← Chapters

သွေးနီရောင်ကမ္ဘာ (၁)

Vol. 69 Ch. 1109

သွေးနီရောင်ကမ္ဘာ (၁)

Vol. 69 Ch. 1109

ဘွန်း၊၊

လေဖိအားဗုံးအသေးစားတစ်ခု ပေါက်ကွဲသွားသကဲ့သို့ မြေပြင်ပေါ်တွင် တွင်းတိမ်တစ်ခုဖြစ်ပေါ်သွားပြီး အလယ်ဗဟို၌ ပုံသဏ္ဌာန်ပျက်နေသော အေးခဲအခန်းငယ်၏ အောက်ခံခုံတစ်ခုသာ ကျန်ရစ်တော့သည်။ အခန်းငယ်၏ ပင်မဖွဲ့စည်းပုံတစ်ခုလုံးမှာမူ မှတ်မိနိုင်စရာမရှိအောင် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

ထိုစဉ် အခန်းငယ်ထဲ၌ လဲလျောင်းနေသောသူသည် ရုတ်တရက် အသက်ကို ပြင်းပြင်းရှူသွင်းကာ ဝုန်းခနဲထထိုင်လိုက်သည်။

ဟူး၊၊

လင်းရှန် မျက်လုံးပွင့်လာချိန်တွင် ငရဲဘုံသို့ရောက်နေသည်အလား ခံစားလိုက်ရသည်။

သွေးနီရောင်ကောင်းကင် ဝါကျင့်ကျင့်သဲကန္တာရအပူလှိုင်းတံလျှပ်များနှင့် အရိုးကွဲမတတ် တိုက်ခတ်နေသော သဲမုန်တိုင်းများအပြင် တစ်ကိုယ်လုံးရှိ အာရုံကြောအဖွဲ့အစည်းများဆီမှ ပြင်းထန်သော နာကျင်မှုနှင့် ကိုယ်ခံအားစနစ်အားနည်းသွားသည့် ခံစားချက်တို့ကြောင့် လင်းရှန် ချက်ချင်း သဘောပေါက်လိုက်သည်။

ဤနေရာသည် သေဆုံးခြင်းနယ်မြေဖြစ်သည်။

မြန်မြန် မြန်မြန် မြန်မြန်၊၊

ကြယ်နက်ပန်းပဲဖိုဆီမှ နာနိုစွမ်းအားဝတ်စုံကို ချက်ချင်းထုတ်ယူကာ တစ်ကိုယ်လုံးကို ဖုံးအုပ်လိုက်သည်။ သက်စောင့်စနစ်ကို အသက်သွင်းလိုက်သည်နှင့် နားထဲတွင် စူးရှသောသတိပေးသံများ ဆက်တိုက်မြည်ဟီးလာတော့သည်။

[သတိပေးချက်: အမှောင်တိုက်တိုက်စားမှုသိပ်သည်းဆသည် နေ့ခင်းဘက်ပမာဏထက် ၁၃၆၀ ရာခိုင်နှုန်း ကျော်လွန်နေသဖြင့် ချက်ချင်း ဆုတ်ခွာပါ]

[သတိပေးချက်: ရေဒီယိုသတ္တိကြွဖုန်မှုန့်များ ရှာဖွေတွေ့ရှိသည် ရေဒီယိုသတ္တိကြွသိပ်သည်းဆ ၂၁၈၃ mSv ရှိနေသဖြင့် ရေဒီယိုသတ္တိကြွရောဂါဖြစ်ပွားရန် ၈၆ ရာခိုင်နှုန်း သေချာပါသည်]

[သတိပေးချက်: ခန္ဓာကိုယ်အတွင်း အမှောင်ရိုက်ခတ်မှု လွန်ကဲနေသဖြင့် အမှောင်စွမ်းအင်ပေါင်းစည်းစနစ်ကို အသက်သွင်းထားပါသည်]

[ သတိပေးချက်: ပုံမှန်မဟုတ်သော စိတ်ဝိညာဉ်စွမ်းအား လှုပ်ခတ်မှု... ]

[ သတိပေးချက်... ]

လင်းရှန် တဖြည်းဖြည်းသတိပြန်လည်ရရှိလာချိန်တွင် ထိုသတိပေးသံများသည် ထိတ်လန့်စရာကောင်းသော နားအူသံများအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားတော့သည်။

လင်းရှန် ပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်ရာ ထူးဆန်းထိတ်လန့်ဖွယ် သွေးနီရောင်ကောင်းကင်နှင့် ခြေဖဝါးအောက်ရှိ ပျက်စီးနေသော အဝါရောင်သဲပြင်ကိုသာ မြင်တွေ့ရသည်။

သူ့မျက်လုံးကိုသူ မယုံကြည်နိုင်ဖြစ်ကာ နောက်လှည့်ကြည့်လိုက်ရာ သူ့နောက်တွင် ကောင်းကင်အမိုးခုံးရထား၏ အေးခဲအခန်းငယ်ရှိနေသည်။

သို့သော် ပတ်ဝန်းကျင်တွင် ကောင်းကင်အမိုးခုံးရထား၏ အရိပ်အယောင်မျှ မရှိချေ။

လင်းရှန် လက်ကောက်ဝတ်မှ နာရီကို ကြည့်လိုက်ရာ နောက်ဆုံးမျှော်လင့်ချက်ပါ ပျက်သုဉ်းသွားခဲ့ရသည်။ အချိန်က သူ့ကို မလိမ်ခဲ့ပေ။ သူ အေးခဲအခန်းငယ်ထဲဝင်ရောက်ခဲ့သည်မှာ သုံးလနှင့် ၁၇ ရက် ရှိခဲ့ပြီ ဖြစ်သည်။

“ဆရာမချန်... ကီကီ...”

လင်းရှန်သည် အနန္တရထား၏ အတွင်းပိုင်းလှိုင်းနှုန်းကို ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း တုံ့ပြန်လာသည်မှာ တိတ်ဆိတ်မှုသာဖြစ်သည်။

လင်းရှန်၏ နှလုံးသားတုန်ခါသွားပြီး စိတ်ထဲတွင် လုံးဝဗလာဖြစ်သွားရသည်။

ဆရာမချန်၊ ကီကီ၊ မီးတောက်၊ တာလို့၊ ရှုချင်း၊ ရှားရှား၊ မိုနီကာ၊ ချီလီ၊ တင်းကျန်းရီ...

လူတိုင်းပျောက်ဆုံးသွားခဲ့ပြီ။

ထိုအချိန်တွင် သူသည် ကမ္ဘာကြီး၏ စွန့်ပစ်ခြင်းကိုခံလိုက်ရသလို ခံစားလိုက်ရပြီး မြင်ကွင်းတစ်ခုလုံး ပြည့်နှက်နေသော သွေးနီရောင်ကို ကြည့်ကာ အထီးကျန်ဆန်မှုနှင့် စိမ်းသက်မှုတို့က ဦးနှောက်ကို ထိုးခွဲနေသကဲ့သို့ ခံစားလိုက်ရသည်။

ဟူး... ဟူး...

အောက်ဆီဂျင်မျက်နှာဖုံးအတွင်း လင်းရှန်သည် အသက်ကို ပြင်းပြင်းရှူရင်း စိတ်ကို ပြန်လည်ထိန်းချုပ်လိုက်သည်။ စိတ်တည်ငြိမ်သွားပြီးနောက် စိတ်ထဲရှိ သံသယပေါင်းများစွာကို ဖိနှိပ်ကာ ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စောင့်ကြည့်လိုက်သည်။

ဝူး...

ယန္တရားနှလုံးသားသည် ထပ်မံမြည်ဟီးလာပြီး စကင်ဖတ်မြင်ကွင်းသည် ပတ်ဝန်းကျင် ကီလိုမီတာအနည်းငယ်အထိ ချက်ချင်းပြန့်နှံ့သွားသည်။

မကြာမီ လင်းရှန်သည် သဲလွန်စအချို့ကို မိသွားသည်။ သူသည် ပျံသန်းခြင်းစွမ်းရည်ကို အသုံးမပြုဘဲ ဖုန်မှုန့်လျှိုမြောင်၏ အရိပ်များကို ခိုအောင်းကာ တိတ်တဆိတ် ရှေ့ဆက်တိုးသွားခဲ့ရာ ပျက်စီးနေသော ကြယ်သင်္ဘောကြီးကို မြင်တွေ့လိုက်ရသည်။ ယန္တရားစကင်ဖတ်မှုအရ သင်္ဘောနံပါတ်ကို သိလိုက်ရသည်။

“ချန်းယင်သင်္ဘော... ဖီးနစ်မြို့တော်ရဲ့ စတားဖလိ့ တိုက်ကြီးချိတ်ဆက်ရေးအဖွဲ့ ၃ ပဲ၊၊ ဒါက တောင်အမေရိကကိုလံဘီယာလုံခြုံရေးလေပိုင်နက်မှာ အသင့်အနေအထားရှိနေရမှာလေ… ငါက ဘယ်လိုလုပ်ပြီး ဒီယာဉ်တန်းဆီ ရောက်လာတာလဲ”

“ဟတ်ကိုလား... ဒါက ကော့စတာရီကာ... အလယ်ပိုင်းပစိဖိတ်သမုဒ္ဒရာ အရှေ့ဘက်ကမ်းခြေပဲ”

လက်ရှိအခြေအနေကို ရင်ဆိုင်ရချိန်တွင် လင်းရှန်သည် ဖြစ်နိုင်ခြေနှစ်ခုကိုသာ တွေးမိသည်။ တစ်ခုမှာ ကောင်းကင်အမိုးခုံးရထားသည် ဖီးနစ်အဖွဲ့နှင့် အောင်မြင်စွာ ပူးပေါင်းနိုင်ခဲ့ပြီး အကြောင်းပြချက်အချို့ကြောင့် သူ့အဖွဲ့သားများက သူ့ကို ဖီးနစ်မြို့တော်ဆီ ပို့ဆောင်ခဲ့ခြင်းဖြစ်နိုင်သည်။ သို့မဟုတ်လျှင် ၎င်းသည် ယဲ့လန် ထုတ်ပြန်ခဲ့သော အမိန့်တစ်ခုဖြစ်လိမ့်မည်။

ဒုတိယဖြစ်နိုင်ခြေမှာ ကောင်းကင်အမိုးခုံးရထားတစ်ခုလုံးပျက်စီးသွားပြီး သူ ကယ်ဆယ်ခံလိုက်ရခြင်း ဖြစ်သည်။

ခံစားချက်အရရော… အကျိုးအကြောင်းအရပါ လင်းရှန်သည် ပထမဆုံးအချက်ကိုသာ ယုံကြည်ချင်သော်လည်း မည်သည့်အချက်ပင်ဖြစ်စေ… လက်ရှိအခြေအနေအရ တိုက်ကြီးချိတ်ဆက်ရေးအဖွဲ့ ၃သည် ဤနေရာတွင် ပြင်းထန်သောတိုက်ပွဲတစ်ခု ဆင်နွှဲခဲ့ရပြီး အကျအဆုံးများပြားခဲ့ကာ ဟတ်ကိုဒေသတစ်ခုလုံးသည် ယခုအခါ သွေးနီရောင်များဖြင့် ဖုံးလွှမ်းကာ လုံးဝတိတ်ဆိတ်နေခဲ့ပြီဖြစ်သည်။

“တကယ်တမ်း ဘာတွေဖြစ်ပျက်ခဲ့တာလဲ...”

လင်းရှန် စိတ်ကို တည်ငြိမ်အောင်ထားလိုက်သည်။ သူ့စွမ်းအားဝတ်စုံ၏ သက်စောင့်စနစ်သည် ဖိအားအပြည့်ဖြင့် လည်ပတ်နေသည်။ ဝတ်စုံသည် သွေးနီရောင်တိုက်စားမှုကို ခုခံနိုင်ပုံရသော်လည်း ပြင်းထန်သော ရေဒီယိုသတ္တိကြွမှုနှင့် အမှောင်ကျူးကျော်မှုတို့ကြောင့် ဤနေရာသည် သေဆုံးခြင်းနယ်မြေကဲ့သို့ ဖြစ်နေသည်။ သက်စောင့်စနစ်က အောက်ဆီဂျင်ပေးစွမ်းနိုင်ပြီး အခြေခံလည်ပတ်မှုကို ထိန်းသိမ်းပေးနိုင်သော်လည်း သူ စိတ်အေးလက်အေးနေနိုင်သည်ဟု မဆိုလိုချေ။

အကြောင်းမှာ သူ့တွင် အစားအစာနှင့် ရေမရှိဘဲ သွေးနီရောင်ထဲတွင် ပိတ်မိနေကာ မည်သည့်ကြောက်မက်ဖွယ်ခြိမ်းခြောက်မှုမျိုးရှိနေသည်ကို မသိရသေးသောကြောင့် ဖြစ်သည်။

လင်းရှန်သည် ရှေ့ရှိ ချန်းယင်သင်္ဘော၏ ကြီးမားလှသော ပျက်စီးမှုအကြွင်းအကျန်များကို ကြည့်ကာ စိတ်ကူးတစ်ခုရလာသည်။ သူသည် ပထမဦးစွာ ဤကြယ်သင်္ဘောအတွင်း ခိုအောင်းနိုင်ပြီး သွေးနီရောင်ကြောင့် မပျက်စီးသေးသော အစားအစာနှင့် ရေအချို့ကို ရှာဖွေနိုင်လောက်သည်။

ထို့အပြင် ဤကြယ်သင်္ဘောအတွင်းရှိ သတင်းအချက်အလက်မှတ်တမ်းအချို့ကိုလည်း ရှာဖွေနိုင်ပြီး လွန်ခဲ့သည့် သုံးလအတွင်း ဘာတွေဖြစ်ပျက်ခဲ့သည်နှင့် ဖီးနစ်နှင့် ကမ္ဘာကြီး၏ လက်ရှိအခြေအနေကိုပါ သိရှိနိုင်မည် ဖြစ်သည်။

ဂျွတ်၊၊

လင်းရှန် ဝတ်ဆင်ထားသော တိုက်ပွဲဝတ်စုံ၏ ဘွတ်ဖိနပ်များသည် ခြေလှမ်းတိုင်းတွင် ပူပြင်းလှသော သဲပြင်ထဲသို့ နက်ရှိုင်းစွာ နစ်ဝင်သွားပြီး အနက်ရောင်သဲဖုန်မှုန့်များကို လွင့်ပျံစေသည်။ နာနိုစွမ်းအားဝတ်စုံသည် သတိလစ်စေနိုင်သော အမှောင်စွမ်းအင်နှင့် သေစေနိုင်သော ရေဒီယိုသတ္တိကြွမှုစသည့် ပြင်ပစွမ်းအားများကို အပြင်၌သာ တားဆီးပေးထားသည်။ မြင်ကွင်းမှတစ်ဆင့် ကြည့်လိုက်ရာ သွေးနီရောင်အလင်းတန်းများသည် ကမ္ဘာကြီးတစ်ခုလုံးကို အတိတ်နိမိတ်မကောင်းသော သွေးရောင်အဖြစ် ပြောင်းလဲပေးထားသည်။

သူသည် ကိုယ်ခန္ဓာကို နှိမ့်ကာ ကြီးမားလှသော စစ်ပွဲအကြွင်းအကျန်များ၏ အရိပ်များကို ခိုအောင်းရင်း တစ္ဆေတစ်ကောင်လို လျှောက်လှမ်းခဲ့သည်။ သွေးနီရောင်အတွင်း၌ အမှောင်အမှတ်အသားဟူသော သဘောတရားမရှိတော့သဖြင့် အချိန်မရွေးတိုက်ခိုက်ခံရနိုင်ကြောင်း ချူယန်က သူ့ကို တစ်ခါကပြောဖူးသည်။ ထို့ကြောင့် လင်းရှန်သည် နေ့ညခွဲခြားမရသော သွေးနီရောင်အောက်တွင် သတိကြီးစွာထားနေရပြီး ကွင်းဆက်တုံ့ပြန်မှုတစ်ခုဖြစ်ပေါ်လာပါက မည်သည့်ဘက်သို့ ထွက်ပြေးရမည်ကို မရေရာဖြစ်နေသည်။

ဖြစ်နိုင်သည်မှာ ကမ္ဘာကြီးတစ်ခုလုံး သွေးနီရောင်အောက်တွင် ဝါးမျိုခံလိုက်ရပြီ ထင်သည်။

သုံးပိုင်းကွဲနေသော ချန်းယင်သင်္ဘောသည် မြင်ကွင်းထဲတွင် တဖြည်းဖြည်းကြီးမားလာသည်။ ပိုမိုနီးကပ်လာလေလေ မြင်ကွင်းသည် ပို၍ထိတ်လန့်စရာကောင်းလာပြီး အသက်ရှူကျပ်မတတ်ဖြစ်လာရသည်။

သင်္ဘောဦးပိုင်း ပျက်စီးမှုအကြွင်းအကျန်သည် အဝါရောင်သဲပြင်ထဲသို့ စောင်းလျက် စိုက်ဝင်နေပြီး မြေပြင်တွင် စိုက်ထူထားသော ဓားမြှောင်ကြီးတစ်စင်းနှင့် တူနေသည်။ ကြီးမားလှသော ကွပ်ကဲခန်းမတည်ဆောက်ပုံသည် သားရဲကြီးတစ်ကောင်ကိုက်ခဲထားသည့် ဦးခေါင်းခွံနှင့်တူနေကာ ပြတင်းပေါက်များကွဲအက်နေပြီး ပေါ်ထွက်နေသော သံဘောင်များသည် လိမ်ကောက်နေသည်။ ခြေဖဝါးအောက်တွင်မူ လိမ်ကောက်နေသော သတ္တုအပိုင်းအစများ၊ သဲထဲတွင် တစ်ဝက်ခန့် နစ်မြုပ်နေသော စွမ်းအားဝတ်စုံ၏ ခြေလက်များ၊ ဆွေးမြည့်နေသော အရိုးများနှင့် လောင်ကျွမ်းထားသော ယာဉ်အကြွင်းအကျန်များသည် ဤသေမင်းတမန်ကန္တာရ၏ ကော်ဇောအဖြစ် တည်ရှိနေပြီး လူသားတို့၏ ယဉ်ကျေးမှုပျက်သုဉ်းသွားခြင်းဟူသော ခံစားချက်ကို အဆက်မပြတ်ပေးစွမ်းနေတော့သည်။

သူသည် သင်္ဘောဦးပိုင်းအောက်ခြေသို့ ချဉ်းကပ်လာချိန်တွင် ရေဒါဖြင့် နောက်တစ်ကြိမ်စကင်ဖတ်လိုက်ပြီးနောက် အပေါ်ဘက်ရှိ ပလက်ဖောင်းတစ်ခုဆီသို့ သတိကြီးစွာဖြင့် လှမ်းမျှော်ကြည့်ကာ ထိုစဉ်မှာပင် စွမ်းအင်ကူးပြောင်းခြင်းစွမ်းရည်ကို အသုံးပြုလိုက်သည်။

ဝှစ်၊၊

လင်းရှန်၏ ပုံရိပ်သည် ပျက်စီးနေသောပလက်ဖောင်းတစ်ခုပေါ်တွင် ချက်ချင်းပေါ်လာပြီး သူ ကိုယ်ဟန်မထိန်းနိုင်ခင်မှာပင် အသက်ကို အောင့်ထားကာ အရပ်မျက်နှာအနှံ့သို့ အာရုံစိုက်လိုက်သည်။

သူ၏ စွမ်းအားကို အသုံးပြုလိုက်ခြင်းက တစ်စုံတစ်ခုကို လှုံ့ဆော်မိသွားမိလားဆိုသည်ကို မသေချာသဖြင့် လင်းရှန်သည် သူ၏ လှုပ်ရှားမှုတိုင်းကို စမ်းသပ်နေခြင်း ဖြစ်သည်။

ဟူး... ဟူး...

စွမ်းအားဝတ်စုံ၏ ငြီးငွေ့ဖွယ်ကောင်းသော ယန္တရားအသံများကြားတွင် လင်းရှန်၏ နှလုံးခုန်သံမြန်ဆန်လာသည်။ ခဏအကြာတွင် မည်သည့်အရာမျှ လှုပ်ရှားမလာကြောင်း အတည်ပြုပြီးနောက် သူသည် စကင်ဖတ်မှုကို အသက်သွင်းကာ ဤချန်းယင်သင်္ဘောကို လေ့လာရန် ကြိုးစားလိုက်သည်။

စွမ်းအားဝတ်စုံ၏ မြင်ကွင်းစကင်ဖတ်မှုသည် ပြတ်တောက်နေသော မျက်နှာပြင်ပေါ်သို့ လျင်မြန်စွာ ဖြတ်သန်းသွားရာ လင်းရှန်သည် ထိတ်လန့်ဖွယ်အအချက်တစ်ခုကို ချက်ချင်းရှာဖွေတွေ့ရှိလိုက်သည်။ ချန်းယင်သင်္ဘော၏ ပြတ်တောက်နေသော အစွန်းပိုင်းတွင် ထူးဆန်းဆိုးဝါးပြီးရှုပ်ထွေးသော လွှသွားပုံသဏ္ဌာန်အကိုက်ခံထားရသည့် တွန့်လိပ်နေသော တည်ဆောက်ပုံကို တွေ့လိုက်ရသည်။ အလွိုင်းသံချပ်ကာသည် ပေါက်ကွဲသွားခြင်း မဟုတ်ဘဲ ကြောက်မက်ဖွယ်ရာ ကိုက်ခဲနိုင်စွမ်းရှိသော စိတ်ကူးမယဉ်နိုင်သည့် အရာတစ်ခုခု၏ အတင်းကိုက်ဖြတ်ချိုးဖဲ့ခြင်းကို ခံထားရခြင်း ဖြစ်သည်။

“အကိုက်ခံထားရတာလား...S-Class လား...”

လင်းရှန်၏ ပထမဆုံးတုံ့ပြန်မှုမှာ Far Starအဆင့် ကြယ်သင်္ဘောတစ်စင်းကို တစ်ကိုက်တည်းဖြင့် ပြတ်တောက်သွားစေရန်အတွက် ထိုအရာ၏ အရွယ်အစားသည် ယခင် S-Class အဆင့်ရှိရမည်ဖြစ်ပြီး ဖီးနစ်၏ အင်အားအရ ပင်မတိုက်ပွဲဝင်စစ်သင်္ဘောတစ်စင်းကို တစ်ခါတည်းဖြင့် ဖျက်ဆီးပစ်ရန်မှာ ယခင် ကောင်းကင်မွန်းစတား သို့မဟုတ် မိုးပျံဂျယ်လီဖစ်ကြီးပင်လျှင် လင်းရှန်၏ အမြင်၌ မလုံလောက်နိုင်ချေ။

“ဖြစ်နိုင်တာက တွင်းနက်မိစ္ဆာလိုမျိုးအရာတစ်ခုခုဖြစ်လိမ့်မယ်...”

အမှတ် ၅ တွင်းနက်မှ အဖြူရောင်မြွေကြီး၏ ပုံရိပ်သည် လင်းရှန်၏ စိတ်ထဲတွင် ဖျတ်ခနဲပေါ်လာပြီး သူ့ကို ကြက်သီးထသွားစေသည်။

တစ်ချိန်တည်းမှာပင် ဤနေရာ၌ ကူးစက်တတ်သော အမှောင်စွမ်းအင်လှုပ်ခတ်မှုများ၏ ကြီးမားလှသော အကြွင်းအကျန်များရှိနေသည်ကိုလည်း သူ ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းသည် လူသားများ ထူးဆန်းသောလူသားများအဖြစ် သန္ဓေပြောင်းလဲသွားချိန်တွင် ဖြစ်ပေါ်လေ့ရှိသောအခြေအနေမျိုးဖြစ်ပြီး စကင်ဖတ်ထားသော အတွင်းပိုင်းပျက်စီးမှုများကလည်း ဤအချက်ကို အတည်ပြုနေကာ အတွင်း၌ ပြင်းထန်သော တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ညွှန်ပြနေသည်။

“အတွင်းထဲမှာ ရှင်သန်ကျန်ရစ်သူရှိမှာမဟုတ်ဘူး... တခြားသက်ရှိတွေလည်း ရှိမနေဖို့ မျှော်လင့်ရတာပဲ...”

လင်းရှန်သည် ပေါက်ပြဲနေသော နေရာမှတစ်ဆင့် သင်္ဘောအတွင်းပိုင်းသို့ ဝင်ရောက်ရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး သူ၏ အကြည့်သည် ခြေဖဝါးအောက်ရှိ ကြီးမားလှသော ကြယ်သင်္ဘော ပျက်စီးမှုအကြွင်းအကျန်များကို ကျော်လွန်၍ ဟတ်ကိုကမ်းရိုးတန်းအရပ်မျက်နှာဆီသို့ အလိုလျောက်လှည့်ကြည့်လိုက်မိသည်။

All Chapters