← Chapters

အခန်း (၂၄၃၅-၂၄၃၆)

Vol. 244 Ch. 2435-2436

အခန်း (၂၄၃၅-၂၄၃၆)

Vol. 244 Ch. 2435-2436

အခန်း (၂၄၃၅) - လှုံ့ဆော်ခြင်း

နေမင်းခုနစ်ပါးနယ်မြေ

“ဖန့်ချန် ဒီတစ်ခေါက်တော့ စီကုပေ့နဲ့ တကယ်ပဲ တိုက်ခိုက်ရတော့မယ်။”

ယူဝမ်ရှန်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုတို့ဖြင့် ရောပြွမ်းနေသော ခံစားချက်များ ပေါ်လာသည်။

ထိုင်ဟောက်ကျုံးသည် သူ၏အနားသို့ လျှောက်လာပြီး ကောင်းကင်ပေါ်တွင် တောက်ပနေသော ရွှေရောင်စာလုံးများကို တစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်သည်။

“မဟုတ်ဘူးလား။ လွန်ခဲ့တဲ့နှစ်တွေက စီကုပေ့က တုန်းဖန်းဟိုကို သတ်ခဲ့တုန်းက သူတို့နှစ်ယောက်ကြားမှာ ရန်ငြိုးတွေ ရှိခဲ့ပြီးသား။ အခု ဒီတစ်ခေါက် တိုက်ခိုက်မှုမှာတော့ နေမင်းခုနစ်ပါး ခန်းမဆောင်ဘက်က အသက်အန္တရာယ် မဖြစ်စေရဘူး၊ ထိရုံတင်ပဲ တိုက်ခိုက်ရမယ်လို့ သတင်းထွက်ထားတယ်။

ဒါပေမဲ့... ဒီကိစ္စက အဲဒီလောက်နဲ့ ပြီးသွားမယ်လို့တော့ မထင်ဘူး။ ဒီနှစ်ယောက် တိုက်ကြရင် ဘယ်သူပဲ နိုင်နိုင်၊ ဘယ်သူပဲ ရှုံးနိုင်၊ ရှုံးတဲ့သူကတော့ အတွင်းနယ်မြေ စွမ်းအားတွေကို ထိန်းထားနိုင်တော့မှာ မဟုတ်ဘူး။”

လန်ဟွမ်ချိုင်သည် ထိုင်ဟောက်ကျုံးကို တစ်ချက်စောင်းကြည့်လိုက်သည်။

“နင် ပြောသလောက်ကြီး မဟုတ်လောက်ပါဘူး၊ ဒါက စာမေးပွဲ တစ်ခုတင် မဟုတ်ဘူးလား။”

“မင်း သတင်းမကြားထားဘူးလား စီကုပေ့ဘက်က အပြတ်ပြောထားပြီးသားလေ။”

ထိုင်ဟောက်ကျုံးသည် မျက်လုံးအိမ် လှည့်လိုက်ပြီး စီကုပေ့ ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။

လူတိုင်း၏ အကြည့်များမှာလည်း ထို 'စွမ်းအင်စုစည်းခြင်းအဆင့် နောက်ဆုံးပိုင်း' အုပ်စုရှိရာဘက်သို့ ရောက်သွားကြသည်။

...

စီကုပေ့သည် ကောင်းကင်ပေါ်တွင် တောက်ပနေသော ရွှေရောင်စာလုံးများကို ကြည့်ကာ နှုတ်ခမ်းထောင့်ကို အနည်းငယ် တွန့်ကွေးလိုက်သည်။

“အားလုံးပဲ၊ ဒီတစ်ခေါက်တော့ ဒီကောင်လေးကို ငါကိုယ်တိုင် ဖြေရှင်းပေးမယ်။ သာမန်မျိုးနွယ်စုက သူတော်စင်လေး ဖြစ်ပြီးတော့ ဒီနှစ်တွေအတွင်း နေမင်းခုနစ်ပါး ခန်းမဆောင်မှာ အတော်လေးကို မောက်မာနေတာပဲ။ မင်းတို့ မခံစားနိုင်ပေမဲ့ ငါကတော့ မကြည့်တော့ဘူး”

“ဟုတ်လား၊ ဖန့်ချန်ကို အနိုင်ယူနိုင်မယ်လို့ တကယ်ပဲ ယုံကြည်မှု ရှိလို့လား”

တန်ခယ်ရွှမ်က အထီတကျ ပြုံးစစ ပြောသည်။ ဆွေ့ထျန်းဟွမ် ကမူ လက်နှစ်ဖက်ကို ရင်ဘတ်တွင် ပိုက်ထားကာ တိတ်ဆိတ်နေသည်။ ရှန်းရှောက်ယွမ်တို့ တစ်သိုက်မှာမူ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အမူအရာအမျိုးမျိုးဖြင့် ဖြစ်နေကြသည်။

သူတို့သည် ဖန့်ချန်နှင့် အမှန်တကယ် မတိုက်ခိုက်ဖူးကြသော်လည်း၊ သူတို့ကိုယ်တိုင် စွမ်းအင်စုစည်းခြင်းအဆင့် အစောပိုင်း ဖြစ်နေချိန်ကတည်းက ဖန့်ချန်ကို သူတို့ အနိုင်ယူနိုင်မည် မဟုတ်ကြောင်း အတွင်းစိတ်တွင် ဝန်ခံထားပြီးသား ဖြစ်သည်။ ဖန့်ချန်နှင့် တိုက်ခိုက်ရခြင်းသည် အသက်အန္တရာယ် ရှိသည်ဟု ထင်မြင်သဖြင့်သာ စွမ်းအင်စုစည်းခြင်းအဆင့် နောက်ဆုံးပိုင်းသို့ အဆင့်တက်ရန် ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

“စီကုပေ့၊ လေလုံးထွားဖို့ဆိုတာ ဘယ်သူမဆို လုပ်နိုင်တာပဲ၊ တိုက်ကြည့်မှ သိမှာပေါ့။ ဖန့်ချန်က တကယ်ပဲ သွေးရွာခန်းမ ရဲ့ ဝူရှီ ဆိုရင် မင်းရဲ့ အူတွေပါ ထွက်ကျသွားဦးမယ်၊ သတိထား ”

ဖန်ရွှေက လှောင်ပြုံးဖြင့် ပြောလိုက်သည်။

အနီးအနားရှိ စွမ်းအင်စုစည်းခြင်းအဆင့် နောက်ဆုံးပိုင်း၊ အလယ်ပိုင်းနှင့် အစောပိုင်းမှ သူတော်စင်များမှာ ထိုစကားကို ကြားပြီး မနေနိုင်ဘဲ ပြုံးမိကြသည်။

စီကုပေ့သည် ဒေါသထွက်ခြင်း မရှိဘဲ ဖန်ရွှေကို ကြည့်လိုက်ရာ သူ၏ အကြည့်များမှာ ထူးဆန်းသော အပြုံးတစ်ခုဖြင့် ပြည့်နှက်နေသည်။

“ဖန်ရွှေ၊ တခြားသူကို အားပေးပြီး ကိုယ့်ကိုယ်ကိုယ် အနိုင်ယူမနေပါနဲ့။ ဒီတစ်ခေါက်တော့ အူတွေ ထွက်ကျမယ့်သူ ရှိမှာ အသေအချာပဲ၊ ဒါပေမဲ့ အဲဒီလူက ငါတော့ မဖြစ်နိုင်ဘူး။”

စကားပြောနေစဉ် စီကုပေ့၏ မျက်လုံးအိမ်ထဲတွင် ထူးဆန်းသော အရောင်တစ်ခု ရုတ်တရက် ဝင်းလက်သွားသည်။

ရင်တန့် သည် ပြစ်ဒဏ်ပေး နတ်ဆိုး မျိုးနွယ်စုမှ သူတော်စင်တစ်ဦး ဖြစ်သည့်အတွက် တစ်စုံတစ်ရာကို ရိပ်မိလိုက်ဟန်ဖြင့် စီကုပေ့ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။

စီကုပေ့သည် နတ်ဆိုးမျက်လုံးကို တွေးမိလိုက်ပြီး သူ ပိုင်ဆိုင်ထားသော ပြစ်ဒဏ်ပေးနတ်ဆိုး မျိုးနွယ်စု၏ အစွမ်းထက်သူတစ်ဦးထံမှ ရရှိထားသည့် မျက်လုံးကို သတိရလိုက်သောအခါ သူ၏ ယုံကြည်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ဤတစ်ခေါက် တိုက်ပွဲအတွက် သူသည် အလွန်ပင် ယုံကြည်မှု ရှိနေသည်။

“ချင်ဟောက်ယွီ၊ မင်းတို့ လူသားမျိုးနွယ်စုရဲ့ အခြေခံအုတ်မြစ်က အရမ်းညံ့ဖျင်းတယ်။ ဒီနှစ်တွေအတွင်း နေမင်းခုနစ်ပါး ခန်းမဆောင်ကို တက်လာနိုင်တဲ့ အရေအတွက်ကလည်း မများလှဘူး။ ရွှေဟွေးကျောင်းတော်ကို ကြည့်လိုက်၊ အရင်က တုန်းဖန်းဟို ရှိတယ်၊ ပြီးတော့ ဖန့်ချန် ရှိတယ်။ အော်... ပြီးတော့ ကံကောင်းလို့ ဝင်လာကြတဲ့ ဖန့်ကျစ်ရွှယ်၊ ဖန့်ရှောင်ပန်း၊ ဖန့်ရှောင်ထျန်းတို့ သုံးယောက် ရှိသေးတယ်။

ဒါမှမဟုတ်ရင်တော့ နေမင်းခုနစ်ပါး ကျောင်းသားဆိုတာ ဘယ်သူမှ ရှိတော့မှာ မဟုတ်ဘူး၊ မဟုတ်လား ငါက တုန်းဖန်းဟိုကို အရင် သတ်ခဲ့တယ်၊ အခု ဖန့်ချန်ကို ဖျက်ဆီးလိုက်ရင် မင်း စိတ်မဆိုးဘူးမလား”

စီကုပေ့က ချင်ဟောက်ယွီကို ပြုံးရွှင်စွာဖြင့် မေးလိုက်သည်။

သူတော်စင်များ၏ အကြည့်များမှာ ချင်ဟောက်ယွီထံသို့ ရောက်သွားကြသည်။ စွမ်းအင်စုစည်းခြင်းအဆင့် နောက်ဆုံးပိုင်းတွင် ချင်ဟောက်ယွီ၏ တည်ရှိမှုမှာ အခြားသူများလောက် မထင်ရှားလှဘဲ အဆင့်သတ်မှတ်ချက်လည်း နောက်ကျနေသည်။

သို့သော် ကောင်းကင်ငါးပါးတွင် ထိုအဆင့်အတန်းမျိုး ရှိခြင်းမှာပင် ထိပ်တန်း ပါရမီရှင်များထဲမှ ထိပ်တန်း ဖြစ်နေပြီဖြစ်သည်။

ချင်ဟောက်ယွီက အေးစက်စွာဖြင့် -

“မင်းမှာ စွမ်းရည်ရှိရင် ဖန့်ချန်ကို ဖျက်ဆီးလိုက်ပါ၊ မင်းမှာ စွမ်းရည်မရှိရင် မင်းကိုယ်မင်းပဲ ဖျက်ဆီးလိုက်လိမ့်မယ်။ ငါက ဘာလို့ စိတ်ဆိုးရမှာလဲ။ ကောင်းကင်ငါးပါးမှာ လိုအပ်တာက စွမ်းအားပဲ၊ လေလုံးထွားတာ မဟုတ်ဘူး။”

“ဟက်၊ လေလုံးထွားတာလား မင်းကတော့ တကယ်ကို ပါးစပ်မာလွန်းတာပဲ။ ဒါပေမဲ့ ပြောရရင် လင်ယောင် မဟာမိတ်အဖွဲ့နဲ့ မင်းတို့ ချင်းမင် မဟာမိတ်အဖွဲ့က ရှေ့တန်းစစ်ပွဲမှာ တိုက်လာတာ နှစ်ပေါင်းများစွာ ကြာပြီ။ ငါတို့ နေမင်းခုနစ်ပါး ခန်းမဆောင်ကလူတွေလည်း တစ်ခုခုတော့ လုပ်သင့်ပြီ။ လင်ယောင် မဟာမိတ်အဖွဲ့က ကျောင်းသားများ၊ ဒီတစ်ခေါက် စစ်မြေပြင်မှာ ငါနဲ့အတူ စတင်ကြရအောင်၊ ငါတို့ ချင်းမင် မဟာမိတ်အဖွဲ့က ကောင်တွေကို အပြင်ဘက်ကို မောင်းထုတ်လိုက်ကြရင် ဘယ်လိုလဲ”

စီကုပေ့က ကျယ်လောင်စွာ အော်ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည့်အခါ လင်ယောင် မဟာမိတ်အဖွဲ့မှ လာသော ကျောင်းသားများမှာ စဉ်းစားဟန် ပြုလာကြသည်။ အနည်းငယ်သော သူများသာ ထိတ်လန့်သွားပြီး စီကုပေ့ကို ဒေါသဖြင့် ကြည့်လိုက်ကြသည်။

တန်ခယ်ရွှမ်သည် ထိုသူများထဲမှ တစ်ဦးဖြစ်ပြီး ဒေါသတကြီး အော်ပြောလိုက်သည်။

“စီကုပေ့၊ နေမင်းခုနစ်ပါး ခန်းမဆောင်ဆိုတာ နေမင်းခုနစ်ပါး ခန်းမဆောင်ပဲ၊ ရှေ့တန်းဆိုတာ ရှေ့တန်းပဲ။ ရှေ့တန်းက ရန်ပွဲတွေနဲ့ ဒီနေရာကို မရောထွေးနဲ့ တခြားသူတော်စင်တွေကို မလှုံ့ဆော်နဲ့ ”

“တန်ခယ်ရွှမ် ၊ မင်းစကားက မှားနေပြီ။ စီကုပေ့ ပြောတာလည်း အကြောင်းအကျိုး ရှိပါတယ်။ ရှေ့တန်းမှာ နှစ်ပေါင်းများစွာ တိုက်ခဲ့ကြတာ၊ လူမျိုးစုဝင်တွေ ဘယ်လောက်တောင် သေခဲ့ပြီလဲအဲဒီထဲမှာ ချီထျန်းမျိုးနွယ်စု သူတော်စင်တွေလည်း ပါမှာပဲ။

ငါတို့က မဟာမိတ်အဖွဲ့တစ်ခုတည်းကပဲလေ၊ ရှေ့တန်းက စစ်သည်တွေကိုပဲ ဖိအားပေးခိုင်းလို့ မရဘူး။ အနည်းဆုံးတော့ ငါတို့လည်း တစ်ခုခု လုပ်သင့်တယ်လေ။”

ပြန်လည် ချေပသူမှာ စီကုပေ့ မဟုတ်ဘဲ လင်ယောင် မဟာမိတ်အဖွဲ့မှ အခြားသော စွမ်းအင်စုစည်းခြင်းအဆင့် နောက်ဆုံးပိုင်း သူတော်စင် တစ်ဦး ဖြစ်သည်။ သူ ဦးဆောင်ပြောလိုက်သည်နှင့် လင်ယောင် မဟာမိတ်အဖွဲ့ဘက်မှ သူတော်စင်များစွာမှာ စီကုပေ့၏ ဘက်တွင် ရပ်တည်လိုက်ကြပြီး စိတ်လှုပ်ရှားစွာဖြင့် ထောက်ခံလာကြသည်။

ချင်းမင် မဟာမိတ်အဖွဲ့မှ ဆွေ့ထျန်းဟွမ်၊ ချင်ဟောက်ယွီတို့မှာ လေးနက်သော အမူအရာများ ဖြစ်ပေါ်လာကြသည်။ တစ်ခဏအတွင်းမှာပင် နေရာတစ်ခုလုံး၏ လေထုမှာ အလွန်ပင် အေးစက်သွားပြီး ခြေဖဝါးမှတစ်ဆင့် ကိုယ်ခန္ဓာတစ်ခုလုံးသို့ အေးစိမ့်သွားသကဲ့သို့ ခံစားလိုက်ရသည်။

“ဟို... ဒါတွေက မင်းတို့ချင်းမင် နဲ့ လင်ယောင် မဟာမိတ်အဖွဲ့ရဲ့ ကိစ္စတွေ၊ ငါတို့ကိုတော့ မဆွဲထည့်ပါနဲ့။”

ရင်တန့်က ချက်ချင်းပင် သူ့သဘောထားကို ပြောလိုက်သည်။ အခြား မဟာမိတ်အဖွဲ့များမှ သူတော်စင်များကလည်း ဤကိစ္စတွင် မပါဝင်လိုကြောင်း ပြောလိုက်ကြသည်။

စီကုပေ့သည် သူတို့ကို ဂရုမစိုက်ပါ။ လင်ယောင် မဟာမိတ်အဖွဲ့မှ တုံ့ပြန်မှု ရရှိထားပြီးဖြစ်ရာ ထိုကိစ္စကိုသာ ကောင်းမွန်စွာ ဖြေရှင်းနိုင်ပါက သူ၏ အဆင့်အတန်းမှာ တန်ခယ်ရွှမ်တို့ထက် အဆပေါင်းများစွာ ပို၍ မြင့်တက်လာလိမ့်မည် ဖြစ်သည်။

“တကယ်ကို ရူးနေတာပဲ။”

ဖန်ရွှေက တိုးတိုးလေး ပြောလိုက်သည်။ စီကုပေ့ကို ကြည့်ရသည်မှာ ရူးသွပ်နေသည့်သူနှင့် တူနေသည်။ သူကိုယ်တိုင်ကို ရှေ့တန်းသို့ အလျင်အမြန် တွန်းပို့နေခြင်းမှာ အရူးတစ်ယောက်၏ လုပ်ရပ်ဟု သူ ထင်မြင်သည်။ သူတို့သည် နေမင်းခုနစ်ပါး ကျောင်းသားများသာ ဖြစ်ကြသေးသည်၊ ပညာမသင်ရသေးဘဲနှင့် ဒီလောက်ထိ စွန့်စားရန် လိုပါသလား။

“ဒီစီကုပေ့က ရည်မှန်းချက် အတော်ကြီးတာပဲ။”

ရှန်းရှောက်ယွမ်သည် စီကုပေ့ကို စူးစမ်းစွာ ကြည့်လိုက်သည်။

“ချီထျန်းမျိုးနွယ်စုက စစ်မက်ကို နှစ်သက်ကြတယ်၊ ဒီတစ်ခေါက်တော့ သူ့ကို အသုံးချပြီး နေမင်းခုနစ်ပါး ခန်းမဆောင်ထဲက ရှုပ်ထွေးနေတဲ့ အခြေအနေကို တိုင်းတာကြည့်ရအောင်။”

ဖူယွမ်ကျူး၏ အသံမှာ ရှန်းရှောက်ယွမ်၏ နားထဲသို့ ရောက်လာသည်။ ရှန်းရှောက်ယွမ်သည် စဉ်းစားဟန် ပြုလိုက်သည်။ နေမင်းခုနစ်ပါး ခန်းမဆောင်၏ အခြေအနေမှာ တကယ်ပင် နှစ်ပေါင်းများစွာ ရှုပ်ထွေးနေခဲ့ပြီ ဖြစ်ရာ ထိုအခွင့်အရေးကို အသုံးချ၍ တိုင်းတာကြည့်ပါက တခြား မဟာမိတ်အဖွဲ့များအတွက် အကျိုးရှိနိုင်သည်။

ထိုသို့ တွေးတောနေစဉ် ရွှေရောင်အလင်းတန်းသည် စီကုပေ့ထံသို့ ရောက်ရှိလာသည်။

စီကုပေ့သည် နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး -

“အားလုံးပဲ၊ လေဟာနယ် စစ်မြေပြင်မှာ တွေ့ကြမယ် ”

အခြားတစ်ဖက်တွင်လည်း ရွှေရောင်အလင်းတန်းသည် ဖန့်ချန်ထံသို့ ရောက်ရှိလာသည်။

ရှကျိနှင့် ချင်ဟော့ချန်တို့၏ အမူအရာမှာ တည်ငြိမ်သွားသည်။

“ဖန်အစ်ကိုကြီး၊ အောင်ပွဲခံနိုင်ပါစေ”

ဖန့်ချန်က ခေါင်းညိတ်လိုက်သည်။ နောက်တစ်စက္ကန့်တွင် သူသည် ရွှေရောင်အလင်းတန်းနှင့်အတူ ပျောက်ကွယ်သွားသည်။

လူတိုင်းမှာ စစ်ပွဲကို ကြည့်ရှုရန် ပြင်ဆင်လိုက်ကြသည်။

မှောင်မိုက်၍ တိတ်ဆိတ်နေသော လေဟာနယ်။

ဦးစွာ နေမင်းကြီး နှစ်စင်း ပေါ်လာသည်။ ထို့နောက် အတွင်းနယ်မြေ တံခါးပေါင်းများစွာ ပေါ်ထွက်လာပြီး နေမင်းကဲ့သို့ တောက်ပသော အတွင်းနယ်မြေများမှာလည်း ထွက်ပေါ်လာသည်။

“အစ်မ၊ ဖန်အစ်ကိုကြီး ဒီတစ်ခေါက် အနိုင်ရဖို့ အခွင့်အရေး ရှိမလား ”

ဖန့်ရှောင်ထျန်းနှင့် ဖန့်ရှောင်ပန်းတို့သည် ဖန့်ကျစ်ရွှယ်၏ အနားသို့ ရောက်လာကြသည်။

“စိတ်ချပါ၊ ဖန့်အစ်ကိုကြီးရဲ့ နည်းလမ်းတွေက တိုင်းတာလို့ မရလောက်အောင်ကို နက်နဲတယ်ဆိုတာ မင်းတို့ သိသားပဲ။”

ဖန်ကျစ်ရွှယ်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

ထိုအချိန်တွင် စီကုပေ့သည် အတွင်းနယ်မြေ တံခါးရှေ့တွင် ရပ်နေပြီး သူ၏ ပတ်ဝန်းကျင်ရှိ မရေတွက်နိုင်သော အတွင်းနယ်မြေများကို ကြည့်ကာ ဂုဏ်ယူဝင့်ကြွားနေသည်။ ထိုနေရာတွင် ရှိနေသူများသည် ကောင်းကင်ငါးပါး၏ ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့၏ အရှေ့တွင် သူ၏ စွမ်းရည်ကို ပြသနိုင်ပါက သူသည် အောင်မြင်ကျော်ကြားတော့မည် ဖြစ်သည်။

အခန်း (၂၄၃၆) - ထိုမီးတောက်ကို သူကိုယ်တိုင် စတင်မီးမွှေးလိုက်ခြင်းပင်

ယခုတစ်ခေါက် စစ်ပွဲကို ကြည့်ရှုနေကြသည့် သူတော်စင်များမှာ ကောင်းကင်ငါးပါးရှိ ကျောင်းတော်အသီးသီးမှ လာရောက်ကြခြင်းဖြစ်သည်။ ၎င်းတို့မှာ ထူးချွန်ထက်မြက်သူများ စုဝေးရောက်ရှိနေကြခြင်းဖြစ်ပြီး ကောင်းကင်ငါးပါး၏ အမြင့်ဆုံး အဆင့်အတန်းကို ကိုယ်စားပြုနေကြသည်။

သူတို့ကြားထဲတွင် နေမင်းကဲ့သို့ တောက်ပစွာ လင်းလက်နေသည့် တည်ရှိမှုများမှာ နေမင်းခုနစ်ပါး ကျောင်းသားများပင် ဖြစ်ကြသည်။ သူတို့၏ ပတ်လည်တွင် ဝန်းရံနေသည့် မီးတောက်များမှာ မည်သူမျှ ချဉ်းကပ်ဝံ့ခြင်း မရှိကြောင်း ဖော်ပြနေသည်။

“ဖန့်ချန်၊ ဒီနေ့ကို မင်း စောင့်မျှော်နေတာ ကြာပြီမလား ”

စီကုပေ့၏ မျက်နှာပေါ်တွင် ပေါ့ပါးသော အပြုံးတစ်ခု ပေါ်လာသည်။

“ငါလည်း စောင့်နေတာ ကြာပြီ။ အရင်တစ်ခေါက် တုန်းဖန်းဟိုကို သတ်တုန်းက သူတော်စင် အနည်းငယ်ပဲ မြင်လိုက်ရတယ်။ အခုတော့ ငါက ချီထျန်း မျိုးနွယ်စုရဲ့ ကြီးမားသော ကျောက်စာမှတ်တမ်း ပညာရပ် နဲ့ တုန်းဖန်းဟိုနဲ့ အနွယ်တူဖြစ်တဲ့ မင်းကိုပါ သတ်ပစ်မယ်။ မင်းက သူ့ထက် ပိုခံနိုင်မယ်လို့ မျှော်လင့်ပါတယ်။ မင်းကို ပြသဖို့ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အရာလေးတွေ ငါ ပြင်ထားတယ်လေ။”

“စိတ်လှုပ်ရှားစရာလား ငါ မြင်ကြည့်ချင်လိုက်တာ။”

ဖန့်ချန် ခေါင်းအသာညိတ်လိုက်သည်။

“ငါ့ကို စိတ်ပျက်မသွားစေနဲ့၊ စီကုပေ့။”

“ပါးစပ်မာလိုက်တာ။”

စီကုပေ့က ရယ်မော၍ ပြောလိုက်သည်။

“ခဏနေရင် အဲဒီလိုပဲ တောင်းပန်နေရလိမ့်မယ်၊ အဲဒီကျရင်တော့ ငါ လွယ်လွယ်နဲ့ လက်လွှတ်ပေးမှာ မဟုတ်ဘူး။”

“ခဏနေရင် သိရမှာပေါ့။”

ဖန့်ချန်က ပြုံးလျက် ပြောလိုက်သည်။

လေဟာနယ်ထဲတွင် ရုတ်တရက် အရိပ်တစ်ခု ပေါ်လာပြီးနောက် တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို အသွင်အပြင် (၁၈) ခု ထွက်ပေါ်လာသည်။

“အဲဒါ ကောင်းကင်ငါးပါးရဲ့ ကြီးကြပ်သူတွေလား ဒီတစ်ခေါက် ဘာလို့ ဒီလောက်တောင် များတာလဲ ”

“သူတို့လည်း ဖန့်ချန်ရဲ့ ဒီတစ်ခေါက် စာမေးပွဲကို စိတ်ဝင်စားနေပုံပဲ။”

“ဒီစာမေးပွဲက အရင်နဲ့ တကယ်ပဲ မတူတော့ဘူး။ စီကုပေ့က ကောင်းကင်အရှင် ဆက်ခံသူတစ်ယောက်ပဲ၊ ကောင်းကင်အရှင် ဆက်ခံသူကို စာမေးပွဲ စစ်ဆေးသူအဖြစ် ခန့်အပ်တာဟာ ရှိရင်းစွဲ စည်းကမ်းတွေကို ချိုးဖောက်လိုက်တာပဲ။”

“ဖန့်ချန်က လူသားမျိုးနွယ်စုရဲ့ ကောင်းကင်အရှင် ဆက်ခံသူ မဟုတ်သေးဘူး မဟုတ်လား ”

“ဟုတ်တယ်၊ လူသားမျိုးနွယ်စုရဲ့ အခြေခံအုတ်မြစ်က သိပ်မတောင့်တင်းတော့ ကောင်းကင်အရှင် ဆက်ခံသူ နှစ်ယောက်ကို မွေးထုတ်နိုင်မှာ မဟုတ်ဘူးလေ။”

“ဒါပေမဲ့ ကောင်းကင်ငါးပါးက လူကြီးတွေရဲ့ အမြင်မှာတော့ ဖန့်ချန်ရဲ့ အဆင့်အတန်းက ကောင်းကင်အရှင် ဆက်ခံသူနဲ့ တန်းတူ ဖြစ်နေပြီ။ သူသာ လိုအပ်တဲ့ အရင်းအမြစ်တွေကို ရနိုင်မယ်ဆိုရင် သူရဲ့ အနာဂတ်က ခန့်မှန်းလို့ မရအောင်ကို မြင့်မားမှာ။ ကောင်းကင်အရှင် သူတော်စင် တစ်ယောက်ယောက်က သူ့ကို တပည့်အဖြစ် လက်ခံပါ့မလား မသိဘူး။”

“ခက်လိမ့်မယ်။ သူတို့ရဲ့ ဟော်ဆွေ့ ဘိုးဘေးတွေက တိုက်ရိုက် တပည့်အဖြစ် လက်ခံမှပဲ ဖြစ်မှာ။ မဟုတ်ရင်တော့ ကောင်းကင်အရှင် တစ်ယောက်က တခြားမျိုးနွယ်စုက တပည့်ကို လက်ခံဖို့ ဆိုတာ စဉ်းစားစရာတွေ အများကြီး ရှိဦးမှာပဲ၊ ဒီလောက်နဲ့ မလွယ်ဘူး။”

သူတော်စင်များ တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။ အချို့သူတော်စင်များက ကြီးကြပ်သူများ၏ ရုပ်အသွင်ကို မြင်နိုင်ရန် ကြိုးစားသော်လည်း မည်မျှပင် ကြိုးစားပါစေ၊ မည်သည့်မျက်စိပညာရပ်ကို သုံးပါစေ၊ သူတို့၏ မူလရုပ်ရည်ကို မမြင်နိုင်ကြပေ။

ထိုစဉ် ကြီးကြပ်သူ (၁၈) ဦးထဲမှ တစ်ဦး၏ အသံမှာ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

“စီကုပေ့၊ ဖန့်ချန်၊ ဒီတစ်ခေါက် စာမေးပွဲရဲ့ စည်းကမ်းက အသက်မသေစေရဘူး၊ ကျန်တာကိုတော့ ကြိုက်သလို လုပ်လို့ရတယ်။ နားလည်သလား ”

“စီကုပေ့ နားလည်ပါပြီ”

“ဖန့်ချန် နားလည်ပါပြီ။”

“အင်း။”

ကြီးကြပ်သူများ ထပ်မပြောတော့ဘဲ အရိပ် (၁၈) ခုမှာ လေဟာနယ်ထဲတွင် ငြိမ်သက်စွာ ရပ်တည်နေကြသည်။

စီကုပေ့သည် ထိုအခြေအနေကို မြင်သောအခါ အကြည့်တို့မှာ ရုတ်တရက် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်ရှိ အဆုံးမရှိသော အတွင်းနယ်မြေများကို လှမ်းကြည့်လိုက်သည်။

“လင်ယောင် မဟာမိတ်အဖွဲ့က ကျောင်းသားများ၊ ဒီနှစ်တွေအတွင်း ရှေ့တန်းမှာ ကျွန်တော်တို့ မဟာမိတ်အဖွဲ့က သူတော်စင် ဘယ်လောက်တောင် သေဆုံးခဲ့လဲဆိုတာ သိကြလား အဲဒီထဲမှာ မင်းတို့နဲ့ အနွယ်တူတွေ ပါနေမလား ”

ထိုစကား ထွက်ပေါ်လာသည်နှင့် စစ်ပွဲကို ကြည့်ရှုနေသူများအားလုံး ကြောင်အသွားကြသည်။

“တန်ခယ်ရွှမ်း၊ စီကုပေ့လို အရူးတစ်ယောက်ကို မင်းတို့ ချီထျန်းမျိုးနွယ်စုက မထိန်းချုပ်ဘူးလား ”

ဆွေ့ထျန်းဟွမ် ၏ မျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းသွားသည်။ အနီးအနားရှိ ယန်တန်း မျိုးနွယ်စုမှ သူတော်စင်များ၏ အမူအရာမှာလည်း အလွန်ပင် မကောင်းပေ။

တစ်ဖက်လူသည် စစ်မီးကို နေမင်းခုနစ်ပါး ခန်းမဆောင်ထဲသို့ အရောက်လာအောင် မီးမွှေးနေခြင်းပင်။ အကယ်၍သာ ထိုကိစ္စ အောင်မြင်သွားပါက စီကုပေ့၏ နာမည်ဂုဏ်သတင်းမှာ လင်ယောင် မဟာမိတ်အဖွဲ့အတွင်း အကြီးအကျယ် မြင့်တက်သွားလိမ့်မည်။ နောက်ဆုံးတွင် မဟာမိတ်အဖွဲ့၏ အမြင့်ဆုံး အဆင့်နေရာသို့ပင် ရောက်ရှိသွားနိုင်သည်။

နေမင်းခုနစ်ပါး ကျောင်းသားအများစုမှာလည်း လေးနက်နေကြသည်။ သူတို့က စီကုပေ့သည် နေမင်းခုနစ်ပါး ခန်းမဆောင်ထဲတွင်သာ မီးမွှေးချင်သည်ဟု ထင်ထားခဲ့သော်လည်း၊ ယခုမူ တစ်ခုလုံးကို မီးတိုက်ရန် ကြိုးစားနေခြင်းဖြစ်သည်။ ထိုအစီအစဉ် အောင်မြင်ပါက အကျိုးအမြတ်မှာ ကြီးမားသော်လည်း၊ လုပ်ဆောင်နေစဉ်အတွင်း အသက်ပေါင်းများစွာ ပေးဆပ်ရလိမ့်မည်။

လေဟာနယ်ထဲတွင် ကြီးကြပ်သူ (၁၈) ဦးမှာ မည်သို့မျှ မတုံ့ပြန်ကြပေ။ စည်းကမ်းအရ ထိုကိစ္စတွင် သူတို့ ဝင်ရောက်စွက်ဖက်ခွင့် မရှိပေ။

လင်ယောင် မဟာမိတ်အဖွဲ့မှ ကျောင်းသားများမှာ တည်ငြိမ်စွာ စဉ်းစားနေကြသည်။ သို့သော် စီကုပေ့က ချက်ချင်းဆိုသလိုပင် ခွန်အားပါပါဖြင့် အော်ပြောလိုက်သည်။

“လေပြင်းတိုက်ခတ်ပြီး မီးခိုးလုံးတွေ ထွက်ပေါ်နေပြီ၊ ချင်းမင် ရန်သူတွေက ငါတို့ နယ်မြေကို ကျူးကျော်ပြီး ပြည်သူတွေကို ညှဉ်းပန်းနေကြတယ်။ သည်းခံနေတာက ငါတို့ လင်ယောင်ရဲ့ ယောက်ျားကောင်းတွေရဲ့ စိတ်ဓာတ် မဟုတ်ဘူး ဒီနေ့ ငါတို့ လက်နက်ကိုင်ဆောင်ပြီး ရန်သူတွေကို ဖျက်ဆီးမယ်။

ကောင်းကင်ကို ဓားနဲ့ ချိန်ရွယ်ပြီး ရန်သူခေါင်းဆောင်ရဲ့ ဦးခေါင်းကို ဖြတ်ပစ်မယ် ငါ စီကုပေ့က ရှေ့ဆုံးက ဦးဆောင်ပြီး ချင်းမင်လူသား ဖန့်ချန်ရဲ့ သွေးနဲ့ အလံကို စိုက်ထူမယ်။

ငါတို့မျိုးနွယ်ရဲ့ စိတ်ဓာတ်ကို ပြသပြီး ချင်းမင်ရဲ့ အငွေ့အသက်ကို ချေမှုန်းကြစို့၊ လင်ယောင်အတွက် ဂုဏ်ယူကြစို့”

ကျယ်လောင်လှသည့် အသံမှာ လေဟာနယ် တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေသည်။ လင်ယောင် မဟာမိတ်အဖွဲ့မှ ကျောင်းသားများမှာ သွေးဆူလာကြသည်။

“လင်ယောင်အတွက် ဂုဏ်ယူစို့ ”

ကျောင်းသားအချို့က ဟစ်အော်ကြသည်။

“လင်ယောင်အတွက် ဂုဏ်ယူစို့”

“လင်ယောင်အတွက် ဂုဏ်ယူစို့”

ပင်လယ်လှိုင်းလုံးများကဲ့သို့ ကျယ်လောင်သည့် အသံများမှာ လေးမျက်နှာ အရပ်ဆီသို့ ပြန့်နှံ့သွားသည်။

တန်ခယ်ရွှမ်းသည် စိတ်လှုပ်ရှားနေသည့် မျက်နှာများကို ကြည့်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။

“ဒီမီးတောက်ကို သူကိုယ်တိုင် စတင်မီးမွှေးလိုက်တာပဲ။”

“ဒါဆိုရင်တော့ ကောင်းကင်ငါးပါး စစ်မြေပြင်မှာ ချင်းမင်နဲ့ လင်ယောင်က အပြန်အလှန် သတ်ဖြတ်ကြတော့မှာပဲ။”

ဆွေ့ထျန်းဟွမ် က အေးစက်စက် ပြောသည်။

မီးမွှေးလိုက်ပြီ ဖြစ်သောကြောင့် သူတို့အားလုံးမှာ ထိုမီးတောက်၏ အပူဒဏ်ကို ခံစားကြရတော့မည်ဖြစ်သည်။ ယခုအချိန်မှစ၍ တစ်ဦးနှင့်တစ်ဦး တွေ့ဆုံပါက အသက်မရှင်သည်အထိ တိုက်ခိုက်ကြတော့မည်မှာ အသေအချာပင်။

စီကုပေ့သည် ပတ်ဝန်းကျင်မှ ဟစ်အော်သံများကို ကြားရသောအခါ စိတ်ကျေနပ်မှု ရှိနေသည်။ သူသည် ဖန့်ချန်ကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။

“ဖန့်ချန်၊ မင်းရဲ့ သွေးနဲ့ ငါ အလံစိုက်ထူမယ်။”

စကားပြောနေစဉ်အတွင်း အတွင်းနယ်မြေ စွမ်းအားများမှာ ပြင်းထန်စွာ လှုပ်ခတ်လာသည်။ ထိတ်လန့်ဖွယ်ကောင်းသော ပညာရပ်၏ စွမ်းအားများမှာ ချက်ချင်းပင် တဟုန်ထိုး ထွက်ပေါ်လာသည်။ စီကုပေ့၏ မျက်လုံးများမှာလည်း ဝဲဂယက်တစ်ခုကဲ့သို့ ပြောင်းလဲသွားသည်။ ထူးဆန်းသော စွမ်းအားတစ်ရပ်မှာ ဖန့်ချန်ဆီသို့ တိတ်တဆိတ် ရောက်ရှိလာသည်။

ထိုအချိန်တွင် သူတော်စင်များစွာမှာ အံ့အားသင့်သွားကြသည်။ အထူးသဖြင့် 'ပြစ်ဒဏ်ပေး နတ်ဆိုး မျိုးနွယ်စု' မှ သူတော်စင်များမှာ ပို၍ပင် ထိတ်လန့်သွားကြသည်။

“ဘာဖြစ်တာလဲ နတ်ဆိုးများကို နှိမ်နင်းသည့် မျက်လုံးလား ”

ရင်တန့် က အော်ဟစ်လိုက်သည်။

ဖန်ရွှေ၏ မျက်နှာမှာလည်း ပြောင်းလဲသွားသည်။ နတ်ဆိုးမျိုးနွယ်စုဝင် တစ်ဦးအနေဖြင့် သူသည် တခြားသူများထက် ပို၍ နားလည်သည်။ နတ်ဆိုးများကို နှိမ်နင်းသည့် မျက်လုံး ဆိုသည်မှာ ပြစ်ဒဏ်ပေး နတ်ဆိုးမျိုးနွယ်စု၏ မျိုးနွယ်စု ကံကြမ္မာဆိုင်ရာ အစွမ်းဖြစ်သည်။ ၎င်းသည် ချီထျန်းမျိုးနွယ်စုဝင် တစ်ဦး၏ ခန္ဓာကိုယ်တွင် မည်သို့ ရောက်ရှိနေရသနည်း။

“ရင်တန့်၊ မင်းတို့ မျိုးနွယ်စုနဲ့ စီကုပေ့နဲ့က အရမ်း ရင်းနှီးနေတာလား ”

သူတော်စင်တစ်ဦးက မေးလိုက်သည်။

“မဟုတ်ပါဘူး၊ ဒါက တကယ်ပဲ ပြစ်ဒဏ်ပေး နတ်ဆိုးမျိုးနွယ်စုရဲ့ မျိုးနွယ်စု ကံကြမ္မာဆိုင်ရာ အစွမ်းပဲလား ”

“ဒါဆိုရင်... စီကုပေ့က မျိုးနွယ်စု ကံကြမ္မာဆိုင်ရာ အစွမ်း နှစ်ခုကို ပိုင်ဆိုင်ထားတာလား ”

“ဟူး”

အားလုံးမှာ ထိတ်လန့်စွာ အသက်ရှူမှားသွားကြသည်။ သူတော်စင် တစ်ယောက်က အစွမ်းနှစ်ခုကို ပိုင်ဆိုင်ထားခြင်းမှာ သူတို့၏ အသိဉာဏ်ကိုပင် ကျော်လွန်သွားသည်။

သို့သော်လည်း သူတော်စင် အချို့မှာမူ -

“ထူးဆန်းစရာ မလိုပါဘူး၊ စွမ်းအားဆိုတာ ငှားယူလို့ ရတယ်။ သူက တခြားနည်းလမ်းတစ်ခုခုနဲ့ ယာယီပိုင်ဆိုင်ထားတာ ဖြစ်မှာပါ။ သူက ပြစ်ဒဏ်ပေး နတ်ဆိုး မဟုတ်တဲ့အတွက် အစစ်အမှန်တော့ မဟုတ်နိုင်ပါဘူး။”

သူတို့၏ ခွဲခြမ်းစိတ်ဖြာမှုမှာ အတိုင်းအတာတစ်ခုအထိ မှန်ကန်နိုင်သည်။ သို့သော်လည်း နတ်ဆိုးများကို နှိမ်နင်းသည့် မျက်လုံး၏ စွမ်းအားမှာ ဖန့်ချန်ဆီသို့ ရောက်ရှိသွားပြီ ဖြစ်ရာ စီကုပေ့၏ နိုင်ခြေမှာ များပြားလာနေပြီ ဖြစ်ကြောင်း သူတို့အားလုံး သဘောပေါက်လိုက်ကြသည်။

ယခုဆိုလျှင် စီကုပေ့၏ နိုင်ခြေမှာ (၈၀) ရာခိုင်နှုန်းထက်ပင် ကျော်လွန်နေပြီ ဖြစ်သည်။

All Chapters