အခန်း ၉၇
Vol. 10 Ch. 97
အခန်း (၉၇)
ဤသူတို့သည် လူသားများ မဟုတ်ကြပေ
*တကယ်ကြီးပါလား… *
ကောင်းယွမ်၏ စိတ်အစဉ်ထဲ၌ မုန်တိုင်းတစ်ခု ပြင်းထန်စွာ တိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရလေ သည်။
"ဒါ... ဒါတွေက ဘယ်လိုလုပ်ပြီး အစစ်အမှန် ဖြစ်နိုင်မှာလဲ..."
"ဒါတွေအားလုံးက ကလုန်းတွေပဲ... သူတို့ထဲကို တိရစ္ဆာန်မျိုးစုံရဲ့ မျိုးရိုးဗီဇတွေကို ထည့်သွင်းထားတာ လေ... သူတို့က တကယ်တော့ လူသားတွေ မဟုတ်ကြဘူး... အပျော်အပါးအတွက် ဖန်တီးထားတဲ့ ကစားစရာ သက်သက်ပဲ..."
"သူကောပဲလား..."
ကောင်းယွမ်သည် အရပ် နှစ်မီတာခွဲခန့် မြင့်ပြီး ချွန်ထက်သော နားရွက်များရှိသည့် အမျိုးသမီးကို ညွှန်ပြကာ မေးလိုက်၏။
"သူလား... သူက ဂြိုဟ်သိမ်ဂြိုဟ်မွှား ပတ်လမ်းစုမှာ မွေးဖွားခဲ့တာ... သီအိုရီအရ ပြောရရင် ကမ္ဘာမြေ ပေါ်မှာ မွေးဖွားတဲ့သူတွေပဲ လူသားနိုင်ငံသား အခွင့်အရေးကို ရရှိခံစားနိုင်တာလေ... အဲဒီ အထောက် အထား မရှိရင် လူလို့ မသတ်မှတ်ဘူး..."
*သူမကလည်း လူသား မဟုတ်ဘူးလား…*
"သူက ဘာလို့ ဒီလောက် အရပ်ရှည်နေရတာလဲ... သူလည်း မျိုးရိုးဗီဇ ပြုပြင်ခံထားရတာလား..."
"ဒါတွေ အားလုံးက မျိုးရိုးဗီဇ ပြုပြင်ထားတာတွေချည်းပါပဲ... ဒါပေမဲ့ သူကတော့ ဂြိုဟ်သိမ်ဂြိုဟ်မွှား ပတ်လမ်းစုမှာ မွေးတာကြောင့်လည်း ပါမှာပေါ့... အဲဒီက ဂြိုဟ်တွေက သေးငယ်တော့ ဆွဲငင်အား အလွန်နည်းတယ်... အဲဒါကြောင့် သူတို့ရဲ့ အရိုးတွေက ပွပြီး ခန္ဓာကိုယ်က ပိန်ပြီးရှည်ထွက်လာတာ လေ... "
"ဂြိုဟ်သိမ်ဂြိုဟ်မွှား ပတ်လမ်းစုမှာ ရေဒီယိုသတ္တိကြွမှုတွေ များတာကြောင့် မျိုးရိုးဗီဇ ဖောက်ပြန်တာ မျိုးလည်း ဖြစ်နိုင်တာပေါ့... မင်း သူ့ကို သဘောကျရင်တော့ ဆော့ကစားတဲ့အခါ သတိထားဦး... မဟုတ် ရင် အရိုးကျိုးသွားနိုင်တယ်... ဟဲဟဲ..."
ကောင်းယွမ်သည် တိတ်ဆိတ်သွားခဲ့ရလေသည်။
ဆူးတိုက်က သူ၏ ပုခုံးကို ပုတ်ကာ ပြောလိုက်လေ၏။
"ညီလေး... မင်း ကြိုက်တာကို ရွေးလိုက်စမ်းပါ... ဒီမှာ လူမျိုးစုံ ရှိတယ်... ဒီလို တိရစ္ဆာန် တစ်ဝက် လူ တစ်ဝက်တွေကို မကြိုက်ရင်လည်း လူပုလေးတွေ၊ လူစိမ်းတွေ၊ လူနီတွေလည်း ရှိသေးတယ်... မင်းရဲ့ အကြိုက်က ဘယ်လောက်ပဲ ထူးဆန်းနေပါစေ... ဒီနေရာက မင်းကို စိတ်ကျေနပ်မှု ပေးနိုင်ပါလိမ့် မယ်..."
သူ၏ ရှေ့မှ ထူးဆန်းသော ပုံသဏ္ဍာန်ရှိသည့် အမျိုးသမီး ဒါဇင်ပေါင်းများစွာကို ကြည့်ရင်း ကောင်းယွမ် သည် ရုတ်တရက် ပျို့အန်ချင်သကဲ့သို့ ခံစားလိုက်ရလေသည်။
ဤသည်မှာ လူသားတစ်ယောက်ပင် ဖြစ်၏။
ကုန်ထုတ်လုပ်မှု စွမ်းအား အလွန်မြင့်မားသော အနာဂတ်ကမ္ဘာတွင် လူတိုင်း တန်းတူညီမျှစွာ ရှင်သန်နိုင် မည်ဟု သူ ထင်မှတ်ခဲ့သော်လည်း ယခုမူ လူတန်းစား ခွဲခြားမှုမှာ ပို၍ပင် ပြင်းထန်နေခဲ့ပေသည်။
အောက်ခြေလူတန်းစားများမှာ စားဝတ်နေရေးအတွက် ပူပန်ရန် မလိုတော့ဟု သူ ထင်မှတ်ခဲ့သော်လည်း ဤ 'မျိုးရိုးဗီဇ ပြုပြင်ထားသော လူသားများ' ကို မြင်လိုက်ရသည့်အခါတွင်မူ မြေအောက်ကမ္ဘာ၌ လူ ဟုပင် မသတ်မှတ်ခံရသော သူများ ရှိနေသည်ကို သိလိုက်ရတော့သည်။
"မင်းက တကယ်ကို ပျော်တတ်တာပဲ..."
"ငါတို့ပေါ့... အခုဆိုရင် မင်းလည်း ငါတို့နဲ့ တစ်ဖက်တည်းသား ဖြစ်သွားပြီလေ... ငါ ပြောပြဦးမယ်... ဒါက ဘာမှ မဟုတ်သေးဘူး... ငါ့အဖေမှာ ယုန်နားရွက် မိန်းကလေးတွေချည်းပဲ ရှိတဲ့ ခြံကြီး တစ်ခု တောင် ရှိသေးတယ်... ငါ့ကိုတော့ အဲဒီကို ဘယ်တော့မှ ပေးမသွားဘူး..."
ဆူးတိုက်က ဂုဏ်ယူသော အမူအရာဖြင့် ပြောလိုက်လေသည်။
ကောင်းယွမ်သည် စိတ်မသက်မသာ ဖြစ်လာခဲ့ရ၏။
"သခင်လေးဆူး... ကျွန်တော် ရုတ်တရက် အရေးကြီးတာ တစ်ခု သတိရလို့... ဒါကိုတော့ တခြားတစ် ရက်မှ ဆော့ကြတာပေါ့..."
"ဘာ အရေးကြီးတာ ရှိလို့လဲ... ဒီညအတွက် ငါ အကုန် စီစဉ်ပေးမယ်လို့ ပြောထားပြီးသားပဲ... မင်းက မြို့တော်ကို အခုမှ ရောက်တာလေ... ဘယ်ကို သွားမှာလဲ..."
"ကျွန်တော်..."
ကောင်းယွမ် ထပ်မံ ရှင်းပြရန် ကြိုးစားလိုက်သော်လည်း ဆူးတိုက်က သူ့ကို ထို မျိုးရိုးဗီဇ ပြုပြင်ထား သော လူသားများ အုပ်စုထဲသို့ ဆွဲခေါ်သွားခဲ့လေသည်။
"ကြိုက်တာ ရွေးစမ်းပါ... စိတ်ကြိုက် ကစားပေါ့... မင်းရဲ့ မျက်နှာကို ကြည့်ရတာ ဒီနေရာက လူတွေကို မကြိုက်ဘူး ထင်တယ်... မင်း ဘယ်လို အမျိုးအစားကို ကြိုက်တာလဲ ပြော... ဒီမှာ မျိုးရိုးဗီဇ ပြုပြင်ထား တဲ့ လူပေါင်း သောင်းချီ ရှိတယ်... မင်း ပြောတာနဲ့ ငါ ရှာပေးနိုင်တယ်..."
"ကျွန်တော်..."
"ကင်းခြေများလူသားလား... မင်းရဲ့ အကြိုက်က တကယ်ကို ထူးဆန်းတာပဲ... ဒါပေမဲ့ အဲဒီလို လူမျိုး လည်း ရှိပါတယ်... ခြေထောက် ခြောက်ချောင်းနဲ့ လက် ခြောက်ဖက် ပါတဲ့လူလေ... ဟဲဟဲ... အခုပဲ ခေါ်လိုက်ရမလား..."
ကောင်းယွမ် ပျို့အန်ချင်စိတ်ကို အောင့်ထားလိုက်ရသည်။
"မဟုတ်ပါဘူး သခင်လေးဆူး... ကြောင်နားရွက်လေးတွေ... ကျွန်တော် ကြောင်နားရွက် မိန်းကလေး တွေကို သဘောကျတယ်..."
"ဟဲဟဲ... ငါ သိသားပဲ... မင်း သဘောကျမယ့် အရာ တစ်ခုခု ရှိမှာပါ... ကြောင်နားရွက်လေးတွေက ချစ်စရာ အကောင်းဆုံးပဲလေ... မင်း... ဟုတ်တယ်... မင်းလည်း ပါတယ်... ဒီည သခင်လေးကောင်းကို အဖော်ပြုပေးလိုက်ကြ... သခင်လေးကောင်း နည်းနည်းလေးတောင် စိတ်တိုင်းမကျဖြစ်ခဲ့ရင် မင်းတို့ အားလုံး မြေဩဇာ အဖြစ် ပြောင်းလဲသွားမယ်မှတ်..."
အမည် အခေါ်ခံရသော ကြောင်နားရွက် မိန်းကလေး နှစ်ဦးမှာ ထိတ်လန့်သွားကြသော်လည်း ချဲ့ကား ထားသော အပြုံးများဖြင့် ပြန်လည် ဖြေကြားလိုက်ကြလေသည်။
"သခင်လေးဆူး စိတ်ချပါ... သခင်လေးကောင်း စိတ်ကျေနပ်စေရမယ်လို့ ကျွန်မတို့ အာမခံပါတယ်..."
ဆူးတိုက်က ကောင်းယွမ်ကို တွန်းထုတ်လိုက်ရင်း ပြောလိုက်လေ၏။
"သွားကစားတော့... ငါက ဒီမှာ အဖော်လုပ်နေရင် မင်းအတွက် မကောင်းဘူးလေ... တစ်ခုခုဖြစ်ရင် ဦးနှောက်ချိတ်ဆက်မှုကွန်ရက်ကနေ ငါ့ကို လှမ်းခေါ်လိုက်..."
...
အခန်းတွင်းရှိ အရောင်အသွေးများမှာ စိတ်ကို လှုံ့ဆော်နေပြီး ရနံ့များကလည်း ကောင်းယွမ်၏ စိတ် အာရုံကို နှောင့်ယှက်နေခဲ့လေသည်။ အခန်းထဲတွင် အဆင့်မြင့် နည်းပညာသုံး ကိရိယာများဖြင့် ပြည့် နှက်နေပြီး ကောင်းယွမ်သည် သူ၏ စိတ်ကူးဖြင့်ပင် ရှေ့မှ မိန်းကလေး နှစ်ဦးကို စိတ်ကြိုက် ခိုင်းစေနိုင် ပေသည်။
သို့သော် ကောင်းယွမ်သည် သူ၏ စိတ်ခံစားချက်များကို ထိန်းချုပ်ထားလိုက်လေ၏။
သူသည် စိတ်ဝိညာဉ်သန့်စင်ဂါထာကို တတွတ်တွတ် ရွတ်ဆိုနေမိလေသည်။ စိတ်အမှားတစ်ခုကြောင့် သူ၏ စိတ်ရိုင်းများ ပေါက်ဖွားလာမည်ကို သူ စိုးရိမ်နေမိခဲ့လေ၏။ ကြောင်နားရွက် မိန်းကလေး နှစ်ဦး မှာလည်း စိုးရိမ်နေကြလေသည်။
ဤနေရာတွင် အလုပ်လုပ်ခြင်းမှာ ဖောက်သည်များကို ဝန်ဆောင်မှုပေးရင်း ထိခိုက်ဒဏ်ရာ ရခြင်းမှာ အသေးအဖွဲ ကိစ္စသာ ဖြစ်ပြီး သေလုမျောပါး ဖြစ်ရသည့် အကြိမ်ပေါင်းလည်း မနည်းပေ။
နည်းပညာများ တိုးတက်နေသည့်အတွက် ဆေးတစ်လုံး ထိုးလိုက်ရုံဖြင့် ခဏအတွင်း ပြန်လည် ကောင်း မွန်လာနိုင်သော်လည်း ထိုနာကျင်မှုများကိုမူ သူတို့ ထပ်မံ မခံစားလိုကြတော့ပေ။
သူတို့သည် ကောင်းယွမ်၏ နောက်သို့ ကြောက်ကြောက်လန့်လန့်ဖြင့် လိုက်ပါလာခဲ့ကြလေသည်။ ဆယ် မိနစ်ခန့် ကြာသည်အထိ ရှေ့မှ သခင်လေးမှာ ခေါင်းငုံ့ကာ တစ်စုံတစ်ခုကို တစ်ဦးတည်း ရွတ်ဆိုနေသည် ကိုသာ တွေ့ရလေသည်။
"သခင်လေးကောင်း... ကျွန်မတို့ကို ဘာလုပ်ပေးစေချင်ပါသလဲရှင်..."
"ငါ့ကို လာမနှောင့်ယှက်နဲ့..."
"ကျွန်မတို့ ကပြရမလား..."
"မလိုဘူး..."
ကြောင်နားရွက် မိန်းကလေး နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ သူတို့ ဘာမျှ မလုပ် ဆောင်ပါက သခင်လေးဆူး သိသွားလျှင် သူတို့ အသက်ရှင်ရန် လမ်းစ ရှိတော့မည် မဟုတ်ပေ။ သူတို့၌ နိုင်ငံသား အခွင့်အရေး မရှိသည့်အတွက် သူတို့၏ အဆင့်အတန်းမှာ တိရစ္ဆာန်များထက်ပင် နိမ့်ကျနေခဲ့ ပေသည်။ တိရစ္ဆာန်များမှာ အိမ်မွေးတိရစ္ဆာန်အဖြစ် တန်ဖိုးထားခံရသော်လည်း သူတို့မှာမူ ဖျော်ဖြေရေး ပစ္စည်းသက်သက်သာ ဖြစ်ကြလေသည်။
ကောင်းယွမ်သည်လည်း အလွန်ပင် စိတ်ရှုပ်ထွေးနေခဲ့၏။ သူသည်လည်း ထိုကဲ့သို့သော အခြေအနေ မျိုးကို စိတ်ကူးယဉ်ခဲ့ဖူးသော လူငယ်တစ်ဦး ဖြစ်ပေသည်။ သို့သော် သူ၏ ကိုယ်ကျင့်တရားကမူ ထိုသို့ မလုပ်ဆောင်ရန် တားမြစ်နေခဲ့လေသည်။
ကောင်းယွမ် မှင်သက်သွားမိ၏။
*ငါ ဘယ်အချိန်က စပြီး စိတ်ကူးယဉ်နေမိတာလဲ…*
မော့ကြည့်လိုက်သည့်အခါ မြင်ကွင်းမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ အခန်းမှာ ကလပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကြောင်နားရွက် မိန်းကလေး နှစ်ဦးမှာ မီးရောင်အောက်တွင် ကပြနေကြလေပြီဖြစ် ၏...။
*တောက်…*
ကောင်းယွမ်သည် မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားသကဲ့သို့ ခံစားလိုက်ရလေသည်။ တစ်ည လုံး ရုန်းကန်လှုပ်ရှားပြီးနောက် ကောင်းယွမ် နိုးလာသည့်အခါ ကြောင်နားရွက် မိန်းကလေးများ မရှိ တော့ပေ။ သူသည် ပင်ပန်းနွမ်းနယ်ခြင်း မရှိဘဲ အင်အားများ ပြည့်ဝနေခဲ့ပေသည်။
သူ အပြင်သို့ ထွက်လာသည့်အခါ ဆူးတိုက်က ရောက်ရှိလာခဲ့လေ၏။
"ဟဲဟဲ... မနေ့ညက ပျော်ခဲ့ရဲ့လား... မင်းက ဒီလို ကလပ်မျိုးကို တည်ထောင်ခဲ့ပေမဲ့ ဒီလောက်အထိ အေးအေးဆေးဆေး နေတတ်လိမ့်မယ်လို့ ငါ မထင်ထားဘူး... ဟို ကြောင်နားရွက် မိန်းကလေး နှစ် ယောက်ကတော့ ထွက်သွားကြပြီ..."
ကောင်းယွမ် အနည်းငယ် ရှက်ရွံ့သွားမိလေသည်။
"သခင်လေးဆူး... ကျွန်တော် ဘယ်တော့ အလုပ်စရမှာလဲ..."
"ကြိုက်တဲ့အချိန် စလို့ရပါတယ်..."
"ဒါဆို... နောက်သုံးရက်လောက်နေရင် ဘယ်လိုလဲ... ကျွန်တော် လုံကျင်းမြို့ကို ခဏပြန်ပြီး ကလပ်က ကိစ္စတွေကို စီစဉ်ချင်လို့ပါ... ပြီးရင် ချက်ချင်း ပြန်လာခဲ့ပါ့မယ်..."
"လုံကျင်းကို ပြန်ဦးမလို့လား... ငါက နောက်ရက်တွေအတွက် ပျော်စရာ အစီအစဉ်တွေ အများကြီး လုပ်ထားတာကို..."
"မလိုတော့ပါဘူး... ကျွန်တော် မခံနိုင်တော့ဘူး... ဒီလောက်ဆို လုံလောက်ပါပြီ..."
...
ကောင်းယွမ်သည် လုံကျင်းမြို့သို့ ပြန်ရန် အတင်းအကျပ် ပြောဆိုနေခဲ့လေသည်။
ဆူးတိုက်သည် ဆူးမူယန်၏ ရုံးခန်းသို့ ရောက်ရှိလာခဲ့၏။
"မနေ့ညက မင်းတို့ အိုင်ဘားကို သွားခဲ့ကြတာလား... ကောင်းယွမ်ကော ပါလား..."
"သူ သွားခဲ့ပါတယ်... ဒါပေမဲ့ သူက အခုထိတော့ အကုန်လုံးကို ဖွင့်ချမပြသေးဘူး ထင်တယ်..."
"မလောပါနဲ့... အေးအေးဆေးဆေး နေပါစေ... ကောင်းမိသားစုက လူတွေက အပေါ်ယံမှာတော့ သူတော်ကောင်းတွေလို ဟန်ဆောင်တတ်ကြတာပဲ... ကောင်းယွမ် တစ်ကြိမ် လုပ်မိသွားပြီဆိုရင် နောက်တစ်ကြိမ်လည်း ထပ်လုပ်မှာပဲ... မင်း ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်... မင်း ကြာသေးပေး ဂြိုဟ်ကို သွားဖို့ စစ်သင်္ဘော တစ်စင်း လိုချင်တယ်ဆိုတာကို ငါ သဘောတူတယ်..."
"တကယ်လား... ဟဲဟဲ... ကျွန်တော် ကြာသေးပေးဂြိုဟ်က လေပြင်းကို စမ်းသပ်ချင်နေတာ ကြာပြီ... အရင်က စက်ကိရိယာတွေက မကောင်းလို့... အခု စစ်သင်္ဘော ရပြီဆိုတော့ ဘာမှ ပူစရာ မလိုတော့ ဘူး..."
"မင်းကတော့ ဒီလို အောက်တန်းစား ကစားနည်းတွေကိုပဲ ဝါသနာပါတာပဲ... ထားပါတော့... မင်းရဲ့ အစ်ကိုကြီး ရှိနေရင် လုံလောက်ပါပြီ..."
သူမ၏ ဖခင်က အစ်ကိုကြီးအကြောင်းကို ထပ်မံ ပြောဆိုလိုက်သည့်အခါ ဆူးတိုက်၏ မျက်လုံးထဲတွင် မကျေနပ်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် အပြုံးဖြင့် ဖုံးကွယ်လိုက် လေသည်။
"ကျွန်တော်လည်း မတတ်နိုင်ဘူးလေ... ဒါက ကျွန်တော့်ရဲ့ ဝါသနာမှ မဟုတ်တာ... ကျွန်တော်က လျှောက်လည်ရတာကိုပဲ သဘောကျတာ..."
"ဟုတ်ပါပြီ... သွားတော့..."
အခြားတစ်ဖက်တွင်မူ ကောင်းယွမ်သည် လုံကျင်းမြို့သို့ မပြန်ဘဲ သူ၏ လုံခြုံရေးစက်ရုပ် အန်းရီကို အသုံးပြုကာ ရှောင်ကျင်းမြို့၏ တည်နေရာ အချက်အလက်များကို တွက်ချက်ခိုင်းလိုက်လေသည်။
ယခင် ကမ္ဘာကူး ခရီးစဉ်များမှ တွက်ချက်ရရှိထားသော အချက်အလက်များအရ ရှောင်ကျင်းမြို့၏ တောင်ဘက်ခြမ်းတွင် ကမ္ဘာကူးတံခါးကို ဖွင့်လိုက်ပါက လက်ရှိကမ္ဘာရှိ ချင်ကျင်းမြို့သို့ ရောက်ရှိနိုင်ပေ လိမ့်မည်။ ဤသည်မှာ မျှော်လင့်မထားသော ဝမ်းသာစရာ သတင်းပင် ဖြစ်၏။
ကောင်းယွမ်သည် လက်ရှိကမ္ဘာရှိ သူ၏ ပိုင်ဆိုင်မှုများကိုလည်း ထိန်းသိမ်းထားလိုသေးသည်။
ထို့ကြောင့် သူသည် လက်ရှိကမ္ဘာသို့ ချက်ချင်း ပြန်လာခဲ့လိုက်၏။ သူ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် သူ၏ လက်ပတ်ဖုန်းမှနေ၍ ကျန်းပိုင်ရီ၊ ရှလင် နှင့် ကျိုးလဲ့တို့ဆီမှ လွတ်သွားသော ဖုန်းခေါ်ဆိုမှုပေါင်း ဒါဇင်ကျော် ရှိနေကြောင်း အကြောင်းကြားစာ ရောက်ရှိလာခဲ့လေသည်။
ကောင်းယွမ် အံ့ဩသွားမိလေ၏။
*ဘာတွေ ဖြစ်နေပြီလဲ…*