← Chapters

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း (၁၀၀)

ကျွန်တော်သည် သူတော်စင် မဟုတ်ပါ

အမ်ဂျီအမ်၏ လုံခြုံရေး ပညာရှင်များသည် စနစ်ကို ပြန်လည် ထိန်းချုပ်နိုင်ရန် ကြိုးစားခဲ့ကြသော်လည်း ကျရှုံးခဲ့ရလေသည်။

ဤအခြေအနေနှင့် ရင်ဆိုင်ရသည့်အခါ သူတို့တွင် နောက်ဆုံး လက်နက်တစ်ခုသာ ကျန်တော့ပေသည်။ ၎င်းမှာ ကွန်ရက်ကြိုးကို ဖြုတ်လိုက်ပြီး အရန်ဆာဗာကို အသုံးပြုကာ ဝဘ်ဆိုက်ကို ပြန်လည် စတင်ရန် ပင် ဖြစ်၏။

သို့သော် အရန်ဆာဗာကို စတင်လိုက်သည့်အခါ သုံးစက္ကန့်မျှသာ ပုံမှန် အလုပ်လုပ်ပြီးနောက် မူလအ တိုင်း ပြန်ဖြစ်သွားခဲ့လေသည်။ ထိုလုံခြုံရေး ပညာရှင်များသည် ဟက်ကာများ၏ တိုက်ခိုက်မှုကို မည်သို့ မျှ မတတ်နိုင်ခဲ့ကြပေ။

အမ်ဂျီအမ် ဥက္ကဋ္ဌ တွမ်၏ မျက်နှာမှာ ပျက်ယွင်းနေခဲ့သည်။

"အခု ငါတို့ ဘာလုပ်သင့်လဲလို့ မင်းတို့ ထင်ကြလဲ..."

"လူကြီးမင်း တွမ်... အခုလောလောဆယ်တော့... ဆာဗာကို ပိတ်လိုက်ဖို့ကလွဲပြီး တခြား နည်းလမ်း မရှိ တော့ပါဘူး..."

ထိုစကားကို ကြားသည့်အခါ တွမ်သည် ဒေါသအလွန်အမင်း ထွက်သွားခဲ့ရလေသည်။

"အမ်ဂျီအမ် ဆိုတာ နိုင်ငံတကာမှာ နာမည်ကြီးတဲ့ ရုပ်ရှင် ဖြန့်ချိရေး ကုမ္ပဏီလေ... အဲဒီလို ကုမ္ပဏီက ဆာဗာကို ပိတ်ပစ်ရမယ် ဟုတ်လား... ခင်ဗျားတို့ ကုမ္ပဏီကိုပါ တစ်ခါတည်း ပိတ်ပစ်လိုက်ဖို့ မပြောကြ တော့ဘူးလား..."

ထိုစဉ်မှာပင် ဘဏ္ဍာရေးဌာနမှ တာဝန်ရှိသူတစ်ဦး အပြေးအလွှား ရောက်လာခဲ့၏။

"လူကြီးမင်း တွမ်... ငွေတွေ... ငွေတွေ..."

"ငွေတွေက ဘာဖြစ်လို့လဲ..."

"ငွေတွေ အားလုံး အပြင်ကို လွှဲပြောင်းခံလိုက်ရပြီ... ကျွန်တော်တို့ အကောင့်ထဲမှာ ဘာမှ မကျန်တော့ ဘူး..."

တွမ်ကလေးမှာ မှင်သက်သွားခဲ့ရလေသည်။ ဤသည်မှာ ကုမ္ပဏီကို ပိတ်လိုက်ရသည်ထက်ပင် ပို၍ ဆိုးဝါးလှပေသည်။

"ဒါ ဘယ်သူ့လက်ချက်လဲ..."

"ငါးရံ့နက် နည်းပညာကုမ္ပဏီရဲ့ လက်ချက် ဖြစ်ဖို့ များပါတယ်..."

"ငါးရံ့နက် နည်းပညာကုမ္ပဏီ..."

တွမ်ကလေးသည် အလွန်ပင် ဒေါသထွက်နေခဲ့သည်။ ဝဘ်ဆိုက်မှာ ဟက်ခံရရုံသာမက ကုမ္ပဏီမှ ငွေများပါ ခိုးယူခံလိုက်ရခြင်း ဖြစ်၏။

ဤသည်မှာ ရှက်ရွံ့ခြင်းမရှိသော ဟက်ကာများ၏ လုပ်ရပ်ဖြစ်ပြီး ငါးရံ့နက် နည်းပညာကုမ္ပဏီအနေဖြင့် ဤအတွက် ပြန်လည် ပေးဆပ်ရပေလိမ့်မည်။ သူသည် ထိုနေရာ၌ပင် ဟိုဟိုဒီဒီ လျှောက်လှမ်းနေပြီး နောက် ဖုန်းကို ထုတ်ကာ ဖောက်စ် ရုပ်ရှင်ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဂျက်ခ်ဖောက်စ် ထံသို့ ဖုန်းခေါ်လိုက်လေ သည်။

ဖုန်းမှာ အတော်ကြာအောင် မြည်နေပြီးနောက်မှ လက်ခံ ဖြေကြားခဲ့လေ၏။

"ဂျက်ခ်... ဒီမှာ အကြီးအကျယ် ဒုက္ခရောက်ကုန်ပြီ..."

ဂျက်ခ်၏ အသံမှာ သူ၏ အသံထက်ပင် ပို၍ ကျယ်လောင်နေခဲ့သည်။

"အရှက်မရှိတဲ့ ငါးရံ့နက် နည်းပညာကုမ္ပဏီက ငါတို့ ကုမ္ပဏီ ဝဘ်ဆိုက်ကို ဟက်ပြီး ငွေတွေ အကုန် ခိုး သွားပြီ... ငါတို့ဆီမှာ တစ်ဒေါ်လာတောင် မကျန်တော့ဘူး..."

ထိုစကားကို ကြားလိုက်ရသည့်အခါမှ တွမ်ကလေးသည် အနည်းငယ် စိတ်အေးသွားခဲ့ရလေသည်။ မိမိ တစ်ဦးတည်း မဟုတ်ဘဲ ဖောက်စ် ရုပ်ရှင်ကုမ္ပဏီလည်း အလားတူ ကြုံတွေ့နေရခြင်း ဖြစ်သည် မဟုတ် ပါလား။

"နားထောင်စမ်း ညီအစ်ကို... ငါ မင်းကို တစ်ခု ပြောမယ်... ငါးရံ့နက် နည်းပညာကုမ္ပဏီက ဒီအတွက် ပြန်ပေးဆပ်ရမယ်..."

"ဘယ်လို ပေးဆပ်ရမှာလဲ... မင်း ဘာလုပ်မှာလဲ..."

"ငါ ကောင်းယွမ်ကို သတ်ဖို့အတွက် လူသတ်သမား တစ်ယောက် ငှားမလို့..."

"မင်းကတော့ ငတုံးပဲ... ကောင်းယွမ်က ရှနိုင်ငံရဲ့ အစွန်အဖျား တောင်တန်းဒေသမှာ ရှိနေတာလေ... မင်း သူ့ကို ဘယ်လို သတ်မှာလဲ... ငါ့မှာ ဒီထက် ပိုကောင်းတဲ့ အစီအစဉ် ရှိတယ်..."

"ဟင်..."

"ဒါကို ခံလိုက်ရတာ ငါတို့တင် မဟုတ်ဘူး... ဒီနေ့ 'ကမ္ဘာမြေကို ကယ်တင်ခြင်း' ရုပ်ရှင် ပြသနေတာကို မင်း မတွေ့ဘူးလား... စုစုပေါင်း ဖြန့်ချိရေး ကုမ္ပဏီ ခြောက်ခု ရှိတာ... ငါ ထင်တာတော့ အဲဒီ ခြောက်ခု လုံးလည်း ဒီလိုပဲ ဖြစ်ကုန်ကြမှာပဲ... ဒါကြောင့် ငါတို့ အကုန်လုံး စုပေါင်းပြီး ဖယ်ဒရယ်အစိုးရ ဝဘ်ဆိုက် ကို ဟက်ကြမယ်... ပြီးရင် အဲဒီမှာ ရန်စတဲ့ စာတွေ ရေးခဲ့ကြမယ်..."

"ဒါက..."

တွမ်ကလေးသည် အခြေအနေများမှာ လမ်းမှားသို့ ရောက်နေသည်ဟု ခံစားလိုက်ရ၏။

"ညီအစ်ကို... မင်းက ဘာလို့ ဖယ်ဒရယ်အစိုးရကို သွားပြီး ဝေဖန်မှာလဲ..."

"မင်းက တကယ့် ငတုံးပဲ... ဒီလိုလုပ်မှသာ ဖယ်ဒရယ်အစိုးရက ကောင်းယွမ်ကို ခေါင်းဖြတ်တိုက်ခိုက်မှု လုပ်ဖို့အတွက် ငါတို့က တိုက်တွန်းနိုင်မှာလေ... ခေါင်းဆောင်သစ် ဘယ်လို အာဏာရလာလဲဆိုတာကို မမေ့နဲ့ဦး... "

"ငါတို့က မီဒီယာ အုပ်စုတွေနဲ့ တစ်ဖက်တည်းသားတွေပဲ...ခေါင်းဆောင်ဟောင်းကတော့ လိုလီကျွန်းကို ပို့ခံလိုက်ရပြီ... သူ့ကို ထောက်ခံတဲ့သူတွေက ခေါင်းဆောင်သစ်က ခေါင်းဆောင်ဟောင်းကို အကျယ် ချုပ် ချထားတယ်လို့ သံသယ ရှိနေကြပေမဲ့ သူတို့ရဲ့ အသံတွေကို ပိတ်ပင်ထားခံရတာလေ... "

"အကယ်၍ ခေါင်းဆောင်သစ်က ငါတို့ ခိုင်းတဲ့အတိုင်း မလုပ်ရင် သူဟာ ခေါင်းဆောင်ဟောင်းရဲ့ ထောက်ခံသူတွေရဲ့ လက်ထဲမှာ အပိုင်းပိုင်း ပြတ်သွားနိုင်တယ်..."

တွမ်ကလေးသည် ဤသည်မှာ အနည်းငယ် လွန်ကဲနေသည်ဟု ခံစားရသော်လည်း အခြား နည်းလမ်း ကောင်း မရှိတော့ပေ။

"ဒါဆို ငါတို့ ငွေတွေကော..."

"မပူပါနဲ့... ငါးရံ့နက် နည်းပညာကုမ္ပဏီက ဒီငွေတွေကို ယူသွားလို့ မရပါဘူး... ဘာပဲဖြစ်ဖြစ် ဒါတွေက ဖယ်ဒရယ်အစိုးရရဲ့ စနစ်ထဲမှာပဲ ရှိနေတာလေ... ငွေတွေက တခြား တစ်နေရာကို ရွှေ့သွားတာပဲ ရှိတာ... ဖယ်ဒရယ်အစိုးရက ငါတို့ဘက်မှာ ရှိနေသရွေ့တော့ ဒီငွေတွေကို ပြန်ရမှာပါပဲ..."

ဂျက်ခ်၏ စကားကြောင့် တွမ်ကလေးမှာ အားတက်သွားခဲ့ရလေသည်။ ထိုမျှ များပြားသော ငွေကြေး များကို ပြင်ပလူများအနေဖြင့် အလွယ်တကူ ယူဆောင်သွားနိုင်မည် မဟုတ်သည်မှာ အမှန်ပင် ဖြစ်လေ သည်။

...

ည (၁၀) နာရီခန့်တွင် ကောင်းယွမ်သည် မုကျားကျေးရွာ သို့ ပြန်ရောက်လာခဲ့လေ၏။

မုကျားကျေးရွာမှာ နေ့စဉ်နှင့်အမျှ ပြောင်းလဲတိုးတက်နေခဲ့လေသည်။ ငါးရံ့နက်နည်းပညာ စက်မှုဥယျာဉ် မှာ တည်ဆောက်ဆဲ ဖြစ်သော်လည်း ထုတ်လုပ်ရေး အလုပ်ရုံများမှာမူ အနည်းငယ် ပြုပြင်ပြီးသည်နှင့် စတင် အသုံးပြုနိုင်ပြီ ဖြစ်လေသည်။

ရုံးခန်းများနှင့် ပြပွဲခန်းမများကိုမူ သပ်သပ်ရပ်ရပ် ပြင်ဆင်ရန် လိုအပ်ပေသေးသည်။ မုကျားကျေးရွာ နှင့် လီရှုကျွမ်း ရွာသစ် တို့ကိုလည်း အရှိန်အဟုန်ဖြင့် တည်ဆောက်နေကြလေသည်။

ကောင်းယွမ်သည် သူ၏ အိမ်ဟောင်းသို့ ရောက်ရှိလာခဲ့၏။ ယခုအခါ ထိုအိမ်မှာ စက်မှုဥယျာဉ် တစ်ခု လုံးတွင် အထူးခြားဆုံး နေရာတစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ငါးရံ့နက် နည်းပညာကုမ္ပဏီမှ အဓိက ပုဂ္ဂိုလ် အနည်းငယ်မှလွဲ၍ မည်သူမျှ ဝင်ရောက်ခွင့် မရှိပေ။

ယခင်က ရှုပ်ပွနေသော အိမ်ရှေ့ခြံကိုလည်း စက်ရုပ်များက ပြုပြင်ထားပြီး ဖြစ်လေသည်။ မဖိတ်ခေါ်ဘဲ ရောက်လာမည့် ဧည့်သည်များကို တားဆီးရန်အတွက် ရှီသန်း နှင့် ရှီစစ် တို့မှာ ဤနေရာ၌ အမြဲ ရှိနေခဲ့ ကြလေသည်။

ကောင်းယွမ်သည် ခြံထဲသို့ လျှောက်လှမ်း ဝင်ရောက်လိုက်သည့်အခါ ခြံထဲ၌ ထိုင်ကာ လက်ဖက်ရည် သောက်နေတတ်သော သူ၏ အဘိုးဖြစ်သူ၏ ပုံရိပ်ကို အလိုလို မြင်ယောင်မိလိုက်လေသည်။

ကောင်းယွမ်သည် အခြားသူများ၏ မိဘများမှာ အလွန် ကြင်နာတတ်ကြသော်လည်း သူ၏ မိဘများမှာ အဘယ်ကြောင့် ဤမျှအထိ ရှေးရိုးစွဲနေရသနည်းဟု ယခင်က နားမလည်ခဲ့ပေ။ သူ၏ မှတ်ဉာဏ်ထဲ၌ အဘိုးဖြစ်သူသာလျှင် သူနှင့် ရင်းနှီးသူ ဖြစ်ခဲ့၏။ ယခုမူ သူ နားလည်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ အဘိုးမှာ အဘိုးအစစ် မဟုတ်သလို သူ၏ မိဘများမှာလည်း မိဘအစစ်များ မဟုတ်ကြပေ။

ကောင်းယွမ် ခေါင်းခါလိုက်မိလေ၏။

သူ ကောင်းချိုးနှင့် တွေ့ဆုံရန် အမှန်တကယ် လိုအပ်ပေသည်။ အမေရိကန်ရှိ ကိစ္စများကို ဖြေရှင်းပြီး သည်နှင့် သူသည် ဂြိုဟ်သိမ်ဂြိုဟ်မွှား ပတ်လမ်းစုသို့ သွားရောက်ရပေတော့မည်။

သူ ခြံထဲ၌ ထိုင်နေစဉ်မှာပင် ရှီသန်း က သူ၏ အဘိုး အနှစ်သက်ဆုံး ဖြစ်သော လက်ဖက်ရည် ပူပူတစ် အိုးကို ယူလာပေးလေသည်။ ကောင်းယွမ်သည် ကြိမ်ကုလားထိုင်ပေါ်၌ လှဲလျောင်းရင်း ကြယ်ရောင်စုံ သော ကောင်းကင်ယံကြီးကို ငေးကြည့်နေမိလေ၏။

သူ၏ အတွေးများမှာလည်း လွင့်မျောနေခဲ့လေသည်။ ဤကမ္ဘာနှစ်ခုကြား၌ ရုန်းကန်လှုပ်ရှားနေရခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။

အစပိုင်းတွင်မူ ငွေရှာရန်အတွက် ဖြစ်သော်လည်း တည်းဖြတ်စက် များကို ရောင်းချကာ သန်းပေါင်း သောင်းချီ ရရှိပြီးနောက်တွင်မူ ငွေကြေးဆိုသည်မှာ ကောင်းယွမ်အတွက် ကိန်းဂဏန်းများသာ ဖြစ်လာခဲ့ လေသည်။

ဤဘဝတွင် လူသားများ ရှာဖွေနေကြသည်မှာ စည်းစိမ်ဥစ္စာ၊ ကာမဂုဏ်၊ အာဏာနှင့် ကျော်စောမှုတို့သာ ဖြစ်လေသည်။

ကောင်းယွမ်၌ ယခုအခါ ငွေကြေး ချို့တဲ့ခြင်း မရှိတော့ပေ။ အမျိုးသမီးများနှင့် ပတ်သက်၍လည်း... လှပသော အမျိုးသမီး စက်ရုပ်များစွာကို မြင်တွေ့ပြီးနောက်တွင်မူ သူ၏ ကာမဂုဏ် စိတ်ဆန္ဒမှာ အရင် ကကဲ့သို့ မပြင်းထန်တော့ပေ။

ထို့ပြင် မနေ့ညက ဆူးတိုက်၏ အစီအစဉ်အရ မျိုးရိုးဗီဇ ပြုပြင်ထားသော လူသားများ၏ ဆွဲဆောင်မှုကို လည်း သူ မြင်တွေ့ခဲ့ရပြီး ဖြစ်လေသည်။ ထိုနေရာတွင် ကောင်းယွမ်သည် ရှေးခေတ် ဧကရာဇ်များထက် ပင် ပို၍ အလိုလိုက်ခံခဲ့ရ၏။ အပျော်အပါးများတွင် နစ်မွန်းနေသည်ဟု အခြားသူများက ဝေဖန်မည်ကို လည်း သူ ဂရုမစိုက်ပေ။

ဆူးတိုက်က သူ့ကို ရမ္မက်ဆန်သော အပြုံးဖြင့် "သခင်လေးကောင်း... ခင်ဗျား တကယ်ကို လန်းတာပဲ..." ဟု ပြောနေမည့် ပုံရိပ်ကိုပင် ကောင်းယွမ် မြင်ယောင်နေမိလေသည်။

စည်းစိမ်ဥစ္စာနှင့် အလှအပများမှာ အရေးမပါတော့လျှင် အာဏာနှင့် ကျော်စောမှုသာ ကျန်တော့ပေ သည်။ ကောင်းယွမ်သည် ယခုအခါ ရှနိုင်ငံတွင် အလွန်ပင် ကျော်ကြားနေပြီ ဖြစ်၏။

ကောင်းယွမ်သည် အနည်းငယ် ဇဝေဇဝါ ဖြစ်နေမိလေသည်။ အာဏာသည်သာ သူ ရှာဖွေရန် ကျန်ရှိ တော့သည့် အရာပင်မဟုတ်ပါလော။

ကောင်းယွမ်သည် လက်ဖက်ရည် တစ်ငုံ သောက်လိုက်စဉ် ကောင်းကင်ယံ၌ အလင်းစက်တစ်ခု ဖြတ်ပျံ သွားသည်ကို မြင်လိုက်ရ၏။ ၎င်းမှာ လေယာဉ်တစ်စင်း ဖြစ်ပေလိမ့်မည်။ သူသည် ယခင်က မြင်တွေ့ခဲ့ ဖူးသော ဗီဒီယိုတစ်ခုကို ရုတ်တရက် သတိရသွားခဲ့လေသည်။

ထိုဗီဒီယိုထဲ၌ လူအများအား မြေအောက်ရထား၊ အမြန်ရထားနှင့် လေယာဉ်များ မည်သို့ စီးရသည်ကို သင်ကြားပေးနေခဲ့ခြင်း ဖြစ်လေ၏။

ထိုဗီဒီယိုအောက်တွင် မှတ်ချက်ပေါင်း တစ်သိန်းကျော် ရှိနေသည်ကို မြင်လိုက်ရသည့်အခါ နှစ်ပေါင်း နှစ်ထောင်ကြာ ဖွံ့ဖြိုးတိုးတက်လာခဲ့သော်လည်း လူအများအပြားမှာ ခက်ခဲစွာ ရှင်သန်နေကြရဆဲ ဖြစ် သည်ကို ကောင်းယွမ် သိမြင်လိုက်ရလေသည်။

ကောင်းယွမ်သည် သူတော်စင် တစ်ဦး မဟုတ်ပေ။

သို့သော် လက်ရှိကမ္ဘာရော၊ အနာဂတ်ကမ္ဘာပါ ကောင်းယွမ် လိုလားသော ကမ္ဘာမျိုး မဟုတ်ကြပေ။ ထို အခိုက်အတန့်မှာပင် ကောင်းယွမ်သည် သူ၏ ရည်မှန်းချက်ကို အတည်ပြုလိုက်လေတော့သည်။

*တကယ်လို့ ကမ္ဘာကြီးက ကိုယ်လိုချင်သလို ဖြစ်မနေရင်... ကိုယ်အိပ်မက်မက်တဲ့ ကမ္ဘာသစ်ကို ဘာဖြစ်လို့ ကိုယ်တိုင် မဖန်တီးနိုင်ရမှာလဲ….*

*လူသားဖယ်ဒရေးရှင်းကောင်စီရဲ့ အမှုဆောင်အရာရှိချုပ် ဖြစ်ခဲ့တဲ့ ကောင်းချိုး တောင်မှ အဲဒီမျှော်လင့် ချက်လေးတစ်ခုအတွက်နဲ့ ဒီခြံလေးထဲမှာ အနှစ်နှစ်ဆယ်တောင် နေထိုင်ခဲ့တာပဲ မဟုတ်ဘူးလား…*

*ကောင်းကန့် ကိုပဲ ကြည့်ဦးလေ... သူက ဆူးတိုက် လိုပဲ အပျော်အပါးမက်တဲ့သူ ဖြစ်နိုင်ပေမဲ့ အသက် တစ်ရာကျော်တဲ့အထိ နည်းပညာအသစ်တွေကို ဖော်ထုတ်နေတုန်းပဲ… ကောင်းမိသားစုရဲ့ မျိုးဆက်နှစ် ဆက်တိုင်တိုင် ကြိုးစားနေရတဲ့ ရည်ရွယ်ချက်က ဘာလဲ…*

*ဒါဟာ သူတို့ရဲ့ စံပြကမ္ဘာကို ဖန်တီးဖို့အတွက်ပဲ မဟုတ်လား… အဲဒီလိုဆိုရင်... ငါကော ဘာလို့ မလုပ် နိုင်ရမှာလဲ…*

ဤဘဝတွင် ကျွန်တော်တို့ တစ်ခုခု လုပ်ဆောင်ကြရပေလိမ့်မည်။

စည်းစိမ်ဥစ္စာ၊ ကာမဂုဏ်နှင့် ကျော်စောမှုတို့မှာ ပြင်းပြင်းထန်ထန် ကြိုးစားမှုမှ ရရှိလာသော ဆုလာဘ် အနည်းငယ်မျှသာ ဖြစ်ပေတော့သည်။

All Chapters