← Chapters

အခန်း ၅၃၅

Vol. 45 Ch. 535

အခန်း ၅၃၅

Vol. 45 Ch. 535

အခန်း(၅၃၅)

“ရိုင်းဇင်းဆစ်အဖွဲ့က ပစ်ဇီမှုန့်ကို လေလံအောင်သွားပါပြီ” လို့ ဘာနာဘီက ကြေညာလိုက်တယ်。 “ဒီလိုမျိုး ခမ်းနားထည်ဝါလှတဲ့ ပုလင်းလေးကို ရွှေဒင်္ဂါး သန်း ၇၀ ထည်းနဲ့ သူတို့ ဝယ်ယူလိုက်တာပါ”

ဒီလောက် မြင့်မားတဲ့ ဈေးနှုန်းကြောင့် ထိပ်တန်း အင်အားကြီးအဖွဲ့တွေတောင် ခြေလှမ်းဆုတ်လိုက်ရတယ်။ သူတို့သာ ဆက်ပြီး လုနေမယ်ဆိုရင် ကားနဲ့ ဝိညာဉ်ဆီ ၁၅ စက်ရဲ့ လေလံပွဲမှာ ရှုံးနိမ့်သွားနိုင်ခြေ ရှိလို့ပဲ။

ပြီးတော့ သူတို့က အဖွဲ့လိုက် ပူးပေါင်းပြီး လေလံဆွဲခဲ့ကြတာဖြစ်သလို အထဲက ပစ္စည်းကို ခွဲဝေယူဖို့ ကြိုတင် သဘောတူညီချက်လည်း ရှိထားပြီးသားမို့လို့ ဂိမ်းမကစားရသေးခင်မှာတင် အဲဒီပစ္စည်းကို သူတို့ ရရှိသွားခဲ့ကြတယ်။

ဒီအချက်ကပဲ လူအများကြီးကို ရိုင်းဇင်းဆစ်အဖွဲ့အပေါ် ပိုပြီး အံ့ဩချီးကျူးမိစေခဲ့တာပေါ့။

“ဝါး...သူတို့ ထိပ်တန်း အင်အားကြီးအဖွဲ့တွေကိုတောင် အနိုင်ယူလိုက်တာပဲ။ ဘယ်သူ ထင်ထားမှာလဲ”

“သူတို့ပဲ ဒါမျိုး လုပ်နိုင်တာ။ ဟာ...ငါတို့ ကုမ္ပဏီသာ ရိုင်းဇင်းဆစ်ထဲမှာ ပါရင် သိပ်ကောင်းမှာပဲ”

“အိပ်မက်ပဲ ဆက်မက်နေလိုက်ပါတော့ကွာ။ ထိပ်တန်း အင်အားကြီးအဖွဲ့တွေနဲ့ ရိုင်းဇင်းဆစ်အကြားက ကွာဟချက်က ကြီးမားတယ်ဆိုရင် သာမန်ကုမ္ပဏီတွေနဲ့ ရိုင်းဇင်းဆစ်အကြားက ကွာဟချက်က ပိုပြီးတော့တောင် ကြီးမားသေးတယ်။ သူတို့ကို မျိုးဆက်သစ်တွေထဲမှာ အတော်ဆုံး ပါရမီရှင်တွေလို့ ခေါ်ကြတာ အလကားမှ မဟုတ်တာ”

နောက်ဆုံးတော့ ဘာနာဘီက လေလံတင်မယ့် နောက်ထပ် ပစ္စည်းတစ်ခုဆီကို ကူးပြောင်းလိုက်တယ်။

“ကဲ...ဒီပစ္စည်းနဲ့ ပတ်သက်လို့တော့ ကျွန်တော်ကိုယ်တိုင်လည်း သူ့ရဲ့ စစ်မှန်တဲ့ တန်ဖိုးကို မသိဘူးဆိုတာ ဝန်ခံရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ မက်ထရိုပိုလစ်မှာ ရှိတဲ့ ကျွန်တော် အပါအဝင် ဘယ်လျှို့ဝှက်ချက် အဓိပ္ပာယ်ဖော် ဆရာကမှ ဒါကို အဓိပ္ပာယ် မဖော်နိုင်ကြလို့ပါပဲ”

ဘာနာဘီက အဲဒီပစ္စည်းရဲ့ အကြောင်းကို ကြေညာလိုက်တဲ့အခါ စင်မြင့်အလယ်ကနေ စင်မြင့်တစ်ခု ဖြည်းဖြည်းချင်း မြင့်တက်လာပြီး အဝတ်ဖုံးထားတဲ့ ပစ္စည်းတစ်ခုကို ပေါ်ထွက်လာစေခဲ့တယ်။

“ကျွန်တော် မြေလှန်ရှာပြီး ဒါရဲ့ အကြောင်းအရာကို ဖတ်နိုင်၊ နားလည်နိုင်မယ့်သူ ရှိမလားလို့ စုံစမ်းခဲ့ပေမဲ့ ဘာမှ ထူးမလာခဲ့ပါဘူး။ အကယ်၍ ခင်ဗျားတို့အနေနဲ့ ဒါရဲ့ အကြောင်းအရာကို အဓိပ္ပာယ်ဖော်ဖို့ ကိုယ့်ရဲ့ ကံကို စမ်းကြည့်ချင်တယ်ဆိုရင်တော့ ဒီပစ္စည်းကို လေလံဆွဲရပါလိမ့်မယ်”

“ဒါပေမဲ့ လူကြီးမင်းတို့ခင်ဗျား...သတိပေးချက်တစ်ခုတော့ ရှိပါတယ်။ ကျွန်တော် မှော်မျှော်စင်သခင်ကို အဓိပ္ပာယ်ဖော်ပေးဖို့ တောင်းဆိုခဲ့ဖူးပေမဲ့ သူနဲ့ အခြား ဝါရင့် မှော်ဆရာကြီးတွေတောင် ဒါကို မခွဲခြမ်းနိုင်ခဲ့ကြဘူး။ အကယ်၍ ခင်ဗျားတို့ ဒါကို ဝယ်သွားပြီး အဓိပ္ပာယ် မဖော်နိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့ဘက်က တာဝန်မယူပါဘူး”

ဘာနာဘီက အဲဒီပစ္စည်းအနားကို လျှောက်သွားပြီး သူ့ရဲ့ အနီရောင် အကာအကွယ်အဝတ်ကို ဆွဲခွာလိုက်တဲ့အခါ လုံးဝ ပျက်စီးလုနီးပါး ဖြစ်နေတဲ့ အခြေအနေထက်စာရင် မဆိုစလောက်လေးပဲ သာတဲ့ ရှေးဟောင်း အနီရောင် စာအုပ်ကြီးတစ်အုပ် ပေါ်လာခဲ့တယ်။

စာအုပ်ရဲ့ မူရင်းခေါင်းစဉ်ကတော့ အချိန်ကာလနဲ့ ပျက်စီးယိုယွင်းမှုတွေကြောင့် ပျောက်ကွယ်နေခဲ့ပြီ။ စာမျက်နှာတွေက ဝါကြင်ကြင် ဖြစ်နေပြီး အစိတ်စိတ်အမွှာမွှာ ပြိုကွဲလုနီးပါး ဖြစ်နေတယ်။ တစ်ယောက်ယောက်က စာမျက်နှာကို လှန်လိုက်တာနဲ့ ပြာအဖြစ် ပြောင်းလဲသွားမယ့်အတိုင်းပဲ။

ဒါပေမဲ့ ဒီလို အခြေအနေမျိုး ဖြစ်နေတာတောင် စာအုပ်ထဲမှာ ဖတ်လို့ရသေးတဲ့ အစိတ်အပိုင်းတွေ အများကြီး ရှိနေသေးတယ်။

တကယ်တော့ တစ်ယောက်ယောက်က ဒါကို ပထမဆုံးအကြိမ်မှာတင် မဖတ်နိုင်ဘူးဆိုရင် ‘ဖတ်လို့ရတယ်’ လို့ အတိအကျ သတ်မှတ်လို့ မရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီ စာလုံးတွေက မိုက်ကယ် အပါအဝင် ဘယ်သူမှ တစ်ခါမှ မမြင်ဖူးတဲ့ အရာတွေ ဖြစ်နေလို့ပဲ။ ကြည့်လိုက်တိုင်းမှာ စာလုံးတွေက ကွဲပြားပြောင်းလဲနေသလို ခံစားရပြီး ခင်ဗျားမှာ စမ်းသပ်ဖို့ နှစ်ပေါင်း တစ်ထောင်လောက် အချိန်ရှိရင်တောင် အဓိပ္ပာယ်ဖော်ဖို့ ခက်ခဲလှပါတယ်။

“ဝယ်ယူပြီးရင် ကိုယ့်ဘာသာ တာဝန်ယူရပါမယ်” လို့ ဘာနာဘီက သတိပေးလိုက်တယ်။

ဒါပေမဲ့ သူ့ရဲ့ သတိပေးချက်အားလုံးက အဲဒီပစ္စည်းကို အရင်ကထက် ပိုပြီး တန်ဖိုးတက်လာအောင် လုပ်ပေးလိုက်သလို ဖြစ်သွားတာပေါ့။

လူတွေက စိန်ခေါ်မှု အသစ်အဆန်းတွေကို သဘောကျကြတယ်။ ပြီးတော့ ဘယ်သူမှ ဒါကို အဓိပ္ပာယ် မဖော်နိုင်သေးဘူးဆိုတဲ့ အချက်ကပဲ ထဲထဲမှာ ရှိနေနိုင်တဲ့ ရတနာတွေကို ဘယ်သူမှ မရရှိသေးဘူးဆိုတဲ့ သဘော ဖြစ်နေတာပဲ။ အကယ်၍ အထဲမှာ ဘာရတနာမှ မရှိရင်တောင် ရှိနိုင်ခြေ ရှိတယ်ဆိုတဲ့ ဖြစ်နိုင်ချေကလေးကြောင့်တင် ကုမ္ပဏီအမြောက်အမြားက အလုအယက် လေလံဆွဲဖို့ ပြင်ဆင်လာကြတယ်။

“တစ်သိန်းနဲ့ စပါမယ်”

“တစ်သိန်းတစ်သောင်း...တစ်သိန်းတစ်သောင်း ကြားပါတယ်”

“တစ်သိန်းနှစ်သောင်း။ တစ်သိန်းနှစ်သောင်း ကြားပါသလား။ တစ်သိန်းနှစ်သောင်း”

“ရွှေဒင်္ဂါး တစ်သိန်းငါးသောင်း”

လူတိုင်းက အဲဒီ စာအုပ်ကြီးကို လေလံဆွဲနေကြတုန်း မိုက်ကယ်က သူ့ရဲ့ အမြင်အာရုံထဲမှာ အသိပေးချက်တစ်ခုကို ရုတ်တရက် မြင်လိုက်ရတယ်။

[နောက်ထပ် အပ်ဒိတ်အတွက် တိုးတက်မှုနှုန်း - 42.03%]

နိုဗာက ဒါမျိုး အသိပေးချက်ကို အလိုအလျောက် ပြသခဲလှတာမို့လို့ မိုက်ကယ်က သူ ဘာကို ပြောချင်နေလဲဆိုတာ ချက်ချင်း သိလိုက်တယ်။

‘မင်း အဲဒီ စာအုပ်ကြီးကို လိုချင်လို့လား...နိုဗာ’

[လူသားအများစု အလွယ်တကူ မရနိုင်တဲ့ ထူးခြားဆန်းပြားတဲ့ ဒေတာတွေကို ရရှိမယ်ဆိုရင် စနစ် အပ်ဒိတ်ရဲ့ တိုးတက်မှုနှုန်းအတွက် အကျိုးရှိစေမှာ ဖြစ်ပါတယ်]

မိုက်ကယ်အနေနဲ့ သူ မသိသေးတဲ့ မန္တန်တွေနဲ့ ဗဟုသုတတွေကို ရှာဖွေဖို့ ခက်ခဲနေတာကြောင့် စနစ် အပ်ဒိတ်ရဲ့ တိုးတက်မှုနှုန်းက တော်တော်လေး ကြာအောင် ရပ်တန့်နေခဲ့တာ ဖြစ်တယ်။

အခြေအနေက ဘယ်လောက်အထိ ရပ်တန့်နေလဲဆိုရင် အကယ်၍ သူသာ မှော်မျှော်စင်ရဲ့ မှော်စာကြည့်တိုက်တစ်ခုကို ထိတွေ့လိုက်ရင်တောင် တိုးတက်မှုနှုန်းက ၁၀ ရာခိုင်နှုန်းအထိ တက်လာမှာ မဟုတ်ဘူးလို့ သူ သေချာပေါက် ယုံကြည်နေတဲ့အထိပဲ။

‘မင်းပြောတာလည်း အကြောင်းပြချက် ရှိသားပဲ။ ဘယ်သူမှ ဒီစာအုပ်ကို အဓိပ္ပာယ် မဖော်နိုင်သေးဘူးဆိုတော့ မင်း ဒါ့ဆီကနေ သတင်းအချက်အလက်တွေ အများကြီး ရနိုင်တာပေါ့။ ဒါပေမဲ့ မင်း ဒါကို အဓိပ္ပာယ်ဖော်နိုင်မှ ဖြစ်မှာပေါ့လေ’

[...]

သူ ဘာကြောင့်လဲတော့ မသိပေမဲ့ နိုဗာက သူ့ကို နှာခေါင်းရှုံ့လိုက်သလို ခံစားလိုက်ရတယ်လို့ သေချာပေါက် ကျိန်ဆိုရဲတယ်။

ဘာပဲဖြစ်ဖြစ် သူက ကိုယ်တိုင် လေလံဆွဲဖို့အတွက် မှန်သားနံရံကို ခေါက်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။

“ဝါး...ရီနေးတား ကုမ္ပဏီက ရွှေဒင်္ဂါး ၁ သန်း လေလံပေးလိုက်ပါပြီ”

အဲဒီ နာမည်ကို ကြားလိုက်ရတာနဲ့ လူတိုင်းရဲ့ အာရုံက လေလံပွဲဆီကို ရောက်ရှိလာကြတယ်။ ကုမ္ပဏီ တော်တော်များများက စာအုပ်ကြီးကို စိတ်မဝင်စားကြပေမဲ့ ရိုင်းဇင်းဆစ်အဖွဲ့နဲ့ ရင်ဘောင်တန်းနိုင်တဲ့ ငွေကြေးအင်အား ရှိပုံရတဲ့ လျှို့ဝှက်ဆန်းကြယ်လှတဲ့ ရီနေးတား ကုမ္ပဏီကိုတော့ စိတ်ဝင်စားကြတယ်။

စက္ကန့်အနည်းငယ် ကြာပြီးနောက်မှာတော့ တစ်ယောက်ယောက်က သူ့ကို ကျော်ပြီး ၁ သန်း ၁ သိန်းနဲ့ ထပ်မံ လေလံဆွဲလိုက်တယ်။

ဈေးနှုန်းက မြင့်တက်သွားတာမို့လို့ ပြိုင်ဘက်တွေ နည်းသွားခဲ့ပြီ။ ဒါပေမဲ့ စာအုပ်ကြီးအတွက် သန်းဂဏန်းလောက် သုံးနိုင်သေးတဲ့သူတွေ ရှိနေသေးတာပေါ့။

သူက ရိုင်းဇင်းဆစ်အဖွဲ့ ဒါမှမဟုတ် ထိပ်တန်း အင်အားကြီးအဖွဲ့တွေနဲ့ ပြိုင်ဆိုင်နေရတာ မဟုတ်တာကြောင့် မိုက်ကယ်က လေလံပွဲကို ဒီတင်ပဲ အဆုံးသတ်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဒေါက်

“၁၀ သန်း။ ရီနေးတား ကုမ္ပဏီက လျှို့ဝှက်ဆန်းကြယ် စာအုပ်ကြီးအတွက် ၁၀ သန်း ပေးလိုက်ပါပြီ။ တစ်ကြိမ်...နှစ်ကြိမ်...အတည်ပြုပါတယ်”

ရီနေးတား ကုမ္ပဏီက နောက်တစ်ကြိမ် လူပြောများတဲ့ အကြောင်းအရာ ဖြစ်လာပြန်ပြီ။ ဘာလို့လဲဆိုတော့ သာမန် ပစ္စည်းတစ်ခုအတွက် ဒီလောက်အထိ များပြားတဲ့ ငွေကြေးကို ပေးနိုင်လောက်အောင် ဘယ်သူမှ ရူးသွပ်ခြင်း ဒါမှမဟုတ် ချမ်းသာခြင်း မရှိကြလို့ပဲ။ စာအုပ်ကြီးရဲ့ တန်ဖိုးက အများဆုံး ၃ သန်းပဲ ရှိလိမ့်မယ်လို့ လူတိုင်းက သေချာပေါက် တွက်ချက်ထားကြတာမို့လို့ ရီနေးတား ကုမ္ပဏီက တန်ဖိုးထက် အဆမတန် ပိုပေးလိုက်တာ ထင်ရှားနေတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့အကြိမ်က သူတို့ လုပ်ခဲ့တာကို သိထားကြတာမို့လို့ ရီနေးတား ကုမ္ပဏီက ဂိမ်းမကစားရဘဲနဲ့ ပစ္စည်းကို သေချာပေါက် ရရှိသွားအောင် ဒီလို လုပ်လိုက်တာဆိုတာကို လူအများစုက သိနေကြတယ်။

“ဝါး...ဒီလောက် ငွေအများကြီး ရှိတာ သိပ်ကောင်းမှာပဲ”

“အေးပါကွာ...ငါ နားလည်ပါတယ်။ ငါသာ သူတို့နေရာမှာဆိုရင်လည်း သေချာပေါက် ဒါမျိုးပဲ လုပ်မှာ”

“သူတို့ ဘယ်လို လုပ်ငန်းမျိုးကို ပိုင်ဆိုင်ထားလဲဆိုတာ ဘယ်သူမဆို သိကြလား။ သူတို့ရဲ့ လုပ်ငန်းက ဒီလောက် ငွေအမြောက်အမြား ရနေတာကို ဘာဖြစ်လို့ အခုထိ လူမသိသူမသိ ဖြစ်နေရတာလဲ”

ဘာနာဘီအနေနဲ့ နောက်ထပ် ရေတွက်နေဖို့ မလိုတော့ပါဘူး။ ဘယ်သူမှ ဒါထက် ပိုပြီး ဈေးမြှင့်ပေးတော့မှာ မဟုတ်လို့ပဲ။

“ရောင်းချလိုက်ပါပြီ။ ရီနေးတား ကုမ္ပဏီက လျှို့ဝှက်ဆန်းကြယ် စာအုပ်ကြီးကို ၁၀ သန်းနဲ့ ရရှိသွားပါတယ်”

‘မင်း အခု ပျော်သွားပြီလား...နိုဗာ’

[ဒီဆော့ဝဲလ်က ကျွန်ုပ်ကို ခံစားချက်တွေ ရှိခွင့် မပြုထားပါဘူး။ ဒါပေမဲ့ စာအုပ်ကြီးကို ရရှိလိုက်တာကတော့ ပျော်ရွှင်စရာ အခွင့်အရေးတစ်ခုလို့ သတ်မှတ်နိုင်ပါတယ်]

‘ဟား...တကယ့် ဆွန်ဒဲရီလေးပဲ’

[ဘာပြောလိုက်တာလဲ]

‘ဘာမှမဟုတ်ပါဘူး...’

မိုက်ကယ်အတွက် ကံကောင်းတာကတော့ နံရံတွေဆီကနေ စည်တီးသံတွေ ဟိန်းထွက်လာတာကြောင့် လူတိုင်းရဲ့ အာရုံက စင်မြင့်ထက်ဆီကို ချက်ချင်း ပြန်လည် ရောက်ရှိသွားခဲ့တယ်။

ဒါတင်မကဘဲ မှော်ဆရာတွေကလည်း လူအုပ်ကြီးကို ဖျော်ဖြေဖို့အတွက် အလင်းမန္တန်တွေနဲ့ ပုံရိပ်ယောင်မန္တန်တွေကို အသုံးပြုနေကြသေးတယ်။

တကယ့်ကို ထူးခြားဆန်းပြားတဲ့ အရာတစ်ခု ရောက်တော့မယ်ဆိုတာကို သူ သိလိုက်တယ်။

“ကျွန်တော်တို့ နောက်ဆုံးတော့ ဒီအဆင့်ကို ရောက်ရှိလို့ လာခဲ့ပါပြီ” လို့ ဘာနာဘီက နောက်ခံ စည်တီးသံတွေကြားထဲကနေ ကြေညာလိုက်တယ်။ “ကျွန်တော်တို့ ရှေးဟောင်းဝိညာဉ်ဆီ ၅ စက်လုံးလုံးကို လေလံတင်တော့မယ်ဆိုတာ ဝမ်းမြောက်စွာနဲ့ ကြေညာချင်ပါတယ်”

လူအုပ်ကြီးက စိတ်လှုပ်ရှားစွာနဲ့ အော်ဟစ် အားပေးရင်း ရူးသွပ်ကုန်ကြတယ်။ ဒါက သူတို့ စောင့်မျှော်နေခဲ့တဲ့ အချိန်အခိုက်အတန့်တွေထဲက တစ်ခုပဲ။ အားအကောင်းဆုံး အင်အားကြီး ကုမ္ပဏီတွေအားလုံးက အမြင့်မြတ်ဆုံး ဆုလာဘ်ကို ဘယ်သူ ရရှိမလဲဆိုတာ သိရဖို့ အချင်းချင်း ပြိုင်ဆိုင်ကြမယ့် အချိန်ပဲ။

မိုက်ကယ်က ချက်ချင်းပဲ သူ့လက်ကို မှန်သားပြင်ပေါ် တင်လိုက်တယ်။ သူ ဒါကို လုယူဖို့အတွက် အသင့်ပြင်ထားပြီပဲ။

* * * * * * * *

စာစဉ်(၄၅)

All Chapters