အခန်း ၁
Vol. 1 Ch. 1
အခန်း(၁)
“မင်း ဘယ်သူလဲ”
သန်မာတောင့်တင်းသော အမျိုးသားတစ်ဦး သူ့ရှေ့က သေးသေးသွယ်သွယ် အမျိုးသမီးလေးကို ကြည့်နေသည်။
“အရှင်..ကျေးဇူး..ကျေးဇူးပြုပြီး ဒီအစေခံကို လွှတ်ပေးပါရှင်”
အလင်းဖျော့ဖျော့ ဖယောင်တိုင်မီးအောက်တွင် သူမ၏ နူးညံ့သော ခန္ဓာကိုယ်လေးသည် တုန်ယင်နေခဲ့ပြီး ကျောက်စိမ်းပမာ လက်မောင်းလေးများသည် သူ့မာကြောသော ရင်ဘက်ကို ထုရိုက်နေသည်မှာ သူမလေးသည် တစ်စုံတစ်ယောက်၏ မတရားပြုကျင့်ခြင်းကို ခံရသောအတွက် အရှက်ရနေသည့်အလားပင်။
ကုဟွား ကောင်းကောင်း သိပါသည်။ သူမသည် မွေးရာပါ ဆွဲဆောင်မှု ရှိသော မိန်းကလေး တစ်ဦးဖြစ်၏။
အမျိုးသားများသည် သူမ အပြုအမူအောက်တွင် အမြဲလိုလို ကျရှုံးရပေသည်။
ထိုအမျိုးသားသည် သူမ ခေါင်းအနောက်ကို ဖိပြီး နှုတ်ခမ်းများကို အတင်းအကြပ် သိမ်းပိုက်ကာ ဆွဲဆောင်မှုရှိသော ညည်းသံများကို မျိုချသွားတော့၏။
သူမ ခန္ဓာကိုယ်လေး တွန့်လိမ်သွားပြီး နာကျင်မှုကို လျှော့ပါးအောင် လုပ်ရန်သာ ရှိတော့သည်။
သူမသည် သဘာဝဆွဲဆောင်မှု အငွေ့အသက်ကို မွေးမြူထားသူပင်။ သူမ ဘာမှမလုပ်ဘဲ ရပ်နေရင်တောင် အမျိုးသားများသည် သူမကြောင့် ပြုစားခံရပြီး အမျိုးသမီးများကတော့ သူမကို မြေခွေးမဟု ကျိန်ဆဲကြပေလိမ့်မည်။
သူမ ချစ်လှစွာသော အမေက သူမ အသားအရေကို အပြစ်အနာဆာကင်းအောင် ပြုလုပ်ပေးထားပြီး သူမ ကောက်ကြောင်းအလှကြောင့် ရှိရင်းစွဲ အသက်အရွယ်ထက် နှစ်နှစ် သုံးနှစ်ပို၍ ကြီးနေတော့သည်။
သူမ နားလည်သိတတ်စ အရွယ်ကတည်းက ကိုယ်လုပ်တော်ပိုင်က သူမကို နေ့စဉ် ဆူပူကြိမ်းမောင်းခဲ့သည်။ သူမကို နိမ့်ကျသည့် တရားမဝင်သမီးဟု ပြောပြီး သူမ အသက်ရှင်နေရသည့် တစ်ခုတည်းသော တာဝန်မှာ တရားဝင်သမီး မျက်နှာသာရဖို့ ကူညီပေးရန်သာ။
သူမ ကောင်းမွန်သည့် ဘဝတစ်ခုကို လိုချင်လျှင် သူမ အစ်မကြီးကို အကြွင်းမဲ့လေးစားလိုက်နာရမည်ဖြစ်ပြီး သူမ အစ်မက သေဟု ဆိုပါက ငြင်းဆန်မနေဘဲ သေပေးရပေမည်။
သူမ ငြင်းဆန်ခုခံလိုကြောင်း ပြသမိပါက အမှောင်ခန်းထဲတွင် ပိတ်ခံထားရပြီး အစာနှင့် ရေဖြတ်တောက်ထားခြင်း၊ သူမ လက်ချောင်းများကို အပ်ဖြင့် ထိုးပြီး ရက်ရက်စက်စက် အပြစ်ပေးလေ့ရှိသည်။
ထိုသည်က သူမကို ကြောက်ရွံ့တတ်အောင် ပြုလုပ်ပေးခဲ့သည်။
သို့သော် သူမကို အသေမဖြောင့်အောင် လုပ်ခဲ့သည့်အရာမှာတော့ သူမ မသေခင် သိလိုက်ရသော အမှန်တရားတစ်ခုကြောင့်ပေ။ သူမ အစ်မကြီးက ကိုယ်လုပ်တော်ပိုင်သည် သူမတို့ကို ကလေးချင်းလဲလှယ်ထားကြောင်း ဖွင့်ဟပြောလာခဲ့သည်။
သူမ အစ်မက သူမ ဘဝကို ခိုးယူခဲ့ပြီး မြင့်မြတ်စွာ နေထိုင်ခဲ့ကာ သူမကိုတော့ ခြေထောက်အောက်သို့ နင်းခြေခဲ့၏။
“အာရုံစိုက်စမ်း”
သူမ ခါးမှ နားကျင်မှုသည် လက်တွေ့သို့ ပြန်ဆွဲခေါ်လာသည်။ သံမဏိလို ပူလောင်လှသည့် လက်တစ်ဖက်က ဆုပ်ကိုင်၍ ကုဟွားကို အတိတ်ဘဝ မှတ်ဉာဏ်များထဲမှ ဆွဲထုတ်လိုက်၏။
သူမ အတင်းအကြပ် မျက်လုံးဖွင့်လိုက်သည်။
စိတ်ကျေနပ်မှုများဖြင့် မီးဝင်းဝင်းတောက်နေသည့် ပိန်းပိတ်အောက် နက်မှောင်သော မျက်ဝန်းအစုံတွင် သူမ၏ ညှို့ယူဖမ်းစားဖွယ် ပုံရိပ်က ထင်ဟပ်နေ၏။
ယခုချိန်ထိ အစ်မဖြစ်သူ၏ ယောက္ခမကို လာရောက်မြူစွယ်ရဲသည်အထိ သူမကိုယ်သူမ ရဲတင်းမည်ဟု မယုံကြည်နိုင်သေးပေ။ ထိုလူက သူမ အတင်းအဓမ္မလက်ထပ်ခံခဲ့ရသည့် လူယုတ်မာ၏ အဖေ၊ စစ်သည်တော်များကို ကွပ်ကဲပြီး ရန်သူများကို မတုံ့ဆိုင်းဘဲ သတ်ဖြတ်ရဲသည့် နာမည်ကျော် စစ်နတ်ဘုရား မြို့စားကြီးယုံပင် ဖြစ်ပေတော့သည်။
ဘဝနှစ်ခုလုံးတွင် ကုဟွား ထိုသူ့ကို အနီးကပ်မြင်ဖူးသည်မှာ ပထမဆုံးအကြိမ်ပင်။
သူမ အေးစက်ဝင့်ကြွားသည် ထိုအကြည့်ပိုင်ရှင်ကို အနီးကပ်မကြည့်ရဲပေ။ သူ့တင်းမာအေးစက်သော မျက်ဝန်းအစုံသည် သူမ ရင်ထဲတွင် ကြောက်ရွံ့မှု လှိုင်းဂယက်ကို ဖြစ်ပေါ်စေ၏။
သန်မာသည့် ကြွက်သားများပေါ်တွင် ချွေးတလက်လက် တောက်ပနေပြီး သွေးသားဆန္ဒကို ဖြေရှင်းပြီးနောက် ထွက်ပေါ်လာသော ထူးခြားသည့် အနံ့အသက်များသည် အရက်နံ့ပြင်းပြင်းဖြင့် ရောယှက်နေသည်။
လှုပ်ရှားမှုတိုင်းသည် သားရဲတစ်ကောင် သူ့ခွန်အားကို ထုတ်ကြွားနေသည့်အလားပင်။
မြို့စားကြီးယုံ သူမ ခင်ပွန်းဟောင်းထက် များစွာ သန်မာသောကြောင့် သူမ သည်းခံနေရသည်။
သူသည် နယ်စပ်တွင် ဆယ့်ငါးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် မြို့တော်ပျန့်ကျင်းသို့ ပြန်ရောက်လာသည်မှာ တစ်လပင် မပြည့်သေးချေ။
မနေ့ကမှ နန်းတော်တွင် အောင်ပွဲခံပြီး ပြန်လာခြင်းဖြစ်ကာ ဧကရာဇ်က သူနှင့် စစ်သူကြီးများအတွက် ဂုဏ်ပြုညစာစားပွဲ ကျင်းပခဲ့ခြင်းပင်။ ထို့နောက် နောက်ထပ် ဆယ်ရက်အကြာတွင် သူ စစ်မြေပြင်သို့ ပြန်လည်ထွက်ခွာ ပေလိမ့်မည်။
ကုဟွား နောက်ထပ်သုံးလအကြာတွင် ထိုသူ တိုက်ပွဲကျပြီး သူ့အနီးကပ်အစေခံများသည် လွတ်လပ်သွားလိမ့်မည်ကို သိထားသည်။
သူမတွင် အချိန်မရှိသလို အခြားရွေးချယ်စရာလည်း မရှိပေ။
မြို့စားကြီး သူမကို တပ်မက်ပြီး သူမ အသက်ကို ချမ်းသာပေးဖို့သာ စိတ်ကူးထား၏။
ထိုတစ်ညလုံး ကုဟွာ သူမ အရာအားလုံးကို ပေးဆပ်ခဲ့သည်။ ပြင်းထန်သည့် တိုက်ပွဲကြားတွင် သူမ မျက်လုံးထဲမှ မျက်ရည်များ ကျဆင်းလာပြီး နီရဲပင် လာတော့သည်။
သူမ အတင်းအကြပ် ပြုလုပ်ခဲ့ရသည့် ပုံစံ လုပ်ရပေမည်။
သို့မဟုတ်ပါက မြို့စားကြီးက သူ့ကို ထောင်ချောက်ဆင်သည်ဟု သံသယဝင်သွားပြီး သူမကို ချက်ချင်း သတ်ပစ်လိုက်နိုင်၏။
အနည်းဆုံးတော့ သူမ အစီအစဉ် တစ်စိတ်တစ်ပိုင်း အောင်မြင်သွားသည့်အတွက် ကုဟွား ဝမ်းသာမိသည်။ အရာအားလုံးပြီးဆုံးသွားချိန်တွင် မြို့စားကြီးက သူမကို ရိုက်နှက်ပြီး ရောင်းစားခဲ့လျှင်ပင် သူမ အသက်ရှင်ဖို့ မျှော်လင့်ချက်ရောင်ခြည်လေးတော့ ရှိပါသေး၏။
တရားဝင်အစ်မမှ ခင်ပွန်းသည် မျက်နှာပေးမှုကို ရရန် ကျန်သည့် ကိုယ်လုပ်တော်များနှင့် ယှဉ်ပြိုင်ရမည့် အရုပ်တစ်ရုပ်ထက်စာလျှင် တော်ပါသေးသည်။
ယခင်ဘဝတွင် ထိုလူယုတ်မာက သူမကို အရုပ်တစ်ရုပ်လို ဖျက်ဆီးပစ်ခဲ့ပြီး အဆုံးတွင် သူမ အစ်မကို ချစ်ကြောင်း သက်သေပြရန် သူကိုယ်တိုင် သူမကို အေးစက်နေသည့် ရေကန်ထဲတွင် အရှင်လတ်လတ် ဖိနှစ်သတ်ပြစ်ခဲ့၏။
မှူးမတ်အိမ်တော်မှ မှူးမတ်ကတော်ဖြစ်သည့် သူမ အမေအရင်းသည် သူမ ရှိနေမှန်းတောင် မသိခဲ့ပေ။ သူမ နာကြည်းဝမ်းနည်းစွာ သေဆုံးသွားခဲ့ရသည်။
ကြက်တွန်သံနှင့်အတူ အာရုဏ်တက်လာသည်။ သူမဘေးက အမျိုးသားသည် နှစ်ခြိုက်စွာ အိပ်ပျော်နေ၏။
ကုဟွား သူမ ခန္ဓာကိုယ်တစ်ခုလုံး နှစ်ခြမ်းကွဲသွားသလို ခံစားလိုက်ရပြီး ခြေလက်များတွင် အားအင်မရှိတော့သလို ခံစားလိုက်ရသည်။ သို့သော် ယခု မထွက်သွားလျှင် မိုးလင်းတော့ပေမည်။
အံကြိတ်ပြီး ကျန်နေသေးသော ခွန်အားအနည်းငယ်နှင့် ကုန်းရုန်းထလိုက်၏။ ကုတင်ပေါ်တွင် လှဲနေသည့် အမျိုးသားကို မကြည့်ရဲသည့်အတွက် သူမ ကြမ်းပြင်ပေါ်မှ စုတ်ပြဲနေသည့် အဝတ်အစားကို ကောက်ယူလိုက်သည်။ သို့သော် စုတ်ပြဲနေပြီဖြစ်သည့်အတွက် သူမ မြို့စားကြီးယုံ၏ ညအိပ်ဝတ်စုံကိုသာ ကောက်ယူပြီး သူမကိုယ်ပေါ်တွင် ပတ်လိုက်၏။ တိတ်ဆိတ်နေသည့်အခါကို အခွင့်ကောင်းယူရင်း စာကြည့်ခန်းထဲမှ တရားဝင်အစ်မဖြစ်သူ၏ ကျင်းရှို့ခြံဝင်းသို့ တရွတ်တိုက် ပြန်သွားလိုက်သည်။
မြို့စားကြီးယုံ၏ ညအိပ်ဝတ်စုံကို မွေ့ရာအောက်တွင် ဝှက်ထားလိုက်ပြီး ခြေဖွဖွနင်းရင်း ရေအေးတစ်ဇလုံယူကာ သူမကိုယ်သူမ သန့်ရှင်းလိုက်သည်။
သူမ နှုတ်ခမ်း၊ မျက်နှာနှင့် လည်ပင်းအောက်မှ အမှတ်သားများကို ပေါင်ဒါမှုန်ဖြင့် ဖုံးအုပ်လိုက်ပြီး အဝတ်အစားသစ်လဲလှယ်လိုက်၏။ ထို့နောက်တွင်တော့ မိုးလင်းလာခဲ့သည်။
ထိုစဉ် သူမ တံခါးမကြီး ပွင့်သံ ကြားလိုက်ရသည်။
ကုဟွား အစ်မဖြစ်သူ၏ ကိုယ်ပိုင်အစေခံ ယန်ကျစ်သည် တံခါးဖွင့်ပြီး တရာဝင်သမီးကို ပြုစုဖို့ သူမကို လာခေါ်သည်အား တွေ့လိုက်ရ၏။
သူမ မျက်နှာကို မြင်လိုက်ရသည့်အခိုက် ယန်ကျစ် ရပ်တန့်သွားသည်။
အမြဲလိုလို ရိုးရှင်းသည့် မျက်နှာဖြင့် မိတ်ကပ်မလိမ်းခြယ်ထားသည် ကုဟွားသည် ယခုအခါ ပေါင်ဒါမှုန်များ လိမ်းခြယ်ထားသည်ကို တွေ့လိုက်ရ၏။ သူမ မျက်လုံးများသည် မက်မွန်းပန်းလေးအား စိုရွှဲတောက်ပပြီး အင်မတန် ဆွဲဆောင်မှု ရှိနေတော့သည်။
ယန်ကျစ် ဒေါသတကြီး သူမ နှာခေါင်းကို လက်ညှိုးထိုးပြီး အော်လိုက်၏။
“နင့်လို မိန်းမပျက်က အိမ်တော်ထဲမှာရှိတဲ့ ယောကျ်ားတွေကို မနက်စောကြီး မြူစွယ်တော့မယ်ပေါ့လေ။ အရှက်မရှိတဲ့ အောက်တန်းစားမ”
ကုဟွား ဒေါသထိန်းထားလိုက်သည်။
“သခင်လေးနဲ့ သခင်မလေးတို့ ထပြီလား”
တရားဝင်သမီး ကုဝမ်ရု ကိုယ်ဝန်ရပြီးနောက် သူမ ခင်ပွန်းသည် သူမအခန်းထဲတွင် မအိပ်သည်မှာ အတော်ကြာပြီဖြစ်သည့်အတွက် အနောက်ဆောင်တွင် အတင်းအဖျင်းများနှင့် ပြည့်နှက်နေတော့၏။
လွန်ခဲ့သည့် ငါးရက်ကမှ သခင်လေးသည် ကုဝမ်ရုခြံဝင်းတွင် နေသွားပြီး နှစ်ယောက်သား သဘောတူညီမှု တစ်ခု ရသွားပုံပင်။
ထိုအချိန်မှစ၍ သူ ညတိုင်း လာတတ်ပြီး ကုဟွားကို ဝါးစားတော့မတတ် သားကောင်လို ကြည့်လာတော့၏။ ပြန်လည်မွေးဖွားလာပြီးနောက် ကုဟွား နှစ်ရက်တိတိ စဉ်းစားခဲ့သည်။
အိမ်တော်ထဲတွင် အစ်မဖြစ်သူ၏ ယောက္ခမ မြို့စားကြီးယုံတစ်ယောက်သာ သူမကို ကာကွယ်ပေးနိုင်၏။ မြို့စားကြီးယုံ အိမ်ပြန်လာမည့်အချိန်ကို သူမ စုဆောင်းငွေတစ်ဝက်လောက် ထုတ်သုံး စုံစမ်းခဲ့ရပြီး သူ့ကို ဖျားယောင်မည့် အကြံအစည်ကို အကောင်အထည်ဖော်ရန် သတ္တိများ မွေးမြူနေခဲ့သည်။
ကံကောင်းထောက်မစွာ သူမ တစ်ကြိမ်တည်းဖြင့် အောင်မြင်သွားခဲ့၏။
ကံဆိုးသည်မှာ ယန်ကျစ် ပို၍ ဒေါသထွက်သွားပြီး ကုဟွားနားရွက်ကို ဆွဲကာ သူမကို အပြင် ခေါ်ထုတ်သွားသည်။
ကုဟွားခြေထောက်သည် အနည်းငယ် လှုပ်ရုံဖြင့် နာကျင်လာပြီး နားရွက်ဆွဲခံရသည့် ဒဏ်ကြောင့် ဒေါသထောင်းခနဲ ထွက်သွားပြီး ယန်ကျစ် လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ လိမ်ချိုးပစ်လိုက်၏။
ယန်ကျစ် သူမ ပြန်လည်ခုခံမည်ဟု မထင်ထားသောကြောင့် သူမ လက်မောင်း လိမ်သွားပြီး နာကျင်စွာ အော်ဟစ်လိုက်သည်။
ကုဟွား အရိုက်ခံရမည် ကြောက်၍ သူမ ကိုယ်လုံးဖြင့် ယန်ကျစ်ကို ဖိချလိုက်ပြီး မလှုပ်နိုင်အောင် လုပ်ထားလိုက်၏။
ယန်ကျစ် ကျိန်ဆဲရုံသာ တတ်နိုင်တော့သည်။ “ခွေးမ နင် ငါ့ပေါ်က ဖယ်စမ်း။ နင် သေချင်နေတာလား။ လွှတ်..အခုချက်ချင်း ငါ့ကို လွတ်စမ်း”
ကုဟွားသည် မှူးမတ်အိမ်တော်၏ ကိုယ်လုပ်တော်ဖွားသမီးတစ်ဦးဖြစ်သော်လည်း အတိတ်ဘဝတွင် အိမ်စေများထံမှပင် အနိုင်ကျင့်ခံခဲ့ရသည်။ ထို့ပြင် ယန်ကျစ်သည် ထိုလူယုတ်မာ သူမကို သတ်ဖြတ်ရာတွင် ပါဝင် ကူညီခဲ့သူပင်။
‘ဒီဘဝမှာတော့ ငါ့ကို ဘယ်သူမှ အနိုင်မကျင့်စေရဘူး’
ကုဟွား ကျိန်ဆိုလိုက်သည်။