← Chapters

အခန်း (၃၃၇၃-၃၃၇၆)

Vol. 148 Ch. 3373-3376

အခန်း (၃၃၇၃-၃၃၇၆)

Vol. 148 Ch. 3373-3376

အပိုင်း (၃၃၇၃)

ဘာသာပြန်သူ_တိမ်တိုက်

"ရှီချင်း စီနီယာအစ်ကိုကို အခုလို ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်၊ စီနီယာအစ်ကိုကို ရှီချင်း ဘယ်လိုခေါ်ရမလဲ" တစ်ဖက်တွင် ရှိနေသော အမျိုးသမီးက ရုတ်တရက် ပြောလိုက်သည်။ သူမ၏ အသံမှာ တောင်ကျစမ်းရေပွက်သံပမာ ကြည်လင်ချိုသာလွန်းလှပေသည်။

"ရန်ကိုင်"

"ဒီတော့ စီနီယာအစ်ကိုရန်ပေါ့" လီရှီချင်းက ခေါင်းညိတ်လိုက်ပြီးသည့်နောက် ရန်ကိုင်အား နောက်တစ်ကြိမ် ကျေးဇူးတင်စကား ဆိုပြီးသည့်နောက်တွင် ထရပ်၍ ဘေးပတ်ဝန်းကျင်ကို ကြည့်ကာ မေးလိုက်လေသည်။ "ကျွန်မတို့ အခု ဘယ်ကိုရောက်နေတာလဲ"

လန်ရွှင်းက ဝင်ရောက်ရှင်းပြလိုက်ရာ လီရှီချင်းက အသာအယာ ခေါင်းညိတ်ပြလိုက်သည်။

ရန်ကိုင်သည် မျက်မှောင်ကြုတ်လျက် လီရှီချင်းအား စိုက်ကြည့်နေလိုက်သည်။ သူ့စိတ်ထဲ တစ်ခုခု မူမမှန်ဟု ခံစားနေရပါသော်ငြား ထိုမူမမှန်သည့် အရာမှာ မည်သည့်အရာ ဖြစ်သလဲဆိုသည်ကို မပြောနိုင်ခဲ့ပေ။ အစောပိုင်းက ဖြစ်သွားခဲ့သည့် အရာမှန်သမျှကို ရန်ကိုင်မှာ သေသေချာချာ ပြန်လည်စဉ်းစားကြည့်သည်။ သို့ပါသော်ငြား အကုန်လုံးမှာ ပုံမှန်အတိုင်းသာ ဖြစ်သည်ဟု ထင်နေရသည်။ လီရှီချင်းထံမှ ညှို့ဓာတ်ပညာရပ် တစ်ခုခုအား ထုတ်သုံးသွားသည့် အရိပ်အယောင် မပေါ်ပေ။ ထိုအကြောင်းကြောင့် ထိုအရာမှာ သူမ၏ မွေးရာပါ ညှို့ငင်နိုင်စွမ်း ဖြစ်လိမ့်မည်ဟုသာ ရန်ကိုင် ကောက်ချက်ချလိုက်သည်။

ရန်ကိုင်မှာ ခေါင်းတခါခါနှင့် ထိုအကြောင်းကို ဆက်၍ မစဉ်းစားနေတော့ပေ။ လက်ခုပ်တီး၍ အကုန်လုံး သူ့အား အာရုံစိုက်လာအောင် လုပ်လိုက်ပြီးသည့်နောက်တွင် ပြောလိုက်လေ၏။ "ဒီနေရာမှာ ဆက်နေဖို့က သိပ်ပြီး မလုံခြုံဘူး၊ ဒီတော့ မြန်မြန် ထွက်သွားကြရအောင်"

သူ့အား တစ်စုံတစ်ဦးမှ ဤနေရာသို့ မျှားခေါ်လာခဲ့ခြင်း ဖြစ်လေသည်။ ထိုအပြင် ဤနေရာထဲသို့ ဝင်မလာခင်က မဟာဧကရာဇ်တစ်ပိုင်း သို့မဟုတ် မဟာဧကရာဇ်တစ်ဦး ဖြစ်မည် ထင်ရသော လူတစ်ဦးသည် သူ့ထက် စော၍ ကြိုဝင်သွားခဲ့သည်။ ထိုအပြင် ဤနေရာဆီမှ ဘာကြောင့်မှန်းမသိ ရင်တုန်စရာ ခံစားချက်များကို ရန်ကိုင် ရနေလေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ဤနေရာမှ မြန်နိုင်သမျှ မြန်မြန် ထွက်သွားလိုခြင်း ဖြစ်၏။ ယခု မဟာဧကရာဇ်များ၏ ပျောက်ဆုံးနေသော ကလေးများနှင့် တပည့်များကို ရှာတွေ့သွားပြီ ဖြစ်သည့်အတွက်ကြောင့် လုပ်စရာ လိုတော့သည်မှာ ထွက်ပေါက်ကို ရှာ၍ ထွက်သွားရန်သာ ဖြစ်တော့သည်။

လန်ရွှင်းက ခေါင်းညိတ်၍ သဘောတူလိုက်လေ၏။ "စီနီယာအစ်ကိုရန် ပြောတာ အမှန်ပဲ၊ ဒါပေမဲ့ ကျွန်မတို့ ဒီနေရာအကြောင်း ဘာမှ သိတာ မဟုတ်တော့ စီနီယာအစ်ကိုရန်ကပဲ အရှေ့ကနေ ဦးဆောင်ပြီးတော့ သွားရမှာ"

ရန်ကိုင်က ခါးသက်စွာ ပြုံးရင်းမှ ပြောလိုက်သည်။ "ငါလည်း နင်တို့လိုပဲ ဒီနေရာနဲ့ ပတ်သက်ပြီးတော့ ဘာမှ မသိဘူး၊ ဒီတော့ အကုန်လုံး သတိထားပြီးတော့သာ လှုပ်ရှားကြပေတော့၊ ကြယ်ဝိညာဉ်နန်းတော်က အကြီးအကဲတွေကို ရှာတွေ့နိုင်ရင်တော့ အကောင်းဆုံးပဲ၊ အဲဒါဆို သူတို့နဲ့အတူ လှုပ်ရှားလို့ရတယ်၊ ကြည့်ရသလောက်တော့ သူတို့ တစ်ခုခုတောင် ရှာတွေ့သွားရင် တွေ့သွားလောက်ပြီ"

ပုံမှန်အားဖြင့် မည်သူမျှ မကန့်ကွက်ကြပေ။ သဘောတူညီချက် ရပြီးသည့်နောက်တွင် ရန်ကိုင်သည် အရှေ့မှ ဦးဆောင်သွားလေ၏။

ကံမကောင်းစွာဖြင့် ဤသီးခြားကမ္ဘာမှာ အလွန်တရာကိုမှ ကျယ်ပြောလွန်းလှသလို ရှုခင်းများမှာလည်း မှုန်မှုန်မှိုင်းမှိုင်းနှင့် ကြည့်ပျော်ရှုပျော် မကောင်းလှပေ။ တစ်ရက် တစ်ညလုံးလုံး သွားနေပြီးသည့်တိုင် ရန်ကိုင်တို့ ခြောက်ဦးမှာ အခြားမည်သည့် သက်ရှိနှင့်မျှ ကြုံခဲ့ရခြင်း မရှိပေ။ သူတို့ မြင်နေရသည်မှာတော့ မှုန်ထိုင်းထိုင်းနှင့် ခြောက်ကပ်လှသော ပတ်ဝန်းကျင်ရှုခင်းကြီးသာ ဖြစ်နေသည့်အတွက်ကြောင့် သူတို့များ စက်ဝိုင်းပုံစံအတိုင်း လှည့်ပတ် ပျံသန်းမိသလားဟုပင် မယုံသင်္ကာ ဖြစ်လာကြရသည်။

သို့ပါသော်ငြား သူတို့ကိုယ်သူတို့ ပုံရိပ်ယောင်အစီအရင် တစ်ခုထဲသို့ ရောက်နေသည့် မည်သည့် သဲလွန်စကိုမျှ မတွေ့ရသည့်အတွက်ကြောင့် ရန်ကိုင်မှာ ပို၍ပင် ဇဝေဇဝါ ဖြစ်နေရသည်။

"ဦးလေးရန်၊ ယွင်အာ ဗိုက်ဆာလာပြီ" လင်းယွင်အာက ရုတ်တရက် လှမ်းပြောလေသည်။ ရန်ကိုင် သူမအား နှိုးလိုက်စဉ်က လင်းယွင်အာ ပါးစပ်မှ ပထမဦးဆုံး ထွက်လာသည့် အရာမှာ အစာ အကြောင်းသာ ဖြစ်သည်။ လက်ရှိအချိန်တွင် သူမ၏ ဝမ်းဗိုက်မှာ တဂွီဂွီနှင့် မြည်နေလေပြီ။

သံမဏိသွေးမဟာဧကရာဇ်သည် လင်းယွင်အာ ဧကရာဇ်အဆင့်သို့ ရောက်လာပြီးသည့်နောက် သူမအား မည်ကဲ့သို့သော သိုင်းပညာရပ်မျိုး သင်ပေးလိုက်သလဲဆိုသည်ကို ရန်ကိုင် အတော်လေးကိုမှ သိချင်မိသွားခဲ့သည်။ ပုံမှန်အားဖြင့် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးမှာ မိုးမြေစွမ်းအင်ကို စုပ်ယူနေရုံဖြင့်ပင်လျှင် တင်းတိမ်ရောင့်ရဲနိုင်ကာ အစားစားဖို့ရာ မလိုအပ်လှပေ။

သို့ပါသော်ငြား လင်းယွင်အာကမူ ထိုကဲ့သို့ မဟုတ်။ ဤကောင်မလေးမှာ အတော်လေးကိုမှ အားကောင်းလှပါသော်ငြား သူမ၏ ဆာလောင်စိတ်မှာလည်း အတော်လေးကိုမှ ကြောက်မက်ဖွယ်ကောင်းလှသည်။ လက်ရှိအချိန်ဆိုလျှင် ဗိုက်ဆာလွန်းလှသည့်အတွက်ကြောင့်လား မသိ။ သူမ၏ မျက်လုံးများမှာ အားနည်းဖျော့တော့သည့် ပုံစံမျိုး ပေါက်နေလေသည်။

တစ်ခဏမျှ စဉ်းစားပြီးသည့်နောက် ရန်ကိုင်က သဘောတူလိုက်လေ၏။ "ကောင်းပြီလေ၊ အဲဒါဆိုရင်လည်း ဒီမှာပဲ ခဏလောက် နားကြတာပေါ့၊ နင်ကတော့ နင့်ဘာသာနင် ချက်စားလိုက်"

နိုးပြီးသည့်နောက် အကုန်လုံးမှာ ရန်ကိုင် အနောက်သို့ လိုက်လာခဲ့ရခြင်း ဖြစ်လေကာ ယခုဆိုလျှင် အကုန်လုံးနီးပါးမှာလည်း အနည်းငယ် ပင်ပန်းနွမ်းနယ်သည့် ပုံစံမျိုး ပေါက်နေကြလေသည်။ ထိုအကြောင်းကြောင့် လက်ရှိအချိန်သည် အနားယူဖို့ အကောင်းဆုံးအချိန်လည်း ဖြစ်၏။

အကုန်လုံးမှာ မြေပြင်ပေါ်သို့ ဆင်းလိုက်ကြပြီးသည့်နောက် စတင်၍ အနားယူကြတော့သည်။ လင်းယွင်အာမှာမူ ဒယ်အိုးကြီးတစ်လုံးကို ထုတ်၍ မီးစဖိုလေသည်။ ထို့နောက်တွင် ဒယ်အိုးထဲသို့ ရေအနည်းငယ် ထည့်ကာ ထူးဆန်းသည့် မွန်းစတားသားရဲတစ်ကောင်၏ အသားကိုပါ ဒယ်အိုးထဲသို့ ပစ်ထည့်လိုက်ပြီး ဒယ်အိုးကို မီးဖိုပေါ်တင်၍ အဖုံးပိတ်ထားလိုက်တော့သည်။

ထိုဒယ်အိုးကို ကြည့်ရင်း ရန်ကိုင်၏ နှုတ်ခမ်းမဲ့သွားခဲ့သည်။ ထိုဒယ်အိုး မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို သူကိုယ်တိုင် မြင်ခဲ့ဖူးပေသည်။ ထိုဒယ်အိုးမှာ သံမဏိသွေးမဟာဧကရာဇ်၏ မှော်ရတနာတစ်ခု ဖြစ်သော အဆုံးမဲ့ပြန်လမ်း ဖြစ်ပေ၏။

အခြားသူများအတွက် ထိုဒယ်အိုးမှာ အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းလှသည့် မှော်ရတနာတစ်ခု ဖြစ်ပါသော်ငြား လင်းယွင်အာအတွက်မူ ထိုဒယ်အိုးသည် အသားများကို ချက်ပြုတ်ရန် တန်ဆာပလာတစ်ခုသာ ဖြစ်နေခဲ့သည်။ သံမဏိသွေးမဟာဧကရာဇ်သာ ဤအကြောင်းကို သိသွားခဲ့မည်ဆိုလျှင် မည်ကဲ့သို့များ ခံစားနေရပါမည်နည်း။

ပြောသာပြောရပါသော်ငြား အဆုံးမဲ့ပြန်လမ်းဖြင့် ချက်ပြုတ်သော အစားအစာများ၏ အရသာမှာ အလွန်ကိုမှ ကောင်းမွန်လှပေသည်။ ရန်ကိုင် ကိုယ်တိုင်သည်လည်း ထိုဒယ်အိုးဖြင့် ချက်ပြုတ်ထားသော အစားအသောက်ကို စားခဲ့ဖူးပေသည်။ ထိုအစားအသောက်ကို စားဖူးသည့် လူတိုင်း မည်သူမဆို သွားရည်ကျသွားပေလိမ့်မည်။ ထိုအပြင် အဆုံးမဲ့ပြန်လမ်းဖြင့် ချက်ပြုတ်သော အစားအစာများသည် အရသာရှိရုံသာလျှင် မဟုတ်။ ပြုတ်ထားသော အစားအစာ၏ စွမ်းအင် အဆီအနှစ်ကိုလည်း ပုံမှန်အတိုင်း ထိန်းထားပေးနိုင်ပေသည်။

မကြာမီ သင်းပျံ့မွှေးကြိုင်သည့် မွှေးရနံ့တို့ ပျံ့နှံ့လာခဲ့ရာ လူတိုင်းမှာ မျက်လုံးဖွင့်လာခဲ့ပြီး နှာခေါင်းတရှုံ့ရှုံ့ ဖြစ်ကုန်ကြသည်။

လင်းယွင်အာမှာမူ အစောပိုင်းကကဲ့သို့ မှိုင်းထိုင်းထိုင်း ဖြစ်မနေတော့ဘဲ အနက်ရောင်ဒယ်အိုးအား တောက်ပသည့် မျက်ဝန်းအစုံဖြင့် စိုက်ကြည့်ရင်းမှ နှုတ်ခမ်းကို လျှာဖြင့် တောက်လျှောက် သပ်နေခဲ့သည်။

ရန်ကိုင်မှာ ထိုမြင်ကွင်းကို ဆက်၍ မကြည့်နိုင်တော့သည့်အဆုံး သတိပေးလိုက်လေ၏။ "ယွင်အာ နင်သွားရည်ကျနေပြီနော်"

လင်းယွင်အာသည် ပျတ်ခနဲ မြည်သံနှင့်အတူ အသက်ကို ပြင်းပြင်းရှူသွင်း၍ ရန်ကိုင်အား တောင်းတောင်းပန်ပန်ဖြင့် ပြုံးပြလိုက်သည်။ သို့ပါသော်ငြား မကြာမီ ဂုဏ်ယူဝံ့ကြွားမှု အပြည့်ဖြင့် ပြောလိုက်လေ၏။ "သမီး အကုန်လုံးအတွက် လုပ်ထားတယ်၊ အခုဆို ပြီးလောက်ပြီ၊ နည်းနည်းလေး ထပ်စောင့်ရင် ရပြီ"

လန်ရွှင်းက ပြုံး၍... "စိတ်မရှည်တာ နင်၊ ငါတို့တွေ မဟုတ်ဘူး"

ယောင်လင်က နှုတ်ခမ်းလေးစူ၍ ပြန်ပြောလိုက်သည်။ "အဲဒီလို ထူးထူးဆန်းဆန်းဟာကြီး ငါမစားချင်ဘူး" သို့ပင်ဖြစ်လင့်ကစား သူမ၏ မျက်လုံးများမှာတော့ ဒယ်အိုးဆီမှ မခွာနိုင် ဖြစ်နေခဲ့သည်။ သူမသည် ရှုယာဉ်သာမဟာဧကရာဇ်၏ အဖိုးတန်သမီးလေး ဖြစ်ပါသော်ငြား ယခုကဲ့သို့သော အရသာရှိသည့် အနံ့မျိုး တစ်ခါမျှ မရခဲ့ဖူးပေ။

တစ်ခဏအကြာ၌ တရှဲရှဲမြည်သံများ ထွက်ပေါ်လာခဲ့လေရာ လင်းယွင်အာက ပြောလိုက်လေ၏။ "ရပြီရပြီ၊ ကျွန်မတို့ အခုစားလို့ရပြီ"

ပြောနေရင်းမှ ဒယ်အိုးအဖုံးကို ကောက်ဖွင့်လိုက်ရာ ပယင်းရောင် စွပ်ပြုတ်အရည် ပေါ်လာခဲ့လေသည်။ လင်းယွင်အာသည် မွန်းစတားသားရဲ၏ ပေါင်ကို ဆွဲဖဲ့၍ ရန်ကိုင်ကို ပေးကာ ပြောလိုက်လေ၏။ "ဦးလေးရန်၊ ဦးလေးရန်အတွက်"

ရန်ကိုင်က ပြုံး၍... "အဲဒါဆို ငါစားပြီနော်"

တစ်ကြိမ် မြည်းစမ်းထားဖူးပြီးသား ဖြစ်သည့်အတွက်ကြောင့် အဆုံးမဲ့ပြန်လမ်းဖြင့် ချက်ပြုတ်သော အသားများမှာ ဆာလောင်စိတ်ကို ဖြေဖျောက်ပေးနိုင်ရုံသာလျှင် မဟုတ်ဘဲ ခန္ဓာကိုယ်အတွက်လည်း အကျိုးရှိကြောင်းကို သိထားပြီးလေပြီ။

လက်ရှိ လင်းယွင်အာ၏ သိုလှောင်လက်စွပ်ထဲတွင် မွန်းစတားသားရဲအချို့ ရှိနေရပေလိမ့်မည်။ လက်ရှိ သူမ ချက်ပြုတ်လိုက်သည့် မွန်းစတားသားရဲမှာ အဆင့်ကိုး မွန်းစတားသားရဲတစ်ကောင် ဖြစ်ပေ၏။

လင်းယွင်အာသည် လူတိုင်းကို အသားတစ်တုံးစီ လိုက်လံမျှဝေပေးသည်။ လန်ရွှင်းမှာတော့ အသားတုံးကြီးကို ကိုင်ရင်း ရယ်ရခက်ငိုရခက် ဖြစ်နေလေသည်။ သူမ ဘဝတွင် ဤကဲ့သို့သော အရာမျိုးကို မစားခဲ့ဖူးပါသော်ငြား လင်းယွင်အာမှာ စေတနာအပြည့်နှင့် လာပေးနေသည့်အတွက်ကြောင့် လန်ရွှင်းမှာလည်း မငြင်းသာတော့ဘဲ လက်ခံယူထားလိုက်ရသည်။ ထိုအပြင် ရန်ကိုင်၏ ဝမ်းသာကြည်နူးနေသည့် မျက်နှာကို ကြည့်ရင်း လန်ရွှင်းမှာ မနေနိုင်တော့ဘဲ တစ်ကိုက် ကိုက်ကြည့်မိလိုက်သည်။ ထိုကဲ့သို့ ကိုက်မိလိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ မျက်လုံးလေးများ တဖျတ်ဖျတ် တောက်ပသွားခဲ့လေသည်။ သူမ လက်ထဲရှိ အသားတုံးကြီးမှာ သူမ စားခဲ့ဖူးသည့် မည်သည့်အရာထက်မဆို ပို၍ အရသာရှိသလို ခံစားနေရလေ၏။

ထိုအကြောင်းကြောင့် လန်ရွှင်းမှာလည်း သူမ၏ ပုံရိပ်ကို အတတ်နိုင်ဆုံး ထိန်းရင်း အသားတုံးကို မြန်နိုင်သမျှ မြန်မြန် စားတော့သည်။

ယောင်လင်မှာတော့ အစောပိုင်းက သူမ ပြောခဲ့သော စကားကိုပင် မမှတ်မိတော့ဘဲ ဆာလောင်နေသည့် တစ္ဆေသရဲ တစ်ကောင်ပမာ အရိုးများကိုပင်လျှင် လျှာဖြင့် လျက်နေခဲ့လေသည်။ ကောင်းကျန်းမှာတော့ ဘာမျှမပြောပါသော်ငြား သူစားသည့် နှုန်းမှာလည်း မနှေးလှပေ။ လက်ရှိအခိုက်အတန့်ဝယ် အကုန်လုံးမှာ မိမိ၏ လက်ထဲတွင် ရှိနေသော အသားများကို အားပါးတရ စားသောက်နေကြလေ၏။

လင်းယွင်အာသည် ပါးစပ်ပလုတ်ပလောင်းဖြင့် ပြောလိုက်လေသည်။ "စွပ်ပြုတ် ရှိသေးတယ်နော်၊ ဆရာပြောတာတော့ စွပ်ပြုတ်က အကောင်းဆုံးအပိုင်းပဲတဲ့"

စားနေရင်းမှ ရန်ကိုင် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ပြီး မေးလိုက်လေ၏။ "လီရှီချင်းရော"

ထိုစကားကို ကြားလိုက်သည့်အခိုက် အကုန်လုံး အစားရပ်သွားခဲ့ပြီး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ယခုမှသာလျှင် ပြဿနာကို အကုန်လုံး သဘောပေါက်သွားကြသည်။ မူလက ဤနေရာတွင် ခြောက်ယောက် ရှိနေခဲ့ပါသော်ငြား ယခုမူ ငါးယောက်သာ ရှိနေခဲ့သည်။ လီရှီချင်း ဘယ်ရောက်လို့ ရောက်နေမှန်း မည်သူမျှ မသိကြပေ။

အကုန်လုံးမှာ လင်းယွင်အာဆီသို့ အာရုံရောက်နေကြပါသော်ငြား ဤနေရာတွင် ရှိနေသည့် လူတိုင်းသည် ယောင်လင်မှ လွဲ၍ ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်ကြလေရာ သူတို့အနေဖြင့် ပတ်ဝန်းကျင်ကို သေသေချာချာ အာရုံမစိုက်ထားလျှင်ပင် လီရှီချင်း ပျောက်သွားသည်ကို သတိမထားမိစရာ အကြောင်းတော့ မရှိသင့်ပေ။

သို့ပါသော်ငြား ယခု ရန်ကိုင် သတိပေးလိုက်သည့်အခါမှသာလျှင် အကုန်လုံးမှာ လီရှီချင်း ပျောက်နေသည်ကို သတိထားမိသွားကြသည်။

ထိုအခိုက်အတန့်ဝယ် လူတိုင်း ကျောရိုးတစ်လျှောက် စိမ့်တက်သွားကြတော့လေ၏။

လင်းယွင်အာသည် သူမ ပါးစပ်ထဲတွင် ရှိနေသော အသားများကို မျိုချလိုက်ရင်းမှ ပြန်ပြောလိုက်သည်။ "ခုနတုန်းက ဒီမှာ ရှိနေပါသေးတယ်၊ ဒါပေမဲ့ အသားခွဲပေးတုန်းကတော့ သူ့ကို မတွေ့ဘူး"

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး အခြားသူများကို ကြည့်၍ မေးလိုက်လေ၏။ "ဘယ်သူ ဘာတွေ သတိထားမိလိုက်ကြလဲ"

တခြားသူများကို သွားမေးနေ၍လည်း ဘာမျှထူးလိမ့်မည် မဟုတ်မှန်း ရန်ကိုင် သိနေခဲ့သည်။ ဤနေရာတွင် ရှိနေသည့် လူများအနက် သူ၏ ကျင့်ကြံခြင်းမှာ အမြင့်ဆုံး ဖြစ်ပေသည်။ သူကိုယ်တိုင်ပင်လျှင် လီရှီချင်း ပျောက်သွားသည်ကို သတိမထားမိလေရာ အခြားသူများက သတိထားမိပါမည်လား။

လန်ရွှင်းသည် လေးနက်သည့် အမူအရာဖြင့် ခေါင်းခါလိုက်သည်။ စားချင်စိတ်လည်း သိပ်၍ မရှိတော့ပေ။

ယောင်လင်ကမူ စိုးရိမ်တကြီးဖြင့် ပြောလိုက်လေ၏။ "သူထပ်ပြီး အဖမ်းခံလိုက်ရတာလား" သူမ အဖမ်းခံလိုက်ရသည့် အကြောင်းကို ပြန်တွေးမိလိုက်သည့်အခိုက် ယောင်လင် တုန်တုန်ယင်ယင် ဖြစ်သွားခဲ့ပြီး လန်ရွှင်း အနားသို့ တိုးကပ်သွားခဲ့လေသည်။

"ငါတို့ မျက်စိအရှေ့ တည့်တည့်အောက်ကနေ ဘယ်သူက သူ့ကို ဖမ်းခေါ်သွားနိုင်မှာလဲ" ရန်ကိုင် ခေါင်းခါလိုက်သည်။ မဟာဧကရာဇ်တစ်ပါးသည်ပင်လျှင် ထိုသို့ မလုပ်နိုင်ပေ။

ကောင်းကျန်းကမူ ဘာမျှမပြောခဲ့ဘဲ လိပ်ခွံသုံးခုကို ထုတ်လိုက်သည်။ လိပ်ခွံသုံးခုအနက် တစ်ခုမှာ ကြီးပြီး ကျန်နှစ်ခုမှာ သေးပေသည်။ အကြီးမှာ အရွယ်ရောက် လူတစ်ဦး၏ လက်တစ်ဝါးစာခန့် အရွယ်ရှိပြီး အသေးနှစ်ခုမှာတော့ မွေးကင်းစကလေးတစ်ဦး၏ လက်သီးဆုပ် အရွယ်အစားခန့် ရှိပေသည်။ လိပ်ခွံ တစ်ခုချင်းစီတိုင်းသည် အလွန်တရာကိုမှ ရှေးကျလှသည့် အရှိန်အဝါကို ထုတ်လွှတ်နေလေ၏။

လိပ်ခွံများကို ထုတ်ပြီးသည့်နောက် ကောင်းကျန်းမှာ လက်ကွက်တစ်ခုကို ထုတ်ဖော်၍ လိပ်ခွံ သုံးခုကို အရှေ့တည့်တည့်သို့ ပစ်ထုတ်လိုက်သည်။

လိပ်ခွံများ မြေပေါ်သို့ ကျသွားသည့်အခါတွင် လိပ်ခွံပေါ်ရှိ ပုံစံခွက်များကို ထိ၍ မျက်လုံးပိတ်နေလိုက်၏။ ထို့နောက်တွင် အရပ်မျက်နှာ တစ်ခုဆီသို့ ညွှန်ပြ၍ ပြောလိုက်လေ၏။ "စီနီယာအစ်မလီက အဲဒီဘက်မှာ"

[ဒီလိုလည်း ခန့်မှန်းလို့ရတာလား] ရန်ကိုင် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။

လီရှီချင်းနှင့် ရန်ကိုင်တို့မှာ အသိအကျွမ်းများ မဟုတ်ကြပါသော်ငြား တွေ့ပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် သူ့အနေဖြင့် သူမအား ပြန်ကယ်ဆယ်ရပေလိမ့်မည်။ ထိုအပြင် လီရှီချင်း မည်ကဲ့သို့ ရုတ်တရက်ကြီး ပျောက်သွားသလဲဆိုသည်ကိုလည်း ရန်ကိုင် နားမလည်နိုင်ပေ။

"ငါတစ်ချက် သွားကြည့်လိုက်ဦးမယ်၊ ဒီမှာ စောင့်နေကြ" ရန်ကိုင်က ပြော၍ ထရပ်လိုက်သည်။

လန်ရွှင်းကလည်း ပြောလိုက်၏။ "ကျွန်မလည်း လိုက်မယ်"

ရန်ကိုင်က ခေါင်းခါ၍ ပြောလိုက်သည်။ "ဘာတွေဖြစ်မလဲဆိုတာကို ဘယ်သူမှ သိတာ မဟုတ်ဘူး၊ တစ်ခုခု ဖြစ်သွားခဲ့ရင် ငါတစ်ယောက်တည်း သွားရင် ငါ့ဘာသာငါ အေးအေးဆေးဆေး ဖြေရှင်းလို့ရတယ်၊ ငါတို့ အတူသွားမယ်ဆိုရင် ပိုပြီးတော့ ခက်ခဲသွားနိုင်တယ်"

ထိုစကားကို ကြားသော် လန်ရွှင်း ခေါင်းညိတ်လိုက်လေ၏။ ရန်ကိုင်သည် လေဟာနယ်တာအိုတွင် ကျွမ်းကျင်လေရာ တစ်စုံတစ်ဦးသည်သာ ဟင်းလင်းပြင်အား ချိတ်ပိတ်မထားနိုင်သရွေ့ ရန်ကိုင်အနေဖြင့် အချိန်မရွေး ပြန်လည်ထွက်ပြေးလာနိုင်ပေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၇၄)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင်သည် ထိုလူများကို ဘေးပတ်ဝန်းကျင်ကို သတိထား ဂရုစိုက်စောင့်ကြည့်ရင်းမှ ကိုယ့်နေရာတွင်ကိုယ် နေနေရန် ပြောသွားခဲ့သည်။ ထိုအပြင် အချိန်အတိုင်းအတာ တစ်ခုအထိ ကြာပြီးသည့်နောက် သူပြန်ရောက်မလာလျှင် ကြယ်ဝိညာဉ်နန်းတော်မှ အကြီးအကဲများကို ကိုယ့်ဘာသာကိုယ် ရှာ၍ ထွက်သွားရန်လည်း ပြောခဲ့သေးသည်။ ထိုသို့ ပြောပြီးသည့်နောက် ရန်ကိုင်သည် ကောင်းကျွမ်း ညွှန်ပြရာ အရပ်ဆီသို့ ထွက်လာခဲ့သည်။

သွားရာ လမ်းတစ်လျှောက်တွင် ရန်ကိုင်မှာ လီရှီချင်းကို တောက်လျှောက်ကို ရှာဖွေနေခဲ့ပါသော်ငြား အချည်းနှီးသည်သာ။ သူမ၏ ကိုယ်သင်းရနံ့လေးကိုသာ ရနေခဲ့ရသည်။ [ကောင်းကျွမ်းကလည်း လီရှီချင်း ထွက်သွားတဲ့ ဘက်ကို တကယ်ကြီး ညွှန်ပြနိုင်တာပဲ] ရန်ကိုင်မှာ ကောင်းကျွမ်း၏ ပညာရပ်များကို လေးစားမိသွားလေသည်။

သို့ပါသော်ငြား ထူးဆန်းနေသည့် တစ်ချက်ကိုတော့ သတိထားမိသည်။ သွားရာ လမ်းတစ်လျှောက်တွင် လီရှီချင်း၏ ကိုယ်သင်းရနံ့ကိုသာ ရပြီး အခြားမည်သူ၏ ရနံ့ကိုမျှ မရပေ။ ထိုသို့သာဆိုလျှင် လီရှီချင်းမှာ သူမဘာသာသူမ တစ်ကိုယ်တည်း ထွက်လာခဲ့ရခြင်း ဖြစ်ရပေလိမ့်မည်။

သို့ပါသော်ငြား သူမဘာသာသူမ တစ်ယောက်တည်း ဘာကြောင့်များ ထွက်လာခဲ့ရသနည်း။ သူမတွင် ကိစ္စတစ်ခုခု ရှိနေသည်ဆိုပါက အခြားသူများကို ဘာကြောင့်များ ကြိုတင် အသိမပေးခဲ့ရလေသနည်း။

လက်ဖက်ရည်တစ်ခွက် ဆူစာခန့် ကြာပြီးသည့်နောက် ရန်ကိုင် အရှေ့၌ ရေကန်တစ်ကန် ပေါ်လာခဲ့ပြီး ထိုရေကန်ဆီမှ ရေပွက်သံများကို ကြားလိုက်ရသည်။ ရန်ကိုင် မယုံသင်္ကာ ဖြစ်သွားခဲ့ပြီး သူ့အရှိန်အဝါကို အသေအချာ ဖုံးကွယ်၍ ကန်နားသို့ တဖြည်းဖြည်းချင်း ချဉ်းကပ်သွားလိုက်သည်။

တစ်ခဏအကြာ၌ ကန်စပ်အနားသို့ ရောက်လာခဲ့သည့်အခါ သစ်ပင်တစ်ပင် အနောက်တွင် ပုန်း၍ မသိမသာလေး ချောင်း၍ ကြည့်လိုက်သည်။

ကြည့်ပြီးပြီးချင်းမှာပင် ရန်ကိုင် မျက်နှာ ရဲတက်သွားလေ၏။

အကြောင်းမှာ ကန်ထဲတွင် လူတစ်ဦး ရှိနေသည့်အတွက်ကြောင့်ပင်။ တစ်ချက်ကလေးသာ လျှပ်ကြည့်လိုက်ခြင်း ဖြစ်ပါသော်ငြား ကန်ရေမှာ အတော်လေးကိုမှ ကြည်လင်နေလေရာ ရန်ကိုင်မှာ အကုန်လုံးကို မြင်လိုက်ရပေသည်။

ကန်ထဲတွင် ရှိနေသည့် လူ၏ ကိုယ်လုံးကိုယ်ပေါက်မှာ မြင်သူတိုင်းကို နှာခေါင်းသွေး ယိုကျစေလောက်အောင် ရင်ဖိုဖွယ်ကောင်းလှသည်။ ရန်ကိုင်ကဲ့သို့သော ဝါရင့်သမာရင့် လူတစ်ဦးသည်ပင်လျှင် ထိုမြင်ကွင်းကို မြင်လိုက်ပြီးသည့်နောက် ရင်တဒုန်းဒုန်း ခုန်သွားခဲ့ရသည်။

ကန်ထဲတွင် ရေချိုးနေသည့် လူမှာ အစောပိုင်းက ပျောက်သွားခဲ့သော လီရှီချင်းမှ လွဲ၍ အခြားမဟုတ်ပေ။

လီရှီချင်းကို လိုက်ရှာနေရင်းမှ ဤကဲ့သို့သော မြင်ကွင်းမျိုးနှင့် လာတိုးရလိမ့်မည်ဟု ရန်ကိုင် မည်ကဲ့သို့များ မျှော်လင့်ထားခဲ့ပါမည်နည်း။ ထိုမြင်ကွင်းကို ကြည့်ရင်း သူ့စိတ်ထဲ ဒေါသလည်း ထွက်မိသလို ရယ်လည်း ရယ်ချင်မိလေသည်။ လီရှီချင်းမှာ မည်သည့်အန္တရာယ်နှင့်မျှ မကြုံရ။ ပြန်ပေးဆွဲခံရခြင်းလည်း မဟုတ်။ ထိုအစား သူမဘာသာသူမ ထွက်လာခဲ့ခြင်းသာ ဖြစ်သည်။

သို့ပါသော်ငြား ရန်ကိုင် ဇဝေဇဝါ ဖြစ်နေရသည့် အချက်တစ်ချက် ရှိပေသည်။ လီရှီချင်းသည် မည်သူမျှ သတိမထားမိလိုက်ဘဲ မည်ကဲ့သို့ ထွက်လာနိုင်ရလေသနည်း။

ထိုအကြောင်းကို ရန်ကိုင် တွေးနေစဉ် လီရှီချင်းက ရုတ်တရက် လှမ်းအော်ပြောလိုက်သည်။ "ဘယ်သူလဲ"

ရန်ကိုင်၏ စိတ်ခံစားချက်များ မငြိမ်မသက် ဖြစ်သွားသည့်အတွက်ကြောင့်လား မသိ။ လီရှီချင်းမှာ သူမဘေးနား တစ်နေရာရာ၌ အခြားလူတစ်ဦး ရှိနေသည်ကို ချက်ချင်း သတိထားမိသွားခဲ့ပြီး ရန်ကိုင် ပုန်းနေရာ အရပ်ဆီသို့ လှမ်းကြည့်လာခဲ့သည်။ ထိုကဲ့သို့ အော်လိုက်စဉ်မှာပင် ကန်ရေပြင်အား နောက်ကျိသွားအောင် အောက်ခြေသဲပြင်ကို ခြေထောက်ဖြင့် ထိုးမွှေချလိုက်လေသည်။

ရန်ကိုင်မှာ ယာယီမျှ တုံ့ဆိုင်းနေပြီးသည့်နောက် အံကြိတ်၍ ပြန်ပြောလိုက်သည်။ "ငါပဲ၊ ရန်ကိုင်"

"စီနီယာအစ်ကိုရန်လား" လီရှီချင်း အံ့အားသင့်သွားလေသည်။ "စီနီယာအစ်ကိုရန် ဒီမှာ ဘာလုပ်နေတာလဲ"

သူမ အမေးကို ကြားသော် ရန်ကိုင်မှာ အနည်းငယ် စိတ်တိုသွားခဲ့သည်။ "အဲဒီမေးခွန်းကို ငါက နင့်ကို မေးရမှာ၊ ဘာတွေ ဖြစ်နေလဲဆိုတာကို နင်သိလား၊ စကားတစ်ခွန်းမှ မပြောဘဲနဲ့ ဒီအတိုင်းကြီး ထွက်လာတာ နင်သေချင်နေတာလား၊ ဟမ်"

ထိုကဲ့သို့ ပြောပြီးပြီးချင်းမှာပင် ရန်ကိုင် မျက်မှောင်ကြုတ်မိသွားခဲ့သည်။ [ငါသူ့ကို သိလည်းမသိဘူး၊ သူ သေတာရှင်တာနဲ့လည်း ငါနဲ့ ဘာမှမဆိုင်ဘူး၊ သူ့ကိုယ်သူ သတ်သေချင်တယ်ဆိုရင်တောင် ဘယ်သူမှ သူ့ကို တားမှာ မဟုတ်ဘူး၊ အဲဒါကို ငါက ဘာဖြစ်လို့ သူ့ကို သွားအော်နေရတာလဲ]

တစ်ခဏမျှ တိတ်ဆိတ်နေပြီးသည့်နောက် လီရှီချင်း၏ အသံ ပြန်ထွက်လာခဲ့သည်။ "တောင်းပန်ပါတယ်၊ ကျွန်မ ကိုယ်လက်သန့်စင်ချင်လို့ ထွက်လာလိုက်တာ၊ အကုန်လုံးကလည်း ကိုယ့်ကိစ္စနဲ့ကိုယ် အလုပ်ရှုပ်နေတာဆိုတော့ အချိန်နည်းနည်းလောက် ရမှာပဲဆိုပြီးတော့ ဒီအတိုင်းပဲ ကိုယ့်ဘာသာကိုယ် ထွက်လာခဲ့လိုက်တာ၊ လာရင်းနဲ့လည်း ဒီနေရာမှာ ကန်တစ်ကန် ရှိတာကို သတိထားမိလိုက်တယ်လေ၊ အဲဒါကြောင့်ပါ"

လီရှီချင်း၏ တုံ့ပြန်ပုံကြောင့် ရန်ကိုင် အံ့အားသင့်သွားခဲ့ပြီး ခေါင်းကုတ်ရင်းမှ ပြန်ပြောလိုက်သည်။ "အဲဒီလိုဆိုရင် ကြိုပြီး ပြောသွားလိုက်ပေါ့၊ အခုတော့ အကုန်လုံးက စိတ်ပူနေကြပြီ"

"နောက်တစ်ကြိမ်ကျ ပြောပါမယ်" လီရှီချင်းက ပြန်ပြောလိုက်သည်။

[နောက်တစ်ကြိမ် ရှိဦးမှာလား] ရန်ကိုင် မျက်နှာကြီး မဲ့လိုက်လေသည်။ ဤနေရာမှ ထွက်သွားပြီးသည်နှင့် တစ်ပြိုင်နက် ဤအမျိုးသမီးနှင့် မြန်မြန်ဆန်ဆန် လူချင်းခွဲရမည်ဟု ရန်ကိုင် စိတ်ထဲ ကြိတ်ကာ ဆုံးဖြတ်ထားလိုက်သည်။ နောက်နောင် ဤအမျိုးသမီးနှင့် ပြန်မတွေ့ရလျှင် အကောင်းဆုံးပင်။ ဤအမျိုးသမီးနှင့် ပတ်သက်နေမိ၍ သူ့အတွက် မည်သည့်ကောင်းကျိုးမျှ ရှိလာလိမ့်မည် မဟုတ်ဟု သူ့စိတ်ထဲ ခံစားနေရသည်။

"အစ်ကိုရန်" လီရှီချင်းက အနည်းငယ် ရှက်နေဟန်ဖြင့် လှမ်း၍ အော်ခေါ်လိုက်သည်။ "အစ်ကိုရန် ရှိနေသေးလား"

"ရှိတယ်" ရန်ကိုင်က ပြန်ပြောလိုက်သည်။

"အဲဒါဆို အစ်ကိုရန် နည်းနည်း နောက်ဆုတ်ပေးလို့ရမလား၊ ကျွန်မ အဝတ်ပြန်ဝတ်ချင်လို့"

ရန်ကိုင်သည် ခေါင်းထဲ ရုတ်တရက် ပေါ်လာသော မလိုလားအပ်သည့် အတွေးများကို ဖယ်ထုတ်လိုက်ရင်းမှ ပြန်ပြောလိုက်သည်။ "ကောင်းပြီ၊ ငါ ဟိုဘက်နားသွားပြီးတော့ ရပ်စောင့်နေပေးမယ်"

"ကျေးဇူးအများကြီးတင်ပါတယ်" လီရှီချင်းက ပြန်ပြောလိုက်သည်။

ထို့နောက်တွင် ရန်ကိုင်သည် ခပ်လှမ်းလှမ်းသို့ ပျံသန်းသွားလေသည်။

သို့ပါသော်ငြား ရန်ကိုင် ခြေထောက် မြေပြင်နှင့် ထိသွားသည်နှင့် တစ်ပြိုင်နက် လီရှီချင်း၏ အော်သံ ထွက်ပေါ်လာသဖြင့် ရန်ကိုင်လည်း ရပ်လိုက်ပြီး ချက်ချင်း အနောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ ထို့နောက်တွင် လီရှီချင်း ရှိနေသည့် ကန်ရေပြင်တစ်ခုလုံး နောက်ကျိနေခဲ့ပြီး လီရှီချင်းကို မည်သည့်နေရာတွင်မျှ မတွေ့ရတော့ဘဲ ရေပြင်ထဲသို့ တဖြည်းဖြည်း နစ်ဝင်သွားနေသော သူမ၏ လက်တစ်ဖက်ကိုသာ တွေ့လိုက်ရသည်။

[ဘာတွေဖြစ်သွားတာလဲ] ရန်ကိုင် မှင်တက်သွားခဲ့သည်။

သို့ပါသော်ငြား အခြားဘာကိုမျှ စဉ်းစားနေချိန် မရှိသည့်အတွက်ကြောင့် ချက်ချင်း ပြေးသွား၍ အော်ခေါ်လိုက်လေ၏။ "လီရှီချင်း"

သို့ပါသော်ငြား မည်သည့် ပြန်ထူးသံကိုမျှ မကြားရပေ။ ကန်ရေပြင် တစ်ခုလုံးမှာလည်း နောက်ကျိနေပြီး လီရှီချင်းကို မည်သည့်နေရာတွင်မျှ မတွေ့ရ။ ကောင်းကင်စိတ်အာရုံဖြင့်မူ လီရှီချင်းကို အာရုံခံမိနေပါသော်ငြား လီရှီချင်း မည်ကဲ့သို့သော အန္တရာယ်နှင့် ကြုံနေရသလဲဆိုသည်ကိုတော့ မပြောနိုင်ခဲ့ပေ။ ကောင်းကင်စိတ်အာရုံဖြင့် ကြည့်ကြည့်ရသလောက် လီရှီချင်းမှာ အဆက်မပြတ် ရုန်းကန်ရင်း ကန်အောက်ခြေသို့ တဖြည်းဖြည်း နစ်ဝင်သွားနေခဲ့သည်။

ရန်ကိုင်လည်း ဘာမျှ တွေးမနေတော့ဘဲ ချက်ချင်း ကန်ထဲသို့ ခုန်ဆင်းသွားလေ၏။

ကန်ထဲသို့ ဆင်းလာပြီးသည့်နောက်တွင် ဧကရာဇ်ချီကို သုံး၍ ဘေးပတ်လည်တွင် ရှိနေသော ကန်ရေများကို ဖယ်ထုတ်ပြီးသည့်နောက် လီရှီချင်းအား လှမ်းကိုင်စွဲလိုက်သည်။

အသားချင်း ထိသွားသည်နှင့် တစ်ပြိုင်နက် အလွန်တရာကိုမှ ပျော့ပျောင်းနူးညံ့လှသော ပိတ်သားစလေးအား ကိုင်လိုက်ရသည့်ပမာ ရန်ကိုင် ခံစားလိုက်ရသည်။ သို့ပါသော်ငြား ရန်ကိုင်မှာ ထိုအထိအတွေ့အပေါ် အာရုံနစ်မွန်းနေခြင်း မရှိဘဲ လီရှီချင်းအား ကိုင်စွဲရင်းမှ အပေါ်သို့ ပြန်တက်လာခဲ့လေ၏။ အပေါ်သို့ ရောက်ပြီးသည့်နောက် အဝတ်ဗလာကျင်းနေသော နှင်းဖြူရောင် ကိုယ်လုံးကိုယ်ပေါက်လေးတစ်ခု ရန်ကိုင် အရှေ့၌ ပေါ်လာခဲ့သည်။ ထိုနှင်းဖြူရောင်သန်းနေသော ပျော့ပျောင်းလှသည့် ကိုယ်လုံးကိုယ်ပေါက်လေးသည် မည်သည့် ပုရိသယောက်ျားကိုမဆို အရူးတစ်ပိုင်း ဖြစ်သွားအောင် လုပ်နိုင်ပေလိမ့်မည်။ သို့ပါသော်ငြား ရန်ကိုင်မှာမူ ထိုအလှတရားအား ချီးကျူးနေရန် အချိန်မရှိဘဲ လီရှီချင်းကို စိုက်ကြည့်ရင်းဖြင့်သာ မေးလိုက်လေ၏။ "ဘာဖြစ်သွားတာလဲ"

လီရှီချင်းကမူ ပြန်မဖြေခဲ့ဘဲ သူမအား ဆွဲခေါ်လိုက်ရာ လမ်းကြောင်းအတိုင်း အလိုက်သင့် မျောပါပြီး ရန်ကိုင်၏ ရင်ခွင်ထဲသို့ ပစ်ဝင်လိုက်သည်။ ထိုအခိုက်အတန့်ဝယ် သူ့ရင်ဘတ်အား ပျော့အိအိ အရာနှစ်ခုမှ လာရောက်ဖိကပ်နေသည်ကို ရန်ကိုင် ခံစားမိလိုက်ရလေ၏။

ထို့နောက် ငုံ့ကြည့်လိုက်ရာ ရင်တလှပ်လှပ် ဖြစ်သွားစေနိုင်သည့် မြင်ကွင်းမျိုးကို မြင်လိုက်ရလေသည်။

လီရှီချင်း၏ မျက်နှာအထက်တွင် ဝတ်ဆင်ထားသော မျက်နှာလွှာစမှာ ပျောက်ခြင်းမလှ ပျောက်နေခဲ့ပြီး လီရှီချင်း၏ တကယ့်မျက်နှာသာ ကျန်ရစ်နေတော့သည်။

လန်ရွှင်း ပြောသကဲ့သို့ပင် လီရှီချင်းမှာ အလွန်တရာကိုမှ လှပလှပေသည်။

အကြည့်ချင်းဆုံသွားသည့်အခိုက် ရန်ကိုင်၏ ရင်ထဲ အချက်ပေးခေါင်းလောင်းသံတို့ ဆူဝေသွားခဲ့လေ၏။ တစ်ချိန်တည်းတွင် လီရှီချင်းက ပြောလိုက်၏။ "ငါ့ကိုကြည့်"

သူမ၏ အသံမှာ နက်နဲဆန်းကြယ်သည့် စွမ်းအားတစ်မျိုးကို ပိုင်ဆိုင်ထားသည့်အလား ရန်ကိုင်မှာလည်း လီရှီချင်းအား အလိုလို ကြည့်ချင်မိလိုက်သည်။

ရန်ကိုင်မှ ထိုကဲ့သို့ ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် လီရှီချင်း၏ မျက်လုံးနက်ထဲ ထူးဆန်းသည့် အလင်းရောင် တလက်လက် တောက်ပသွားခဲ့သည်။ ရန်ကိုင် ကိုယ်တိုင်မှာလည်း ညှို့ဓာတ်ပညာရပ် တစ်ခုနှင့် ညှို့ခံလိုက်သည့်အလား လုံးဝကို မလှုပ်နိုင်တော့ပေ။ မမြင်နိုင်သည့် ကောင်းကင်စိတ်အာရုံလှိုင်း တစ်ခုသည် ရန်ကိုင်၏ အသိစိတ်ပင်လယ် အတားအဆီးများကို အလွယ်တကူ ချိုးဖောက်၍ ရန်ကိုင်၏ ဝိညာဉ်ပေါ်တွင် တံဆိပ်တစ်ခုကို ခတ်နှိပ်သွားခဲ့သည်။

ထိုအခိုက်အတန့်ဝယ် အချိန်မှာ ရပ်တန့်နေသယောင်။

မည်မျှကြာလို့ ကြာမှန်းမသိ ကြာသွားပြီးသည့်နောက်တွင် ရန်ကိုင် အသိပြန်ဝင်လာနိုင်ခဲ့ပြီး သူ့မြင်ကွင်းမှာလည်း တစ်ဖန် ပြန်လည်ကြည်လင်လာခဲ့သည်။ ထို့နောက် လှမ်း၍ ကြည့်လိုက်ရာ သူ့အား ပြုံးပြနေသော လီရှီချင်းကို တွေ့လိုက်ရလေ၏။ သူမ၏ အပြုံးမှာမူ လောကကြီးတစ်ခုလုံးကို အရောင်အဆင်း ကင်းမဲ့သွားစေနိုင်သည့်ပမာ အလွန်တရာကိုမှ တောက်ပလွန်းလှသည်။ သို့ပါသော်ငြား ရန်ကိုင်မှာမူ ထိုအလှတရားအား ခံစားနေချိန် မရှိဘဲ ဒေါမာန်တကြီးဖြင့် လီရှီချင်း၏ လည်ပင်းကို ဆွဲကိုင်၍ သူမအား သစ်ပင်တစ်ပင်တွင် ဆောင့်ကပ်လိုက်ရင်းမှ အေးစက်စက်လေသံဖြင့် မေးလိုက်လေ၏။ "နင်ငါ့ကို ဘာလုပ်လိုက်တာလဲ"

ဤအခြေအနေနှင့် ကြုံရပြီးမှဖြင့် လီရှီချင်း ရေကန်ထဲသို့ နစ်သွားရခြင်းမှာ ရန်ကိုင် ရေကန်ထဲသို့ ခုန်ဆင်းလာအောင် လုပ်ရန်အတွက် ထောင်ချောက်တစ်ခုသာ ဖြစ်နေသည်ဟူသော အချက်ကို ရန်ကိုင်အနေဖြင့် မသိလျှင် ရူးမိုက်ရာ ကျလွန်းသွားပေလိမ့်မည်။

အစကတည်းက တစ်ခုခု မှားယွင်းနေသည်ဟု သူ့စိတ်ထဲ ခံစားနေရသည်။ ကန်ရေမှာ အလွန်ကိုမှ ကြည်လင်လွန်းလှနေလေရာ ကန်ထဲဝယ် မွန်းစတားသားရဲတစ်ကောင် ပုန်းအောင်းနေစရာ အကြောင်း မရှိပေ။ လီရှီချင်း ကိုယ်တိုင်မှာလည်း ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သလို ပန်းအရိပ်မဟာဧကရာဇ်၏ တပည့်လည်း ဖြစ်လေရာ မည်ကဲ့သို့များ အန္တရာယ်တွင်းထဲသို့ အလွယ်တကူ ကျရောက်သွားရလေသနည်း။

ယခုမူ အကုန်လုံးသည် သူ့အတွက် ဆင်ထားသည့် ထောင်ချောက် တစ်ခုသာမှန်း သဘောပေါက်သွားတော့သည်။ [ရယ်ဖို့ကောင်းလိုက်တာ]

သို့ပါသော်ငြား ရန်ကိုင်မှာ ခက်ခက်ခဲခဲ လာရောက်ကယ်ဆယ်ခဲ့ပြီး ယခုမှသာ တွေ့ခဲ့ဖူးသော လီရှီချင်းမှာ သူ့အပေါ် ယခုကဲ့သို့ ထောင်ချောက်ဆင်လိမ့်မည်ဟု မည်ကဲ့သို့များ ထင်ထားပါမည်နည်း။

ရုတ်တရက် ကောင်းကျွမ်း၏ သတိပေးစကားကို ရန်ကိုင် ပြန်သတိရသွားခဲ့သည်။

[ကောင်းကျွမ်းက လီရှီချင်းကို သတိပေးနေတာလား]

[ဒါပေမဲ့ သူ ဘာလို့ ငါ့ကို ထောင်ချောက်ဆင်ရတာလဲ၊ ပြီးတော့ ခုနတုန်းက ငါ့ကို ဘာလုပ်လိုက်တာလဲ] ရန်ကိုင်မှာ မည်သည့် မသက်မသာဖြစ်မှုကိုမျှ မခံစားရသလို သူ့ကိုယ်အထက်ဝယ် မည်သည့် ဒဏ်ရာကိုမျှလည်း မတွေ့ရပေ။ သူ့အသိစိတ်ပင်လယ်မှာလည်း အကောင်းအတိုင်းသာ ရှိနေပေသေးသည်။

သို့ပင်ဖြစ်လင့်ကစား လီရှီချင်း သူ့အား တစ်ခုခု လုပ်သွားသည်ကိုတော့ သေချာသိနေပေသည်။ လီရှီချင်းမှာ သူ့အသိစိတ်ပင်လယ်ထဲဝယ် တစ်ခုခုကို လုပ်သွားရပေလိမ့်မည်။ ထိုသို့သာ မဟုတ်ပါက ခုနစ်ရောင်ခြယ်ဝိညာဉ်ကြာပန်း တုံ့ပြန်လာစရာ အကြောင်းမရှိပေ။

ယခုဆိုလျှင် လီရှီချင်း တစ်ယောက်တည်း ထွက်လာခဲ့သည်မှာ သူ့အား မျှားခေါ်ရန်အတွက် ဖြစ်သည်ဟုပင် ရန်ကိုင် သံသယဝင်လာမိလေပြီ။

ရေကန်တစ်ကန် အနီးအနားဝယ် အဝတ်အစား ဗလာကျင်းနေသော စွဲမက်ဖွယ်ကောင်းလှသည့် အမျိုးသမီးတစ်ဦး ရှိနေပါသော်ငြား ရန်ကိုင်ကမူ ထိုအမျိုးသမီး၏ အလှတရားကို ခံစားမနေခဲ့ဘဲ ဒေါမာန်တကြီးဖြင့် အမျိုးသမီး၏ လည်ပင်းကို ဆွဲညှစ်၍ သစ်ပင်အထက် ဆွဲကပ်ထားခဲ့သည်။ ထိုမြင်ကွင်းမှာ ထူးတော့ ထူးဆန်းလှပေ၏။

သိပင်မသိလိုက်ဘဲ တစ်ဖက်လူ၏ ထောင်ချောက်ထဲသို့ ရောက်သွားသည့်အတွက်ကြောင့် ရန်ကိုင်မှာ ရှက်ရှက်နှင့် ဒေါသထွက်လာမိရသည်။

ရန်ကိုင်မှ ဒေါမာန်တကြီးဖြင့် သူမ၏ လည်ပင်းကို အတင်းအကျပ် ဆွဲညှစ်ထားလေရာ လီရှီချင်းမှာ အသက်ရှူရခက်လာပြီး မျက်နှာလေး ရဲတက်လာခဲ့သည်။ သို့ပင်ဖြစ်လင့်ကစား လီရှီချင်းမှာ တစ်ချက် အထွန့်မတက်။ ယောက်ျားတိုင်း၏ ရင်ကို အရည်ပျော်ကျသွားစေနိုင်သည့် အပြုံးမျိုးကိုသာ ဆင်မြန်းထားခဲ့လေသည်။ ရန်ကိုင် သူမအား သတ်လိုက်မည်ဆိုလျှင်ပင် လုံးဝ အထွန့်မတက်ဘဲ ပျော်ပျော်ကြီး အသေခံလိုက်မည့်အလား။

ထိုအချင်းအရာကို မြင်သော် ရန်ကိုင်က ထပ်၍ အော်မေးလိုက်သည်။ "ပြော"

"အခုကနေစပြီးတော့ ငါတို့ ဘယ်တော့မှ မခွဲတော့ဘူး" လီရှီချင်းက ရုတ်တရက် ပြောလိုက်သည်။

ထိုသို့ ပြောလိုက်သည့်အခိုက် ရန်ကိုင် ရင်တလှပ်လှပ် ဖြစ်သွားခဲ့သည်။ သို့ပါသော်ငြား မျက်မှောင်ကြီးကြုတ်လျက်... "နင်ရူးနေတာလား၊ နင် အပိုစကားတွေ လျှောက်ပြောနေရင် ငါနင့်ကို သတ်တော့မှာနော်၊ ငါ မသတ်ရဲဘူးလို့တော့ မထင်နဲ့"

လီရှီချင်းကမူ သေရမည်ကို မကြောက်သည့်အလား ပြုံးသာ ပြုံးပြနေခဲ့သည်။ ထို့နောက် ရန်ကိုင်၏ လက်ကို သူမ လက်တစ်ဖက်ဖြင့် အသာအယာ လှမ်းကိုင်လိုက်ရင်းမှ ပြောလိုက်လေ၏။ "နင်ဆန္ဒရှိလား"

ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် ပြုံးလျက်... "ငါ ဘာဆန္ဒရှိရမှာလဲ"

သူ့စိတ်ထဲတွင်တော့ လီရှီချင်းအား ကြိတ်ကာ ကျိန်ဆဲနေလိုက်လေသည်။ [ငါ့စိတ်က ဘာဖြစ်လို့ ဒီလောက်တောင် လွန်ဆွဲတုံ့ဆိုင်းနေရတာလဲ] လီရှီချင်းအား သတ်မည်ဟု တွေးလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်၏ ခန္ဓာကိုယ်ရော စိတ်အစုံကပါ ထိုအတွေးအား ပြင်းပြင်းထန်ထန် ဆန့်ကျင်လာလေသည်။ လက်ရှိအခိုက်အတန့်ဝယ် သူ့အရှေ့တွင် ရှိနေသည့် လီရှီချင်းမှာ ယနေ့မှသာလျှင် စတွေ့ဖူးသည့် အမျိုးသမီး မဟုတ်တော့ဘဲ သူ့ဘဝ၏ အရေးကြီးဆုံး လူတစ်ဦးပမာ ဖြစ်နေခဲ့သည်။ မသိလျှင် လီရှီချင်းနှင့် သူမှာ နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးလာခဲ့ပြီး တစ်ဦးနှင့် တစ်ဦးအကြား နက်ရှိုင်းသည့် သံယောဇဉ်များ ရှိနေသည့်အလား။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၇၅)

ဘာသာပြန်သူ_တိမ်တိုက်

"ညှို့ဓာတ်ပညာရပ်လား" ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူစဉ်းစားကြည့်မိသလောက် ဤဖြစ်နိုင်ခြေ တစ်ခုသာ ရှိပေသည်။ အားကောင်းလွန်းလှသည့် ညှို့ဓာတ်ပညာရပ် တစ်ခုသည်သာ လက်ရှိ သူ့အခြေအနေကို ရှင်းပြနိုင်လေ၏။ ထိုသို့သာ မဟုတ်ပါက သူကဲ့သို့သော လူတစ်ဦးသည် သူ့အပေါ် မကောင်းကြံလိုနေသည့် ယခုမှသာလျှင် တွေ့ဖူးသော အမျိုးသမီးတစ်ဦးပေါ် မည်ကဲ့သို့များ စိတ်ညွတ်နိုင်ပါမည်နည်း။

လီရှီချင်းကမူ ရယ်သာ ရယ်နေခဲ့ပြီး ဘာမျှ ပြန်မပြောခဲ့ပေ။

ရန်ကိုင်မှာ လီရှီချင်းအား အစိမ်းလိုက် ဝါးစားချင်နေသည့်အလား ခက်ထန်ကြမ်းကြုတ်စွာ စိုက်ကြည့်နေခဲ့သည်။ သူ့ဆီမှ ဖြာထွက်နေသည့် သတ်ဖြတ်လိုစိတ်တို့မှာလည်း အစိုင်အခဲ ဖြစ်လုနီးပါး အဆင့်သို့ပင် ရောက်နေလေပြီ။ ယခုကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံလိုက်ရသည့် မည်သူမဆို ထိတ်လန့်တုန်လှုပ်သွားလိမ့်မည် ဖြစ်ပါသော်ငြား လီရှီချင်းကမူ ကြောက်ရွံ့မှုကို မသိသည့်အလား ရန်ကိုင်မှ သူမ လည်ပင်းကို ဆွဲညှစ်၍ သစ်ပင်၌ ဆွဲကပ်ထားသည့်တိုင် တောက်လျှောက်ကို ပြုံးနေခဲ့၏။ နာကျင်မှုကြောင့်သာလျှင် မျက်နှာလေးမှာ တစ်ချက်တစ်ချက် မဲ့နေခဲ့သည်။

"ငါနောက်ဆုံးအကြိမ် ထပ်မေးမယ်၊ နင်ငါ့ကို ဘာလုပ်လိုက်တာလဲ" ရန်ကိုင်က ရေခဲတမျှ အေးစက်သည့် လေသံဖြင့် မေးလိုက်သည်။

ရန်ကိုင် စိတ်မရှည်လာနေသည်ကို သတိထားမိလိုက်သည့်အလား လီရှီချင်းမှာ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် ပြန်ပြောလိုက်၏။ "နှလုံးသားစည်းတံဆိပ်ပဲ"

"နှလုံးသားစည်းတံဆိပ်၊ အဲဒါဘာလဲ" ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။

"ငါတို့ရဲ့ နှလုံးသားတွေကို အတူတကွ ချိတ်ဆက်ထားတဲ့ ကြိုးတစ်ချောင်းပဲ၊ အခုကနေစပြီးတော့ ငါတို့နှစ်ယောက်က ခွဲလို့ မရတော့ဘူး" လီရှီချင်းက အောင်နိုင်သူတစ်ဦးပမာ ပြုံးလိုက်လေသည်။

ရန်ကိုင် ပို၍ မျက်မှောင်ကြုတ်သွားခဲ့သည်။ "နင်ပြောချင်တာက အဲဒီပညာရပ်ကို သုံးလိုက်တဲ့နောက်ပိုင်း ငါက နင့်ကို အဖိုးတန်တဲ့ လူတစ်ဦးအဖြစ် မြင်လာမယ်ပေါ့"

"နင်အခုတင် ခံစားမိနေပြီ မဟုတ်ဘူးလား" လီရှီချင်းသည် ရန်ကိုင်အား ပြုံးကာ ကြည့်ရင်းမှ ဆက်ပြောလိုက်သည်။ "ပြီးတော့ အဲဒီခံစားချက်ကို နှစ်ယောက်စလုံး ခံစားနေရတာ၊ နင်ခံစားနေရတာကို ငါလည်း ခံစားနေရတယ်"

ရန်ကိုင် ကြောင်သွားတော့သည်။ ထိုပညာရပ်ကြီးမှာ မည်ကဲ့သို့သော ပညာရပ်မျိုးနည်း။ ပညာရပ်တစ်ခုသည် ယခုလေးတင် တွေ့ဖူးသော လူနှစ်ဦးအား တစ်ဦးပေါ်တစ်ဦး စိတ်ညွတ်လာအောင် လုပ်နိုင်စွမ်း ရှိပေသည်။ လူတစ်ဦးတည်းအပေါ်ကိုသာ သက်ရောက်အောင် လုပ်နိုင်မည်ဆိုလျှင် အသုံးဝင်ပါသော်ငြား ယခုမူ လီရှီချင်းသည်လည်း ထိုပညာရပ်၏ အကျိုးဆက်ကို ခံစားနေရသည့်ပုံပင်။ ထိုအကြောင်းကြောင့် ရန်ကိုင်အား စိုက်ကြည့်နေစဉ်အတောအတွင်း သူမ၏ အကြည့် သိပ်၍ ပုံမှန် မဟုတ်သည်မှာ အဆန်းတော့ မဟုတ်။

"နင်ပျော်လား" လီရှီချင်းက ရုတ်တရက် ကောက်မေးလိုက်သည်။

ရန်ကိုင်က မျက်နှာသေဖြင့် ပြန်၍ ပြောလိုက်သည်။ "ငါ ပျော်နေတဲ့ပုံပေါက်လား"

"နင့်နှုတ်ခမ်းက နည်းနည်းလေး ကွေးတက်နေသလိုပဲ" လီရှီချင်းသည် ရန်ကိုင်အား ကြည့်ရင်းမှ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ပြောလိုက်၏။

"အပိုတွေ ပြောမနေနဲ့" ရန်ကိုင် ချက်ချင်း ပြန်ငြင်းလေသည်။

လီရှီချင်းက သက်ပြင်းချ၍ ပြောလိုက်လေ၏။ "နင်အရမ်းကြီး မကြမ်းလို့ မရဘူးလား၊ နင်ကြမ်းလွန်းနေရင် ငါတောင့်ခံဖို့ ခက်လိမ့်မယ်"

"နင်ဘယ်သူနဲ့ လာပြီးတော့ ပရောပရည် လုပ်နေတယ်လို့ ထင်နေတာလဲ" ရန်ကိုင်သည် လီရှီချင်းအား စိုက်ကြည့်လိုက်သည်။ လီရှီချင်း နိုးထလာစဉ်က ဤအမျိုးသမီးမှာ အေးစက်စက် မျက်နှာထားနှင့် မောက်မာဝံ့ကြွားသည့် အမျိုးသမီးတစ်ဦး ဖြစ်လိမ့်မည်ဟု ထင်ခဲ့ပါသော်ငြား ယခု သူမအကြောင်း အနည်းငယ် သိလာပြီးသည့်နောက်တွင် သူ လုံးဝကို စုံလုံးကန်းခဲ့ကြောင်း သဘောပေါက်သွားခဲ့သည်။ ဤအမျိုးသမီးမှာ လုံးဝကို မောက်မာဝံ့ကြွားခြင်း မရှိသလို အေးစက်စက် အမျိုးသမီးလည်း မဟုတ်ဘဲ ရူးနေသည့် အမျိုးသမီးသာ ဖြစ်ပေသည်။

လက်ရှိအချိန်ထိတိုင် လီရှီချင်းမှာ ရန်ကိုင်အား မကျေမချမ်း အမူအရာမျိုးဖြင့် သနားစဖွယ် စိုက်ကြည့်နေလေသည်။

လီရှီချင်း၏ လည်ပင်းကို ဆွဲညှစ်ထားသော ရန်ကိုင်မှာ အကြိမ်ပေါင်းများစွာ တွေဝေလွန်ဆွဲနေမိသည်။ အဆုံးတွင်တော့ ယိုင်နဲ့နေသည့် သူ့စိတ်ခံစားချက်ကို တွန်းလှန်ခြင်းအား မစွမ်းသာခဲ့ပေ။ လက်ရှိအခြေအနေနှင့် ပတ်သက်၍ ဘာဆိုဘာမျှ မလုပ်နိုင်သည့် သူ့ကိုယ်သူလည်း မုန်းတီးမိပေသည်။ သူ့အနေဖြင့် နောက်ပိုင်း ပြဿနာတက်မလာစေရန် လီရှီချင်းအား သတ်ပစ်ချင်ပါသော်ငြား မသတ်နိုင်ခဲ့ပေ။ အဆုံးတွင်မူ လီရှီချင်းအား လွှတ်ပေး၍ ပြောလိုက်လေ၏။ "အဝတ်ပြန်ဝတ်လိုက်၊ ပြီးတော့မှ စကားပြောမယ်"

လက်ရှိ အဝတ်ဗလာကျင်းနေသော လီရှီချင်း၏ ခန္ဓာကိုယ်မှာ သူ့အား ကူညီရာ မရောက်ပေ။ သူ့အနေဖြင့် လီရှီချင်း၏ ခန္ဓာကိုယ်ကို တမင်တကာ မကြည့်လျှင်ပင် သူမ၏ စွဲမက်ဖွယ်ကောင်းလှသော အဝတ်ဗလာခန္ဓာကိုယ်မှာ သူ့စိတ်အစုံကို အဆက်မပြတ် အနှောင့်အယှက်ပေးနေခဲ့သည်။

လီရှီချင်းမှာ သူမ၏ လည်ပင်းလေးကို ကိုင်ရင်း အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်သည်။ ထို့နောက် သူမ၏ သိုလှောင်လက်စွပ်ထဲမှ အဝတ်အစားတစ်စုံကို ထုတ်၍ ရန်ကိုင်အား ပေးလိုက်လေ၏။

"ဘာလဲ" ရန်ကိုင်က စိတ်မရှည်ဟန်ဖြင့် ပြန်မေးလိုက်သည်။

"ငါ့ကို ဝတ်ပေး" လီရှီချင်းက ပြုံး၍ ပြန်ပြောလိုက်သည်။

"ထွက်သွားစမ်း" ရန်ကိုင်က ထအော်လေသည်။ [ငါ့ကိုများ အဝတ် ဝတ်ခိုင်းနေသေးတယ်၊ ရူးနေတာလား]

"နင်ငါ့ကို ဝတ်ပေးမှာလား ဝတ်မပေးဘူးလား" လီရှီချင်းက ခေါင်းမာမာနှင့် ရန်ကိုင်အား ထပ်ပြောသည်။

ရန်ကိုင်က ပြန်၍ ပြောလိုက်လေ၏။ "မဝတ်ပေးရင်ရော ဘာဖြစ်လဲ"

လီရှီချင်းသည် ရန်ကိုင်အား မမှိတ်မသုန် စိုက်ကြည့်နေပြီးသည့်နောက် ရုတ်တရက် သူမ လက်ထဲရှိ အဝတ်အစားများကို မြေပြင်ပေါ်သို့ ပစ်ချ၍ ပျံထွက်သွားသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင် လုံးဝကို မှင်တက်သွားတော့သည်။ အတန်ကြာပြီးသည့်နောက်မှသာ အသိပြန်ဝင်လာခဲ့ပြီး ချက်ချင်းပဲ လေဟာနယ်နိယာမများကို အသက်သွင်း၍ လီရှီချင်း၏ လမ်းကို ပိတ်ရပ်ရင်းမှ အံကြိတ်ကာ မေးလိုက်လေ၏။ "နင်ဘာလုပ်နေတာလဲ"

"ပြန်တော့မယ်လေ၊ အကုန်လုံး ငါ့ကို စိတ်ပူနေတော့မှာပေါ့" လီရှီချင်းက ပြန်၍ ပြောလိုက်သည်။

ရန်ကိုင်သည် လီရှီချင်းအား ခေါင်းအစခြေအဆုံး စိုက်ကြည့်ရင်းမှ... "နင်ဒီအတိုင်းကြီး ပြန်တော့မလို့လား"

လီရှီချင်းက ပြုံး၍... "ဟုတ်တယ်လေ၊ ဘာဖြစ်လို့လဲ"

"နင်ရူးနေတာလား" ရန်ကိုင်မှာ လီရှီချင်းနှင့် ပတ်သက်၍ ဘာပြောလို့ ပြောရမှန်းပင် မသိတော့ပေ။ လက်ရှိ ရန်ကိုင် ကယ်ဆယ်လာသည့် အဖွဲ့သားများထဲတွင် အများစုမှာ မိန်းကလေးများ ဖြစ်ပြီး တစ်ဦးတည်းသော ယောက်ျားမှာလည်း ကန်းနေပါသော်ငြား လီရှီချင်းသည်သာ ဤအတိုင်း ပြန်သွားမည်ဆိုလျှင် မလိုလားအပ်သည့် ကောလာဟလများ ဖြစ်လာနိုင်ပေသည်။ ကောင်းကျွမ်းမှာ မျက်လုံးကန်းနေပါသော်ငြား သူ့ကျင့်ကြံခြင်းမှာ ဧကရာဇ်အဆင့်သို့ ရောက်နေပြီ ဖြစ်သည့်အတွက်ကြောင့် သူ၏ ကောင်းကင်စိတ်အာရုံဖြင့် မြင်နိုင်ပေသေးသည်။ ထိုအချက်ကို တွေးမိလိုက်သော် ရန်ကိုင် အနည်းငယ် ရင်ထိတ်သွား၏။

"အဲဒါဆို ငါ့ကို ဝတ်ပေးလေ" လီရှီချင်းက ပြန်ပြောလိုက်သည်။

ရန်ကိုင်၏ မျက်နှာကြီးမှာ သံပရာသီး ကိုက်ထားရသည့်ပမာ အရုပ်ဆိုးနေခဲ့သည်။ ရန်ကိုင်မှာ လက်သီးကို တင်းတင်းဆုပ်ထားခဲ့ပြီး သူ့စိတ်ကိုလည်း အတော်ကိုမှ ချုပ်တည်းထားရသည့်အလား သွေးကြောကြီးများမှာ နဖူးတစ်လျှောက် ထောင်တက်လာခဲ့သည်။ အဆုံးတွင်တော့ ထအော်တော့လေ၏။ "နင်ရူးနေတာပဲ"

ထိုသို့သာ ပြောလင့်ကစား လီရှီချင်း၏ လက်ကို ကိုင်၍ သူမအား ရေကန်ဘေးနားသို့ ပြန်ခေါ်သွားသည်။

လီရှီချင်းကမူ ရုန်းကန်မနေခဲ့ဘဲ ရန်ကိုင် ခေါ်သွားရာဆီသို့ ဝမ်းသာအားရ အမူအရာဖြင့် လိုက်သွားလေ၏။

ကန်ဘေးနားသို့ ပြန်ရောက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် လီရှီချင်း ပစ်ချခဲ့သော အဝတ်အစားများကို ကောက်ယူ၍ ဖုန်ခါပြီးသည့်နောက် သူမအား ဝတ်ပေးလိုက်လေသည်။

လီရှီချင်းအား အဝတ်ဝတ်ပေးနေစဉ် အတောအတွင်း သူ့လက်မှာ လီရှီချင်း၏ အသားနှင့် သွားသွားထိမိလေရာ ရန်ကိုင်မှာ သူ့စိတ်သူ အတော်လေးကိုမှ ချုပ်တည်းနေခဲ့ရသည်။ ယခုကဲ့သို့ ချုပ်တည်းနေရသည့် ရန်ကိုင် ဘဝမှာလည်း အတော်လေးကိုမှ သနားစရာကောင်းလှလေ၏။ ထိုအချင်းအရာကို မြင်သော် လီရှီချင်းက အရှက်မရှိ ပြောလိုက်သေးသည်။ "နင်ထိချင်ရင် ထိလို့ရတယ်နော်၊ ငါ စိတ်ထဲမထားဘူး"

လီရှီချင်းမှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်မှာ သူ့စိတ်သူ လုံးဝ မချုပ်တည်းနိုင်တော့ပေ။ ရန်ကိုင်၏ လက်အစုံသည် လီရှီချင်း၏ ခန္ဓာကိုယ်တစ်လျှောက် လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာတော့လေ၏။ လီရှီချင်းမှာလည်း နာကျင်မှု ကျေနပ်ပီတိဖြစ်မှုတို့ဖြင့် အော်ညည်းနေခဲ့ရာ မကြာမီတွင် သူမ၏ ပါးလေးများလည်း ရဲတက်လာခဲ့လေသည်။

အတန်ကြာပြီးသည့်နောက် လီရှီချင်း၏ အဝတ်အစားများကို ဝတ်ပေးလို့ ပြီးသွားခဲ့သည်။ သူမအား အဝတ်ဝတ်ပေးရသည်မှာ အတော်လေးကိုမှ ပင်ပန်းဖွယ် ကောင်းလွန်းလှသည်။ ထို့နောက်တွင် ရန်ကိုင်သည် လီရှီချင်းအား စိုက်ကြည့်၍ မေးခွန်းမေးလိုက်လေ၏။ "ပန်းအရိပ်မဟာဧကရာဇ်က နင့်လို လူမျိုးကို ဘယ်လိုလုပ်ပြီး တပည့်အဖြစ် လက်ခံထားတာလဲ၊ သူ့ဂုဏ်သတင်း ပျက်ပြားမှာကို သူ မကြောက်ဘူးလား"

လီရှီချင်းသည် ယဲ့ယဲ့လေး ပြုံးရင်းမှ ရန်ကိုင်အား လက်ညှိုးဖြင့် သူမဆီသို့ လက်ယပ်ခေါ်လိုက်သည်။

"ဘာလဲ" ရန်ကိုင်သည် လီရှီချင်းအား သတိထားကာ ကြည့်လိုက်၏။

"ဒီကိုလာခဲ့"

"နင် ဘာလုပ်မလဲဆိုတာကို ငါ့ကို အရင်ပြော" ရန်ကိုင်က ပြန်ပြောလိုက်သည်။

လီရှီချင်းမှာ ခြေဆောင့်၍ ရန်ကိုင်ဆီသို့သာ သူမဘာသာသူမ လျှောက်သွားလိုက်သည်။ ထို့နောက်တွင် ရန်ကိုင်ဆီသို့ မှီ၍ ရန်ကိုင်၏ နှုတ်ခမ်းကို ကောက်နမ်းလိုက်လေ၏။ ရန်ကိုင်မှာမူ သစ်သားရုပ်တုကြီး တစ်ခုပမာ မလှုပ်မယှက် တောင့်တောင့်ကြီးသာ ဖြစ်နေလေသည်။ နှုတ်ခမ်းချင်း ကွာသွားသည့်အခါမှသာလျှင် အေးစက်စက် လေသံဖြင့် မေးလိုက်လေ၏။ "ဒါ ဘာသဘောလဲ"

လီရှီချင်းက ပြုံး၍... "ဘာသဘောမှ မဟုတ်ဘူး၊ ငါနင့်ကို ဒီအတိုင်း နမ်းချင်လို့"

ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် ပြုံးရင်းမှ... "အခုလိုမျိုး ချစ်စဖွယ်ပုံစံလေး လုပ်ပြနေလို့ အကုန် အဆင်ပြေနေပြီလို့ ထင်နေတာလား၊ ပြန်ရောက်တော့မှ ပန်းအရိပ်မဟာဧကရာဇ်ကို နင် ဘယ်လိုရှင်းပြမလဲ ငါသိချင်သေးတယ်"

လီရှီချင်းက ပြန်၍ ပြောလိုက်၏။ "အဲဒီကိစ္စနဲ့ပတ်သက်ပြီး နင်စိတ်ပူစရာ မလိုဘူး"

ရန်ကိုင်က ပြန်၍ မေးလိုက်လေသည်။ "နင့်ဆရာ စိတ်ပျက်သွားမှာကို နင် မကြောက်ဘူးလား"

လီရှီချင်းက ပြုံး၍... "နင်ငါ့ဆီကနေ မေးခွန်းလာနှိုက်ချင်နေတာလား၊ ရှင်းရှင်းပြောရရင် နင်သိချင်ရင် ဒီအတိုင်း တန်းမေးလိုက်ပါလား၊ ငါက ပြောပြပေးမှာပေါ့"

[တစ္ဆေသရဲတွေပဲ နင့်ကို ယုံလိမ့်မယ်] လက်ရှိအချိန်တိုင် ရန်ကိုင် စိတ်ထဲ မေးချင်နေသည့် မေးခွန်းပေါင်းများစွာ ရှိပေသည်။ ဥပမာပြောရသော် သူ့အပေါ် ဘာကြောင့်များ နှလုံးသားစည်းတံဆိပ် ပညာရပ်ကို သုံးခဲ့ရသလဲဆိုသည်ပင်။

သို့ပါသော်ငြား ထိုကဲ့သို့ သွားမေးလိုက်မည်ဆိုလျှင်ပင် လီရှီချင်းဆီမှ အဖြေမှန်ကို ပြန်ရလိမ့်မည် မဟုတ်မှန်း သိနေခဲ့သည်။

လီရှီချင်းနှင့် မဟာဧကရာဇ်များ၏ အခြားသော တပည့်များနှင့် ကလေးများ ဤနေရာ၌ ဘာကြောင့် ဖမ်းဆီးထားခံရသလဲဆိုသည်ကိုလည်း ရန်ကိုင် မသိရသေးပေ။ ထိုကိစ္စများကို မသိရသေးခင်မှာပင် ယခုကဲ့သို့သော အဖြစ်အပျက်မျိုး ဖြစ်ပျက်သွားခဲ့သည်။

ရှင်းရှင်းပြောရသော် ရန်ကိုင်မှာ အတော်လေးကိုမှ ခေါင်းကိုက်နေခဲ့ရပြီ။

လီရှီချင်းသည် မျက်နှာလွှာစကို ပြန်လည်တပ်ဆင်လိုက်ရင်းမှ ပြောလိုက်လေ၏။ "ရှင်းရှင်းပြောရရင်တော့ ငါဒီကို နင့်အတွက် အထူးတလည် လာခဲ့တာ"

"ငါ့အတွက်" ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ "ငါလာမယ်မှန်း နင်က ဘယ်လိုသိတာလဲ"

လီရှီချင်းသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရင်းမှ ရှင်းပြလိုက်လေ၏။ "ဒီနေရာက သီးခြားကမ္ဘာတစ်ခုလေ၊ ဒီထဲကို ဝင်ချင်တယ်ဆိုရင် လေဟာနယ်နိယာမကို ကျွမ်းကျင်ထားမှ အဆင်ပြေမှာ၊ ကြယ်တာရာအစုအဝေး တစ်ခုလုံးထဲမှာ လေဟာနယ်တာအိုကို အဆင့်မြင့်မြင့် ကျွမ်းကျင်ထားတဲ့ လူဆိုလို့ နင်နဲ့ လီဝူရီပဲ ရှိတာ၊ ဒါပေမဲ့ လီဝူရီက အရှေ့ဘက်နယ်မြေမှာ၊ ပြီးတော့ အခုကိစ္စမှာ ကြယ်ဝိညာဉ်နန်းတော်ရဲ့ လန်ရွှင်းလည်း ပါဝင်ပတ်သက်နေတာဆိုတော့ သူတို့ အကူအညီတောင်းမဲ့တောင်း နင့်ဆီကပဲ လာပြီးတော့ အကူအညီတောင်းမှာပေါ့"

ထိုစကားကို ကြားသော် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး မယုံသင်္ကာဖြင့် ပြန်မေးလိုက်၏။ "ဒီတော့ ပန်းအရိပ်မဟာဧကရာဇ်က ဒီကိစ္စအားလုံးရဲ့ နောက်ကွယ်ကနေ ကြိုးကိုင်နေတာပေါ့၊ လန်ရွှင်း၊ ယောင်လင်နဲ့ အခြားသူတွေ အကုန်လုံးကိုလည်း ပန်းအရိပ်မဟာဧကရာဇ် လူတွေကပဲ ဖမ်းသွားတာပေါ့"

လီရှီချင်းက ပြုံး၍... "အဲဒါတော့ ဘယ်ဟုတ်ပါ့မလဲ၊ ဒီကိစ္စက သူနဲ့ ဘာမှမဆိုင်ဘူး"

"သူနဲ့ ဘာမှမဆိုင်ဘူး" ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။

"ဟုတ်တယ် သူနဲ့ ဘာမှမဆိုင်ဘူး" လီရှီချင်းက ခေါင်းခါလိုက်သည်။

ရန်ကိုင်ကမူ တုန်တုန်ယင်ယင် ဖြစ်သွားခဲ့ပြီး ပြန်၍ ပြောလိုက်လေ၏။ "နင်က လီရှီချင်း မဟုတ်ဘူး၊ နင်ဘယ်သူလဲ"

ရန်ကိုင် အံ့အားသင့်သွားရသည့် အချက်မှာ လီရှီချင်းမှ ပန်းအရိပ်မဟာဧကရာဇ်အား "သူ"ဟု သုံးနှုန်းလိုက်ခြင်းပင်။ လီရှီချင်း၏ လေသံထဲ ပန်းအရိပ်မဟာဧကရာဇ်အပေါ် လေးစားသည့် အရိပ်အယောင် အနည်းငယ်မျှပင် မတွေ့ရ။ လီရှီချင်းသည်သာ တကယ့် လီရှီချင်း ဖြစ်နေမည်ဆိုလျှင် သူမ၏ ဆရာဖြစ်သော ပန်းအရိပ်မဟာဧကရာဇ်အပေါ် ယခုကဲ့သို့ မည်ကဲ့သို့များ ခေါ်ဝေါ်သုံးနှုန်းပါမည်နည်း။

အစောပိုင်းက ကြုံလိုက်ရသည့် နှလုံးသားစည်းတံဆိပ် အကြောင်းကိုပါ ပြန်စဉ်းစားမိလိုက်သော် လက်ရှိ သူ့အရှေ့တွင် ရှိနေသည့် လီရှီချင်းမှာ အယောင်ဆောင်ထားသည့် လူမှန်း ရန်ကိုင် သဘောပေါက်သွားတော့သည်။ ရန်ကိုင် သိထားသလောက် ပန်းပေါင်းစုံတောင်ကြားတွင် ဤကဲ့သို့သော ညှို့ဓာတ်ပညာရပ်မျိုး ရှိမနေပေ။

လီရှီချင်းမှာ ယာယီမျှ အံ့အားသင့်သွားခဲ့ပြီးသည့်နောက် ပြုံး၍... "ငါဘယ်နေရာမှာ စကားကျွံသွားတာလဲ" ရန်ကိုင် သူမဆီမှ သတင်းအစ်အောက် မေးချင်နေမှန်း လီရှီချင်း သိပေသည်။ သို့ပါသော်ငြား သူမကိုယ်သူမ အတတ်နိုင်ဆုံး ထိန်းထားလျက်နှင့် မည်သည့်နေရာတွင်များ စကားကျွံသွားခဲ့ရလေသနည်း။

"နင်တကယ်ကြီး လီရှီချင်း မဟုတ်ဘူး" ရန်ကိုင် ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့လေသည်။ ယခုကိစ္စမှာ သူထင်ထားသည်ထက် ပိုမိုရှုပ်ထွေးလာပြီဟု ခံစားနေရ၏။

"တကယ့် လီရှီချင်းက ဘယ်မှာလဲ၊ နင်သူ့ကို ဘာလုပ်လိုက်တာလဲ"

လီရှီချင်းသည် ရန်ကိုင်အား မျက်မှောင်ကြုတ်ကာ ကြည့်ရင်းမှ ပြန်ပြောလိုက်လေ၏။ "ငါနဲ့တင် မလုံလောက်သေးဘူးလား၊ နင်ဘာဖြစ်လို့ အခြားမိန်းမတွေကို လိုက်ပြီး ဂရုစိုက်နေရတာလဲ"

"အပိုတွေ လာပြောမနေနဲ့၊ ငါ မေးတာကိုပဲ ဖြေ၊ နင်သူ့ကို ဘာလုပ်လိုက်တာလဲ" ဤနေရာသို့ လာရာ လမ်းတစ်လျှောက်တွင် ပန်းအရိပ်မဟာဧကရာဇ်၏ တပည့် လီရှီချင်းမှာ ပျောက်နေကြောင်း သတင်းရထားခဲ့သည်။ ယခု သူ့အရှေ့တွင် ရှိနေသည့် လီရှီချင်းမှာ အတု ဖြစ်နေသည့်အခါတွင် ရန်ကိုင် စိတ်ထဲ မေးခွန်းတစ်ခု ပေါ်လာတော့သည်။ တကယ့် လီရှီချင်းသည် မည်သည့် နေရာသို့များ ရောက်နေလေသနည်း။

ရန်ကိုင် အရှေ့တွင် ရှိနေသည့် လီရှီချင်းမှာ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလျက် ပြန်ပြောလိုက်သည်။ "သူအဆင်ပြေတယ်၊ သူ့ကို အခြားတစ်နေရာဆီကို ခေါ်သွားထားတာ"

"ဘယ်နေရာလဲ"

လီရှီချင်းမှာ ရန်ကိုင်အား ပြုံးကာ ကြည့်ရင်းမှ... "ငါနင့်ကို ခေါ်သွားချင်တဲ့ နေရာပေါ့၊ နင်လိုက်မယ်လို့ သဘောတူတယ်ဆိုရင် ငါနင့်ကို ပြောပြပေးမယ်"

"ကောင်းပြီ၊ ငါသဘောတူတယ်" ရန်ကိုင်က အလျင်စလို သဘောတူလိုက်သည်။

လီရှီချင်းက ပြန်၍ ပြောလိုက်လေ၏။ "ငါက နင်လိမ်ချင်တိုင်း လိမ်လို့ရတဲ့ သုံးနှစ်သားကလေး မဟုတ်ဘူး"

ရန်ကိုင်သည် အရှေ့သို့ တက်၍ လီရှီချင်းအား သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ရင်းမှ လီရှီချင်း၏ မျက်လုံးများကို မမှိတ်မသုန် စိုက်ကြည့်၍... "နင်သုံးထားတဲ့ ပညာရပ်ကြောင့် အခု ငါနင့်အပေါ် ရှိနေတဲ့ ခံစားချက်တွေက တကယ့်အမှန်ပဲ၊ ဒီတော့ နင်ခေါ်သွားချင်တဲ့ နေရာကို ငါ လိုက်ပေးမယ်၊ နင် သွားတဲ့နေရာကို ငါလိုက်မှာ"

ထိုစကားလုံးများကို ကြားပြီးသည့်နောက် လီရှီချင်၏ ခန္ဓာကိုယ်လေး ပျော့ခွေကျသွားခဲ့ပြီး ရန်ကိုင်၏ ရင်ခွင်ထဲသို့ ပို၍ တိုးဝင်လိုက်ရင်းမှ ချိုသာစွာပြုံးကာ ပြောလိုက်လေ၏။ "နင်ပြောတာကို ငါယုံတယ်၊ ဒါပေမဲ့ နင့်မှာ အခြားရည်ရွယ်ချက် ရှိနေတာလည်း သေချာတယ်၊ ဒီတော့ နင် ငါ့အနောက်ကို မလိုက်သရွေ့ ငါပြောပြမှာ မဟုတ်ဘူး"

ထိုစကားကို ကြားသော် ရန်ကိုင်မှာ လီရှီချင်းအား ချက်ချင်းကို တွန်းထုတ်လိုက်တော့လေ၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၇၆)

ဘာသာပြန်သူ_တိမ်တိုက်

“နင်တကယ်ကြီး ငါနဲ့မလိုက်ချင်တာလား… ငါ နင်နဲ့ အမြဲတမ်း အတူရှိနေပေးလို့ရတယ်… ငါတို့ လုံးဝ တစ်ယောက်နဲ့တစ်ယောက် ခွဲရတော့မှာမဟုတ်ဘူး…” လီရှီချင်းက ပြန်ပြောလိုက်သည်။

ရန်ကိုင်က စိတ်မရှည်ဟန်ဖြင့် ပြန်ပြောလိုက်သည်။ “အခုလိုမျိုး ဝေ့လည်ကြောင်ပတ်တွေ လာလုပ်နေတာမျိုး ငါအရမ်းမုန်းတယ်… အရင်ဆုံး နင်ဘယ်သူလဲ ငါ့ကိုပြော… ပြီးတော့ နင် ငါ့ကို ဘယ်ခေါ်သွားချင်တာလဲ… အဲ့ကိုခေါ်သွားပြီးတော့ ဘာလုပ်ခိုင်းချင်တာလဲ…”

လီရှီချင်းက တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ပြန်၍ပြောလိုက်သည်။ “အဲ့မေးခွန်းတွေအကုန်လုံးကိုဖြေဖို့ကတော့ သိပ်အဆင်မပြေသေးဘူး… ပြောလို့ရတာတစ်ခုကတော့ သိပ်မကြာခင် ကိစ္စကြီးကြီးတစ်ခု ဖြစ်လိမ့်မယ်… အဲ့အချိန်ကျရင် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားတဲ့ ရှင်က အဓိကအခန်းကဏ္ဍကနေ ပါဝင်လာလိမ့်မယ်… မဟုတ်လို့ရှိရင် ကျွန်မကိုယ်တိုင် ဘာဖြစ်လို့ ရောက်လာမယ်လို့ ထင်လဲ… ကျွန်မဘယ်သူလဲဆိုတာကတော့ ရှင် တစ်နေ့နေ့ကျရင် သိလာမှာပါ… ကျွန်မအဆင့်အတန်းက ရှင့်ကို လုံးဝ အရှက်ရစေမှာမဟုတ်ဘူး…”

ရန်ကိုင်က ပြန်၍ပြောလိုက်လေသည်။ “အခုလိုပြောတာက ဘာမှမပြောတာနဲ့ အတူတူပဲ…” ထိုသို့ပြောပြီးသည့်နောက် ဆက်၍ပြောလိုက်လေ၏။ “အရင်ဆုံး နားကြတာပေါ့… ပြီးရင် ကျန်တဲ့လူတွေဆီ ပြန်သွားကြမယ်…”

ထိုသို့ပြောပြီးသည့်နောက် တင်ပလင်ခွေထိုင်ချကာ လီရှီချင်းအား လျစ်လျူရှုထားလိုက်တော့သည်။

နှလုံးသားစည်းတံဆိပ်ကြောင့် ရန်ကိုင်မှာ လီရှီချင်းအပေါ် သတိချပ်နေစရာ မလိုတော့ပေ။ ရန်ကိုင်မှာ လီရှီချင်း၏ခန္ဓာကိုယ်ကို မြင်ဖူးပြီးသွားပြီဖြစ်သလို ကိုင်လည်း ကိုင်ကြည့်ပြီးသွားခဲ့လေပြီ။ သူမသည်သာ သူ့အပေါ် တစ်ခုခုကြံစည်ချင်သည်ဆိုပါက အစောကြီးတည်းက လုပ်ပြီးနေရပေလိမ့်မည်။ ထိုအကြောင်းကြောင့် ရန်ကိုင်အနေဖြင့် လီရှီချင်းအား စိတ်ပူနေစရာမလို။

ရန်ကိုင်ထိုင်ချလိုက်သည်ကိုမြင်သော် လီရှီချင်းသည် ရန်ကိုင်ဆီသို့ လျှောက်လာပြီး မေးလိုက်လေသည်။ “ဘာလုပ်ချင်နေတာလဲ… ရှင် နှလုံးသားစည်းတံဆိပ်ကနေပြီးတော့ ကျွန်မဘယ်သူလဲဆိုတာကို စစ်ဆေးကြည့်ချင်နေတာလား…”

(ပါးလိုက်တာ…) ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့သည်။ (ရင်သားကြီးတဲ့လူတွေက ဦးနှောက်မရှိဘူးလို့ ဘယ်သူပြောတာလဲ…) ရန်ကိုင်မှာ လီရှီချင်းပြောသည့်အတိုင်း လုပ်ရန်ကြံနေခြင်း ဖြစ်လေသည်။ လီရှီချင်းဆီမှ ဘာကိုမှ မေးမြန်း၍ မရသည့်အတွက်ကြောင့် ထိုနှလုံးသားစည်းတံဆိပ်မှတစ်ဆင့် သဲလွန်စများကို စုံစမ်းစစ်ဆေးရန်သာ ရှိတော့သည်။

သူ၏အသိစိတ်ပင်လယ်ထဲ၌ တစ်ခုခုရှိနေသည်ကို ရန်ကိုင် အသေအချာ ခံစားမိနေသည်။ သို့ပါသော်ငြား ထိုအရာကို မရှာနိုင်ခဲ့ပေ။

ကြည့်ကြည့်ရသလောက် ထိုအရာမှာ နှလုံးသားစည်းတံဆိပ်ဖြစ်မည့်ပုံပင်။ သူသည်သာ ထိုနှလုံးသားစည်းတံဆိပ်ကိုရှာ၍ သေသေချာချာ လေ့လာကြည့်လိုက်မည်ဆိုပါက သဲလွန်စအချို့ကို ရှာတွေ့ကောင်း ရှာတွေ့နိုင်လောက်ပေသည်။

ရန်ကိုင်က လီရှီချင်းကိုကြည့်၍ ပြန်မေးလိုက်သည်။ “နင် ငါ့ကို လာတားမှာလား…”

လီရှီချင်းက ပါးစပ်လေးကိုအုပ်၍ တခစ်ခစ်ရယ်သွမ်းသွေးကာ “ဘာဖြစ်လို့တားရမှာလဲ… စစ်ဆေးကြည့်ချင်တယ်ဆိုရင် သွားစစ်ဆေးကြည့်လိုက်… ဒါပေမယ့် တစ်ခုတော့ ကြိုပြောထားလိုက်မယ်နော်… အဲ့ဒါကို ရှာတွေ့ဖို့ကတော့ ဖြစ်နိုင်မှာမဟုတ်ဘူး… နင့်တစ်ဘဝလုံး အချိန်ကုန်ခံပြီး လိုက်ရှာနေမယ်ဆိုရင်တောင် ရှာလို့တွေ့မှာမဟုတ်ဘူး… ဧကရာဇ်ဒုတိယအဆင့်ပဲရှိသေးတဲ့နင့်လိုလူမပြောနဲ့ မဟာဧကရာဇ်တစ်ပါးကိုယ်တိုင် လာပြီးရှာမယ်ဆိုရင်တောင် ရှာနိုင်မှာမဟုတ်ဘူး…”

ရန်ကိုင်က ပြန်၍ပြောလိုက်သည်။ “ဟမ့်… အပိုတွေ…”

လီရှီချင်း မည်သူမည်ဝါဖြစ်ပါစေ သူမ၏ကျင့်ကြံခြင်းမှာ ရန်ကိုင်နှင့် အဆင့်တူသာ ရှိပေသေးသည်။ ထိုကဲ့သို့ဖြစ်လေရာ မည်ကဲ့သို့များ ယခုကဲ့သို့ အရှက်မရှိ ဝံ့ကြွားစွာ ပြောဆိုရဲရလေသနည်း။

လီရှီချင်းကမူ ပြုံး၍သာ ဆက်ပြောလိုက်သည်။ “အဲ့ဒါဆိုရင်တော့ ကံကောင်းပါစေပေါ့… အစ်မကြီးစောင့်နေမယ်နော်…”

ရန်ကိုင်က နှာခေါင်းရှုံ့လိုက်သည်။ “ကျေးဇူးပဲ…”

ထိုသို့ပြောပြီးသည့်နောက် လီရှီချင်းမှာ အခြားမည်သည့်စကားတစ်ခွန်းမှ ထပ်မပြောတော့ပေ။ ရန်ကိုင်လည်း မျက်လုံးပိတ်၍သာ အာရုံစိုက်နေလိုက်သည်။ ထို့နောက်တွင် ရန်ကိုင်၏နာမ်ဝိဉာဉ်သည် သူ့အသိစိတ်ပင်လယ်ထဲ၌ ပေါ်လာပြီး ဘေးပတ်ဝန်းကျင်ကို သေချာ စတင်လှည့်ပတ်ကြည့်ရှုစစ်ဆေးတော့၏။

အမွေးတိုင်တစ်ချောင်းစာခန့် ကြာပြီးသည့်နောက် ရန်ကိုင် မှုန်ကုပ်ကုပ်အမူအယာဖြင့် မျက်လုံးပြန်ဖွင့်လာခဲ့သည်။

လီရှီချင်းက မေးလိုက်သည်။ “ဘယ်လိုနေလဲ…”

ရန်ကိုင်သည် လီရှီချင်းကို စိုက်ကြည့်၍ “အခုတော့ပြောထားဦးပေါ့… အချိန်မရှိသေးလို့ ခဏလွှတ်ပေးထားလိုက်မယ်… နောက်ကျရင်တော့ ကျိန်းသေရှာတွေ့လိမ့်မယ် အဲ့ဒါကို…”

“အဲ့ဒါဆိုလို့ရှိရင်လည်း သတင်းကောင်းရလာမယ့်အချိန်ကို စောင့်နေရမှာပေါ့…” လီရှီချင်းက ဆက်ပြောလိုက်သည်။ “အခု ဘယ်သွားကြမှာလဲ…”

ရန်ကိုင်မှာမူ ကိုယ့်လမ်းကိုယ်သွားရန် ပြောလိုက်ချင်ပါသော်ငြား ထိုသို့မပြောနိုင်ခဲ့ပေ။ ထိုစကား သူ့ပါးစပ်ဖျားနားသို့ ရောက်သည့်အခိုက် လုံးဝကို ဆက်မပြောနိုင် ဖြစ်သွားခဲ့ရသည်။ ထို့အတွက်ကြောင့် မပျော်မရွှင်ဖြင့်သာ ဆက်၍ပြောလိုက်သည်။ “ကျန်တဲ့လူတွေဆီ ပြန်မှာ…” ထို့နောက်တွင် ရုတ်တရက် သတိပေးလိုက်လေသည်။ “နင် သူတို့ကို တိုက်ခိုက်ရဲမယ်ဆိုရင်တော့ ငါ နင့်ကို ခွင့်လွှတ်မှာမဟုတ်ဘူးနော်…”

လီရှီချင်းက ပြန်ပြောလိုက်သည်။ “စိတ်မပူနဲ့… လာရင်းကိစ္စက ပြီးသွားပြီ… ဒီတော့ အခုကနေစပြီးတော့ နင့်ဘေးနားမှာပဲ နေတော့မှာ…”

ရန်ကိုင်က မျက်မှောင်ကျုံ့၍ ပြန်မေးလိုက်သည်။ “နင် ပန်းပေါင်းစုံတောင်ကြားဆီ မပြန်ဘူးလား…”

လီရှီချင်းက ပြောလိုက်သည်။ “ငါက လီရှီချင်းမဟုတ်ဘူးလေ… ဘာလို့ ပန်းပေါင်းစုံတောင်ကြားဆီ ပြန်ရမှာလဲ…”

“အဲ့ဒါဆို ဒီကိစ္စကို ပန်းအရိပ်မဟာဧကရာဇ်ကို ဘယ်လိုရှင်းပြမှာလဲ… သူ ဒီကိစ္စကို လာစစ်ဆေးမယ်ဆိုရင် နင်ဘယ်သူလဲဆိုတာ ပေါ်သွားမှာလေ…”

လီရှီချင်းသည် ရန်ကိုင်အား ကြည့်ရင်းမှ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်လျက် “နင် ငါ့ကို စိတ်ပူနေတာလား…”

“ဘယ်ကသာစိတ်ပူရမှာလဲ… နင့်ကြောင့် ငါပါ ပြဿနာတက်မှာကို စိတ်ပူနေရတာ… ဘယ်လိုပဲဖြစ်ဖြစ် ဒီကနေထွက်သွားပြီးတော့ ပန်းအရိပ်မဟာဧကရာဇ်ကိုယ်တိုင် လာမမေးရင်တောင် ငါကိုယ်တိုင် သွားပြောပြမှာ…”

လီရှီချင်းကမူ ငြင်းလည်းမငြင်း လက်လည်းမခံဘဲ ပြန်၍သာ ပြောလိုက်လေ၏။ “အဲ့လိုလုပ်လို့ ပျော်တယ်ဆိုရင်လည်း လုပ်ပေါ့…” သူမလေသံနှင့်ပုံစံကို ကြည့်ရသလောက် ရန်ကိုင် သူမအကြောင်းအား ထုတ်ပြောမည်ကို လုံးဝ စိတ်မပူသည့်ပုံပင်။

ထို့အတွက်ကြောင့် ရန်ကိုင်မှာ ဒေါသတကြီးဖြင့် အံကြိတ်၍ ပြောလိုက်လေ၏။ “ကောင်းပြီ… အနည်းဆုံး နင့်နာမည်ဘယ်သူလဲဆိုတာကိုတော့ ငါ့ကိုပြောပြ…”

လီရှီချင်းက ခဏမျှ တိတ်နေပြီးသည့်နောက် တောက်ပစွာပြုံး၍ ပြန်ပြောလိုက်သည်။ “ယုမန်.. ရုယုမန်…”

ရန်ကိုင်က ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် တိတ်သွားခဲ့သည်။ ထို့နောက် ရှေ့မှ ဦးဆောင်ထွက်သွားလေ၏။

ရုယုမန်ကလည်း ရန်ကိုင်နောက်မှ လိုက်လာခဲ့သည်။ သို့သော်ငြား မိုင်အနည်းငယ်ခန့် ပျံသန်းလာပြီးသည့်နောက်တွင် ရုတ်တရက် မိုးခြိမ်းသံတမျှ ကျယ်လောင်သည့် ပေါက်ကွဲသံကြီးကို ကြားလိုက်ရပြီး မြေပြင်တစ်ခုလုံး တသိမ့်သိမ့်တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။

ထို့နောက်တွင် အလွန်တရာကိုမှ ပြင်းထန်လှသည့် ဖိအားတစ်ရပ် သက်ဆင်းလာခဲ့သဖြင့် ရန်ကိုင့်အမူအယာ ယာယီပြောင်းလဲသွားခဲ့ပြီး ချက်ချင်းရပ်၍ မှုန်ထိုင်းနေသော မိုးကောင်းကင်အား မရေရာမသေချာသည့်အမူအယာဖြင့် လှမ်း၍ကြည့်လိုက်သည်။

အစောပိုင်းကပေါက်ကွဲသံသည် မိုးခြိမ်းသံမဟုတ်ဘဲ တစ်စုံတစ်ဦး တိုက်ခိုက်နေရာမှ ထွက်ပေါ်လာသည့် အသံတစ်သံ ဖြစ်ပေသည်။ ရန်ကိုင်အား ထိတ်လန့်သွားစေသည့်အချက်မှာ တိုက်ခိုက်နေသည့်လူများ၏ ကျင့်ကြံခြင်းသည် မဟာဧကရာဇ်အဆင့်သို့ ရောက်နေခြင်းပင်။ မဟာဧကရာဇ်များ တိုက်ခိုက်ရာမှ ထွက်ပေါ်လာသည့် အားလှိုင်းသည်ပင်လျှင် ရန်ကိုင်၏ ရင်တစ်ခုလုံးကို ဗလောင်ဆူသွားစေခဲ့ပြီး သူ့စိတ်နှင့် ခန္ဓာအစုံကို တည်ငြိမ်သွားအောင်လုပ်ရန်အတွက် ဧကရာဇ်ချီကို အသည်းအသန် လှည့်ပတ်လိုက်ရသည်။

(မဟာဧကရာဇ်တွေ ဒီမှာတိုက်ခိုက်နေကြတာလား… ဘယ်မဟာဧကရာဇ်တွေ တိုက်ခိုက်နေကြတာလဲ… ငါ ဒီဝင်ပေါက်ကိုဖွင့်တုန်းက ငါ့ရှေ့ကနေဝင်သွားတဲ့ အဲ့တစ်ယောက်များ တိုက်နေတာလား…)

“စနေပြီပဲ…” ရုယုမန်၏ တီးတိုးစကားကို ရန်ကိုင် ရုတ်တရက် ကြားလိုက်ရသည်။

ရန်ကိုင် ရုယုမန်အား လှမ်း၍ကြည့်လိုက်ရာ ရုယုမန်မှာ ကောင်းကင်ပေါ်သို့ အလေးအနက်အမူအယာဖြင့် စိုက်ကြည့်နေကြောင်း တွေ့လိုက်ရ၏။ တစ်ချိန်တည်းဝယ် သူမ၏မျက်လုံးလေးများထဲ စိတ်လှုပ်ရှားနေသည့်အရိပ်အယောင်၊ မျှော်လင့်နေသည့်အရိပ်အယောင်တို့ကို မြင်တွေ့နေရသည်။

ရုယုမန်မှာ ဧကရာဇ်ချီကိုသုံး၍ သူမကိုယ်သူမ ကာကွယ်ထားခြင်း မရှိသည်ကို မြင်ပြီးသည့်နောက် ရန်ကိုင်မှာ အနည်းငယ် အံ့အားသင့်သွားခဲ့လေသည်။ သူတို့နှစ်ဦးစလုံးမှာ ဧကရာဇ်ဒုတိယအဆင့်ပညာရှင်များ ဖြစ်ကြသည်။ သို့ပါသော်ငြား သူ့ခမျာ စွမ်းအင်လှိုင်းများကြောင့် အသည်းအသန်ဖြစ်နေချိန် ရုယုမန်မှာ ဘာကြောင့် ဤမျှ အေးအေးဆေးဆေးဖြစ်နေရလေသနည်း။

ဧကရာဇ်ဒုတိယအဆင့် ကျင့်ကြံသူများထဲဝယ် သူ့ထက်ပိုသာသည့် ကျင့်ကြံသူတစ်ဦး ရှိသည်ဟူသောအချက်ကို ရန်ကိုင် မယုံကြည်နိုင်ပေ။ သူသည်သာ အစွမ်းကုန်ထုတ်သုံးမည်ဆိုလျှင် မဟာဧကရာဇ်တစ်ပိုင်းကိုပင်လျှင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည်။ သို့ပါသော်ငြား ရုယုမန်၏စွမ်းဆောင်ရည်မှာ လက်ရှိရန်ကိုင်ထက် ပိုမိုသာလွန်နေခဲ့သည့်အတွက်ကြောင့် ရန်ကိုင်မှာ အံ့အားသင့်နေမိလေ၏။

တစ်ခဏမျှတုံ့ဆိုင်းနေပြီးသည့်နောက် ရန်ကိုင်ကမေးလိုက်လေ၏။ “ဘာစတာလဲ…”

ရုယုမန်ကမူ ခေါင်းသာခါပြခဲ့ပြီး ဘာမျှပြန်မပြောခဲ့ပေ။

နောက်ထပ် ကျယ်လောင်သည့် ပေါက်ကွဲသံကြီးနှင့်အတူ ကောင်းကင်ထက် အနက်ရောင်အက်ကွဲကြောင်းကြီးတစ်ခု‌ ပေါ်လာခဲ့သည်။ ဟင်းလင်းပြင်မှာလည်း စတင်၍ မတည်မငြိမ်ဖြစ်လာခဲ့ပြီး သေးငယ်လှသည့် အက်ကြောင်းလေးများ ဟိုတစ်နေရာတစ်စ သည်နေရာတစ်စ စတင်၍ ထွက်ပေါ်လာခဲ့လေသည်။

သီးခြားကမ္ဘာမှာ မဟာဧကရာဇ်နှစ်ဦး၏တိုက်ခိုက်မှုဒဏ်ကို မခံနိုင်ခဲ့ပေ။ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် အနှေးနှင့်အမြန်ဆိုသလို ဤသီးခြားကမ္ဘာတစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။

ထိုအခိုက်အတန့်ဝယ် ရန်ကိုင်က အော်ပြောလိုက်လေ၏။ “မြန်မြန်…”

အော်ပြောနေရင်းမှ ရှေ့သို့ တဟုန်ထိုး ပြေးထွက်သွားလေသည်။ ရုယုမန်သည် ကောင်းကင်ပေါ်သို့ တစ်ချက်လှမ်းကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင်နောက်မှ လိုက်သွားလေ၏။

သွားနေရင်းမှ ရန်ကိုင်တို့ရှေ့၌ လူများစွာ ပေါ်လာကြသည်။ ထိုလူများမှာ လန်ရွှင်း၊ လင်းယွင်အာနှင့် အခြားသူများမှလွဲ၍ အခြားမဟုတ်ကြပေ။

“စီနီယာအစ်မ ဘာမှဖြစ်မသွားဘူးမလား…” လန်ရွှင်းသည် ရုယုမန်ကိုကြည့်ရင်းမှ မေးလိုက်သည်။

“သူအဆင်ပြေတယ်…” ရန်ကိုင် ခေါင်းခါပြလိုက်သည်။ ရုယုမန်ဘာလုပ်ခဲ့သလဲ သူမဘာကြောင့် တိတ်တဆိတ်ထွက်သွားသလဲဆိုသည်ကိုတော့ ရှင်းပြမနေခဲ့ပေ။ ရှင်းရှင်းပြောရသော် ရန်ကိုင်ကိုယ်တိုင်သည်လည်း ထိုကိစ္စနှင့်ပတ်သက်၍ အနည်းငယ် ဇဝေဇဝါဖြစ်နေမိပေသည်။ သို့ပါသော်ငြား လက်ရှိအချိန်တွင် အခြားသော ဦးစားပေးရမည့်ကိစ္စများ ရှိနေသည့်အတွက်ကြောင့် ပြန်၍သာ ပြောလိုက်လေ၏။ “အခု ဒီမှာ ဆက်နေဖို့ အဆင်မပြေတော့ဘူး… ငါ့နောက်လိုက်ခဲ့ပေတော့… ငါတို့ ဒီကနေ မြန်မြန်ထွက်သွားမှရမယ်…”

လန်ရွှင်းနှင့် အခြားသူအားလုံး ခေါင်းညိတ်ပြလိုက်ကြသည်။ လက်ရှိအခြေအနေကို လူတိုင်း နားလည်ထားကြပေသည်။ နတ်ဘုရားနှင့် မသေမျိုးများ တိုက်ခိုက်ကြသည့်အခါ သေမျိုးသည်သာ ခံစားကြရသည်။ ထို့အတွက်ကြောင့် သူတို့သည်သာ ဤနေရာတွင် ဆက်နေမည်ဆိုပါက ပြဿနာအရှုပ်အရှင်းထဲ ရောပါသွားရနိုင်ပေသည်။

သို့ပါသော်ငြား ထွက်ပေါက် မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကိုတော့ မည်သူမျှ မသိကြချေ။ ရန်ကိုင်လုပ်နိုင်သည့်အရာမှာ အားလုံးကိုဦးဆောင်၍ ထွက်ပေါက်အား ရှာရုံသာ ရှိပေသည်။

“ဟမ်…” ပျံသန်းနေရင်းမှ လင်းယွင်အာသည် ရုတ်တရက် အာမေဋိတ်သံပြုလျက် “အဲ့ဒါ ဆရာရဲ့အရှိန်အဝါပဲ…”

ရန်ကိုင်သည် လင်းယွင်အာကြည့်နေရာအရပ်ဆီသို့ လှမ်းကြည့်ရင်းမှ မေးလိုက်လေ၏။ “စီနီယာသံမဏိသွေး အဲ့မှာရှိနေတာလား…”

လင်းယွင်အာက ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်တယ်… ဆရာ့ရဲ့အရှိန်အဝါဆိုတာ လုံးဝသေချာတယ်…”

သူမသည် သံမဏိသွေးမဟာဧကရာဇ်၏ တစ်ဦးတည်းသော တပည့်ဖြစ်သည်။ သူမဆရာနှင့် နှစ်ပေါင်းများစွာ အတူနေလာသည့်အတွက်ကြောင့် သူမဆရာ၏အရှိန်အဝါကို အထင်မှားစရာအကြောင်း လုံးဝမရှိပေ။

“ဒီတော့ စီနီယာသံမဏိသွေး ဒီကိုရောက်နေတာပေါ့…” ကောင်းကျန်းက ရုတ်တရက်ပြောလိုက်သည်။ “ဒါကြောင့်ပဲ တိုက်ပွဲက ဒီလောက်ပြင်းတာကိုး…”

လန်ရွှင်းက ပြန်၍မေးလိုက်သည်။ “ဒါပေမယ့် စီနီယာသံမဏိသွေးက ဘယ်သူနဲ့တိုက်ခိုက်နေတာလဲ…”

ထိုစကားကိုကြားသည့်အခါ လူတိုင်း ခေါင်းခါပြလိုက်ကြသည်။ စီနီယာသံမဏိသွေးနှင့် တိုက်ခိုက်နေသည့် အခြားသောမဟာဧကရာဇ်တစ်ပါး ရှိနေရလိမ့်မည်မှန်း သိနေပါသော်ငြား ထိုမဟာဧကရာဇ် မည်သူမည်ဝါဖြစ်သလဲဆိုသည်ကိုတော့ မသိကြပေ။

ထိုအခိုက်အတန့်ဝယ် မီးခိုးရောင်ကမ္ဘာကြီးမှာ ရုတ်တရက်ဆိုသလို မှောင်ကျသွားခဲ့သည်။ လူတိုင်းမှာ ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးပင် ဖြစ်လင့်ကစား ဘာကိုမျှ မမြင်နိုင်တော့ပေ။ သူတို့၏အမြင်အာရုံများသာလျှင် မှောင်ကျသွားခဲ့ခြင်းမဟုတ် ကောင်းကင်စိတ်အာရုံဖြင့်ပင်လျှင် ပတ်ဝန်းကျင်အား စစ်ဆေး၍မရတော့ပေ။

“ညအရိပ်မဟာဧကရာဇ်…” လန်ရွှင်းက အလန့်တကြား ထအော်လေသည်။

ဤကဲ့သို့သောအရာမျိုးကို လုပ်နိုင်သည့်လူဆို၍ ညအရိပ်မဟာဧကရာဇ်သာ ရှိပေသည်။ ညအရိပ်မဟာဧကရာဇ်သည်သာ အမှောင်ထုအား ကျွမ်းကျင်ထားသည့်လူတစ်ဦး မဟုတ်ပေလော။ ထိုအကြောင်းကြောင့် သံမဏိသွေးမဟာဧကရာဇ်နှင့် တိုက်ခိုက်နေသူမှာ ညအရိပ်မဟာဧကရာဇ်ဖြစ်နေမှန်း လန်ရွှင်းသိသွားတော့၏။

“တကယ်ကြီး သူလား…” ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့သည်။ သူလာရာလမ်းတွင် လန်ရွှင်းပျောက်ကွယ်သွားရခြင်းမှာ ညအရိပ်မဟာဧကရာဇ်နှင့် ပတ်သက်နေသည်ဟု ရှောင်ယုယန်မှ ပြောခဲ့သည်။ သို့ပါသော်ငြား ထိုအရာမှာ ခန့်မှန်းချက်သက်သက်သာဖြစ်ပြီး မည်သည့်သက်သေမှ ရှိမနေခဲ့ပေ။ သို့ပါသော်ငြား လက်ရှိအခြေအနေကို ကြည့်ရသလောက် ရှောင်ယုယန်၏ခန့်မှန်းချက်မှာ မှန်ကန်နေသည့်ပုံပင်။

ကောင်းကျန်းက ဇဝေဇဝါအမူအယာဖြင့် “ထူးဆန်းလိုက်တာ… စီနီယာသံမဏိသွေးက ဘာဖြစ်လို့ စီနီယာညအရိပ်နဲ့ တိုက်ခိုက်နေတာလဲ…”

ပတ်ဝန်းကျင်အား မြင်လည်းမမြင်ရ ကောင်းကင်စိတ်အာရုံကို သုံး၍လည်း စစ်ဆေး၍မရတော့သည့်အတွက်ကြောင့် လူတိုင်းမှာ ရှေ့ဆက်မသွားကြတော့ဘဲ ရပ်နေလိုက်ကြလေသည်။

ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ရှင်းပြလိုက်လေ၏။ “မင်းတို့တွေအားလုံး ပြန်ပေးဆွဲခံလိုက်ရတာ အရိပ်သတ်ဖြတ်သူနန်းတော်နဲ့ ပတ်သက်နေတယ်လို့ ကြယ်ဝိဉာဉ်နန်းတော်က သံသယရှိနေတာ… အဲ့ဒါသာ မှန်မယ်ဆိုရင်တော့ ဒီစီနီယာနှစ်ယောက် တိုက်ခိုက်နေတာ မထူးဆန်းတော့ဘူး…”

(ဒါပေမယ့် မဟာဧကရာဇ်နှစ်ပါးတိုက်ခိုက်နေတာ တော်တော်လေးကြာဦးမှာ… ဘယ်သူနိုင်မလဲဆိုတာကို အချိန်တိုအတွင်း ပြောနိုင်မှာမဟုတ်ဘူး…) ရန်ကိုင်မှာ စတင်၍ စိတ်ပူလာတော့သည်။

(အခုအခြေအနေနဲ့ဆိုရင်တော့ ငါတို့ ဘယ်လိုမှ ရှေ့ဆက်သွားလို့ရတော့မှာမဟုတ်တော့ဘူး… ဒါပေမယ့် မဟာဧကရာဇ်တိုက်ပွဲစလို့ ဒီသီးခြားကမ္ဘာတစ်ခုလုံးသာ ပျက်စီးသွားမယ်ဆိုလို့ရှိရင် အကုန်လုံး ဟင်းလင်းပြင်အက်ကြောင်းထဲ ရောပါသွားမှာ… ဘယ်သူမှလွတ်တော့မှာမဟုတ်ဘူး...)

ရန်ကိုင် ထိုအကြောင်းကိုတွေးရင်း စိတ်ပူနေစဉ်မှာပင် မျက်စိကျိန်းမတတ်အလင်းတန်းတို့ ဖြာထွက်လာခဲ့ပြီး မှောင်မိုက်နေသောလောကကြီးမှာ တစ်ဖန် ပြန်လည်လင်းထိန်လာခဲ့သည်။

လူတိုင်းမှာ အပေါ်ကို မော့၍ ကြည့်လိုက်ရာ ကောင်းကင်ထက်တွင် ဟီးလေးခိုနေသော လပြည့်ဝန်းတစ်ခုကို မြင်တွေ့လိုက်ရလေ၏။

“အဖေလား…” လန်ရွှင်း အံ့အားသင့်တကြီး ဆိုလိုက်သည်။

All Chapters