← Chapters

အခန်း (၂၄၁၉-၂၄၂၀)

Vol. 242 Ch. 2419-2420

အခန်း (၂၄၁၉-၂၄၂၀)

Vol. 242 Ch. 2419-2420

အခန်း (၂၄၁၉) - ငါက မင်းရဲ့ မြေးပါ

ဖန့်ချန်သည် စူးရှအေးစက်သော အကြည့်များဖြင့် စားပွဲအောက်ရှိ ချင်ဝူကျို့ကို စိုက်ကြည့်လိုက်သည်။

"အောက်မှာ ဘယ်သူလဲ၊ မင်းရဲ့ နာမည်ကို ပြောစမ်း။"

ချင်ဝူကျို့သည် ဒေါသတကြီးဖြင့် ရယ်မောလိုက်သည်။ သူ့ရှေ့က လူ၏ ကျင့်ကြံမှုအဆင့်သည် သူ့ထက် အဆပေါင်းများစွာ သာလွန်နေကြောင်း သူသေချာပေါက် သိလိုက်ရသည်။

သို့သော်လည်း ဘာဖြစ်သလဲ။

တစ်ဖက်လူက သူဘယ်သူလဲဆိုတာကို ဘယ်လိုလုပ် မသိဘဲ ရှိနေနိုင်မှာလဲ။

ဒါဟာ ရည်ရွယ်ချက်ရှိရှိနဲ့ သူ့ကို ကစားနေတာမှန်း သိသာထင်ရှားနေသည်။

"ငါက မင်းရဲ့ အဖေ ပဲ "

ချင်ဝူကျို့က အေးစက်စက် လှောင်ရယ်လိုက်သည်။

ဖန့်ချန်သည် ဘာစကားမျှ ထပ်မပြောတော့ဘဲ ဝါးပြွန်ကို ကောက်ကိုင်လိုက်ကာ အနီရောင်ခေါင်းတပ် အမိန့်တံဆိပ်ပြား ဆယ်ချောင်းကို ယမ်းခါထုတ်လိုက်သည်။

အနီရောင်တံဆိပ်ပြားများသည် ချင်ဝူကျို့၏ ရှေ့သို့ ပြုတ်ကျလာသည်။ အစပိုင်းတွင် သူလန့်သွားပြီး ဒါဟာ ဘယ်လိုနည်းလမ်းမျိုးလဲဟု တွေးမိသော်လည်း သူ့ကိုယ်သူ ဘာမှမဖြစ်သည်ကို မြင်သောအခါ ချင်ဝူကျို့ မရယ်ဘဲ မနေနိုင်တော့ပေ။

"ဘာလဲ၊ ငါ့ကို ဖမ်းလာတာ ငါ့ကို ခြောက်လှန့်ချင်လို့လား။ ငါ ဘယ်သူလဲဆိုတာ မင်းသိတယ်မလား။

ငါ့ကိုယ်ထဲမှာ ကောင်းကင်အရှင် သူတော်စင် ရဲ့ သွေးတွေ စီးဆင်းနေတာ။"

သို့သော်လည်း လီဝူ နှင့် ချီယန်သူတော်စင်တို့၏ လက်ထဲတွင် အပြစ်ပေးသည့် တုတ်များ ကိုင်ထားသည်ကို သူ မမြင်လိုက်ပေ။

သူတို့နှစ်ဦးသည် ချင်ဝူကျို့၏ ကျောပြင်ပေါ်သို့ နင်းတက်လိုက်ပြီးနောက် မည်သည့် အမူအရာမျှမရှိဘဲ လက်ထဲမှ တုတ်များဖြင့် ရိုက်နှက်လိုက်ကြသည်။

ဖြန်း

တစ်ချက်တည်း ရိုက်လိုက်ရုံဖြင့်ပင် ချင်ဝူကျို့၏ အသားအရေမှာ ပွင့်ထွက်သွားသည်။

စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာမှ လာသည့် နာကျင်မှုသည် ရေတံခွန်ကဲ့သို့ ချက်ချင်းပင် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ချင်ဝူကျို့၏ မျက်လုံးများ ပြူးကျယ်လာကာ အကြည့်တို့မှာ ပြန့်လွင့်သွားပြီး ပါးစပ်မှာ ဟောင်းလောင်း ပွင့်လျက်သား ဖြစ်နေသည်။

သူ သတိပြန်ဝင်လာဖို့ အချိန်တောင် မရလိုက်မီ နောက်ထပ်တစ်ချက်သည် သူ၏ တင်ပါးပေါ်သို့ ကျရောက်လာပြန်သည်။

ဖြန်းးးးး

ဖြန်းးးးးး

ဖြန်းးးးး

ဆက်တိုက် ရိုက်နှက်မှု ဆယ်ချက်ကျော်အပြီးတွင်မှ ချင်ဝူကျို့သည် နာကျင်စွာဖြင့် အော်ဟစ်တော့သည်။ မျက်ရည်၊ နှပ်ရည်တို့မှာ ရောထွေး၍ စီးကျလာသည်။

သူငယ်စဉ်ကတည်းက ယနေ့အထိ ဤမျှလောက်သော နာကျင်မှုကို တစ်ခါမျှ မခံစားဖူးပေ။

သူ အရင်က တစ်ပါးသူနှင့် တိုက်ခိုက်ရင်း သေလုမျောပါး ဖြစ်ခဲ့ဖူးသော်လည်း ထိုမျှလောက်အထိ နာကျင်ခြင်း မရှိခဲ့ပေ။

အချိန်ကုန်သွားသည်ကိုပင် မသိလိုက်ဘဲ ရိုက်ချက်တစ်ရာ ပြည့်သွားခဲ့သည်။

ချင်ဝူကျို့သည် သတိလစ်မတတ် ညည်းညူနေပြီး ပါးစပ်ထောင့်မှ တံတွေးများ မရပ်မနား စီးကျနေသည်။

"အောက်မှာ ဘယ်သူလဲ။"

ထိုအသံသည် အလွန်ဝေးလံသော အရပ်မှ လာသကဲ့သို့ ဖြစ်သည်။

ချင်ဝူကျို့သည် အချိန်အတော်ကြာမှ သတိဝင်လာပြီး ခေါင်းကို အားကုန် မော့လိုက်ကာ ပြောလိုက်သည်။

"ငါက ချင်ဝူကျို့ပါ၊ ငါက ချင်ဝူကျို့ပါ..."

ဖန့်ချန်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ဝါးပြွန်ကို ပြန်ကိုင်ကာ ထဲတွင် ကျန်နေသည့် အနီရောင် တံဆိပ်ပြားများအားလုံးကို ထုတ်ပစ်တော့မည့်ဟန် ပြုလိုက်သည်။

ချင်ဝူကျို့သည် ရုတ်တရက် အသိဝင်လာကာ ချက်ချင်းပင် ပြောလိုက်သည်။

"ငါက မင်းရဲ့ မြေးပါ၊ ငါက မင်းရဲ့ မြေးပါ"

ဖန့်ချန်သည် ခေါင်းကို ညိတ်လိုက်ပြီး လက်ထဲရှိ ဝါးပြွန်ကို ချကာ အေးဆေးစွာ ပြောလိုက်သည်။

"ငါ ဒီနေ့ မင်းကို ဒီနေရာမှာ ဖမ်းထားရတာ ဘာအတွက်ကြောင့်လဲဆိုတာ မင်း သိလား။"

ချင်ဝူကျို့၏ မျက်လုံးထဲတွင် မရေမရာ ဖြစ်သွားသော်လည်း တစ်ဖက်လူက ဝါးပြွန်ကို ထပ်ကိုင်လိုက်သည်ကို မြင်သောအခါ၊ ခုနက နာကျင်မှုမျိုးကို ထပ်မခံစားရဖို့အတွက် ချက်ချင်းပင် အလောတကြီးဖြင့် ပြောလိုက်သည်။

"ကျွန်တော် သိပါတယ်၊ ကျွန်တော် တစ်ခုခု မှားယွင်းစွာ လုပ်မိခဲ့လို့ ဖြစ်မှာပါ..."

သူသည် မကောင်းသော လုပ်ရပ်များကို တစ်ခုပြီးတစ်ခု အကြောက်အကန် ဖွင့်ဟဝန်ခံနေသည်။

ဖန့်ချန်၏ မျက်လုံးထဲတွင် စိတ်မရှည်မှုများ ပေါ်လာသည်။

"နောက်ဆုံးတော့ အဓိက အချက်ကို မရောက်သေးဘူး၊ ငါမေးမယ်၊ ချင်ဟော့ချိန်က ဘာဖြစ်သွားတာလဲ။"

ချင်ဟော့ချိန်လား။

ချင်ဝူကျို့သည် ခဏတာ အံ့အားသင့်သွားပြီးနောက် အသက်ပြင်းပြင်း ရှိုက်ကာ ဖန့်ချန်ကို မယုံနိုင်စရာ အကြည့်များဖြင့် ကြည့်လိုက်သည်။

"သခင်၊ သခင်က... ဝိညာဉ်မျိုးနွယ်စု..."

လီဝူ နှင့် ချီယန်သူတော်စင်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး လှောင်ပြောင်ရိပ်များ ထွက်ပေါ်လာသည်။

"ဒီနေရာရဲ့ မေးခွန်းကို ဖြေစမ်း။"

ဖန့်ချန်က အေးဆေးစွာ ပြောသည်။

ချင်ဝူကျို့က အလောတကြီးဖြင့် ပြောလိုက်သည်။

"သခင် အထင်မှားနေပါပြီ၊ ဒီကိစ္စနဲ့ ကျွန်တော်နဲ့ မသက်ဆိုင်ပါဘူး၊ ဒါက၊ ဒါက..."

သူ့မျက်လုံးထဲတွင် ပူပန်မှုများ ပေါ်လာသည်။

ထိုအချိန်တွင်ပင် နောက်ထပ် အနီရောင်တံဆိပ်ပြား နှစ်ချောင်းသည် သူ့ရှေ့သို့ ပြုတ်ကျလာသည်။

ချင်ဝူကျို့သည် ကြောက်ရွံ့စွာဖြင့် အော်ဟစ်လိုက်ပြီး နောက်ထပ် အချက်နှစ်ဆယ်ခန့် အရိုက်ခံရပြီးနောက် သေလုမတတ် နာကျင်မှုဖြင့် ရှိုက်ငိုကာ ပြောလိုက်သည်။

"သခင်၊ ဒီကိစ္စက ကျွန်တော့်လက်ချက် မဟုတ်ပါဘူး၊ ဟော်ဆွေ့ဘိုးဘေး လုပ်တာပါ။

ချင်ဟော့ချိန်က ပုရွက်ဆိတ်အသိုက်နယ်မြေက ကျင့်ကြံသူပါ၊ သေပြီးတဲ့နောက် ဝိညာဉ်ခေါ်သူက ယင်လောက ကို ခေါ်သွားတာပါ။

ဟော်ဆွေ့ဘိုးဘေးက မင်လော့မျိုးနွယ်စုကို အကျိုးအမြတ်တွေ ပေးခဲ့လို့ သူတို့က ဟော်ဆွေ့ မျိုးဆက်ထဲမှာ ပြန်ပြီး လူဝင်စားစေတာပါ။"

ဖန့်ချန်၏ မျက်လုံးထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်သွားသည်။

သူသည် အရင်က ချင်ဟော့ချိန် ရှိနေသည်ကို လုံးဝ သတိမထားမိခဲ့ပေ။

သူသည် ကျဆုံးမသေမျိုး မျိုးနွယ်စုဝင် တစ်ဦးအနေဖြင့် နယ်မြေကိုးခုအပြင်ဘက်တွင် သူ့လူများကို ဦးဆောင်ပြီး ကျင့်ကြံနေသည်ဟုသာ ထင်ခဲ့သည်။

ခုနကမှ သူ၏ အကြောင်းတရားသည် လှုပ်ရှားလာပြီး ချင်ဟော့ချိန်၏ ပုံရိပ်ကို ပေါ်လာစေခြင်း ဖြစ်သည်။

ချင်ဟော့ချိန်က ဒီနေရာမှာ ရှိနေတယ်ဆိုတာ...

ကျဆုံးမသေမျိုး မျိုးနွယ်စု တစ်ခုလုံး ပျက်စီးသွားပြီ ဖြစ်နိုင်သည်။

ဟော်ဆွေ့ဘိုးဘေးသည် ဘိုးဘေးတို့နှင့် အတူတူပင် နည်းလမ်းကို သုံးပြီး ကျဆုံး မသေမျိုး မျိုးနွယ်စုကို ဟော်ဆွေ့ မျိုးဆက်၏ တပည့်များ ဖြစ်လာစေခဲ့သည်။

ဖန့်ချန်၏ အမှတ်တရထဲတွင် သူက ချင်ဟော့ချိန်ကို ရုပ်ခန္ဓာ လုယူစေခဲ့စဉ်က အကြောင်းအရာများကို ပြန်လည် မြင်ယောင်လာသည်။

ချင်ဝူကျို့သည် တစ်ဖက်လူမှာ ဝိညာဉ်မျိုးနွယ်စု၏ အကြီးအကဲတစ်ဦး ဖြစ်ပြီး ဟော်ဆွေ့ဘိုးဘေးက မင်လော့မျိုးနွယ်စုကို လာဘ်ထိုးခဲ့သည့် ကိစ္စကို စစ်ဆေးရန် သူ့ကို ဖမ်းလာခြင်းဟု အခုအခါတွင် ယုံကြည်သွားခဲ့သည်။

သူသည် အလွန်ကြောက်ရွံ့သွားပြီး ဟော်ဆွေ့ဘိုးဘေးကို ဖော်ကောင် မလုပ်ချင်သော်လည်း ထိုကြောက်မက်ဖွယ်ကောင်းသော အပြစ်ပေးမှုကို ထပ်မခံနိုင်တော့ပေ။

"အသေးစိတ် ပြောပြစမ်း၊ မင်းတို့ ဟော်ဆွေ့မျိုးဆက်က ဒီလောက်တောင် လှုပ်လှုပ်ရှားရှား ဖြစ်နေတာက ပုရွက်ဆိတ်အသိုက်နယ်မြေက ကျင့်ကြံသူကို မင်းတို့ရဲ့ ချင်မျိုးနွယ်စု တပည့်အဖြစ် ပြောင်းလဲဖို့ အတွက်ပဲလား။

ငါ့ကို အရူးလို မလှည့်စားပါနဲ့။"

ဖန့်ချန်က အေးဆေးစွာ ပြောသည်။

ချင်ဝူကျို့သည် အလောတကြီး ရှင်းပြသည်။

"သခင် အထင်မှားနေပါပြီ၊ သူတို့က ပုရွက်ဆိတ်အသိုက်နယ်မြေက ဖြစ်ပေမယ့် ဟော်ဆွေ့ဘိုးဘေးက သူနဲ့ လူသားမျိုးနွယ်စုရဲ့ ကျန်ရစ်သူ ရှန်းဟုန်မျိုးဆက်နဲ့ ပတ်သက်နေမလားလို့ သံသယရှိနေတာပါ။ ဒါကြောင့်ပဲ ချင်မျိုးနွယ်စုဆီကို ခေါ်လာပြီး စစ်မှန်တဲ့ ရှန်းဟုန်မျိုးဆက်ကို ထုတ်ဖော်ခိုင်းဖို့ ကြိုးစားတာပါ..."

"မင်းတို့ လူသားမျိုးနွယ်စုတွေရဲ့ အတွင်းရေး ပြဿနာအတွက်နဲ့ ငါ့ရဲ့ ဝိညာဉ်မျိုးနွယ်စုရဲ့ စည်းကမ်းကို ဖျက်ဆီးရဲတာလား။"

ဖန့်ချန်သည် ရုတ်တရက် လှောင်ပြောင်လိုက်ပြီး ကျန်ရှိနေသော အနီရောင် တံဆိပ်ပြား ရှစ်ချောင်းကို ပစ်ပေါက်လိုက်သည်။

"ဒီတစ်ခါတော့ အသေးအဖွဲပဲ၊ နောက်တစ်ခါဆိုရင် ဒီလောက်နဲ့ မပြီးဘူး။"

ထိုတံဆိပ်ပြား ရှစ်ချောင်းကို ကြည့်ပြီး ချင်ဝူကျို့မှာ ကြောက်လန့်လွန်း၍ ဆီးပင် ပေါက်သွားတော့မတတ် ဖြစ်သွားသည်။

နောက်ထပ် အသံတိတ် ရိုက်နှက်သံများနှင့် အော်ဟစ်သံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။

အပြစ်ပေးပြီးနောက် လီဝူ နှင့် ချီယန်သူတော်စင်တို့သည် ဘေးသို့ ဆုတ်ခွာသွားသည်။

ချင်ဝူကျို့သည် သူ၏ ဝိညာဉ်များပင် ကွဲကြေသွားသကဲ့သို့ ဖြစ်နေပြီး ဦးနှောက်ထဲရှိ အတွေးများမှာလည်း ရှုပ်ထွေးသွားသည်။

"သူ့ကို ပြန်ပို့ပေးလိုက်။"

ဖန့်ချန်က ပြောသည်။

"ဟုတ်ကဲ့။"

လီဝူတို့ နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခွေးသေကောင်ကဲ့သို့ ဖြစ်နေသည့် ချင်ဝူကျို့ကို ဆွဲယူကာ ဖြူဖွေးသော မြူခိုးများထဲသို့ ပျောက်ကွယ်သွားကြသည်။

တန်လင်ကျောင်းတော်၊ လူသားမျိုးနွယ်စု ကျောင်းတော်။

လူတိုင်းက ထိုနေရာမှ မထွက်ခွာသေးဘဲ ကာကွယ်ရေးဆရာ အချို့နှင့် ဆရာများက ပတ်ဝန်းကျင်တွင် အရိပ်အယောင်များကို ရှာဖွေနေကြဆဲ ဖြစ်သည်။

ချင်ဟော့ချိန်နှင့် အခြားသူတို့သည် ထိုမြင်ကွင်းကို မြင်သောအခါ ဘေးတွင် ငြိမ်သက်စွာ စောင့်ဆိုင်းနေကြသည်။

ရုတ်တရက် ဖြူဖွေးသော မြူခိုးများ ပြန်ပေါ်လာသည်။

တစ်ဦးက ချက်ချင်းပင် အော်လိုက်သည်။

"ဒီ မြူခိုးတွေပဲ"

ကာကွယ်ရေးဆရာများမှာ ချက်ချင်းပင် တည်ကြည်သော အမူအရာဖြင့် မြူခိုးများကို စူးစိုက်ကြည့်နေကြသည်။

နောက်တစ်စက္ကန့်တွင် လီဝူ နှင့် ချီယန်သူတော်စင်တို့သည် ခွေးသေကောင်ကဲ့သို့ ဖြစ်နေသော ချင်ဝူကျို့ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီးနောက် လူတိုင်းကို တစ်ချက်ကြည့်ကာ ထွက်ခွာသွားရန် ပြင်ဆင်သည်။

ထိုကာကွယ်ရေးဆရာများသည် ချင်ဝူကျို့၏ ပုံစံကို မြင်သောအခါ အံ့ဩဒေါသထွက်သွားကြသည်။

နှစ်ယောက်သား ထွက်သွားသည်ကို မြင်သောအခါ သူတို့သည် အလိုအလျောက်ပင် တားဆီးရန် ကြိုးစားလိုက်ကြသော်လည်း သူတို့၏ စွမ်းအားများမှာ အသံတိတ် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။

လီဝူ နှင့် ချီယန်သူတော်စင်တို့သည် မြူခိုးများထဲတွင် ပျောက်ကွယ်သွားသည်။

သူတို့ ဘယ်တော့မှ ရောက်မလာခဲ့သကဲ့သို့ပင်။

ဒါသာမက

လူတိုင်းသည် ချင်ဝူကျို့၏ ခန္ဓာကိုယ်ကို ကြည့်လိုက်ကြရာ သူ၏ ခန္ဓာကိုယ်အောက်ပိုင်းမှာ အသားအရေများ ပွင့်ထွက်နေပြီး အလွန်ပင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ချင်ဟော့ချိန်တို့သည် တစ်ယောက်ပြီးတစ်ယောက် အသက်ရှူမှားသွားကာ ထိုမြင်ကွင်းကို ကြည့်ရင်း တစ်ကိုယ်လုံး ကြက်သီးထသွားသည်။

"ငါ၊ ငါ ဘယ်မှာလဲ။"

ချင်ဝူကျို့သည် အချိန်အတော်ကြာမှ မရေမရာဖြင့် ခေါင်းကို မော့လိုက်သည်။

သူ့မျက်စိထဲတွင် ရင်းနှီးသော မျက်နှာများကို မြင်လိုက်ရသည်။

"ချင်ဝူကျို့၊ မင်း ခုနက ဘယ်ကို ခေါ်သွားခံရတာလဲ။ မင်းကို ဘယ်သူ ခေါ်သွားတာလဲ။"

ကာကွယ်ရေးဆရာ တစ်ဦးက လေးနက်သော အသံဖြင့် မေးမြန်းသည်။

ချင်ဝူကျို့၏ မှတ်ဉာဏ်များမှာ ရေလွှမ်းမိုးသကဲ့သို့ ပြန်လည် စီးဝင်လာသည်။

သူသည် အကြီးအကျယ် တုန်လှုပ်သွားပြီး အမှန်အတိုင်း ပြောပြရန် ဟန်ပြင်လိုက်စဉ်မှာပင် စကားကို လှည့်ပြောလိုက်သည်။

"ငါ၊ ငါ မသိဘူး..."

အခန်း (၂၄၂၀) - လူမှုရေး အရောင်းအဝယ်

မသိဘူး

လူတိုင်း၏ အမူအရာမှာ ထူးဆန်းနေသည်။

ချင်ဝူကျို့မှာ ဤမျှလောက်အထိ ရိုက်နှက်ခံထားရပြီးမှ သူ့ကို ခေါ်သွားသူမှာ ဘယ်သူလဲဆိုတာ မသိဘူးတဲ့လား။

ကာကွယ်ရေးဆရာ အနည်းငယ်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အားလုံး၏ မျက်ဝန်းထဲတွင် စိုးရိမ်မှုများ လွှမ်းခြုံနေသည်။

"အရင်က ခန့်မှန်းချက်တွေက မှန်ပုံရတယ်။ မင်းကို ခေါ်သွားတဲ့သူက အထွတ်ထိပ်တာအိုအဆင့် သူတော်စင် တစ်ပါး ဖြစ်လိမ့်မယ်။ ကျောင်းတော်ထဲက ဝါရင့်သူ ဖြစ်နိုင်တယ်။"

ကိစ္စရပ်မှာ အလွန်ရှင်းလင်းနေပြီဖြစ်သည်။

သူတို့ ကာကွယ်ရေးဆရာ များပင်လျှင် ခုနက ပျောက်ကွယ်သွားသည့် ရုပ်သွင်နှစ်ခုကို မတားဆီးနိုင်ခဲ့ပေ။

အထွတ်ထိပ်တာအိုအဆင့် သူတော်စင်များတွင်သာ ထိုကဲ့သို့သော စွမ်းရည်မျိုး ရှိသည်။

"မင်းရဲ့ အရိုးအကြောတွေမှာ ထိခိုက်မှု မရှိတဲ့ပုံပဲ။ ပုံစံကတော့ အတော်လေး ရုပ်ပျက်ဆင်းပျက် ဖြစ်နေပေမဲ့ ဒါဟာ အရေပြားပဲ ထိခိုက်တာပါ။

တစ်ဖက်လူက မင်းကို သင်ခန်းစာပေးချင်ရုံ သက်သက်ပဲ ဖြစ်မှာပါ။

မင်း ဒီရက်ပိုင်းအတွင်းမှာ မှားယွင်းတဲ့ အလုပ်တစ်ခုခု လုပ်မိထားတာ ရှိလား "

ခေါင်းဆောင် ကာကွယ်ရေးဆရာက အေးဆေးစွာ မေးသည်။

"ဦးလေး ဖြစ်နိုင်တာကတော့..."

ချင်ဝူကျို့သည် အနည်းငယ် တွန့်ဆုတ်ပြီးနောက် တိုးတိုးလေး ပြောသည်။

"ကျွန်တော် ချင်မျိုးနွယ်စု တပည့်တွေအတွက် အခွင့်အရေး ရအောင် ရှကျိကို ပစ်မှတ်ထားပြီး နှောင့်ယှက်မိတာ ရှိပါတယ်။"

ချင်ချိုးချူး သည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး မေးလိုက်သည်။

"ရှကျိ ဆိုတာ ဘယ်သူလဲ"

ထိုအချိန်တွင် အခြား ကာကွယ်ရေးဆရာ တစ်ဦးက အေးဆေးစွာ ဝင်ပြောသည်။

"ကျွန်တော်တို့ လူသားမျိုးနွယ်စု ကျောင်းတော်ရဲ့ ကျောင်းသားပါ။ အရည်အချင်းက မဆိုးဘူး၊ ကောင်းကင်ငါးပါး စစ်မြေပြင် မှာလည်း မှတ်တမ်းကောင်းတွေ ရှိတယ်။

ဇာစ်မြစ် နိမ့်ပါးပေမဲ့ စစ်တပ် နဲ့အတူ ပုရွက်ဆိတ်အသိုက် နယ်မြေကို တိုက်ခိုက်ဖူးတယ်။

ခွေရွှေ မျိုးနွယ်စုက အကြံပြုချက်နဲ့ တန်လင်ကျောင်းတော်ကို ဝင်လာတာပါ။"

ချင်ချိုးချူး၏ မျက်နှာမှာ မှိုင်းညှိုးသွားပြီး ချင်ဝူကျို့ကို တစ်ချက်စိုက်ကြည့်ကာ -

"မျိုးနွယ်စုတူ တပည့်ချင်းတွေပဲ၊ လွန်လွန်ကျူးကျူး မလုပ်ပါနဲ့။ ဒီတစ်ခါတော့ ဝါရင့်ပုဂ္ဂိုလ်တစ်ဦးဦးက ကြည့်မရလို့ မင်းကို အပြစ်ပေးလိုက်တာပဲ ဖြစ်မယ်။"

ခဏရပ်ပြီးနောက် သူက ဆက်ပြောသည်

"မင်း အဖေ့မှာ သားသမီးတွေ အများကြီး ရှိပေမဲ့ အကြီးဆုံးသားက အခု အမှားလုပ်မိလို့ အပြစ်ပေးခံနေရတယ်။

မင်းနဲ့ မင်းရဲ့ မောင်နှမတွေထဲမှာ မင်းရဲ့ အရည်အချင်းက ပိုထူးခြားလို့ တန်လင်ကျောင်းတော်မှာ လေ့လာခွင့် ရတာပါ။

ဒီအခွင့်အရေးကို မဖြုန်းတီးပါနဲ့၊ မင်း အဖေကိုလည်း စိတ်ပျက်အောင် မလုပ်နဲ့ နောက်ဆိုရင် လုပ်ကိုင်ဆောင်ရွက်တဲ့အခါ သတိထားပါ။ နားလည်လား "

"ဟုတ်ကဲ့၊ ဦးလေး "

ချင်ဝူကျို့သည် အားအင်မရှိစွာ ပြောသည်။

"ဘယ်လောက်တောင် ထူးဆန်းတဲ့ စွမ်းရည်လဲ။ အတွင်းပိုင်းမှာ ထိခိုက်မှု မရှိဘဲနဲ့ အရေပြားကိုပဲ ထိခိုက်အောင် လုပ်ထားပေမဲ့ ဝူကျို့ကိုတော့ အလွန်တရာ နာကျင်အောင် လုပ်နိုင်ခဲ့တယ်။"

ကာကွယ်ရေးဆရာ တစ်ဦးက ရှေ့တိုးလာပြီး စစ်ဆေးကြည့်ရာ အံ့ဩတကြီး ဖြစ်သွားသည်။

ကာကွယ်ရေးဆရာ အများအပြားမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ဒါဟာ အထွတ်ထိပ်တာအိုအဆင့်ရဲ့ စွမ်းရည်မျိုး ဖြစ်နေမှာကို သူတို့ ကြောက်ရွံ့နေကြသည်။

နတ်ဘုရားစွမ်းအား သည် တာအိုလမ်းစဉ်သို့ ပြောင်းလဲသွားပြီဆိုလျှင် တူညီသော နတ်ဘုရားစွမ်းအားဖြစ်ပါကလည်း ထူးခြားသော အပြောင်းအလဲများ ရှိနိုင်သည်၊ ၎င်းကို ကောင်းကင်နိမိတ်ဖြစ်စဥ် အဆင့်ရှိ သူတို့အတွက် စူးစမ်းရန် ခက်ခဲလှသည်။

"မင်း ဒဏ်ရာကို သေချာ ပြန်ကုသလိုက်ပါ။"

ချင်ချိုးချူးသည် စကားတစ်ခွန်း ပြောခဲ့ပြီးနောက် ကာကွယ်ရေးဆရာများနှင့် ဆရာများကို ခေါ်ဆောင်ကာ လှည့်ထွက်သွားသည်။

ဥယျာဉ်ထဲတွင် တစ်ဖန် ငြိမ်သက်သွားပြန်သည်။

ချင််််ဟေ့ာချိန်က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်

"အရမ်း နာလား"

ချင်ဝူကျို့၏ မျက်နှာမှာ ပြောင်းလဲသွားပြီး ချင်််ဟော့ချိန်ကို မုန်းတီးစွာ ကြည့်လိုက်သည်။ အံ့ဩစရာကောင်းသည်မှာ သူသည် ပြန်မပြောဘဲ ခက်ခက်ခဲခဲ ထရပ်လိုက်ကာ ယိုင်နဲ့နဲ့ ထွက်ခွာသွားသည်။

ရှကျိ၏ လက်ချက်ဖြင့် အတွင်းနယ်မြေ ပျက်စီးလုနီးပါး ဖြစ်ခဲ့ရပြီးနောက် ချင်ဝူကျို့ကို အကူအညီတောင်းခဲ့သည့် ချင်မျိုးနွယ်စု တပည့်ကပင် သူ့ကို တွဲကူရန် ကြိုးစားသော်လည်း ချင်ဝူကျို့က လက်ဖြင့် ခါထုတ်ပစ်လိုက်သည်။

"ချင်ဝူကျို့ ဒီတစ်ခါတော့ တကယ် ကြောက်သွားပုံရတယ်၊ နောက်ဆို ရှကျိကို ထပ်ထိရဲတော့မှာ မဟုတ်ဘူး။"

လူတစ်ယောက်က သက်ပြင်းချကာ ပြောသည်။

"ဟုတ်တယ်၊ ဘယ်ဝါရင့်ပုဂ္ဂိုလ်ကများ ကြည့်မရလို့ ထွက်ကူညီပေးတာလဲ မသိဘူး..."

အားလုံးက ချင်ဝူကျို့ကို ကံဆိုးသူဟု ထင်ကြသည်။ ပုံမှန်အားဖြင့် ဒီလို အသေးအဖွဲ ကိစ္စလေးနဲ့ ဘယ်သူကများ အပြစ်ပေးမှာလဲ။

ရှကျိကို တစ်စုံတစ်ယောက်က ကြိုတင် သတိထားမိပြီး ဖြစ်နေသည့်အတွက်သာ ထွက်ကူညီခြင်း ဖြစ်နိုင်သည်။

ထိုစကားသံများကို ကြားရသောအခါ ချင်ဝူကျို့၏ မျက်လုံးထဲတွင် လှောင်ပြောင်ရိပ်များ ပေါ်လာသည်။

ဒီလူတွေက အမှန်တရားကို ဘယ်လိုလုပ် သိနိုင်မှာလဲ။

ဒါဟာ ဝိညာဉ်မျိုးနွယ်စုရဲ့ အကြီးအကဲက ဟော်ဆွေ့ ဘိုးဘေးရဲ့ စည်းကမ်းကျော်လွန်မှုကို သိသွားလို့ ဖြစ်တာပါ။

"ငါ ဒီကိစ္စကို ဘယ်တော့မှ ထပ်မပါဝင်တော့ဘူး၊ ငါ အကုန်ပြောပြလိုက်ပြီဆိုတာကိုလည်း ဘိုးဘေး မသိအောင် လုပ်ရမယ်။ ရှကျိကြောင့်ပဲ ဒီလို ဖြစ်ရတာပါလို့ပဲ ဟန်ဆောင်ရမယ်..."

ချင်ဝူကျို့သည် လက်သီးကို တင်းတင်းဆုပ်ထားလိုက်သည်။

……

အတွင်းနယ်မြေ။

ဖန့်ချန်သည် လက်ကို အသာခါ၍ အကြောင်းအကျိုး မျက်နှာပြင်ကို သိမ်းဆည်းလိုက်သည်။ ထို့နောက် အရှိန်အပြည့်ဖြင့် ပြန်လာခဲ့ပြီးအတွင်းနယ်မြေ ကျောက်တုံး ကို ကိုင်ကာ စွမ်းအားများကို စုပ်ယူ၍ လက်ရှိ အခြေအနေကို ခိုင်မာစေသည်။

ချင်ဝူကျို့သည် အသေးစိတ် အချက်အလက်များကို မပြောပြခြင်းမှာ သူ ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်သည်။

သာမန် လူမိုက်ဆိုလျှင် တန်လင်ကျောင်းတော်ကို ဘယ်တော့မှ ရောက်လာနိုင်မည် မဟုတ်ပေ။

သို့သော် ချင်ဝူကျို့သည်လည်း တကယ်တမ်း၌ ထက်မြက်သူ မဟုတ်ပေ။

သာ၍ ထက်မြက်ပါက သူသည် အကုန်အစင် ပြောပြပြီး ဟော်ဆွေ့ ဘိုးဘေးကို ကြိုတင် ပြင်ဆင်နိုင်အောင် လုပ်ပေးလိမ့်မည်။

ထိုအကြောင်းကို တွေးမိသောအခါ ဖန့်ချန်၏ မျက်ဝန်းများသည် အဆုံးမရှိသော ဟင်းလင်းပြင်ဆီသို့ ရောက်သွားသည်။

ဒီတစ်ခါ ခရီးစဉ်မှာ အောင်မြင်သည်ဟု ဆိုရမည်။

စင်ကြယ်သော ဗောဓိသီး (၃) လုံးကိုလည်း ပိုင်ရှင်ထံသို့ အရောက် ပို့ပေးနိုင်ခဲ့ပြီ။

"နှမြောစရာပဲ၊ ငါ့ရဲ စွမ်းအင်စုစည်းခြင်း အဆင့် ပြည့်စုံသွားရင်တောင် ငါ့ရဲ့ စွမ်းအားကို တိုးတက်အောင် ကူညီပေးမယ့် ကျွမ်းကျင်သူ လို လူမျိုး မရှိတော့ဘူး။"

ဖန့်ချန်သည် အတွင်းနယ်မြေတစ်ခုလုံးကို ဖြတ်သန်းစီးဆင်းနေသည့် မြစ်ကြီးဆီသို့ အကြည့်ရောက်သွားသည်။

အထွတ်ထိပ်တာအိုအဆင့် မဟုတ်သည့် အတွင်းနယ်မြေသည် ဤ ကောင်းကင်ငါးပါး စစ်မြေပြင်တွင် ကောင်းကင်အရှင် သူတော်စင်၏ ဆက်ခံသူအဖြစ် အသိအမှတ်ပြုခံရရန် မလုံလောက်သေးပေ။

အတွင်းနယ်မြေသည် ကောင်းကင်အရှင်သူတော်စင် အဆင့်သို့ မရောက်ခင်အထိ သူသည် နတ်ဘုရားစွမ်းအား (၂၀) ကျော် ပိုင်ဆိုင်ထားကြောင်း လွယ်လွယ်နှင့် မဖော်ပြရဲပေ။

အတွင်းနယ်မြေနှင့် နတ်ဘုရားစွမ်းအား အရေအတွက် မညီမျှပါက ကောင်းကင်အရှင်သူတော်စင်များ၏ စူးစမ်းမှုကို ခံရလိမ့်မည်။

"ဒါပေမဲ့ လောဘကြီးသော နတ်ဆိုး မျိုးနွယ်စုမှာတော့ ပြိုင်ဘက်ကောင်းတွေ ရှာတွေ့နိုင်လောက်မှာပါ။ မရရင်လည်း တစ်ပြိုင်နက်တည်း အများကြီး လာတိုက်ခိုင်းရုံပေါ့။ ဒီကိစ္စကို... နောက်ပိုင်းမှာ ဖန်ရွှေ နဲ့ ဆွေးနွေးကြည့်ရမယ်။ ဒီသူရဲကောင်းက ငါ့ကိုတော့ မျက်နှာပေးလိမ့်မယ် ထင်တယ်။"

အချိန်များ ကုန်ဆုံးသွားသည်။

ဖန့်ချန်သည် ရွှေဟွေး ကျောင်းတော်သို့ ပြန်ရောက်သောအခါ နေ့ရောညပါ တရားကျင့်သည်။

ဖန့်ကျစ်ရွှယ် လာရောက်လည်ပတ်သော်လည်း သူ မရှိပေ။

ကျောက်တုံးတစ်ခုပြီးတစ်ခုကို စုပ်ယူ၍ အတွင်းနယ်မြေကို ဖြည့်တင်းသည်။

ကောင်းကင်ငါးပါး စစ်မြေပြင် ထပ်မံ ပွင့်သောအခါ ဖန့်ချန်တွင် ကြိုတင် ခံစားမှုတစ်ခု ရှိနေသည်။

နောက်ထပ် အနှစ် (၁၀၀) ဆိုလျှင် သူသည် လက်ရှိ အခြေအနေကို လုံးဝ ခိုင်မာစေပြီး နောက်ထပ် နတ်ဘုရားစွမ်းအား အသစ်တစ်ခုကို လေ့လာရန်အတွက် အခြေခံ အရင်းအမြစ်ကို ချန်ထားနိုင်မည် ဖြစ်သည်။

"ဖန့်ချန် ရှိလား"

ဖန့်ချန် အံ့ဩသွားပြီး ဂူထဲမှ ထွက်လာကာ အောက်ဝူဖား ကို လက်ယှဉ်၍ ရယ်မောပြောသည်။

"အစ်ကိုကြီး ဘာကိစ္စနဲ့ ရောက်လာတာလဲ"

"ငါ ဒီကို လာတာက တခြားလူတစ်ယောက်က အကူအညီ တောင်းလို့ပါ။ မင်း အရမ်း မုန်းတဲ့လူ တစ်ယောက်ပါ။ ဒါပေမဲ့ ဒီတစ်ခါတော့ တစ်ဖက်လူက လူမှုရေးအရ အကူအညီ တောင်းလာတာဆိုတော့ မင်း နားထောင်ကြည့်မလား "

အောက်ဝူဖားက ထူးဆန်းစွာ ပြောသည်။

"အော်"

ဖန့်ချန် စိတ်ဝင်စားသွားပြီး အောက်ဝူဖားကို ဂူထဲသို့ ဖိတ်ခေါ်လိုက်သည်။

နှစ်ဦး ထိုင်ပြီးနောက် ဖန့်ချန် လက်ဖက်ရည် မငှဲ့ရသေးခင်မှာပင် အောက်ဝူဖားက စကားစလိုက်သည်။

"ဆွေ့ထျန်ဟွမ် က လာခိုင်းတာပါ။ သူက ငါ့ကို သတင်းစကား ပို့ခိုင်းလိုက်တယ်၊ ဒီတစ်ခါ နေမင်းခုနှစ်ပါး စားမေးပွဲက စီကုပေ့ က တာဝန်ယူမှာတဲ့။ မင်း အချိန်ခဏ ရှောင်ထားဖို့ ပြောခိုင်းလိုက်တယ်။"

"စီကုပေ့ တာဝန်ယူမှာ ကျုပ်သိသလောက်ဆိုရင် သူ့ရဲ့ အဆင့်သတ်မှတ်ချက်က သိပ်မမြင့်ဘူး၊ ဘာလို့ သူ့ကို ပေးတာလဲ "

ဖန့်ချန် အံ့ဩသွားသော်လည်း တစ်ဖက်တွင်လည်း စိတ်လှုပ်ရှားမိသည်။

"တကယ်တော့ ဒီလိုပဲ၊ ဒါပေမဲ့ မင်းရဲ့ ထူးဆန်းတဲ့ စွမ်းရည်ကြောင့် နေမင်းခုနှစ်ပါးခန်းမ ဘက်က အကြီးအကဲတွေ ဆွေးနွေးပြီးနောက် စီကုပေ့ ကိုပဲ စာမေးပွဲ စစ်ဆေးသူအဖြစ် ခန့်အပ်လိုက်တာ။

ဒါပေမဲ့ စီကုပေ့ က ကောင်းကင်အရှင် သူတော်စင်ရဲ့ ဆက်ခံသူ ဖြစ်သလို အထက်တန်းစား မိသားစုက ဆင်းသက်လာပြီး ချီထျန်ကြီးမားသော ကျောက်စာ မှတ်တမ်း လို နတ်ဘုရားစွမ်းအားကိုလည်း ပိုင်ဆိုင်ထားတယ်။

ဒါကြောင့် နေမင်းခုနှစ်ပါးခန်းမက စည်းကမ်းသတ်မှတ်ချက် တစ်ခု ချမှတ်ထားတယ်၊ မင်းကို အသက်အန္တရာယ် မပြုရဘူး။ အတူတူပါပဲ၊ မင်းကလည်း သူ့ကို အသက်အန္တရာယ် မပြုရဘူး။"

အောက်ဝူဖားက တွေးတောကာ ပြောသည်။

"ဒီလိုလား၊ ဒါဆိုရင်တော့ ကျုပ် ရှောင်နေစရာ မလိုတော့ဘူး။ စီကုပေ့ ရဲ့ အုတ်မြစ်က သိပ်မနက်ရှိုင်းဘူး၊ သူကလည်း ကောင်းကင်အရှင်သူတော်စင် ဆက်ခံသူ ဖြစ်လာတာက နောက်ပေါက်ကနေ ဝင်လာတာမျိုးပဲ၊ ကြောက်စရာ မလိုပါဘူး။"

ဖန့်ချန်က ရယ်မောကာ

"သူက အရင်က တုန်းဖန်းဟို့ ကို သတ်ပြီး ကျုပ်တို့ လူသားမျိုးနွယ်စုရဲ့ ထူးချွန်သူကို ဖျက်ဆီးခဲ့တာ၊ ဒီအငြိုးကို အခု ပြန်ဆပ်ရမယ့် အချိန်ရောက်ပြီ။"

"ညီလေး၊ ငါတို့ သေချာ ပြန်သုံးသပ်ကြည့်ရအောင်။ ဆွေ့ထျန်ဟွမ် သာ မင်းကို နိုင်လိမ့်မယ်လို့ ထင်ရင် မင်းကို ဒီလို လူမှုရေးမျိုး ဘယ်တော့မှ လုပ်ပေးမှာ မဟုတ်ဘူး၊ ထော်ဘာကျန်းယု ကိစ္စကိုလည်း ဖြေရှင်းပေးမှာ မဟုတ်ဘူး။"

အောက်ဝူဖားက ခါးသီးစွာ ရယ်မော၍

"ကြည့်လေ၊ စီကုပေ့ က အရင်က သိပ်မထူးချွန်ပေမဲ့ နေမင်းခုနှစ်ပါး ခန်းမမှာ အောက်ခြေအဆင့်ပဲ ရှိခဲ့တယ်။

ဒါပေမဲ့ ကောင်းကင်အရှင်သူတော်စင် ဆက်ခံသူ ဖြစ်လာကတည်းက အရာအားလုံး ပြောင်းလဲသွားတယ်။

ပြီးတော့ သူက မင်းထက် နှစ်များကြီး ပိုပြီး ကျင့်ကြံထားတာလေ။

အရေးကြီးတာက မင်း စွမ်းအင်စုစည်းခြင်း နောက်ပိုင်း အဆင့်ကို အခုမှ ရောက်လာတာလေ... မင်းလည်း သိတဲ့အတိုင်းပဲ...

တာအိုလမ်းစဉ်မှာ အဆင့်မြင့်လေလေ၊ အရင်က ကွာဟချက်တွေက နည်းသွားလေလေပဲ။

ဥပမာတစ်ခု ပြောရရင် ကောင်းကင်အရှင်သူတော်စင် နှစ်ပါးမှာ တစ်ပါးက ငယ်ငယ်က နေမင်းခုနှစ်ပါး ခန်းမရဲ့ ထိပ်တန်း တပည့် ဖြစ်ပြီး နောက်တစ်ပါးက အဓိက တပည့်ပဲ။

ဒါပေမဲ့ ကောင်းကင်အရှင်သူတော်စင် အဆင့်ကို ရောက်တဲ့အခါ သူတို့ကြားက ကွာဟချက်က ပြောပလောက်အောင် မရှိတော့ဘူး..."

All Chapters