← Chapters

အခန်း ၉၅

Vol. 10 Ch. 95

အခန်း ၉၅

Vol. 10 Ch. 95

အခန်း (၉၅) စိတ်ကျေနပ်စေရမည်ဟု အာမခံသည်

*ဆူးတိုက် လား...*

ကောင်းယွမ်သည် ကလပ်တွင် တွေ့ခဲ့ရသော ထိုလူ၏ သနားစဖွယ် အခြေအနေကို ပြန်လည်စဉ်းစား မိသည့်အခါ မရယ်ဘဲ မနေနိုင်တော့ပေ။ ထိုသူမှာ အမှန်တကယ်ပင် အသုံးချရန် ကောင်းသောသူ ဖြစ် ပေသည်။

သူသည် ယခုအခါ ဇစ်မြစ်မသိသော သူတစ်ဦးအဖြစ်မှ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ ၏ အရာရှိတစ်ဦး ဖြစ်လာခဲ့သည်မှာ ဆူးတိုက်ကြောင့်ပင် ဖြစ်ပေသည်။

"ကောင်းကန့်... ကျွန်တော့်မှာ နောက်ထပ် မေးခွန်းတစ်ခု ရှိသေးတယ်... တခြားလူတွေကကော ကမ္ဘာ ကူးတံခါး ကို ဖြတ်သွားလို့ ရနိုင်မလား..."

ကောင်းကန့်က ခေါင်းခါပြလိုက်၏။

"ဒီကမ္ဘာကူးတံခါးက မင်းနဲ့ပဲ ချိတ်ဆက်ထားတာလေ... တံခါးလို့ ခေါ်နေပေမဲ့ တကယ်တော့ ဒါဟာ ကမ္ဘာနှစ်ခုကို ဆက်သွယ်ပေးထားတဲ့ အာကာသ ဗဟိုချက် တစ်ခုပဲ... မင်းကလွဲလို့ ဘယ်သူမှ ဖြတ်သွား လို့ မရဘူး..."

"နေပါဦး... ဒါဆို ကောင်းချိုးက ဘယ်လို ပြန်လာခဲ့တာလဲ..."

"သူက ဒီအာကာသ ဗဟိုချက်ရဲ့ မူလပိုင်ရှင်လေ... တကယ်လို့ သူသာ ပြန်မလာခဲ့ရင် မင်းဟာ ကမ္ဘာကူး တံခါး ကို ဘယ်တော့မှ အသက်သွင်းနိုင်မှာ မဟုတ်ဘူး..."

"ဪ... ဒီလိုကိုး... "

"ကျွန်တော် ဟိုဘက်မှာ လုပ်ဆောင်သမျှတွေက ဒီဘက်ကို တစ်စုံတစ်ရာ သက်ရောက်မှု ရှိနိုင်မလား..."

အကယ်၍ ဤသည်မှာ နှစ်ပေါင်းတစ်ထောင်အလွန် အနာဂတ် ဖြစ်နေခဲ့လျှင် အတိတ်တွင် သူ ပြုလုပ် လိုက်သော အပြောင်းအလဲ အနည်းငယ်သည်ပင်လျှင် အနာဂတ်သို့ ရောက်ရှိလာသည့်အခါ ကြီးမား သော အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်သည် မဟုတ်ပါလား။

"ဟဟ... မင်းက အများကြီး လုပ်ဆောင်ပြီးမှ အခုမှ ဒီမေးခွန်းကို မေးတာလား... နောက်မကျလွန်း ဘူးလား..."

ကောင်းယွမ် ဘာမျှ မပြောဘဲ ကောင်းကန့်ကိုသာ ကြည့်နေလိုက်သည်။

ကောင်းကန့်က ကောင်းယွမ်၏ ရှေ့တွင် ရပ်ကာ ပြောလိုက်လေ၏။

"အပြိုင်ကမ္ဘာ တွေအကြောင်း မင်း သိလား... တကယ်တော့ မင်း သွားနေတဲ့ ကမ္ဘာနှစ်ခုက ဆင်တူပေမဲ့ အဆက်အစပ်မရှိတဲ့ ကမ္ဘာနှစ်ခုပဲ... အချိန်က နှေးသွားနိုင်ပေမဲ့ နောက်ပြန်တော့ မစီးဆင်းနိုင်ဘူး... မင်း နားလည်လား... သိပ္ပံနည်းကျကျ စဉ်းစားစမ်းပါကွာ..."

ကောင်းယွမ် မှင်သက်သွားခဲ့ရလေ၏။

ကမ္ဘာနှစ်ခုကြား ကူးလူးသွားလာနေရသော သူ့ကို သူ၏အစ်ကိုဟု ဆိုသူက သိပ္ပံနည်းကျကျ စဉ်းစားရန် ပြောနေသည်မှာ အလွန်ပင် မဆီမဆိုင် ဖြစ်နေချေတော့သည်။

သို့သော် ကောင်းကန့် ပြောသည်မှာ အဓိပ္ပာယ် ရှိပေသည်။ အကယ်၍ ကမ္ဘာနှစ်ခုကြားတွင် အကျိုးအ ကြောင်း ဆက်စပ်မှု ရှိနေခဲ့လျှင် သူ ပြုလုပ်ခဲ့သမျှသည် အနာဂတ်ကမ္ဘာကို များစွာ ပြောင်းလဲစေခဲ့ရမည် ဖြစ်၏။

သို့သော် ယခုအချိန်ထိ မည်သည့် အပြောင်းအလဲမျှ မရှိခြင်းကပင် ထိုကမ္ဘာနှစ်ခုမှာ အဆက်အစပ် မရှိကြောင်း သက်သေပြနေခြင်းပင် ဖြစ်ပေတော့သည်။

ဤအချက်က ကောင်းယွမ်ကို စိတ်အေးသွားစေခဲ့၏။

ထိုသို့ဆိုလျှင် သူသည် မည်သည့်အရာကိုမျှ စိုးရိမ်စရာ မလိုဘဲ အားသွန်ခွန်စိုက် လုပ်ဆောင်နိုင်ပေတော့ မည်။

...

ကောင်းမိသားစုထံမှ သူ ထွက်ခွာလာခဲ့လေသည်။

ကောင်းယွမ်၏ စိတ်ထဲတွင် ခံစားချက်များစွာ ပြည့်နှက်နေခဲ့၏။ သူသည် အနာဂတ်ကမ္ဘာသို့ အလွန်ပင် သတိထား၍ ရောက်ရှိလာခဲ့သော်လည်း ဤအရာအားလုံးမှာ အဘိုးအိုတစ်ယောက်၏ စီစဉ်မှုသာ ဖြစ် နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

သို့ဆိုလျှင် သူသည် မည်သည့်ကမ္ဘာတွင် ပါဝင်သူ ဖြစ်ပါသနည်း။

နှစ်ပေါင်း နှစ်ဆယ်ကျော်တိုင်အောင် သူ၏ စိတ်ထဲ၌ အနာဂတ်ကမ္ဘာနှင့် ပတ်သက်သော မည်သည့် မှတ် ဉာဏ်မျှ မရှိခဲ့သလို ဤကမ္ဘာ တည်ရှိနေမှန်းလည်း မသိခဲ့ပေ။ သို့သော် ယခုအခါ ကောင်းကန့်က သူ သည် အနာဂတ်ကမ္ဘာမှ ဖွားမြင်လာသူဖြစ်ပြီး ဤကမ္ဘာကို အကျပ်အတည်းမှ ကယ်တင်မည့်သူဟု ပြော လာခဲ့ပေသည်။

ဤသည်မှာ ကောင်းယွမ်အတွက် များစွာ ဖိအားဖြစ်စေခဲ့၏။

သူသည် ယခုအခါ ကောင်းချိုးကိုသာ တွေ့ဆုံချင်မိတော့သည်။ နှစ်ပေါင်း နှစ်ဆယ်တိုင်အောင် သူ၏ အဘိုးအဖြစ် နေထိုင်ခဲ့သော ထို 'ဖခင်' မှာ သူ့အား ပြောစရာ စကားများ ရှိနေလိမ့်မည် မဟုတ်ပါလား။

သူသည် ယခုအချိန်ထိ ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစု တွင် ရှိနေသေး၏။ ကောင်းယွမ်မှာမူ ထိုနေရာသို့ သွားရန် အချိန်မရှိသေးပေ။ သူသည် လက်ရှိကမ္ဘာနှင့် အနာဂတ်ကမ္ဘာ နှစ်ခုလုံးတွင် ဖြေရှင်းစရာ ကိစ္စ များစွာ ရှိနေသေးသည်ပင်။

ဆူးတိုက် ၏ ဖြစ်ရပ်ကို သာဓကထား၍ အခြေအနေများမှာ လောလောဆယ် တည်ငြိမ်နေလိမ့်မည် ဖြစ် ၏။ ဆူးတိုက်ပင်လျှင် အရှုံးပေးခဲ့ရသည်ဖြစ်ရာ သူ၏ ပိုင်ဆိုင်မှုများကို မျက်စိကျနေသူများမှာ တိတ် ဆိတ်သွားကြပေလိမ့်မည်။

သို့သော် ကောင်းယွမ်သည် သတင်းအချက်အလက် ဌာန ကိုတော့ သွားရောက် စစ်ဆေးရန် လိုအပ်ပေ သည်။

ထိုနေရာ၌ အလွန်လျှို့ဝှက်သော အချက်အလက်များ မရှိသော်လည်း အင်တာနက်ပေါ်မှ အချက် အလက်များထက် များစွာ ပို၍ ပြည့်စုံပေလိမ့်မည်။

ယခင်က ကောင်းယွမ်သည် ဤနေရာတွင် အခြေချရန်နှင့် နည်းပညာများ ယူဆောင်၍ လက်ရှိကမ္ဘာတွင် အသုံးချရန်သာ စဉ်းစားခဲ့ခြင်း ဖြစ်၏။

ဤရာထူးမှာ သူ၏ အကာအကွယ် အမှတ်အသားတစ်ခုသာ ဖြစ်ပေသည်။

သို့သော် ယခုမူ အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။

သူသည် မူလကပင် ထိပ်တန်း အဆင့်အတန်းရှိသူ တစ်ဦး ဖြစ်ခဲ့သည်ဖြစ်ရာ ရှောင်ကျင်းမြို့ သို့ သွား၍ တာဝန်ထမ်းဆောင်သည့်အခါ ဘာတွေ ဖြစ်လာမည်ကို သူ မသိပေ။

ကောင်းကန့်သည် ကောင်းယွမ်အတွက် မြို့ပြချင်း ကူးလူးသော ယာဉ်ပျံတစ်စီးကို စီစဉ်ပေးလိုက်လေ ၏။ ၎င်းမှာ ကောင်းယွမ် အရင်က သုံးခဲ့ဖူးသော အများသုံး သယ်ယူပို့ဆောင်ရေးထက် များစွာ သက် သောင့်သက်သာ ရှိလှပေသည်။

၎င်းကို ယဉ်ပျံဟု ခေါ်သော်လည်း တကယ်တမ်းတွင်တော့ ပျံသန်းနိုင်သော ဗီလာကြီးတစ်ခုနှင့် တူပေ သည်။

ရှောင်ကျင်းမြို့ သည် ကောင်းကျင်းမြို့ မှ ကီလိုမီတာ (၃၀၀၀) ခန့် ဝေးကွာပြီး ပျံသန်းချိန် တစ်နာရီမျှသာ ကြာမြင့်ခဲ့လေ၏။

ဤသည်မှာ ကောင်းယွမ်အတွက် ယာဉ်ပျံပေါ်မှနေ၍ လောကကြီးကို (၃၆၀) ဒီဂရီ မြင်ကွင်းကျယ်ဖြင့် ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်ပေသည်။

လောကကြီးမှာ စိမ်းလန်းစိုပြည်နေပြီး မီးခိုးရောင် အစက်အပြောက် ရှစ်ခုမှာ မြို့တော်ကြီး ရှစ်ခု ဖြစ် ကာ တစ်မြို့ချင်းစီတွင် လက်ရှိကမ္ဘာမှ ရှနိုင်ငံ ထက်ပင် ပို၍ များပြားသော လူဦးရေ ရှိနေခဲ့ပေသည်။

"လူဦးရေကို တစ်နေရာတည်းမှာ စုစည်းထားလိုက်ရင် ထိန်းချုပ်ဖို့ ပိုပြီး လွယ်ကူသွားတာ မဟုတ်ဘူး လား..."

ထိုအတွေးမှာ ကောင်းယွမ်၏ စိတ်ထဲသို့ ရုတ်တရက် ဝင်လာခဲ့ခြင်းဖြစ်လေ၏။

သူသည် ရုတ်တရက် ရယ်လိုက်မိလေသည်။

*ငါ ဘာတွေ တွေးနေမိပါလိမ့်… ဒီရှုထောင့်ကနေပြီး ငါ ဘယ်လိုလုပ်ပြီး စဉ်းစားတာပါလိမ့်…*

သူသည် ပိုက်ဆံရှာရန်သာ ဆန္ဒရှိသူ တစ်ဦး ဖြစ်ပေသည်။

...

ရှောင်ကျင်းမြို့ လေဆိပ်သို့ ရောက်ရှိသည့်အခါ ကောင်းယွမ်သည် ယာဉ်ပျံပေါ်မှ ဆင်းလိုက်ပြီး သူ့အား အပြင်ဘက်တွင် စောင့်ဆိုင်းနေသော ဆူးတိုက် ကို တွေ့လိုက်ရလေသည်။

ကောင်းယွမ်သည် သူ၏ ခြေလှမ်းများကို အရှိန်မြှင့်လိုက်လေသည်။

လူသားများမှာ တစ်ဦးကိုတစ်ဦး ကူညီရစမြဲ ဖြစ်ပေသည်။ ယခင်က မည်သို့သော ကိစ္စများ ရှိခဲ့သည်ဖြစ် စေ၊ ယခုအခါ ဆူးတိုက်က သူ့ကို ဤရာထူး ရရှိရန် ကူညီပေးခဲ့သည်ဖြစ်ရာ သူ၏ မျက်နှာကို ထောက် ထားရန် လိုအပ်ပေသည်။

သူ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့လေ၏။

"သခင်လေးဆူး... ဘာလို့ ကိုယ်တိုင် လာစောင့်နေတာလဲဗျာ..."

ဆူးတိုက်သည် ကောင်းယွမ်ကို မြင်သည့်အခါ ကောင်းမိသားစုဝင် တစ်ယောက်မျှ ရင်ဆိုင်ရ မလွယ်ကူ မှန်း စိတ်ထဲမှ တွေးတောနေမိလေသည်။

ကောင်းချိုး မှ စတင်၍ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ ၏ မိသားစုကြီး သုံးခု၏ အခြေခံကိုပင် လှုပ်ခါနိုင် ခဲ့သူ ဖြစ်၏။ ကောင်းကန့် လက်ထက်တွင်လည်း နည်းပညာသစ်များဖြင့် လက်ဝါးကြီးအုပ်မှုကို ချိုးဖျက် ရန် ကြိုးစားခဲ့သော်လည်း သူတို့နှစ်ဦးလုံးမှာ မအောင်မြင်ခဲ့ကြပေ။

ယခုမူ ကောင်းမိသားစု၏ တတိယမြောက် မျိုးဆက်ဖြစ်သော ကောင်းယွမ် ပေါ်လာခဲ့ပြီ ဖြစ်သည်။ သူ သည် ထူးခြားသော နည်းလမ်းဖြင့် လုံကျင်းမြို့ တွင် ကလပ်တစ်ခု ဖွင့်လှစ်ခဲ့လေသည်။

ထိုကလပ်မှာ အမှန်တကယ်ပင် ထူးခြားလှပေသည်။

လွန်ခဲ့သော ရက်အနည်းငယ်က သူသည် ကောင်းယွမ်ကို သတင်းအချက်အလက် ဌာန ၏ ညွှန်ကြားရေး မှူး ဖြစ်လာရန် ကြိုးပမ်းပေးခဲ့ရ၏။

ကောင်းမိသားစုသည် ထိပ်တန်း မိသားစုများအတွက် ဆူးတစ်ချောင်းကဲ့သို့ ဖြစ်နေခဲ့သော်လည်း လူထု ၏ ထောက်ခံမှုကြောင့် မည်သူမျှ မထိရဲခဲ့ကြပေ။

အကယ်၍ သူ၏ ဖခင်က သူသည် ကောင်းမိသားစုဝင်တစ်ဦးကို ကူညီနေမှန်း သိသွားပါက သူ့ကို ဆူပူ ပေလိမ့်မည်။

သို့သော် သူ၏ ဖခင်က သူ့ကို ဆူပူမည့်အစား ကျေနပ်အားရသော အမူအရာဖြင့်ပင် ချီးမွမ်းနေခဲ့သည် မဟုတ်ပါလား။

ကောင်းယွမ်ကို သူ၏ စောင့်ကြည့်မှုအောက်တွင် ထားရှိသရွေ့ ကောင်းယွမ်မှာ မည်သည့် ပြဿနာမျှ ရှာနိုင်မည် မဟုတ်သလို ကောင်းမိသားစုမှာလည်း အဆုံးသတ်သွားပေလိမ့်မည်ဟု ပြောခဲ့လေ၏။

ကောင်းမိသားစု၏ တတိယမြောက် မျိုးဆက်ဖြစ်သော ကောင်းယွမ်မှာ အသုံးမကျသူ တစ်ဦးဖြစ်သည် ဟုပင် သူတို့ တွေးခဲ့ကြလေသည်။

လုံကျင်းမြို့ ရှိ ချင်မိသားစုနှင့် ကောင်းမိသားစုမှာ မဟာမိတ်များ ဖြစ်ကြပြီး နှစ်ခုလုံးမှာ လူသား ဖယ်ဒရေးရှင်း ကောင်စီမှ ဆင်းသက်လာသူများ ဖြစ်ကြ၏။ အကယ်၍ ကောင်းယွမ်သာ ထိုနေရာတွင် ရှိနေခဲ့ပါက ဆူးမိသားစုမှာ သူ့ကို အနှောင့်အယှက် ပေးနိုင်ရုံသာ ရှိမည်ဖြစ်ပြီး တကယ့် လက်တွေ့တွင်မူ ဘာကိုမျှ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

သို့သော် ကောင်းယွမ်က မြို့တော်သို့ လာရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။

ဤသည်မှာ ကျော့ကွင်းထဲသို့ ခြေစုံပစ်ဝင်လိုက်ခြင်းပင် ဖြစ်ပေသည်။ မြို့တော်တွင်မူ သူသည် လှောင် အိမ်ထဲမှ ငှက်ကလေးတစ်ကောင်ကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ထိုသို့ တွေးမိသည့်အခါ ဆူးတိုက် ပြုံးလိုက်မိ၏။ ကောင်းယွမ်သည် သူ၏ ကံကောင်းစေသော ကြယ်ပွင့် ပင် ဖြစ်ပေသည်။ သူသည် မိသားစုအတွင်း၌ တစ်ခါမျှ အလေးထားခြင်း မခံခဲ့ရပေ။ သူ၏ အစ်ကိုများ မှာ အရေးပါသော ရာထူးများတွင် ရှိနေကြပြီး သူကတော့ အပျော်အပါးဖြင့်သာ အချိန်ကုန်နေခဲ့သူ ဖြစ် ၏။

သို့သော် ကောင်းယွမ်နှင့် တွေ့ပြီးနောက်တွင်မူ သူ၏ ဖခင်မှာ သူ့အပေါ် ဆက်ဆံပုံ ပြောင်းလဲသွားခဲ့လေ သည်။

"ကောင်းယွမ်... ငါ မင်းကို စောင့်နေတာ နှစ်ရက်ရှိပြီ... ဘာလို့ အခုမှ ရောက်လာတာလဲ..."

"ကောင်းကျင်းမြို့ ကို ခဏ ပြန်သွားလို့ပါ... သခင်လေးဆူး... ဒါက မင်းအတွက် လက်ဆောင်ပါ..."

ကောင်းယွမ်သည် သူ၏ အိတ်ကပ်ထဲမှ စီးကရက်ဗူးငယ်လေး တစ်ဗူးကို ထုတ်ပေးလိုက်၏။ ၎င်းမှာ လီပင်းရှီ နှင့် တွေ့ဆုံစဉ်က ရရှိခဲ့သော အမှတ်တရ လက်ဆောင် ဖြစ်ပေသည်။

ယခုအခါ ကောင်းယွမ်သည် ထိုစီးကရက်ဗူးကို ဆူးတိုက်အား သူတို့၏ ခင်မင်မှုအတွက် ပေးအပ်လိုက် ခြင်း ဖြစ်လေ၏။

ဤအဆင့်မြင့် စီးကရက်များမှာ လက်ရှိကမ္ဘာတွင်ပင် အလွန်တန်ဖိုးရှိလှရာ အနာဂတ်ကမ္ဘာတွင်မူ ဆိုဖွယ်ရာ မရှိပေ။

ဆူးတိုက်၏ အားသာချက်တစ်ခုမှာ သူသည် အဆင့်မြင့်သော ပစ္စည်းများကို ခံစားတတ်ခြင်းပင် ဖြစ်ပေ သည်။

သူသည် ဗူးကို ဖွင့်ကြည့်ကာ အနံ့ကို ရှူရှိုက်လိုက်၏။

"အိုး... ဒါက တကယ်ကို အံ့ဩစရာပဲ... ငါ့အဖေတောင် ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး... ဒါက နောက်ထပ် မရှိတော့ဘူးလား..."

"ဒါက တစ်ဗူးတည်းပဲ ရှိတာပါ... အရမ်းကို ရှားပါးတဲ့ ပစ္စည်းပေါ့..."

"ကောင်းတာပေါ့... မင်းအတွက် ငါ ကြိုးစားပေးခဲ့ရတာ တန်သွားပြီ... လာလေ... ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ က ထိပ်တန်းပုဂ္ဂိုလ်တွေနဲ့ မိတ်ဆက်ပေးမယ်... မင်းက နောင်ကျရင် သူတို့နဲ့ လုပ်ဖော် ကိုင် ဖက်တွေ ဖြစ်လာမှာလေ..."

သူတို့နှစ်ဦးမှာ နှစ်ပေါင်းများစွာ ခွဲခွာခဲ့ရသော သူငယ်ချင်းဟောင်းများကဲ့သို့ တစ်ဦးကိုတစ်ဦး ဖက်ကာ အပြင်သို့ ထွက်လာခဲ့ကြလေသည်။

"ကောင်းယွမ်... ဒါက မြို့တော်လေ... ငါက အိမ်ရှင်ပေါ့... အရင်က မင်းရဲ့ ကလပ်မှာ ငါ့ကို ဧည့်ခံခဲ့ဖူး တယ် မဟုတ်လား... ဒီညတော့ မင်းအတွက် ဖျော်ဖြေရေးတစ်ခု ငါ စီစဉ်ထားတယ်... ဟဲဟဲ... တကယ် ကို စိတ်ကျေနပ်စေရမယ်လို့ ငါ အာမခံပါတယ်..."

All Chapters