အခန်း ၅၃၇
Vol. 45 Ch. 537
အခန်း(၅၃၇)
"အားလုံးအတွက် ကျွန်တော် ပြင်ဆင်ပေးထားတဲ့ ခမ်းနားထည်ဝါလှတဲ့ မှော်ကမ္ဘာငယ်လေးကို မျက်စိတစ်ဆုံး ငေးမောကြည့်ရှုဖို့ ပြင်ဆင်ထားကြပါ"
စင်မြင့်ထက်ကနေ ဘာနာဘီ နောက်တစ်ကြိမ် လှမ်းထွက်လာရင်း ကြေညာလိုက်တယ်။ ဖြူဖွန်းဖွန်း ပလတ်ဖောင်းကြီးက နှစ်ပိုင်းကွဲသွားပြီး မြင်ကွင်းထဲကနေ ဖြည်းဖြည်းချင်း လျှောခနဲ ပျောက်ကွယ်သွားရာကနေ အလယ်တည့်တည့်မှာ ဧရာမ တွင်းနက်ကြီးတစ်ခု ပေါ်လာပါတယ်။
ဒီတွင်းနက်ကြီးထဲကို လူတိုင်း ငုံ့ကြည့်လိုက်ရုံနဲ့တင် သက်ရှိတွေ၊ စုံလင်လှတဲ့ အရာတွေနဲ့ ပြည့်နှက်နေပုံရတဲ့ အလွန်တရာ ကြီးမားကျယ်ပြန့်တဲ့ ကမ္ဘာကြီးတစ်ခုကို လှမ်းမြင်နိုင်ကြတယ်။ အဲဒါက တကယ့်ကို ကြီးမားလွန်းလို့ သူတို့တွေ ကမ္ဘာသစ်တစ်ခုထဲ ခြေချမိလိုက်သလိုမျိုး တကယ်ကို ခံစားရစေတာပါ။
"ပွဲစဉ်ရဲ့ စည်းမျဉ်းတွေကတော့ ဒါပါပဲ။ အစည်းအရုံးရဲ့ စည်းကမ်းချက်တွေနဲ့အညီ သာမန်တိုက်ခိုက်ရေးသမားတွေနဲ့ မက်ဂ်နက်တစ်တွေကို မှော်ကမ္ဘာငယ်လေးရဲ့ ကွဲပြားခြားနားတဲ့ အပိုင်းနှစ်ပိုင်းဆီ ခွဲထုတ်ထားပါတယ်"
"ခင်ဗျားတို့ရဲ့ သာမန်တိုက်ခိုက်ရေးသမား ငါးယောက်က ဒီကမ္ဘာရဲ့ ဘယ်ဘက်အခြမ်းကို ဆင်းသက်ရမှာဖြစ်ပြီး မက်ဂ်နက်တစ်တွေကိုတော့ ညာဘက်အခြမ်းမှာ ထားရှိမှာပါ။ နှစ်ဖက်စလုံးက တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ထိတွေ့ဆက်ဆံလို့ မရနိုင်ပေမဲ့ တစ်ဖက်ရဲ့ ရလဒ်က နောက်တစ်ဖက်အပေါ် အကြီးအကျယ် သက်ရောက်မှု ရှိနေမှာပါ"
ဒီမှော်ကမ္ဘာငယ်လေးဟာ ဘာနာဘီ ပြောခဲ့သလိုပဲ မြေပြင်ပေါ်ကနေ ကောင်းကင်ယံအထိ၊ မြေအောက်အနက်ပိုင်းအထိ ဆန့်တန်းနေတဲ့ အလင်းမပေါက်တဲ့ တံတိုင်းကြီးတစ်ခုကြောင့် နှစ်ပိုင်း ကွဲထွက်နေပါတယ်။
ဘယ်ဘက်အခြမ်းကိုတော့ ကွဲပြားခြားနားတဲ့ မြေမျက်နှာသွင်ပြင်တွေ ရှိကြတဲ့ အပိုင်းငါးပိုင်းအဖြစ် ထပ်ပြီး ခွဲခြားထားပြန်တယ်။
တစ်ပိုင်းက သဲသောင်ပြင်တွေ ဖုံးလွှမ်းနေတဲ့ သဲကန္တာရကြီးဖြစ်ပြီး နောက်တစ်ပိုင်းကတော့ ဆီးနှင်းတွေ ဖုံးလွှမ်းနေတဲ့ မြင့်မားတဲ့ တောင်ထိပ်တွေ ရှိရာ တောင်တန်းဒေသ ဖြစ်တယ်။ တခြားတစ်ပိုင်းကတော့ ကျောက်တုံး တစ်မျိုးမျိုးနဲ့ တည်ဆောက်ထားတဲ့ မြေပေါ်ဝင်္ကပါကြီး ဖြစ်နေပြန်ရော။ စတုတ္ထမြောက်အပိုင်းကတော့ အပင်တွေ၊ သတ္တဝါတွေနဲ့ စိုပြည်ဝပြောနေတဲ့ ထူထပ်သိပ်သည်းတဲ့ တောအုပ်ကြီး ဖြစ်ပြီး နောက်ဆုံးတစ်ခုကတော့ အက်ကွဲကြောင်းတွေထဲကနေ ချော်ရည်တွေ စီးဆင်းနေပြီး နေရာအနှံ့မှာ ရေနွေးငွေ့တွေ တထောင်းထောင်း ထွက်နေတဲ့ ရေပူစမ်းတွေ ရုတ်တရက် ပန်းထွက်နေတဲ့ မီးတောင်တစ်ခုရဲ့ အတွင်းပိုင်းနဲ့ တူနေပါတယ်။
"ဘယ်ဘက်အခြမ်းကိုတော့ ကျွန်တော်တို့က သော့ လို့ ခေါ်ပါမယ်"
"သော့ ဘက်အခြမ်းမှာ အပိုင်းငါးပိုင်း ရှိပြီး အပိုင်းတစ်ခုချင်းစီက ဝိညာဉ်ဆီ အစက်တစ်စက်စီနဲ့ သက်ဆိုင်နေပါတယ်။ အပိုင်းတစ်ခုထဲကို ကုမ္ပဏီတစ်ခုကနေ သတ်မှတ်ထားတဲ့ တိုက်ခိုက်ရေးသမား တစ်ယောက်ပဲ တစ်ကြိမ်မှာ ဝင်ခွင့်ပြုမှာပါ"
"အဲဒီတိုက်ခိုက်ရေးသမားတွေရဲ့ ရည်မှန်းချက်ကတော့ မြေပြင်ရဲ့ တစ်နေရာရာမှာ ဝှက်ထားတဲ့ သော့တွေထဲက တစ်ခုကို ရှာဖွေဖို့ပဲ ဖြစ်ပါတယ်။ အဲဒီအပိုင်းထဲက တိုက်ခိုက်ရေးသမား အားလုံးအတွက် လုံလောက်တဲ့ သော့အရေအတွက် ရှိနေမှာပါ။ အကယ်၍ ခင်ဗျားတို့အနေနဲ့ ဒီသော့ကို ရရှိအောင် စွမ်းဆောင်နိုင်ရင် ခင်ဗျားတို့ရဲ့ ကုမ္ပဏီက ဝိညာဉ်ဆီ အစက်တစ်စက်ကို ရယူပိုင်ဆိုင်ခွင့် ရမှာဖြစ်ပါတယ်"
"အကယ်၍ ရှာမတွေ့ဘူးဆိုရင် ဖြစ်ဖြစ်၊ သတိလစ်သွားတာပဲ ဖြစ်ဖြစ် ခင်ဗျားတို့ ကုမ္ပဏီအနေနဲ့ အဲဒီ ဝိညာဉ်ဆီ ကို ရယူနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးရမှာပါ"
"ဒါကြောင့် ခင်ဗျားတို့ရဲ့ တိုက်ခိုက်ရေးသမား အားလုံးအတွက် ရွေးချယ်စရာ နှစ်ခု ရှိပါတယ်။ ပထမတစ်ခုကတော့ ပတ်ဝန်းကျင်မှာ ဝှက်ထားတဲ့ သော့တွေကို ရှာဖွေဖို့ပဲ အာရုံစိုက်ရမှာပါ။ သတိတော့ပေးပါရစေ၊ ကျွန်တော် ရှာရတော်တော်ခက်အောင် လုပ်ထားတာပါ။ ဒါမှမဟုတ် ဒုတိယရွေးချယ်မှုကို ရွေးချယ်နိုင်ပါတယ်၊ အဲဒါကတော့ ခင်ဗျားတို့ရဲ့ ပြိုင်ဘက်တွေအားလုံးကို ပွဲထဲကနေ ဖယ်ထုတ်ပစ်လိုက်ဖို့ပါပဲ"
"အကယ်၍ ခင်ဗျားကပဲ အဲဒီအပိုင်းထဲမှာ ကျန်ရှိနေတဲ့ တစ်ဦးတည်းသောသူ ဖြစ်နေမယ်ဆိုရင် သော့ကို ရှာမတွေ့သေးရင်တောင် ခင်ဗျားတို့ ကုမ္ပဏီက ဝိညာဉ်ဆီ ကို ချက်ချင်း ရယူပိုင်ဆိုင်ခွင့် ရရှိမှာဖြစ်ပါတယ်"
"ကဲ... အခု သော့ခလောက် လို့ အမည်ရတဲ့ ညာဘက်အခြမ်း နယ်မြေအကြောင်း ပြောကြရအောင်"
ညာဘက်အခြမ်းက ဘယ်ဘက်အခြမ်းရဲ့ တစ်ဝက်လောက်ပဲ ကျယ်ဝန်းပြီး တစ်ပြင်လုံးမှာ တူညီတဲ့ မြေမျက်နှာသွင်ပြင် တစ်ခုတည်းသာ ရှိပါတယ်။ အဲဒါက သစ်ပင်အချို့၊ မြောက်ဘက်ကနေ တောင်ဘက်ကို စီးဆင်းနေတဲ့ မြစ်တစ်စင်းနဲ့ ဘေးဘက်က တောင်ကုန်းအသေးစားလေး တစ်ခုတို့ ရှိနေပြီး သာမန် မြေကွက်လပ်တစ်ခုလိုပဲ မြင်တွေ့ရတာပါ။
သော့ခလောက် လို့ ခေါ်တဲ့ ညာဘက်အခြမ်းရဲ့ တစ်ခုတည်းသော စိတ်ဝင်စားစရာ အပိုင်းကတော့ အလယ်တည့်တည့်မှာ ရှိနေတဲ့ မှန်လုံအိမ်လိုမျိုး ဖန်သားနဲ့ တည်ဆောက်ထားပုံရတဲ့ အမိုးခုံးပုံစံ အဆောက်အအုံကြီးပါပဲ။
ဖန်သားအမိုးခုံးအတွင်းမှာ တိုင်ကြီးငါးတိုင် ရှိနေပြီး တိုင်တစ်ခုချင်းစီမှာ ဝိညာဉ်ဆီ ပုလင်းလေးတွေ ရှိနေတာကို မိုက်ကယ် လှမ်းမြင်နိုင်ပါတယ်။
"ကဲ... မှော်ကမ္ဘာငယ်လေးရဲ့ ညာဘက်အခြမ်းကတော့ ခင်ဗျားတို့ ကုမ္ပဏီရဲ့ မက်ဂ်နက်တစ် အတွက် သီးသန့်ဖြစ်ပါတယ်"
"ဒီနေရာမှာ ခင်ဗျားတို့ရဲ့ ရည်မှန်းချက်က ဖန်သားအမိုးခုံးထဲကို ဝင်ရောက်ဖို့ပါပဲ။ အဲဒီလို ဝင်ရောက်နိုင်ဖို့အတွက် တခြားအခြမ်းမှာရှိတဲ့ ခင်ဗျားတို့ အသင်းဖော်ရဲ့ လက်ထဲမှာ အနည်းဆုံး သော့တစ်ချောင်း ရှိထားရပါမယ်"
"ခင်ဗျား ဝင်သွားပြီဆိုတာနဲ့ တိုင်တွေထဲက တစ်ခုကို ထိတွေ့ပြီး ဝိညာဉ်ဆီ ကို ကိုယ်တိုင် ရယူနိုင်ပါတယ်။ ဟုတ်ပါတယ်၊ အကယ်၍ ခင်ဗျားတို့အသင်းက သော့တစ်ချောင်းပဲ ရခဲ့ရင်တော့ ဝိညာဉ်ဆီ တစ်စက်တည်းကိုပဲ သော့ဖွင့်နိုင်မှာပါ"
"အရင်အတိုင်းပဲ ဝိညာဉ်ဆီ အစက်တွေကို ရယူဖို့အတွက် ခင်ဗျားတို့မှာ ရွေးချယ်စရာ နှစ်ခု ရှိပါတယ်။ ပထမတစ်ခုကတော့ ခင်ဗျားတို့ လိုအပ်တဲ့ သော့တွေကို ရရှိဖို့ အသင်းဖော်တွေအပေါ် အားကိုးရမှာပါ။ ပြီးတော့ ဒုတိယတစ်ခုကတော့ ခင်ဗျားက တစ်ဦးတည်းသော ကျန်ရစ်သူ ဖြစ်လာတဲ့အထိ ပြိုင်ဘက်တွေကို ရှင်းလင်းပစ်လိုက်ဖို့ပါပဲ"
"အကယ်၍ ခင်ဗျားကပဲ ကျန်ရှိနေတဲ့ တစ်ဦးတည်းသော မက်ဂ်နက်တစ် ဖြစ်နေမယ်ဆိုရင် ဝိညာဉ်ဆီ အားလုံးက ခင်ဗျား ရယူဖို့အတွက် အလိုအလျောက် ဖြစ်သွားမှာပါ"
ဒီပွဲက အခြေခံအားဖြင့် အနိုင်ရဖို့ နည်းလမ်းနှစ်ခု ရှိနေတာပါ။ ပထမတစ်ခုကတော့ စည်းမျဉ်းတွေအတိုင်း လိုက်နာပြီး သော့တွေရှာကာ ဝိညာဉ်ဆီ ကို ရယူဖို့ ဖြစ်ပြီး ဒုတိယတစ်ခုကတော့ နောက်ဆုံးတစ်ယောက်ပဲ ကျန်တော့တဲ့အထိ အခြားပြိုင်ဘက်အားလုံးကို နှိမ်နင်းပစ်လိုက်ဖို့ပါပဲ။
ရိုင်းဇင်းဆစ် တွေက ထက်မြက်ကြတာမို့ ပွဲရဲ့ စည်းမျဉ်းတွေကို ချက်ချင်း သဘောပေါက်သွားပြီး သူတို့အသင်းတွေနဲ့အတူ ဗျူဟာ ချမှတ်ကြပါတော့တယ်။
သူတို့ထဲက ဘယ်သူက ချော်ရည်အပိုင်းကို သွားမလဲ၊ ဘယ်သူက နှင်းဖုံးတောင်တန်းအပိုင်းကို သွားမလဲဆိုတာနဲ့ သော့ နယ်မြေရဲ့ တခြားအပိုင်းတွေအတွက် အချင်းချင်း ဆွေးနွေးငြင်းခုံလာကြတယ်။
ပြီးတော့ ဒီပွဲမှာ မက်ဂ်နက်တစ် တစ်ယောက်ပဲ ခွင့်ပြုထားတာမို့ ကုမ္ပဏီတစ်ခုချင်းစီက သူတို့ထဲမှာ အသန်မာဆုံးလူကို ရွေးချယ်ကြတာကတော့ အထင်အရှားပါပဲ။ ရိုင်းဇင်းဆစ် အနေနဲ့ဆိုရင်တော့ အဲဒီလူတွေက ရိုင်းဇင်းဆစ် အဖွဲ့ဝင်တွေ ကိုယ်တိုင်ကလွဲလို့ အခြားသူ မဟုတ်ပါဘူး။
အားလုံးက တည်ကြည်တဲ့ မျက်နှာပေးတွေနဲ့ ပွဲအတွက် အသင့်ပြင်နေကြချိန်မှာ ရီနေးတား ကုမ္ပဏီရဲ့ ဗီအိုင်ပီ အခန်းထဲမှာတော့ လုံးဝ ခြားနားတဲ့ အခြေအနေတစ်ခု ဖြစ်ပျက်နေပါတယ်။
"ဒုက္ခပါပဲ... ငါ ပီဇာကို မီးဖိုထဲ ထည့်ဖို့ မေ့သွားတယ်" ဇိုင်ယွန် က မျက်နှာပျက်ပျက်နဲ့ ညည်းတွားလိုက်တယ်။
"မင်းလို လူအ" ဂျာကူ က သူ့ကို ငေါက်ငမ်းလိုက်တယ်။ "အခုတော့ ငါတို့ နောက်မှ ဘာစားကြမလဲ"
"အား... ငါ ပြန်သွားလို့ ရမလား"
ဒါကို ကြည့်နေရင်း မောင့်ဂိုမာရီ နဲ့ အခြား ဗန်ဒါဘစ် တွေကတော့ လုံးဝ အံ့အားသင့် မှင်တက်လို့နေပါတယ်။ သူတို့တွေ မက်ထရိုပိုလစ် ရဲ့ အကြီးမားဆုံး စင်မြင့်ထက်တွေထဲက တစ်ခုကို တက်လှမ်းတော့မှာ ဖြစ်ပေမဲ့ အဲဒါကို နည်းနည်းလေးတောင် အလေးအနက် မထားကြပါလား။
သူတို့အတွက် စိတ်ပူပေးရမလား၊ မပူပေးရဘူးလားတောင် မသိတော့ပါဘူး။ တကယ်တော့ ရိုင်းဇင်းဆစ် တွေက သူတို့ဘာသာသူတို့ တကယ့်ကို ကြောက်စရာကောင်းတဲ့သူတွေပါ။ ဒါပေမဲ့ ဒီလေလံပွဲမှာ သူတို့အားလုံးကို ရင်ဆိုင်တိုက်ခိုက်ပြီး ဘယ်လိုနည်းနဲ့မဆို အနိုင်ယူရမှာ ဖြစ်နေတယ်။
အခုအချိန်ဆို အစီအစဉ်တွေ အသည်းအသန် ဆွဲနေကြလိမ့်မယ်လို့ သူတို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ အဲဒီအစား သူတို့က ပီဇာအတွက်ပဲ စိတ်ပူနေကြတာလေ။
"ဟို... မိုက်ကယ်၊ ဒါ အဆင်ပြေပါ့မလား" မောင့်ဂိုမာရီ က မေးလိုက်တယ်။
"ဟာ... ရပါတယ်၊ အဆင်ပြေပါတယ်။ ငါတို့ မရောက်ခင် ငါတို့ စားဖိုမှူးတွေကို ပီဇာ ဖုတ်ခိုင်းထားလိုက်မယ်"
"မဟုတ်ဘူးလေ၊ လေလံပွဲကို ပြောတာ"
"ဪ... အဲဒါလား။ သူတို့ အဆင်သင့်ဖြစ်နေကြပါပြီ၊ ငါ ထင်တာတော့လေ" သူက သံသယအချို့နဲ့ ခေါင်းကို အနည်းငယ် စောင်းရင်း ပြောလိုက်တယ်။
ကံကောင်းထောက်မစွာနဲ့ပဲ ရှီနာ က လက်ရှိလုပ်ဆောင်ရမယ့် အလုပ်ပေါ် အာရုံစိုက်မိအောင် လူတိုင်းကို သတိပေးလိုက်ပါတယ်။ "အားလုံးပဲ၊ လေလံပွဲအတွက် သေသေချာချာ ပြင်ဆင်ကြပါဦး"
"ဟို... ကျွန်တော်တို့ ဘာလုပ်ရမှာလဲဟင်။ ကျွန်တော် နားမလည်လိုက်ဘူး၊ ဟီးဟီး" ဇိုင်ယွန် က သူ့ဘာသာ ရယ်မောရင်း ပြောတယ်။
ရှီနာ က သူ့မောင်လေးကို ရိုက်ပစ်ချင်စိတ် ပေါက်သွားပေမဲ့ ပွဲအတွက် အကောင်းဆုံး အခြေအနေမှာ ရှိနေရမယ်ဆိုတာ သိလို့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လိုက်ရတယ်။
"မင်းက မင်းရဲ့ နယ်မြေထဲမှာရှိတဲ့ သော့ကို ရှာဖို့ပဲ စိတ်ပူရမယ်" သူမက ပြောလိုက်တယ်။
"ဒါမှမဟုတ်... တခြားလူတစ်ယောက်ယောက် ရသွားတဲ့အထိ စောင့်ပြီး အဲဒီလူဆီကနေ လုယူလိုက်လို့လည်း ရတာပဲလေ" ဖတ်ချ် က မင်းသားဆိုး အပြုံးနဲ့ အကြံပြုလိုက်တယ်။
ဂျာကူ က ဒါကို ကြားသွားပြီး ချက်ချင်းပဲ ထည့်သွင်းစဉ်းစားလိုက်တယ်။ "ဟွန်း... အဲဒါ တော်တော်ကောင်းတဲ့ အကြံပဲ။ ငါ ပွဲရဲ့ အချိန်အတော်များများကို အိပ်နေလိုက်ပြီး တခြားလူတွေကိုပဲ ငါ့အတွက် အလုပ်လုပ်ခိုင်းလိုက်ရုံပဲပေါ့"
"....ကျွန်မကတော့ သော့ကိုပဲ တိတ်တိတ်ဆိတ်ဆိတ် ရှာပါ့မယ်။ တခြားလူတွေနဲ့ မတိုက်ခိုက်ချင်ဘူး" ယူမီစု က ရှက်ကိုးရှက်ကန်းနဲ့ တိုးတိုးလေး ပြောရှာတယ်။
"ဟိုဟိုဟို... အဲဒါ တကယ်ကို အားကိုးရတဲ့ အစီအစဉ်ပဲ မဒမ် ယူမီစု။ ကျွန်တော်လည်း မဒမ်ရဲ့ အကြံကိုပဲ အတုယူရမယ်။ မြေကြီးကို တူးပြီးတော့ကို အဲဒီသော့ကို ဘယ်လိုပဲဖြစ်ဖြစ် ရှာရမယ်။ ....အဲဒီနေရာမှာ အရိုးတွေ ရှာမတွေ့ဖို့ပဲ မျှော်လင့်ရတာပဲ... ကြက်သီးတောင်ထတယ်..."
"ဂရီးဗ်... မင်းကိုယ်တိုင်က အရိုးတွေနဲ့ တည်ဆောက်ထားတာလေ" မိုက်ကယ် က သူ့ကို သတိပေးလိုက်တယ်။
"ဪ... ဟိုဟိုဟိုးဟိုး ကျွန်တော် မေ့သွားလို့"
* * * * * * * *
စာစဉ်(၄၅)