← Chapters

အခန်း ၉၈

Vol. 10 Ch. 98

အခန်း ၉၈

Vol. 10 Ch. 98

အခန်း (၉၈)

တောက်ရင်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း

ကောင်းယွမ်သည် ကျန်းပိုင်ရီထံသို့ ဦးစွာ အကြောင်းပြန်လိုက်၏။

"လောင်ကျန်း... ဘာဖြစ်လို့လဲ..."

ကျန်းပိုင်ရီ၏ ပုံရိပ်ယောင်မှာ ကောင်းယွမ်၏ ရှေ့မှောက်သို့ ပေါ်ထွက်လာပြီး စိုးရိမ်သောကရောက်နေ သည့် အမူအရာဖြင့် ပြောလာလေသည်။

"အဘိုးကြီး... နောက်ဆုံးတော့ ပေါ်လာပြီပေါ့... သတင်းစာရှင်းလင်းပွဲ ပြီးကတည်းက ပျောက်သွား တာ... မင်းသာ အခု ပေါ်မလာရင် ငါ ရဲတိုင်တော့မလို့..."

"အရေးကြီးတာကို ပြောစမ်း... ငါ ဓာတ်ခွဲခန်းထဲ ရောက်နေလို့ ဖုန်းလိုင်း ပြတ်နေတာ..."

"ငါတို့မှာ အဆင့်မြင့် နည်းပညာတွေ အများကြီး ရှိနေပြီပဲ... မင်းက ဘာတွေကို ထပ်ပြီး တီထွင်နေဦးမှာ လဲ... ဒါတွေကို ထုတ်ရောင်းလိုက်ရုံပဲလေ... ငါတို့ ငါးရံ့နက် နည်းပညာကုမ္ပဏီက ပိုပြီး ကြီးကျယ်ခိုင်မာ လာတော့မှာ..."

ကောင်းယွမ်သည် ကျေနပ်သွားခဲ့ရ၏။ ယခုအခါ ငါးရံ့နက် နည်းပညာကုမ္ပဏီ၌ သုံး၍မကုန်နိုင်သော ငွေကြေးများ ရှိနေပြီ ဖြစ်လေသည်။

"လိုရင်းကိုပဲ ပြောစမ်းပါ..."

"ဪ... ဟုတ်သားပဲ... ရှလင်က ငါ့ကို ဖုန်းဆက်တယ်... အမေရိကန်က ငါတို့ရဲ့ အပူချိန်ထိန်းအဝတ် အစားနဲ့ လက်ပတ်ဖုန်းတွေကို စုံစမ်းစစ်ဆေးနေတယ်တဲ့... အဲဒီ ပစ္စည်းတွေထဲမှာ အချက်အလက် ခိုးယူ တဲ့ စက်တွေ ပါတယ်။ ဆိုပြီးတော့လေ... သူတို့က ရှလင်ကို လွှတ်တော် ကြားနာပွဲ တက်ဖို့တောင် တောင်းဆိုနေကြတယ်..."

ကောင်းယွမ် အံ့ဩသွားခဲ့ရ၏။

*အမေရိကန် အကြီးအကဲရဲ့ ကိစ္စက မပြီးသေးဘူးလား…*

ရက်အနည်းငယ်မျှသာ ရှိသေးသော်လည်း ထူးဆန်းသော အရာများ ဖြစ်ပျက်နေခဲ့ပြီ ဖြစ်သည်။ သူ၏ အင်အားမှာ အားနည်းနေသေးသည်ဟု ကောင်းယွမ် ခံစားလိုက်ရလေသည်။

"တခြား ဘာရှိသေးလဲ..."

"ရှိသေးတယ်... အနောက်နိုင်ငံတွေက ငါတို့ရဲ့ ချစ်ပ်ပြားတွေကို ဈေးကွက်ဖျက်ဆီးမှု စုံစမ်းစစ်ဆေးရေး စတင်နေပြီး အခွန် (၁၀၀) ရာခိုင်နှုန်း တိုးမြှင့်လိုက်တယ်လို့ ကြေညာလိုက်တယ်..."

"ကောင်းပြီ... ငါ နားလည်ပြီ..."

ကောင်းယွမ်သည် ဖုန်းကို ချလိုက်၏။ ရှလင်နှင့် ကျိုးလဲ့တို့၏ ဖုန်းများကို ပြန်ခေါ်ရန် မလိုတော့ပေ။ သူတို့သည်လည်း ဤအမေရိကန်၏ စုံစမ်းစစ်ဆေးမှု အကြောင်းကိုသာ ပြောကြပေလိမ့်မည်။

*အမေရိကန်ကတော့ စကားနားမထောင်ဘူးပဲ… ဈေးနှုန်းလျှော့ချပြီး ရောင်းပေးတာက ဘာဖြစ်နေလို့ လဲ… ဒါက သူတို့အတွက်ပဲ ကောင်းတာ မဟုတ်လား။ သူတို့ကို နည်းပညာမြင့် ထုတ်ကုန်တွေ သုံးစွဲခွင့် ပေးထားတာပဲဥစ္စာ… ဒီလိုမျိုး ပြဿနာတွေက ရက်အနည်းငယ်ခြားတစ်ခါ ဖြစ်နေတာဆိုတော့... ရေရှည်ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုကို ရှာဖို့ လိုအပ်နေပြီ…*

ဤသည်မှာ သူ ယခင်က ကြယ်ကိုးစင်းကို နောက်ပြောင်ခဲ့သည့် အကျိုးဆက်ဖြစ်ကြောင်း ကောင်းယွမ် မသိခဲ့ပေ။

သတင်းစာရှင်းလင်းပွဲပြီးနောက် လီပင်းရှီမှာ အလွန်ပင် ဒေါသထွက်ကာ သွေးတက်သွားခဲ့ရလေသည်။ သို့သော် ကြယ်ကိုးစင်း၏ လုပ်ငန်းမှာ အလွန်ပင် ကျယ်ပြန့်လှသဖြင့် လက်ပတ်ဖုန်းများမှာ ရက်အနည်း ငယ်အတွင်း တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားနိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် ကြယ်ကိုးစင်းမှာ ဆုံးရှုံးမှုများ ရှိခဲ့သော်လည်း ပြိုလဲသွားခြင်းတော့ မရှိသေးပေ။

နေအိမ်သို့ ပြန်ရောက်သည့်အခါ လီပင်းရှီသည် မော်ဂန် မိသားစုနှင့် ဆက်သွယ်လိုက်လေသည်။ မော်ဂန် မိသားစုသည်လည်း ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ ထုတ်ကုန်များကို ပစ်မှတ်ထားရန် လွှတ်တော်သို့ ချက်ချင်း တိုက်တွန်းခဲ့ကြလေ၏။

ယခင်က အမေရိကန် သမ္မတ၏ ဖြစ်ရပ်အပြီးတွင် ဒုသမ္မတမှာ မလွှဲမရှောင်သာဘဲ ရာထူးကို ဆက်ခံခဲ့ ရသဖြင့် သူ၏ ရာထူးမှာ ခိုင်မာခြင်း မရှိပေ။ ထို့ကြောင့် ဒုသမ္မတသည် စီးပွားရေး အုပ်စုကြီးများ၏ ထောက်ခံမှုကို လိုအပ်နေခဲ့လေသည်။

ရှလင်သည် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားပြီး ဒေသတွင်း အထက်တန်းလွှာ စီးပွားရေးလုပ်ငန်းစု ကြီးများနှင့် ပူးပေါင်းထားသော်လည်း အချိန်မှာ တိုတောင်းလွန်းလှပေသည်။ မော်ဂန် မိသားစုက သူ တို့ကို လျော်ကြေးပေးရန် ကတိပြုပြီးနောက်တွင်မူ ငါးရံ့နက် နည်းပညာကုမ္ပဏီမှာ အပယ်ခံ ဖြစ်သွားခဲ့ ရလေတော့သည်။ ရင်းနှီးမြှုပ်နှံသူများမှာလည်း သဘောတူညီမှု ရရှိသွားခဲ့ကြ၏။

ရာထူးအသစ် ရရှိလာသော အကြီးအကဲသည် ချက်ချင်းပင် အခွင့်အရေးကို အရယူကာ ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ ထုတ်ကုန်များမှာ ရည်ရွယ်ချက်ဆိုးများ ရှိနေကြောင်း သတင်းမီဒီယာများမှ တစ်ဆင့် ဝါဒဖြန့်ခဲ့လေသည်။

ဥပမာအားဖြင့် လက်ပတ်ဖုန်းမှာ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ခိုးယူရုံသာမက ကျန်းမာ ရေးကို ထိခိုက်စေသော ရေဒီယိုသတ္တိကြွမှုများလည်း ရှိနေသည်ဟု ဆိုကြခြင်းဖြစ်လေ၏။

အပူချိန်ထိန်းအဝတ်အစားမှာ ဝတ်ဆင်ရသည်မှာ သက်သောင့်သက်သာ ရှိသော်လည်း အချက်အလက် များကို ခိုးယူနေပြီး အတွင်းရှိ လျှပ်စစ်ပတ်လမ်းများမှာ ခန္ဓာကိုယ်ကို ဘေးဥပဒ် ဖြစ်စေသည်ဟု ဝါဒဖြန့် ခဲ့ကြလေသည်။

ချစ်ပ်ပြားများနှင့် ပတ်သက်၍မူ သာမန်လူများနှင့် မသက်ဆိုင်ပေ။ ရက်ပိုင်းအတွင်းမှာပင် အနောက် နိုင်ငံများ၌ ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ ဂုဏ်သတင်းမှာ ပျက်ပြားသွားခဲ့ရလေသည်။ ချစ်ပ်ပြားများကို အခွန် (၁၀၀) ရာခိုင်နှုန်း တိုးမြှင့်လိုက်သည့်အခါ ငါးရံ့နက် ချစ်ပ်ပြားများမှာ ဈေးနှုန်း အသာစီးရမှု မရှိ တော့ပေ။

အနောက်နိုင်ငံထုတ် ချစ်ပ်ပြားများမှာ စွမ်းဆောင်ရည် အနည်းငယ် နိမ့်သော်လည်း လက်ရှိ အီလက် ထရွန်နစ် ပစ္စည်းများအတွက် လုံလောက်နေသည် မဟုတ်ပါလား။

ကောင်းယွမ်သည် အစီအစဉ်များ စတင်ဆွဲတော့သည်။ သူ၏ ကုန်ကျစရိတ်မှာ သုညနီးပါး ဖြစ်သည့် အတွက် ပိတ်ပင်မှုများ သို့မဟုတ် အခွန်များကို သူ ဂရုမစိုက်ပေ။ သို့သော် အနောက်နိုင်ငံ မီဒီယာများ၏ ဝါဒဖြန့်မှုကြောင့် သူ၏ ထုတ်ကုန်များမှာ ရောင်းမကောင်းတော့ပေ။

ချင်ကျင်းမြို့၏ လမ်းမများပေါ်တွင် လျှောက်လှမ်းရင်း ကောင်းယွမ်သည် ဖြေရှင်းရန် နည်းလမ်းကို စဉ်းစားနေမိခဲ့လေ၏။ အမေရိကန် အစိုးရကို ဖြေရှင်းရန် နည်းလမ်းများ ရှိသော်လည်း ငါးရံ့နက် နည်းပညာကုမ္ပဏီ၌ သတင်းအချက်အလက် စစ်ပွဲအတွက် လမ်းကြောင်းများ ကင်းမဲ့နေခဲ့ပေသည်။

ကောင်းယွမ် စိတ်ပူနေစဉ်မှာပင် လမ်းပေါ်၌ တောက်ရင် ဗီဒီယို ရိုက်ကူးနေသူတစ်ဦးကို မြင်လိုက်ရ လေ၏။ ကောင်းယွမ်၏ မျက်လုံးများမှာ တောက်ပသွားခဲ့ရလေသည်။

သူ့တွင် ကိုယ်ပိုင် မီဒီယာလုပ်ငန်း မရှိသော်လည်း ရှိပြီးသား မီဒီယာများနှင့် ပူးပေါင်းနိုင်သည် မဟုတ်ပါ လား။ အနောက်နိုင်ငံ မီဒီယာများကို သူ ဘာမျှ မလုပ်နိုင်သော်လည်း ရှနိုင်ငံ ကုမ္ပဏီမှ လူမှုကွန်ရက် မီဒီယာများ ရှိနေသေးသည်ပင်။

ထို့ကြောင့် ကောင်းယွမ်သည် ကျန်းပိုင်ရီကို ချက်ချင်း ဆက်သွယ်လိုက်လေ၏။

"လောင်ကျန်း... ကျီကျစ် ကုမ္ပဏီရဲ့ စီအီးအိုကို ဆက်သွယ်ပေးစမ်း... ဒီည ငါတို့ အတူတူ ညစာ စားကြမယ်..."

"ဟင်... လောင်ကောင်း... မင်းက လူမှုကွန်ရက် နယ်ပယ်ထဲကို ဝင်မလို့လား..."

"အများကြီး မမေးနဲ့... ပြောတာသာ လုပ်စမ်းပါ..."

...

ချင်ကျင်းမြို့ရှိ ကျီကျစ် ကုမ္ပဏီ ဌာနချုပ်၌ တည်ထောင်သူ လီမင်သည် အစည်းအဝေးခန်းအတွင်း အစည်းအဝေး ပြုလုပ်နေခဲ့လေသည်။

"လွန်ခဲ့တဲ့ ရက်ပိုင်းက ငါးရံ့နက် နည်းပညာကုမ္ပဏီရဲ့ သတင်းစာရှင်းလင်းပွဲကို အားလုံး ကြည့်ခဲ့ကြမှာ ပါ... ဘာတွေ တွေးမိကြလဲ... ပွင့်ပွင့်လင်းလင်း ပြောကြပါ..."

"လူကြီးမင်း လီ... ကျွန်တော့် အထင်တော့ လက်ပတ်ဖုန်းတွေက နှစ်နှစ်အတွင်း တစ်ကမ္ဘာလုံးကို လွှမ်းမိုးသွားလိမ့်မယ်... အဲဒီအခါမှာ ဖျော်ဖြေရေးနဲ့ လူမှုကွန်ရက် အသုံးချ ဆော့ဖ်ဝဲလ် အသစ်တွေ ပေါ်ထွက်လာမှာ အသေအချာပဲ... ကွန်ပျူတာတွေ ခေတ်စားလာတုန်းက တာအိုပေါင်နဲ့ ကျူကျူတို့ ပေါ်လာခဲ့သလိုပေါ့... အခု လက်ပတ်ဖုန်းတွေရဲ့ သုံးဖက်မြင် ပုံရိပ်ယောင် ခေတ်မှာလည်း ဖျော်ဖြေရေး ပုံစံအသစ်တွေ ရှိလာမှာပဲ... ကျွန်တော်တို့ ကြိုတင် ပြင်ဆင်ထားမှ ဖြစ်မယ်... မဟုတ်ရင် ခေတ်နောက် ကျ ကျန်ခဲ့ပါလိမ့်မယ်..."

"ငါးရံ့နက် နည်းပညာကုမ္ပဏီက တိုတောင်းတဲ့ အချိန်အတွင်းမှာ အရှိန်အဟုန်နဲ့ တိုးတက်လာတာက သူတို့ရဲ့ သုတေသန စွမ်းရည်ကြောင့်ပဲ... ဒါက တခြား ကုမ္ပဏီတွေ လိုက်မမီနိုင်တဲ့ အချက်ပဲ... အခု ရှမီက သူတို့နဲ့ ပူးပေါင်းလိုက်ပြီဆိုတော့ ကျားရှေ့ တောင်ပံတပ်ပေးလိုက်သလို ဖြစ်သွားပြီ... ကျွန်တော် တို့ရဲ့ ပြည်တွင်းဈေးကွက်က အကန့်အသတ် ဖြစ်နေသလို နိုင်ငံတကာ ဈေးကွက်မှာလည်း ရုန်းကန်နေရ တယ်... ကျွန်တော်တို့ တိုးတက်မှု အသစ်တွေကို ရှာဖွေရပါမယ်..."

"ကျွန်တော်တို့ အချက်နှစ်ချက်ကို အာရုံစိုက်မယ်... အသုံးပြုသူအသစ်တွေ တိုးပွားအောင် လုပ်မယ်... ရှိပြီးသား အနေအထားကို ထိန်းသိမ်းရင်း ထုတ်ကုန်အသစ်တွေကို ဖော်ထုတ်မယ်..."

လီမင်သည် ခေါင်းညိတ်ကာ သဘောတူလိုက်၏။ သို့သော် တောက်ရင် နိုင်ငံတကာဗားရှင်းမှာ ပြည် တွင်းထက် ပို၍ အခက်အခဲများ ကြုံတွေ့နေရလေသည်။ အထူးသဖြင့် အမေရိကန်တွင် ဖြစ်၏။

လွန်ခဲ့သော နှစ်များအတွင်း ကြားနာပွဲများစွာ တက်ခဲ့ရပြီး အမေရိကန် အစိုးရက နိုင်ငံတကာဗားရှင်းကို ခွဲထုတ်ရန် ကြိုးစားနေခဲ့ပေသည်။ အကယ်၍ သတ်မှတ်ထားသော အချိန်အတွင်း ခွဲမထုတ်ပါက လုံးဝ ပိတ်ပင်သွားမည် ဖြစ်လေသည်။

လီမင်သည်လည်း စိုးရိမ်နေခဲ့ရလေ၏။

"နိုင်ငံတကာဗားရှင်းရဲ့ အသုံးပြုသူ တိုးတက်မှုက အားရစရာ ကောင်းပေမဲ့... အားလုံး သိတဲ့အတိုင်း ငါတို့မှာ အခက်အခဲတွေ အများကြီး ရှိနေတယ်..."

"လူကြီးမင်း လီ... ငါးရံ့နက် နည်းပညာကုမ္ပဏီနဲ့ ဆက်သွယ်ကြည့်ရင်ကော... သူတို့လည်း မတရား ဆက်ဆံခံနေရတာပဲလေ... ကျွန်တော်တို့ နှစ်ခု ပူးပေါင်းလိုက်ရင် အမေရိကန် မီဒီယာ အုပ်စုတွေကို ယှဉ်နိုင်မယ့် နည်းလမ်း ရှိနိုင်မလားလို့ပါ..."

"ငါးရံ့နက် နည်းပညာကုမ္ပဏီက နည်းပညာ ကုမ္ပဏီသက်သက်ပဲလေ... သူတို့က အမေရိကန် အစိုးရကို နောက်ဆုတ်အောင် လုပ်နိုင်မယ် ထင်လို့လား... ငါတို့က ဆော့ဖ်ဝဲလ် ကုမ္ပဏီ... သူတို့က ထုတ်လုပ်ရေး ကုမ္ပဏီ... ပူးပေါင်းရင်တောင် အကျိုးသက်ရောက်မှုက နည်းလိမ့်မယ်ထင်တယ်..."

လီမင် စိတ်ရှုပ်နေစဉ်မှာပင် သူ၏ အတွင်းရေးမှူး ဝင်လာကာ သူ၏ နားနားသို့ တိုးတိုးလေး ကပ်ပြော လိုက်လေသည်။ လီမင် အနည်းငယ် အံ့ဩသွားခဲ့ရ၏။ သူ စဉ်းစားနေစဉ်မှာပင် ငါးရံ့နက် နည်းပညာ ကုမ္ပဏီက သူ့ကို ဆက်သွယ်လာခြင်း ဖြစ်တော့သည်။

သူသည် ကောင်းယွမ်နှင့် ပတ်သက်မှု မရှိသော်လည်း ကောင်းယွမ်က သူ့အား ဖိတ်ကြားထားသည့် အတွက် ထိုဒဏ္ဍာရီဆန်ဆန် စီးပွားရေးသမားကို တွေ့ဆုံရန် စိတ်ဝင်စားသွားခဲ့လေသည်။

ဒေဝါလီခံရပြီးနောက် ပြန်လည် ထိုင်နိုင်သူမှာ သာမန်လူ မဟုတ်သည်မှာ အသေအချာပင် ဖြစ်လေ သည်။

ထို့ကြောင့် လီမင်သည် မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်လေ၏။

"အားလုံးပဲ... ကိုယ့်ရဲ့ အတွေးအမြင်တွေကို ချရေးထားကြပါ... ဒီနေ့တော့ အစည်းအဝေးကို ဒီမှာပဲ ရပ်နားမယ်..."

...

ထိုညနေ၌ ကောင်းယွမ်နှင့် လီမင်တို့သည် ချင်ကျင်း အမ်ကေပီ ၏ အထက်ဆုံးလွှာရှိ စားသောက်ဆိုင် တစ်ခု၌ ထိုင်နေခဲ့ကြလေသည်။

"လူကြီးမင်း လီ... ကျွန်တော်တို့ ပူးပေါင်းကြရအောင်..."

"ဥက္ကဋ္ဌကောင်းက ဘယ်လို ပူးပေါင်းဆောင်ရွက်မှုကို ဆိုလိုချင်တာပါလဲ..."

"ခင်ဗျားတို့လည်း မတရား ဆက်ဆံခံနေရတယ်... ကျွန်တော်တို့ ငါးရံ့နက် နည်းပညာကုမ္ပဏီလည်း အတူတူပါပဲ... ဒီ အကျပ်အတည်းကို ကျော်လွှားဖို့ဆိုရင် ကျွန်တော်တို့ ပူးပေါင်းကြရမယ်..."

လီမင်သည် ကောင်းယွမ်၌ ဖြေရှင်းနိုင်မည့် နည်းလမ်း ရှိသည်ဟု မယုံကြည်ပေ။

"ဥက္ကဋ္ဌကောင်းက ဒီ အကျပ်အတည်းကို ဘယ်လို ကျော်လွှားမှာလဲ..."

"တောက်ရင် နိုင်ငံတကာဗားရှင်း မှာ အမေရိကန် အသုံးပြုသူ သန်း (၂၀၀) နီးပါး ရှိတယ်... ခင်ဗျားက ကျွန်တော့်ရဲ့ အပူချိန်ထိန်းအဝတ်အစားနဲ့ လက်ပတ်ဖုန်းတွေကို တောက်ရင် ပေါ်မှာ ဝါဒဖြန့်ပေးပါ... ကျွန်တော်ကတော့... အမေရိကန် အစိုးရရဲ့ ပိတ်ပင်မှုကို ဖယ်ရှားပေးဖို့ တာဝန်ယူမယ်..."

All Chapters