← Chapters

အခန်း ၁၀

Vol. 1 Ch. 10

အခန်း ၁၀

Vol. 1 Ch. 10

အခန်း(၁၀)

တုန်းမော့ ကျင်းရှို့အဆောင်ဝင်းအတွင်းသို့ ဝေ့ဝဲကြည့်ရှုရင်း ထိုအဆောင်မှ လူတစ်ယောက်ယောက်ကို ရှာနေမိ၏။

ထိုစဉ် အနောက်ဘက်ဘေးတံခါးမှ ထွက်လာသော ကျင်းခွေ့ကို ရုတ်တရက် မြင်လိုက်ရသဖြင့် သူမထံသို့ အပြေးအလွှား သွားလိုက်သည်။

“မိန်းကလေးကျင်း... မိန်းကလေးကုဟွား ဘယ်မှာလဲဟင်...”

ကျင်းခွေ့သည် သူ့ကို မှတ်မိသဖြင့် အနောက်ဘက်ဘေးတံခါးဆီသို့ လက်ညှိုးထိုးပြလိုက်၏။

“မီးဖိုချောင်လေးထဲမှာလေ...”

“သူ့ လက်တွေ အဲဒီလောက် ဒဏ်ရာရထားတာကို အခုထိ အလုပ်လုပ်နေရတုန်းပဲလား...”

တုန်းမော့သည် မယုံနိုင်လွန်းသဖြင့် မျက်လုံးများ ပြူးကျယ်သွားရသည်။

ကျင်းခွေ့က သူ့ကို အံ့သြတကြီး ကြည့်လိုက်၏။

“သူ့လက်တွေ ဒဏ်ရာရနေတာကို နင် သိနေတာလား...”

ကုဟွားက ဘယ်သူ့ကိုမှ ပြန်မပြောရန် တားထားခဲ့သည်ကို တုန်းမော့ ရုတ်တရက် သတိရမိသွားသည်။

“မဟုတ်... မဟုတ်ပါဘူး...ဒီနေ့ သခင်မလေးကို လက်ဖက်ရည် ထည့်ပေးနေတုန်း သူ့လက်ချောင်းလေးတွေ နည်းနည်းနီနေတာ မြင်လိုက်ရလို့ပါ...”

ကျင်းခွေ့ကလည်း ဤကိစ္စကို အများကြီး ထပ်မစဉ်းစားတော့ပေ။

“ငါ သူ့ကို ဆေးထည့်ပေးထားပါတယ်...”

“ကျေးဇူးတင်ပါတယ် အစ်မ... ကျွန်တော် သူ့ကို မေးစရာလေး ရှိလို့ပါ...”

တုန်းမော့သည် စကားကြောရှည်မနေတော့ဘဲ မီးဖိုချောင်လေးဆီသို့ ခပ်မြန်မြန် ပြေးသွားတော့သည်။

ကျင်းခွေ့သည် သူ့ကျောပြင်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိ၏။

‘ကုဟွား မြို့စားကြီးအနားက လူတွေနဲ့ ဘယ်တုန်းက ဒီလောက်အထိ ရင်းနှီးသွားရတာပါလိမ့်’

ကုဟွားနှင့် စားဖိုမှူးတို့မှာ အလုပ်ရှုပ်နေကြသည်။

သူမသည် အမှတ်မထင် မော့ကြည့်လိုက်ရာ လဝန်းသဏ္ဍာန် တံခါးဝတွင် တစ်ကိုယ်လုံးစာ မဟုတ်ဘဲ တစ်ဝက်ခန့် ပြူထွက်ကာ သူမကို လက်ယပ်ခေါ်နေသော တုန်းမော့ကို မြင်လိုက်ရသဖြင့် လန့်သွားမိ၏။

သူမသည် စားဖိုမှူးကို ခပ်မြန်မြန် တစ်ချက် ခိုးကြည့်လိုက်သည်။ ကံကောင်းထောက်မစွာ စားဖိုမှူးသည် မီးမွှေးရန် ခေါင်းငုံ့နေသဖြင့် မမြင်လိုက်ပေ။

သူမ အပြင်သို့ ခပ်သွက်သွက် ထွက်လာကာ အသံတိုးတိုးဖြင့် မေးလိုက်၏။

“မောင်လေးတုန်း... ဘာလို့ ဒီကို ရောက်လာတာလဲ...”

အကယ်၍ ကုဝမ်ရုသာ တစ်ခုခု ထူးခြားနေသည်ကို သတိထားမိသွားပါက သူမကို ဒီအတိုင်း လွှတ်ထားမည် မဟုတ်ပေ။

တုန်းမော့သည်လည်း ကြာကြာမနေဝံ့ပေ။

သူသည် ဆေးနှစ်ပုလင်းကို သူမလက်ထဲသို့ အမြန်ထိုးထည့်ပေးလိုက်ပြီး အသံကို နှိမ့်ကာ ပြောလိုက်၏။

“ဒီကြွေပုလင်းအဖြူလေးက နန်းတွင်းက အဖိုးတန်ပစ္စည်းပဲ... ဒါကို သုံးဖြစ်အောင်သုံးလိုက်နော်... ဒါက အသားအရေကို အရင်လို ပြန်ကောင်းအောင် လုပ်ပေးနိုင်မှာ... နောက်တစ်ပုလင်းကတော့ အပူလောင်ပျောက်ဆေးပဲ...”

ကုဟွား မှင်တက်သွားရသည်။

“ဒါတွေက အရမ်း တန်ဖိုးကြီးမှာပေါ့... ငါ ဒါကို မယူပါရစေနဲ့...”

“သခင်ကြီးက မိန်းကလေးကို ဆုချလိုက်တာပါ။ သုံးသာသုံးလိုက်ပါ...”

စားဖိုမှူး မြင်သွားမည်ကို စိုးရိမ်သဖြင့် တုန်းမော့သည် ခပ်မြန်မြန်ပင် ထွက်ပြေးသွားတော့၏။

‘ မြို့စားကြီးက ဆုချလိုက်တယ်ဆိုရင် တုန်းမော့က ဘာလို့ ဒီလောက်အထိ လျှို့ဝှက်နေရတာလဲ’

သူသည် စိတ်ကောင်းရှိသူဖြစ်သဖြင့် တစ်နည်းနည်းနှင့် ရအောင်ယူလာပေးသည် ဖြစ်ရပေမည်။

ကုဟွားသည် သူမလက်ထဲက ဆေးနှစ်ပုလင်းကို ကြည့်ရင်း မျက်ဝန်းများ ပူနွေးလာရသည်။

မြို့စားကြီးအိမ်တော်ကို ရောက်တည်းက ဤသည်မှာ သူမကို တစ်စုံတစ်ယောက်က ပထမဆုံးအကြိမ် ဂရုစိုက်ပေးခြင်းပင် ဖြစ်၏။

ဒီလောကကြီးမှာ စိတ်ထားကောင်းတဲ့ လူတွေ အများကြီး ရှိနေသေးတာပဲ...

ကုဟွားသည် တစ်ခုခုကို ရုတ်တရက် သတိရသွားသဖြင့် သူမ ဂါဝန်စကို မကာ အနောက်သို့ အပြေးလိုက်ရင်း ခပ်တိုးတိုး ခေါ်လိုက်သည်။

“မောင်လေးတုန်း... မောင်လေးတုန်း... သခင်ကြီး အိမ်တော်မှာ ရှိနေသေးလားဟင်...”

တုန်းမော့သည် လှည့်ပင်မကြည့်ဘဲ လက်ခါပြလိုက်၏။

“သူ အခုတင် အိမ်တော်ကနေ ထွက်သွားပြီ...”

ကုဟွား၏ နှလုံးသားမှာ အေးစက်သွားရသည်။

သူ့ကို အားကိုးရဖို့ မဖြစ်နိုင်တော့ဘူးလား...

ညစာစားချိန်ပင် မရောက်သေးမီမှာပင် သခင်လေး မုအန်း ပြန်ရောက်လာလိမ့်မည်ဟု ကုဟွား မထင်ထားခဲ့ပေ။

“ကျင်းခွေ့... ဟွားအာကို အလုပ်အကျွေးပြုဖို့ ခေါ်လိုက်ပါဦး...”

ကုဝမ်ရုက ပြုံးလျက် အမိန့်ပေးလိုက်၏။

ခဏအကြာတွင် ကုဟွားသည် မုန့်ပန်းကန်ကို ကိုင်ကာ ကျင်းခွေ့၏နောက်မှ လျှောက်ဝင်လာခဲ့သည်။

သူတို့နှစ်ဦးသည် သခင်နှစ်ဦးအတွက် လက်ဖက်ရည် ဆက်သပြီး မုန့်များကို ချထားပေးလိုက်ကြ၏။

မုအန်း၏ အကြည့်များမှာ အရသာရှိသော မုန့်ပေါ်တွင် နားနေသည့် ယင်ကောင်တစ်ကောင်ကဲ့သို့ ကုဟွားပေါ်သို့ ဗြောင်ကျကျ ကျရောက်နေသည်။

ကုဟွားသည် တစ်ကိုယ်လုံး အေးစက်သွားရ၏။

မုန့်များကို ကြွေပန်းကန်ဖြူထဲသို့ ထည့်ပြီးနောက် သူမသည် တိတ်တဆိတ် နောက်သို့ ဆုတ်လိုက်သည်။

ကုဝမ်ရု၏ မျက်နှာပေါ်တွင် နူးညံ့သော အပြုံးလေးရှိနေသော်လည်း သူမ မျက်ဝန်းများထဲတွင်မူ အေးစက်သော မုန်းတီးမှုများဖြင့် ပြည့်နှက်နေ၏။

မုအန်း ကုဝမ်ရု၏ လက်ကို ကိုင်ကာ အချစ်ကြီးဟန်ဖြင့် ပြောလိုက်သည်။

“မင်းလို ဇနီးမျိုး ရထားတာ... ငါ့အတွက် ဘာထပ်လိုဦးမှာလဲကွာ...”

ကုဝမ်ရုသည် မုအန်း၏ ရင်ခွင်ထဲသို့ ရှက်သွေးဖြာဟန်ဖြင့် မှီလိုက်၏။

“ခင်ပွန်းနဲ့ လက်ထပ်ခွင့်ရခဲ့တာက ကျွန်မအတွက် ကောင်းချီးတစ်ခုပါပဲ...”

ဤဇနီးမောင်နှံ၏ အတုအယောင် အချစ်ပြဇာတ်ကို ကြည့်နေရင်း ကုဟွား အန်ချချင်စိတ်ပင် ပေါက်လာရသည်။

ကုဝမ်ရုသည် သူမကို မျက်စိထဲက ဆူးတစ်ချောင်းလိုသာ မြင်နေပြီး ထာဝရ ပျောက်ကွယ်သွားစေချင်နေမိသည်။

ခင်ပွန်းဖြစ်သူ၏ အလိုကို ဖြည့်ဆည်းရန်အတွက်သာ ကုဟွားကို သားသတ်စင်ပေါ်သို့ တင်ပေးလိုက်ခြင်း ဖြစ်၏။

မုအန်းကမူ သူမ အလှအပကို မက်မောနေသည်။ သူ၏ စိတ်ဆန္ဒများကို ဖြည့်ဆည်းပြီးသည့်နောက် ဇနီးဖြစ်သူထံမှ အကျိုးအမြတ်များကို ရယူချင်သေးသဖြင့် အရာအားလုံး အဆင်ပြေချင်ယောင်ဆောင်ကာ ကုဟွားကို သတ်ပစ်ပေလိမ့်မည်။

သူမ အလိုရှိ မရှိကိုမူ မည်သူမှ ဂရုမစိုက်ကြပေ။

သူမနှင့် သူမ မမွေးဖွားရသေးသည့် ကလေး၏ အသက်ကိုလည်း မည်သူမှ တန်ဖိုးမထားကြပေ။

သူတို့မျက်လုံးထဲတွင် သူမသည် ပစ္စည်းတစ်ခု၊ ကစားစရာတစ်ခုမျှသာ ဖြစ်သည်။

ကုဝမ်ရု... နင့်ရဲ့ ဘဝတစ်ခုလုံးက ငါ့ဆီကနေ ခိုးယူထားတာလေ...

နင် မေ့သွားပြီလား...

သူမ၏ အတိတ်ဘဝတွင် ယနေ့ ညစာစားပြီးပြီးချင်းမှာပင် မုအန်းသည် သူမကို အတင်းအဓမ္မ သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

ယခုဘဝတွင် ထိုမကောင်းဆိုးဝါးများ လက်ထဲမှ သူမ မည်သို့ လွတ်မြောက်နိုင်ပါမည်နည်း။

ကုဟွား၏ စိတ်ထဲတွင် ရှုပ်ထွေးနေတော့သည်။

ကုဝမ်ရုနှင့် မုအန်းတို့ ခဏတာ ချစ်ကြည်နူးနေကြသော်လည်း မုအန်း၏ အကြည့်များမှာ အနောက်တွင် ရပ်နေသော ကုဟွားထံသို့သာ ခဏခဏ ရောက်နေ၏။

သူ့မျက်ဝန်းများထဲတွင် မထိန်းချုပ်နိုင်သော ဆာလောင်မှုများဖြင့် ပြည့်နှက်နေသည်။ သူသည် ရင်ခွင်ထဲက ဇနီးဖြစ်သူအပေါ် စိတ်မပါတော့ဘဲ စိတ်မရှည်သည့် အမူအရာပင် ပြလာ၏။

ကုဝမ်ရုလည်း ၎င်းကို သတိထားမိသည်။

သူမသည် စိတ်ထဲမှ မကျေနပ်မှုကို ဖိနှိပ်ထားကာ မုအန်းကို အသာအယာ တွန်းဖယ်လိုက်ပြီး ညင်သာစွာ ပြုံးလိုက်၏။

“ညစာစားဖို့ အချိန်လည်းလိုသေးတယ် ကျွန်မလည်း နည်းနည်း ပင်ပန်းနေတာဆိုတော့... ခင်ပွန်းလည်း ဘေးခန်းမှာ ခဏလောက် သွားနားနေလိုက်ပါလားဟင်... အားရှိမှ ညစာစားတဲ့အခါ ပိုပြီး မြိန်မှာပေါ့...”

မုအန်း အလွန် ဝမ်းသာသွားပြီး ကုဝမ်ရု၏ ပါးကို နမ်းလိုက်သည်။

“မင်းက တကယ့်ကို ကိုယ်ချင်းစာတတ်တဲ့ ဇနီးကောင်းလေးပဲ...”

ကုဝမ်ရုက သူ့ကို ချစ်စဖွယ် မျက်စောင်းလေး ထိုးလိုက်ရင်း...

“ခင်ပွန်းက ကျွန်မရဲ့ စေတနာကို မှတ်ထားပေးရင် ရပါပြီ...”

သူမသည် ကုဟွားဘက်သို့ လှည့်ပြီး ညင်သာစွာ ပြောလိုက်၏။

“ဟွားအာ... သခင်လေး အနားယူနေတုန်း သွားပြီး အလုပ်အကျွေးပြုလိုက်ဦး...”

ကုဟွား၏ တစ်ကိုယ်လုံး တောင့်တင်းသွားရတော့သည်။

သူတို့ ညစာတောင် အခုထိ မစားရသေးပါဘူးလေ...

ကုဟွားသည် မုအန်းကို ဘေးခန်းသို့ တောင့်တောင့်ကြီး ဦးဆောင်ခေါ်သွားရ၏။

သူမ၏ ကျောပြင်ပေါ်သို့ ကျရောက်နေသော ဆာလောင်မွတ်သိပ်နေသည့် ဝံပုလွေတစ်ကောင်ကဲ့သို့ အကြည့်များကြောင့် သူမ ကျောရိုးတစ်လျှောက် စိမ့်ခနဲ ဖြစ်သွားရသည်။

တံခါးဝသို့ ရောက်သောအခါ ကုဟွား အထဲသို့ မဝင်ဘဲ ဘေးသို့ အသာဖယ်လိုက်၏။

“သခင်လေး... ကြွပါ... အားးး”

မုအန်သည် သူမကို ရုတ်တရက် ဖက်လိုက်ပြီး အခန်းထဲသို့ တန်းတန်းမတ်မတ် တွန်းထည့်လိုက်တော့သည်။

ကုဟွားမှာ အလွန်ကြောက်လန့်သွားသဖြင့် မျက်နှာလေးပါ ဖြူဖျော့သွားရ၏။

သူမသည် တံခါးဘောင်ကို လက်နှစ်ဖက်ဖြင့် အသည်းအသန် ဆွဲကိုင်ထားလိုက်သည်။

“သခင်လေး... သခင်လေး... ကျွန်မကို သွားခွင်ပေးပါ...”

သူမက လက်မလွှတ်ဘဲ ရုန်းကန်နေသည်ကို မြင်သောအခါ မုအန်းသည် သူမကိုယ်ကို တစ်ပတ်လှည့်လိုက်ကာ ရင်ခွင်ထဲသို့ အတင်းဖိကပ်ထားပြီး သူမ၏ လည်ပင်းနှင့် မျက်နှာကို အငမ်းမရ နမ်းရှိုက်တော့၏။

သူ့လက်များကလည်း သူမ အဝတ်အစားများကို ဆွဲဖြဲနေသည်။

“ကလေးလေး... ဒီနေ့ကစပြီး မင်းက ငါ့မိန်းမပဲ... မင်းကို ကောင်းကောင်းချစ်ခွင့်ပေးစမ်းပါ...”

ကုဟွားမှာ မျှော်လင့်ချက်မဲ့စွာ အော်ဟစ်ငိုကြွေးတော့၏။

“သခင်လေး... ကျေးဇူးပြုပြီး ကျွန်မကို သွားခွင့်ပေးပါ...”

မုအန်၏ မျက်လုံးများထဲတွင် ကာမစိတ်များဖြင့် ဖုံးလွှမ်းနေသည်။

သူမ အသည်းအသန် ရုန်းကန်နေသည်ကို မြင်သောအခါ သူ စိတ်မရှည်တော့ဘဲ သူမကို ပွေ့ချီကာ အခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်သွားတော့သည်။

မုအန်းသည် သူမကို ညောင်စောင်းလေးပေါ်သို့ ပစ်တင်လိုက်၏။ သူ့အဝတ်အစားများကို ချွတ်နေရင်း သူမပေါ်သို့ အတင်းအုပ်မိုးလိုက်သည်။

“ငါ့ကို ကောင်းကောင်း အလုပ်အကျွေးပြုစမ်းပါ... ငါ မင်းကို ကောင်းကောင်းချစ်ပေးမှာပါ...”

ကုဟွားမှာ ရူးမတတ် ဖြစ်သွားရသည်။

သူမသည် သူ့ကို အတင်းတွန်းဖယ်နေရင်း ဆုံးဖြတ်ချက်တစ်ခု ချလိုက်ကာ အဆုတ်ကွဲမတတ် အော်ဟစ်လိုက်တော့၏။

“သခင်လေး... အစ်မက ကျွန်မကို မြို့စားကြီးဆီ ပေးထားပြီးသား... ရှင် ကျွန်မကို ထိလို့မရဘူး... ကျွန်မကို အခုချက်ချင်း လွှတ်ပေး...”

မုအန်း မှင်တက်သွားရ၏။

“မင်း ဘာပြောလိုက်တာလဲ...”

ကုဟွား ခပ်သွက်သွက်ပင် ပြောလိုက်သည်။

“မယုံရင် အစ်မကို မေးကြည့်လိုက်ပါ... ဒီနေ့မနက်က အစ်မက ကျွန်မကို မြို့စားကြီးဆီ ခေါ်သွားခဲ့တာ... မြို့စားကြီးက ကျွန်မကို သဘောကျသွားတယ်... ရှင် ကျွန်မကို ထိလို့ မဖြစ်ဘူး... ရှင်က အမွေဆက်ခံသူအဖြစ် ခန့်အပ်ခံရဖို့ တောင်းဆိုချင်နေတာ မဟုတ်ဘူးလား... မြို့စားကြီးရဲ့ မိန်းမကို ရှင် ထိမိရင် ဘာတွေဖြစ်လာမလဲဆိုတာ တွေးကြည့်ဖူးရဲ့လား...”

သူမ ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်သည်။

အကယ်၍ သူက အတင်းအဓမ္မ ရှေ့ဆက်နေဦးမည်ဆိုပါက သူမ ခေါင်းပေါ်မှ ငွေဆံထိုးဖြင့် သူ့ကို အသေသတ်ကာ သူမပါ အသက်အသေခံလိုက်မည်ဖြစ်သည်။

All Chapters