← Chapters

အခန်း ၇၁၈

Vol. 38 Ch. 718

အခန်း ၇၁၈

Vol. 38 Ch. 718

အပိုင်း (၇၁၈) မီးဖွားခန်း အပြင်ဘက်။

ခုနစ်ရက်ခန့် ကြာပြီးနောက် မင်းသမီးမြောင်ဟန်၏ ခန္ဓာကိုယ်မှာ ပိုမို နေမကောင်းဖြစ်လာခဲ့၏။ အိမ်ရှိ လက်သည်က မင်းသမီးမြောင်ဟန်၏ ဝမ်းဗိုက်တွင် အလွန်အမင်း နာကျင်နေကြောင်း ရုတ်တရက် သတိပြုမိသွားသဖြင့် ပထမဆုံးအချိန်တွင်ပင် တောက်ယွမ်ဆေးခန်းသို့ ပို့ဆောင်ပေးခဲ့သည်။

တောက်ယွမ်ဆေးခန်းသည်လည်း ဖန်ကျန်းရီ၏ ညွှန်ကြားချက်များအရ လူနာခန်းများကို အစောကြီးတည်းက အထူးပြင်ဆင်ထားပြီးဖြစ်သည်။ ရက်အနည်းငယ် အလိုကတည်းက ဆေးခန်းသည် လူနာသစ်များကို လက်မခံတော့ကြောင်း သတိပေးထားပြီးဖြစ်ကာ အနီးအနား တစ်ဝိုက်ကိုလည်း ကျင်းယီဝေများက အစောင့်အကြပ် ချထားခဲ့၏။ ယခုအချိန်တွင် မင်းသမီးမြောင်ဟန်သည် လူနာခန်းအတွင်းသို့ ရောက်ရှိနေပြီ ဖြစ်၏။

ဖန်ကျန်းရီသည် အပြင်ဘက်တွင် စိုးရိမ်တကြီးဖြင့် အဆက်မပြတ် လမ်းလျှောက်နေ၏။ ရုတ်တရက် ဖြစ်ပေါ်လာသော ကိစ္စဖြစ်သဖြင့် နန်းတော်သို့ အကြောင်းကြားရန် အချိန်မမီခဲ့ဘဲ ယခုလေးတင်မှ လူလွှတ်ကာ အကြောင်းကြားလိုက်ရသည်။ ယခုအချိန်တွင် သူ၏အနား၌ ဝမ်မုန် တစ်ယောက်သာ အဖော်ပြုပေးနေသည်။

ဖန်ကျန်းရီသည် ခြေနှစ်လှမ်းခန့် လျှောက်လိုက်တိုင်း လူနာခန်းတံခါးသို့ နားကပ်ကာ နားထောင်ကြည့်ရာ အထဲမှ လက်သည်များ၏ တီးတိုး စကားပြောသံများကိုသာ ခပ်ရေးရေး ကြားနေရ၏။ မင်းသမီးမြောင်ဟန်၏ အသံကို မကြားရသဖြင့် သူ ချက်ချင်းပင် အလောတကြီး ဖြစ်သွားကာ တံခါးကို ခေါက်လျက် ကျယ်လောင်စွာ အော်ပြောလိုက်၏။ "ဘာဖြစ်လို့ အသံမကြားရတာလဲ။"

ခဏအကြာတွင် လက်သည်တစ်ဦးက အခန်းထဲမှ ထွက်လာပြီး ဖန်ကျန်းရီကို ကြည့်ကာ ပြုံးဖြီးဖြီးဖြင့် ပြောလိုက်၏။ "သခင်လေး ... မမွေးသေးဘူးလေ ... ဒါကြောင့် အသံမထွက်တာပေါ့။ သခင်လေး ဒီနေရာမှာ စောင့်မနေပါနဲ့။ အပြင်သွားပြီး စောင့်နေလိုက်ပါ။ ဒါက နိမိတ်မကောင်းပါဘူး။"

ဖန်ကျန်းရီက မျက်လုံးပြူးကာ ပြောလိုက်သည်။ "ဘာနိမိတ်မကောင်းတာလဲ။ ဒီလိုစကားမျိုးတွေ လာမပြောနဲ့။ မင်းသမီး ဘယ်လိုနေလဲ။"

လက်သည်က ဖြေသိမ့်လိုက်၏။ "မွေးတော့မယ်။ မွေးတော့မယ်။ သခင်လေး ခဏလောက် စိတ်အေးအေးထားပါ။"

ဖန်ကျန်းရီက ပြောလိုက်သည်။ "အမြန် ပြန်ဝင်ပြီး စောင့်ကြည့်နေလိုက် ... ကလေးထက် အမေကို ပိုဦးစားပေးရမယ်နော်။ အမေကို ပိုဦးစားပေး။"

လက်သည်က ဖြေလိုက်၏။ "သိပါပြီ သခင်လေး။"

လက်သည် အခန်းထဲ ပြန်ဝင်သွားပြီးနောက် ဖန်ကျန်းရီသည် တံခါးဘေးတွင် မှီထိုင်ချလိုက်ပြီး သက်ပြင်းများ အဆက်မပြတ် ချနေမိ၏။ မီးဖွားရခက်ခဲမှုကြောင့် သေဆုံးနိုင်ခြေကို တွေးမိတိုင်း သူ၏ ရင်ထဲတွင် အလွန်အမင်း တင်းကျပ်လာသည် ... ကလေးမွေခြင်း ဆိုသည်မှာ တကယ်ကို ထိတ်လန့်စရာကောင်းလွန်းလှသည်။

ဝမ်မုန်က ထိုအခြေအနေကို မြင်သောအခါ ပြောလိုက်၏။ "သခင်လေး ... တံခါးဝမှာ မထိုင်ပါနဲ့။ ခုနလေးတင် ပိုးသတ်ထားတာပါ။"

ဖန်ကျန်းရီသည် အသံမထွက်ဘဲ ထရပ်လိုက်ပြီး ဝမ်မုန်၏ အနားသို့ ပြန်သွားလိုက်သည်။

ဝမ်မုန်က ပြောလိုက်၏။ "သခင်လေး စိတ်ချပါ။ ဒီနေရာက လက်သည်တွေက အတွေ့အကြုံ အလွန်များပါတယ်။ သူတို့ကို ခေါ်လာတုန်းက ကျွန်တော် စုံစမ်းကြည့်ပြီးပါပြီ။ သာမန်အရပ်သားတွေ ကလေးမွေးရင် မီးဖွားရခက်ခဲတဲ့သူ ဆယ်ယောက်မှာ သုံး၊ လေးယောက် ရှိပါတယ်။ ဒါပေမဲ့ သူတို့က အောင်မြင်မှုရာခိုင်နှုန်းကို အနည်းဆုံး ဆယ်ရာခိုင်နှုန်းကနေ နှစ်ဆယ်ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးနိုင်ပါတယ်။"

ဖန်ကျန်းရီ၏ ရင်ထဲတွင် ရုတ်တရက် တုန်လှုပ်သွားပြီး ဝမ်မုန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

သောက်ကျိုးနည်း။ ဒါလည်း အသက်နဲ့ လောင်းကစား လုပ်ရတာပဲ မဟုတ်ဘူးလား။

သို့ပေမည့် ထပ်မံတွေးကြည့်လိုက်ရာ ဆယ်ရာခိုင်နှုန်းမှ နှစ်ဆယ်ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်ခြင်းသည် အလွန ကြီးမားသော တိုးတက်မှုကြီးတစ်ခု ဖြစ်နေပြီဖြစ်ရာ သူက မေးလိုက်၏။ "ဘယ်လိုလုပ် ဒီလောက် မြင့်မားအောင် တိုးမြှင့်နိုင်တာလဲ။"

ဝမ်မုန်က ပြောလိုက်သည်။ "သခင်လေး ... ပြောရရင်လည်း ရိုးရှင်းပါတယ်။ အရင်တုန်းက အရပ်ဘက်က မိန်းမတွေ ကလေးမွေးပေးရင် သူတို့က လုံးဝ ပိုးမသတ်ကြဘူး။ ရေနွေးပူပူ အများကြီးနဲ့ ရိုးရိုးရှင်းရှင်းပဲ လုပ်ကြတာ။ အရက်ပြန်နဲ့ လက်ဆေးပြီး ပိုးသတ်လိုက်ရုံနဲ့တင် အန္တရာယ်ကို အများကြီး လျှော့ချနိုင်ပါပြီ။ ဒါအပြင် ဒီလက်သည်တွေ အကုန်လုံးမှာ ကိုယ်ပိုင် အထူးစွမ်းရည်တွေ ရှိကြသေးတယ်။"

ဖန်ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွားပြီး မေးလိုက်၏။ "ဘာ အထူးစွမ်းရည်လဲ။"

အထူးစွမ်းရည်ဆိုသည့် စကားကို ကြားလိုက်ရရုံဖြင့် ကိုးဆယ်ရာခိုင်နှုန်းခန့် သေချာမှုရှိသည်ဟု ခံစားရစေသည်။ ဝမ်မုန်က ပြောလိုက်သည်။ "အမျိုးသမီးတွေ မီးဖွားရခက်ခဲတာက အများအားဖြင့် သန္ဓေသား အနေအထား မမှန်တာကြောင့်ပါ။ တော်တဲ့ လက်သည်တွေက ကလေးရဲ့ ညှပ်ရိုးကို ချိုးပြီးမှ ထုတ်ယူနိုင်တယ်။ ဒီလိုဆိုရင် မိခင်ရော ကလေးပါ ဘေးကင်းနိုင်ပါတယ်။ ဒါပေမဲ့ ဒါက အစွန်းရောက်ပြီး လက်စွမ်းလက်စကို စမ်းသပ်ရာ ရောက်ပါတယ်။"

ညှပ်ရိုးကို ချိုးတယ် ... ပြီးမှ ထုတ်ယူတယ် ဟုတ်လား။

ဤမျှ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းကို ကြားလိုက်ရသောအခါ ဖန်ကျန်းရီသည် အံ့ဩမှင်တက်သွားလ၏။

ဖန်ကျန်းရီက မေးလိုက်သည်။ "မွေးညှပ် မရှိဘူးလား။ ဘာလို့ ဒီလောက် သွေးထွက်သံယို ဖြစ်အောင် လုပ်နေရတာလဲ။"

ဝမ်မုန်က ပြန်မေးလိုက်၏။ "မွေးညှပ်ဆိုတာ ဘာလဲ။"

သူ၏ ကြောင်တောင်တောင် ဖြစ်နေသော ပုံစံကို မြင်သောအခါ ဖန်ကျန်းရီလည်း သံသယဖြစ်သွားသည်။ မွေးညှပ်ဆိုသည့်အရာက သူ၏ မှတ်ဉာဏ်ထဲတွင် နည်းပညာမြင့် ထုတ်ကုန်တစ်ခု မဟုတ်ပေ။ အစောကြီးတည်းက ရှိနေသင့်ပြီဖြစ်သည်။ သို့ပေမည့် ဝမ်မုန်၏ ဘာမှမသိသော မျက်နှာထားကို ကြည့်ရခြင်းအားဖြင့် သူကိုယ်တိုင် မှတ်ဉာဏ် လွဲမှားနေခြင်းများ ဖြစ်မည်လားဟု သံသယ ဝင်သွားမိသည်။

ဖန်ကျန်းရီက လက်ဖြင့် ပုံဖော်ပြကာ ရှင်းပြလိုက်၏။ "အဲဒါက ကတ်ကြေးလိုမျိုး ပစ္စည်းတစ်ခုပဲ။ ဒါပေမဲ့ ရှေ့ပိုင်းက ဘဲဥပုံ စက်ဝိုင်းပုံစံ ရှိတယ်။ ကလေးရဲ့ ခေါင်းကို ညှပ်ပြီး ဆွဲထုတ်လို့ ရတယ်။ ခင်ဗျားတို့ လုံးဝ မမြင်ဖူးကြဘူးလား။"

ဝမ်မုန်သည် စဉ်းစားခန်း ဝင်သွားပြီး ခေါင်းခါကာ ရေရွတ်လိုက်သည်။ "မမြင်ဖူးပါဘူး။ ဒါပေမဲ့ နားထောင်ရတာ အတော်လေး အဓိပ္ပာယ်ရှိတယ်။ ... ဖြစ်နိုင်ခြေ ရှိပုံရပါတယ်။"

သူ ထပ်မံတွေးတောနေသည်ကို မြင်သောအခါ ဖန်ကျန်းရီသည် ရင်ထဲတွင် နောင်တရသွားမိ၏။ အကြိမ်တစ်ရာ ကြိုတင်ပြင်ဆင်ထားသော်လည်း တစ်ကြိမ် လွတ်ဟင်းသွားခဲ့သည်။ ဤမျှ အချိန်အကြာကြီး ပြင်ဆင်ထားသော်လည်း တချို့ကိစ္စများကို မေ့လျော့နေခဲ့သေးသည်။ အာမခံချက် တစ်ခု ပိုရခြင်းသည် ကောင်းသောအရာပင်။ သို့ပေမည့် ယခုအချိန်တွင် ပြင်ဆင်ရန် အချိန်မရှိတော့သဖြင့် အရာအားလုံး ချောမွေ့ပါစေ ဟု ဆုတောင်းရုံသာ ရှိတော့၏။

ဝမ်မုန်မှာမူ ဘေးတွင် မျက်လုံးတစ်ဝက်မှိတ်လျက် လက်ကို ကတ်ကြေးကိုင်ထားသည့် ပုံစံပြုလုပ်ကာ လေထဲတွင် ပုံဖော်ကြည့်နေဆဲဖြစ်သည်။ ဆယ်မိနစ်ကျော်ခန့် ပုံဖော်ကြည့်ပြီးနောက် သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။ "သခင်လေး ...ဒါက တကယ်ကို ကောင်းမွန်တဲ့ အကြံဉာဏ်တစ်ခုပါပဲ။ လက်သည်တွေ ထွက်လာရင် သူတို့နဲ့ သေချာ ဆွေးနွေးကြည့်အုံးမယ်။ လူ့အသက် အများကြီးကို ကယ်တင်နိုင်လောက်တယ်။"

ဖန်ကျန်းရီသည် အလိုအလျောက် ခေါင်းညိတ်လိုက်သည်။ သူ၏ စိတ်အာရုံအားလုံးမှာ ယခုအခါ လူနာခန်း အတွင်း၌သာ ရှိနေပြီး အလွန်အမင်း စိုးရိမ်ထိတ်လန့်နေသဖြင့် အခြားပြဿနာများကို စဉ်းစားရန် အင်အား မရှိတော့ချေ။

တကယ်လို့များ လက်ကိုင်ဖုန်းတစ်လုံး ရှိရင် ကောင်းမှာပဲ။ ဂိမ်းတစ်ပွဲလောက် ဆော့ပြီး စိတ်အပန်းဖြေလို့ ရတာပေါ့ ...

ဝမ်မုန်က ထပ်မေးလိုက်၏။ "သခင်လေး ... အဲဒီကျောက်စိမ်းတုံးကို မှတ်မိသေးလား။ အခု ဆေးခန်းရဲ့ ခြံဝင်းထဲမှာ မြှုပ်ထားတုန်းပဲ။ အဲတာကို ဒီအတိုင်း ထားထားတော့မလို့လား။"

ဖန်ကျန်းရီက စိတ်ရှုပ်စွာဖြင့် မေးလိုက်သည်။ "ဘာကျောက်စိမ်းတုံးလဲ။"

ဝမ်မုန်က ပြန်ဖြေလိုက်၏။ "လူတွေ အများကြီး သေစေခဲ့တဲ့ ကျောက်စိမ်းတုံးလေ။ သတင်းစာထဲမှာတောင် ပါသေးတယ်။ အဲဒီကျောက်စိမ်းတုံးထဲမှာ သရဲရှိတယ်လို့ ကောလာဟလတွေ ထွက်နေတာ။ ကျုပ် သေချာ ကြည့်ကြည့်တော့ အတော်လေး ထူးဆန်းတယ်လို့ ခံစားရတယ်။ အလင်းရောင် ထွက်နေတဲ့ ကျောက်စိမ်းတုံး ကိုလည်း ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ သခင်လေး ... ကျုပ် သရဲရှိတယ်ဆိုတာကို မယုံပါဘူး။ ဒါပေမဲ့ ကျောက်စိမ်းတုံးကြောင့် သေသွားတဲ့သူတွေက အတော်လေး ထူးဆန်းလွန်းနေတယ်။ အခုချိန်ထိ အဓိပ္ပာယ်ရှိတဲ့ ရှင်းပြချက် တစ်ခုမှ မရှိသေးဘူး။ သခင်လေးက ကျုပ်တို့ကို မြှုပ်ခိုင်းလိုက်တာဆိုတော့ တစ်ခုခုများ သိနေလို့လား။"

ဖန်ကျန်းရီသည် နဖူးကို တစ်ချက်ရိုက်လိုက်သည်။

မေ့သွားတာပဲ။ ရေဒီယိုသတ္တိကြွနေတဲ့ ကျောက်တုံးကို အရင်တုန်းက မြှုပ်ခိုင်းထားတာ လုံးဝ မေ့သွားခဲ့တယ်။

သို့ပေမည့် ဝမ်မုန်က ဤသို့မေးလာသောအခါ သူလည်း မည်သို့ ရှင်းပြရမည်ကို တကယ်ပင် မသိတော့ချေ။ ထို့ကြောင့် သူက ပြောလိုက်၏။ "အဲကျောက်တုံးက အဆိပ်ရှိတယ်။ အချိန်အကြာကြီး ထိတွေ့ရင် ဖျားနာတတ်တယ်။ သရဲနဲ့ ဘာမှမဆိုင်ဘူး။ နောက်ပိုင်း အဲလို ကျောက်တုံးမျိုးကို တွေ့ရင် အဝေးကနေ နေပါ။ ဪ ... အဲကျောက်စိမ်းတုံးကို ဘယ်လောက်အနက်မှာ မြှုပ်ထားလဲ။"

ဝမ်မုန်က ပြန်ဖြေလိုက်သည်။ "ပေနှစ်ဆယ်လောက် နက်ပါတယ်။"

အပေနှစ်ဆယ်လောက်ဆိုရင် လုံလောက်အောင် နက်တယ်။ အလှဆင်ပစ္စည်း သေးသေးလေး တစ်ခုတည်း ဆိုတော့ သက်ရောက်မှု မရှိလောက်ပါဘူး၊

ဖန်ကျန်းရီက စိတ်ထဲမှ တွေးလိုက်၏။ ပြီးနောက် ညွှန်ကြားလိုက်၏။ "ဒီဘက်ကိစ္စ ပြီးသွားရင် လက်မှုပညာရှင် တချို့ကို ရှာပြီး ခဲသေတ္တာတစ်ခု လုပ်ခိုင်းလိုက်။ အဲဒီ အဆိပ်ရှိတဲ့ ကျောက်စိမ်းတုံးကို ထည့်ဖို့အတွက် သီးသန့်ပဲ။ သေတ္တာနံရံက ဒီလောက် ထူရမယ်။ ဆေးခန်းထဲမှာ ထားပြီး မှန်အုပ်ထားလိုက်။ လူတွေကို ပေါ့ပေါ့ဆဆ ယူခွင့်မပြုနဲ့။"

ဖန်ကျန်းရီသည် လက်ဖြင့် သုံးစင်တီမီတာ၊ လေးစင်တီမီတာခန့် အထူကို ပုံဖော်ပြလိုက်၏။ သူသည် ဤအရာများနှင့် ပတ်သက်၍ နက်နက်နဲနဲ နားမလည်ပေ။ ထို့အပြင် ရုပ်ရှင်နှင့် တီဗီဇာတ်လမ်းတွဲများမှ ရရှိလာသော ယုံကြည်ရမှုမရှိသည့် အသိပညာများသာ ဖြစ်သည်။ သို့ပေမည့် ခဲတုံးဖြင့် ထုပ်ပိုးထားခြင်းသည် လုံးဝ အမှားအယွင်း မရှိနိုင်ချေ။

ရုတ်တရက် လူနာခန်းအတွင်းမှ နာကျင်စွာ ညည်းတွားသံ တစ်သံ ထွက်ပေါ်လာ၏။ ဖန်ကျန်းရီ၏ ခန္ဓာကိုယ်မှာ တင်းကျပ်သွားပြီး ထပ်မံ၍ လျှောက်မတွေးရဲတော့ဘဲ တံခါးဝကိုသာ အာရုံစိုက် ကြည့်နေလိုက်သည်။ ယခုအချိန်တွင် မည်သည့်အကူအညီမျှ မပေးနိုင်ဘဲ အပြင်မှသာ စိုးရိမ်နေရခြင်းဖြစ်သည်။ ဤကဲ့သို့သော ကူကယ်ရာမဲ့ ခံစားချက်က တကယ်ကို နေရခက်လှပေသည်။

အချိန်မည်မျှ ကြာသွားသည်ကို မသိရချေ။ လူနာခန်းအတွင်းမှ အသံများမှာ ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်နေ၏။ ဖန်ကျန်းရီမှာ ချွေးများ ရွှဲရွှဲစိုနေပြီး စိတ်ထဲတွင်လည်း အလွန်အမင်း ရှုပ်ထွေးနေသည်။ တံခါးခေါက်ပြီး မေးချင်သော်လည်း လက်သည်များကို အနှောင့်အယှက် ပေးမိမည်ကို စိုးရိမ်နေမိသည်။ နောက်ဆုံးတွင် မနေနိုင်တော့ဘဲ တံခါးဝမှနေ၍ ကျယ်လောင်စွာ မေးလိုက်၏။

အထဲမှ ပုံမှန်အခြေအနေတွင်သာ ရှိသေးကြောင်း ပြန်ဖြေလာသောအခါမှ ဖန်ကျန်းရီ၏ ရင်ထဲတွင် အနည်းငယ် သက်သာရာ ရသွားပေသည်။

သို့သော်ငြား ထိုအချိန်တွင် လှေကားပေါ်မှ လူရိပ်အချို့ ပေါ်ထွက်လာပြီး ရှေ့ဆုံးမှ လာသူမှာ ကျင်းဘုရင်မင်းမြတ် ပင် ဖြစ်သည်။ လီယွမ်ကျောက်သည် သူ၏နောက်မှ အလျင်စလို ခုန်ထွက်လာပြီး ဖန်ကျန်းရီ၏ ရှေ့သို့ အမြန်ပြေးလာကာ စိုးရိမ်တကြီးဖြင့် မေးလိုက်၏။ "ဖန်ကြီး... ဘယ်လိုနေပြီလဲ။"

ဖန်ကျန်းရီသည် ကျင်းဘုရင်မင်းမြတ် ပါ ရောက်လာသည်ကို မြင်သောအခါ အားတင်းပြုံးလျက် ပြောလိုက်သည်။ "ပုံမှန်အခြေအနေမှာပဲ ရှိပါသေးတယ်။ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။"

ကျင်းဘုရင်မင်းမြတ် ၏ မျက်နှာထားမှာ တည်ငြိမ်နေသော်လည်း မျက်လုံးများထဲတွင်မူ စိုးရိမ်ပူပန်မှုများ ပါဝင်နေကာ လူနာခန်းကို လှမ်းကြည့်နေ၏။ အမျိုးသမီးများ မီးဖွားရာတွင် ကြုံတွေ့ရနိုင်သည့် အန္တရာယ်များကို သူက အခြားသူများထက် ပိုမို ရှင်းလင်းစွာ သိရှိထားသည်။ နန်းတော်အတွင်း၌လည်း မီးဖွားရခက်ခဲမှုကြောင့် ကိုယ်လုပ်တော်အချို့ အသက်ဆုံးရှုံးခဲ့ဖူးသည်။ သို့ပေမည့် စိုးရိမ်လောကြီးနေ၍လည်း အသုံးမဝင်ပေ။

ကျင်းဘုရင်မင်းမြတ် က ပြောလိုက်သည်။ "မလောပါနဲ့။ အမျိုးသမီးတွေ ကလေးမွေးရင် နာရီပေါင်းများစွာ ကြာတတ်တယ်။ ကိုယ်တော် တော်ဝင်ဆေးရုံက လူတွေကို ခေါ်လာတယ်။ အကယ်၍ အခြေအနေ တစ်ခုခု ဖြစ်လာရင် သူတို့ကို လွှဲပေးလိုက်ပါ။"

ဖန်ကျန်းရီက ပြန်ဖြေလိုက်၏။ "ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး ..."

All Chapters