← Chapters

အခန်း ၇၈၅

Vol. 53 Ch. 785

အခန်း ၇၈၅

Vol. 53 Ch. 785

အခန်း (၇၈၅) အင်မော်တယ် ဂိုဏ်းများ၏ ကြီးကျယ်ခမ်းနားသော ပွဲတော်ကြီးနှင့် အင်အားစုများ စုဝေးခြင်း အပိုင်း (၁)

စုယွီက အခြေအနေအရပ်ရပ်ကို ခြုံငုံသုံးသပ်ရင်း တိတ်တဆိတ် အကဲခတ်လိုက်၏။

'တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းနေတာကို ပုတူ ဗုဒ္ဓဂိုဏ်းကရော အင်မော်တယ်တစ်သောင်း နန်းတော်နဲ့ တာ့ယန် အင်မော်တယ်မင်းဆက်ကပါ လက်ပိုက်ကြည့်နေကြမှာ မဟုတ်ဘူး.. သူတို့ ဘယ်လို ရွေးချယ်မှုတွေ လုပ်ကြမလဲ ဆိုတာကိုပဲ ငါ စဉ်းစားနေမိတယ်...'

ကံကောင်းထောက်မစွာဖြင့် ယခုအချိန်ကာလ အတွင်း မြေကမ္ဘာအင်မော်တယ်စံအိမ်၏ အင်အားသည် သိသိသာသာ ကြီးထွားတိုးတက်လာခဲ့ပေသည်။

သူ၏ ဆရာသခင် ဖြစ်သော တာအိုဆရာ ထျန်းယွီ သည် ဝိညာဉ်ခွဲထွက် အဆင့်သို့ အဆင့်ချိုးဖြတ် ဝင်ရောက်သွားခဲ့ပြီး အဆင့်နိမ့် ပဉ္စမအလွှာ ဝင်္ကပါဆရာ.. ဆေးဆရာ.. လက်နက်သွန်းလုပ်သူနှင့် အဆောင်ဆရာ အဖြစ်သို့ပါ ရာထူးတိုးမြှင့်ခံရပြီ ဖြစ်၏။

သူ၏ အစွမ်းသတ္တိသည် ဝိညာဉ်ခွဲထွက် အဆင့်၏ အစောပိုင်းကာလတွင် ရှိနေသော သာမန် အကြီးအကဲများထက် အဆမတန် သာလွန်နေခဲ့လေသည်။

ဝင်္ကပါ အခင်းအကျင်းများ.. အဆောင်လက်ဖွဲ့များ.. မှော်လက်နက်များနှင့် အခြားသော အရာများ အားလုံးသည် အင်မော်တယ် ဂိုဏ်းများ၏ အင်အားကို ကြီးမားစွာ မြှင့်တင်ပေးနိုင်စွမ်း ရှိပေသည်။

ထို့အပြင် ဟွမ်ကျူးသည်လည်း အဆင့်နိမ့် ပဉ္စမအလွှာ မိစ္ဆာသားရဲ တစ်ကောင်အဖြစ်သို့ အဆင့်ချိုးဖြတ် ဝင်ရောက်သွားခဲ့ပြီ ဖြစ်ရာ သူမ၏ အစွမ်းသည် ဝိညာဉ်ခွဲထွက် အဆင့် အစောပိုင်းကာလမှ သာမန် အကြီးအကဲများနှင့် ဘာမျှ ကွာခြားမှု မရှိတော့ချေ။

သူ၏ စံအိမ်တော် အတွင်းရှိ ဝိညာဉ်ခွဲထွက် အဆင့် အကြီးအကဲ အရေအတွက်သည် ဆယ်ယောက်တိတိ ပြည့်သွားခဲ့လေပြီ။

နေပါဦး။

စံအိမ်တော်သခင်ကြီး ဟုန်ယွဲ့သည်လည်း အဆင့်ချိုးဖြတ် ဝင်ရောက်သွားခဲ့ပြီ ဖြစ်၏။

ထို့ကြောင့် သူ၏ စံအိမ်တော် အတွင်း၌ ဝိညာဉ်ခွဲထွက် အဆင့် အကြီးအကဲ ကိုးယောက် ရှိနေသင့်ပေသည်။

ထို့အပြင် မိမိ၏ အနက်ရောင်ဒေါသရုပ်သေးစစ်သည်တော်များသည် ရုပ်သေးဝိညာဉ်၏ စွမ်းရည်ကို အသုံးပြုကာ အဆင့်နိမ့် ပဉ္စမအလွှာ ရုပ်သေး တစ်ရုပ် အဖြစ်သို့ အောင်မြင်စွာ အသွင်ပြောင်းသွားနိုင်ခဲ့ပြီး အဆင့်နိမ့် ပဉ္စမအလွှာ မိုးကြိုးကျင့်စဉ် ကျင့်ကြံသူ တစ်ယောက်၏ ဝိညာဉ်ခွဲထွက် ကိုယ်ပွား တစ်ခုကိုပင် ပိုင်ဆိုင်ထားကြပြီ ဖြစ်သည်။

သူက အဆင့်နိမ့် ပဉ္စမအလွှာ ရေခဲဖီးနစ် လေဝိညာဉ်သိမ်းငှက် ရုပ်သေး တစ်ရုပ်ကိုလည်း သွန်းလုပ်ခဲ့သေး၏။

အလုံးစုံကို ပေါင်းစည်း တွက်ချက်ကြည့်မည် ဆိုပါက သူ၏ မြေကမ္ဘာအင်မော်တယ်စံအိမ်၏ အင်အားသည် ယခုအခါတွင် ကြီးမားသော အရည်အသွေးပိုင်းဆိုင်ရာ အသွင်ကူးပြောင်းမှုကြီး တစ်ရပ်ဟုပင် ခေါ်ဆိုနိုင်နေပြီ ဖြစ်တော့သည်။

'တကယ်လို့ တကယ့် အပြောင်းအလဲကြီးတွေ ဖြစ်လာခဲ့မယ် ဆိုရင်တောင် မြေကမ္ဘာအင်မော်တယ်စံအိမ်ရဲ့ အရင်းအမြစ် အရင်းအမြစ်တွေနဲ့ဆိုရင် ငါတို့တွေ အနိုင်နိုင် တောင့်ခံထားနိုင်ဦးမှာပဲ.. ချက်ချင်းကြီး ပြင်းထန်တဲ့ ထိုးနှက်ချက်မျိုး မခံရဘဲ ကနဦး တိုက်ခိုက်မှုတွေကိုသာ ကြံ့ကြံ့ခံနိုင်ခဲ့မယ် ဆိုရင်.. အချိန်တွေက ငါတို့ဘက်မှာ ရှိနေလိမ့်မယ်...'

ထိုသို့ တွေးတောရင်း စုယွီက အခြေအနေကို ချိန်ဆလိုက်၏။

'ငါနဲ့ ဆရာသခင်.. အထူးသဖြင့် ငါ ကိုယ်တိုင် ဖန်တီးထားတဲ့ ဆေးလုံးတွေ.. အဆောင်တွေ.. မှော်လက်နက်တွေ.. ဝင်္ကပါတွေနဲ့ ဆိုရင်.. ဝိညာဉ်ခွဲထွက် အဆင့် အောက်မှာ မြေကမ္ဘာအင်မော်တယ်စံအိမ်ရဲ့ သုံးစွဲနိုင်စွမ်းကို ဘယ်သူကများ ယှဉ်ပြိုင်ရဲမှာလဲ...'

ထိုအကြောင်းကို တွေးမိသောအခါ စုယွီ၏ စိတ်သည် အနည်းငယ် ပေါ့ပါးသွားခဲ့လေသည်။

သူက ဤသို့ တွေးတောနေခဲ့သော်လည်း လက်တွေ့ အကောင်အထည်ဖော်ရန် ဆိုသည်ကမူ အခြား ကိစ္စရပ်တစ်ခု ဖြစ်နေပေ၏။

နောက်ကွယ်တွင်မူ စုယွီသည် သူ ကိုယ်တိုင် နှင့် မြေကမ္ဘာအင်မော်တယ်စံအိမ် အတွက် ဆုတ်ခွာရန် လမ်းကြောင်းတစ်ခုကို စတင် ပြင်ဆင်နေခဲ့သည်။

ပထမ တစ်ခုက ဖူလင် ပင်လယ်ရပ်ဝန်းဆီသို့ သွားရောက်ရန် ဖြစ်၏။

ဒုတိယ တစ်ခုကတော့ အရိုင်း နယ်မြေဆီသို့ စွန့်စား ထွက်ခွာရန်ပင်တည်း။

သူသည် တစ်နေရာတည်းတွင် အမြဲတမ်း ရပ်တန့်နေနိုင်မည် မဟုတ်ချေ။

အချိန်များသည် သူတို့ဘက်၌ ရှိနေသည် ဖြစ်ရာ သူတို့၏ နယ်မြေများကို ဆုံးရှုံးသွားခဲ့ရလျှင်ပင် ထိုအရာက သိပ်ပြီး ကြီးမားလှသော ပြဿနာ တစ်ရပ် မဟုတ်ပေ။

နှစ်ပေါင်း ရာနှင့်ချီ ၊ ထောင်နှင့်ချီ၍ စောင့်ဆိုင်းပြီးနောက်တွင် သူသည် နောက်ဆုံး၌ ပြန်လည်ရောက်ရှိလာကာ ၎င်းတို့ကို ပြန်လည် သိမ်းပိုက်နိုင်မည်မှာ သေချာလှ၏။

အမှန်တကယ်တော့ ထိုအရာက အဆိုးရွားဆုံးသော အခြေအနေ တစ်ရပ်သာ ဖြစ်သည်။

အခြား တစ်နေရာတွင်

အရိုင်း နယ်မြေ။

ယွဲ့ အင်မော်တယ်စံအိမ်၏ အင်မော်တယ်မြို့တော် အပျက်အစီးနယ်မြေဝယ်

စုယွီ ကိုယ်တိုင်သည် ယခင်ကထက် များစွာ ပိုမို ကြီးမားလှသော နောက်ထပ် အမွှေးတိုင် အစုအဝေး တစ်ခုကို ထုတ်ယူလိုက်သော်လည်း ယခုတစ်ကြိမ်တွင် သူသည် အနက်ရောင်ဒေါသ စစ်သည်တော် တစ်ယောက်၏ ဝိညာဉ် တစ်ခုကိုသာ နှိုးဆွ အသက်သွင်းရန် ရည်ရွယ်ထားဆဲ ဖြစ်ပေသည်။

အဘယ်ကြောင့်ဆိုသော် သူ ယခင်က နှိုးဆွ အသက်သွင်းခဲ့သော အနက်ရောင်ဒေါသ စစ်သည်တော် ဆယ့်ရှစ်ယောက်သည်လည်း သူတို့၏ ဝိညာဉ်များကို ထိန်းသိမ်းထားရန် အမွှေးတိုင် စွမ်းအင်များ လိုအပ်နေသောကြောင့်ပင်။

ယခု လက်ရှိ ပုတူ ဗုဒ္ဓဂိုဏ်းထံမှ တစိမ့်စိမ့် ခိုးယူရရှိနေသော အမွှေးတိုင် စွမ်းအင် အနည်းငယ်မျှဖြင့် တစ်ယောက်ကို ထိန်းသိမ်းထားရင်း နောက်ထပ် အနက်ရောင်ဒေါသ စစ်သည်တော် တစ်ယောက်ကို ထပ်မံ အသက်သွင်းရန် ဆိုသည်မှာ အနည်းငယ် ခက်ခဲသော ကိစ္စရပ်တစ်ခု ဖြစ်နေခဲ့လေပြီ။

“ဝှီး…”

ယခုတစ်ကြိမ် ရွှေချပ်ဝတ် ခေါင်းဆောင်မှ ဆင့်ခေါ်လိုက်သော အနက်ရောင်ဒေါသရုပ်သေးစစ်သည်တော်သည် အတော်လေး ကြံ့ခိုင် တောင့်တင်းသော ပုံစံရှိနေ၏။ ဆယ့်ရှစ်ယောက်မြောက် အနက်ရောင်ဒေါသ စစ်သည်တော်နှင့် စုယွီ ခေါ်ဆောင်သွားခဲ့သော အနက်ရောင်ဒေါသ စစ်သည်တော်တို့နှင့် မတူညီဘဲ ဤစစ်သည်တော်၏ လက်ထဲတွင် ငွေရောင် လေးရှည် မှော်လက်နက် တစ်လက်ကို အံ့သြဖွယ်ကောင်းစွာ ကိုင်ဆောင်ထားလေသည်။

ထိုမှော်လက်နက်ထံမှ ထွက်ပေါ်လာသော အရှိန်အဝါသည် အလွန်တရာ အစွမ်းထက်လှသည့် အလယ်အလတ်အဆင့် မှော်လက်နက် တစ်ခု၏ အရှိန်အဝါ ဖြစ်ကြောင်း သေချာနေပေ၏။

ရွှေချပ်ဝတ် ခေါင်းဆောင်က ထိုစစ်သည်တော်ကို ဆင့်ခေါ်ပြီးနောက် သူ၏ ပုံရိပ်ကို အတိတ်ကို လွမ်းဆွတ်တသနေသည့်ဟန်ဖြင့် ကြည့်ရှုလိုက်သည်။

"ဒီသူက အရင်တုန်းက သခင်ကြီး နောက်ကို လိုက်ပါခဲ့တဲ့ ပထမဆုံး အနက်ရောင်ဒေါသ စစ်သည်တော်ပဲ"

"သူ့လက်ထဲက ဒီလေးလက်နက်က သခင်ကြီး ကိုယ်တိုင် သူ့အတွက် သီးသန့် သွန်းလုပ်ပေးခဲ့တဲ့ မှော်လက်နက် တစ်ခုလေ"

"တကယ်လို့ သူ့ရဲ့ ဝိညာဉ်ကိုသာ ဆက်ပြီး ထိန်းသိမ်းထားနိုင်ဦးမယ် ဆိုရင်.. သူ့ရဲ့ အစွမ်းသတ္တိက ငွေရောင် စစ်သူကြီး တစ်ယောက်ရဲ့ အစွမ်းနဲ့တောင် ယှဉ်နိုင်လောက်နေပြီ"

ထိုအချိန်၌ စုယွီသည် ဝိညာဉ်နှိုးဆွခြင်း ပညာရပ်ကို ဖော်ထုတ်လိုက်လေသည်။

ရုတ်တရက် သူ၏ ကိုယ်တွင်းရှိ ချီစွမ်းအင်များနှင့် နှလုံးသားဝိညာဉ်စွမ်းအားများသည် ဒီရေလုံးကြီး တစ်ခုအလား တဟုန်ထိုး စီးဆင်း ထွက်ပေါ်လာခဲ့ပြီး ဝိညာဉ်နှိုးဆွခြင်း ပညာရပ်၏ အလင်းတန်းသည် သူ၏ လက်ချောင်းထိပ်များမှတစ်ဆင့် ပထမဆုံး အနက်ရောင်ဒေါသ စစ်သည်တော် အပေါ်သို့ ကျဆင်းသွားကာ တဝီဝီ မြည်ဟည်းသံများကို ထွက်ပေါ်လာစေတော့၏။

သာမန် ဝိညာဉ်ခွဲထွက် အဆင့်ကို ကျော်လွန်နေသော ဓားသွားကဲ့သို့ ထက်မြက်လှသည့် အရှိန်အဝါ တစ်ခုသည် ဤအနက်ရောင်ဒေါသရုပ်သေးစစ်သည်တော်ထံမှ နိုးထလာခဲ့သည်။

ဤအနက်ရောင်ဒေါသရုပ်သေးစစ်သည်တော်၏ ဝိညာဉ်ကို နှိုးဆွရန်အတွက် သုံးစွဲလိုက်ရသော မန်နာနှင့် နှလုံးသားဝိညာဉ်စွမ်းအား ပမာဏသည် ဆယ့်ရှစ်ယောက်မြောက် အနက်ရောင်ဒေါသ စစ်သည်တော်ထက် သိသိသာသာ များပြားနေကြောင်း ထင်ရှားလှပေသည်။

စုယွီသည် ပထမဆုံး အနက်ရောင်ဒေါသ စစ်သည်တော်ထံမှ ဓားသွားကဲ့သို့သော အရှိန်အဝါကို ခံစားလိုက်ရချိန်တွင် သူ၏ မျက်လုံးများက အနည်းငယ် အရောင်လက်သွားခဲ့၏။

ဤအနက်ရောင်ဒေါသ စစ်သည်တော် ရုပ်သေးသည် အခြားသော အနက်ရောင်ဒေါသရုပ်သေးစစ်သည်တော်များနှင့် ဘာမျှ ကွာခြားမှု မရှိကြောင်း ထင်ရှားနေပြီး သူတို့ အားလုံးသည် အထွတ်အထိပ် စတုတ္ထအလွှာ ရုပ်သေးများ ဖြစ်ကြသော်လည်း သူတို့ထံမှ ထွက်ပေါ်လာသော အရှိန်အဝါများကမူ အခြားသော အနက်ရောင်ဒေါသရုပ်သေးစစ်သည်တော်များနှင့် လုံးဝကို ကွဲပြားခြားနားနေခဲ့လေသည်။

အနက်ရောင်ဒေါသရုပ်သေးစစ်သည်တော်များ အတွက် ဤရုပ်သေးကိုယ်ထည်များသည် သာမန် အခွံလွတ်များမျှသာ ဖြစ်နေသကဲ့သို့ပင်။

ပထမဆုံး အနက်ရောင်ဒေါသ စစ်သည်တော်ထံမှ အရှိန်အဝါများသည် တဖြည်းဖြည်း နိုးထလာခဲ့သည်။

အဆုံးမဲ့ သဘာဝ ဝိညာဉ်စွမ်းအင်များသည် အရပ်မျက်နှာ အသီးသီးမှ တဟုန်ထိုး စီးဆင်းလာခဲ့ပြီး ပထမဆုံး အနက်ရောင်ဒေါသ စစ်သည်တော်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ သူ၏ စုပ်ယူသန့်စင်ခံလိုက်ရတော့၏။

ရွှေချပ်ဝတ် ခေါင်းဆောင်သည် စုယွီ၏ မျက်လုံးများထဲမှ အပြောင်းအလဲကို သတိပြုမိသွားကာ ရှင်းပြလိုက်သည်။

"အနက်ရောင်ဒေါသရုပ်သေးစစ်သည်တော်တွေရဲ့ အစွမ်းသတ္တိက သူတို့ရဲ့ ရုပ်သေးကိုယ်ထည်တွေ အပေါ်မှာ ဘယ်တော့မှ မူတည်နေတာ မဟုတ်ဘူး.. သူတို့ရဲ့ ဝိညာဉ်တွေ အပေါ်မှာပဲ မူတည်တယ်.. တခြားစကားနဲ့ ပြောရရင် သူတို့ရဲ့ အမွှေးတိုင် စွမ်းအင်တွေ အပေါ်မှာပေါ့"

"တကယ်လို့ မင်းက အမွှေးတိုင် စွမ်းအင်တွေကို ပိုပြီး စုဆောင်းနိုင်မယ် ဆိုရင်.. ပြီးတော့ အနက်ရောင်ဒေါသ စစ်သည်တော်တွေ အားလုံးရဲ့ စွမ်းအားတွေကို ပြန်လည် ထူထောင်ပေးနိုင်မယ် ဆိုရင်..."

"မင်း ခေါ်သွားခဲ့တဲ့ ငါးဆယ့်ငါးယောက်မြောက် အနက်ရောင်ဒေါသ စစ်သည်တော်တောင် ဝိညာဉ်ခွဲထွက် အဆင့် အလယ်အလတ်ကာလနဲ့ နှောင်းပိုင်းကာလက သာမန် အကြီးအကဲတွေနဲ့ ယှဉ်နိုင်စွမ်း ရှိသွားလိမ့်မယ်"

သို့သော်ငြားလည်း စုယွီက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး မေးခွန်းထုတ်လိုက်လေသည်။

"အဲဒီအတွက် အမွှေးတိုင် စွမ်းအင် ဘယ်လောက်တောင် လိုအပ်မှာလဲဗျ"

ပထမ ရွှေချပ်ဝတ် ခေါင်းဆောင်က ပြုံးဖြီးဖြီး လုပ်လိုက်၏။

"မင်း ပြောခဲ့တဲ့ ဗုဒ္ဓဂိုဏ်းက တုန်းရွှီ ဗုဒ္ဓအရှင် ဆိုသူဆီက အမွှေးတိုင် စွမ်းအင် ဆိုတာလေ.. တကယ်လို့ မင်းက အဲဒီလိုမျိုး နောက်ထပ် ဆယ်ယောက် ဒါမှမဟုတ် ရှစ်ယောက်လောက်ကို ရနိုင်မယ် ဆိုရင်.. ဒါမှမဟုတ် ပေါင်းစည်းခြင်းအဆင့်က ဗုဒ္ဓ စွမ်းအားတစ်ခုကို ရှာတွေ့ပြီး သူ့ရဲ့ စွမ်းအား အခြေခံကို လုယူနိုင်ခဲ့မယ် ဆိုရင်.. အဲဒီအရာဆီက ရလာတဲ့ အမွှေးတိုင် စွမ်းအင်က အနက်ရောင်ဒေါသ စစ်သည်တော်တွေ အားလုံးရဲ့ ဝိညာဉ်တွေကို ထိန်းသိမ်းထားနိုင်လောက်ပါရဲ့"

စုယွီ အနေဖြင့် ဆွံ့အသွားခဲ့ရတော့သည်။

လုံးဝ မဖြစ်နိုင်ချေ။

သို့သော်ငြားလည်း အနက်ရောင်ဒေါသ စစ်သည်တော် အားလုံး၏ တကယ့် အစွမ်းသတ္တိကသာ ထိုမျှလောက်အထိ အစွမ်းထက်နေမည် ဆိုပါက ရှေးဟောင်း ယွဲ့ အင်မော်တယ် နန်းတော်မှ ချန်ရစ်ခဲ့သော ဤအင်အားစုကြီးသည် တကယ်ကို စွဲမက်ဖွယ်ကောင်းလှပေသည်။

မည်သို့ပင် ဆိုစေကာမူ သူသည် ယွဲ့ အင်မော်တယ်စံအိမ်မှ ဤအစောင့်အရှောက် အုပ်စုကြီးကို ထိန်းသိမ်းရန်နှင့် ပြန်လည် အသက်သွင်းရန်အတွက် တတ်နိုင်သမျှ အမွှေးတိုင် စွမ်းအင်များကို ဆက်လက် စုဆောင်းရမည်သာ ဖြစ်၏။

ဘာပဲဖြစ်ဖြစ် နှိုးဆွ အသက်သွင်းခံလိုက်ရပြီးသော ရုပ်သေးတွေ အားလုံးက သူ့ကို သခင်လို့ ခေါ်နေကြတာပဲ မဟုတ်ပါလား။

ထိုဝိညာဉ်များ အားလုံးကို နှိုးဆွ အသက်သွင်းပေးခဲ့သူမှာ သူ ကိုယ်တိုင်ပင် ဖြစ်လေသည်။

ဤပထမနှင့် ဒုတိယ ရွှေချပ်ဝတ် ခေါင်းဆောင်များသည် ဤအချက်ကို သေချာပေါက် သိရှိနေကြသော်လည်း သူတို့က ဘာတစ်ခွန်းမှ ထုတ်ဖော် မပြောဆိုခဲ့ကြချေ။ သူတို့က စုယွီကို သူတို့၏ ဝိညာဉ်များကို နှိုးဆွ အသက်သွင်းခွင့် ပေးထားခဲ့ကြ၏။

ဤအရာက စုယွီကို အနည်းငယ် တွေးတော ခန့်မှန်းမိစေခဲ့သည်။ တကယ်လို့ သူကသာ ဤနေရာရှိ ရုပ်သေးများ အားလုံး၏ ဝိညာဉ်များကို အသက်သွင်းပေးနိုင်ခဲ့မည် ဆိုပါက ဤရှေးဟောင်း ယွဲ့ အင်မော်တယ် နန်းတော်၏ အင်အားစုကြီးကို သူက အမွေဆက်ခံခွင့် ရရှိသွားနိုင်မည်လား။

ရက်အနည်းငယ် အကြာ ပထမဆုံး အနက်ရောင်ဒေါသ စစ်သည်တော်၏ ဝိညာဉ်သည် နောက်ဆုံးတွင် အပြည့်အဝ နိုးထလာခဲ့လေပြီ။

အသစ်တဖန် နိုးထလာသော ဝိညာဉ်သည် ယခင်က ကျန်ရစ်နေခဲ့သော အသိစိတ် အနည်းငယ်နှင့် ပေါင်းစပ်သွားပြီးပြီးချင်းမှာပင် သူသည် မျက်လုံးများကို ဖွင့်မကြည့်နိုင်သေးဘဲ အားနည်းကာ နှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့တော့၏။

All Chapters