အခန်း ၅၂၅
Vol. 44 Ch. 525
အခန်း(၅၂၅)
"မင်း... မင်းက လူပုတွေကို သိတာလား" မိုက်ကယ်ကို ကြည့်ပြီး မက်စ်က တုန်တုန်လှုပ်လှုပ်နဲ့ အံ့ဩတကြီး မေးလိုက်တယ်။
"အေးပေါ့ဗျာ၊ ကျွန်တော်နဲ့ လူပုဘုရင်နဲ့က စီးပွားရေးအရ သဘောတူညီချက် ယူထားတာရှိတယ်။ သူတို့က ကျွန်တော်တို့ကို ဒမတ်စကတ်စတီးလ် ပေးပြီး ကျွန်တော်တို့က သူတို့ကို အယ်လ်ဖ်ယမကာ ပြန်ပေးတာလေ။ မင်းလည်း နောက်ကျရင် ရီနေးတားနိုင်ငံတော်ဆီ လာလည်ဦး၊ အဲဒါမှ သူတို့ကို ကိုယ်တိုင်ကိုယ်ကျ မြင်ရမှာ"
မိုက်ကယ်က လူမှုပတ်ဝန်းကျင်နဲ့ လုံးဝမရောနှောဘဲ နေတတ်တယ်လို့ နာမည်ကြီးတဲ့ လူပုတွေနဲ့ အဆက်အသွယ်ရှိနေမှန်း သိလိုက်ရတဲ့အခါ မက်စ်နဲ့ ဗန်ဒါဘစ်မိသားစုတစ်ခုလုံး ပါးစပ်အဟောင်းသားနဲ့ မှင်တက်သွားကြတယ်။ လေလံပွဲထဲကလူတွေကတော့ အရည်အသွေး အကောင်းစား ဒမတ်စကတ်စတီးလ် ချပ်ဝတ်တန်ဆာတွေကို ရဖို့ အလုအယက် လုနေကြချိန်မှာ မိုက်ကယ်ဆီမှာတော့ အဲဒီပစ္စည်းတွေက အပုံအပင် ရှိနေပြီး သူ့ဆီက အရည်အသွေးအညံ့ဆုံးဆိုတဲ့ ချပ်ဝတ်တန်ဆာကတောင် အင်အားကြီးအဖွဲ့အစည်းတွေ မျက်စိကျလောက်တဲ့အထိ ဖြစ်နေတာပေါ့။
ရွှေဒင်္ဂါးပြား ၂ သန်းကျော်တန်တဲ့ ဒီလိုရတနာမျိုးကို ရီနေးတားလူမျိုးတွေက တန်ဖိုးမရှိတဲ့ ပစ္စည်းတစ်ခုလို သဘောထားနေကြတာကို မြင်ရတာက တကယ့်ကို ယဉ်ကျေးမှုချင်း ရိုက်ခတ်မှုအကြီးကြီး ဖြစ်စေခဲ့တယ်။
"နှစ်သန်းခွဲ... နှစ်သန်းခွဲ ပေးမယ့်သူ ရှိပါပြီ" ဘာနာဘီက လူအုပ်ကြီးကို ကြည့်ပြီး စိတ်လှုပ်ရှားစွာ အော်ပြောလိုက်တယ်။ "လူကြီးမင်းတို့ခင်ဗျာ... နောက်ဆုံးတော့ ပိရမစ်ဒစ် ကျူဇင်းက လေလံပွဲထဲကို ဝင်ရောက်လာခဲ့ပါပြီ"
ဒီလောက်ကြီးမားတဲ့ လေလံဈေး ထွက်လာပြီးတဲ့နောက်မှာတော့ တံခါးခေါက်သံတွေ လုံးဝ တိတ်ဆိတ်သွားခဲ့တယ်။ ဘယ်သူမှ ဒီထက်ပိုပြီး ဈေးမတိုးချင်ကြတော့ဘူး။
နှစ်သန်းခွဲ ဟုတ်လား၊ မဆိုးပါဘူးလို့ မိုက်ကယ် စိတ်ထဲကနေ တွေးလိုက်တယ်။ မက်ထရိုပိုလစ်မှာ ရှိတဲ့လူတွေအတွက် ဒီပစ္စည်းတွေက ဘယ်လောက်တောင် တန်ဖိုးရှိနေလဲဆိုတာ မြင်လိုက်ရတော့ လူပုတွေဆီက ပစ္စည်းအချို့ကို လေလံပွဲထဲ ထည့်မရောင်းခဲ့မိတာကို သူ နည်းနည်း နောင်တရမိသွားတယ်။
"နှစ်သန်းခွဲ တစ်ကြိမ်... နှစ်သန်းခွဲ နှစ်ကြိမ်... အတည်ပြုပါတယ်၊ အခု လေလံပွဲရဲ့ လက်ခံလိုက်တဲ့ ဈေးနှုန်းကတော့ နှစ်သန်းခွဲ ဖြစ်သွားပါပြီ"
လူအုပ်ကြီးက လက်ခုပ်တီးပြီး အော်ဟစ်အားပေးရင်း သူတို့ရှိနေတဲ့ သီးသန့်အခန်းဆီ မော့ကြည့်လာကြတယ်။
ဒါဆို သူတို့ အခုပဲ ချပ်ဝတ်တန်ဆာကို ရတော့မှာလား၊ ဘာနာဘီ ပြောခဲ့တဲ့ စိန်ခေါ်တိုက်ခိုက်ပွဲ အစီအစဉ်ကကော ဘယ်လိုဖြစ်သွားပြီလဲ။
လေလံဈေးက ထိပ်ဆုံးကို ရောက်သွားခဲ့ပေမဲ့ ပိရမစ်ဒစ် ကျူဇင်း ဘက်ကနေ ဘာအောင်ပွဲခံတာမျိုးမှ မရှိတာကို သူ သတိထားမိလိုက်တယ်။ တကယ်တော့ တခြားကုမ္ပဏီတွေကပါ ပိုပြီး တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ကို ကိုင်းညွတ်ပြီး အာရုံစိုက်နေကြတာက တကယ့်တိုက်ပွဲအစစ်အမှန်က အခုမှ စတော့မယ့်အတိုင်းပဲ။
"ကဲ... အခုဆိုရင် စိတ်လှုပ်ရှားစရာ အပိုင်းကို ရောက်လာခဲ့ပါပြီ၊ ပိရမစ်ဒစ် ကျူဇင်းနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ဖို့အတွက် ရွှေဒင်္ဂါးပြား နှစ်သန်းခွဲ ထပ်ပေးမယ့်သူ ရှိသေးလားဗျာ" ဘာနာဘီက ကွင်းထဲကို ဝေ့ဝဲကြည့်ရင်း မေးလိုက်တယ်။
အဲဒီအချိန်မှာပဲ ပိရမစ်ဒစ် ကျူဇင်းရဲ့ အခန်းဘေးတင်ရှိတဲ့ မှန်အမည်းဆီကနေ တံခါးခေါက်သံတစ်ချက် ထွက်ပေါ်လာခဲ့တယ်။
"ခရိုကိုဒိုင်းလယ်သာကလည်း ပွဲထဲကို ပါဝင်လာခဲ့ပါပြီ ခင်ဗျာ၊ သူတို့ကလည်း ရွှေဒင်္ဂါးပြား နှစ်သန်းခွဲကို အပြည့်အဝ ပေးချေဖို့ အသင့်ရှိနေပါတယ်"
ဘာတွေဖြစ်နေတာလဲ၊ တခြားကုမ္ပဏီတစ်ခုကလည်း နှစ်သန်းခွဲ ထပ်ပေးတာလားလို့ မိုက်ကယ် ကိုယ့်ဘာသာ ပြန်မေးလိုက်တယ်။ ပိရမစ်ဒစ် ကျူဇင်းရဲ့ မြင့်မားတဲ့ဈေးနှုန်းကို ဘယ်သူမှ မကျော်နိုင်တော့တာမို့ လေလံပွဲက ပြီးသွားပြီလို့ သူ ထင်ထားခဲ့တာလေ။
မကြာခင်မှာပဲ နောက်ထပ် တံခါးခေါက်သံတစ်ချက် ထွက်လာပြန်တယ်။
"ကြည့်ရတာတော့ မောင်တိန်မူးဗားစ်ကလည်း ဝင်ရောက်တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်တဲ့ပုံပဲ၊ ဒါက သုံးပွင့်ဆိုင်တိုက်ပွဲ ဖြစ်သွားမလား... ဒါမှမဟုတ် ရိုင်းဇင်းဆစ်တွေကို ရင်ဆိုင်ရဲတဲ့ သတ္တိရှိတဲ့ တခြားကုမ္ပဏီတွေ ထပ်ရှိဦးမလား"
ဘာနာဘီရဲ့ စကားတွေက တခြားကုမ္ပဏီအားလုံးကို လေလံဆွဲဖို့ တိုက်ရိုက် စိန်ခေါ်လိုက်သလိုပါပဲ။ လူတွေ ပိုပါဝင်လာလေလေ၊ ကြည့်ရတာ ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းလေလေပဲ။
ဒုန်း
ဒုန်း
ဒုန်း
မမျှော်လင့်ဘဲ အခြေအနေတွေက ရုတ်ချည်းပြောင်းလဲသွားပြီး ကျန်တဲ့ ရိုင်းဇင်းဆစ် ကုမ္ပဏီတွေကလည်း နှစ်သန်းခွဲ ဈေးနှုန်းနဲ့ပဲ သူတို့ရဲ့ နာမည်တွေကို စာရင်းသွင်းဖို့ ဆုံးဖြတ်လိုက်ကြတယ်။
"တစ်ကြိမ်... နှစ်ကြိမ်... အတည်ပြုပါတယ်၊ အံ့ဩစရာပါပဲ ခင်ဗျာ၊ လူကြီးမင်းတို့... ညဦးပိုင်းမှာတင် ရိုင်းဇင်းဆစ်တွေအချင်းချင်း တိုက်ခိုက်ကြတာကို မြင်ရလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး" ဘာနာဘီက ပြုံးရွှင်စွာ ပြောလိုက်တယ်။ "ကဲ... အခုဆိုရင် လေလံပွဲရဲ့ ဒုတိယပိုင်းကို စတင်ပါတော့မယ်..."
ဘာနာဘီက စင်ပေါ်ကနေ ဖယ်ပေးပြီး ပွဲကြည့်စင်ဘက်ကို လျှောက်သွားခဲ့တယ်။ သူက အဖြူရောင်စင်မြင့်နဲ့ လုံးဝ ဝေးကွာသွားတဲ့အခါမှာတော့ သူ့ရဲ့ အလုပ်သမားတွေကို မန္တန်စတင်ဖို့အတွက် ခေါင်းလောင်းလေးနဲ့ အချက်ပြလိုက်ပြီး စင်မြင့်တစ်ခုလုံးကို လွှမ်းခြုံသွားတဲ့ ဧရာမ မှော်စက်ဝိုင်းကြီးတစ်ခုကို ဖန်တီးလိုက်တယ်။
လေလံကွင်းဘေးက မှော်ဆရာ ငါးယောက်ဆီကနေ မှော်စွမ်းအင်တွေက မှော်စက်ဝိုင်းထဲကို စီးဝင်သွားခဲ့တယ်။
စင်မြင့်က ရုတ်တရက် နှစ်ခြမ်းကွဲထွက်သွားပြီး အက်ကြောင်းတွေကြားထဲကနေ လင်းထိန်နေတဲ့ အဖြူရောင်အလင်းတန်းတွေ ထွက်ပေါ်လာတယ်။
စင်မြင့်က ကွင်းထဲကနေ ဆက်ပြီး ပွင့်ထွက်သွားပြီး လေလံပွဲရဲ့ အလယ်ဗဟိုမှာ အလွန်နက်ရှိုင်းတဲ့ အပေါက်ကြီးတစ်ခု ပေါ်လာခဲ့တယ်။
လူအုပ်ကြီးက တောက်ပနေတဲ့ အပြာရောင်အပေါက်ကြီးထဲကို ငုံ့ကြည့်ရင်း အံ့ဩတကြီးနဲ့ ရင်သပ်ရှုမော ဖြစ်သွားကြတယ်။
သူတို့ မြင်လိုက်ရတဲ့အရာကြောင့် ဘာနာဘီက လေလံဆွဲသူ ခုနစ်ဖွဲ့အတွက် ပြင်ဆင်ပေးထားတဲ့ ဆန်းကြယ်တဲ့ စင်မြင့်ကြီးကို လက်ခုပ်တီး ချီးကျူးလိုက်ကြတယ်။
မိုက်ကယ်လည်း ဘာတွေဖြစ်နေလဲဆိုတာ သဘောပေါက်သွားပြီး မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။
ဒါက ရိုးရိုးအပေါက်မဟုတ်ဘူး... ဒါက မှော်ကမ္ဘာငယ်လေးဆီကို ဖွင့်ထားတဲ့ ပြတင်းပေါက်ပဲ။
သူနဲ့ တခြားလူတွေက မှန်အမည်းကနေတစ်ဆင့် အပေါက်ထဲကို ငုံ့ကြည့်လိုက်တဲ့အခါ ဆန်းကြယ်လှတဲ့ မြင်ကွင်းတစ်ခုကို မြင်လိုက်ရတယ်။
ဒါက လေလံကွင်းကြီးကိုယ်တိုင်က ကမ္ဘာမြေရဲ့ ကောင်းကင်ယံအမြင့်ကြီး၊ တိမ်တိုက်တွေကြားထဲ၊ မြေပြင်အထက် ပေပေါင်းသောင်းချီတဲ့ နေရာမှာ ရှိနေသလိုမျိုးပဲ။ ပြီးတော့ အလယ်က အပေါက်ကနေတစ်ဆင့် ဒီကမ္ဘာသစ်ကို ဧရာမ ငါးကန်ကြီးတစ်ခုလို ငုံ့ကြည့်နိုင်တာပေါ့။
သူ ရပ်နေတဲ့ နေရာကနေ ကြည့်ရင် မြေပြင်အလယ်မှာ ထူထပ်လှတဲ့ ထင်းရှူးတောအုပ်ကြီး ရှိနေပြီး နယ်မြေအတော်များများကို သဘာဝ စိမ်းစိုရောင်တွေနဲ့ ဖုံးလွှမ်းထားတယ်။ အဲဒီဘေးမှာတော့ ကောင်းကင်ယံအထိ မြင့်တက်နေပြီး အပေါက်ရဲ့ အနားသတ်တွေအထိ နီးကပ်နေတဲ့ တောင်ကြီးတစ်တောင် ရှိနေတယ်။
ပြီးတော့ သူ့ရဲ့ အဆင့်မြင့်စွမ်းရည်ကို အသုံးပြုပြီး ကြည့်လိုက်တဲ့အခါ အောက်ခြေမှာ ပုံမှန်အတိုင်း ရှင်သန်နေထိုင်နေကြတဲ့ သတ္တဝါတွေကိုပါ မြင်လိုက်ရတယ်။
ဒါက မှော်ကမ္ဘာငယ်လေးတစ်ခုနဲ့တောင်မတူဘဲ သူ့ရဲ့ ကိုယ်ပိုင်ဂေဟစနစ်နဲ့ တည်ရှိနေတဲ့ ကမ္ဘာသစ်တစ်ခုလုံး အတိုင်းပါပဲ။
"ဒါက လေလံဆွဲသူတို့အတွက် ကျွန်တော်တို့ လေလံပွဲရဲ့ ကစားပွဲတစ်ခုကို ဆင်နွှဲရမယ့် စင်မြင့်ကြီး ဖြစ်ပါတယ်၊ စည်းကမ်းချက်တွေကတော့ ရိုးရှင်းပါတယ်၊ ရွှေဒင်္ဂါးပြားကို ရှာဖွေပြီး တောင်ရဲ့ ထိပ်ဆုံးဆီကို ယူဆောင်လာခဲ့ရမယ်၊ ဘယ်သူက ဒီတာဝန်ကို အရင်ဆုံး အောင်မြင်အောင် လုပ်နိုင်မလဲ... အဲဒီသူက လူပုချပ်ဝတ်တန်ဆာတွေကို ဝယ်ယူခွင့် ရရှိမှာဖြစ်ပါတယ်"
လူအုပ်ကြီးဆီကနေ စိတ်လှုပ်ရှားစွာ တီးတိုးပြောဆိုသံတွေ ဆူညံသွားခဲ့တယ်။ မိုက်ကယ်က အောက်က ကုမ္ပဏီတွေကို ငုံ့ကြည့်လိုက်တဲ့အခါ သူတို့အချင်းချင်း ဆွေးနွေးနေကြတာကို မြင်ရတယ်။ စည်းကမ်းချက်တွေကို ကြားပြီးတဲ့နောက် ကစားပွဲအတွက် သူတို့ စီစဉ်နေကြပြီဆိုတာ အလွယ်တကူ ခန့်မှန်းလို့ရတာပေါ့။
"ကဲ... အခုဆိုရင် သင်တို့ရဲ့ တိုက်ခိုက်ရေးသမားတွေကို စာရင်းတင်ရမယ့်အချိန် ရောက်ပါပြီ၊ ပိရမစ်ဒစ် ကျူဇင်း... သင်တို့က ပထမဆုံး စတင်ကမ်းလှမ်းရမှာ ဖြစ်ပါတယ်" ဘာနာဘီက သူတို့ရဲ့ နောက်ထပ်စကားကို စိတ်ရှည်လက်ရှည်နဲ့ စောင့်ဆိုင်းရင်း ပြောလိုက်တယ်။
မကြာခင်မှာပဲ မှန်အမည်းဆီကနေ တံခါးခေါက်သံတစ်ချက် ထွက်ပေါ်လာခဲ့တယ်။
အဲဒီနောက်မှာတော့ ဝတ်စုံအနက်ရောင်ကို စမတ်ကျကျ ဝတ်ဆင်ထားတဲ့ လူတစ်ယောက်က မဖွင့်ရသေးတဲ့ ပရပိုဒ်တစ်ခုကို ကိုင်ဆောင်ပြီး ဘာနာဘီဆီ လျှောက်လာခဲ့တယ်။
ဘာနာဘီက စက္ကူချပ်ကို လက်ခံလိုက်ပြီး ချည်နှောင်ထားတဲ့ ကြိုးတွေကို ဖြည်ကာ ဖြန့်လိုက်တယ်။
"ပိရမစ်ဒစ် ကျူဇင်းက လေလံပွဲအတွက် သူတို့ရဲ့ အရာရှိ ခြောက်ယောက်ပဲ စေလွှတ်ဖို့ ဆန္ဒရှိပါတယ်၊ သူတို့ရဲ့ ကမ်းလှမ်းမှုကို ကျော်ပြီး ကမ်းလှမ်းချင်တဲ့သူ ရှိပါသလား" ဘာနာဘီက ပိရမစ်ဒစ် ကျူဇင်းဆီကနေ ရရှိတဲ့ ပရပိုဒ်ကို ကျန်တဲ့ ကုမ္ပဏီငါးခုကို ပြသရင်း မေးလိုက်တယ်။
ဒုန်း
ဒီတစ်ကြိမ်မှာတော့ တံခါးခေါက်သံက အယ်လီဂေတာ ကုမ္ပဏီဆီကနေ ထွက်လာခဲ့တယ်။ ပြီးတော့ အရင်အတိုင်းပဲ နောက်ထပ်လူတစ်ယောက် ထွက်လာပြီး ဘာနာဘီဆီ ပရပိုဒ်တစ်ခု ပေးအပ်လိုက်တယ်။
"ကမ်းလှမ်းမှုအသစ် ထွက်ပေါ်လာပါပြီ၊ အယ်လီဂေတာ ကုမ္ပဏီကတော့ သူတို့ရဲ့ အရာရှိ လေးယောက်ပဲ စေလွှတ်ဖို့ ဆန္ဒရှိပါတယ်"
အဲဒီနောက်မှာတော့ စက္ကန့်အနည်းငယ် ကုန်ဆုံးသွားပြီး ဘယ်ကုမ္ပဏီကမှ ထပ်ပြီး ဈေးပြိုင်မကမ်းလှမ်းကြတော့ဘူး။ ဘာနာဘီက အချိန်စရေတွက်တော့တယ်။
"တစ်ကြိမ်... နှစ်ကြိမ်... သုံးကြိမ်... အတည်ပြုပါတယ်၊
ဒီကုမ္ပဏီ ခြောက်ခုက ကျွန်တော်တို့ရဲ့ ကစားပွဲမှာ တိုက်ခိုက်ဖို့အတွက် သူတို့ရဲ့ အတော်ဆုံး အရာရှိ လေးယောက်စီကို စေလွှတ်ဖို့ ဆန္ဒရှိကြပါတယ်၊ ဘယ်သူပဲနိုင်နိုင်... အနိုင်ရတဲ့သူက ရွှေဒင်္ဂါးပြား ၂ သန်းခွဲနဲ့ လူပုချပ်ဝတ်တန်ဆာတွေကို ဝယ်ယူခွင့် ရရှိမှာ ဖြစ်ပါတယ်"
လူအုပ်ကြီးက ဘယ်သူ အနိုင်ရမလဲဆိုတာကို ခန့်မှန်းတွက်ချက်ရင်း အော်ဟစ်အားပေးသံတွေ၊ အပြင်းအထန် ဆွေးနွေးသံတွေနဲ့ ဆူညံသွားခဲ့တယ်။
"ပိရမစ်ဒစ် ကျူဇင်းပဲ ဖြစ်ရမယ်၊ သူတို့က အစားအသောက် ကုမ္ပဏီဖြစ်နိုင်ပေမဲ့ ဘိုးရဲ့ ဘေးနားမှာ အားကောင်းတဲ့ တိုက်ခိုက်ရေးသမားတွေ အများကြီး ရှိတယ်"
"ကျွန်တော်ကတော့ အယ်လီဂေတာ ကုမ္ပဏီ ဖြစ်လိမ့်မယ်လို့ ထင်တယ်၊ သူတို့ရဲ့ အရာရှိတစ်ယောက်က ရတနာရှာဖွေတဲ့နေရာမှာ တော်တော်တော်တယ်လို့ ကျွန်တော် မှတ်မိနေတယ်"
အရာအားလုံး ဖြစ်ပျက်သွားတာကို စောင့်ကြည့်ပြီးတဲ့နောက်မှာတော့ မိုက်ကယ်က လေလံပွဲရဲ့ စည်းကမ်းချက်တွေကို နောက်ဆုံးမှာ သဘောပေါက်သွားခဲ့တယ်။
ရွှေဒင်္ဂါးပြားတွေနဲ့ လေလံဆွဲတာက ရိုးရိုးငွေကြေးတန်ဖိုးအတွက်တင် မဟုတ်ဘူး။ ဒါက အဲဒီပစ္စည်းကို ပိုင်ဆိုင်ခွင့်ရဖို့ ကစားပွဲထဲကို ဝင်ရောက်ခွင့်ရမယ့် ဝင်ကြေးအနေနဲ့ပါ အသုံးပြတာ ဖြစ်နေတာပေါ့။
* * * * * * * *
စာစဉ်(၄၄)