အခန်း ၇၈၁
Vol. 53 Ch. 781
အခန်း (၇၈၁) အဆင့်ငါး အဆင့်နိမ့် ရုပ်သေးဆရာသခင်.. ဟုန်ယွဲ့ တာအိုသခင်ကြီး ဖြစ်လာခြင်း အပိုင်း (၁)
အရိုင်းနယ်မြေ။
ယွဲ့ အင်မော်တယ်မြို့တော်၏ အပျက်အစီးနယ်မြေ။
စုယွီသည် သူ၏ ဂူအိမ်တော်အတွင်း နှစ်နှစ်နီးပါးခန့် အလုပ်များနေခဲ့ပြီး အဆင့်ငါး အဆင့်နိမ့် ရေခဲဖီးနစ် လေဝိညာဉ်သိမ်းငှက် ၏ ကျန်ရှိနေသော အစိတ်အပိုင်းများကို တစ်ခုပြီးတစ်ခု ပုံသွင်းနေခဲ့၏။ နောက်ဆုံးတွင်မူ ထိုအရာများကို တစ်ခုတည်းအဖြစ် ပေါင်းစည်းစေရန် ဖွဲ့စည်းပုံအခင်းအကျင်းနှင့် ရောယှက်ကာ တပ်ဆင်လိုက်တော့သည်။
စုယွီသည် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သန်းပေါင်းများစွာကို အသုံးပြုကာ ရေခဲဖီးနစ် လေဝိညာဉ်သိမ်းငှက် အား လုံလောက်သော ဝိညာဉ်ကျောက်တုံးစွမ်းအင်များ ဖြည့်တင်းပေးပြီးနောက်မှသာ ရေခဲဖီးနစ် လေဝိညာဉ်သိမ်းငှက် ၏ အူတိုင်ကို အနည်းငယ်မျှ ဖြည့်ဆည်းပေးနိုင်ခဲ့သည်။
"ဝှီး..."
စုယွီ၏ စိတ်ဆန္ဒအရ သူ၏ ရှေ့မှောက်ရှိ ဆယ်ပေကျော်မြင့်မားသော ဧရာမ ရေခဲဖီးနစ် လေဝိညာဉ်သိမ်းငှက် ကြီးထံမှ မျက်စိကျိန်းမတတ် တောက်ပလွန်းလှသော အလင်းတန်းကြီးတစ်ခု ထွက်ပေါ်လာ၏။ မူလဝိညာဉ်အဆင့်ကို ကျော်လွန်သွားသော ကြောက်မက်ဖွယ် အရှိန်အဝါကြီးသည် ရေခဲဖီးနစ် လေဝိညာဉ်သိမ်းငှက် ကြီး၏ ခန္ဓာကိုယ်မှနေ၍ ပြန့်ထွက်လာတော့သည်။
...
ထိုအခိုက် ရေခဲဖီးနစ် လေဝိညာဉ်သိမ်းငှက် ကြီးသည် အသက်ဝင်နေသော သက်ရှိသတ္တဝါတစ်ကောင်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ထင်မှတ်ရပြီး ရွှေစင်ဝိညာဉ်သတ္တုရိုင်းဖြင့် ပြုလုပ်ထားသော အမွှေးအတောင်တိုင်းသည် ရက်စက်ကြမ်းကြုတ်စွာဖြင့် တောက်ပနေခဲ့သည်။
"ဝှီး..."
ရေခဲဖီးနစ် လေဝိညာဉ်သိမ်းငှက် ကြီးက ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ရာ ၎င်း၏ လင်းယုန်မျက်လုံးများသည် ဓားတစ်လက်ကဲ့သို့ စူးရှနေပြီး ဟင်းလင်းပြင်ကိုပင် ဂယက်ရိုက်သွားစေ၏။
ရေခဲဖီးနစ် လေဝိညာဉ်သိမ်းငှက် ကြီးထံမှ မူလဝိညာဉ်အဆင့်ကို ကျော်လွန်နေသော ကြောက်မက်ဖွယ် ဖိနှိပ်ခြင်း အရှိန်အဝါကို ခံစားလိုက်ရပြီးနောက် စုယွီ၏ မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ပြီး သူ၏ မျက်လုံးများထဲ၌ စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခု ရောယှက်နေတော့သည်။
"အဆင့်ငါး အဆင့်နိမ့် ရုပ်သေး.. ရေခဲဖီးနစ် လေဝိညာဉ်သိမ်းငှက် ကြီး ပြီးပြည့်စုံသွားပြီ..."
သူသည် စစ်မှန်သော အဆင့်ငါး အဆင့်နိမ့် ရုပ်သေးဆရာသခင် တစ်ယောက် ဖြစ်လာခဲ့လေပြီ။
ဤအရာသည် ဝိညာဉ်ခွဲထွက် အဆင့် ရုပ်သေးတစ်ခုနှင့် တူညီနေ၏။
၎င်း၏ တိုက်ခိုက်ရေးစွမ်းအားသည် အဆင့်တူ စစ်မှန်သော ဝိညာဉ်ခွဲထွက် အဆင့် အရှင်သခင်ကြီး တစ်ပါးထက် အနည်းငယ် နိမ့်ကျနေနိုင်သော်ငြား ရုပ်သေးများသည် ရုပ်ပိုင်းဆိုင်ရာအရ ခံနိုင်ရည်ရှိသောကြောင့် အဆင့်တူ ဝိညာဉ်ခွဲထွက် အဆင့် အရှင်သခင်ကြီး တစ်ပါးအတွက် ၎င်းတို့ကို ဖျက်ဆီးရန် ခက်ခဲလှသည်။
၎င်းသည် အဆင့်တူ ဝိညာဉ်ခွဲထွက် အဆင့် အရှင်သခင်ကြီး တစ်ပါးကို တိုက်ခိုက်ခြင်း သို့မဟုတ် တားဆီးခြင်းများ ပြုလုပ်ရာတွင် မည်သည့်ပြဿနာမျှ ရှိနေမည် မဟုတ်ပေ။
အချိန်ခဏအကြာ။
စုယွီက ရေခဲဖီးနစ် လေဝိညာဉ်သိမ်းငှက် ကြီး၏ စွမ်းအားကို စမ်းသပ်ကြည့်လိုက်ရာ ၎င်းသည် ဝိညာဉ်ခွဲထွက် အဆင့် ပထမအလွှာတွင် ရှိနေကြောင်း တွေ့ရှိလိုက်ရပြီး ၎င်း၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် အလွန်တရာ အစွမ်းထက်လှသောကြောင့် ဝိညာဉ်ခွဲထွက် အဆင့် ဒုတိယအလွှာပင်လျှင် ၎င်းကို ဖျက်ဆီးရန် ခက်ခဲနေလိမ့်မည် ဖြစ်၏။
ရေခဲဖီးနစ် လေဝိညာဉ်သိမ်းငှက် ကြီး၏ အပြင်းထန်ဆုံး အချက်မှာ ၎င်း၏ အေးခဲခြင်းစွမ်းအားပင် ဖြစ်သည်။ ၎င်း၏ နယ်မြေအတွင်း ဝိညာဉ်ခွဲထွက် အဆင့် အလယ်အလတ်အဆင့် အရှင်သခင်ကြီးများပင်လျှင် သက်ရောက်မှုကို ခံရလိမ့်မည် ဖြစ်၏။
ရုပ်သေးများသည် အလွန်တရာ အစွမ်းထက်လှပြီး သက်တမ်းအတွက် စိုးရိမ်ရန် မလိုအပ်ချေ။ ၎င်းတို့သည် အင်အားစုတိုင်းအတွက် အဆင့်မြင့် အရင်းအမြစ်များ ဖြစ်ကြသည်။
တစ်ခုတည်းသော အားနည်းချက်မှာ မြင့်မားသော သုံးစွဲမှုနှုန်းပင် ဖြစ်နိုင်၏။ တိုက်ပွဲအတွင်း ရေခဲဖီးနစ် လေဝိညာဉ်သိမ်းငှက် ကြီးကို ထိန်းသိမ်းထားနိုင်ရန် အချိန်တိုအတွင်း အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သန်းကျော်ခန့် လိုအပ်လိမ့်မည် ဖြစ်သည်။
ကြီးမားသော တိုက်ပွဲကြီးတစ်ခုက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သန်းပေါင်းများစွာကို ကုန်ဆုံးသွားစေနိုင်သည်။
'သူ့ဘာသာ နတ်ဘုရားတစ်ပါးကို မွေးထုတ်နိုင်ပြီး ကိုယ်ပိုင်အသိစိတ် ပိုင်ဆိုင်ထားမယ်.. ကိုယ့်စွမ်းအားကို ကိုယ်တိုင် ပြန်လည်ဖြည့်တင်းနိုင်ပြီး ကိုယ်ပိုင် အူတိုင်စွမ်းအင်ကို သိမ်းဆည်းထားနိုင်မယ်ဆိုရင်.. ဒါက လုံးဝ ပြီးပြည့်စုံသွားမှာပဲ...'
စုယွီက ရုတ်တရက် တွေးလိုက်မိ၏။
ဒဏ္ဍာရီများအရ ယွဲ့အင်မော်တယ်ထံမှ ဆင်းသက်လာသော ရုပ်သေး ကောင်းကင်သိုင်းကျမ်းသည် ကောင်းကင်နှင့် မြေကြီးမှ သဘာဝအတိုင်း မွေးဖွားပေးလိုက်သော လျှို့ဝှက်နယ်မြေတစ်ခုမှ ရရှိခဲ့ခြင်း ဖြစ်သည်။
ဤရုပ်သေး ကောင်းကင်သိုင်းကျမ်း၏ လျှို့ဝှက်ချက်သည် အမှန်တကယ်ပင် စိတ်ကူးဉာဏ်ထက် ကျော်လွန်နေခဲ့၏။
သူက ကျွမ်းကျင်မှု အဆင့်ပြမျက်နှာပြင်ကို ကြည့်လိုက်သည်။
မှော်အတတ်ပညာ.. ဝိညာဉ်နိုးထခြင်း ကျင့်စဉ်.. အဆင့်လေး.. ကျွမ်းကျင်မှု (၇၅.၄၈) ရာခိုင်နှုန်း။
စုယွီက သက်ပြင်းရှည်ကြီးတစ်ခုကို ရှိုက်သွင်းလိုက်၏။
"အဆင့်ငါးက သိပ်မဝေးတော့ဘူး.. ဒါပေမဲ့ ရှေ့ဆက်ဖို့က အများကြီး ပိုခက်လာပြီ.. ဝိညာဉ်နိုးထခြင်း ကျင့်စဉ်ကို မြှင့်တင်ဖို့ ငါ့ရဲ့ ချီစွမ်းအင်နဲ့ ဝိညာဉ်ကျင့်ကြံမှု နှစ်ခုစလုံးက မရှိမဖြစ် လိုအပ်တယ်..."
'အဆင့်ငါးကို နိုးထလာဖို့ အချိန်တစ်ခုလောက်တော့ စောင့်ရဦးမယ်...'
ရေခဲဖီးနစ် လေဝိညာဉ်သိမ်းငှက် ကြီးအား ယွင်ချန်လက်စွပ်အတွင်းသို့ သိမ်းဆည်းလိုက်ပြီးနောက် စုယွီက အခြား အခန်းတစ်ခန်းဆီသို့ ဦးတည်သွားလိုက်ရာ ထိုနေရာတွင် အဆင့်လေး အဆင့်နိမ့် အရိပ်တစ်ထောင် အဆောင်လက်ဖွဲ့ ကျင့်စဉ်၏ ကျွမ်းကျင်မှုမှာ (၈၀) မှ (၉၀) ရာခိုင်နှုန်းအထိ ရောက်ရှိနေခဲ့လေပြီ။
ထို့နောက် သူသည် အဆင့်လေး အလယ်အလတ်အဆင့် အရိပ်တစ်ထောင် အဆောင်လက်ဖွဲ့ကို ရေးဆွဲရန် ကြိုးစားနိုင်ပြီး နောက်ဆုံးတွင် အဆင့်ငါး အဆင့်နိမ့် အဆောင်စက္ကူလူသားကို ဖန်တီးနိုင်မည် ဖြစ်သည်။
ထိုအချိန်ရောက်လျှင်...
အဆင့်ငါး အဆင့်နိမ့် အဆောင်စက္ကူလူသား ဒါဇင်ပေါင်းများစွာ သို့မဟုတ် ရာပေါင်းများစွာက ဖွဲ့စည်းပုံအခင်းအကျင်းတစ်ခုကို ဖွဲ့စည်းကာ စစ်တပ်တစ်ခုအဖြစ် ပြောင်းလဲသွားမည်ဆိုပါက မည်သူက ခုခံနိုင်မည်နည်း.. ဝိညာဉ်ခွဲထွက် အဆင့် အထွတ်အထိပ်အဆင့်ရှိ အရှင်သခင်ကြီးများပင်လျှင် မြင်တွေ့ရုံဖြင့် သူတို့၏ ဦးရေပြားများ ထုံကျင်သွားကြလိမ့်မည် မဟုတ်ပါလော။
'ငါ အဆင့်ငါး အဆင့်နိမ့် ကြေးမုံ လမင်းအဆောင်နဲ့ အဆင့်ငါး အဆင့်နိမ့် လခြမ်းအဆောင်တွေကို ဖန်တီးဖို့ လိုအပ်သေးတယ်...'
စုယွီက ရေရွတ်လိုက်၏။
သူ၏ စိတ်ကို စုစည်းလိုက်သည်။
စုယွီသည် ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်ကို အသက်သွင်းလိုက်ရာ သူ၏ စိတ်က ကြည်လင်သွား၏။ အဆင့်လေး အလယ်အလတ်အဆင့် အရိပ်တစ်ထောင် အဆောင်လက်ဖွဲ့များထဲမှ တစ်ခုဖြစ်သော ဝိညာဉ်လှံတံ အရိပ်အဆောင်၏ အမွေအနှစ်သည် သူ၏ စိတ်ထဲတွင် ပေါ်လာတော့သည်။ နာရီဝက်ကျော်ကြာ စဉ်းစားဆင်ခြင်ပြီး နားလည်သဘောပေါက်သွားပြီးနောက် စုယွီက သူ၏ အဆင့်လေး အဆင့်မြင့် အဆောင်လက်ဖွဲ့ စုတ်တံကို လှုပ်ရှားလိုက်သည်။
"ဝှီး..."
စုယွီ၏ စုတ်တံအောက်တွင် အဆင့်လေး အလယ်အလတ်အဆင့် ဝိညာဉ်လှံတံ အရိပ်အဆောင်သည် တစ်ကြိမ်တည်းနှင့်ပင် ပုံပေါ်လာခဲ့၏။
သဘာဝ ဝိညာဉ်စွမ်းအင်များ၏ လှိုင်းလုံးကြီးတစ်ခုနှင့်အတူ အဆောင်လက်ဖွဲ့ပေါ်တွင် ကောင်းကင်မီးတောက်၏ ပုံရိပ်တစ်ခု ပေါ်လာသကဲ့သို့ ထင်မှတ်ရသည်။
ကျောက်စိမ်းစင်မြင့်ပေါ်တွင် ဝိညာဉ်လှံတံ ကိုင်ဆောင်ထားသော လူတစ်ယောက်နှင့်တူသည့် အဆောင်လက်ဖွဲ့သည် အသက်ဝင်လာခဲ့၏။ နဂိုက စိမ်းဝါရောင်ရှိသော အဆောင်စက္ကူသည် မျက်တောင်တစ်ခတ်အတွင်း တောက်ပသော အနီရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး အလွန်တရာ ပူပြင်းလှသော မီးတောက် အရှိန်အဝါများကိုလည်း ထုတ်လွှတ်နေတော့သည်။
ဤအဆောင်လက်ဖွဲ့ ပြီးစီးသွားချိန်တွင် အနီရောင် မီးတောက်လှံတံကို ကိုင်ဆောင်ထားပြီး မီးတောက်ချပ်ဝတ်ကို ဝတ်ဆင်ထားသော စက္ကူလူသားတစ်ယောက်သည် စုယွီ၏ ရှေ့မှောက်၌ ပေါ်ထွက်လာခဲ့သည်။
စက္ကူလူသားသည် မှိန်ဖျော့သော မီးတောက် အရှိန်အဝါတစ်ခုဖြင့် ပြည့်နှက်နေပြီး ဖီးနစ်နိဗ္ဗာန်မီးတောက်၏ တာအိုဆွဲဆောင်မှုတစ်ခုကို မပီဝေဝါး ခံစားသိရှိနိုင်၏။
၎င်းမှာ စုယွီက ကောင်းကင်ဖီးနစ် နိဗ္ဗာန်သိုင်းကျမ်း၏ ကောင်းကင်မီးတောက်၏ တာအိုဆွဲဆောင်မှုကို ဤစက္ကူလူသားထဲသို့ ထည့်သွင်းပေါင်းစပ်ထားသောကြောင့်ပင်တည်း။
"အဆင့်လေး အလယ်အလတ်အဆင့် အရိပ်တစ်ထောင် အဆောင်လက်ဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ ဝိညာဉ်လှံတံ အရိပ်အဆောင်က လှံတံ ဖွဲ့စည်းပုံအခင်းအကျင်းတွေမှာ အထူးပြုတယ်.. အဆောင်စက္ကူလူသား အယောက်တစ်ရာလောက်က စစ်တပ်တစ်ခုကို ဖွဲ့စည်းနိုင်တယ်..."
စုယွီ၏ မျက်လုံးများက စိတ်အားထက်သန်မှုဖြင့် တောက်ပသွား၏။
အဆင့်လေး အလယ်အလတ်အဆင့် အဆောင်လက်ဖွဲ့ တစ်ခုကို ရေးဆွဲပြီးနောက် စုယွီ၏ အတွင်းပိုင်း ချီစွမ်းအင်နှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအားသည် ထက်ဝက်ပင် ကုန်ဆုံးသွားခြင်း မရှိချေ။
သူက အခြား ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်ပြီး နောက်ထပ် အဆောင်လက်ဖွဲ့ တစ်ခုကို ဆက်လက် ရေးဆွဲလိုက်သည်။
ရေခဲလေး အရိပ်အဆောင်။
အရာခပ်သိမ်းကို အေးခဲသွားစေနိုင်သော ရေခဲမြားများကို ပစ်ခတ်နိုင်သည့် လေးရှည်တစ်လက်ကို ကိုင်ဆောင်ထားသော စက္ကူလူသား။
၎င်းသည် အတိုင်းအတာတစ်ခုအထိ ဖွဲ့စည်းလိုက်သည်နှင့် စက္ကူလူသား စစ်တပ်တစ်ခုကိုလည်း ဖွဲ့စည်းနိုင်မည် ဖြစ်၏။
ထိုနည်းတူပင် သူ၏ ထူးခြားလှသော အဆောင်လက်ဖွဲ့ ကျင့်စဉ်ဖြင့် စုယွီက အဆောင်လက်ဖွဲ့ကို တစ်ကြိမ်တည်းနှင့်ပင် ပြီးစီးသွားစေခဲ့သည်။
ထို့နောက် တတိယမြောက် အဆောင်လက်ဖွဲ့ ရောက်လာ၏။
ချပ်ဝတ် ဒိုင်းလွှား မြင်းသည်တော် အရိပ်အဆောင်။
ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်ကို စီးနင်းကာ ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ဧရာမ ဒိုင်းလွှားကြီးတစ်ခုကို ကိုင်ဆောင်ထားသော စက္ကူလူသားသည် အံ့မခန်းဖွယ် ကာကွယ်ရေးစွမ်းအားကို ပိုင်ဆိုင်ထားလေသည်။
ဤအဆောင်လက်ဖွဲ့သည် ပို၍ ရှုပ်ထွေးပြီး လိုအပ်သော ပစ္စည်းများမှာလည်း ပို၍ ကွဲပြားလှ၏။ စုယွီက ၎င်းကို ရေးဆွဲရန် ကြိုးစားခဲ့သော်လည်း ပထမဆုံး အဆောင်လက်ဖွဲ့သည် လမ်းတစ်ဝက်တွင် ကျရှုံးသွားခဲ့သည်။
ဒုတိယတစ်ခုသည် အများစုကို ရေးဆွဲပြီးစီးခဲ့သော်လည်း ကျရှုံးသွားဆဲ ဖြစ်၏။
တတိယတစ်ခုသည်လည်း စက္ကူလူသား၏ ဝိညာဉ်ရေးရာကို ထုတ်ဖော်ပြသနိုင်ခြင်း မရှိဘဲ ကျရှုံးသွားခဲ့တော့သည်။
အဆောင်လက်ဖွဲ့ သုံးခုတည်းနှင့်ပင် စုယွီ၏ အတွင်းပိုင်း ချီစွမ်းအင်အား ထက်ဝက်နီးပါး ကုန်ဆုံးသွားစေခဲ့သည်။ သူသည် တင်ပျဉ်ခွေ ထိုင်ချလိုက်ကာ သူ၏ ချီစွမ်းအင်ကို ပြန်လည် ထူထောင်လိုက်ရလေသည်။
"ဒီလို အဆောင်လက်ဖွဲ့မျိုးက သာမန် အဆင့်လေး အဆင့်မြင့် အဆောင်လက်ဖွဲ့တွေထက် ဖန်တီးရတာ အများကြီး ပိုခက်ခဲတယ်.."
"ဒါပေမဲ့.. တကယ်လို့သာ ငါ ဒါကို အောင်အောင်မြင်မြင် ဖန်တီးနိုင်ပြီး စစ်တပ်တစ်ခု ဖွဲ့စည်းနိုင်မယ်ဆိုရင်.. အဲဒီစွမ်းအားက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းမလဲဆိုတာ တွေးကြည့်လို့တောင် ရတယ်.."
ရေခဲနှင်းဝက်ဝံများဖြင့် ဖွဲ့စည်းထားသော အင်မော်တယ်စစ်တပ်ကြီး ပေါ်ထွက်လာမည့် မြင်ကွင်းကို စုယွီ စိတ်ကူးယဉ်ကြည့်လိုက်၏။ ၎င်းတို့သည် အလွန်တရာ ကြမ်းကြုတ်ရက်စက်လှသဖြင့် မူလဝိညာဉ်အဆင့် အရှင်သခင်ကြီးပင်လျှင် ထိပ်တိုက်ရင်ဆိုင်ရန် မဝံ့ရဲဘဲ မည်သူမျှ တားဆီးနိုင်မည် မဟုတ်ချေ။
ဤချပ်ဝတ် ဒိုင်းလွှား မြင်းသည်တော် အရိပ်အဆောင်သည် ထိုကဲ့သို့သော စွမ်းအားမျိုးကို ပိုင်ဆိုင်ထားနိုင်ပေသည်။
အားအင်များ ပြန်လည်ဖြည့်တင်းပြီးနောက်။
စုယွီသည် သူ၏ စတုတ္ထမြောက် အဆောင်ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့တော့၏။
...
နောက်ထပ်တစ်ခုမှာ အဆင့်လေး အလယ်အလတ်အဆင့် အရိပ်အဆောင်၏ စတုတ္ထမြောက် အမျိုးအစားဖြစ်သော တားမြစ်အရိပ်အဆောင်ပင် ဖြစ်သည်။
၎င်းသည် ရန်သူများကို ဖိနှိပ်ရန်အတွက် အသုံးဝင်သော ချုပ်နှောင်ခြင်း မှော်ပညာကို တပ်ဆင်ထားသည့် စက္ကူရုပ်သေးတစ်ခုကို ဖွဲ့စည်းနိုင်စွမ်းရှိ၏။
သူ ခန့်မှန်းတွက်ချက်လိုက်သည်။ ယွင်ချန်လက်စွပ်အတွင်းရှိ ပစ္စည်းများကို စစ်ဆေးပြီးနောက် စုယွီက အဆင့်လေး ဝိညာဉ်သစ်သား အရင်းအမြစ်များ အားလုံးကို အဆောင်စက္ကူအဖြစ် ပြုလုပ်လိုက်ပါက အဆင့်လေး အလယ်အလတ်အဆင့် အဆောင်စက္ကူ တစ်သောင်းနှင့် နှစ်သောင်းကြား ရရှိနိုင်မည်။
အဆင့်လေး အဆင့်မြင့် ပစ္စည်းများမှာမူ အရေအတွက် ပိုနည်းပါးပြီး တစ်သောင်းပင် မပြည့်ချေ။