ကုဟွား ကလေးဘဝကတည်းက ဆွဲဆောင်မှုရှိစွာ နေထိုင်တတ်ရန် သင်ယူခဲ့ရ၏။ သူမ တာဝန်မှာ အစ်မဖြစ်သူ၏ ခင်ပွန်းမျက်နှာသာပေးမှုကို ကူညီထိန်းသိမ်းပေးရန်သာ။ သူမ အစ်မနှင့် ခဲအိုတို့သည် တစ်ဦးကို တစ်ဦး ချစ်မြတ်နိုးသွားပြီး သူမမှာ အရုပ်တစ်ရုပ်လို အသုံးချ ခံခဲ့ရသည်။ အသုံးချခံရပြီးနောက်မှာပင် သူတို့ သူမကို ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့၏။ ပို၍ ရက်စက်စရာ ကောင်းသည်မှာ သူမ မသေဆုံးခင်လေးတွင် လျှို့ဝှက်ချက်ကြီးတစ်ခုကို သိခွင့်ရခဲ့သည်။ ၎င်းမှာ သူမသည်သာ အဓိကဇနီးသည်မှ မွေးဖွားသော တရားဝင်သမီးအစစ်မှန်ပင်။ ထို့နောက် သူမ ပြန်လည်မွေးဖွားလာခဲ့သည်။ သူမ ခဲအိုဖြစ်သူ ကုတင်ပေါ်သို့ မရောက်ခင် တစ်ညအလိုသို့ ပြန်ရောက်လာခဲ့၏။ တစ်ချိန်တည်းမှာ ခဲအိုဖြစ်သူ၏ ဖခင် မြို့စားကြီး စစ်ပွဲအနိုင် အိမ်သို့ပြန်လာသည်။ မြို့စားကြီးသည် သားဖြစ်သူ၏ ခယ်မလေး လက်ရေးလှကြောင်း သိသွားချိန်တွင် စာကြည့်ဆောင်၌ မင်သွေးရန် အကူအညီတောင်းခဲ့၏။ အိမ်တော်က လူတိုင်း အံ့ဩသွားကြတော့သည်။ မြို့စားသည် တစ်ဘဝလုံး တစ်ကိုယ်တည်းဖြတ်သန်းလာသူဖြစ်ပြီး မည်သည့်အမျိုးသမီးကိုမှ အနားအကပ်မခံသူပင်။ ထိုအချိန်မှစ၍ မြို့စားကြီးသည် စာကြည့်ခန်းထဲတွင် နေ့ညမပြတ် စာဖတ်နေတော့၏။ သို့သော် ညစဉ်ညတိုင်း သူမခါးကို ဖက်ထားတတ်ပြီး ညနက်မှ ပြန်လွှတ်တတ်သည်။ မြို့စားကြီးယုံသည် ဘဝတစ်ဝက်ကို စစ်တပ်ထဲတွင် အချိန်ကုန်ခဲ့သူပင်။ လွန်ခဲ့သည့်နှစ်နှစ်ဆယ်လုံး အိမ်၌ မရှိတတ်ပေ။ ယခုတစ်ကြိမ်တော့ မြို့စားကြီး တစ်လလုံး အိမ်ထဲမှ မထွက်တော့ချေ။ တစ်မနက်တွင် အစ်မဖြစ်သူ မြို့စားကြီးကို သွားရောက်ဂါဝရပြုချိန် သူမသည် မြို့စားကြီး၏ သီးသန့်ခန်းမှ ဖိုသီဖတ်သီထွက်လာသော ကုဟွားကို တွေ့လိုက်ရသည်။ မကြာမီ မြို့စားကြီးယုံသည် ကုဟွားကို ကိုယ်လုပ်တော်အဖြစ် လက်ထပ်ခဲ့သည်။ လက်ထပ်ပွဲမှာ ပထမဇနီးသည်ကလိုပင် အတော်လေး ခမ်းနားခဲ့သည်။ ကုဟွားသည် အနီရောင်ဝတ်စုံကို လှပစွာ ဝတ်ဆင်ထားပြီး သူမကို ဂါဝရပြုနေသော အကျင့်မကောင်းသည့် အစ်မနှင့် လင်ပါသားကို လက်ဆောင်ပေးလိုက်၏။ သူမ ပျော့ပြောင်းစွာ ပြောလိုက်သည်။ “အစ်မ၊ သားလေး ဒါ မေမေလေး မင်းတို့ကိုပေးတဲ့ မုန့်ဖိုးပါ” သူမသည် သူမ အဆင့်အတန်းကို ပြန်လည်ရယူခဲ့ပြီး ထိုအကျင့်မကောင်းသည့်စုံတွဲကို အရာရာ ဆုံးရှုံးအောင် ပြုလုပ်ခဲ့သည်။ မြို့စားကြီးယုံသည် သုံးလအကြာတွင် စစ်ပွဲ၌ သေဆုံးမည်ဖြစ်ပြီး သူ့အစေခံများအားလုံး လွတ်လပ်ခွင့် ရပေလိမ့်မည်။ ကုဟွား၏ အစီအစဉ်သည် မြို့စားကြီး မသေဆုံးမီ ကလေးတစ်ယောက်ယူရန်ပင်။ ထိုသို့ဆို သူမ ပိုက်ဆံအများကြီးနှင့်အတူ လွတ်လပ်မှုကို ရနိုင်ပေသည်။ ထို့နောက် သူမ ကောင်းကင်ပြင်မှ ငှက်ငယ်လေးပမာ သူမ အလိုရှိရာသို့ လွတ်လွတ်လပ်လပ် သွားနိုင်တော့ပေမည်။ သို့သော် အံ့အားသင့်စရာမှာ ကုဟွား သားတစ်ယောက်မွေးဖွားပြီးသော်လည်း မြို့စားကြီးက မသေပေ။ သူ ပို၍ပင် ကျန်းမာသန်စွမ်းလာခဲ့သည်။ ဤသည်မှာ လူအိုကြီးတစ်ယောက်မှ အချစ်၌ ပျော်ဝင်သွားသည့် ဇာတ်လမ်းတစ်ပုဒ်သာ။ အချစ်ချိုချို၊ လူယုတ်မာများကို လက်စားချေခြင်းနှင့် အပြန်အလှန် နှစ်သိမ့်ကုစားပေးခြင်းတို့ပင်။

