← Chapters

အခန်း ၇၉၀

Vol. 53 Ch. 790

အခန်း ၇၉၀

Vol. 53 Ch. 790

အခန်း (၇၉၀) - တာအိုသခင်ကြီးများနှင့် ဗုဒ္ဓအရှင်သခင်များ တစ်ပြိုင်နက်တည်း ပေါ်ထွက်လာခြင်း၊ ရွှေချို ဆုတောင်း ဧရာမဆင်ကြီး ဝင်ရောက်လာခြင်း အပိုင်း (၁)

လွန်ခဲ့သောနှစ်များစွာက အင်မော်တယ်နန်းတော်သည် ကိုးဝိညာဉ် အင်မော်တယ်တောင်ကို မျှဝေခံစားရန်အတွက် အင်မော်တယ်မျိုးနွယ်စုများစွာကို မဟာမိတ်အဖွဲ့အဖြစ် သိမ်းသွင်းရန် ကြိုးစားခဲ့သော်လည်း မည်သည့်မျိုးနွယ်စုကမျှ သူတို့နှင့် ပူးပေါင်းရန် သဘောမတူခဲ့ကြပေ။

ထိုအခြေအနေနှင့် လုံးဝဆန့်ကျင်ဘက်ပင်။

နှစ်အနည်းငယ်ကြာပြီးနောက် မြေကမ္ဘာအင်မော်တယ်စံအိမ်က အင်မော်တယ်မျိုးနွယ်စုအချို့ကို ဆက်သွယ်ခဲ့ရာ သူတို့အားလုံးက မြေကမ္ဘာအင်မော်တယ်စံအိမ်နှင့် မဟာမိတ်ဖွဲ့ရန် အထူးစိတ်ဝင်စားခဲ့ကြပြီး ပြင်ပကမ္ဘာသို့ ညီညွတ်သော စည်းလုံးမှုကို ပြသခဲ့ကြသည်။

ဤကြီးမားလှသော ကွာဟချက်ကြီးက အင်မော်တယ်နန်းတော်၏ မာနကို လုံးဝ ကျိုးကျပျက်စီးသွားစေခဲ့သည်။

ကူယန်၏မျက်နှာမှာ ပို၍အေးစက်သွားပြီး ထိုက်ရှီးကို စကားဆိုလိုက်၏။

"တာအိုမိတ်ဆွေ ထိုက်ရှီး... တခြားဘာမှ ပြောစရာမလိုပါဘူး... ခင်ဗျားတို့ရဲ့ မြေကမ္ဘာအင်မော်တယ်စံအိမ်က ကျွန်တော်တို့ အင်မော်တယ်နန်းတော်ကို တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့ ဖွဲ့စည်းရာမှာ ကူညီပေးဖို့ပဲ လိုတယ်"

"ခင်ဗျား သဘောတူလား မတူဘူးလားဆိုတာပဲ ပြောပါ"

အရှင်သခင်ကြီး ထိုက်ရှီးက ပြုံးလိုက်သည်။

အပေါ်ယံ အပြုံးလေး တစ်ခုဖြင့် ကူယန်ကို စိုက်ကြည့်ကာ စကားဆိုလိုက်၏။

"တာအိုမိတ်ဆွေ ကူယန်... ရှင်က အင်မော်တယ်နန်းတော်ကို အထင်ကြီးလွန်းနေပုံရတယ်... ရှင်တို့ အင်မော်တယ်နန်းတော်လောက်နဲ့တော့ ကျွန်မတို့ မြေကမ္ဘာအင်မော်တယ်စံအိမ်ကို ဒီလိုလေသံမျိုးနဲ့ လာပြောဖို့ အရည်အချင်း မပြည့်မီသေးဘူး"

"အထူးသဖြင့် ကူယန်... ရှင်က ကျွန်မကို ဒီလိုလာပြောဖို့ အခွင့်အရေး လုံးဝမရှိဘူး"

"ရှင်တို့ အင်မော်တယ်နန်းတော်ကို တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့ ဖွဲ့စည်းဖို့ ကူညီရမယ် ဟုတ်လား... တာအိုမိတ်ဆွေ ကူယန် .. အိပ်မက်ထဲက မနိုးသေးဘူးဆိုရင်လည်း နောက်ထပ် နှစ်ရာထောင်ချီလောက် ဆက်အိပ်နေလိုက်ပါဦး"

ကူယန်က သက်ပြင်းကို ခပ်ဖွဖွချလိုက်ရာ သူ၏အသံက လူတိုင်း၏နားထဲတွင် ကြက်သီးထဖွယ် ပဲ့တင်ထပ်သွားတော့သည်။

"ဒါဆိုရင်လည်း ဆွေးနွေးစရာ မလိုတော့ဘူးပေါ့"

“ဝှီး…”

ထိုအခိုက် ခမ်းနားကြီးကျယ်လှသော အင်မော်တယ်စွမ်းအား တစ်ခုသည် မြေကမ္ဘာအင်မော်တယ်စံအိမ်၏ ဂိတ်တံခါးရှေ့မှ ထွက်ပေါ်လာ၏။ ၎င်းက မြေကမ္ဘာအင်မော်တယ်စံအိမ်၏ ဝင်္ကပါတံခါးကို ဖြတ်သန်းကာ လူတိုင်း၏အပေါ်သို့ ကျရောက်လာလေသည်။

ဤအဟုန်ကို ရင်ဆိုင်လိုက်ရချိန်တွင် အရှင်သခင်ကြီး ထိုက်ရှီး၏ မျက်နှာပေါ်တွင်ပင် အနည်းငယ် ပြောင်းလဲသွားမှုတစ်ခု ပေါ်လာခဲ့သည်။

ထို့နောက် အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာ၏။

"ဟုန်ယွဲ့... ထွက်ခဲ့စမ်း... မင်းတို့ မြေကမ္ဘာအင်မော်တယ်စံအိမ်က တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့ ဖွဲ့ချင်နေတယ်ပေါ့လေ... ကောင်းပြီ... မင်း ..ငါနဲ့ အရင်လာတိုက်စမ်း... မင်း နိုင်တယ်ဆိုရင်တော့ မင်းတို့ မြေကမ္ဘာအင်မော်တယ်စံအိမ်က တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့ကို လွတ်လွတ်လပ်လပ် ဖွဲ့စည်းနိုင်ပြီ... ငါတို့ အင်မော်တယ် တစ်သောင်း နန်းတော်ကတောင် မင်းတို့ မြေကမ္ဘာအင်မော်တယ်စံအိမ်နောက်ကို လိုက်ပြီး ပူးပေါင်းဖို့ ဆန္ဒရှိတယ်"

"ဒါပေမဲ့ မင်းသာ ရှုံးသွားခဲ့ရင်တော့... ဟားဟား... တောင်းပန်ပါတယ်... ငါတို့ အင်မော်တယ်တစ်သောင်း နန်းတော်ဆိုတဲ့ အတားအဆီးကိုတောင် မင်း အရင်မကျော်ဖြတ်နိုင်ဘူးဆိုရင် အခြားနယ်မြေတွေက ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့အတွက် တာ့ချန်က တာအိုမိတ်ဆွေတွေ အားလုံးကို မင်းက ဘယ်လိုလုပ် ဦးဆောင်နိုင်မှာလဲ"

တာအိုသခင်ကြီး ဟုန်ယွဲ့ ပေါ်ထွက်လာသည်။

မြေကမ္ဘာအင်မော်တယ်စံအိမ်၏ ပင်မခန်းမဆောင်ကြီးထဲမှ ဖြည်းညှင်းစွာ ထွက်လာပြီး အထက်သို့ မော့ကြည့်လိုက်ရာ သူ၏မျက်လုံးများက ကောင်းကင် မြေကြီးနှင့် ဟင်းလင်းပြင်တို့ကိုပင် ဖောက်ထွင်းသွားသည့်အလား ဂိတ်တံခါးအပြင်ဘက်ရှိ သက်ကြီးရွယ်အို ပုံရိပ်တစ်ခုပေါ်သို့ ကျရောက်သွားလေသည်။

တာအိုသခင်ကြီး ဟုန်ယွဲ့က ဤသူ ပေါ်လာခြင်းကို အံ့အားသင့်သွားခြင်း မရှိပေ။

သို့သော်ငြား ထိုသူထံမှ ထွက်ပေါ်လာသော အရှိန်အဝါကို ခံစားလိုက်ရချိန်တွင် တာအိုသခင်ကြီး ဟုန်ယွဲ့၏ မျက်နှာက အနည်းငယ် ပို၍လေးနက်သွားသည်။ ဤသူ၏ ကျင့်ကြံခြင်းက သူ့ထက် သာလွန်နေသည်မှာ ငြင်းမရနိုင်သော အမှန်တရားဖြစ်ပြီး ပကတိဟင်းလင်းပြင် အဆင့်၏ ဒုတိယအလွှာသို့ ရောက်ရှိနေကာ တတိယအလွှာသို့ပင် နီးကပ်နေပြီ ဖြစ်သည်။

သူက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် စကားဆိုလိုက်၏။

"အင်မော်တယ် တစ်သောင်း နန်းတော်ရဲ့ နန်းတော်သခင်ဟောင်း တာအိုသခင်ကြီး ထျန်းယန် လား"

ဟုန်ယွဲ့က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး ထပ်မံစကားဆိုသည်။

"နောက်တစ်ယောက်ကော... တာအိုသခင်ကြီး လော့ဟယ် က ဘယ်မှာလဲ"

အချိန်သိပ်မကြာလိုက်ပေ။

တာအိုသခင်ကြီး ထျန်းယန်၏ ဘေးတွင် ပို၍ အသက်ကြီးသော ပုံရိပ်တစ်ခု ပေါ်လာပြီး သူ၏ အရှိန်အဝါက တာအိုသခင်ကြီး ထျန်းယန်ထက်ပင် ပိုမိုအားကောင်းနေကာ ပကတိဟင်းလင်းပြင် အဆင့်၏ စတုတ္ထအလွှာသို့ပင် ရောက်ရှိနေလေပြီ။

မြေကမ္ဘာအင်မော်တယ်စံအိမ်အတွင်း၌လည်း တာအိုသခင်ကြီး ဟုန်ယွဲ့၏ဘေးတွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသော်လည်း ထိုအရာက လူသားတစ်ဦး မဟုတ်ခဲ့ပေ။

၎င်းက မိစ္ဆာအရှင်သခင်ကြီး တစ်ပါးပင် ဖြစ်သည်။

သူမ၏ မူလပကတိပုံစံမှာ ရွှေဝိညာဉ်နဂါးပျံဖြစ်ပြီး မြေကမ္ဘာအင်မော်တယ်စံအိမ်၏ ယခင်အရှင်သခင် ချန်ရစ်ခဲ့သော ရှေးဟောင်းခေတ်မှ ဝိညာဉ်သားရဲတစ်ကောင်ဖြစ်သည်။ သူမက အသက်အရွယ် အတော်ကြီးရင့်နေသော နဂါးမ တစ်ကောင်ဖြစ်ပြီး မြေကမ္ဘာအင်မော်တယ်စံအိမ်ကို နှစ်ပေါင်း တစ်ထောင့်ငါးရာကျော်ကြာအောင် ကာကွယ်စောင့်ရှောက်ပေးခဲ့သူ ဖြစ်သည်။

သူမ၏ လက်ရှိကျင့်ကြံခြင်းမှာ အဆင့်ခြောက် အလယ်အလတ် အထွတ်အထိပ်တွင်ရှိပြီး ရှေးဟောင်း ဝိညာဉ်သားရဲ နတ်ဘုရားသိုင်းပညာရပ်များ အချို့ကိုလည်း အမွေဆက်ခံထားခဲ့သည်။ ပြိုင်ဘက်ကင်းသော စွမ်းအားများဖြင့် သူမက အပြင်သို့ ထွက်လာလေ့ မရှိဘဲ အထူးနည်းလမ်းတစ်ခုဖြင့် အသက်ကို ရှည်အောင် လုပ်ဆောင်ကာ အမြဲတမ်း တံခါးပိတ်ကျင့်ကြံနေတတ်သည်။

ရွှေဝိညာဉ်နဂါးပျံ ထွက်ပေါ်လာပြီး လူသားပုံစံအဖြစ်သို့ ပြောင်းလဲသွား၏။

သူမ၏ မျက်လုံးများက လှိုင်းဂယက်ကင်းစင်သော ရှေးဟောင်းရေတွင်းကြီးတစ်ခုအလား အနည်းငယ် လေးနက်တည်ငြိမ်နေသည်။ သူမက အပြင်ဘက်ရှိ ပုံရိပ်နှစ်ခုကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏ အသံက မြေကမ္ဘာအင်မော်တယ်စံအိမ် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့၏။

"ရှင်တို့ နှစ်ယောက်တည်းနဲ့တော့... မြေကမ္ဘာအင်မော်တယ်စံအိမ်ကို ခြိမ်းခြောက်နိုင်စွမ်း ရှိပုံမရဘူး"

ရွှေဝိညာဉ်မိစ္ဆာအရှင်သခင်၏ စကားလုံးများ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် သူမကို တုံ့ပြန်လိုက်သည့်အလား။

“ဝှီး…”

အဝေးတစ်နေရာမှ အခြားလူတစ်ယောက်၏ ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုပုံရိပ်က ဖြည်းညှင်းစွာ လျှောက်လှမ်းလာသော်လည်း မျက်တောင်တစ်ခတ်အတွင်း အင်မော်တယ်နန်းတော်မှ တာအိုသခင်ကြီးနှစ်ပါးနှင့် မလှမ်းမကမ်းတွင် ဆင်းသက်လာတော့သည်။

ထိုသူက ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ အရှိန်အဝါက အလွန်အမင်း လွှမ်းမိုးနိုင်စွမ်းရှိသည်။ သူက သူ၏စွမ်းအားများကို အနည်းငယ်မျှပင် ဖုံးကွယ်ထားခြင်းမရှိဘဲ ခမ်းနားကြီးကျယ်ကာ အဆုံးအစမဲ့နေသည်။ သူ ပေါ်လာသည်နှင့် တစ်ပြိုင်နက် မြေကမ္ဘာအင်မော်တယ်စံအိမ်၏ ဂိတ်တံခါးကို အမြင့်ဆုံးစွမ်းအားများဖြင့် ဖိချလိုက်တော့၏။

ဒိုင်း...

ကောင်းကင်နှင့် မြေကြီးက တုန်လှုပ်သွားသည်။ ဤသူ ပေါ်လာချိန်တွင် မြေကမ္ဘာအင်မော်တယ်စံအိမ် တစ်ခုလုံးက သူ့အောက်တွင် တုန်ယင်နေသည့်အလား ပင်။

သူက ရွှေဝိညာဉ်နဂါးပျံကို စိုက်ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် အံ့အားသင့်မှု အနည်းငယ် ပေါ်လာပြီးနောက် ခပ်ထေ့ထေ့ ရယ်မောလိုက်သည်။

"စိတ်ဝင်စားစရာပဲ... ဒီခရီးစဉ်မှာ နဂါးပျံသွေးဆက်ပါတဲ့ မိစ္ဆာအရှင်သခင် တစ်ပါးကို တွေ့ရလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး"

"အင်မော်တယ်အရှင်သခင်ဖြစ်တဲ့ ငါက မင်းနဲ့ ငါ့ရဲ့ တာ့ယန် အင်မော်တယ်မင်းဆက်က ရေစက်ပါနေတယ်လို့ ခံစားရတယ်... ကျင့်ကြံဖို့အတွက် တာ့ယန် အင်မော်တယ်မင်းဆက်ကို ငါနဲ့အတူ လိုက်ခဲ့ဖို့ မင်း ဆန္ဒရှိလား"

"ငါ့ရဲ့ တာ့ယန် အင်မော်တယ်မင်းဆက်ရဲ့ စစ်မှန်တဲ့ နဂါးကံကြမ္မာနဲ့ဆိုရင်... တနေ့ကျရင် မင်းရဲ့ နဂါးပျံခန္ဓာကိုယ်ကို စွန့်ပယ်ပြီး စစ်မှန်တဲ့ နဂါးအဖြစ် ပြောင်းလဲနိုင်ကောင်း ပြောင်းလဲနိုင်လိမ့်မယ်"

ရွှေဝိညာဉ်မိစ္ဆာအရှင်သခင်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားသော်လည်း မည်သို့မျှ ပြန်လည်တုံ့ပြန်ခြင်း မရှိပေ။

ပကတိဟင်းလင်းပြင် အဆင့် စတုတ္ထအလွှာမှ အခြား တာအိုသခင်ကြီး တစ်ပါး ထပ်မံပေါ်ထွက်လာပြန်၏။

"ဟဲဟဲ... မိတ်ဆွေတွေ အများကြီး တစ်ပြိုင်နက်တည်း စုဝေးနေတာကို တွေ့ရတာ ရှားပါတယ်... ကံကောင်းထောက်မလို့ ငါ အချိန်မီ ရောက်လာခဲ့တာပဲ"

ထိုအခိုက် ပုံရိပ်တစ်ခုက အဝေးတစ်နေရာမှ ဆင်းသက်လာပြီး အင်မော်တယ်နန်းတော်မှ တာအိုသခင်ကြီးနှစ်ပါးနှင့် တာ့ယန် အင်မော်တယ်မင်းဆက်၏ အင်မော်တယ်အရှင်သခင်တို့နှင့် အလှမ်းကွာဝေးသော နေရာတွင် ရပ်နေလိုက်သည်။ သူ ရောက်ရှိလာပြီးနောက် တာ့ယန် အင်မော်တယ်မင်းဆက်၏ အင်မော်တယ်အရှင်သခင်ကို ကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာက အနည်းငယ် လေးနက်သွား၏။

တာအိုသခင်ကြီး ဟုန်ယွဲ့က ဤသူ ပေါ်လာသည်ကို မြင်လိုက်ရပြီး သူ့ကိုယ်သူ တိုးညှင်းစွာ ရေရွတ်လိုက်သည်။

'လီဟော့ နန်းတော်ရဲ့ ဘိုးဘေးကြီး တာအိုသခင်ကြီး ထျန်းဟော့ ပဲ'

တာအိုဆရာ ထျန်းဟော့ ထံမှ အရှိန်အဝါကို ခံစားကြည့်လိုက်ရာ ၎င်းက ပကတိဟင်းလင်းပြင် အဆင့် ဒုတိယအလွှာ၏ အထွတ်အထိပ်တွင် ရှိနေပေသည်။

ပကတိဟင်းလင်းပြင် အဆင့်၏ တတိယအလွှာနှင့် အနည်းငယ်မျှသာ ကွာဝေးတော့သည်။

တာအိုဆရာ ထျန်းဟော့က အတိအလင်း ဖွင့်ဟမပြောသော်လည်း သူ၏ လက်ရှိ ပေါ်ထွက်လာမှုနှင့် အင်မော်တယ်နန်းတော်မှ တာအိုသခင်ကြီးများနှင့် တာ့ယန် အင်မော်တယ်မင်းဆက်တို့အပေါ် အာရုံစိုက်နေသော သူ၏ အကြည့်က မြေကမ္ဘာအင်မော်တယ်စံအိမ်ဘက်သို့ ယိမ်းယိုင်နေသည့် သူ၏ ရပ်တည်ချက်ကို ရှင်းလင်းစွာ ပြသနေလေသည်။

အချိန်သိပ်မကြာလိုက်ပေ။

ပုံရိပ်နှစ်ခုက တစ်ခုပြီးတစ်ခု ပေါ်ထွက်လာ၏။

"ဒီလို ခမ်းနားကြီးကျယ်တဲ့ စုဝေးပွဲမျိုးမှာ ကျွန်တော်တို့ရဲ့ ယွီလုံ နန်းတော် မပါဘဲ ဘယ်ဖြစ်မလဲ... ဟဲဟဲ... တာအိုမိတ်ဆွေတို့ အားလုံးကို နှုတ်ခွန်းဆက်ပါတယ်"

လင်းလက်တောက်ပသော အပြုံးကို ဆင်မြန်းထားပြီး အပြာရင့်ရောင် ဝတ်ရုံဝတ် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် အနည်းငယ် အေးစက်စက် အမူအရာရှိပြီး အင်မော်တယ် တစ်သောင်း နန်းတော်မှ တာအိုသခင်ကြီးနှစ်ပါးအပေါ် စူးစိုက် အကဲခတ်နေသည့် အဖြူရောင်ဝတ်စုံဝတ် အလှမယ် တစ်ဦးတို့ပင် ဖြစ်တော့သည်။

All Chapters