← Chapters

အခန်း ၉၉

Vol. 10 Ch. 99

အခန်း ၉၉

Vol. 10 Ch. 99

အခန်း (၉၉)

ငါ့အကြွေးကို ပြန်မဆပ်ဘဲ နေရဲတယ်ပေါ့

လီမင်သည် ပြုံးလိုက်လေ၏။

"ဥက္ကဋ္ဌကောင်း... ကျွန်တော် ခင်ဗျားကို မယုံတာ မဟုတ်ပါဘူး... ဒါပေမဲ့ ခင်ဗျားက သူတို့ရဲ့ ပိတ်ပင်မှုကို ဖယ်ရှားနိုင်စွမ်း ရှိတယ်ဆိုရင် ကျွန်တော်တို့နဲ့ ပူးပေါင်းနေဖို့ မလိုတော့ဘူး မဟုတ်လား..."

"လူကြီးမင်း လီ... ခင်ဗျား မှားနေပြီ... ငါးရံ့နက် နည်းပညာကုမ္ပဏီ ကြုံတွေ့နေရတဲ့ အခြေအနေက တောက်ရင် နဲ့ မတူဘူး... တောက်ရင် ရဲ့ အခက်အခဲက အမေရိကန်ရဲ့ အထက်ပိုင်း အာဏာပိုင်တွေဆီက လာတာ... ကျွန်တော်တို့ရဲ့ အခက်အခဲကတော့ နှစ်ဖက်ညှပ်နေတာပေါ့... "

"အမေရိကန် အာဏာပိုင်တွေတင် မကဘဲ အနောက်နိုင်ငံ မီဒီယာတွေကလည်း ငါးရံ့နက် နည်းပညာ ကုမ္ပဏီကို ဝိုင်းပြီး နာမည်ဖျက်နေကြတာ... အရင်က ရှမီ ကို လုပ်ခဲ့သလိုမျိုးပေါ့... ဒါကြောင့် ကျွန်တော် တို့အတွက်တော့ ပိတ်ပင်မှုကို ဖယ်ရှားရုံနဲ့တင် မလုံလောက်ဘူးလေ..."

"ကျွန်တော်တို့ဘက်က ဝါဒဖြန့်မှု စစ်ပွဲကို ဆင်နွှဲပေးနိုင်ပါတယ်... ဒါပေမဲ့ ပိတ်ပင်မှုကို ဖယ်ရှားပေးမယ် ဆိုတဲ့ ဥက္ကဋ္ဌကောင်းရဲ့ စကားနဲ့ ပတ်သက်ပြီးတော့ ခင်ဗျား ဘယ်လိုလုပ်မှာလဲဆိုတာကို အရင်ဆုံး သိချင်ပါတယ်..."

"ယုတ်မာတဲ့လူတွေကို ကိုင်တွယ်ဖို့ဆိုရင် နည်းလမ်းတစ်ခုပဲ ရှိတယ်... အဲဒါက သူတို့ထက် ပိုပြီး အင်အားကြီးနေဖို့ပဲ... သူတို့ကို အချိန်မရွေး အပြတ်ရှင်းနိုင်တဲ့အထိ အားကောင်းနေမယ်ဆိုရင် သူတို့ ခင်ဗျားကို ပိတ်ပင်ဖို့ နေနေသာသာ စော်ကားဖို့တောင် ရဲမှာ မဟုတ်တော့ဘူး... သတင်းအချက်အလက် စစ်ပွဲမှာတော့ ကျွန်တော်က လူတိုင်းကို ဖျက်ဆီးပစ်ဖို့ မဖြစ်နိုင်ပေမဲ့..."

"ဟဲဟဲ... အမေရိကန် ဆိုတာ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး နိုင်ငံ ဖြစ်နေတုန်းပဲလေ..."

"တကယ်လား... လူကြီးမင်း လီ... မကြာသေးခင်က လကမ္ဘာပေါ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ထူးဆန်းတဲ့ ကောင်းကင်ယံ ဖြစ်စဉ်ကို ခင်ဗျား သိမှာပေါ့..."

လီမင် မှင်သက်သွားခဲ့ရလေ၏။

သူသည် ရုတ်တရက် ထိတ်လန့်သွားခဲ့ရသည်။ ငါးရံ့နက် နည်းပညာကုမ္ပဏီသည် လကမ္ဘာပေါ်တွင် ကြော်ငြာနေပြီး ကြော်ငြာနေရာများကိုပင် ငှားရမ်းနေသည်ဟူသော ကောလဟလာများ အင်တာနက် ပေါ်တွင် ပျံ့နှံ့နေခဲ့ပေသည်။ အကယ်၍ ထိုအရာမှာ အမှန်တကယ်ပင် ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ လက်ချက်သာ ဆိုပါက သူတို့သည် မည်မျှအထိ အင်အားကြီးမားနေပါသနည်း။

"ဥက္ကဋ္ဌကောင်း..."

"ဘယ်လောက်ပဲ အာဏာကြီးတဲ့လူ ဖြစ်ဖြစ် သေမှာကိုတော့ ကြောက်ကြတာချည်းပဲ... ကျွန်တော်က လူတိုင်းကို အပြတ်ရှင်းဖို့ မဖြစ်နိုင်ပေမဲ့ လူနည်းစုလောက်ကိုတော့ စိတ်ပူစရာမလိုဘဲ ရှင်းပစ်နိုင်ပါ တယ်... သူတို့တွေကော ထူးဆန်းတဲ့ ကောင်းကင်ယံ ဖြစ်စဉ်နဲ့ ကြုံရပြီး မတော်တဆ သေသွားမှာကို မကြောက်ကြဘူးလားလို့ ကျွန်တော် တွေးနေမိတယ်..."

လီမင် အံ့ဩမှင်သက်သွားခဲ့ရလေ၏။ ဤငါးရံ့နက် နည်းပညာကုမ္ပဏီမှာ တကယ့်ကို မယုံနိုင်စရာပင် ဖြစ်သည်။

"ဥက္ကဋ္ဌကောင်းက တကယ်ကို ထက်မြက်တာပဲ..."

"နောက်ပြီးတော့ တောက်ရင် က အီးကောမတ်စ် လုပ်ငန်းလည်း လုပ်တယ် မဟုတ်လား... ကျွန်တော်တို့ မှာ အခုထိ ပြည်ပ ဈေးကွက်အတွက် လမ်းကြောင်းတွေ မရှိသေးဘူး... အကယ်လို့ ဒီကိစ္စ အဆင်ပြေ သွားရင် အပူချိန်ထိန်းအဝတ်အစား နဲ့ လက်ပတ်ဖုန်း တွေကို အွန်လိုင်းကနေ ရောင်းချတဲ့ လုပ်ငန်းကို ခင်ဗျားတို့ပဲ တာဝန်ယူရမယ်..."

လီမင် ချက်ချင်းပင် စိတ်ဝင်စားသွားခဲ့လေသည်။ ဤသည်မှာ သူတို့အတွက် အကောင်းဆုံး သတင်းပင် ဖြစ်ချေ၏။ လက်ပတ်ဖုန်း နှင့် အပူချိန်ထိန်းအဝတ်အစား ဆိုသည်မှာ မည်သို့သော အရာများနည်း။

၎င်းတို့မှာ ကမ္ဘာကြီးကို ပြောင်းလဲစေမည့် တော်လှန်ရေးဆန်သော နည်းပညာများ ဖြစ်ပေသည်။ တစ်သက်လုံး ဝတ်ဆင်နိုင်သည့် အဝတ်အစားနှင့် အကောင်းဆုံးသော နည်းပညာသုံး ကိရိယာများ မဟုတ်ပါလား။

"ဥက္ကဋ္ဌကောင်း... ကျွန်တော် ဘာမှ ထပ်မပြောတော့ပါဘူး... တောက်ရင် နိုင်ငံတကာဗားရှင်း က ခင်ဗျား တို့ရဲ့ ထုတ်ကုန်တွေကို အကောင်းဆုံး ဖြစ်အောင် ဝါဒဖြန့်ပေးမယ်လို့ အာမခံပါတယ်... အမှန်အတိုင်း ပြောရရင် ပြည်ပက လူအတော်များများက နည်းပညာ ဗဟုသုတ နည်းကြပါတယ်... အထက်တန်းလွှာ တွေနဲ့ သာမန်လူတွေက မျိုးစိတ်ချင်းတောင် မတူသလို ဖြစ်နေတာ... အဲဒီ ကောလဟလာတွေအတွက် ကို ကျွန်တော့်ကိုသာ ယုံကြည်လိုက်ပါ... ဘာမှ မဟုတ်စေရဘူး..."

"လူကြီးမင်း လီ... ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် ကိစ္စပဲ..."

"ဟုတ်ပါတယ်... အပြန်အလှန် အကျိုးရှိစေမှာပါ..."

"ဒါတွေက ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်နေတဲ့ ရှနိုင်ငံ ကုမ္ပဏီတွေချည်းပဲလေ... တစ်ဦးကိုတစ်ဦး ကူညီကြတာက အမှန်ကန်ဆုံး လမ်းစဉ်ပါပဲ..."

လီမင်သည် ဤထမင်းဝိုင်းမှ မျှော်လင့်မထားသော အကျိုးကျေးဇူးများကို ရရှိခဲ့လေသည်။ သူ ပြန်သွား သည့်အခါ စိတ်ထဲ၌ ပေါ့ပါးနေခဲ့လေ၏။

ကောင်းယွမ်သည် နေရာဟောင်းသို့ ပြန်ရောက်လာခဲ့လေသည်။ ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ ရုံးခန်း သို့ မလာဖြစ်သည်မှာ ကြာပြီ ဖြစ်၏။

သူ ဝင်လိုက်သည်နှင့် လုံခြုံရေးဝန်ထမ်းက လှမ်းမြင်လိုက်ပြီး အော်ပြောလိုက်လေသည်။

"ဥက္ကဋ္ဌကောင်း ပြန်လာပြီ..."

ညကိုးနာရီ ကျော်နေပြီ ဖြစ်သော်လည်း လူအတော်များများက သူ့ကို လာရောက် နှုတ်ဆက်ခဲ့ကြသဖြင့် ကောင်းယွမ် အံ့ဩသွားမိလေ၏။ သို့သော် ထိုသူအများစုမှာ ဆယ်လ်မွန် ဖျော်ဖြေရေး မှ ဝန်ထမ်းများ ဖြစ်ကြလေသည်။

နှုတ်ဆက်သံများကြားမှ တစ်ဦးကို ကောင်းယွမ် မှတ်မိလိုက်၏။

"ရှောင်ယွဲ့... ဘာလို့ ဒီလောက်အထိ အလုပ်လုပ်နေရတာလဲ... ကျွန်တော်တို့က အချိန်ပိုဆင်းတာကို အားမပေးဘူးလေ..."

ထိုသူက စိတ်မသက်မသာ ဖြစ်နေသော အမူအရာဖြင့် ဆိုလိုက်၏။

"ဥက္ကဋ္ဌကောင်း... 'ကမ္ဘာမြေကို ကယ်တင်ခြင်း' ရုပ်ရှင်နဲ့ ပတ်သက်ပြီး ပြဿနာ ရှိနေလို့ပါ... ကျွန်တော် တို့ ဒုတိယဥက္ကဋ္ဌ ကျန်းကို ဆက်သွယ်ခဲ့ပါတယ်... သူကတော့ ဒီရုပ်ရှင်က ကိစ္စအသေးအဖွဲပဲလို့ ပြောပါ တယ်... တကယ်လို့ ပြည်ပမှာ ပြသလို့မရရင်လည်း မပြနဲ့တော့ပေါ့... ဆိုပြီးတော့လေ..."

အမေရိကန်မှ အထက်တန်းလွှာများက ငါးရံ့နက် နည်းပညာကုမ္ပဏီကို စတင် ဖိနှိပ်နေပြီ ဖြစ်ကြောင်း ကောင်းယွမ် သိလိုက်လေသည်။ ချစ်ပ်ပြားများ၊ အပူချိန်ထိန်းအဝတ်အစားများနှင့် လက်ပတ်ဖုန်းများမှာ အခက်အခဲများ ကြုံတွေ့နေရသည့်အတွက် ရုပ်ရှင်ပြသရန်မှာ စဉ်းစားစရာပင် မလိုတော့ပေ။

ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ အောင်မြင်မှုကြောင့် 'ကမ္ဘာမြေကို ကယ်တင်ခြင်း' မှာလည်း လူကြိုက် များနေခဲ့ပြီး ပြည်ပ ဖြန့်ချိရေး ကုမ္ပဏီများက ဆယ်လ်မွန် ဖျော်ဖြေရေး ထံသို့ လာရောက် ဆက်သွယ်ခဲ့ ကြခြင်း ဖြစ်ပေ၏။ သို့သော် နှစ်ရက် သုံးရက်အတွင်းမှာပင် သူတို့၏ စိတ်ကူးကို ပြောင်းလဲသွားခဲ့ ကြလေသည်။

"စာချုပ်ချုပ်ထားပြီးသားဆိုတော့ တစ်ဖက်က စာချုပ်ဖောက်ဖျက်မှုအတွက် လျော်ကြေးပေးရမှာ ပေါ့..."

ကောင်းယွမ်ကလည်း ဤသည်မှာ ကိစ္စအကြီးအကျယ် မဟုတ်ဟု ခံစားလိုက်ရ၏။ ဤရုပ်ရှင်မှာ မူလ ကတည်းက ကြော်ငြာရန်အတွက်သာ ဖြစ်ပြီး ယခုအခါ လီမင်နှင့် ပူးပေါင်းရန် သဘောတူညီမှု ရရှိထား သည့်အတွက် တောက်ရင် မှတစ်ဆင့် ဝါဒဖြန့်နိုင်ပြီ ဖြစ်ရာ ရုပ်ရှင်မှာ သိပ်ပြီး အသုံးမဝင်တော့ပေ။

ရှောင်ယွဲ့က တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်လေ၏။

"ဥက္ကဋ္ဌကောင်းနဲ့ ဒုတိယဥက္ကဋ္ဌ ကျန်းက စကားပြောတာ အတူတူပါပဲ... ဒါပေမဲ့ ကျွန်တော်တို့ သူတို့ကို ဆက်သွယ်တဲ့အခါ ဖုန်းကို ချက်ချင်း ချပစ်လိုက်ကြတယ်... အခုဆိုရင် သူတို့ကို ဆက်သွယ်လို့တောင် မရတော့ဘူး... ကျွန်တော် စိုးရိမ်တာက သူတို့ အကြွေးကို ပြန်မဆပ်ဘဲ နေကြမှာကိုပါ..."

ကောင်းယွမ် ပြုံးလိုက်လေ၏။ ဤကမ္ဘာပေါ်တွင် သူ၏ အကြွေးကို ပြန်မဆပ်ဘဲ နေရဲသည့်လူများ ရှိနေသေးသည်ကို သူ သဘောကျသွားမိသည်။

ကောင်းယွမ်၌ ငွေကြေး ချို့တဲ့ခြင်း မရှိပေ။ အဓိကမှာ သိက္ခာပင် ဖြစ်၏။ လက်ရှိတွင် အပူချိန်ထိန်း အဝတ်အစားများနှင့် လက်ပတ်ဖုန်းများမှာ ရှနိုင်ငံအတွင်း အလွန်ပင် ရောင်းကောင်းနေပြီး ချစ်ပ်ပြားနှင့် တည်းဖြတ်စက် များမှာလည်း ငွေများကို စက်ဖြင့် ရိုက်ထုတ်နေသကဲ့သို့ စီးဝင်နေခဲ့ပေသည်။

ငွေကြေးဆိုသည်မှာ သူ သုံး၍မကုန်နိုင်သော ကိန်းဂဏန်းများသာ ဖြစ်လေသည်။

သို့သော် သူတို့က စာချုပ်ဖောက်ဖျက်ရဲသည်ဆိုမှတော့ စည်းကမ်းအတိုင်း လုပ်ဆောင်ရပေတော့မည်။ ဤသည်မှာ အနည်းဆုံးသော ပြစ်ဒဏ်ပင် ဖြစ်၏။ သူတို့က အကြွေးကို ပြန်မဆပ်ရန် ဆုံးဖြတ်လိုက်လိမ့် မည်ဟု ကောင်းယွမ် မထင်ထားခဲ့ပေ။

"အဲဒီ ကုမ္ပဏီတွေရဲ့ စာရင်းကို ကျွန်တော့်ကို ပေးပါ..."

"ဟုတ်ကဲ့..."

ရှောင်ယွဲ့က စာရွက်စာတမ်းများကို သွားရောက် ပြင်ဆင်နေစဉ် ကောင်းယွမ်သည် သူ၏ ရုံးခန်းသို့ သွား လိုက်လေသည်။ ထိုနေရာတွင် ကျားပါးကျို နှင့် ဝမ်ရိဖေး တို့ ရှိနေခဲ့ကြလေ၏။

ကောင်းယွမ်က လှမ်းခေါ်လိုက်လေသည်။

"ကျားပါးကျို... ညီအစ်ကို တချို့ကို ခေါ်လိုက်ဦး... ငါတို့ ဒီည အလုပ်စကြမယ်..."

ဤသူများမှာ သီးသန့် နယ်ပယ်အသီးသီးမှ စက်ရုပ်များ ဖြစ်ကြလေသည်။ အနှစ်တစ်ထောင် အနာဂတ် မှ ဉာဏ်ရည်တု စက်ရုပ်များမှာ လက်ရှိကမ္ဘာသို့ ရောက်ရှိလာပါက မည်သည့်အရာကိုမဆို ပြောင်းလဲပစ် နိုင်စွမ်း ရှိကြပေသည်။

ကောင်းယွမ်သည် အမြဲတမ်းပင် သူ၏ စီးပွားရေးကို ရိုးသားဖြောင့်မတ်စွာ လုပ်ကိုင်ခဲ့သူ ဖြစ်၏။ အကယ်၍ သူ တစ်ခါတစ်ရံ ကောက်ကျစ်ခဲ့လျှင်ပင် ၎င်းမှာ စည်းကမ်းများ၏ ချို့ယွင်းချက်ကြောင့်သာ ဖြစ်ပေသည်။

ယခုမူ တစ်ဖက်လူက ရှက်ရွံ့ခြင်းမရှိဘဲ လုပ်ဆောင်လာသည့်အတွက် မည်သူက ပို၍ ကောက်ကျစ်နိုင် သည်ကို ကြည့်ကြရပေတော့မည်။

မကြာမီပင် ရှောင်ယွဲ့က စာရင်းကို ယူလာပေးလေ၏။

ကောင်းယွမ်က ကြည့်လိုက်သည့်အခါ အမ်ဂျီအမ်၊ ဖောက်စ် ရုပ်ရှင်ကုမ္ပဏီ၊ ပါရာမောင့် နှင့် ကိုလံဘီယာ စသည့် ကုမ္ပဏီကြီးများကို တွေ့လိုက်ရလေသည်။ ကောင်းယွမ်သည် ထိုစာရင်းကို ကျားပါးကျို ထံသို့ တိုက်ရိုက် ပေးလိုက်လေ၏။

"ဒီကုမ္ပဏီတွေရဲ့ ဝဘ်ဆိုက်တွေကို ဟက်လိုက်စမ်း... သူတို့ရဲ့ အကောင့်တွေကို ဗလာဖြစ်အောင် လုပ်ပြီး သူတို့ လက်အောက်မှာ ရှိတဲ့ ရုပ်ရှင်ရုံ အားလုံးမှာ 'ကမ္ဘာမြေကို ကယ်တင်ခြင်း' ကို ဒီည ပြခိုင်းလိုက်... လက်မှတ်ဖိုး အားလုံးကို ဒီကုမ္ပဏီတွေကပဲ ပေးရမယ်... သူတို့ဆီက ငွေတွေ အကုန် မကုန်မချင်း ဒီ ရုပ်ရှင်ကို ပိတ်လို့ မရစေနဲ့... နားလည်လား..."

ကျားပါးကျို ၏ အမူအရာမှာ ပြောင်းလဲခြင်း မရှိပေ။

"နားလည်ပါပြီ..."

"ဘယ်လောက် ကြာမလဲ..."

"မိနစ် သုံးဆယ် ကြာရင် အမေရိကန်နဲ့ ဥရောပ ဒေသတွေမှာ 'ကမ္ဘာမြေကို ကယ်တင်ခြင်း' ကို စတင် ပြသနိုင်ပါလိမ့်မယ်..."

"ဟုတ်ပြီ..."

အချို့က မေးနိုင်ပါသည်... ထိုငွေများကို မိမိအိတ်ထဲသို့ အဘယ်ကြောင့် မထည့်သနည်း ဟု။

ပထမဦးဆုံး အနေဖြင့် ကောင်းယွမ်မှာ ငွေမလိုပေ။ ဒုတိယ အနေဖြင့် ထိုငွေများကို ရုပ်ရှင်ရုံများကို လာဘ်ထိုးရန် အသုံးပြုခြင်း ဖြစ်၏။ အကယ်၍ ရုပ်ရှင်ရုံများက ရုပ်ရှင်ပြသသော်လည်း ငွေမရပါက အကြိမ်အနည်းငယ် ပြသပြီးနောက် မီးပိတ်သွားကြပေလိမ့်မည်။

ယခုမူ ကောင်းယွမ်က စာချုပ်ဖောက်ဖျက်သော ကုမ္ပဏီများကို ငွေအပြည့်အဝ ပေးခိုင်းလိုက်သည့် အတွက် ရုပ်ရှင်ရုံများမှာ ဆုံးရှုံးမှု မရှိသည့်အပြင် အမြတ်အစွန်းများပင် ရရှိကြပေလိမ့်မည်။

ဤနည်းဖြင့် ကောင်းယွမ်နှင့် ဥရောပ၊ အမေရိကန် ရုပ်ရှင်ရုံများမှာ အကျိုးတူ အဖွဲ့အစည်း ဖြစ်သွားခဲ့ရ လေသည်။ ဤသည်မှာ ရုပ်ရှင်ရုံ အများစုက 'ကမ္ဘာမြေကို ကယ်တင်ခြင်း' ကို ဆက်လက် ပြသရန် အာမခံချက်ပင် ဖြစ်လေသည်။

...

အမေရိကန်၌ နံနက်ခင်း အချိန် ဖြစ်ပေသည်။

မီလီသည် အင်တာနက် ကြည့်နေစဉ်မှာပင် အမ်ဂျီအမ်၊ ကိုလံဘီယာ နှင့် ဖောက်စ် ရုပ်ရှင်ကုမ္ပဏီ တို့က သူတို့၏ တရားဝင် ဝဘ်ဆိုက်များတွင် ကြေညာချက် ထုတ်ပြန်ထားသည်ကို တွေ့လိုက်ရလေ၏။

"ဒီနေ့ကစပြီး သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ကြီး ဖြစ်တဲ့ 'ကမ္ဘာမြေကို ကယ်တင်ခြင်း' ကို စတင် ပြသပါပြီ... ခင်ဗျားတို့ ရုပ်ရှင်ကြည့်ပါ... ကျွန်တော်တို့က လက်မှတ်ဖိုး ပေးပါ့မယ်..."

မီလီသည် သံသယ ဖြစ်နေဆဲ ဖြစ်၏။ သူမသည် ဖုန်းထဲရှိ လက်မှတ်ဝယ်သည့် ဆော့ဖ်ဝဲလ်ကို ဖွင့်ကာ အနီးဆုံး ရုပ်ရှင်ရုံကို ရွေးချယ်လိုက်လေသည်။ ထိုနေရာသို့ ရောက်မှသာ ယနေ့ ပြသနေသည့် တစ်ခု တည်းသော ရုပ်ရှင်မှာ 'ကမ္ဘာမြေကို ကယ်တင်ခြင်း' ဖြစ်နေသည်ကို သိလိုက်ရတော့သည်။

လက်မှတ်ဈေးနှုန်းမှာလည်း သုည ဖြစ်နေခဲ့၏။ ထို့ပြင် ပြောင်းဖူးပေါက်ပေါက် နှင့် ကိုကာကိုလာ တို့ကို လည်း အခမဲ့ ပေးနေခဲ့ပေသည်။ မီလီ ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး လက်မှတ်ဝယ်ယူလိုက်ရာ အောင်မြင်ကြောင်း အကြောင်းကြားစာ ရရှိခဲ့လေသည်။

တကယ်ပင် အခမဲ့ ဖြစ်ပေသည်။

မီလီသည် သူငယ်ချင်းများကို ချက်ချင်း ဆက်သွယ်ကာ အတူတူ သွားခဲ့ကြလေသည်။ ဤသတင်းမှာ အမေရိကန် တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး လူအများအပြားမှာ ရုပ်ရှင်ရုံများသို့ သွားရောက်ခဲ့ကြ၏။ လမ်းဘေးရှိ အိုးမဲ့အိမ်မဲ့များပင်လျှင် ဤရုပ်ရှင်ကို ခံစားကြည့်ရှုနိုင်ခဲ့ကြလေသည်။

အမ်ဂျီအမ် ဌာနချုပ်၌မူ သူတို့၏ ဝဘ်ဆိုက်မှာ ဟက်ခံလိုက်ရသည့်အတွက် ရုန်းရင်းဆန်ခတ် ဖြစ်နေခဲ့ ရလေတော့သည်။

All Chapters