← Chapters

အခန်း ၂၂၂

Vol. 23 Ch. 222

အခန်း ၂၂၂

Vol. 23 Ch. 222

အခန်း (၂၂၂)

ကြေးနန်းကြိုးများ၏ ရေစီးကြောင်းနှင့် မျှော်လင့်ချက်တွင် ရစ်ပတ်ခြင်း

နောက်တစ်နေ့တွင် ဖန်းဟန်၏ အမိန့်သည် တစ်မြို့လုံးကို တိုက်ခတ်သွားသော ရက်စက်ကြမ်းကြုတ်သည့် မုန်တိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။

နန်ကုန်းယွင်ရှု၏ လုပ်ရပ်များမှာ မည်သူမျှ စိတ်ကူးမယဉ်နိုင်လောက်အောင်ပင် ပို၍ ရက်စက်ကြမ်းကြုတ်ကာ ထိရောက်မှု ရှိနေခဲ့ပေသည်။

သူမသည် အနည်းငယ်မျှပင် တုံ့ဆိုင်းနေခြင်းမရှိဘဲ သူမ၏ အစောင့်တပ်တစ်ဝက်ကို စုစည်းလိုက်ပြီး ကြီးမားလှ သော အင်အားဖြင့် နန်ယန်မြို့ရှိ အဓိကစီးပွားရေးလုပ်ငန်းများနှင့် ယခင်မင်းဆက်မှ ကျန်ရစ်ခဲ့သော သူဌေးများ ၏ စံအိမ်တော်များဆီသို့ ဝင်ရောက်စီးနင်းလိုက်လေသည်။

ကျယ်လောင်သောအသံကြီးနှင့်အတူ အစောင့်တပ်ဖွဲ့တစ်ဖွဲ့သည် အနီရောင်တံခါးကြီးကို အကြမ်းပတမ်း ရိုက်ချိုးဖွင့်လိုက်လေ၏။

တပ်ဖွဲ့ခေါင်းဆောင်သည် ခြံဝင်းအတွင်းမှ ထွက်ပေါ်လာသော ထိတ်လန့်တကြား အော်ဟစ်သံများကို လျစ်လျူရှု ကာ သူ၏ဓားကို ဆွဲထုတ်လိုက်ပြီး အေးစက်စွာ ကြေညာလိုက်လေသည်။

"အင်မော်တယ်ဖန်းရဲ့ အမိန့်အရ ကယ်တင်ခြင်းအတွက် နတ်ဘုရားလက်နက်တစ်ခုကို သွန်းလုပ်ဖို့ တစ်မြို့လုံးက ကြေးနီတွေကို စုဆောင်းရမယ်... ကြေးပြား၊ ကြေးဇလုံ၊ ကြေးမီးဖို ဒါမှမဟုတ် ကြေးမုံပြင်ပဲဖြစ်ဖြစ် ကြေးထည် ပစ္စည်းမှန်သမျှကို အပ်ရမယ်... ဘယ်သူမဆို ဖုံးကွယ်ထားရဲရင် သစ္စာဖောက်အဖြစ် သတ်မှတ်ပြီး သနားညှာတာ မှုမရှိဘဲ သတ်ပစ်မယ်..."

သူ စကားပြော၍ပင် မဆုံးမီ သူ၏ ကြမ်းတမ်းသော စစ်သည်များသည် ခြံဝင်းအတွင်းသို့ အပြေးအလွှား ဝင်ရောက်သွားကြပြီး သိုလှောင်ရုံနှင့် ပင်မခန်းမကြီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားကြလေသည်။

"မင်းတို့... မင်းတို့က ငါတို့ကို ဓားပြတိုက်နေတာပဲ... ဥပဒေဆိုတာ မရှိတော့ဘူးလား..."

ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားသော သူဌေးတစ်ဦးသည် ဒေါသတကြီး တုန်ယင်နေကာ အစောင့်တပ်ဖွဲ့ခေါင်း ဆောင်ကို လက်ညှိုးထိုးရင်း ကျိန်ဆဲလိုက်လေ၏။

တပ်ဖွဲ့ခေါင်းဆောင်သည် လှောင်ပြောင်လိုက်ပြီး သူ၏ခါးရှိ ဓားရှည်သည် အိမ်ထဲမှ လက်မဝက်ခန့် ထွက်ပေါ် လာကာ ကျယ်လောင်သောအသံနှင့်အတူ ထွက်ပေါ်လာသော အေးစက်သည့် ဓားအလင်းရောင်က သူဌေး၏ ဖြူဖျော့နေသော မျက်နှာပေါ်တွင် ရောင်ပြန်ဟပ်သွားခဲ့လေသည်။

"ဥပဒေ ဟုတ်လား... နန်ယန်မြို့မှာ အင်မော်တယ်ဖန်းရဲ့ စကားက ဥပဒေပဲ... နောက်ထပ် အသံထွက်ရဲတဲ့သူ ဘယ်သူ့ကိုမဆို သစ္စာဖောက်အဖြစ် သတ်မှတ်မယ်... သူ့ကို ဖမ်းလိုက်စမ်း..."

အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် စစ်သည်နှစ်ဦးသည် ချက်ချင်း ရှေ့သို့တက်လာကာ သူဌေးအား လျှော်ကြိုး ဖြင့် တင်းကျပ်စွာ တုပ်နှောင်လိုက်ပြီး ပါးစပ်ထဲသို့ အဝတ်စုတ်တစ်ခု ထိုးထည့်ကာ ဆွဲခေါ်သွားခဲ့ကြလေတော့ သည်။

ထိုသို့ နမူနာပြလိုက်ပြီးနောက် မည်သူမျှ တစ်ခွန်းမျှပင် ဆန့်ကျင်ပြောဆိုရဲခြင်း မရှိတော့ချေ။

တန်ဖိုးဖြတ်မရသော ရှေးဟောင်းကြေးထည်များဖြစ်စေ၊ သာမန်အိမ်ထောင်စုတစ်ခုရှိ သာမန်အကျဆုံး ကြေးပြား လေးတစ်ပြားဖြစ်စေ အရာအားလုံးသည် ရက်စက်စွာ လုယက်ခံလိုက်ရလေသည်။

ခဏအကြာတွင် တစ်မြို့လုံး၌ ငိုကြွေးသံများနှင့် ကျိန်ဆဲသံများ ဆူညံစွာ ထွက်ပေါ်လာခဲ့သော်လည်း ၎င်းတို့သည် အစောင့်များ၏ အေးစက်သော ဓားသွားများအောက်တွင် လျင်မြန်စွာ ဖိနှိပ်ခံလိုက်ရလေသည်။

ထိုစစ်ဆင်ရေးသည် မြို့ထဲတွင် အကြီးဆုံးဖြစ်သော ပေါင်ဟွာဘုရားကျောင်းသို့ ရောက်ရှိလာသောအခါ အတား အဆီးအချို့နှင့် ကြုံတွေ့ခဲ့ရလေသည်။

ဘုရားကျောင်း၏ အဝင်ဝတွင် ရှိနေသော နှစ်တစ်ထောင် သက်တမ်းရှိပြီဟု ဆိုကြသည့် ကြီးမားလှသော ကြေးခေါင်းလောင်းကြီးမှာ ဤစစ်ဆင်ရေး၏ အရေးအကြီးဆုံး ပစ်မှတ်များထဲမှ တစ်ခုပင် ဖြစ်ပေသည်။

အစောင့်များ လှုပ်ရှားရန် ပြင်ဆင်နေစဉ် ပေါင်ဟွာဘုရားကျောင်း၏ ကျောင်းထိုင်ဆရာတော်သည် ရဟန်းတစ်စု နှင့်အတူ ကြေးခေါင်းလောင်းကြီး၏ ရှေ့တွင် ရပ်ကာ လက်အုပ်ချီထားပြီး သူတို့၏ မျက်နှာများမှာ ဝမ်းနည်း ပူဆွေးမှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။

"အရှင်တို့ ဒီအရာက ကျွန်ုပ်တို့ ဗုဒ္ဓဘာသာရဲ့ အထွဋ်အမြတ်ထားတဲ့ အရာတစ်ခုဖြစ်ပြီးတော့ နှစ်ထောင်ပေါင်း များစွာတိုင်အောင် မရေမတွက်နိုင်တဲ့ လူများတွေရဲ့ ကိုးကွယ်ယုံကြည်မှုကို ခံခဲ့ရတာပပါ...ဒီအရာမှာ အတိုင်း အဆမရှိတဲ့ ကုသိုလ်တော်တွေ ပါရှိနေတဲ့အတွက် လုံးဝ မထိခိုက်သင့်ပါဘူး... ဒီဗုဒ္ဓဘာသာရတနာကို ဖျက်ဆီး မယ်ဆိုရင် နတ်ဘုရားတွေရဲ့ အပြစ်ပေးခြင်းကို ခံရပါလိမ့်မယ်..."

တပ်ဖွဲ့ခေါင်းဆောင်မှာ မာပေါ်ကော့ပင် ဖြစ်လေသည်။

သူသည် ဆီပြန်နေသော မျက်နှာနှင့် ဝဖြိုးနေသည့် ဘုန်းကြီးအိုကြီးကို ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် ကြည့်လိုက်ပြီး အေးစက်စွာ ပြန်လည်မေးခွန်းထုတ်လိုက်လေ၏။

"ငါ မင်းကို မေးမယ်... မင်းရဲ့ ဘုရားက ပိုအရေးကြီးသလား ဒါမှမဟုတ် မြို့ထဲက လူတွေအားလုံးရဲ့ အသက်က ပိုအရေးကြီးသလား..."

ထိုထိမိသော မေးခွန်းကြောင့် ကျောင်းထိုင်ဆရာတော်မှာ အံ့အားသင့်သွားပြီး စကားလုံးများမှာ လည်ချောင်းထဲ တွင် တစ်ဆို့သွားခဲ့လေသည်။

သူ၏ တုံ့ဆိုင်းနေမှုကို မြင်သောအခါ မာပေါ်ကော့၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ရုတ်တရက် လင်းလက်သွားခဲ့ပြီး သူ၏အသံမှာ ဆောင်းလေကဲ့သို့ အေးစက်သွားခဲ့လေသည် ။

"မင်းကို နောက်ဆုံးအခွင့်အရေး တစ်ကြိမ်ပေးမယ်... ဒီခေါင်းလောင်းကို မင်းတို့ဘာသာ ဖယ်ပေးမလား ဒါမှ မဟုတ် ငါတို့ဘာသာ လုပ်ရမလား... မင်း နောက်ထပ် တစ်ခွန်းဟဟသံထွက်ရဲရင် ယုံလိုက်စမ်း... မင်းလို ထိပ်ပြောင်ဘုန်းကြီးကိုပါ အရည်ကျိုပြီး ဒီအသက်ကယ်လက်နက်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သွန်းလုပ်ပစ် မယ်..."

"မင်း..."

ကျောင်းထိုင်ဆရာတော်မှာ အလွန်ဒေါသထွက်သွားသဖြင့် မျက်နှာတစ်ခုလုံး နီရဲလာကာ တစ်ကိုယ်လုံး တုန်ယင် သွားခဲ့လေသည်။

သူ၏ အနောက်ဘက်ရှိ ရဟန်းများမှာလည်း ဒေါသတကြီး စိုက်ကြည့်နေကြသော်လည်း ရှေ့သို့မတက်ရဲကြချေ။

မာပေါ်ကော့သည် သူတို့ကို တုံ့ပြန်ရန် အခွင့်အရေးမပေးတော့ဘဲ လက်ဝှေ့ယမ်းကာ အော်ဟစ်လိုက်လေသည်

"တိုက်ကြ... ငါတို့ကို တားဆီးရဲတဲ့သူ ဘယ်သူ့ကိုမဆို သနားညှာတာမှုမရှိဘဲ သတ်ပစ်မယ်..."

အစောင့်များသည် အော်ဟစ်ကာ ရှေ့သို့ တိုးဝင်သွားကြလေ၏။ သူတို့၏လမ်းကို ပိတ်ဆို့ထားသော ရဟန်းများ မှာ ချက်ချင်းပင် မြေပြင်ပေါ်သို့ အကြမ်းပတမ်း တွန်းလှဲခံလိုက်ရလေသည်။ ကျောင်းထိုင်ဆရာတော်သည် နှစ် တစ်ထောင်သက်တမ်းရှိ ကြေးခေါင်းလောင်းကြီးအား ကြိုးဖြင့်ချည်နှောင်ကာ လူဒါဇင်ပေါင်းများစွာက ဆွဲငင် သွားကြပြီး တဝုန်းဝုန်းမြည်ဟည်းသံများ ထွက်ပေါ်လာကာ တဖြည်းဖြည်း ဆွဲယူသွားသည်ကို ကူကယ်ရာမဲ့စွာ ဖြင့် စောင့်ကြည့်နေခဲ့ရလေသည်။

သူ၏ ခြေထောက်များမှာ အားပျော့သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားကာ သူ၏မျက်နှာမှာ ကြောက်ရွံ့မှုကြောင့် ပြာနှမ်းနေခဲ့လေသည်။ သူသည် တိတ်ဆိတ်သွားပြီးနောက် သတိလစ်မတတ် ရေရွတ်နေမိလေတော့သည်။

"သူတို့ ရူးသွားကြပြီ... သူတို့အားလုံး ရူးသွားကြပြီ..."

ဖန်းဟန်၏ ဆန္ဒအရ နန်ယန်မြို့တစ်မြို့လုံးသည် ရိုင်းစိုင်းစွာ ပြေးလွှားနေသော ဧရာမ သားရဲကြီးတစ်ကောင် အဖြစ်သို့ လုံးဝ ပြောင်းလဲသွားခဲ့လေတော့သည်။

ကြေးနီများ အဆက်မပြတ် စီးဆင်းလာပြီး မြို့တောင်ဘက်ရှိ ကြီးမားလှသော အလုပ်ရုံအသစ်ကြီးတစ်ခုဆီသို့ ပို့ဆောင်ခံနေရလေသည်။ ယာယီမီးဖို ဒါဇင်ပေါင်းများစွာသည် မီးတောက်များဖြင့် ဟုန်းဟုန်းတောက်လောင် နေကာ ညကောင်းကင်ယံကို နက်ရှိုင်းသော သွေးနီရောင်အဖြစ်သို့ ပြောင်းလဲစေခဲ့လေသည်။

ကြေးပြားများ၊ ကြေးထည်ပစ္စည်းများ၊ ကြေးရုပ်တုများ၊ ကြေးခေါင်းလောင်းများ... အရာအားလုံးသည် ပြင်းထန် သော မီးတောက်ထဲတွင် ရွှေနီရောင် ကြေးနီရည်များအဖြစ်သို့ အရည်ပျော်သွားခဲ့ပြီးနောက် လုပ်ငန်းစဉ်အဆင့် ဆင့်မှတစ်ဆင့် သတ္တုအရောင်အသွေး တလက်လက် တောက်ပနေသည့် အထူအပါး အမျိုးမျိုးရှိသော ကြေးနန်း ကြိုးခွေများအဖြစ်သို့ ဆွဲဆန့်ထုတ်လုပ်လိုက်လေသည်။

စက်ရုံ၏ အခြားတစ်ဖက်တွင်မူ ပို၍ပင် အံ့မခန်းဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ရှိနေခဲ့လေသည်။

စုဆောင်းထားသော ပန်းထိုးသမားများနှင့် ကျွမ်းကျင်သော အမျိုးသမီး ရာပေါင်းများစွာသည် ရှည်လျားသော အလုပ်ရုံများအတွင်း အတန်းလိုက် သိပ်သည်းစွာ ထိုင်နေကြလေသည်။

မည်သူမျှ ထပ်မံ၍ ညည်းညူခြင်း မရှိကြတော့ချေ။

မှိန်ဖျော့ဖျော့ ဆီမီးရောင်အောက်တွင် တစ်ချိန်က သွေးရောင်လွှမ်းနေသော မျက်လုံးများထဲ၌ ပြည့်နှက်နေသည့် နာကြည်းမှုနှင့် ကြောက်ရွံ့မှုများမှာ ပျောက်ကွယ်သွားခဲ့ပြီး ၎င်းအစား ရူးသွပ်မတတ် စူးစိုက်မှုတစ်ခုဖြင့် အစား ထိုးနေရာယူလာခဲ့လေသည်။

အေးစက်နေသော ကြေးနန်းကြိုးများသည် သူတို့၏ ကြမ်းတမ်းနေသော လက်ချောင်းထိပ်လေးများမှတစ်ဆင့် တစ်ပတ်ပြီးတစ်ပတ် စီးဆင်းသွားခဲ့လေသည်... သူတို့ ရစ်ပတ်နေသော အရာမှာ ကြေးနန်းကြိုးသက်သက် မဟုတ်တော့ဘဲ သူတို့၏ ခင်ပွန်းများနှင့် သားသမီးများကို သေမင်းတမန်၏ လက်မှ ပြန်လည်ဆွဲထုတ်ပေးနိုင် မည့် အသက်ကယ်ကြိုးတစ်ချောင်း ဖြစ်ကြောင်း သူတို့ သိရှိထားကြလေသည်...။

ဤသည်မှာ နန်ယန်အတွက် နောက်ဆုံး မျှော်လင့်ချက်ပင် ဖြစ်ပေသည်။

ပိုင်ရွှီကျန်းသည် သူမ၏ အစေခံမိန်းကလေးများနှင့်အတူ အလုပ်သမားအားလုံးအတွက် ထောက်ပံ့ပို့ဆောင်ရေး ကို တာဝန်ယူထားခဲ့လေသည်။

သူမသည် အပြစ်ကင်းစင်ပြီး ပူပင်သောကကင်းသော မိန်းကလေးငယ်လေး မဟုတ်တော့ဘဲ သူမ၏ မျက်နှာပေါ် တွင် အသက်အရွယ်နှင့် မလိုက်အောင် ပြတ်သားမှုများ ရှိနေခဲ့ပေသည်။ သူမသည် မီးဖိုချောင်ကို ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲပြီး နေ့မအားညမနား အလုပ်လုပ်နေကြသော အလုပ်သမားများအတွက် မြို့ထဲရှိ အကောင်းဆုံး စားနပ်ရိက္ခာများနှင့် အသားများကို ဦးစားပေး ထောက်ပံ့ပေးကာ သူတို့အတွက် အစားအစာတိုင်းတွင် ပူနွေး သော အသားဟင်းချိုကို သောက်သုံးနိုင်စေရန် သေချာစွာ စီစဉ်ပေးခဲ့လေသည်။

"အစ်မတို့ အားလုံး အရမ်းကို ပင်ပန်းနေကြပြီ... ဆက်ပြီး ကြိုးစားကြပါဦး... အစ်ကိုဟန်က 'အလင်းရောင် နှလုံးသား' ကို အောင်မြင်သွားတာနဲ့ ကပ်ရောဂါက သိပ်ကြောက်စရာကောင်းတော့မှာ မဟုတ်ဘူးလို့ ပြော တယ်..."

သူမ၏ ရှင်းလင်းပြတ်သားသော အသံလေးသည် အလုပ်ရုံအတွင်း ပဲ့တင်ထပ်သွားခဲ့ပြီး လူတိုင်း၏ စိတ်ဓာတ်ကို အဆက်မပြတ် မြှင့်တင်ပေးနေခဲ့လေသည်။

နန်ယန်မြို့တစ်မြို့လုံးသည် အလွန်ပင် ထူးဆန်းလှသော မြင်ကွင်းတစ်ခုကို ဖော်ပြနေခဲ့လေသည် ။ မြို့အပြင် ဘက်တွင် ကျင်းပေမြို့စားကြီး၏ လူအင်အား နှစ်သိန်းရှိသော တပ်မတော်ကြီးသည် မြို့ကို တိမ်မည်းများကဲ့သို့ ဖုံးလွှမ်းနေပြီး မြို့အတွင်း၌မူ ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသော သေမင်း၏ အရိပ်အာဝါသနှင့် စိတ်ပျက်အား ငယ်ဖွယ် အော်ဟစ်သံများက လွှမ်းမိုးနေခဲ့လေသည်။

သို့သော် သေမင်းနှင့် စိတ်ပျက်အားငယ်မှုများ ဖုံးလွှမ်းနေသော ဤမြေပြင်ပေါ်တွင်ပင် မရေမတွက်နိုင်သော လူများသည် သူတို့ နားမလည်နိုင်သော၊ သဘောမပေါက်နိုင်သော ရည်မှန်းချက်တစ်ခုအတွက် အံ့မခန်းဖွယ် အလုပ်လုပ်လိုစိတ်များကို ထုတ်ဖော်ပြသနေခဲ့ကြလေသည်။

ဖန်းဟန်၏ ပုံရိပ်သည် မောပန်းခြင်းမရှိသော တစ္ဆေတစ်ကောင်ကဲ့သို့ လူစည်ကားနေသော စက်ရုံအတွင်း ဟိုဟို ဒီဒီ သွားလာလှုပ်ရှားနေလျက်ရှိလေသည်။

ပြင်းထန်သော အဖျားကြောင့် သူ၏ အမြင်အာရုံမှာ တစ်ချက်တစ်ချက် ဝေဝါးသွားခဲ့ပြီး သူလှမ်းလိုက်သော ခြေလှမ်းတိုင်းမှာ ဝါဂွမ်းပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ ခံစားနေရလေသည်။

သူသည် ရံဖန်ရံခါ လောင်ကျွမ်းနေသော မီးဖိုနံရံကို မှီကာ သတိလစ်လုနီးပါး ဖြစ်နေသော သူ၏ အာရုံကြောများ ကို အတင်းအဓမ္မ လှုံ့ဆော်ရန်အတွက် ပူလောင်သော ခံစားချက်ကို အသုံးပြုရုံသာ တတ်နိုင်ခဲ့လေသည်။

သို့တိုင်အောင် သူ၏အသံမှာ အက်ကွဲနေသော်လည်း ခိုင်မာနေဆဲဖြစ်ကာ သူ့ပတ်ဝန်းကျင်ရှိ လက်မှုပညာရှင် များအား ပုံကြမ်းများပေါ်ရှိ အရေးအကြီးဆုံးနှင့် အဓိကအကျဆုံး အစိတ်အပိုင်းများ၏ တည်ဆောက်ပုံကို ထပ်ခါတလဲလဲ ရှင်းပြနေခဲ့လေသည်။

သူသည် အလုပ်ရုံ၏ ထောင့်တစ်နေရာရှိ တောင်တန်းတစ်ခုကဲ့သို့ ပုံနေသော နန်းကြိုးခွေများကို ကြည့်လိုက်ရာ မီးရောင်အောက်တွင် ၎င်းတို့၏ သတ္တုအရောင်မှာ တောက်ပစွာ လင်းလက်နေပြီး သူ၏မျက်လုံးများထဲတွင် မရေမတွက်နိုင်သော ကခုန်နေသည့် မီးပွားလေးများကို မြင်တွေ့လိုက်ရသကဲ့သို့ ရှိနေလေတော့သည်။

All Chapters