာဂတ်ကမ္ဘာက လူသားတစ်ဦး ဖြစ်နေခဲ့မယ်ဆိုရင်ကော…*

*ဒါတွေအားလုံးက ကြိုတင်စီစဉ်ထားတာပဲ ဖြစ်လိမ့်မယ်…*

ကောင်းယွမ်သည် ဖြစ်နိုင်ခြေများကို စတင်တွေးတောလိုက်လေသည်။

"ကျွန်တော် ခန့်မှန်းကြည့်ရအောင်... ကျွန်တော် မုကျားရွာမှာ နေခဲ့ပေမယ့် ကျွန်တော့်မိသားစုက တခြား နေရာကနေ ပြောင်းလာတာဆိုတာ ငယ်ငယ်ကတည်းက သိခဲ့တယ်... ဒါပေမဲ့ ကျွန်တော့်မိဘတွေ က တခြားကလေးတွေရဲ့ မိဘတွေနဲ့ မတူဘူး... သူတို့က အရမ်းကို စည်းကမ်းကြီးလွန်းတယ်... ကျွန်တော့် အသက် (၁၈) နှစ် ပြည့်တဲ့အခါမှာ သူတို့ ခရီးသွားမယ်လို့ ပြောပြီး ထွက်သွားခဲ့ကြတာ အခုထိ ပြန်မလာ တော့ဘူး... "

"အခု ပြန်စဉ်းစားကြည့်ရင် သူတို့ဟာ တကယ့်လူသားတွေ မဟုတ်ဘဲ စက်ရုပ်တွေ ဖြစ်နေနိုင်တယ်... ဘာလို့လဲဆိုတော့ ကျွန်တော့်မှတ်ဉာဏ်ထဲမှာ သူတို့ဟာ ဘယ်တော့မှ အိုမင်းမသွားခဲ့လို့ပဲ..."

"နောက်ပြီး... ဘာလို့ မုကျားရွာကို ရွေးချယ်ခဲ့တာလဲဆိုတာ ကျွန်တော် နားမလည်ခဲ့ဘူး... မုကျားရွာက ဝေးလံခေါင်ဖျားပြီး ဖွံ့ဖြိုးမှုမရှိတဲ့အပြင်ကို ငလျင်ဇုန်ထဲမှာလည်း ရှိနေတယ်... တခြားသူတွေက မြို့ ကြီးတွေကို ပြောင်းရွှေ့နေကြပေမယ့် ကျွန်တော်တို့ မိသားစုကတော့ တောင်ပေါ်ကို ပြောင်းလာခဲ့တယ် ... ဒါ့အပြင် ကျွန်တော်တို့ မိသားစုက အမြဲတမ်း တခြားသူတွေထက် ပိုပြီး ချမ်းသာနေခဲ့တယ်... ဒါဟာ ဘေးအန္တရာယ်ကနေ တိမ်းရှောင်လာခဲ့တာလို့ ပြောရင်လည်း ယုတ္တိမရှိပြန်ဘူး..."

"အခုတော့ ကျွန်တော် နည်းနည်း နားလည်လာပြီ... မုကျားရွာရဲ့ ထူးခြားတဲ့ တည်နေရာက လေးဖက်မြင် အာကာသ တံခါးအတွက် အကောင်းဆုံးသော ဗဟိုချက် ဖြစ်နေနိုင်တယ်... လက်ရှိကမ္ဘာက ကောင်း မိသားစုရဲ့ ခြံဝင်းကြီးဟာ တကယ်တော့ အဆင့်မြင့် စက်ကိရိယာတစ်ခုပဲ ဖြစ်ရမယ်... ခင်ဗျားတို့... ဒါမှမဟုတ် ခင်ဗျားတို့အားလုံး ဒီအာကာသ ဗဟိုချက်ကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ရဲရင့်တဲ့ အကြံတစ်ခု ရခဲ့ကြတယ်... အဲဒါကတော့ ဒီဗဟိုချက်ကို လူတစ်ယောက်နဲ့ ချိတ်ဆက်ထား ဖို့ပဲ..."

"ခင်ဗျားတို့ ရွေးချယ်ခဲ့တဲ့ လူက ကျွန်တော်ပဲ... တကယ်လို့ ဒါဟာ ပုံသေ ဗဟိုချက်တစ်ခုသာ ဖြစ်နေရင် ခင်ဗျားတို့ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး... ဒီကိစ္စသာ ပေါ်ပေါက်သွားတာနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ က သိမ်းပိုက်သွားမှာ သေချာတယ်... ဒါပေမဲ့ ဒီဗဟိုချက်ကို ရွှေ့ပြောင်းလို့ ရနေမယ်ဆိုရင်တော့ ဘယ်သူ မှ လုယူနိုင်မှာ မဟုတ်တော့ဘူး..."

"ကျွန်တော်ဟာ ခင်ဗျားတို့ ချိတ်ဆက်ဖို့ ရွေးချယ်ခဲ့တဲ့သူပဲ... ခင်ဗျားတို့ ဘယ်လို လုပ်ခဲ့တယ်ဆိုတာ ကျွန်တော် မသိပေမယ့် ဒီနှစ်တွေမှာ ကျွန်တော် အိမ်ဟောင်းကို ပြန်မလာခဲ့တာကိုတော့ ခင်ဗျားတို့ ထင်ထားမှာ မဟုတ်ဘူး..."

ကောင်းယွမ်သည် ကောင်းကန့်၏ အမူအရာကို ကြည့်ရင်း စကားပြောနေခဲ့ခြင်းဖြစ်လေ၏။ ဤနည်း ဖြင့် သူ၏ ခန့်မှန်းချက် မှန်၊ မမှန်ကို ဆုံးဖြတ်နိုင်မည် ဖြစ်ပေသည်။

ကောင်းကန့်သည် ကောင်းယွမ်ကို ပြုံး၍ ကြည့်နေခဲ့ပြီး သူ၏ စကားကို တိတ်ဆိတ်စွာ နားထောင်နေ ခဲ့လေသည်။

ကောင်းယွမ် စကားကို ရပ်လိုက်၏။ ခေတ္တမျှ တိတ်ဆိတ်သွားခဲ့လေသည်။

"ကောင်းချိုးဟာ ဒီလောကကြီးကို ပြီးပြည့်စုံသော လောကတစ်ခုအဖြစ် ပြန်လည် တည်ဆောက်ချင်ခဲ့ တယ်... ဒါပေမဲ့ အရင်းရှင်ဝါဒရဲ့ အာဏာက အရမ်းကို ကြီးမားနေတာကြောင့် သူ ဘယ်လိုမှ မစွမ်း ဆောင်နိုင် ခဲ့ဘူး... ဒါကြောင့် သူဟာ ပြင်ပအားအင်တွေကို လိုအပ်ခဲ့တာပဲ..."

"ကောင်းချိုး မအောင်မြင်ခဲ့ပေမယ့် ခင်ဗျားက သူ့ရဲ့ ဆန္ဒကို ဆက်ခံခဲ့တယ်... အထက်တန်းလွှာ စီးပွား ရေးလုပ်ငန်းစုကြီးရဲ့ လက်ဝါးကြီးအုပ်မှုကို ချိုးဖျက်ဖို့ တခြားကမ္ဘာက အရင်းအမြစ်တွေကို ခင်ဗျား လိုအပ်နေတာပဲ... ဒါကြောင့် ဒီနှစ်တွေမှာ ခင်ဗျားဟာ အားအင်တွေကို လျှို့ဝှက်စွာ စုဆောင်းနေခဲ့ တာပဲ... အပေါ်ယံမှာ ခင်ဗျား လက်လျှော့လိုက်ပြီလို့ ထင်ရပေမယ့် တကယ်တော့ ကျွန်တော့်ကို စောင့် နေခဲ့တာ မဟုတ်လား..."

ကောင်းကန့် နောက်ဆုံးတွင် စကားပြောလိုက်လေသည်။

"ညီလေး... မင်းက တကယ်ကို ထက်မြက်တာပဲ... ဒါပေမဲ့ တစ်ခုတော့ မှားနေတယ်... ငါတို့ရဲ့ ဖခင် ကောင်းချိုးက... အခုထိ အသက်ရှင်နေတုန်းပဲ... နောက်ပြီး အာကာသ ဗဟိုချက်ဟာ အာကာသတံခါး တစ်ခုအဖြစ် ကြီးထွားလာဖို့ဆိုရင် သူ့ကို ပြုစုပျိုးထောင်ပေးဖို့ အမှောင်စွမ်းအင်တွေ အများကြီး လိုအပ် တယ်... "

"လက်ရှိကမ္ဘာက မင်းရဲ့ အိမ်ဟောင်းဟာ တကယ်တော့ အဆင့်မြင့် စက်ကိရိယာတစ်ခုပဲလေ... မင်းရဲ့ နောက်ဖေးခြံထဲမှာ ဖုန်တွေ၊ လေတွေ တစ်ခါမှ မရှိတာကို မင်း သတိမထားမိဘူးလား... ငါတို့တွေက စကြဝဠာ ထဲကနေ အမှောင်စွမ်းအင်တွေကို ထုတ်ယူပြီး ဒီဗဟိုချက်ကို စဉ်ဆက်မပြတ် ဖြည့်တင်းပေး နေခဲ့တာ..."

ကောင်းယွမ် အံ့ဩသွားခဲ့ရလေ၏။

"ကောင်းချိုးက အခုထိ အသက်ရှင်နေသေးတယ် ဟုတ်လား... ဒါ မဖြစ်နိုင်တာ... သူက သာမန်လူတစ် ယောက် မဟုတ်ဘူးလေ... လူသားတွေရဲ့ ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက် အသက်ရှင်နေမယ်ဆိုရင် သိသာ နေမှာပဲလေ..."

"ဟုတ်တယ်... သူ အမှန်တကယ်ပဲ အသက်ရှင်နေတာ... ဒါပေမဲ့ ဘယ်သူမှ သူ့ကို ရှာမတွေ့နိုင်ဘူး..."

"သူ အခု ဘယ်မှာလဲ..."

"လက်ရှိကမ္ဘာက မင်းရဲ့ အဘိုးဟာ... သူကိုယ်တိုင်ပဲလေ..."

ကောင်းယွမ် မှင်သက်သွားခဲ့ရလေတော့၏။

ဤမျိုးဆက် တော်စပ်ပုံများမှာ လုံးဝပင် ရှုပ်ထွေးကုန်ပြီ ဖြစ်သည်။

*ဒါက တကယ်ကို မယုံကြည်နိုင်စရာပဲ…*

*ငါ့ကို ပြုစုပျိုးထောင်ခဲ့တဲ့ မိဘတွေက စက်ရုပ်တွေ ဖြစ်နေတယ်... ပြီးတော့ ငါ့အဘိုးက တကယ်တော့ အဘိုးမဟုတ်ဘဲ ငါ့ရဲ့ အဖေ ဖြစ်နေခဲ့တာပေါ့…*

*ငယ်ငယ်လေးကတည်းက အဘိုးက ငါ့အပေါ် ဘာဖြစ်လို့ ဒီလောက်အထိ ကောင်းခဲ့ရလဲဆိုတာ... အခုမှပဲ အဖြေပေါ်တော့တယ်…"

"ခဏလေး... အဲဒီအချိန်တုန်းက ဗဟိုချက်က မရင့်ကျက်သေးဘူးဆိုရင် ကောင်းချိုးက ကျွန်တော့်ကို အဲဒီကမ္ဘာကို ဘယ်လို ခေါ်သွားခဲ့တာလဲ... နောက်ပြီး ဘာလို့ ကျွန်တော့်အဘိုးအဖြစ် ဟန်ဆောင်ခဲ့ရတာ လဲ... ဖခင်တစ်ယောက်အနေနဲ့ပဲ နေလို့ ရတာပဲ မဟုတ်လား..."

"အဲဒီတုန်းက သိပ္ပံအကယ်ဒမီက သိပ္ပံပညာရှင် ထောင်ပေါင်းများစွာဟာ အမှောင်စွမ်းအင်ကို သုံးပြီး အဖေ့ ကို အရင်ဆုံး ပို့လွှတ်ခဲ့ကြတာ... ဘာလို့လဲဆိုတော့ အချိန်ခရီးသွားတာနဲ့ ပတ်သက်ပြီး အရင်က သာဓက မရှိခဲ့လို့ပဲ... အဖေက မင်းကို အန္တရာယ် မကြုံစေချင်တာကြောင့် သူကိုယ်တိုင် အရင်ဆုံး စမ်းသပ်ကြည့်ခဲ့တာ... "

"စက်ရုပ်နှစ်ကောင်လည်း အဖေနဲ့အတူ ပါသွားခဲ့တယ်... အဖေနဲ့ အဲဒီစက်ရုပ်တွေ ဟိုဘက်ကို ရောက် သွားတဲ့အခါကျမှ အချိန်နဲ့အာကာသ လှိုဏ်ခေါင်း လေ့ကျင့်ရေးစခန်းကို တည်ဆောက်ပြီး အသက်သွင်း ခဲ့ကြတယ်... ငါတို့ ဒီဘက်ကနေ အချက်ပြမှုကို ရရှိတဲ့အခါမှ မင်းကို ပို့လိုက်တာပဲ..."

"မင်းရဲ့ အဘိုးအဖြစ် ဘာလို့ ဟန်ဆောင်ခဲ့ရသလဲဆိုရင်တော့ ဒီစက်ရုပ်နှစ်ကောင်ကို ခိုင်မာတဲ့ အထောက်အထားတစ်ခု ပေးနိုင်ဖို့ ဖြစ်လိမ့်မယ်လို့ ငါ ထင်တယ်..."

...

ဤသတင်းမှာ ကောင်းယွမ်အတွက် အလွန်ပင် တုန်လှုပ်ဖွယ်ရာ ဖြစ်နေခဲ့ပေသည်။

သူသည် ကုလားထိုင်ပေါ်၌ ကြောင်စီစီဖြင့် ထိုင်နေမိလေ၏။

"ဒါဆို... နောက်ပိုင်းမှာ ကောင်းချိုးက ဘာလို့ ပျောက်ကွယ်သွားခဲ့တာလဲ..."

ကောင်းယွမ်က မေးလိုက်သည်။ လက်ရှိကမ္ဘာတွင် ကောင်းချိုးကို မတွေ့ရသည်မှာ ငါးနှစ်ခန့် ရှိပြီ ဖြစ် ပေသည်။

မုကျားရွာတွင်လည်း အဘိုးအိုကောင်းမှာ သေဆုံးသွားပြီဟု ကောလဟာလများ ထွက်ပေါ်နေခဲ့လေ သည်။

ကောင်းယွမ်သည်လည်း ထိုစဉ်က အတော်ပင် ဝမ်းနည်းခဲ့ရ၏။

"ဘာလို့လဲဆိုတော့ သူ ပြန်ရောက်လာလို့ပေါ့... နှစ်ပေါင်း နှစ်ဆယ် ကြာသွားပြီ ဖြစ်တဲ့အတွက် လောက မှာရှိတဲ့သူတိုင်းက သူ သေသွားပြီလို့ ယုံကြည်နေကြပြီလေ... ဒါကြောင့် သူဟာ တရားဝင် ပြန်လာနိုင်ခဲ့ တာပဲ... တစ်ချိန်တည်းမှာပဲ သူဟာ မင်းအတွက် အချိန်နဲ့အာကာသ လှိုဏ်ခေါင်းရဲ့ လုံခြုံရေးကို ထပ်ပြီး စမ်းသပ်ပေးခဲ့တာ... လှိုဏ်ခေါင်း တည်ဆောက်ပြီးသွားတဲ့အခါ မင်း လေ့ကျင့်ရေးစခန်းကို ပြန်ရောက်မှ သာ အဲဒါဟာ အပြည့်အဝ အသက်ဝင်လာပြီး မင်းနဲ့ အမြဲတမ်း ချိတ်ဆက်သွားမှာ ဖြစ်တယ်... ဒါကြောင့် အရင်က မင်း ကမ္ဘာကူးတံခါးကို ရှာမတွေ့ခဲ့တာပဲ..."

ကောင်းယွမ်သည် စိတ်ကို တည်ငြိမ်အောင် ထားပြီး သက်ပြင်းအရှည်ကြီး ချလိုက်လေသည်။

"ဒါဆိုရင်... ခင်ဗျား ကျွန်တော့်ကို ဘာလုပ်ပေးစေချင်တာလဲ..."

"အစားအစာတွေ... အစားအစာတွေ အများကြီးပဲ... နောက်ပြီး ဖိအားမြှင့် လေထုတွေ အများကြီး လိုချင်တယ်..."

"ဘာလို့လဲ... အာဟာရအနှစ်က မပြည့်စုံဘူးလား... နောက်ပြီး လေဆိုတာ... နေရာတိုင်းမှာ ရှိနေတာပဲ မဟုတ်ဘူးလား..."

ကောင်းကန့်က သက်ပြင်းချလိုက်လေ၏။

"အနာဂတ်ကမ္ဘာမှာ အစားအစာတွေ မစိုက်ပျိုးနိုင်ဘူးလို့ မင်း တကယ်ပဲ ယုံနေတာလား... တောရိုင်းထဲ မှာ ရှင်သန်လို့ မရဘူးဆိုတာရော တကယ်ပဲလား... ဒါဟာ တကယ်တော့ အထက်တန်းလွှာ စီးပွားရေး လုပ်ငန်းစုကြီးက အောက်ခြေလူတန်းစားတွေကို ချုပ်နှောင်ထားဖို့ ကြံစည်ထားတဲ့ ပူးပေါင်းကြံစည်မှု တစ်ခုဆိုတာ မင်း မစဉ်းစားမိဘူးလား..."

ကောင်းယွမ် အံ့ဩမှင်သက်သွားခဲ့ရလေသည်။

*အို...*

ဤအရာမှာ အလွန်ပင် ဆိုးရွားလှပေတော့သည်။

All Chapters