← Chapters

အခန်း ၇၉၃

Vol. 53 Ch. 793

အခန်း ၇၉၃

Vol. 53 Ch. 793

အခန်း (၇၉၃) ခြေတစ်လှမ်းနင်းချလိုက်ရုံဖြင့် ကောင်းကင်နှင့်မြေကြီး ပြိုကွဲသွားခြင်း

"ဂျွတ်... ဂျွတ်..."

တာအိုသခင်ကြီး ကျိုရုံနှင့် အခြားသူများ၏ မျက်နှာများ အနည်းငယ် အရောင်ပြောင်းသွားကြ၏။ အောက်သို့ ငုံ့ကြည့်လိုက်ရာ မြေကမ္ဘာအင်မော်တယ်စံအိမ်တံခါး၏ မြေပြင်သည် တဖြည်းဖြည်း အက်ကွဲလာနေပြီး မရေမတွက်နိုင်သော အက်ကြောင်းငယ်များက မြေပြင်နှင့် ဝိညာဉ်တောင်တန်းများပေါ်သို့ ပျံ့နှံ့သွားလေတော့သည်။

ကောင်းကင်နှင့် မြေကြီးသည် ဟိန်းဟောက်မြည်ဟည်းနေပြီး အဆုံးမဲ့ သဘာဝဝိညာဉ်စွမ်းအင်များက ကြမ်းတမ်းသော လေဆင်နှာမောင်းများအဖြစ် ပြောင်းလဲသွားကာ မြေကမ္ဘာအင်မော်တယ်စံအိမ်တံခါး၏ အနက်ရှိုင်းဆုံးနေရာရှိ ရွှေချိုတပ် ကောင်းကင်ဆင်ရာဇာကြီးတစ်ကောင်၏ မျိုချခံလိုက်ရ၏။ ထိုသို့ စုပ်ယူမျိုချမှုသည် အလွန်တရာ ရက်စက်ကြမ်းတမ်းလွန်းလှပြီး ပတ်ဝန်းကျင်ရှိ သဘာဝဝိညာဉ်စွမ်းအင်များကို လျင်မြန်စွာ ခန်းခြောက်သွားစေကာ ဝိညာဉ်သွေးကြောမြေပြင်ကိုပင် အက်ကွဲသွားစေတော့သည်။

သို့သော်ငြား ထိုရွှေရောင်သားရဲကြီးက အဆုံးမဲ့ ဝိညာဉ်စွမ်းအင်များကို စုပ်ယူမျိုချလိုက်သည်နှင့်အမျှ ၎င်း၏ ကြောက်မက်ဖွယ် အရှိန်အဝါက ပိုမိုအားကောင်းလာပြီး ကောင်းကင်နှင့် မြေကြီးကိုပါ တုန်လှုပ်သွားစေ၏။ ဤအဖြစ်က တာအိုသခင်ကြီး ကျိုရုံနှင့် အခြားသူများကို မျက်နှာများ ဖြူရော်သွားစေတော့သည်။

"ဝုန်း..."

၎င်း၏ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း မြေကမ္ဘာအင်မော်တယ်စံအိမ်၏ တံခါးတစ်ခုလုံးကို တုန်ခါသွားစေရန် လုံလောက်နေခဲ့သည်။

မြေကမ္ဘာအင်မော်တယ်စံအိမ်အတွင်းရှိ တပည့်များ စည်းကမ်းထိန်းသိမ်းရေးမှူးများနှင့် အကြီးအကဲများအားလုံး ပေါ်ထွက်လာသော ရွှေရောင်ဆင်ကြီးကို ကြည့်ကာ မှင်သက်သွားကြ၏။

အထူးသဖြင့် သူတို့ကို ထုံကျင်သွားစေသည့် ၎င်း၏ စိတ်ဆန္ဒနှင့် အရှိန်အဝါကြောင့်ပင်တည်း။ သူတို့၏ ခန္ဓာကိုယ်များက အလိုအလျောက် တုန်ယင်နေကြသည်။ ဆင်ကြီး၏ ဧရာမ ရွှေရောင်ခန္ဓာကိုယ်ကြီးက လုံးဝကို ဖိနှိပ်လွှမ်းမိုးထားနိုင်လွန်းလှ၏။

"အလိုလေး..."

မြေကမ္ဘာအင်မော်တယ်စံအိမ်အတွင်းသို့ ဝင်ရောက်လာပြီး ဖြစ်သော ကိုးဝိညာဉ် တောင်တန်း၏ တောင်သခင် တာအိုသခင်ကြီး ကျိုလင်နှင့် စံအိမ်တော်သခင်ကြီး ကျိုရုံတို့မှာ လုံးဝကို ရင်မောသွားကြ၏။

သူတို့က မြေကမ္ဘာအင်မော်တယ်စံအိမ်၏ အနက်ရှိုင်းဆုံးနေရာမှ ပေါ်ထွက်လာသော ဧရာမ သားရဲကြီးကို မယုံနိုင်စွာဖြင့် စိုက်ကြည့်နေကြသည်။

၎င်း၏ ဧရာမ အရွယ်အစားတစ်ခုတည်းကပင် သူတို့ကို ထိတ်လန့်ကြောက်ရွံ့သွားစေရန် လုံလောက်နေခဲ့လေပြီ။

လေထုထဲတွင် အသက်ရှိုက်သံများက မရပ်မနား ပဲ့တင်ထပ်နေ၏။

တာအိုသခင်ကြီး ကျိုရုံ၏ အသံက အနည်းငယ် တုန်ယင်နေသည်။

"ဒါကြီးက ဘာကြီးလဲ..."

ထိုသတ္တဝါကြီး၏ အရေပြားက ရွှေရောင်တောက်ပကာ ချောမွေ့နေပြီး ခေါင်းပေါ်တွင် ရွှေရောင်ချိုတစ်ချောင်းရှိကာ ကြောက်မက်ဖွယ် အစွယ်ကြီးနှစ်ချောင်းနှင့် ရွေ့လျားနေသော တောင်ကြီး တစ်လုံးပမာ ဧရာမခန္ဓာကိုယ်ကြီးကို ပိုင်ဆိုင်ထား၏။

ဖိနှိပ်ခြင်းနှင့် ခြိမ်းခြောက်ခြင်း ခံစားချက်များက ထိုနေရာရှိ တာအိုသခင်ကြီးများအားလုံးကို ကြီးမားလှသော အန္တရာယ်တစ်ခုအဖြစ် ခံစားလိုက်ကြရတော့သည်။

“ဝုန်း…”

“ဝုန်း...ဝုန်း…”

ရွှေရောင်ဆင်ကြီးက မြေကမ္ဘာအင်မော်တယ်စံအိမ်၏ အနက်ရှိုင်းဆုံးနေရာမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာလေသည်။ မြေကမ္ဘာအင်မော်တယ်စံအိမ်တံခါး၏ အပြင်ဘက်ရှိ တာအိုဆရာ ထျန်းဟော့ တာအိုဆရာ ရှစ်ဝမ်နှင့် တာအိုသခင်ကြီး ကျိုလင်တို့၏ မျက်နှာများအားလုံး အံ့အားသင့်သွားကြ၏။

ဆင်ကြီး၏ အရှိန်အဝါက တစ်လှမ်းလှမ်းလိုက်တိုင်း ပိုမိုအားကောင်းလာပြီး ခြေလှမ်းတိုင်းတွင် အဆက်မပြတ် မြင့်တက်နေခဲ့သည်။

နောက်ဆုံးတွင်မူ ၎င်းသည် ပကတိဟင်းလင်းပြင် အဆင့်၏ အစွန်းအဖျား၌ တည်ငြိမ်သွားတော့သည်။

ဤအဖြစ်က တာအိုဆရာ ထျန်းဟော့နှင့် အခြားသူများကို အနည်းငယ် မှင်သက်သွားစေ၏။

'မြေကမ္ဘာအင်မော်တယ်စံအိမ်က ဘယ်အချိန်ကတည်းက ဒီလို စွမ်းအားမျိုး ပိုင်ဆိုင်ထားခဲ့တာလဲ...'

'မြေကမ္ဘာအင်မော်တယ်စံအိမ်မှာသာ ဒီလို စွမ်းအားမျိုး ရှိနေခဲ့ရင် တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းဖို့ သူတို့က ဘာလို့ ဝင်ပါနေဖို့ လိုသေးလို့လဲ.. မဟုတ်သေးဘူး.. မြေကမ္ဘာအင်မော်တယ်စံအိမ်က ဒီလို လုပ်ရပ်တွေလုပ်ပြီး တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့ ဖွဲ့စည်းဖို့တောင် လိုအပ်မှာ မဟုတ်တော့ဘူးပဲ...'

'ဒီ သတ္တဝါကြီး တစ်ကောင်တည်းနဲ့တင် အင်မော်တယ်တစ်သောင်း နန်းတော်ကို ဖိနှိပ်ထားဖို့ လုံလောက်နေပြီ...'

မြေကမ္ဘာအင်မော်တယ်စံအိမ်တံခါး၏ အတွင်းဘက်၌

ဖန်ရှောင်က မြေကြီးသွေးကြော၏ ဗဟိုချက်မှ အပြင်ဘက်ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းထွက်လာသော ဧရာမ ဆင်ကြီးကို ကြည့်နေမိသည်။ သူမ၏ နီစွေးသော နှုတ်ခမ်းလေးမှာ မယုံကြည်နိုင်စွာဖြင့် ပွင့်ဟသွားတော့သည်။

"ဒါက..."

ဖန်ရှောင်မှာ စိတ်လှုပ်ရှားမှုနှင့် ကြောက်ရွံ့မှုတို့ ရောယှက်နေကာ စုယွီ၏ လက်မောင်းကို မဆွဲထားဘဲ မနေနိုင်တော့ချေ။

"ဦးလေးငယ်.. ဒါက ဦးလေးငယ် ပြောဖူးတဲ့ ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်ကြီး ဆိုတာလား..."

သူမက တုန်ယင်စွာဖြင့် မေးလိုက်၏။

"သူ.. သူ တကယ်ပဲ အသက်ဝင်လာတာလား..."

သို့သော် စုယွီက ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။

"အသက်ပြန်ဝင်လာတာ မဟုတ်ဘူး.. သူက သက်ရှိ မဟုတ်ဘူး..."

ဖန်ရှောင်က သူ့စကားကို ဂရုမစိုက်တော့ဘဲ ရွှေရောင်ဆင်ကြီးကိုသာ မျက်လုံးများ ပြူးကျယ်စွာဖြင့် စိုက်ကြည့်နေမိ၏။

"ဦးလေးငယ် ထုဆစ်ထားတဲ့ ရုပ်တုလေးပဲလို့ ထင်နေခဲ့တာ.. ဝိညာဉ်သွေးကြော ဗဟိုချက်ဆီ သွားကစားမလို့တောင် တွေးထားသေးတာ.. ဘယ်သူက ထင်မှာလဲ.. ဘယ်သူက ထင်မှာလဲ.. ဒီအရာကြီးက ဒီလောက်တောင် ကြီးမားပြီး ကြောက်စရာ

ကောင်းနေလိမ့်မယ်လို့..."

သူမသည် ပေပေါင်းရာချီ မြင့်မားသော ဧရာမ သားရဲကြီးကို ယခင်က တစ်ခါမှ မမြင်ဖူးခဲ့ချေ။

၎င်း၏ ဧရာမ ခြေဖဝါးကြီးက ခြေတစ်လှမ်း နင်းချလိုက်ရုံဖြင့် သူမလိုလူ အယောက်တစ်ရာလောက်ကို အလွယ်လေး ခြေမွပစ်နိုင်လောက်သည်။

မြေကမ္ဘာအင်မော်တယ်စံအိမ်တံခါး၏ အပြင်ဘက်၌ အင်မော်တယ်တစ်သောင်း နန်းတော်မှ တာအိုသခင်ကြီး နှစ်ပါး ၊ တာ့ယန် အင်မော်တယ်မင်းဆက်မှ အင်မော်တယ်အရှင်သခင်နှင့် အခြားသော တာအိုသခင်ကြီး သုံးပါးတို့၏ မျက်နှာများ လုံးဝကို ပြောင်းလဲသွားကြလေပြီ။

သူတို့၏ ပေါ့ပါးနေသော ဟန်ပန်များ ပျောက်ကွယ်သွားခဲ့ပြီး ထိတ်လန့် အံ့အားသင့်မှုများက အစားထိုး ဝင်ရောက်လာကာ လေးနက်မှုနှင့် ကြောက်ရွံ့တုန်လှုပ်မှု အရှိန်အဝါအချို့ပါ ရောယှက်နေတော့သည်။

အပြင်သို့ လျှောက်လှမ်းထွက်လာနေသော ရွှေရောင်ဆင်ကြီးကို ကြည့်ရင်း ၎င်း၏ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါက ပိုမို ကြောက်မက်ဖွယ် ကောင်းလာသောကြောင့် အင်မော်တယ်တစ်သောင်း နန်းတော်မှ တာအိုသခင်ကြီး ထျန်းယန်မှာ တာအိုသခင်ကြီး ဟုန်ယွဲ့အား တိုက်ခိုက်ရန် စိန်ခေါ်လှောင်ပြောင်နေခြင်းကို ရပ်တန့်လိုက်ရ၏။

ထိုအစား သူ၏ အသံများက အနည်းငယ် တုန်ယင်သွားပြီး ခြေတစ်ဝက်ခန့် နောက်ဆုတ်လိုက်မိသော်ငြား တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားကာ အပြုံးတစ်ခုကို အတင်း ညှစ်ထုတ်လိုက်သည်။

"တာအိုသခင်ကြီး ဟုန်ယွဲ့.. ကျုပ်တို့ အင်မော်တယ်တစ်သောင်း နန်းတော်နဲ့ ခင်ဗျားတို့ မြေကမ္ဘာအင်မော်တယ်စံအိမ် ကြားမှာ နားလည်မှုလွဲတာလေးတွေ ရှိနေတယ်လို့ ထင်ပါတယ်.. ကျုပ်တို့ ထိုင်ပြီး သေချာ တိုင်ပင်ဆွေးနွေးလို့ ရပါတယ်ဗျာ.. အခုလို ရန်လိုနေဖို့ မလိုပါဘူး..."

သူက လေးနက်စွာဖြင့် ပြောလိုက်၏။

သူက တာအိုသခင်ကြီး ဟုန်ယွဲ့ကို အကြိမ်ကြိမ် ရန်စပြီး တိုက်ခိုက်ရန် စိန်ခေါ်နေခဲ့ခြင်းမှာ အကြောင်းအရင်း ရှိနေခဲ့သည်။

၎င်းမှာ မြေကမ္ဘာအင်မော်တယ်စံအိမ်သည် သူတို့၏ အင်မော်တယ်တစ်သောင်း နန်းတော်နှင့် ယှဉ်လျှင် အင်အားနည်းပါးနေသေးသောကြောင့်ပင် ဖြစ်၏။

ထိုအချိန်အထိ အင်မော်တယ်တစ်သောင်း နန်းတော်က မြေကမ္ဘာအင်မော်တယ်စံအိမ်ကို ဖိနှိပ်ထားနိုင်စွမ်း ရှိနေဆဲ ဖြစ်သည်။

သူတို့က တာအိုသခင်ကြီး ဟုန်ယွဲ့ကို သူ၏ တစ်ယောက်ချင်း တိုက်ပွဲကို လက်ခံလာစေရန် အတင်းအကျပ် ဖိအားပေးနိုင်ခဲ့၏။

ထိုသို့ဆိုလျှင် လူတိုင်း၏ ရှေ့မှောက်၌ အထူးနည်းလမ်းတစ်ခုကို အသုံးပြုကာ တာအိုသခင်ကြီး ဟုန်ယွဲ့ကို အစွမ်းအစမဲ့သွားစေရန် သူ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

တာအိုသခင်ကြီး ဟုန်ယွဲ့သာ ကျဆုံးသွားခဲ့လျှင် တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့ ဆိုသည်မှာလည်း အလိုလို ပျောက်ကွယ်သွားတော့မည် ဖြစ်၏။

ထို့အပြင် ဤကာလအတွင်း မြေကမ္ဘာအင်မော်တယ်စံအိမ်၏ အင်အားကြီးမားစွာ ထွက်ပေါ်လာနေသည့် လက္ခဏာများကိုလည်း တားဆီးနိုင်မည် ဖြစ်သည်။

ဤအဖြစ်က ခဲတစ်လုံးတည်းဖြင့် ငှက်များစွာကို ပစ်ခတ်နိုင်မည့် ဗျူဟာတစ်ခုပင်တည်း။

သို့သော် ယခုအခါ မြေကမ္ဘာအင်မော်တယ်စံအိမ်တံခါး၏ အနက်ရှိုင်းဆုံးနေရာမှ ရွှေရောင်ဆင်ကြီး ပေါ်ထွက်လာသည်ကို သူ မြင်လိုက်ရပြီး ၎င်း၏ အရှိန်အဝါက သူတို့ထက် များစွာ သာလွန်နေကာ သူ့ကို ကြောက်ရွံ့သွားစေချိန်တွင် သူ ချက်ချင်းပင် နားလည်သွားတော့သည်။

အခြေအနေတွေ လုံးဝကို ပြောင်းပြန်လှန်သွားခဲ့လေပြီ။

အင်မော်တယ်တစ်သောင်း နန်းတော်၏ ခေတ်ကာလက လုံးဝကို ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။

ဤအခိုက်အတန့်၌ တာအိုသခင်ကြီး ဟုန်ယွဲ့အား တိုက်ခိုက်ရန် စိန်ခေါ်ရလောက်အောင် သူ့တွင် သတ္တိများ မရှိတော့ချေ။

ထိုသို့လုပ်ခြင်းက သေလမ်းကို ရှာနေခြင်းနှင့် တူညီနေမည် ဖြစ်သည်။

ထို့ကြောင့် တာအိုသခင်ကြီး ထျန်းယန်၏ မျက်နှာအမူအရာ အခိုက်အတန့်မျှ အပြောင်းအလဲများ ဖြစ်ပေါ်သွားပြီးနောက် သူက ချက်ချင်းပင် တောက်ပပြီး သဘောကောင်းလှသော အပြုံးတစ်ခုကို ဖော်ပြလိုက်သည်။

"ကျုပ်တို့ အင်မော်တယ်တစ်သောင်း နန်းတော်က ခင်ဗျားတို့ မြေကမ္ဘာအင်မော်တယ်စံအိမ် တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့ ဖွဲ့စည်းတာကို ထောက်ခံပေးဖို့ ဆန္ဒရှိပါတယ်.. ကျုပ်တို့ အင်မော်တယ်တစ်သောင်း နန်းတော်ကလည်း မဟာမိတ်အဖွဲ့ထဲ ဝင်ပြီး တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာကြီး တည်ငြိမ်အေးချမ်းဖို့အတွက် ပါဝင်ကူညီပေးချင်ပါတယ်…”

All Chapters