← Chapters

အခန်း ၁၀၇

Vol. 8 Ch. 107

အခန်း ၁၀၇

Vol. 8 Ch. 107

အခန်း (၁၀၇) ငါ၏ အလင်းရောင်က ကမ္ဘာမြေပေါ်သို့ ကျရောက်နေပြီ

ချစ်ရွှေတောင်ထွတ်

လမ်းမကြီး၏ ထောင့်တစ်နေရာအနီးတွင် ဖက်တီးလေးက ဝိညာဉ်ဆေးပင်အချို့ကို ရေလောင်းပေးနေသည်။

၎င်းမှာ ချစ်ရွှေမြစ်မှ ခပ်ယူလာသော ရေသန့်ဖြစ်ပြီး ဝိညာဉ်သစ်သီးများ၏ ဝိညာဉ်စွမ်းအင် အချို့ ပါဝင်နေကာ ဝိညာဉ်ဆေးပင်များကို ရေလောင်းရန် အကောင်းဆုံး ဖြစ်သည်။

သူတို့၏ ဤဆိုင်လေးက ဤဝိညာဉ်ဆေးပင်များကို အဓိက ရောင်းချခြင်း ဖြစ်ပြီး အဖိုးတန် ပစ္စည်းများတော့ မဟုတ်ပေ။

များသောအားဖြင့် စိတ်အာရုံကို တည်ငြိမ်စေရန်နှင့် ကျင့်စဉ် ကျင့်ကြံသည့် အမြန်နှုန်းကို မြှင့်တင်ရန် အသုံးပြုကြသည်။ ဈေးပေါပြီး လူကြိုက်များကာ စိုက်ပျိုးရ လွယ်ကူသည်။

၎င်းက အရင်းအနှီးနည်းပြီး ရောင်းချသူများပြားကြောင်းကိုလည်း ဆိုလိုသည်။ ထို့ကြောင့် ရောင်းအားကောင်းသည်ဟု မဆိုနိုင်သော်လည်း အရှုံးပေါ်သည်ဟုလည်း မပြောနိုင်ပေ။

လော်ရွှမ်က အပြာနုရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားကာ ကောင်တာအတွင်း၌ ရပ်လျက် စာရင်းစာအုပ်ကို စစ်ဆေးနေသည်။

ဤလအနည်းငယ်အတွင်း အမြတ်အစွန်းမှာ အံ့မခန်း နည်းပါးလှပြီး လော့ယွင်မြို့ရှိ ဆိုင်များလောက်ပင် မကောင်းချေ။

သို့သော် ဤနေရာသို့ လာရောက်နိုင်ရန်မှာ လူအများအပြား အိပ်မက်မက်ရသော ဆန္ဒတစ်ခု ဖြစ်သည်။ သုံးလတာ အချိန်အတွင်း အဘယ်ကြောင့်ဆိုသည်ကို သူမ အကြမ်းဖျင်း နားလည်လာခဲ့သည်။

ပထမအချက်မှာ ဝိညာဉ်စွမ်းအင်ပင် ဖြစ်သည်။ သူမသည် မည်သည့်ဆေးလုံးမျှ စားသုံးရန် မလိုအပ်ဘဲ ကျင့်ကြံမှုအဆင့်က ချီသန့်စင်ခြင်း အဆင့်ခုနစ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ဒုတိယအချက်မှာ ဤနေရာသည် နေရာကြီးဖြစ်ပြီး ဘဝကို ပြောင်းလဲပေးနိုင်သော လူအများအပြားနှင့် တွေ့ဆုံနိုင်သောကြောင့် ဖြစ်သည်။ သို့သော် ဤအရာများက သူမနှင့် သိပ်ပြီး မသက်ဆိုင်လှပေ။

သူမက စာရင်းစာအုပ်ကို ပိတ်လိုက်ပြီး ရေလောင်းနေသော ဖက်တီးလေးကို ကြည့်ကာ စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

ကောင်း မိသားစုနှင့် လော် မိသားစု ပူးပေါင်းခြင်း၏ အဓိပ္ပာယ်ကို သူမ သဘာဝကျကျ နားလည်သည်။ ယခုအခါ လော် မိသားစုသည် ကောင်း မိသားစုကို လုံးဝ အားထားနေရသည်။

ထို့အပြင် ဂိုဏ်းဟူသော နေရာသည် သာမန်လူများ လာရောက်နိုင်သော နေရာမဟုတ်ပေ။ ကောင်း မိသားစု အနေဖြင့် လူတစ်ယောက် ပိုထည့်ရန်အတွက်လည်း ကြီးမားသော ပေးဆပ်မှုမျိုး ပြုလုပ်ခဲ့ရပေမည်။

ကောင်း မိသားစုက အဘယ်ကြောင့် ဤမျှ ပေးဆပ်ပြီး သူမကို ပို့ဆောင်ပေးခဲ့သနည်း။ ကောင်း မိသားစုက သဘောကောင်းလွန်းသောကြောင့်လား။ သေချာပေါက် မဖြစ်နိုင်ချေ။

သို့သော် ကောင်း မိသားစုက ဤအကြောင်းကို တစ်ခါမျှ ထုတ်မပြောခဲ့ဘဲ သူမကို လုံလောက်သော မျက်နှာပန်းလှမှုမျိုး ပေးထားခဲ့သည်။

သို့သော် ပြဿနာမှာ ဖက်တီးလေးထံတွင် ရှိနေသည်။ သူက ကိုယ်ပိုင် အကြံအစည်များ ရှိပြီး အိမ်၏ စီစဉ်မှုများကို လုံးဝ နားမထောင်ပေ။

ထို့ကြောင့် သူမအနေဖြင့် ယခုကဲ့သို့ လွတ်လပ်မှုမျိုးနှင့် ဂိုဏ်း၏ အရင်းအမြစ်များကို ရရှိနိုင်ခဲ့ခြင်း ဖြစ်သည်။

"ပြင်ပဂိုဏ်းက စာမေးပွဲ စစ်နေပြီလို့ ကြားတယ် အစ်ကိုကျန်း ဘယ်အဆင့်လောက် ရမလဲ မသိဘူး အဆင့်မြင့်မြင့်လေး ရရင် အကောင်းဆုံးပဲ ငါ့အစ်ကိုလတ်ကို အမြင်ကျဉ်းတယ်ဆိုတာ ဘာလဲ သိသွားအောင်လို့"

ဖက်တီးလေးက ပန်းရေလောင်းရင်း ပြောလိုက်သည်။

"သူ့အဆင့်က နိမ့်မှာ မဟုတ်လောက်ပါဘူး အခု ကျန်းမန်က ဘယ်ကျင့်ကြံမှုအဆင့် ရောက်နေပြီလဲ"

လော်ရွှမ်က စားပွဲခုံကို ရှင်းလင်းရင်း ပြောလိုက်သည်။

"ပြီးခဲ့တဲ့တစ်ခေါက် ဖန်ယုံ ပြောတာ ကြားလိုက်တယ် အစ်ကိုကျန်းက အခြေခံတည်ဆောက်ခြင်း အဆင့် ရောက်သွားပြီတဲ့ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူကြီး ဖြစ်သွားပြီ"

ဖက်တီးလေးက ရေလောင်းခြင်းကို ရပ်တန့်ကာ စဉ်းစားလျက် ပြောလိုက်သည်။

ထိုစကားကို ကြားသော် လော်ရွှမ် ကြောင်အမ်းသွားခဲ့သည်။

"ကျန်းမန် အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်သွားပြီ ဟုတ်လား နင့်အစ်ကိုလတ် သိလား"

"သူ မသိဘူးလား"

ဖက်တီးလေးက လော်ရွှမ်ကို ကြည့်ကာ ပြန်မေးလိုက်သည်။

လော်ရွှမ်က အနည်းငယ် စဉ်းစားပြီးနောက် ဖြေလိုက်သည်။

"မသိလောက်ဘူး ထင်တယ် မဟုတ်ရင် အဲဒီလို ဆက်ဆံမှာ မဟုတ်ဘူး"

"ဒါဆို သူတော့ သွားပြီပဲ ဒါပေမယ့် ငါလည်း သူ့ကို သွားပြောလို့ မရဘူး သူက ကိစ္စမရှိရင် သူ့ကို မရှာနဲ့ ကိစ္စရှိရင်လည်း သူ့ကို မရှာနဲ့လို့ ပြောထားတာ"

ဖက်တီးလေးက ပခုံးတွန့်ကာ ဂရုမစိုက်ဘဲ ပြောလိုက်သည်။

အစ်ကိုကျန်းကို အထင်သေးသော သူများမှာ များသောအားဖြင့် ရလဒ်တစ်ခုတည်းသာ ရှိသည်။ ယခု အကြောင်းကြားလျှင်လည်း နောက်ကျနေပြီ ဖြစ်သည်။

ဒုတိယအနေဖြင့် သူကိုယ်တိုင်လည်း မအားလပ်ချေ။ ဝိညာဉ်ဆေးပင်များ ဆက်လက် ရောင်းချရမည်ဖြစ်ပြီး ထို့နောက် ညအိပ်ပျက်ခံကာ ကျင့်ကြံရဦးမည် ဖြစ်သည်။ မကြာသေးမီက သူ၏ မျက်ကွင်းများပင် ညိုလာခဲ့ပြီ ဖြစ်သည်။

သို့သော် တိုးတက်မှုက အလွန် မြန်ဆန်လှသည်။ နောက်နှစ်တွင် ချီသန့်စင်ခြင်း အဆင့်ငါးဆိုသည်မှာ ပြဿနာ မဟုတ်တော့ပေ။ ချီသန့်စင်ခြင်း အဆင့်ခြောက်သို့ပင် ရောက်ရှိရန် မျှော်လင့်ချက် ရှိနေသည်။

"အဆင့်သတ်မှတ်ချက်ကို ငါတို့ ကြည့်လို့ ရလား"

လော်ရွှမ်က မေးလိုက်သည်။

"တက်သွားလို့ မရလောက်ဘူး အတိအကျ သတ်မှတ်ထားတာ မရှိပေမယ့် အစ်ကိုလတ်က တတ်နိုင်သမျှ မတက်သွားဖို့ ပြောထားတယ်"

ဖက်တီးလေးက ခေါင်းအနည်းငယ် ခါပြရင်း ပြောလိုက်သည်။

လော်ရွှမ်က ခေါင်းညိတ်လိုက်ပြီး သိပ်ဂရုမစိုက်တော့ပေ။

"နင်တို့ ဆိုင်ဖွင့်ထားတုန်းလား သခင်လေးကောင်း လော်ရွှမ်က လှလား"

ချန်ယွီက အပြင်မှ ဝင်လာပြီး ဖက်တီးလေးကို နှုတ်ဆက်ရင်း မေးလိုက်သည်။

"လှတယ် ပြီးတော့ ဣန္ဒြေလည်း ကြီးတယ် တကယ့် သခင်မလေး အစစ်ပဲ"

ဖက်တီးလေးက အမှန်အတိုင်း ပြန်ဖြေလိုက်သည်။

"ဒါဆို သွားပြီပဲ နင့်အဖြေက အရမ်း ညက်ညောလွန်းတယ် ငါ့ဘက်က ပစ္စည်းတွေ ရောင်းကုန်သွားလို့ လော်ရွှမ်နဲ့ စကားလာပြောတာ နင် စိတ်ဆိုးမလား"

ချန်ယွီက ခေါင်းခါကာ အထဲသို့ ဝင်သွားပြီးနောက် ခဏရပ်ကာ မေးလိုက်သည်။

"နင် သူ့ကိုပဲ မေးသင့်တာ"

ဖက်တီးလေးက နားမလည်နိုင်စွာဖြင့် ပြန်ဖြေလိုက်သည်။

"ဘာလို့ မျက်မှောင်ကြုတ်နေတာလဲ ငါက နင့်အတွက် လုပ်ပေးနေတာလေ နင် ဒီလိုလုပ်လို့ မရဘူး နင့်ကို လှည့်ကွက်လေးတွေ ဘယ်လို သုံးရမလဲဆိုတာ ငါ သင်ပေးရမလား"

ချန်ယွီက လော်ရွှမ်အနားသို့ ရောက်လာပြီး ပြောလိုက်သည်။

"ဒီနေရာက ဂိုဏ်းလေ နင် နည်းနည်းလောက် ထိန်းထိန်းသိမ်းသိမ်း နေတာ ပိုကောင်းမယ်"

လော်ရွှမ်က တားမြစ်လိုက်သည်။

"တကယ်ပဲ သူလား"

ချန်ယွီက ဂရုမစိုက်ဘဲ အလုပ်များနေသော ဖက်တီးလေးကို ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။

"ဘယ်သူမှ ထုတ်မပြောကြပေမယ့် ပြောစရာ မလိုပါဘူး"

လော်ရွှမ်က ပြောလိုက်သည်။

"နင် ဘယ်လို စဉ်းစားထားလဲ"

ချန်ယွီက မေးလိုက်သည်။

"ဘာမှ မစဉ်းစားထားပါဘူး ငါ အဖေ့စကားကိုပဲ နားထောင်မယ် သူက ရွေးချယ်ပြီးပြီ ဆိုမှတော့ ငါလည်း သူ့ရဲ့ ရွေးချယ်မှုကို လိုက်နာရမှာပေါ့ နင်ကော"

လော်ရွှမ်က ပြောလိုက်ပြီးနောက် ခဏရပ်ကာ ပြန်မေးလိုက်သည်။

"ဂိုဏ်းထဲမှာ ငါက နင့်ထက် အခွင့်အရေး ပိုများတယ်"

ချန်ယွီက ပြုံးလျက် ပြောလိုက်သည်။

"အဲဒီစာကို ဘယ်တော့လောက် ရှင်းပြမှာလဲ"

လော်ရွှမ်က ချန်ယွီကို အချိန်အတော်ကြာ ကြည့်နေပြီး သူမ ဘာတွေးနေသည်ကို သိမြင်လိုဟန်ဖြင့် နောက်ဆုံးတွင်မှ မေးလိုက်သည်။

"ရှင်းပြပြီးလောက်ပြီ ထင်တာပဲ"

ချန်ယွီလည်း သေချာ မပြောရဲပေ။ ဆဋ္ဌမမြောက် ခြံဝင်းငယ်၏ မှတ်စုစာအုပ်ကို ကျန်းမန် ဖွင့်ဖတ်လိုက်သည်နှင့် လော်ရွှမ်၏ လက်ရေးက ယခင် စာအိတ်ပေါ်က လက်ရေးနှင့် မတူညီကြောင်း မြင်တွေ့နိုင်မည် ဖြစ်သည်။

သူမ၏ လက်ရေးလည်း မဟုတ်သဖြင့် သူမတို့ နှစ်ဦးစလုံး လွတ်မြောက်နိုင်မည် ဖြစ်သည်။

ပထမနေ့ စာမေးပွဲက ကျန်းမန်အတွက် မည်သည့် အခက်အခဲမျှ မရှိခဲ့ချေ။ သို့သော် သူ၏ ဖြေဆိုနိုင်မှုက သိပ်မကောင်းလှပေ။

ပထမနေ့တွင် ဖြေဆိုရသော စာအုပ်နှစ်အုပ်မှာ ခန္ဓာကိုယ်နှင့် စိတ်အာရုံအကြောင်း ဖြစ်ပြီး ယွင်ချန်ဌာနခွဲနှင့် သိပ်ပြီး မကွာခြားလှချေ။

သို့သော် သူက အနည်းငယ်မျှသာ ရေးနိုင်ခဲ့သည်။ မည်သို့ပင်ဆိုစေ အဆင့်တစ်သို့ ယခုမှ ရောက်ခါစသာ ဖြစ်သည် မဟုတ်ပါလား။ ဤဘာသာရပ် နှစ်ခုပေါင်းလျှင် ရမှတ် ဆယ်ဂဏန်းကျော်မျှသာ ရနိုင်လောက်ပေသည်။

အထူးသဖြင့် ကျင့်စဉ်အဆင့်များကို မစစ်ဆေးဘဲ ကျင့်ကြံမှုအဆင့်၏ စွမ်းအားကိုသာ စစ်ဆေးခြင်း ဖြစ်သည်။ ထို့ကြောင့် ဒုတိယနေ့ကိုသာ မျှော်လင့်ရတော့မည်။

ဒုတိယနေ့ နံနက်ပိုင်းတွင် စစ်ဆေးသည်မှာ ဝှက်ထားသော ဝိညာဉ်စွမ်းအင် အကြောင်းဖြစ်သည်။ ကျန်းမန်က သူ၏ စာရေးသည့် အမြန်နှုန်း အလွန် မြန်ဆန်နေကြောင်း တွေ့ရှိလိုက်ရသည်။

ဤသည်မှာ မိမိ၏ အရည်အသွေး မဆိုးလှဟု ခံစားရသောကြောင့် ဖြစ်ပေမည်။ အနည်းဆုံး ရမှတ် ခြောက်ဆယ်တော့ ရနိုင်လောက်သည်။

ဝှက်ထားသော ဝိညာဉ်စွမ်းအင်က ရမှတ် အလွယ်ဆုံး ရနိုင်သည်ဟု ပြောကြသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

ညနေပိုင်းတွင် နောက်ဆုံးဘာသာရပ် ဖြစ်သော ကျင့်ကြံမှုအဆင့် ဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ကျန်းမန်က အများကြီး ရေးမနိုင်ခဲ့ချေ။

ခံစားရသည်မှာ ရမှတ် ဆယ်ဂဏန်းကျော်မျှသာ ရနိုင်လောက်ပေမည်။

နောက်ဆုံးတွင် ယန်ရိချိုးက စာမေးပွဲ ပြီးဆုံးကြောင်း အသိပေးလိုက်ရာ လူအားလုံး ခြံဝင်းငယ်ထဲမှ ထွက်ခွာသွားကြသည်။

"အခြေအနေ သိပ်မကောင်းဘူး"

အပြင်သို့ ရောက်ရောက်ချင်း ချောင်ချန်က ကျန်းမန်ကို စာမေးပွဲ ဖြေဆိုမှု အခြေအနေ မေးမြန်းလိုက်ရာ ကျန်းမန်က သက်ပြင်းချရင်း ဖြေလိုက်သည်။

ဘာသာရပ် လေးခုပေါင်းလျှင် ရမှတ် တစ်ရာပင် ပြည့်မည်မဟုတ်ဟု သူ သံသယ ဝင်မိသည်။ ဤသည်က ယွင်ချန်ဌာနခွဲတွင် ပထမဆုံးအကြိမ် ဝင်ရောက်ဖြေဆိုစဉ်ကထက်ပင် ပိုဆိုးနေသေးသည်။

"ဒီလိုဆိုရင်တော့ ငါ စိတ်အေးသွားပြီ ငါ သွားပြီနော်"

ချောင်ချန်က ပြုံးလျက် ပြောလိုက်သည်။

ပိန်ပိန်ရှည်ရှည်နှင့် ချောင်ချန်ကို ကြည့်ကာ တစ်ဖက်လူက သူ့ကို ရန်စနေသည်ဟု ကျန်းမန် ခံစားလိုက်ရသည်။

သို့သော် သူလည်း အများကြီး ဂရုမစိုက်တော့ဘဲ ပြန်သွားကာ ဆက်လက် ကျင့်ကြံနေလိုက်သည်။ မနက်ဖြန်ဆိုလျှင် ရလဒ်ကို သိရတော့မည် ဖြစ်သည်။

မူလက သူ၏ အစွမ်းအစ မဆိုးလှဟု ထင်မှတ်ထားခဲ့သော်လည်း စာမေးပွဲ ဖြေဆိုပြီးနောက် မိမိကိုယ်ကိုယ် အလုံအလောက် မကြိုးစားသေးဟု ခံစားလိုက်ရသည်။

ဆက်လက် ကျင့်ကြံရမည်။ စကားစမြည် ပြောဆိုသည့် အချိန်များကိုပါ လျှော့ချရတော့မည်။ ထမင်းစားသည်ကိုလည်း ပိုမြန်အောင် စားရမည်။

အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်နေပြီ ဖြစ်သော်လည်း ထမင်းစားရန် လိုအပ်သေးသည်။ ရွှေအမြုတေအဆင့်သို့ ရောက်ရှိသွားပါက လိုအပ်တော့မည် မဟုတ်ပေ။

ရွှေအမြုတေ အဘိုးဘေးများက ဝိညာဉ်စွမ်းအင်ကို အစားအစာအဖြစ် အသုံးပြုနိုင်ပြီး ဗိုက်ဝစေရန် အခြား ကောက်နှံများ စားသုံးရန် မလိုအပ်ကြောင်း ကြားဖူးသည်။

နောက်တစ်နေ့

ဒီဇင်ဘာလ ၃ ရက်နေ့

၎င်းမှာ စာမေးပွဲ ရလဒ်များ ထွက်ပေါ်လာမည့် နေ့ဖြစ်သည်။

အသစ်ဝင်ရောက်လာသော ပြန်လည်ကျင့်ကြံရေး ခြံဝင်းငယ်မှဖြစ်စေ အခြေခံတည်ဆောက်ခြင်း ခြံဝင်းငယ်မှဖြစ်စေ လူတိုင်းက ဤအဆင့်သတ်မှတ်ချက်ကို အလွန် အာရုံစိုက်နေကြသည်။

အခြားဂိုဏ်းမှ လူများကလည်း လူများပိုမို ဆွဲဆောင်နိုင်ရန်အတွက် အကြမ်းဖျင်း စောင့်ကြည့်နေကြလိမ့်မည်။

ဤတစ်ကြိမ်တွင် ကျန်းမန်က အစောကြီး ရောက်လာခဲ့သည်။ အခြားသူများလည်း ထိုနည်းတူပင် ဖြစ်သည်။

ဤတစ်ကြိမ်တွင် အားလုံးက မိမိတို့၏ နေရာ အသီးသီးတွင် တည်ငြိမ်စွာ ထိုင်လျက် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။

သိပ်မကြာမီ ယန်ရိချိုး ဝင်လာခဲ့သည်။ သူမ၏ လက်ထဲတွင် စာရွက်တစ်ထပ် ပါလာသည်။

"အရင်ဆုံး မင်းတို့ အသီးသီးရဲ့ ရမှတ်နဲ့ အဆင့်သတ်မှတ်ချက်ကို ကြည့်လိုက်ကြပါဦး လူတော်တော်များများလည်း စိတ်ထဲမှာ ခန့်မှန်းထားပြီးလောက်ပါပြီ ဒီတစ်ခေါက် စာမေးပွဲက တကယ်ပဲ မျှော်လင့်မထားတာတွေ ဖြစ်သွားတယ်"

ဝင်လာချိန်တွင် သူမက လူအားလုံးကို အကဲခတ်ကြည့်ရှုလိုက်ပြီး နောက်ဆုံးတွင် တည်ငြိမ်စွာ ပြောလိုက်သည်။

ထို့နောက် သူမက လက်ထဲမှ စာရွက်များကို ဝေငှပေးလိုက်သည်။

"မင်းရဲ့ ရမှတ်က နည်းနည်း နှမြောစရာပဲ နည်းနည်းလေး လိုသွားတယ်"

ကျန်းမန် အလှည့်သို့ ရောက်သောအခါ ယန်ရိချိုးက သူ့ကို အဓိပ္ပာယ်ပါပါ ကြည့်ကာ ပြောလိုက်သည်။

ထိုစကားကို ကြားသော် လူအားလုံး နားမလည်နိုင် ဖြစ်သွားကြသည်။ မည်မျှဆိုးရွားနေ၍ နည်းနည်းလေး လိုသွားသည်ဟု ပြောရသနည်း။

ကျန်းမန် အံ့ဩသွားသည် ယုတ္တိအရဆိုလျှင် သူလည်း မဆိုးလောက်ပေ။ မိမိ၏ ပါရမီကို အလှပြသက်သက်ဟု တကယ်ပဲ ထင်နေသလော။

ပါရမီက အခြေခံအဖြစ် ရှိနေပြီး အနာအဆာကင်း ဆေးလုံးများ၏ အထောက်အကူလည်း ပါသေးသည်။ သူ မည်သို့မျှ ဆိုးရွားနေမည် မဟုတ်ချေ။

ချက်ချင်းပင် သူက မိမိ၏ အချက်အလက်များကို ကြည့်ရှုလိုက်သည်။

ဒီဇင်ဘာလ ၃ ရက်နေ့

ဝူယွင်ဂိုဏ်း

ပြင်ပဂိုဏ်း ယွန်းရှာတောင်ထွတ်

အခြေခံတည်ဆောက်ခြင်း အရှေ့ခြံဝင်း နဝမမြောက် ခြံဝင်းငယ်

အမည် - ကျန်းမန်။ အဆင့်သတ်မှတ်ချက် - ၁ (စုစုပေါင်း ၂၄ ယောက်)

ကျင့်ကြံမှုအဆင့် - အခြေခံတည်ဆောက်ခြင်း အစပျိုး

ခန္ဓာကိုယ် - အဆင့်တစ် အစပျိုး

စိတ်အာရုံ - အဆင့်တစ် အစပျိုး

အရန် လမ်းကြောင်း - မရှိ

ဝှက်ထားသော ဝိညာဉ်စွမ်းအင် - အလယ်အလတ်

ရရှိသော အရင်းအမြစ်များ - 《အခြေခံ နင်းယွမ်ကျင့်စဉ်》 《အခြေခံ ခန္ဓာကိုယ်ကျင့်စဉ်》 《အခြေခံ စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်》။

ရမှတ် - ၉၈

မှတ်ချက် - ရမှတ် နှစ်မှတ် လိုသွားသဖြင့် လွတ်လပ်စွာ ဆရာတင်ခွင့် မရရှိပေ။

အချက်အလက်များကို ကြည့်ပြီးနောက် ကျန်းမန် မျက်မှောင်ကြုတ်သွားသည်။ နှစ်မှတ် လိုသွားသည် ဟုတ်လား။

ထိုသို့ဆိုလျှင်တော့ အမှန်တကယ်ကို နှမြောစရာ ကောင်းလှသည်။

အကယ်၍ ဤသို့သောကိစ္စမျိုး ရှိမည်မှန်း စောစောကတည်းက သိခဲ့ပါက သူ အတန်းလစ်ပြီး ကျင့်ကြံနေမိလိမ့်မည်။ အချိန် လုံးဝ မီသေးသည်။

သို့သော် သူ မသိခဲ့ချေ။

အတန်းမလစ်လျှင်တောင်မှ ထမင်းစားချိန်ကို လျှော့ချပြီး စကားစမြည်ပြောချိန်ကို လျှော့ချလိုက်ပါက အခွင့်အရေး ရနိုင်သေးသည်။

ပျင်းရိမိသွားခြင်းပင်……. အနားယူချိန် များလွန်းသွားသဖြင့် တိုးတက်မှုကို နှောင့်နှေးစေခဲ့သည်။

သို့သော်လည်း ကောင်းပါသေးသည် ဆရာတင်ခွင့် ရွေးချယ်စရာလေး တစ်ခုသာ မဟုတ်ပါလား။ ကြီးမားသော ကိစ္စတော့ မဟုတ်ပေ။

နွားဝါကြီး ရှိနေသဖြင့် ထိုလူများ သင်ကြားပေးသည်မှာ အများကြီး ညံ့ဖျင်းနေပြီး အမြန်နှုန်းမှာလည်း အံ့မခန်း နှေးကွေးလှသည်။ မိမိဘာသာ စနစ်တကျ သင်ယူမည်ဆိုလျှင် မည်သို့မျှ ဤမျှ မြန်ဆန်နိုင်မည် မဟုတ်ပေ။

နွားဝါကြီး၏ အံ့မခန်း ဉာဏ်ပညာကို ငှားရမ်းကာ ကျင့်ကြံမှုအဆင့်ကို ဦးစွာ မြှင့်တင်ရမည် ဖြစ်သည်။

ထိုအချိန်တွင် လူတိုင်းက မိမိတို့၏ အချက်အလက်များကို ကြည့်ရှုပြီးစီးသွားကြပြီ ဖြစ်သည်။

ကျောက်ယောင်ယောင်က စိတ်ထဲတွင် သက်ပြင်းချလိုက်သည် သူမက ပထမရမည်ဟု ထင်မှတ်ထားခဲ့ပြီး အဆိုးဆုံးဆိုလျှင်တောင် ဒုတိယရမည်ဟု ထင်ခဲ့သည်။ သို့သော် တတိယ ဖြစ်နေသည်။

ထိုသို့ဆိုလျှင် ပထမနှင့် ဒုတိယက မည်သူနည်း။ တစ်ယောက်က ကျိုးပုဖန် ဖြစ်ပြီး နောက်တစ်ယောက်က မည်သူနည်း။

အန်းရုံလား

သူမ၏ ရင်ဘတ်က အလွန် ကြီးမားလွန်းလှသဖြင့် ကျင့်ကြံခြင်းကို ထိခိုက်စေလောက်ပေသည် ပထမ သို့မဟုတ် ဒုတိယသို့ လုံးဝ ရောက်ရှိနိုင်မည် မဟုတ်ပေ။

အန်းရုံက ထိုအချိန်တွင် မိမိ၏ ပဉ္စမနေရာ အဆင့်သတ်မှတ်ချက်ကို ကြည့်ကာ သက်ပြင်းချနေမိသည်။ နောက်ဆွဲခံလိုက်ရခြင်းပင်။

"အချက်အလက်တွေကိုလည်း မင်းတို့ ကြည့်ပြီးကြပြီဆိုတော့ ကိုယ့်ရဲ့ ရမှတ်နဲ့ အဆင့်သတ်မှတ်ချက်အပေါ်မှာ အတိုင်းအတာ တစ်ခုအထိ နားလည်သွားလောက်ပြီ နေ့လယ်ကျရင် အဆင့်သတ်မှတ်ချက် ထွက်လာလိမ့်မယ် ဒါပေမယ့် ဒီတစ်ခေါက်က မင်းတို့ရဲ့ ပထမဆုံး စာမေးပွဲ ဖြစ်တဲ့အတွက် တခြားလူတွေရဲ့ ကျင့်ကြံရေး အတွေ့အကြုံတွေကိုလည်း မေးမြန်းလေ့လာရမယ်"

ထိုအချိန်တွင် ယန်ရိချိုးက မိမိ၏ နေရာသို့ ပြန်သွားပြီး အောက်ရှိ လူအားလုံးကို ကြည့်ကာ ပြောလိုက်သည်။

"ကျန်းမန်"

ခဏရပ်ပြီးနောက် သူမက ဖြည်းညှင်းစွာ ခေါ်လိုက်သည်။

ထိုစကားကို ကြားသော် ကျန်းမန်က နားမလည်နိုင်စွာဖြင့် မတ်တပ်ရပ်လိုက်သည်။

"မင်းရဲ့ ကျင့်ကြံရေး အတွေ့အကြုံတွေကို ပြောပြပါဦး ဒါမှမဟုတ် မင်း ဘာလို့ အဲဒီရမှတ်တွေ ရခဲ့တာလဲ ဆိုတာကို ပြောပြပါ"

ယန်ရိချိုးက ပြောလိုက်သည်။

အခြားသူများက နားမလည်နိုင်အောင် ဖြစ်သွားကြသည် ကျန်းမန်ကို အဘယ်ကြောင့် ကျင့်ကြံရေး အတွေ့အကြုံများ ပြောခိုင်းရသနည်း။ သူက ညအိပ်ပျက်ခံခြင်းမှလွဲ၍ အခြား မည်သည့် အတွေ့အကြုံ ရှိဦးမည်နည်း။

ယွန်းရှာတောင်ထွတ်တွင်ဖြစ်စေ အခြား တောင်ထွတ်များတွင်ဖြစ်စေ သို့မဟုတ် အတွင်းဂိုဏ်းတွင်ဖြစ်စေ ညအိပ်ပျက်ခံ၍ ကျင့်ကြံခြင်းက မှားယွင်းကြောင်းကို အားလုံးက သိရှိထားပြီး ဖြစ်သည်။

"ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ ပါရမီက ကောင်းတယ် ပြီးတော့ ကျွန်တော်က ကြိုးစားတယ်လေ"

ကျန်းမန်က ဆရာမ ယန် ကို ကြည့်ကာ ပြောလိုက်သည်။

"ကြိုးစားတယ်ဆိုတာ ညအိပ်ပျက်ခံတာကို ပြောတာလား"

ယန်ရိချိုးက မေးလိုက်သည်။

"ကြယ်တွေကို အဖော်ပြု လမင်းကို ခေါင်းရွက်ပြီး အိပ်ချိန်စားချိန်ကို မေ့တဲ့အထိ ကြိုးစားတာလို့ ပြောရမှာပေါ့"

ကျန်းမန်က ပြန်ဖြေလိုက်သည်။

"လူတိုင်းက ညအိပ်ပျက်ခံပြီး ကျင့်ကြံတာက စိတ်အာရုံကို ထိခိုက်စေတယ်လို့ ပြောကြတယ် မင်းကကော ဘယ်လို ထင်လဲ"

ယန်ရိချိုးက မေးလိုက်သည်။

"ကျင့်ကြံရင်းနဲ့ပဲ စောင့်ကြည့်ရမှာပေါ့ အစွမ်းထက်တဲ့သူတွေက ပတ်ဝန်းကျင်ကို ဘယ်တော့မှ အပြစ်မတင်ဘူးလေ"

ကျန်းမန်က တည်ငြိမ်စွာ ပြောလိုက်သည်။

"မင်း ဘယ်လို တွေးထားလဲဆိုတာ ပြောပြပါဦး"

ယန်ရိချိုးက ကျန်းမန်နှင့် နားမလည်နိုင် ဖြစ်နေသော အခြားသူများကို ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ငါ ညအိပ်ပျက်ခံပြီး ကျင့်ကြံတယ် ငါ့ရဲ့ တစ်ရက်က ခင်ဗျားတို့ရဲ့ နှစ်ရက်နဲ့ ညီမျှတယ် ခင်ဗျားတို့ ကျင့်ကြံချိန်မှာ ငါကျင့်ကြံတယ် ခင်ဗျားတို့ အနားယူချိန်မှာလည်း ငါက ဆက်ပြီး ကျင့်ကြံနေတုန်းပဲ ဆိုလိုတာက ခင်ဗျားတို့ နေရာမှာတင် ရပ်နေချိန်မှာ ငါက ရှေ့ကို ဆက်သွားနေပြီး ခင်ဗျားတို့ရဲ့ ရှေ့မှာ အမြဲတမ်း ရှိနေတယ် ခင်ဗျားတို့ရဲ့ ရှေ့မှာ ရောက်နေပြီဆိုမှတော့ စိတ်ထဲမှာ ဝမ်းသာပီတိဖြစ်ပြီး ခွန်အားတွေ ပြည့်နေသင့်တာ မဟုတ်ဘူးလား စိတ်အာရုံ ထိခိုက်တယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ အားနည်းတဲ့သူတွေက ကိုယ့်ရဲ့ ပျင်းရိမှုအတွက် အကြောင်းပြချက် ရှာတွေ့သွားတာ သက်သက်ပါပဲ"

ကျန်းမန်က တစ်ဖက်လူကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ဒါပေမယ့် ရှေးခေတ်ကတည်းက ဒီလိုပဲ ဖြစ်လာခဲ့တာလေ"

ယန်ရိချိုးက အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။

"ရှေးခေတ်ကတည်းက ဒီလိုဖြစ်ခဲ့တိုင်း အမြဲတမ်း မှန်တယ်လို့ ပြောလို့ ရလား အင်မော်တယ် ဂိုဏ်းက အုပ်ချုပ်ပြီး လူတိုင်း ကျင့်ကြံလို့ ရသွားပြီ ဆရာမ ယန်က ဒီစကားစုရဲ့ အလေးချိန်ကို အခုထိ နားမလည်သေးဘူး ခေတ်ကြီးက ပြောင်းလဲသွားတာ ကြာပြီ"

ကျန်းမန်က ယန်ရိချိုးကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

ယန်ရိချိုးက ကျန်းမန်ကို ကြည့်နေစဉ် သူမ၏ မျက်လုံးများတွင် လှုပ်ရှားမှုများ ဖြစ်ပေါ်လာခဲ့သည်။ အခြားသူများကမူ နားမလည်နိုင်စွာဖြင့် ပြန်လည် ချေပလိုကြသည်။ သို့သော် တချို့သူများကမူ တိတ်ဆိတ်စွာဖြင့် အလေးအနက် စဉ်းစားနေကြ၏。

"အဆင့်သတ်မှတ်ချက် ကြေညာမယ်"

ယန်ရိချိုးက ဤအရာအားလုံးကို တည်ငြိမ်စွာ ကြည့်ရှုရင်း တိုးတိုးလေး ပြောလိုက်သည်။

စကားဆုံးသွားသည်နှင့် လူအားလုံး တိတ်ဆိတ်သွားကြပြီး အဘယ်ကြောင့် ရုတ်တရက် အဆင့်သတ်မှတ်ချက် ကြေညာရသနည်းဆိုသည်ကို နားမလည်နိုင် ဖြစ်သွားကြသည်။ ယုတ္တိအရဆိုလျှင် နေ့လယ်ကျမှ စာရွက်ဖြင့် ကပ်၍ ကြေညာမည် မဟုတ်ပါလား။

"အခြေခံတည်ဆောက်ခြင်း အရှေ့ခြံဝင်း နဝမမြောက် ခြံဝင်းငယ် ပထမအဆင့် ကျန်းမန် ကိုးဆယ့်ရှစ်မှတ် ဒုတိယအဆင့် ကျိုးပုဖန် ဆယ့်နှစ်မှတ်"

ယန်ရိချိုးက အခြားသူများကို ဂရုမစိုက်ဘဲ ဖြည်းညှင်းစွာ ပြောလိုက်သည်။

"အတန်းဆင်းပြီ"

လူအားလုံး အံ့ဩမှင်တက်သွားချိန် မရလိုက်မီမှာပင် သူမက ပစ္စည်းများကို သိမ်းဆည်းကာ လှည့်ထွက်သွားရင်း ပြောလိုက်သည်။

"ဒီလောက် ရမှတ်လေးနဲ့ ခင်ဗျားတို့ ညဘက်တွေ ဘယ်လိုများ အိပ်ပျော်နေကြတာလဲ ဆိုတာကို ငါလည်း နားမလည်နိုင်တော့ဘူး"

ထိုအချိန်တွင် ကျန်းမန်က လူအားလုံးကို ကြည့်ကာ ခေါင်းယမ်းရင်း ပြောလိုက်သည်။

စကားဆုံးသွားသည်နှင့် လှည့်ထွက်သွားခဲ့သည်။

"ခဏနေပါဦး နင် ဘယ်သွားမလို့လဲ"

ကျောက်ယောင်ယောင်က ကျန်းမန်ကို ကြည့်ကာ မေးလိုက်သည်။

"ပြန်ပြီး ခိုးကျင့်ကြံရမှာပေါ့"

ကျန်းမန်က သူမကို နားမလည်နိုင်စွာ ကြည့်လျက် ဖြေလိုက်သည်။

ထို့နောက် လှည့်ထွက်သွားတော့သည်။ လူအားလုံး တိတ်ဆိတ်သွားကြသည်။

အစ်ကိုကြီး ခင်ဗျား ဘာလုပ်နေတာလဲ။ ဒီလောက်အထိ ဖြစ်စရာ လိုလို့လား။

"အဝါကြီး ငါ့ရဲ့ အလင်းရောင်က ကမ္ဘာမြေပေါ်ကို ကျရောက်နေပြီ"

ကျန်းမန်က နေအိမ်သို့ ပြန်ရောက်သောအခါ နွားဝါကြီးကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။

"ယွန်းရှာတောင်ထွတ်မှာ ဝိညာဉ်စွမ်းအင် စုပ်စရာ မရှိတော့မှာကို မင်း မကြောက်ဘူးလား"

နွားဝါကြီးက မေးလိုက်သည်။

"အစွမ်းထက်တဲ့သူတွေက ပတ်ဝန်းကျင်ကို ဘယ်တော့မှ အပြစ်မတင်ဘူးလေ"

ကျန်းမန်က ပခုံးတွန့်ကာ ဖြေလိုက်သည်။

"ဝိညာဉ်ဆေးပင် အသုံးပြုမှုက နှစ်ဆ ဖြစ်သွားလိမ့်မယ်"

နွားဝါကြီးက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ကျန်းမန် ခဏတာ တိတ်ဆိတ်သွားခဲ့သည်။

————

"နေ့လယ်ကျမှ ရလဒ်ထွက်မှာကို ငါတို့ ဘာလို့ ဒီလောက် အစောကြီး သွားနေကြတာလဲ"

ပြင်ပဂိုဏ်းသို့ သွားနေသော ယွီဝမ်ယီက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

"ယွန်းရှာတောင်ထွတ်က အရင်ဆုံး ထွက်တာလေ"

စီနီယာရှ က ပြောလိုက်သည်။

"ငါ ကြည့်ပြီးတာနဲ့ ချက်ချင်း ထွက်သွားလို့ ရတာပေါ့ တခြားလူတွေ ဝမ်းသာနေတဲ့ ပုံစံကို ကြည့်စရာ မလိုတော့ဘူး မဟုတ်လား"

ထိုစကားကို ကြားသော် ယွီဝမ်ယီက ချက်ချင်း ပြုံးလျက် ပြောလိုက်သည်။

သူမတို့က တောင်ကုန်းငယ်လေးသို့ သွားကာ ရင်းနှီးမြှုပ်နှံမှု စာရင်းထဲမှ အဆင့်သတ်မှတ်ချက်များကို ကြည့်ရုံဖြင့် လုံလောက်ပြီ ဖြစ်ပြီး အဆင့်သတ်မှတ်ချက် အားလုံးကို ကြည့်ရန် မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် မှတ်တမ်းတင်ခံရသည်နှင့် အရင်းအမြစ် ဆုလာဘ်များ ရှိနေသည်ဟု ဆိုလိုသောကြောင့် ဖြစ်သည်။

တောင်ကုန်းငယ်….

သူတို့နှစ်ဦး ရောက်လာချိန်တွင် ဤနေရာ၌ လူအများအပြား ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။ အားလုံးက မိမိတို့ ရင်းနှီးမြှုပ်နှံထားသော သူများ မည်သည့်အဆင့် ရရှိမည်ကို ကြည့်ရှုရန် ရောက်ရှိနေကြခြင်း ဖြစ်သည်။

"စီနီယာရှ နဲ့ ညီမလေး ယွီ တို့လည်း လာကြတာလား ဒီနှစ် စီနီယာရှမှာ ရင်းနှီးမြှုပ်နှံထားတဲ့သူ မရှိဘူးလို့ ငါ မှတ်မိတယ် မဟုတ်ရင် ငါ တကယ် ယှဉ်ကြည့်ချင်သေးတယ်"

အသက် နှစ်ဆယ့်လေးငါးနှစ်ခန့် အရွယ်ရှိ အမျိုးသားတစ်ဦး လျှောက်လာပြီး လက်နှစ်ဖက်ဖြင့် ဓားကို ပိုက်လျက် ပြောလိုက်သည်။

"နင် စီနီယာလု ကို သွားရှာပြီး ယှဉ်ကြည့်သင့်တာ နင် ရင်းနှီးမြှုပ်နှံထားတဲ့သူက အစွမ်းထက်လား သူ ရင်းနှီးမြှုပ်နှံထားတဲ့သူက အစွမ်းထက်လား ဆိုတာကို ကြည့်လို့ ရတာပေါ့"

ယွီဝမ်ယီက ရှေ့ရှိလူကို ကြည့်ကာ ပြောလိုက်သည်။

"အဲဒီလိုတော့ မလုပ်ပါဘူး ငါ သွားယှဉ်ရင် ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲသလို ဖြစ်နေမှာပေါ့ ငါက တမင်သက်သက် အားနည်းတဲ့သူကို ရွေးချယ်ပြီး အနိုင်ကျင့်ချင်ရုံ သက်သက်ပါ ညီမလေး ယွီ ရင်းနှီးမြှုပ်နှံထားတယ် မဟုတ်လား ယှဉ်ကြည့်ကြမလား"

အမျိုးသားက ယွီဝမ်ယီကို ကြည့်ကာ ပြောလိုက်သည်။

"ငါ့ကို ယွန်းရှာတောင်ထွတ် ပြန်လည်ကျင့်ကြံရေး ခြံဝင်းငယ်က တပည့်သစ်တွေရဲ့ အဆင့်သတ်မှတ်ချက်ကို ရှာပေးပါဦး"

ယွီဝမ်ယီက လျှပ်စီးလက်သကဲ့သို့ လျင်မြန်သော အမြန်နှုန်းဖြင့် အဆင့်သတ်မှတ်ချက်ကို တောင်းယူလိုက်သည်။ တစ်ဖက်လူကို ယှဉ်ပြိုင်ခွင့် လုံးဝ မပေးခဲ့ချေ။

ထို့နောက် အဆင့်သတ်မှတ်ချက် ထွက်ပေါ်လာသည်။ လော့ယွင်မြို့မှ ဖန်ယုံ အမည်ရှိသူ တစ်ဦးက အဆင့်သတ်မှတ်ချက်ထဲ ဝင်လာခဲ့သော်လည်း ယွီဝမ်ယီ ရင်းနှီးမြှုပ်နှံထားသူတော့ မဟုတ်ချေ။

ဓားပိုက်ထားသော အမျိုးသားက ဝိညာဉ်ကျောက်တုံး တစ်မိုက် ဆုံးရှုံးသွားသဖြင့် နှမြောသွားခဲ့သည်။

ယွီဝမ်ယီက ခေါင်းခါလိုက်ပြီး သိပ်တော့ ဂရုမစိုက်လှပေ သေချာပေါက် စိတ်ပျက်မှုတော့ ရှိပေသည်။ သို့သော် အများကြီး တောင်းဆို၍လည်း မရနိုင်ချေ။

"ခဏနေပါဦး အခြေခံတည်ဆောက်ခြင်း ခြံဝင်းငယ်မှာ မှတ်ချက်လေး တစ်ခု ရေးထားတယ် စီနီယာယွီ လာရှာရင် အခြေခံတည်ဆောက်ခြင်း အရှေ့ခြံဝင်းက တပည့်သစ်တွေရဲ့ အဆင့်သတ်မှတ်ချက်ကို ရှာကြည့်တာ အကောင်းဆုံးပဲတဲ့"

သူမ ထွက်ခွာရန် ပြင်လိုက်ချိန်တွင် ရှာဖွေပေးသူက ချက်ချင်း ပြောလိုက်သည်။

ယွီဝမ်ယီ အတော်လေး ထူးဆန်းသွားသော်လည်း ရှာဖွေကြည့်ရန်သာ ရွေးချယ်လိုက်သည်။

ထို့နောက် အဆင့်သတ်မှတ်ချက် ထွက်ပေါ်လာ၏။ အထူးသဖြင့် အဆင့်အမြင့်ဆုံးနေရာရှိ ထိုအမည်မှာ တောက်ပသော အလင်းရောင်များ ဖြာထွက်နေသကဲ့သို့ပင်……

ထို့နောက် အမည်၏ အောက်တွင် အကျဉ်းချုပ် ဖော်ပြချက် ပေါ်လာသည်။ ၎င်းမှာ အလိုအလျောက် ပေါ်လာခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုထဲတွင် ကမ္ဘာလောကကြီးကို ပြောင်းပြန်လှန်နိုင်သော မျှော်လင့်မထားသည့် လူတစ်ယောက် ထွက်ပေါ်လာကြောင်း ဆိုလိုခြင်း ဖြစ်သည်။

ကျန်းမန် သြဂုတ်လ ၁၇ ရက်နေ့တွင် လော့ယွင်မြို့ ယွင်ချန်ဌာနခွဲ ပထမအနေဖြင့် ဂိုဏ်းသို့ ဝင်ရောက် သတင်းပို့ခဲ့သည် ထိုနေ့ညတွင်ပင် အထူးဆုလာဘ်ဖြင့် ချီသန့်စင်ခြင်း လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ခဲ့ကာ ဆယ့်သုံးရက် အကြာတွင် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်း၍ ပြန်လာခဲ့သည်။ ယွန်းရှာတောင်ထွတ် အခြေခံတည်ဆောက်ခြင်း ခြံဝင်းငယ်တွင် သတင်းပို့ပြီးနောက် သုံးလအကြာတွင် စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့သည်။ အပြတ်အသတ် ရမှတ်ဖြင့် ပထမနေရာကို ရယူနိုင်ခဲ့သည်။

ရင်းနှီးမြှုပ်နှံသူ……. ယွီဝမ်ယီ

အတိုတောင်းဆုံး အချိန်အတွင်း အခြေခံတည်ဆောက်ခြင်းအဆင့် တက်လှမ်းမှု ဆုလာဘ်ကို ရယူနိုင်သည်။

အခြေခံတည်ဆောက်ခြင်း ဆုလာဘ်

တစ်ခြံဝင်းတည်း ပထမ ဆုလာဘ်

မျှော်လင့်မထားသည့် လူစွမ်းကောင်း ဆုလာဘ်

ရတနာကို သိမြင်သော ဉာဏ်မျက်စိ ဆုလာဘ်

စာသားများ ထွက်ပေါ်လာပြီးနောက် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ ထိုစာသားများက တောက်ပသော အလင်းရောင်များကဲ့သို့ လူတိုင်း၏ မျက်လုံးများထဲသို့ ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။

All Chapters