← Chapters

အခန်း ၁၀၁

Vol. 8 Ch. 101

အခန်း ၁၀၁

Vol. 8 Ch. 101

အခန်း (၁၀၁) မင်းက ပထမဆိုရင် ငါက ဘယ်လောက်လဲ

ဝုယွင်ဂိုဏ်း

ပြင်ပဂိုဏ်း တောင်ထွတ်ခုနစ်ခု၊ ယွန်းရှာတောင်ထွတ်

လရောင်က တောင်ထွတ်အောက်ရှိ သတင်းပို့ရာ နေရာသို့ ကျရောက်နေသည်။ တာဝန်ခံ အမျိုးသားက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"လူတစ်ယောက် လိုနေတယ် မှတ်တမ်းတွေ အရဆိုရင် သူက စောစောကတည်းက ရောက်လာသင့်တာ ဘာလို့ အရိပ်အယောင်တောင် မတွေ့ရတာလဲ"

"လမ်းပျောက်နေလို့ ဖြစ်မယ်"

ဘေးမှ အခြား နတ်သမီးလေး တစ်ပါးက ဝင်ပြောလိုက်ပြီးနောက် သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ဘယ်သူ လိုနေတာလဲ ရှာလို့ ရမလား"

ဟယ်ချန်ဖုန်းက မှတ်တမ်း စာအုပ်ကို အချိန်အတော်ကြာ ကြည့်နေပြီးနောက် ပြောလိုက်သည်။

"လော့ယွင်မြို့ က လာတာ လော့ယွင်မြို့ ပထမ လို့တော့ ထင်တာပဲ ဒါပေမယ့် ဘာလို့ အခုထိ မရောက်သေးတာလဲ ဆိုတာကိုတော့ မသိဘူး"

အမျိုးသမီး ပိုင်တန်ယန် က အကြောဆန့်လိုက်ပြီး ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် သူက အချိန်လွန်သွားပြီ ဆိုတော့ ဒီ အထူး ခြံဝင်းငယ်ကို ဝင်ခွင့် ရတော့မှာ မဟုတ်ဘူး၊ နောက်မှ ပုံမှန် ခြံဝင်းငယ်တွေကိုပဲ စောင့်ရတော့မှာပေါ့"

"ဘယ်လို စီစဉ်ပေးရမလဲ ဆိုတာ လူတွေ သိအောင် မှတ်ချက်လေး ရေးထားလိုက်"

"အခု အချိန်လည်း တော်တော် လင့်နေပြီ ငါတို့လည်း ပြန်ကြတော့မယ်"

ဟယ်ချန်ဖုန်း အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။

"ငါ နည်းနည်းလောက် ထပ်စောင့်လိုက်ဦးမယ် မိုးလင်းမှ ပြန်တော့မယ်"

ပိုင်တန်ယန် က သူ့ကို ကြည့်ကာ ပြောလိုက်သည်။

"ငါ သတိရပြီ နင်လည်း လော့ယွင်မြို့ က လာတာပဲ ဒါဆိုလည်း ဆက်စောင့်နေလိုက်ပေါ့ ဒါပေမယ့် မနက်ဖြန် အထိပဲ စောင့်လို့ ရမယ်နော်"

ဟယ်ချန်ဖုန်း ခေါင်းညိတ်ပြလိုက်ပြီး ဆက်စောင့်နေလိုက်သည်။

ကံမကောင်းစွာဖြင့် မိုးလင်းသည့်တိုင် နောက်ဆုံး တစ်ယောက်ကို သူ မစောင့်နိုင်ခဲ့ချေ။

ထို့ကြောင့် အခြေအနေကို မှတ်ချက် ရေးကာ စာအုပ်ကို ပိတ်လိုက်ရတော့သည်။

နောက်တစ်ခေါက် သတင်းပို့မည့် အချိန်ကိုသာ စောင့်ရတော့မည်။

"နှမြောစရာပဲ"

ဒီလို အခြေအနေမျိုးက တကယ်ကို ရှားပါးပါတယ်။

——

ချီသန့်စင်ခြင်း လျှို့ဝှက်နယ်မြေ ထဲတွင်၊ ကျန်းမန်က ကျောက်တုံးကြီး တစ်ခု နောက်တွင် ပုန်းနေပြီး တိုးတက်မှုနည်းလမ်း ကို ကျင့်ကြံနေသည်။

နားလည်မှု သိပ်မရှိသေးသဖြင့် ကျင့်ကြံရင်းနှင့် ဖြည်းဖြည်းချင်း လေ့လာနေရသည်။

ကံကောင်းစွာဖြင့် ကောင်းကင် နှလုံးသား တံဆိပ်တုံး လောက်တော့ မခက်ခဲပေ။

မိုးမလင်းခင်မှာပဲ သူက တစ်ခေါက် လည်ပတ်နိုင်ခဲ့တယ်။

ဒီလိုဆိုရင် နောက်ပိုင်း ပိုလွယ်သွားပြီပေါ့။

အဆင့်ကိုးပဲ ရှိတာလေ။

ကျန်တဲ့ အချိန်တွေ လုံလောက်လောက်ပါတယ်။

"မင်း တကယ်ပဲ တစ်ညလုံး မအိပ်ခဲ့တာလား မင်း ဒီလို ကျင့်ကြံနေတာက အားအင်ကုန်ပြီး အကျိုးမရှိဘူး ဘာအဓိပ္ပာယ်မှ မရှိဘူး"

ကျောက်တုံး၏ အခြားတစ်ဖက်မှ အမျိုးသား တစ်ဦး လျှောက်လာခဲ့သည်။

ချစ်ရွှေတောင်ထွတ်က တပည့် ယဲ့ဝမ်ရှု ပါ။

ကျန်းမန် လည်း ဂရုမစိုက်ဘဲ ပြောလိုက်သည်။

"သခင်လေးယဲ့ က ကျွန်တော် မှားနေတယ် ဆိုတာကို ဘယ်လိုများ သေချာနေရတာလဲ"

အခုမှ ရောက်ခါစ ဆိုတော့ ကျန်းမန်က ဂိုဏ်းရဲ့ အခြေအနေ အတိအကျကို မသိသေးပါဘူး။

ဒါကြောင့် အကြောင်းအရာတွေကို ပိုပြီး ပြည့်ပြည့်စုံစုံ သိနိုင်ဖို့ ပိုနားထောင်ဖို့ လိုအပ်တယ်။

ဂိုဏ်းထဲမှာ ပါရမီရှင် တွေ အများကြီး ရှိပါတယ်။

ဒါပေမယ့် သူကတော့ သေချာပေါက် ထင်ပေါ်လာနိုင်မယ်လို့ ယုံကြည်တယ်၊ အချိန် ဘယ်လောက် ယူရမလဲ ဆိုတာကိုပဲ သေချာ မသိသေးတာ။

ဒါကြောင့် ရမ်းသန်းပြီး မလုပ်ပါဘူး။

အထူးသဖြင့် ချမ်းသာတဲ့ သူတွေနဲ့ တွေ့ရင် သူတို့က လုံးဝ ယုံမှာ မဟုတ်ဘူးလေ။

ယွင်ချန်ဌာနခွဲ မှာတုန်းကလည်း ဒီလိုပါပဲ။

အထူးသဖြင့် သူ့မှာ အဆင့်သတ်မှတ်ချက် မရှိသေးတဲ့ အချိန်ပေါ့။

ပထမ ဆိုတဲ့ အဆင့်သတ်မှတ်ချက် ရှိလာရင် လူတိုင်းက ယုံကြည်သွားကြမှာပါ။

သိပ်မကြာခင်မှာ အဲဒီလို ဖြစ်လာမယ်လို့ သူ ယုံကြည်တယ်။

အထူးသဖြင့် ရွယ်တူတွေ ကြားမှာပေါ့။

နှစ်နှစ်၊ တစ်နှစ်၊ ဒါမှမဟုတ် နှစ်ဝက်လောက်ပဲ ကြာမှာပါ။

ယွီဝမ်ယီ အရင်က သူ့ကို ပြောခဲ့တဲ့ စကားတွေကို တခြားလူတွေကို ပြန်ပြောပြရမှာပေါ့။

ငါ့ရဲ့ အရှိန်အဝါကို ရှောင်ရှားကြ……

"ရှေးခေတ် ကတည်းက ဒီလိုပဲလေ မင်းတို့လို ဆင်းရဲသားတွေက ကြိုးစားရင် ရလာဒ် ရှိမယ်လို့ တစ်ဖက်သတ် တွေးနေကြတာ"

"ဒါပေမယ့် တကယ်တမ်းကျတော့ မင်းတို့ ကြိုးစားတဲ့ လမ်းကြောင်းက မှားနေတာ ညအိပ်ပျက်ခံ ကျင့်ကြံတာက လုံးဝ မကောင်းဘူး"

ယဲ့ဝမ်ရှု က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"မင်း ကျင့်ကြံမယ် ဆိုရင်လည်း ကိုယ့်ရဲ့ စိတ်နေသဘောထား ကို ခံစားကြည့်သင့်တယ် နောက်တစ်ခုက အနားယူသင့်တဲ့ အချိန် အနားယူရမယ် မဟုတ်ရင် ကျင့်ကြံတဲ့ နေရာမှာ ပိတ်ဆို့မှုတွေ ဖြစ်လာလိမ့်မယ်"

"ဒါပေမယ့် တခြား ဖြစ်နိုင်ခြေ တစ်ခုလည်း ရှိပါသေးတယ်"

ယဲ့ဝမ်ရှုက ကျန်းမန်ကို ကြည့်ကာ ပြောလိုက်သည်။

"ဖြစ်နိုင်တာက မင်းတို့က အစကတည်းက မှားနေတာ ဖြစ်မယ် တကယ့် ကျင့်ကြံရတဲ့ ခံစားချက်ကို နားမလည်ကြတာ ဖြစ်မယ်"

"ဒါကြောင့် ပိတ်ဆို့နေရင်တောင် ပုံမှန်ပဲလို့ ထင်နေကြတာ"

"ဒီလိုဆိုရင် မင်းတို့က ကိုယ်တိုင် ဘယ်လောက်တောင် မှားယွင်းနေတယ် ဆိုတာကို သိနိုင်မှာ မဟုတ်ဘူး"

"မင်းတို့ ဆင်းရဲသားတွေက တကယ်ကို ဒီလို ဖြစ်တတ်ကြတယ်"

"ဒါကလည်း မင်းတို့ရဲ့ အပြစ်တော့ မဟုတ်ပါဘူး"

ကျန်းမန် အနည်းငယ် စဉ်းစားကြည့်လိုက်သည်၊ သူ ဒီလို ခံစားချက်မျိုး လုံးဝ မရှိခဲ့ပါဘူး။

နောက်တစ်ခုက နွားဝါကြီးလည်း ဒီအကြောင်း တစ်ခါမှ မပြောဖူးဘူးလေ။

ပြီးတော့ တစ်ဖက်လူ ပြောတဲ့ ချောမွေ့မှု ဆိုတာက ကိုယ့်လောက် ချောမွေ့နိုင်ပါ့မလား။

"ရှေးခေတ် ကတည်းက ဒီလိုပဲ ဟုတ်လား"

ကျန်းမန်က မေးလိုက်သည်။

"ရှေးခေတ် ကတည်းက ဒီလိုပဲ"

ယဲ့ဝမ်ရှု ခေါင်းညိတ်လိုက်သည်။

ကျန်းမန်က တစ်ဖက်လူကို ကြည့်ကာ ပြုံး၍ မေးလိုက်သည်။

"ရှေးခေတ် ကတည်းက ဒီလို ဖြစ်ခဲ့တိုင်း အမြဲတမ်း မှန်တယ်လို့ ပြောလို့ ရလား"

ယဲ့ဝမ်ရှု ကြောင်အမ်းသွားပြီး နောက်ဆုံးတွင် ခေါင်းကို အနည်းငယ် ယမ်းကာ ပြောလိုက်သည်။

"ဗဟုသုတ နည်းတဲ့ သူတွေက ပိုပြီး ခေါင်းမာတယ်၊ ပြီးတော့ ပိုပြီး ယုံကြည်မှု လွန်ကဲတယ်လို့ ပြောကြတာ အရင်တုန်းက ငါ မယုံခဲ့ဘူး"

"အကြောင်းပြချက် တွေနဲ့ ရှင်းပြရင် နားလည်နိုင်မယ်လို့ ငါ ထင်ခဲ့တာ"

"အခုတော့ မရဘူး ဆိုတာ ငါ သိသွားပြီ"

"ရေတွင်းထဲက ဖားလို အမြင်ကျဉ်းမြောင်းမှုက လူတစ်ယောက်ကို အဲဒီ ကျဉ်းမြောင်းတဲ့ နေရာလေးမှာ အမြဲတမ်း ချုပ်နှောင်ထားတာပဲ"

"ဒါပေမယ့် ဂိုဏ်းထဲမှာ အချိန်ကြာလာရင် မင်း နားလည်လာမှာပါ"

ယဲ့ဝမ်ရှုက တခြားအကြောင်းတွေကို ဆက်မပြောတော့ပါဘူး၊ ဆင်းရဲသား တစ်ယောက်နဲ့ ဘာများ သွားငြင်းနေစရာ လိုလို့လဲ။

အဆင့်သတ်မှတ်ချက် တွေနဲ့ ဝိညာဉ်ကျောက်တုံး တွေကို သုံးပြီး ကိုယ့်ရဲ့ အစွမ်းထက်မှုကို ပြသပြီး ကိုယ့်ရဲ့ မှန်ကန်မှုကို ထင်ရှားစေရင် ရပြီ။

ဒီလောက်ဆို လုံလောက်ပါပြီ။

ဒါပေမယ့် လူတစ်ယောက်နဲ့ တွေ့ရခဲတာ ဆိုတော့ သူက တစ်ဖက်လူကို သိမ်းသွင်းပြီး သူ့အတွက် အခြေခံတည်ဆောက်ခြင်း အငွေ့အသက်တွေကို လုပေးဖို့တော့ အလိုရှိသေးတယ်။

ကျန်းမန်က အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး သူနဲ့ ငြင်းခုံနေဖို့ အချိန် မရှိတော့ပါဘူး။

သူ ဆက်ပြီး ကျင့်ကြံရဦးမယ်၊ ပြီးရင် တောင်ထိပ်ကို သွားရမယ်။

ဘယ်နေရာမှာမဆို အခြေခံတည်ဆောက်ခြင်းအဆင့် ကို တက်လှမ်းလို့ ရတယ် ဆိုပေမယ့် သူ့ရဲ့ နောက်ထပ် ရည်ရွယ်ချက် တစ်ခုက တောင်ထိပ်ကို သွားပြီး အဲဒီ မန္တန်အိုးကြီးကို သွားကိုင်ကြည့်ဖို့ပဲ။

တစ်ခုခုများ ရနိုင်မလား ဆိုတာကို ကြည့်ချင်လို့လေ။

အခုတော့ ဆက်ပြီး တိုးတက်အောင် လုပ်ရဦးမယ်။

ထို့နောက် ကျန်းမန်က ကိုယ်လက် လှုပ်ရှားမှုတွေနဲ့ ဝိညာဉ်စွမ်းအင် လည်ပတ်မှုကို အထောက်အကူ ပြုပြီး တိုးတက်မှုနည်းလမ်း ကို မြှင့်တင်တော့တယ်။

ပထမဆုံး တစ်ခေါက် အောင်မြင်သွားတဲ့ အချိန်မှာပဲ သူက တိုးတက်မှုနည်းလမ်း အဆင့်တစ်ကို အောင်မြင်စွာ ဝင်ရောက်သွားနိုင်ခဲ့တယ်။

ချီသန့်စင်ခြင်း ကျင့်စဉ် တွေ အကုန်လုံးက တစ်ကြိမ် လည်ပတ်ရုံနဲ့ အဆင့်တက်တာ၊ အခြေခံတည်ဆောက်ခြင်းအဆင့် ပြီးရင်တော့ ဘယ်နှစ်ကြိမ် လည်ပတ်ရမလဲ မသိဘူး။

အများကြီး ဆက်မတွေးတော့ဘဲ ဒုတိယ အကြိမ် ကို စတင် လည်ပတ်လိုက်တယ်။

ဒီတစ်ကြိမ် လည်ပတ်တဲ့ အခါမှာတော့ အစကတည်းက ပိတ်ဆို့မှုတွေ မရှိတော့ဘဲ အမြန်နှုန်း ကလည်း အများကြီး ပိုမြန်လာတယ်။

နှစ်ကြိမ် လည်ပတ်ပြီးနောက်

တိုးတက်မှုနည်းလမ်း အဆင့်နှစ်

ဘေးကနေ နားချနေတဲ့ ယဲ့ဝမ်ရှု ကတော့ ဘာမှ မသိလိုက်ပါဘူး၊ ခေါင်းယမ်းပြီး သက်ပြင်းချရုံပဲ ရှိတော့တယ်။ နောက်ဆုံးမှာတော့ သူက အခြေခံတည်ဆောက်ခြင်းအဆင့် တက်မယ့် သူတွေကို အရင် သွားရှာလိုက်ဦးမယ် လို့ ပြောလိုက်သည်။

တစ်ခုခု ရရင် သူ့ဆီ ပြန်လာခဲ့မယ်၊ အဲဒီအခါကျရင် မငြင်းဖို့ မျှော်လင့်ပါတယ်တဲ့။

ကျန်းမန် အတော်လေး စိတ်မကောင်း ဖြစ်သွားလေသည်။

ဝိညာဉ်ကျောက်တုံး ရှာမယ့် အခွင့်အရေးက ဒီလိုပဲ လွဲသွားတာလား။

နောက်ပိုင်း ဒီလို အခွင့်အရေး မျိုး ရှိဦးမလား မသိဘူး။

ဒါပေမယ့် အခြေခံတည်ဆောက်ခြင်းအဆင့် တက်ဖို့ကိုပဲ အဓိကထားရမယ်။

ဝိညာဉ်ကျောက်တုံး တွေက ကောင်းပေမယ့် အချိန်က သူ့ကို မစောင့်ဘူးလေ။

ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယား က အတင်း တွန်းအားပေးနေတာကိုး။

တခြား အတွေးတွေကို ဖယ်ရှားလိုက်ပြီး ကျန်းမန်က တိုးတက်မှုနည်းလမ်း ကို ဆက်ပြီး လည်ပတ်နေလိုက်တယ်။

လေးကြိမ် လည်ပတ်ပြီးနောက်

တိုးတက်မှုနည်းလမ်း အဆင့်သုံး

ရှစ်ကြိမ် လည်ပတ်ပြီးနောက်

တိုးတက်မှုနည်းလမ်း အဆင့်လေး

ဆယ့်ခြောက်ကြိမ် လည်ပတ်ပြီးနောက်

တိုးတက်မှုနည်းလမ်း အဆင့်ငါး

သုံးဆယ့်နှစ်ကြိမ် လည်ပတ်ပြီးနောက်

တိုးတက်မှုနည်းလမ်း အဆင့်ခြောက်

မိုးချုပ်သွားပြီ

သန်းခေါင်ယံ အချိန်နဲ့ သိပ်မဝေးတော့ဘူး။

နောက်ဆုံးတော့ ကျန်းမန်က သွေးကြောအင်အား ကျင့်စဉ်ကို လည်ပတ်ဖို့ ရွေးချယ်လိုက်တယ်။

ဘာလို့လဲဆိုတော့ ဆက်ပြီး လည်ပတ်နေရင် တစ်ရက်ကို အကြိမ် တစ်ရာ့ငါးဆယ် လည်ပတ်ဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ သူ ထင်လို့ပဲ။

မအိပ်ရင်တောင် မဖြစ်နိုင်ဘူး။

ဒီ တိုးတက်မှုနည်းလမ်း က ပုံမှန် ကျင့်စဉ် တွေထက် လည်ပတ်ရတာ အများကြီး နှေးတယ်။

ကံကောင်းလို့ ပိုပိုပြီး မြန်လာတာ၊ မဟုတ်ရင် တကယ် အန္တရာယ် များတယ်။

နောက်တစ်ခုက ပိုနေတဲ့ အချိန်တွေကို သွေးကြောအင်အား ကျင့်စဉ် ကျင့်ဖို့ သုံးတာကလည်း ကောင်းတဲ့ ကိစ္စပါပဲ။

တစ်ချိန်တည်းမှာပဲ အမြင့်ဆုံး အဆင့်ကို ရောက်သွားနိုင်တာပေါ့။

ဒုတိယနေ့

တိုးတက်မှုနည်းလမ်း အဆင့်ခုနစ်

စတုတ္ထနေ့

တိုးတက်မှုနည်းလမ်း အဆင့်ရှစ်

သတ္တမနေ့

တိုးတက်မှုနည်းလမ်း အဆင့်ကိုး

ဒသမနေ့

ကျန်းမန်က သွေးကြောအင်အား ဆေးလုံး တွေကို အပြည့်အဝ ချေဖျက်နိုင်ခဲ့ပြီး ဒီအချိန်မှာပဲ ခန္ဓာကိုယ် ရဲ့ ကိုးခုမြောက် ဘူးသီးက လုံးဝ အပြည့်အဝ ပြည့်သွားခဲ့တယ်။

ထိုအခါမှသာ သူက သက်ပြင်းချလိုက်နိုင်တယ်။

ဒီကာလအတွင်း သူ ကိစ္စတစ်ခုကို နားလည်သွားခဲ့တယ်။

မြူခိုးတွေက ကွဲလွင့်သွားတတ်တယ် ဆိုတာပဲ။

ပိုကွဲလွင့်လေလေ တစ်ယောက်ယောက်က အခြေခံတည်ဆောက်ခြင်းအဆင့် ကို စတင် တက်လှမ်းနေပြီ ဆိုတာကို ပြသနေတာပဲ။

မြူခိုးတွေကို အခြေခံတည်ဆောက်ခြင်း အငွေ့အသက် အဖြစ် စုစည်းပြီးမှ အဆင့်တက်တာကိုး။

ရှုံးနိမ့်သွားရင် အခြေခံတည်ဆောက်ခြင်း အငွေ့အသက် တွေက လွင့်စင်သွားပြီး တခြားလူတွေက လုယူကြလိမ့်မယ်။

လူကလည်း အပြင်ကို အပို့ခံရလိမ့်မယ်။

အောင်မြင်ရင်တော့ အမွှေးတိုင် တစ်တိုင်စာ အချိန်အတွင်းမှာ အပြင်ကို အပို့ခံရလိမ့်မယ်။

ကျန်တဲ့ လုယူမှုတွေမှာလည်း ပါဝင်လို့ မရတော့ဘူး။

နောက်တစ်ခုက အခြေခံတည်ဆောက်ခြင်းအဆင့် ကို စတင် တက်လှမ်းပြီ ဆိုတာနဲ့ ဘယ်သူမှ နှောင့်ယှက်လို့ မရတော့ဘူး။

ဒါကြောင့် ပုံမှန်အားဖြင့် လုယူမှု ဆိုတာ မရှိပါဘူး။

အခြေခံတည်ဆောက်ခြင်းအဆင့် တက်တာ ရှုံးနိမ့်သွားတဲ့ သူကို တွေ့မှသာ လုယူမှု စတင်လို့ ရတာပါ။

"မြင်နိုင်စွမ်းက ခြေလှမ်း တစ်ရာ လောက် ရှိတယ် ဆိုတော့ အခြေခံတည်ဆောက်ခြင်းအဆင့် တက်တဲ့သူ သိပ်မများသေးဘူးပဲ"

ကျန်းမန်က ပတ်ဝန်းကျင်ကို ကြည့်ပြီး ခန့်မှန်းလိုက်တယ်။

ထို့နောက် သူက အခြေအနေကို ချိန်ညှိလိုက်ပြီး မြစ်အထက်ပိုင်းကို သွားဖို့ ဆုံးဖြတ်လိုက်သည်။

သူ သွားချင်တာက တောင်ထိပ်လေ၊ ရေက အမြင့်ကနေ စီးလာတာဆိုတော့။

တောင်ထိပ်ကို တိုက်ရိုက် ရောက်နိုင်လောက်တယ်။

လေဟုန်စီး ခြေလှမ်း ကို ဖွင့်လိုက်တယ်။

ဒီလမ်းက ဘယ်လောက် ဝေးလဲ ဆိုတာ သူ သေချာ မသိဘူး၊ ဖြည်းဖြည်း လျှောက်သွားရင် အချိန်လွန်သွားနိုင်တယ်။

အခြေခံတည်ဆောက်ခြင်းအဆင့် တက်ဖို့ ဆိုရင်လည်း တစ်ရက် နှစ်ရက်လောက် အချိန်ယူရမှာ ဆိုတော့ သူ့အတွက် ကျန်တဲ့ အချိန်က ဒီ နှစ်ရက် သုံးရက် လောက်ပဲ ရှိတော့တယ်။

အပေါ်ကို တက်လာတာနဲ့အမျှ မြူခိုးတွေ လျော့နည်းသွားတဲ့ အမြန်နှုန်း က အရင်ကထက် ပိုမြန်လာတာကို ကျန်းမန် သတိထားမိလိုက်တယ်။

ဒီလိုဆိုရင် အဲဒီလူတွေလည်း အချိန်ကို အလကား မဖြုန်းရဲကြတော့ဘူးပေါ့။

ဆယ်ရက်မြောက်နေ့ ကို ရောက်နေပြီဆိုတော့ ဆက်ပြီး အချိန်ဆွဲနေရင် အချိန်မလောက်မှာကို စိုးရိမ်တဲ့ စိတ်တွေ ဝင်လာနိုင်လေသည်။

စိတ်ပူပန်မှု တွေက အခြေခံတည်ဆောက်ခြင်းအဆင့် တက်တာကို ရှုံးနိမ့်စေနိုင်သည်။

ဒါပေမယ့် ကျန်းမန် ကတော့ အဲဒီလို မဟုတ်ဘူး။

သူက အခြေခံတည်ဆောက်ခြင်းအဆင့် ရဲ့ အမြင့်ဆုံး ကန့်သတ်ချက်ကို ရောက်နေလုနီးပါး ပါပဲ။

ကျင့်ကြံမှုအဆင့်၊ ခန္ဓာကိုယ်၊ စိတ်အာရုံ၊ သူက ကျင့်စဉ် တွေကို အမြင့်ဆုံး ရောက်အောင် ကျင့်ပြီးမှ စတင် ကျင့်ကြံခဲ့တာပါ။

ဒါက တကယ့် အဓိပ္ပာယ် အပြည့်အဝ ရှိတဲ့ ပြီးပြည့်စုံခြင်း ပါပဲ။

ဆယ့်တစ်ရက်မြောက်နေ့။

ကျန်းမန်က သစ်တော ကို တွေ့လိုက်ရသလို တောင်စောင်းကိုလည်း ခံစားလိုက်ရတယ်။

ထိုအခါမှ သူ သက်ပြင်းချလိုက်နိုင်တယ်။

"ရောက်တော့မယ်"

အခု မြူခိုးတွေရဲ့ မြင်နိုင်စွမ်း က ခြေလှမ်း တစ်ရာ့ငါးဆယ်ကနေ နှစ်ရာ ကြားကို ရောက်သွားပြီ။

မနက်ဖြန် ဆိုရင် ခြေလှမ်း သုံးရာရဲ့ အပြင်ဘက်ကို ရောက်သွားလောက်တယ်၊ သန်ဘက်ခါ ဆိုရင်တော့ အကုန် ကွဲလွင့်သွားလောက်ပြီ။

တောင်တက်လမ်း တစ်ဝက်

အဲဒီဘက်ကနေ အငွေ့အသက် တစ်ခု ပျံ့နှံ့လာတာကို ကျန်းမန် ရုတ်တရက် ခံစားလိုက်ရတယ်။

တစ်ခဏအတွင်းမှာပဲ လူကို ရင်တုန်သွားစေပေမယ့် ချက်ချင်းပဲ ပုံမှန် ပြန်ဖြစ်သွားတယ်။

"အခြေခံတည်ဆောက်ခြင်း အငွေ့အသက်လား"

သိချင်စိတ်နဲ့ ကျန်းမန်က လေဟုန်စီး ခြေလှမ်း ကို အသုံးပြုပြီး သွားကြည့်လိုက်တယ်။

မျှော်လင့်ထားတဲ့ အတိုင်းပဲ လေထဲမှာ အငွေ့အသက် တစ်ခု ပေါလောပေါ်နေတာကို တွေ့လိုက်ရတယ်။

သူ ရောက်လာတဲ့ အချိန်မှာပဲ နောက်ထပ် ပုံရိပ် တစ်ခုလည်း ထွက်ပေါ်လာခဲ့တယ်။

အမျိုးသမီး တစ်ယောက်ပါ…..

သူမက အခြေခံတည်ဆောက်ခြင်း အငွေ့အသက် ကို မြင်လိုက်တဲ့ အချိန်မှာပဲ ကျန်းမန် ကိုလည်း တွေ့လိုက်ရတယ်။

"ဝိညာဉ်ကျောက်တုံး သုံးထောင်" တစ်ဖက်လူက အရင် စပြောလိုက်သည်။ "ဝိညာဉ်ကျောက်တုံး သုံးထောင် ပေးမယ် ငါနဲ့ မလုဘဲ နောက်ဆုတ်ပေးမလား"

ကျန်းမန်က အခြေခံတည်ဆောက်ခြင်း အငွေ့အသက်ကနေ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး အတူတူ ပေါ်လာတဲ့ လူကို ကြည့်လိုက်တယ်။

အသက် နှစ်ဆယ် ကျော်လောက် ရှိမယ့် ပုံပဲ၊ အဝါနုရောင် နတ်သမီး ဂါဝန်လေး ဝတ်ထားပြီး ဘယ်ဘက်လက်မှာ အဆောင် တစ်ခု ကိုင်ထားကာ ညာဘက်လက်မှာ ဓားရှည် တစ်လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားတယ်။

မကောင်းဆိုးဝါး နှင်ထုတ်မယ့် ပုံစံမျိုးပဲ။

ဒါပေမယ့် အခြေခံတည်ဆောက်ခြင်း အငွေ့အသက် ကိုတော့ ကျန်းမန် တကယ် မလိုချင်ပါဘူး။

သိပ်မသန့်စင်ဘူးလို့ သူ ခံစားရတယ်၊ သူလို ပြိုင်ဘက်ကင်း ပါရမီရှင် မျိုးနဲ့ မတန်ဘူးလေ။

ဝိညာဉ်ကျောက်တုံး ရတာကလည်း မျှော်လင့်မထားတဲ့ အပိုဆု ပါပဲ။

သူ သဘောတူမယ် လုပ်တုန်းမှာပဲ တစ်ဖက်လူက နောက်တစ်ကြိမ် ထပ်ပြောလိုက်တယ်။

"မင်းက ဘယ်တောင်ထွတ်ကလဲ အဆင့်သတ်မှတ်ချက် ဘယ်လောက်လဲ"

ကျန်းမန် အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။

"ယွန်းရှာတောင်ထွတ်၊ ပထမ"

အဆင့်သတ်မှတ်ချက် မေးရင် ပထမ လို့ အရင် ဖြေလိုက်တာ အမှား မရှိဘူး။

"ယွန်းရှာတောင်ထွတ် ပထမလား ချီသန့်စင်ခြင်း ခြံဝင်းငယ်က ပထမ လား၊ ဒါမှမဟုတ် ပြန်လည် ကျင့်ကြံရေး ခြံဝင်းငယ်က ပထမလား"

တစ်ဖက်လူက ထပ်မေးလိုက်တယ်။

ကျန်းမန် က ဒီအကြောင်းတွေကို လုံးဝ မသိဘူး၊ သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ဘာတွေ ကွာခြားလို့လဲ"

"ချီသန့်စင်ခြင်း ခြံဝင်းငယ် ပထမ ဆိုရင် လေးထောင်၊ ပြန်လည် ကျင့်ကြံရေး ခြံဝင်းငယ် ပထမ ဆိုရင် ငါးထောင်" တစ်ဖက်လူက ရှင်းပြလိုက်သည်။

ထိုစကားကို ကြားသော် ကျန်းမန်က လေးလေးနက်နက် ပြောလိုက်သည်။

"ငါက ပြန်လည် ကျင့်ကြံရေး ခြံဝင်းငယ်က ပထမ"

တစ်ဖက်လူက ကျန်းမန်ကို အေးစက်စက် ကြည့်ကာ အချိန်အတော်ကြာမှ ပြောလိုက်သည်။

"ပြန်လည် ကျင့်ကြံရေး ခြံဝင်းငယ် ပထမက ငါ မဟုတ်ဘူးလား"

ကျန်းမန် အံ့ဩသွားသည်။

"………..."

အရှက်တော့ သိပ်မကွဲပါဘူး၊ သူက သိချင်စိတ်နဲ့ မေးလိုက်တယ်။

"ယွန်းရှာတောင်ထွတ် ရဲ့ ညရှုခင်းက တခြား နေရာတွေထက် တကယ် ပိုလှလို့လား"

ကျောက်ယောင်ယောင် မျက်မှောင်ကြုတ်သွားသည်၊ တစ်ဖက်လူက ဆင်းရဲသား တစ်ယောက် ဖြစ်ပြီး ယွန်းရှာတောင်ထွတ် ပြန်လည် ကျင့်ကြံရေး ခြံဝင်းငယ်က တပည့် မဟုတ်ဘူး ဆိုတာကို သူမ သေချာ သိလိုက်ပြီ။

ဘာလို့လဲဆိုတော့ ဝင်ခွင့် ရတဲ့သူက လက်ချိုးရေလို့ ရတဲ့ အထိ နည်းတယ်လေ၊ အရှေ့က လူက အဲဒီအထဲမှာ မပါဘူး။

ဒါပေမယ့် ဆင်းရဲသားတွေက ကြောက်စရာ ကောင်းတယ်။

အထူးသဖြင့် အခြေခံတည်ဆောက်ခြင်း အငွေ့အသက်ကို တွေ့ရင်ပေါ့။

ကိုယ်တိုင် နိုင်နိုင်တယ် ဆိုပေမယ့် အားအင်တွေ အများကြီး ကုန်သွားမှာ။

အခြေခံတည်ဆောက်ခြင်းအဆင့် တက်မယ့် အချိန် ရောက်တော့မှာ ဆိုတော့ ဆက်ပြီး အချိန်ဆွဲနေစရာ မလိုပါဘူး။

"ငါ ဝိညာဉ်ကျောက်တုံး ငါးထောင် ပေးမယ်"

ပြောရင်းနဲ့ သူမက ဝိညာဉ်ကျောက်တုံး ငါးထောင်ကို ပစ်ပေးလိုက်ပြီး အခြေခံတည်ဆောက်ခြင်း အငွေ့အသက် ဆီကို လျှောက်သွားလိုက်တယ်။

ကျန်းမန် ဝိညာဉ်ကျောက်တုံး တွေကို ဖမ်းလိုက်တဲ့ အချိန်မှာပဲ တစ်ဖက်လူ ကလည်း အခြေခံတည်ဆောက်ခြင်း အငွေ့အသက်ကို ရသွားပြီ။

ဝိညာဉ်ကျောက်တုံး ငါးထောင် ကို ကြည့်ရင်း ကျန်းမန်က တစ်ဖက်လူကို စေတနာနဲ့ သတိပေးလိုက်တယ်။

"အခြေခံတည်ဆောက်ခြင်း အငွေ့အသက်က သိပ်မသန့်စင်ဘူးနော်"

ကျောက်ယောင်ယောင်က ဝိညာဉ်အရည် ပုလင်း တစ်ပုလင်း ကို ထုတ်ပြီး လောင်းချလိုက်တယ်။

တစ်ခဏအတွင်းမှာပဲ အခြေခံတည်ဆောက်ခြင်း အငွေ့အသက်က သန့်စင်သွားတယ်။

ကျန်းမန် အတော်လေး အံ့ဩသွားတယ်၊ ဒီလို ပစ္စည်းမျိုးတောင် ရှိတာလား။

ကျန်းမန်ရဲ့ အကြည့်ကို သတိထားမိတဲ့ ကျောက်ယောင်ယောင် က တည်ငြိမ်စွာ ပြောလိုက်သည်။

"တစ်ပုလင်း ကို ဝိညာဉ်ကျောက်တုံး တစ်သောင်း"

ကျန်းမန် တိတ်ဆိတ်သွားသည်။

သူ ချမ်းသာတဲ့ သခင်လေး တွေကို မုန်းတာ အမှန်ပဲ။

အမုန်းဆုံးကတော့ သူကိုယ်တိုင် ချမ်းသာတဲ့ သခင်လေး မဖြစ်လာတာပဲ။

ဝိညာဉ်ကျောက်တုံးတွေကို သိမ်းပြီးနောက် ကျန်းမန်က မေးလိုက်သည်။

"တောင်ထိပ်ကို ဘယ်လို သွားရမလဲ ဆိုတာ သိလား"

"မင်းဆီမှာ မြေပုံ မရှိဘူးလား"

ကျောက်ယောင်ယောင် က အခြေခံတည်ဆောက်ခြင်း အငွေ့အသက် ကို သိမ်းပြီး ပြန်မေးလိုက်သည်။

ကျန်းမန် တိတ်ဆိတ်သွားသည်။

"မင်း အဲဒီလောက်ထိ ဆင်းရဲနေတာလား"

ကျောက်ယောင်ယောင် က ထပ်မေးလိုက်တယ်။

ကျန်းမန် ထပ်ပြီး တိတ်ဆိတ်သွားပြန်တယ်။

အခုမှ ရောက်ခါစ ဆိုတော့ ဒီကို အမြဲ လာနေကျ သူလိုမျိုး ဘယ်လို ဟန်ဆောင်ရမလဲ။

"ဝိညာဉ်ကျောက်တုံး ငါးရာ"

ကျောက်ယောင်ယောင် က ပြောလိုက်သည်။

ကျန်းမန်က ဝိညာဉ်ကျောက်တုံး ငါးရာ ပစ်ပေးလိုက်ပြီး သူ လိုချင်တဲ့ မြေပုံကို ရသွားတယ်။

မြစ်ရဲ့ အဆုံးသတ်က တောင်တက်လမ်း တစ်ဝက်မှာ ရှိပြီး တောင်ပေါ် တက်ဖို့ လမ်းလွှဲသွားရဦးမယ်။

အခု လမ်းမကြီး ကနေ သိပ်မဝေးသေးဘူး ဆိုတော့ ဒီနေ့ တောင်ပေါ် ရောက်နိုင်လောက်တယ်။

ထို့နောက် ကျန်းမန်က တစ်ဖက်လူကို နှုတ်ဆက်လိုက်တယ်။

ထွက်သွားတဲ့ အချိန်မှာ တစ်ဖက်လူက သူ ဘယ်တောင်ထွတ် ကလဲ ဆိုတာ ထပ်မေးသေးတယ်။

ကျန်းမန်က အမှန်အတိုင်း ပြောပြလိုက်တယ်။

ကံမကောင်းတာက တစ်ဖက်လူက မယုံဘူး။

ဝိညာဉ်ကျောက်တုံး မရနိုင်ဘူး ဆိုတော့ ကျန်းမန် လည်း ဆက်မရှင်းပြတော့ပါဘူး။

အဓိကကတော့ ရှင်းပြလိုက်ရင် 'မင်း ဆင်းရဲတာ ငါ သိပါတယ်၊ ဒါပေမယ့် မင်းကို အထင်သေးလို့ ပြောတာ မဟုတ်ပါဘူး၊ ဒီလောက် မျက်နှာလေး ရဖို့ အတွက် ဒီလို လိမ်နေစရာ မလိုပါဘူး' ဆိုတဲ့ စကားကို ကြားရမှာ စိုးလို့ပါ။

ဒါက ကပ်စေးနည်းတဲ့ လီယွမ် က သူ့ကို သေသေချာချာ ပြောပြဖူးတဲ့ စကားလေ။

ကျောက်ယောင်ယောင် လည်း သိပ်ဂရုမစိုက်ပါဘူး၊ လုံးဝ ဆန့်ကျင်ဘက် လမ်းကြောင်းကို ရွေးပြီး ထွက်သွားတယ်။

ညနေစောင်း

လရောင် ကျရောက်လာတဲ့ အချိန်မှာ ကျန်းမန်က တောင်ထိပ်ကို အဆင်ပြေပြေ ရောက်လာခဲ့တယ်။

ဒီမှာ မြူခိုးတွေ မရှိတော့ဘူး။

အောက်ကို ငုံ့ကြည့်လိုက်ရင် မြူခိုးတွေက တောင်တက်လမ်း တစ်ဝက်မှာ ရပ်နေတာကို တွေ့ရမယ်၊ တိမ်တွေရဲ့ အထက်မှာ ရှိနေသလိုပဲ။

အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ရှေ့ကို ကြည့်လိုက်တော့ ကျန်းမန် က ကျောက်တုံးကြီး တစ်ခုကို တွေ့လိုက်ရတယ်။

ကျောက်ဆင်းတု က လေးထောင့် မန္တန်အိုးကြီး တစ်ခုလိုပါပဲ၊ လရောင် အောက်မှာ ရေချိုးနေသလို ဖြစ်နေပြီး သူ့အပေါ်မှာတော့ ထူထပ်တဲ့ အငွေ့အသက်တွေ ရှိနေတယ်။

လျှို့ဝှက်ဆန်းကြယ်တဲ့ ပုံစံမျိုးပါပဲ။

မျက်စိနဲ့ ကြည့်ရုံနဲ့တော့ ဘာမှန်း မသိနိုင်ပါဘူး။

အဆောက်အဦ တစ်ခုလိုလို ထင်ရပေမယ့် သာမန် မဟုတ်ဘူး ဆိုတာကိုလည်း ခံစားရတယ်။

တကယ်ပဲ သာမန် မဟုတ်ဘူးလား ဆိုတာကိုတော့ ကိုင်ကြည့်လိုက်ရင် သိရမှာပေါ့။

ကျန်းမန် က လေးထောင့် မန္တန်အိုးကြီး အနားကို သွားပြီး လက်လှမ်း ကိုင်ကြည့်လိုက်လေသည်။

ကြမ်းတမ်းတဲ့ အထိအတွေ့ ကို ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပဲ စာအုပ် ကို လှုံ့ဆော်လိုက်သည်။

ထို့နောက် စာရွက်တွေက စတင် လှန်လှောလာတယ်။

နောက်ဆုံးတော့ စာရွက်က ဆယ့်ကိုး မျက်နှာမြောက်မှာ ရပ်တန့်သွားတယ်။

စာသားတွေလည်း ပေါ်လာတယ်။

【မွေးရာပါ ရွှေဝါရောင် မန္တန်အိုး - ရှေးခေတ်တုန်းက ရွှေဝါရောင် အငွေ့အသက် ဒီရေတွေက အမည်မသိ တောင်ထွတ်ကို လွှမ်းမိုးသွားပြီး လေးထောင့် မန္တန်အိုးကို ထုဆစ်ခဲ့တယ်၊ တဖြည်းဖြည်းနဲ့ အံ့ဖွယ် အစွမ်းတွေ ရှိလာပြီး ဝိညာဉ်စွမ်းအင်ကို စုစည်းကာ မွေးရာပါ အငွေ့အသက် တွေကို ဖန်တီးပေးနိုင်တယ် လောကကြီး ဘေးဒဏ် ကြုံပြီးနောက် တစ်နေရာကို စောင့်ကြပ်နေခဲ့တယ်၊ ဝိညာဉ်စွမ်းအင် နဲ့ အစာကျွေးပြီး မွေးရာပါ အငွေ့အသက်တွေကို ထုတ်လွှတ်ကာ လူတွေကို အခြေခံတည်ဆောက်ခြင်းအဆင့် တက်ဖို့ အထောက်အကူ ပြုတယ် အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်ပြီးရင် အထဲကို ဝင်ဖို့ ခက်ခဲတဲ့ အတွက် လူတွေက ပစ္စည်းတွေကို အထဲကို ပစ်ထည့်ခဲ့ကြတယ်၊ အထဲမှာ ရှန်ထျန်းလင် ကိုယ်တိုင် ဖွင့်ဖတ်ရမယ့် စာအိတ် တစ်အိတ် ပါတယ်】

【မွေးရာပါ ရွှေဝါရောင် မန္တန်အိုး ကို မှတ်တမ်းတင်ပြီးရင် သိုင်းပညာရပ် ခရမ်းရောင် အငွေ့အသက် တစ်မျှင် ရနိုင်တယ် (ရယူနိုင်သည်)】

လက်ကို ပြန်ရုပ်လိုက်တဲ့ ကျန်းမန် က အတော်လေး အံ့ဩသွားတယ်၊ ဆယ့်ကိုး မျက်နှာမြောက်မှာ ရှိနေတာကိုး။

သိုင်းပညာရပ် ခရမ်းရောင် အငွေ့အသက်

ပါရမီ တိုးတက်လာပြီး သိုင်းပညာရပ် ကျင့်ကြံတဲ့ အမြန်နှုန်းက ပိုပြီး မြန်ဆန်လာမယ်။

ကောင်းကင် နှလုံးသား တံဆိပ်တုံးကိုလည်း အမြဲတမ်း အချိန်ယူပြီး လေ့ကျင့်နေစရာ မလိုတော့ဘူး။

သိုင်းပညာရပ် မွေးရာပါ အငွေ့အသက် နဲ့ ကောင်းကင် နှလုံးသား တံဆိပ်တုံး ကို ကျင့်ကြံရတာ အရမ်း နှေးလွန်းတယ်။

အခု ကျင့်ကြံရင်တော့ ပုံမှန် သိုင်းပညာရပ် တွေလို ဖြစ်သွားလောက်ပြီ။

ထို့နောက် ကျန်းမန်က စာမျက်နှာပေါ်က အကြောင်းအရာတွေကို သေချာ ကြည့်လိုက်သေးတယ်။

ရှန်ထျန်းလင် ကိုယ်တိုင် ဖွင့်ဖတ်ရမယ့် စာအိတ်။

ဒါက ဘာလဲ။

ကျန်းမန်က လေးထောင့် မန္တန်အိုးကြီး ကို မော့ကြည့်လိုက်ပြီး အနည်းငယ် တွေဝေသွားပေမယ့် အားအင် အများကြီး စိုက်ထုတ်ပြီး နောက်ဆုံးတော့ မန္တန်အိုး ရဲ့ အဝ ကို ရောက်သွားတယ်။

အောက်မှာတော့ မှောင်မည်းနေတာပဲ။

"နည်းနည်း နက်တယ်၊ ဆင်းသွားပြီးရင် ပြန်တက်လို့ ရပါ့မလား" ကျန်းမန် အနည်းငယ် စိုးရိမ်သွားတယ်။

အနည်းငယ် စဉ်းစားပြီးနောက် သူက အခြေခံတည်ဆောက်ခြင်းအဆင့်ကို အရင် တက်ဖို့ ဆုံးဖြတ်လိုက်တယ်။

အခြေခံတည်ဆောက်ခြင်းအဆင့် တက်ပြီးရင် အောက်ကို ဆင်းနိုင်လောက်တယ်၊ ပြန်မတက်နိုင်ရင်လည်း အပြင်ကို ပို့မယ့် အချိန်ကို စောင့်လို့ ရတာပဲ။

တကယ်လို့ ဝင်လို့ မရဘူး ဆိုရင်လည်း ဒီစာအိတ်ကို မယူတော့ဘူး။

သိပ်အရေးမကြီးပါဘူး။

ချောက်ကမ်းပါး အစွန်းမှာ ကျန်းမန်က အောက်ဘက်က မြူခိုးတွေကို ခံစားရင်း ဖြည်းညှင်းစွာ ထိုင်ချလိုက်ပြီး တိုးတက်မှုနည်းလမ်း အဆင့်ကိုးကို စတင် လည်ပတ်လိုက်တယ်။

ချက်ချင်းပင် မြူခိုးတွေက လေဆင်နှာမောင်း တစ်ခုလို အပေါ်ကို လိပ်တက်လာပြီး ကျန်းမန်ရဲ့ ခန္ဓာကိုယ် ထဲကို ဝင်ရောက်လာတယ်။

အဝေးကနေ ကြည့်ရင် အံ့ဖွယ် ရှုခင်း တစ်ခုလိုပါပဲ။

——

နှစ်ရက် အကြာ။

ဂိုဏ်းက ပြန်လည် စီစဉ်မှုတွေ စတင်နေပြီ။

သတင်းပို့တာကို တာဝန်ယူရတဲ့ ဟယ်ချန်ဖုန်း က ပိတ်ထားတဲ့ စာအုပ်ကို နောက်တစ်ကြိမ် ပြန်ဖွင့်လိုက်ပြန်တယ်။

သူက ပျက်ကွက်နေတဲ့ လူကို ချက်ချင်း ရှာကြည့်လိုက်တယ်။

"အခုထိ မလာသေးဘူး၊ ဒီတစ်ခေါက် သတင်းပို့တာကို တာဝန်ယူရတာလည်း ငါတို့ပဲ ဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူး"

ပိုင်တန်ယန် က အနားကို ကပ်လာပြီး တစ်ချက် ကြည့်လိုက်ကာ ပြုံး၍ ပြောလိုက်သည်။

"နင့်ရဲ့ ဒီ တစ်မြို့တည်းသားက ဘယ်ရောက်သွားတာလဲ"

ဟယ်ချန်ဖုန်း က ခေါင်းကို အနည်းငယ် ယမ်းကာ ပြောလိုက်သည်။

"နည်းနည်း နှမြောစရာပဲ"

ပိုင်တန်ယန် က ပခုံးတွန့်ကာ ပြောလိုက်သည်။

"ဘာမှ မဖြစ်ပါဘူး ညီညာတဲ့ လမ်းကိုတောင် မလျှောက်နိုင်ဘူး ဆိုတော့ အနာဂတ်မှာလည်း ဘာအောင်မြင်မှုမှ ရှိမှာ မဟုတ်ပါဘူး တကယ်လို့ ဒီတစ်ခေါက် ရောက်လာရင်လည်း သာမန် ခြံဝင်းငယ် တစ်ခုမှာပဲ ကျပန်း စီစဉ်ပေးလိုက်"

အထူး ခြံဝင်းငယ်က တခြား ခြံဝင်းငယ် တွေနဲ့ မတူဘူးလေ။

အဲဒီဘက်မှာ လမ်းညွှန်မှုတွေက စတင်နေပြီ၊ အပြင်မှာတော့ တခြားလူထက် တစ်လှမ်း စောနေဖို့က အရမ်း အရေးကြီးတယ်။

လွဲသွားပြီ ဆိုရင်တော့ လုံးဝ မတူညီတဲ့ ဘဝ လမ်းကြောင်း နှစ်ခု ဖြစ်သွားပြီ ဆိုတာနဲ့ အတူတူပဲ။

All Chapters