← Chapters

အခန်း ၂၉၈

Vol. 22 Ch. 298

အခန်း ၂၉၈

Vol. 22 Ch. 298

အပိုင်း(၂၉၈)

"မင်း နောက်နေတာလား... အနောက်ဘက်ကောင်းကင်ဘုံ ခရီးစဉ်မှာ ဗိုက်ဝအောင် စားရရင်တောင် ကျေးဇူးတင်ရမှာကို မင်းတို့က ကောင်းကောင်းမွန်မွန် စားနိုင်ခဲ့တယ်ပေါ့..."

စွန်းဝူခုန်း၏ စကားများကြောင့် နီကျားသည် ထိုင်လိုက်ပြီး ရှုပ်ထွေးမှုများဖြင့် သူ့အား စိုက်ကြည့်နေမိ၏။

"ငါ့ပုံစံက နောက်နေမယ့်လူနဲ့ တူနေလို့လား..."

အံ့ဩပြီး တွေဝေနေပုံရသော နီကျားကို စွန်းဝူခုန်းက စိတ်မရှည်စွာဖြင့် ပြောလိုက်လေသည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ချက်ပြုတ်ဖို့ အချိန်တွေ အများကြီး သုံးနေမယ်ဆိုရင် မင်းတို့ရဲ့ အနောက်ဘက်ကောင်းကင်ဘုံ ခရီးစဉ်ကို အရှိန်အဟုန် အများကြီး ထိခိုက်စေမှာပေါ့... မင်းတို့ ခရီးထွက်လာတာ တစ်နှစ်လောက် ရှိနေပြီမလား... ဘယ်လောက်တောင် ခရီးရောက်နေပြီလဲ..."

အတန်ကြာ စဉ်းစားပြီးနောက် နီကျားက စွန်းဝူခုန်းအား မေးလိုက်၏။

"ဘယ်လောက်တောင် ခရီးရောက်နေပြီလဲ ဆိုတော့... နေပါဦး ငါ စဉ်းစားကြည့်ရအောင်... ငါတို့ လမ်းနည်းနည်း ကွေ့ပတ်သွားရတာတွေ ရှိတယ်... ပြီးတော့ ဝူကျွမ်ကျောင်းတော်မှာ နှစ်လလောက် နေခဲ့ရသေးတယ်... တကယ်တမ်း ငါတို့ ခရီးသွားဖြစ်တာက ကိုးလလောက်ပဲ ရှိတာ... တစ်ရက်ကို မိုင်နှစ်ဆယ်၊ သုံးဆယ်လောက် သွားဖြစ်တယ်... အဲဒါက တစ်လကို မိုင်တစ်ထောင်တောင် မပြည့်ဘူးလေ... ဒါကြောင့် အခုဆိုရင် မိုင်ရှစ်ထောင်လောက်ပဲ ခရီးရောက်ရသေးတာပေါ့..."

စွန်းဝူခုန်းက ခေတ္တမျှ တိတ်ဆိတ်စွာ တွက်ချက်ကြည့်ပြီးနောက် အကြမ်းဖျင်း ခန့်မှန်းခြေကို ပြောပြလိုက်၏။

"အနောက်ဘက်ကောင်းကင်ဘုံ ခရီးစဉ်က မိုင်တစ်သိန်းရှစ်သောင်းတောင် ဝေးတာလေ... ဒါကို မင်းတို့က တစ်နှစ်လောက် လမ်းလျှောက်ပြီးတာတောင်မှ ဒီလောက်ပဲ ခရီးရောက်သေးတယ်ပေါ့... မင်းတို့က တကယ်ပဲ အနောက်ဘက် ကောင်းကင်ဘုံ ခရီးစဉ်ကို သွားနေကြတာလား... ဒါမှမဟုတ် အပျော်ခရီး ထွက်နေကြတာလား..."

နီကျားသည် ရယ်ချင်စိတ်ကို မနည်းအောင့်ထားကာ ပြောလိုက်လေသည်။

"ငါတို့လည်း ရွေးချယ်စရာ မရှိဘူးလေကွာ... လမ်းတစ်လျှောက်လုံး ပြဿနာတွေချည်းပဲ ဆက်တိုက် ကြုံနေရတာကိုး..."

စွန်းဝူခုန်းက လက်နှစ်ဖက်ကို ဖြန့်ကာ အနည်းငယ် လက်မြှောက်အရှုံးပေးချင်သည့်ဟန်ဖြင့် ပြန်ပြောလိုက်၏။

"မင်းတို့ရဲ့ အစားအသောက်တွေက အရမ်းကောင်းတယ်ဆို... ငါကတော့ ယုံဖို့ ခဲယဉ်းနေတုန်းပဲ... အခုလည်း အချိန်နှောင်းနေပြီ... ညစာစားရမယ့် အချိန်တောင် ရောက်နေပြီမလား... ငါ ပြန်မသွားခင် ညစာလေး ဘာလေး လိုက်စားရင် မကောင်းဘူးလား..."

ကောင်းကင်ကို မော့ကြည့်ကာ အချိန်နှောင်းနေပြီဖြစ်ကြောင်း သတိပြုမိသွားသော နီကျားက စွန်းဝူခုန်းအား မေးလိုက်သည်။

"ရတာပေါ့... သွားကြတာပေါ့..."

စွန်းဝူခုန်းသည် သဘောတူညီကြောင်း ခေါင်းညိတ်ပြလိုက်ပြီး ထိုစကားနှင့်အတူ လေထဲသို့ ခုန်တက်ကာ ကျန်းလျို ရှိရာဆီသို့ ပျံသန်းသွားတော့၏။

နီကျားသည်လည်း သူ၏ အသွင်ပြောင်းစွမ်းရည်ကို အသုံးပြုကာ ရုပ်ရည်ချောမောသော လူငယ်လေးတစ်ဦးအဖြစ် ပြောင်းလဲလိုက်ပြီး စွန်းဝူခုန်းနောက်သို့ ပျံသန်းလိုက်ပါသွားလေသည်။

သူသည် စွန်းဝူခုန်းနှင့် ပြင်းထန်သော တိုက်ပွဲတစ်ခုကို ယခုလေးတင် ဆင်နွှဲထားခဲ့သည် မဟုတ်ပါလော။ သို့ပါလျက် ယခုအခါတွင် သူတို့က အတူတကွ သွားရောက် စားသောက်ကြမည်တဲ့လော။ ယင်းမှာ အနည်းငယ်တော့ မသင့်တော်လှပေ။

ထို့ကြောင့် လူအများ၏ အာရုံစိုက်မှုကို ရှောင်ရှားနိုင်ရန် အသွင်ပြောင်းသွားခြင်းက ပိုကောင်းပေလိမ့်မည်။

...

ထိုအချိန်တွင် ကျန်းလျိုသည် ဟင်းချက်နေခဲ့ပြီး ကြက်သွန်မြိတ်လေးများ ဖြူးထားသော ဖီတန်နှင့် ဝက်သားစဉ်းကော ဆန်ပြုတ်တစ်အိုးကို တည်ထားရာ ၎င်း၏ မွှေးပျံ့သော အနံ့မှာ နေရာအနှံ့သို့ ပျံ့နှံ့နေပြီး အလိုအလျောက်ပင် နှုတ်ခမ်းသပ်မိသွားစေလောက်အောင် ဆွဲဆောင်မှုရှိလှပေသည်။

သူသည် အသားနှင့် ဟင်းသီးဟင်းရွက်များ ရောနှောထားသော ဟင်းလျာအချို့ကိုလည်း ကြော်လှော်ထားသေးရာ ယနေ့ညနေစာမှာ အတော်လေး ခမ်းနားပြည့်စုံနေပေ၏။

ထန်မင်းဆက်ခေတ်တွင် ဖီတန်များ မရှိခဲ့သော်လည်း ၎င်းတို့ကို ကိုယ်တိုင် ပြုလုပ်ရသည်မှာလည်း သိပ်ပြီး ခက်ခဲသော အလုပ်တစ်ခုတော့ မဟုတ်ပါချေ။

အစားကြူးလှသော ကျူးပါကျဲကြောင့် ဤညစာသည် အသားနှင့် ဟင်းသီးဟင်းရွက်များ ရောနှောထားသော ဟင်းလျာအနည်းငယ်မျှသာ ဖြစ်ပုံရသော်လည်း ဟင်းပွဲများ၏ ပမာဏမှာတော့ အတော်လေး ကြီးမားများပြားလှပေသည်။

ကျူးပါကျဲ တစ်ယောက်တည်းကပင် လူဆယ်ယောက်စာမျှ စားသောက်နိုင်သည်။ သို့တိုင်အောင် သူသည် ဗိုက်ဝဦးမည် မဟုတ်သေးပေ။

ဟင်းပွဲများ အဆင်သင့် မဖြစ်မီမှာပင် အလင်းတန်းနှစ်ခု ဖြတ်ပြေးသွားပြီး စွန်းဝူခုန်းသည် ရုပ်ရည်ချောမောသော လူငယ်လေးတစ်ဦးအဖြစ် ရုပ်ဖျက်ထားသည့် နီကျားနှင့်အတူ ဆင်းသက်လာခဲ့လေသည်။

"အင်း... တကယ်ကို မွှေးနေတာပဲ..."

မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် နှာခေါင်းကို အကြိမ်အနည်းငယ် ရှုံ့ကာ အနံ့ခံရင်း နီကျားက အားကျသဘောကျစွာဖြင့် ပြောလိုက်၏။

"ဝူခုန်း... ဒါက ဘယ်သူလဲ..."

ဟင်းချက်နေသော ကျန်းလျိုသည် နီကျားကို တစ်ချက်လှမ်းကြည့်ကာ စွန်းဝူခုန်းအား မေးလိုက်သည်။

"ဆရာတော်... ဒါက တပည့်တော်ရဲ့ သူငယ်ချင်းပါ... သူ့နာမည်က..."

ကျန်းလျို၏ မေးခွန်းကို ကြားသောအခါ စွန်းဝူခုန်းက ပေါ့ပေါ့ပါးပါးပင် ရှင်းပြလိုက်သော်လည်း နီကျား၏ နာမည်ကို ပြောမည့်ဆဲဆဲတွင် ခေတ္တမျှ တန့်သွားပြီးနောက် နီကျားဘက်သို့ လှည့်ကာ မေးလိုက်၏။

"အေး ဟုတ်သားပဲ... မင်းကို ဘယ်လို ခေါ်ရမလဲ..."

"ငါ့ကို ကျားလေး လို့ပဲ ခေါ်လိုက်ပါ..."

စွန်းဝူခုန်း၏ မေးခွန်းကို ကြားသောအခါ နီကျားသည် ခဏမျှ စဉ်းစားပြီးနောက် ဖြေကြားလိုက်သည်။

စွန်းဝူခုန်းတို့၏ စကားများကို ကြားသောအခါ ကျန်းလျို၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားတော့သည်။ သည်မျောက်သည် အတော်လေး အခြေအနေကောင်းနေပေသည်။ ပထမတုန်းက မိန်းကလေးတစ်ယောက်ကို ထမင်းစားရန် ခေါ်လာခဲ့ပြီး ယခုတစ်ခါတွင်လည်း သူငယ်ချင်းတစ်ယောက်ကို ခေါ်လာပြန်၏။ ကျန်းလျို၏ ရင်ထဲတွင်တော့ သူ၏ ကလေးက ချစ်သူကောင်မလေးနှင့် သူငယ်ချင်းများကို အိမ်သို့ ထမင်းစားရန် ခေါ်လာသည်ကို ကြည့်နေရသကဲ့သို့ ရင်းနှီးနေသော ခံစားချက်မျိုး အမှန်တကယ်ပင် ဖြစ်ပေါ်နေတော့သည်။

သို့သော် စွန်းဝူခုန်းက သူ့ သူငယ်ချင်း နာမည်ကိုပင် မသိဘူးတဲ့လော။ ယင်းက အနည်းငယ်တော့ သံသယဖြစ်စရာ ကောင်းနေပေသည်။

စိတ်ထဲ၌ သံသယအနည်းငယ် ဝင်သွားပြီးနောက် ကျန်းလျို၏ အကြည့်တို့သည် နီကျားထံသို့ ကျရောက်သွားကာ ရင်ထဲမှနေ၍ တိတ်တဆိတ် ရေရွတ်လိုက်၏။

'ဇာတ်ကောင် အချက်အလက်ပြဘုတ်'

အမည် - ကျားလေး (အမည်ဝှက်) (အပြာရောင်)

လိင် - အထီး

အသက်မွေးဝမ်းကျောင်း - စစ်နတ်ဘုရား

အဆင့် - ၈၀

လက်နက်ကိရိယာ - မီးတောက်လှံ (ရာဇဝင်လာ အရည်အသွေး) ... လေမီးလျှံဘီးများ (ရာဇဝင်လာ အရည်အသွေး)၊ ဟွန်ထျန်းဖဲကြိုး (ရာဇဝင်လာ အရည်အသွေး)၊ ချီယန်ခွန်း လက်ကောက် (ရာဇဝင်လာ အရည်အသွေး)

...

ဝိုး...

တစ်ဖက်လူ၏ ဇာတ်ကောင် အချက်အလက်ပြဘုတ်ကို ကြည့်ရင်း ကျန်းလျိုမှာ မျက်စိကျိန်းမတတ်ပင် ခံစားလိုက်ရလေသည်။ သူ့ကို မျက်စိကျိန်းသွားစေသည့် အရာက ဘာများဖြစ်နေပါသနည်း။ ယင်းမှာ သူဌေးတို့၏ တောက်ပမှုပင် ဖြစ်ပေသည်။

ကိုယ်ပေါ်တွင် ရာဇဝင်လာ အရည်အသွေးရှိသော လက်နက်ကိရိယာ တစ်စုံလုံးကို ဆင်ယင်ထားပြီး အပြာရောင် ဇာတ်ကောင် အချက်အလက်ပြဘုတ်နှင့် အဆင့် ၈၀ ဟူသော အချက်များအရ ဤကလေး၏ အလုံးစုံ စွမ်းအားသည် စွန်းဝူခုန်းထက် အနည်းငယ်မျှသာ နိမ့်ကျပေသည်။

ထို့ပြင် ဤကျားလေး ဆိုသော အမည်ဝှက်ကရော။ ဇာတ်ကောင် အချက်အလက်ပြဘုတ်ပေါ်ရှိ လက်နက်ကိရိယာ အချက်အလက်များကို ကြည့်လိုက်သောအခါ ချီယန်ခွန်း လက်ကောက်၊ ဟွန်ထျန်းဖဲကြိုး၊ လေမီးဘီးများ စသည့် ဤမှော်ရတနာများ။

ဤမျှ ထူးခြားထင်ရှားသော မှော်ရတနာများကို မြင်တွေ့ရလျှင် အရူးတစ်ယောက်ပင် ဤလူ မည်သူမည်ဝါဖြစ်ကြောင်းကို မမှတ်မိဘဲ နေမည်မဟုတ်ပါချေ။

"ဝူခုန်းနဲ့ နီကျားတို့က ဒီလောက် ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ... ကောင်းကင်ဘုံကို တစ်ခေါက်သွားရုံလေးနဲ့ သူက နီကျားကို အိမ်အထိ ထမင်းစားဖို့ ခေါ်လာခဲ့ပြီ မဟုတ်လား..."

ရှေ့ရှိ ရုပ်ရည်ချောမောသော လူငယ်လေးမှာ နီကျား ဖြစ်ကြောင်းကို သဘောပေါက်သွားသောအခါ ကျန်းလျို၏ ရင်ထဲတွင် အနည်းငယ် အံ့အားသင့်သွားတော့သည်။

သေချာပေါက်ပင် တစ်ဖက်လူသည် အမည်ဝှက်ကို အသုံးပြုထားပြီး သူ၏ အစစ်အမှန် ကိုယ်ပိုင်အမည်ကို ထုတ်ဖော်ပြောဆိုရန် ရည်ရွယ်ချက် မရှိသောကြောင့် ကျန်းလျိုသည်လည်း ၎င်းကို ထုတ်ဖော်မည် မဟုတ်ပေ။

ဟင်းချက်ခြင်း ပြီးခါနီးဖြစ်ရာ မကြာမီတွင်ပင် ဖီတန်နှင့် ဝက်သားစဉ်းကော ဆန်ပြုတ်အိုးကြီး တစ်အိုးနှင့် အသား၊ ဟင်းသီးဟင်းရွက် ရောနှောထားသော ဟင်းပွဲအနည်းငယ်တို့ အားလုံး အဆင်သင့် ဖြစ်သွားပြီးနောက် ကျန်းလျိုက အားလုံးကို ထမင်းစားစားပွဲသို့ ခေါ်လိုက်လေသည်။

"ကဲ... ဟင်းတွေ ကျက်ပြီ... အားလုံး ထိုင်ပြီး အတူတူ စားကြရအောင်..."

လေဝါမိစ္ဆာသည်လည်း ထွက်မသွားသေးချေ။ ကျန်းလျိုက သူ့ကို နှင်မထုတ်သရွေ့ သူက ဤနေရာတွင် မျက်နှာပြောင်တိုက်ကာ ထမင်းအချောင်ဝင်စားနေဦးမည်သာ ဖြစ်၏။

ဇီရှား ထွက်သွားခဲ့သော်လည်း သူမ၏ နေရာတွင် နီကျား ရောက်ရှိလာသောကြောင့် ထမင်းဝိုင်းရှိ ဧည့်သည်အရေအတွက်မှာ လျော့နည်းမသွားဘဲ စည်ကားသက်ဝင်နေဆဲပင် ဖြစ်သည်။

***

All Chapters