← Chapters

အခန်း ၇၉၅

Vol. 53 Ch. 795

အခန်း ၇၉၅

Vol. 53 Ch. 795

အခန်း (၇၉၅) ခြေတစ်ချက် ဆောင့်နင်းလိုက်ရုံဖြင့် ကောင်းကင်နှင့် မြေကြီး ပျက်သုဉ်းသွားခြင်း အပိုင်း (အပိုင်း ၃)

ပကတိဟင်းလင်းပြင် အဆင့်ရှိ ကျင့်ကြံသူများအတွက် ဤအရာသည် အပို အသက်တစ်ချောင်း ရလိုက်သည်နှင့် အတူတူပင် ဖြစ်တော့၏။

ဤသည်က မည်မျှ အဖိုးတန်လှကြောင်း တွေးကြည့်ရုံဖြင့် သိနိုင်ပေသည်။

တစ်ကြိမ် အသုံးပြုလိုက်သည်နှင့် တစ်ပြိုင်နက် ထာဝရ ပျောက်ကွယ်သွားမည်သာ ဖြစ်၏။

တာ့ယန် မင်းဆက် ဧကရာဇ်သည် ဗုဒ္ဓဂိုဏ်း ခေါင်းဆောင် နှစ်ပါးမှ ၎င်းတို့၏ အသက်ကယ် ကိုယ်ပွားများကို အသုံးပြုသွားသည်ကို ကြည့်ကာ သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ သူက လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။

"ဗုဒ္ဓဂိုဏ်းက နာမည်နဲ့ လိုက်အောင် တကယ်ကို ကြီးကျယ်ခမ်းနားတာပဲ... ရှားပါးလှတဲ့ အသက်ကယ် ကိုယ်ပွားတွေကိုတောင် သူတို့ နှစ်ယောက်စလုံး ပိုင်ဆိုင်ထားကြတယ်..."

သူ၏ မျက်လုံးများထဲတွင် မနာလို မရှုစိမ့်မှုများနှင့် လောဘရမ္မက်တို့ ရောယှက် ဖြတ်သန်းသွားလေသည်။

ထိုအချိန်မှာပင်။

သူသည် လုံးဝ တုံ့ဆိုင်းနေခြင်း မရှိတော့ဘဲ တာ့ယန် မင်းဆက် တာအိုသခင်ကြီး နှစ်ပါးကို ခေါ်ဆောင်ကာ ဟင်းလင်းပြင်ထဲသို့ တိုးဝင်သွားပြီး အလွန် လျင်မြန်သော အရှိန်အဟုန်ဖြင့် ထွက်ပြေးလွတ်မြောက်သွားတော့သည်။

မှန်ပေသည်။ ပကတိဟင်းလင်းပြင် အလယ်အလတ် အဆင့်ရှိ ဗုဒ္ဓဂိုဏ်း ခေါင်းဆောင် နှစ်ပါးစလုံးပင် အသက်ကယ် ကိုယ်ပွားများကို အသုံးပြု၍ ထွက်ပြေးသွားရသည်ကို မြင်လိုက်ရသောအခါ တာ့ယန် မင်းဆက် ဧကရာဇ်မှာ လွန်စွာ ထိတ်လန့်တုန်လှုပ်သွားပြီး တစ်စက္ကန့်မျှပင် နှောင့်နှေးခြင်း မရှိတော့ဘဲ လှည့်ပြေးတော့ခြင်း ဖြစ်၏။

အကြောင်းမူကား ဤနေရာတွင် ပုတူ ဗုဒ္ဓဂိုဏ်းမှလွဲ၍ အခြားသော ပြင်ပ အင်အားစု ဆိုသည်မှာ ၎င်းတို့၏ တာ့ယန် မင်းဆက်သာ ရှိတော့သောကြောင့်တည်း။

ထို့ပြင် ၎င်းတို့သည် အင်မော်တယ် စံအိမ်တော်အား တမင်တကာ ရည်ရွယ်ချက်ရှိရှိ လာရောက် ခြိမ်းခြောက်ခဲ့သော ပြင်ပ အင်အားစုများလည်း ဖြစ်နေကြပြန်၏။

ထိုရွှေရောင် ဆင်ကြီးမှာ အင်မော်တယ် စံအိမ်တော်မှ ထွက်ပေါ်လာခြင်း မဟုတ်ပါလော။

ယခု အချိန်မှ ထွက်မပြေးလျှင် ထိုရွှေရောင် ဆင်ကြီးက ၎င်းတို့ဘက်သို့ လှည့်လာမည့် အချိန်ကို ထိုင်စောင့်နေဝံ့ပါမည်လော။

ရွှေရောင် ဆင်ကြီးသည် အစိတ်စိတ် အမွှာမွှာ ပျက်စီးသွားသော ရုပ်တု နှစ်ခုကို ကြည့်လိုက်ပြီး တစ်ခဏမျှ တိတ်ဆိတ်သွား၏။ ထို့နောက် တာ့ယန် အင်မော်တယ် နန်းတော်သခင်နှင့် အခြားသူများ ထွက်ပြေးသွားရာ အရပ်သို့ တစ်ချက်မျှ အကြည့် ပို့လွှတ်လိုက်လေသည်။ ယင်းနောက် ၎င်း၏ ရွှေရောင် မျက်လုံးကြီးများက လူအုပ်ကြီးထံသို့ ဝေ့ဝဲ ကြည့်ရှုလိုက်ပြီး အထူးသဖြင့် အင်မော်တယ် တစ်သောင်း နန်းတော်မှ တာအိုသခင်ကြီး ထျန်းယန်နှင့် တာအိုသခင်ကြီး လော့ဟယ် တို့ နှစ်ပါး အပေါ်သို့ စူးစိုက် ကျရောက်သွားတော့သည်။

တစ်ခဏမျှ အကဲခတ် စဉ်းစားပြီးနောက် ရွှေရောင် ဆင်ကြီးသည် လူအများ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားကာ ဟင်းလင်းပြင်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားလေ၏။

ရွှေရောင် ဆင်ကြီး ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် တာအိုသခင်ကြီး ထျန်းဟော့၊ တာအိုသခင်ကြီး ကျိုးလင်နှင့် တာအိုသခင်ကြီး ရှစ်ဝမ် တို့ အားလုံးမှာ သက်ပြင်းရှည်ကြီးများကို ကိုယ်စီ ချလိုက်နိုင်ကြတော့သည်။

သို့သော် အင်မော်တယ် တစ်သောင်း နန်းတော်မှ တာအိုသခင်ကြီး ထျန်းယန်နှင့် တာအိုသခင်ကြီး လော့ဟယ် တို့ နှစ်ပါး၏ ကျောပြင်များမှာမူ ချွေးစေးများဖြင့် ရွှဲရွှဲစိုနေခဲ့ချေပြီ။

မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်၏ ဝိညာဉ်ကြော ဗဟိုချက် အတွင်း၌။

ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်ကြီးသည် လက်သီးဆုပ်ခန့် အရွယ်အစားရှိ ရုပ်တုငယ် တစ်ခု အဖြစ်သို့ ပြန်လည် ပြောင်းလဲသွားပြီး ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာကာ စုယွီ၏ လက်ထဲသို့ သက်ဆင်းသွားလေသည်။

စုယွီသည် မျက်မှောင်ကြုတ်လျက် အပြင်ဘက်သို့ အရိပ်အကဲ ကြည့်လိုက်ပြီး သူ၏ အကြည့်များက တာအိုသခင်ကြီး ထျန်းဟော့၊ တာအိုသခင်ကြီး မော့လုံနှင့် အခြားသူများ အပေါ်သို့ ကျရောက်သွား၏။

စုယွီ တီးတိုး ရေရွတ်လိုက်မိသည်။

'စောစောက... သူတို့တွေ ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်ကြီး အပေါ်မှာ ရန်လိုတဲ့ အရိပ်အယောင်တွေ ပြသနေခဲ့ကြတာပဲ...'

ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်ကြီးက အင်မော်တယ် တစ်သောင်း နန်းတော်မှ တာအိုသခင်ကြီး နှစ်ပါးကို စိုက်ကြည့်လိုက်ချိန်တွင် တာအိုသခင်ကြီး ထျန်းဟော့နှင့် အခြားသူများ အားလုံးသည် ၎င်းတို့၏ စွမ်းအင်များကို ထိုဆင်ကြီး အပေါ်သို့ ဖိနီပ် ပစ်မှတ်ထားလိုက်ကြခြင်း ဖြစ်ပေသည်။

ဆင်ကြီးကသာ တစ်စုံတစ်ရာ စတင် လှုပ်ရှားလိုက်သည်နှင့် ၎င်းတို့ အားလုံးက ဝင်ရောက် တားဆီး တိုက်ခိုက်ကြတော့မည့် ပုံပေါ်နေ၏။

အကယ်၍ ထိုသို့သာ ဖြစ်လာခဲ့ပါက ပကတိဟင်းလင်းပြင် အဆင့်ရှိ တာအိုသခင်ကြီးများ အားလုံး ပူးပေါင်း တိုက်ခိုက်လာချိန်တွင် ဆင်ကြီး အနေဖြင့် ၎င်းတို့ကို နှိမ်နင်းနိုင်စွမ်း ရှိ၊ မရှိ ဆိုသည်မှာ မသေချာလှပေ။

ထိုအချက်ကို တွေးတောမိပြီးနောက် စုယွီ၏ မျက်လုံးများက ပို၍ နက်ရှိုင်းသွားကာ တာအိုသခင်ကြီး ထျန်းဟော့နှင့် အခြားသူများ အဘယ်ကြောင့် ထိုကဲ့သို့ တုံ့ပြန်ရသနည်း ဆိုသည်ကို ကောင်းစွာ နားလည် သဘောပေါက်သွားတော့သည်။

မည်သို့ပင် ဆိုစေကာမူ ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်ကြီးသည် သူတို့၏ မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်မှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။

ထို့အပြင် မိစ္ဆာသခင် ကျင်းလင်နှင့် တာအိုသခင်ကြီး ဟုန်ယွဲ့ တို့၏ အင်အားများကိုပါ ပေါင်းထည့်လိုက်မည် ဆိုပါက သူတို့၏ စွမ်းအားသည် အခြားသော အင်မော်တယ် ဂိုဏ်းများထက် များစွာ သာလွန် သွားမည်သာ ဖြစ်၏။

ဤအခြေအနေတွင် မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်အား အင်မော်တယ် တစ်သောင်း နန်းတော်ကို တိုက်ခိုက်ခွင့် ပေးလိုက်မည် ဆိုပါက မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်ကြီး တဖြည်းဖြည်း အင်အား ကြီးမားလာပြီး နောက်ဆုံးတွင် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ တစ်ခုလုံးကို သိမ်းကျုံး ကြီးစိုးသွားမည်ကို သူတို့ အနေဖြင့် လက်ပိုက် ကြည့်နေရတော့မည် မဟုတ်ပါလော။

ထို့ကြောင့်ပင် သူတို့ အနေဖြင့် အင်မော်တယ် တစ်သောင်း နန်းတော်ကို မဖြစ်မနေ ကာကွယ်ပေးရမည် ဖြစ်ပေသည်။

အနည်းဆုံးတော့ အင်မော်တယ် တစ်သောင်း နန်းတော်ကို ခံတပ် တစ်ခု အဖြစ် ထားရှိပြီး ၎င်းတို့၏ အင်အားစုများနှင့် ပူးပေါင်းလိုက်မည် ဆိုပါက တာ့ချန် ကျင့်ကြံခြင်း လောကကြီး၏ တည်ငြိမ်မှု ကို ထိန်းသိမ်းထားနိုင်မည် ဖြစ်ပေသည်။

ယခင်က ၎င်းတို့သည် မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်ကို ကာကွယ်ပေးနေခဲ့သော်လည်း ယခုအခါတွင်မူ အင်မော်တယ် တစ်သောင်း နန်းတော်ကို ကာကွယ်ပေးရန် ရွေးချယ်လိုက်ကြလေပြီ။

၎င်း၏ နောက်ကွယ်မှ အဓိက ရည်ရွယ်ချက်မှာမူ အတူတူပင် ဖြစ်တော့သည်။

စုယွီသည် အတွေးများ နစ်မျောသွားကာ တိတ်ဆိတ်စွာ တွေးတောလိုက်၏။

'နောက်ဆုံးတော့လည်း... သူတို့က ငါတို့ မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်က လူတွေမှ မဟုတ်တာ... သူတို့ စဉ်းစားကြတာက သူတို့ရဲ့ ကိုယ်ပိုင် အကျိုးစီးပွားကိုပဲ... ငါတို့ အင်မော်တယ် စံအိမ်တော်ရဲ့ အကျိုးစီးပွားကို စဉ်းစားပေးကြမှာ မဟုတ်ဘူး...'

ထို့ကြောင့်ပင် သူသည် ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်ကြီးကို ပြန်လည် ရုပ်သိမ်းရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပေသည်။

ဆင်ကြီးမှာ အစွမ်းထက်လှသည် မှန်သော်လည်း ၎င်းသည် အင်မော်တယ် စံအိမ်တော်၏ ဝိညာဉ်ကြော အပေါ်တွင်သာ အမှီသဟဲ ပြုနေရလေသည်။

ထွက်ပေါ်လာပြီး ခဏတာ အချိန်လေး အတွင်းမှာပင် သွေးကြောမကြီး ထံမှ ဝိညာဉ် စွမ်းအင် အမြောက်အမြားကို စုပ်ယူ စားသုံးပစ်ခဲ့ချေပြီ။

မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် မျက်နှာပြင်၏ အချို့သော အစိတ်အပိုင်းများပင် အက်ကွဲကြောင်းများ အနည်းငယ် ထွက်ပေါ်လာသည် အထိပင်။

ဤအချက်ကပင် ဆင်ကြီးအား သာမန် တိုက်ပွဲဝင် အင်အား တစ်ခု အနေဖြင့် အသုံးမပြုနိုင်ဘဲ အသက်အန္တရာယ်နှင့် ရင်ဆိုင်ရမည့် အရေးကြီးသော အခြေအနေမျိုးတွင်သာ လျှို့ဝှက် ဖဲချပ် တစ်ခု အနေဖြင့် အသုံးပြုနိုင်ကြောင်းကို သတ်မှတ် ပေးလိုက်ခြင်းပင် ဖြစ်၏။

ဤအချိန်တွင် အခြားသော အင်မော်တယ် ဂိုဏ်းများ၊ အင်အားစုများနှင့် လုံးဝ အပြတ်အသတ် ရန်သူတွေ ဖြစ်သွားရန် မလိုအပ်သေးပေ။

အချိန်ကာလ သည်သာ မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် ဘက်၌ ရှိနေပေသည်။

သူသာ ဝိညာဉ်ခွဲထွက် အဆင့် သို့မဟုတ် ပကတိ ဟင်းလင်းပြင် အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပါက အချိန်တန်သည့်အခါ တာ့ချန် ကျင့်ကြံခြင်း ပမ္ဘာ တစ်ခုလုံးကို အင်မော်တယ် စံအိမ်တော်မှ သိမ်းပိုက် စုစည်းမည်ကို မည်သူကများ တားဆီးနိုင်မည်နည်း။

ထိတ်လန့် အံ့သြနေဆဲ ဖြစ်သော ဖန်ရှောင်ကို ပုတ်ပေးလိုက်ရင်း စုယွီက ညင်သာစွာ ခေါ်လိုက်လေသည်။

"သွားရအောင်... ဧည့်သည်တွေကို သွားကြိုကြစို့..."

"စီနီယာ အစ်ကိုကြီး ကျင်းပပေးတဲ့ တာအိုသခင်ကြီးတွေ အတွက် ညစာစားပွဲကို ငါတို့ ဖျက်ဆီးပစ်လို့ မဖြစ်ဘူးလေ…”

All Chapters