← Chapters

အခန်း ၁၃

Vol. 2 Ch. 13

အခန်း ၁၃

Vol. 2 Ch. 13

အခန်း(၁၃)

ဇနီးမောင်နှံနှစ်ဦး ထိုင်လိုက်ကြသည်။

ကုဟွားနှင့် ကျင်းခွေ့တို့ ကုဝမ်ရု၏ နောက်တွင် မတ်တတ်ရပ်နေကြ၏။

အစေခံလေးများ တစ်ဦးပြီးတစ်ဦး ဝင်လာကာ လက်ရာမြောက်သော ဟင်းလျာများကို သယ်ဆောင်လာကြသည်။

ကျိုးချွန်းယွီကမူ သူတို့သုံးဦးအတွက် သေရည်ကို ကိုယ်တိုင်ကိုယ်ကျ ငှဲ့ပေးလိုက်၏။

“မင်းရဲ့ ဒုတိယညီမလေး အိမ်တော်ကို ရောက်နေတယ်လို့ ကြားတယ်... ဘယ်မှာလဲ”

မုကျွင်းယန် အမှတ်မထင် မေးလိုက်သည်။

ကုဝမ်ရု စိတ်ထဲတွင် ဝမ်းသာသွားရ၏။ အဖေက ကုဟွား၏ မျက်နှာကိုတောင် မမှတ်မိဘူးဆိုတော့ သူမကို သဘောမကျဘူးဆိုတာ သေချာသွားပြီ မဟုတ်ပါလာ။

သူမ အားနာဟန်ဖြင့် ပြုံးပြလိုက်သည်။

“ခွင့်လွှတ်ပါ အဖေ...ညီမလေးက ကိုယ်လုပ်တော်က မွေးတာမို့ စည်းကမ်းတွေကို သိပ်နားမလည်လို့ပါ”

သူမသည် ကုဟွားဘက်သို့ ခေါင်းလှည့်ကာ ကြည့်လိုက်၏။

“ဘာလို့ ဒီအတိုင်း ရပ်နေတာလဲ... မြန်မြန်လာပြီး သခင်ကြီးကို ဂါရဝပြုလေ... ကုမိသားစုကို အရှက်မခွဲနဲ့”

မုကျွင်းယန်သည် မျက်လုံးများကို အနည်းငယ် ပင့်လိုက်ပြီး ခေါင်းငုံ့ထားသော ကုဟွားကို ကြည့်လိုက်သည်။

သူမ၏ မျက်နှာကို မမြင်ရဘဲ နက်မှောင်သော ဆံနွယ်များကိုသာ မြင်ရ၏။

ကုဟွားသည် စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။သူမသည် ခေါင်းငုံ့ထားလျက်ပင် ရှေ့သို့ အသာအယာ လှမ်းထွက်ကာ ဒူးထောက်လိုက်၏။

သူမသည် သတိကြီးစွာဖြင့် အေးစက်သော လေသံလေးဖြင့် ပြောလိုက်သည်။

“ကုဟွား... မြို့စားကြီးကို ဂါရဝပြုပါတယ်”

သူမ၏ အသံမှာ မနေ့ညက မြှူဆွယ်ဖျားယောင်းလိုသော ညည်းသံများနှင့် လုံးဝ ခြားနားနေသည်။

မုကျွင်းယန်သည် သူ၏ အာရုံခံစားမှုကိုပင် အနည်းငယ် သံသယဝင်သွားရ၏။

ဒါက ထိုလူတစ်ယောက်တည်းရော ဟုတ်ရဲ့လား...

“ထပါ...”

မုကျွင်းယန်၏ အကြည့်မှာ လက်ကိုင်ပုဝါဖြင့် စည်းထားသော သူမ၏ လက်များပေါ်သို့ ကျရောက်သွား၏။

“မင်း... ဆေးထည့်ပြီးပြီလား”

ကုဟွားသည် ဤကဲ့သို့ မေးလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမ အလိုအလျောက် မော့ကြည့်လိုက်ရာ နက်မှောင်ပြီး နက်ရှိုင်းသောမျက်ဝန်းများနှင့် ဆုံသွားသည်။

ထိုမျက်ဝန်းများမှာ ထက်မြက်သော ဓားသွားတစ်စုံကဲ့သို့ပင် သူမ နှလုံးခုန်သံကို ခဏတာ ရပ်တန့်သွားစေ၏။

သူမသည် ကြောက်လန့်တကြား ခေါင်းပြန်ငုံ့လိုက်ပြီး တုန်ယင်သော အသံဖြင့် ပြန်ဖြေလိုက်သည်။

“ကျွန်... ကျွန်မ ဆေးထည့်ပြီးပါပြီ... ဆေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်ကြီး”

သူ့မျက်နှာတွင် မည်သည့် ခံစားချက်မျှ မပြသထားသလို မနေ့ညက ပြင်းပြသော အချစ်ခရီးမှ ရင်းနှီးမှု အရိပ်အယောင်လည်း လုံးဝမရှိပေ။

သူ၏ မျက်ဝန်းများမှာ သက်ရှိအားလုံးကို ငုံ့ကြည့်နေသော နတ်ဘုရားတစ်ပါးကဲ့သို့ တည်ငြိမ်ပြီး ဝေးကွာလွန်းလှသည်။

ကုဟွား၏ နှလုံးခုန်သံမှာ စိုးရိမ်စိတ်ကြောင့် မြန်ဆန်နေ၏။

ကုဝမ်ရု၏ အပြုံးမှာ ခဲသွားရသည်။

ဆိုလိုသည်မှာ အဖေကိုယ်တိုင်က သူမကို ဆေးပေးခဲ့သည်ကို ဝန်ခံလိုက်ခြင်းပင် မဟုတ်ပါလား။

မုအန်း ကုဝမ်ရုကို ကြည့်လိုက်သော အကြည့်မှာလည်း ပြန်လည် မည်းမှောင်သွားပြန်သည်။

“ငါတို့တို့တွေက မိသားစုတွေပဲဟာ...ထိုင်ပါ...”

မုကျွင်းယန်က ကုဟွားကို ကြည့်ကာ ပြောလိုက်၏။

ကြောက်လန့်နေသော မျက်လုံးလေးများဖြင့် ကုဟွားသည် ကုဝမ်ရုကို အကဲခတ်လိုက်သည်။ ငယ်စဉ်ကတည်းက သူမသည် အစ်မဖြစ်သူနှင့် စားပွဲတစ်လုံးတည်းတွင် ထိုင်စားခွင့် မရဖူးပေ။

ကုဝမ်ရုသည် ကုဟွား၏ ထိုသို့သော အားနည်းချိနဲ့ပြီး အကူညီမဲ့နေဟန်ကို အလွန်မုန်းတီးလှသည်။

၎င်းသည် သူမက နှိပ်စက်နေပါတယ်လို့ အဖေ့ကို ဗြောင်ကျကျ ပြသနေတာ မဟုတ်လော။

“ကျင်းခွေ့... လေးထောင့်ခုံပုလေး တစ်လုံး ယူလာပေးလိုက်”

ကုဝမ်ရုသည် ဒေါသကို မြိုသိပ်ကာ ကုဟွားကို သတိပေးသော အကြည့်တစ်ချက် ပေးလိုက်သည်။

“မြန်မြန်လာထိုင်စမ်း... နင်ကတော့ အမြဲတမ်း လူကြားထဲ ထုတ်ပြလို့ မရတဲ့ ပုံစံမျိုးပဲ...”

ကုဟွားသည် လိမ္မာစွာ ရှေ့သို့တိုးလာပြီး ဦးညွှတ်လိုက်သည်။

“နေရာပေးတဲ့အတွက် မြို့စားကြီးကို ကျေးဇူးတင်ပါတယ်... ဒီမျက်နှာသာအတွက် အစ်မနဲ့ သခင်လေးကိုလည်း ကျေးဇူးတင်ပါတယ်...”

ထိုခုံပုလေးမှာ အလွန်နိမ့်သည်။ ကုဟွားမှာ မူလကပင် ကိုယ်လုံးသေးသူဖြစ်ရာ သူမ ထိုင်လိုက်သောအခါ ကုဝမ်ရုထက် ခေါင်းတစ်ဝက်ခန့် နိမ့်သွားတော့၏။

သူမသည် ၎င်းကို လုံးဝ ဂရုမစိုက်ပေ။

သူမသည် ခုံ၏ အစွန်းတွင် မတ်မတ်ထိုင်ကာ ရှေ့မှ ထမင်းပန်းကန်ကိုသာ စိုက်ကြည့်ရင်း ခေါင်းငုံ့နေလိုက်သည်။

သို့သော် သူမ စိတ်ထဲတွင် လှောင်ပြုံးပြုံးလိုက်မိ၏။

ယောက္ခမအိမ်ဘက်က မိသားစုရှေ့မှာ ညီမအရင်းကို နင်းခြေလိုက်လျှင် မျက်နှာပွင့်သွားမယ်လို့ တကယ်ပဲ ထင်နေတာလား။

တကယ့်ကို အူကြောင်ကြောင်နိုင်လွန်းသည်။

သူမသည် ခင်ပွန်းသည်ကိုပင် မထိန်းချုပ်နိုင်ဘဲ ခင်ပွန်း၏ စိတ်ကိုရဖို့အတွက် အလှလေးတွေကိုပဲ ဆက်တိုက်ပို့ပေးနေရတာ မထူဆန်းတော့ပေ။

မုအန်းလို စိတ်ဓာတ်မည်းမှောင်နေသည့် လူတစ်ယောက်အတွက် အလှအပ ဘယ်လောက်များများက သူ့ကို တင်းတိမ်စေမည်နည်း။

သူက လအနည်းငယ်လောက် ကစားပြီးရင် အသစ်အဆန်းရှာဖို့ ပစ်ပယ်လိုက်မှာပဲ။

ခင်ပွန်းဖြစ်သူ အပြင်မှာ ဘယ်လောက်အထိ ရမ်းကားနေတယ်ဆိုတာကိုရော သူမ၏ အစ်မ သိပါ့မလား။

မုကျွင်းယန်ကမူ မိန်းမများကြားက အသေးအဖွဲ ကိစ္စများကို ဂရုမစိုက်ပေ။

သူသည် သေရည်ခွက်ကို မလိုက်ပြီး မုအန်းကို ပြောလိုက်၏။

“မင်းတို့ မင်္ဂလာဆောင်ပြီး ဒုတိယမြောက်နေ့မှာပဲ ငါ စစ်တိုက်ထွက်ခဲ့ရတာဆိုတော့ ဒီသေရည်တစ်ခွက်က ငါ့ရဲ့ နောက်ကျတဲ့ ဂုဏ်ပြုသေရည်ပါပဲ... မင်းတို့ရဲ့ အိမ်ထောင်ရေး တစ်သက်လုံး သာယာပျော်ရွှင်ပါစေ...”

ပြောပြီးသည်နှင့် သူသည် အရင်ဆုံး မော့သောက်လိုက်၏။

မုအန်းနှင့် ကုဝမ်ရုတို့သည်လည်း ခွက်များကို ခပ်မြန်မြန်ပင် မကာ ဆုတောင်းစကားများ ဆိုရင်း လိုက်သောက်ကြသည်။

ကုဟွားသည် သေရည်ခွက်ကို ပျာယာခတ်ကာ မလိုက်သော်လည်း သောက်ရမလား မသောက်ရမလား မဝေခွဲနိုင်ဘဲ ဖြစ်နေ၏။

တကယ်တမ်းတွင် သူသည် ထိုဇနီးမောင်နှံကို ကောင်းချီးပေးနေခြင်း မဟုတ်ပါလား။

သူမ တွေဝေနေစဉ်မှာပင် မုကျွင်းယန်သည် မုအန်းနှင့် သူ၏ ဇနီးတို့ကို မိသားစုကိစ္စများအကြောင်း စကားပြောနေသည်ကို ကြားလိုက်ရသည်။

မည်သူမှ သူမကို ဂရုမစိုက်ကြပေ။

သူမ၏ စိုးရိမ်နေသော စိတ်မှာ အနည်းငယ် လျော့ပါးသွားပြီး ဝိုင်ခွက်ကို ဖြည်းဖြည်းချင်း ပြန်ချလိုက်၏။

မုကျွင်းယန်က တူကို မကိုင်သေးသရွေ့ သူမ မလှုပ်ဝံ့ပေ။သူမသည် ခေါင်းငုံ့ကာ ကြောင်တောင်တောင် ထိုင်နေရင်း စိတ်ထဲတွင်လည်း အတွေးပေါင်းစုံဖြင့် ရှုပ်ထွေးနေတော့သည်။

မုကျွင်းယန်သည် ယခုနှစ်တွင် အသက် ၂၈ နှစ်သာ ရှိသေးပြီး မုအန်းမှာ ၁၈ နှစ် ဖြစ်သည်။ သူတို့သည် ၁၀ နှစ်သာ ကွာခြားကြ၏။ မည်သည့်အတွက်ကြောင့်များ မုကျွင်းယန်က မုအန်းကို သားရင်းအဖြစ် မှတ်ပုံတင်ပေးထားရသနည်း။

သူမ၏ အတိတ်ဘဝတွင် သူတို့ သားအဖကိစ္စကို တစ်ခါမှ မမေးမြန်းခဲ့ဖူးပေ။

ယခုမူ မုကျွင်းယန်၏ စိတ်ကို ရချင်လျှင် မြို့စားအိမ်တော်ရှိ လူများ၏ ဆက်ဆံရေးနှင့် မုကျွင်းယန်၏ အကြိုက် အမုန်းများကို ရှာဖွေဖော်ထုတ်ရန် နည်းလမ်းရှာရမည် ဖြစ်သည်။

မုကျွင်းယန်၏ အကြည့်မှာ ကုဟွားပေါ်သို့ အမှတ်မထင် ကျရောက်သွား၏။

ထိုမိန်းကလေးငယ်မှာ အလွန် ရိုကျိုးပြီး သတိကြီးလှကာ လောကကြီးအကြောင်း ဘာမှမသိသေးသည့် လူတစ်ယောက်ကဲ့သို့ တောင့်တောင့်ကြီး ဖြစ်နေသည်။သူမသည် မနေ့ညက သူ့ကို မြှူဆွယ်ရန် အစွမ်းကုန် ကြိုးစားခဲ့သော အမျိုးသမီးနှင့် လုံးဝ တခြားစီ ဖြစ်နေပုံရ၏။ သူမ၏ မျက်နှာကိုသာ သူ မမှတ်မိခဲ့လျှင် ၎င်းသည် သူမပဲဟု တပ်အပ် ပြောနိုင်မည် မဟုတ်ပေ။

ဟန်ဆောင်နေတာပဲ...

ကုဟွား၏ ဝမ်းဗိုက်မှ ရုတ်တရက် ဂွီ...ဂွီ...မြည်သံ အနည်းငယ် ထွက်ပေါ်လာသည်။

သူမသည် ရှက်ကိုးရှက်ကန်းဖြင့် ပျာယာခတ်သွားကာ သူမ၏ ဝမ်းဗိုက်ကို ဖိထားလိုက်မိ၏။

အစ်မဖြစ်သူက သူမကို နေ့လယ်စာ မကျွေးခဲ့သည့်အပြင် ခုနကလည်း သခင်လေးနှင့် အတော်ကြာ ရုန်းကန်ခဲ့ရသေးသည်။

သူမမှာ ဗိုက်ဟောင်းလောင်းဖြစ်နေပြီး ကျောနှင့်ရင် ကပ်မတတ် ဆာလောင်နေပြီ ဖြစ်သည်။

မုကျွင်းယန်က သူ၏တူကို မြှောက်လိုက်ပြီး တည်ငြိမ်စွာပင်

“စားကြ...” ဟု ဆိုလိုက်၏။

မုအန်းနှင့် ကုဝမ်ရုတို့သည်လည်း အားတက်သရော ဟင်းများခတ်ကာ မုကျွင်းယန်ကို သေရည်တိုက်ရင်း ဂရုစိုက်ကြောင်း ပြသသည့် စကားများကို ပြောဆိုနေကြ၏။

မုကျွင်းယန်၏ လေသံမှာ အေးဆေးတည်ငြိမ်လှသည်။ သူသည် မေးသမျှကို တိုတိုနှင့် လိုရင်းသာ ပြန်လည်ဖြေကြား၏။

စကားပြောနေစဉ်အတွင်း သူသည် ကုဝမ်ရုကို ကိုယ်ဝန်ရှိနေသဖြင့် ကောင်းကောင်းအနားယူရန် ပြောဖို့လည်း မမေ့လျော့ပေ။

ကုဝမ်ရုမှာ ဝမ်းသာဂုဏ်ယူမိသွားရသည်။ သူမ ဝမ်းဗိုက်ထဲမှ ကလေးသည် နောင်တစ်ချိန်တွင် မြို့စားကြီးယုံ ဖြစ်လာမည် မဟုတ်ပါလား။

ထိုမိသားစုသုံးဦးမှာ အလွန်ပင် ပျော်ရွှင်ကြည်နူးစရာ ကောင်းလှသည်။ ကုဟွားတစ်ယောက်သာ လူပိုတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။

အတွေးများဖြင့် ပြည့်နှက်နေသော သူမသည် သူမရှေ့တည့်တည့်ရှိ ကြာစေ့၊ ကြာစွယ်နှင့် လီလီဥမွှေကြော်များကိုသာ ရွေးချယ်စားသုံးနေမိသည်။

“ဝမ်ရုက မြို့တော်မှာ နာမည်ကျော်တဲ့ ပညာတတ်အမျိုးသမီးတစ်ယောက်လို့ ငါ ကြားထားတယ်”

မုကျွင်းယန်က ရုတ်တရက် ပြောလိုက်၏။

ကုဝမ်ရု၏ မျက်လုံးများထဲတွင် ထိတ်လန့်ရိပ်များ ဖြတ်ပြေးသွားသည်။

“ချွေးမက ဉာဏ်နည်းပါတယ် အဖေ... ပညာတတ်အမျိုးသမီးဆိုတဲ့ ဘွဲ့ထူးနဲ့ မထိုက်တန်ပါဘူး”

“အစ်မရဲ့ ကဗျာတွေက တကယ်ကို ကောင်းတာပါ... ဒါကြောင့် ပညာတတ်အမျိုးသမီးဆိုတဲ့ဘွဲ့နဲ့ တကယ်ကို ထိုက်တန်ပါတယ်... အထူးသဖြင့် မိဖုရားခေါင်ကြီး ကျင်းပတဲ့ ပန်းရှုစားပွဲမှာ ရေးခဲ့တဲ့ ကဗျာသုံးပုဒ်ဆိုရင် ရောက်နေတဲ့ သခင်မလေးတွေအားလုံးကို မှင်တက်သွားစေခဲ့တာလေ... ဒါကြောင့်လည်း အစ်မက မိဖုရားခေါင်ကြီးဆီကနေ ဆုလာဘ်တွေရခဲ့ပြီး လူတိုင်းရဲ့ ချီးကျူးမှုကို ခံခဲ့ရတာပေါ့...”

ငြိမ်ချက်သားကောင်းနေသော ကုဟွားက ရုတ်တရက် စကားဝင်ပြောလိုက်၏။

သူမ၏ နူးညံ့ချိုသာသော အသံကြောင့် အခန်းထဲရှိ အမျိုးသားနှစ်ဦးစလုံးမှာ သူမကို တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။

ကုဟွားသည် ခေါင်းငုံ့ထားလျက်ပင် ဖြူဖွေးသော ကြာစေ့လေးတစ်စေ့ကို ယူကာ နှုတ်ခမ်းစေ့၍ ဖြည်းဖြည်းချင်း ဝါးနေ၏။ ခုနက စကားပြောခဲ့သူမှာ သူမ မဟုတ်သည့်အလားပင်။

မုကျွင်းယန်၏ အကြည့်မှာ လှုပ်ရှားနေသော သူမ၏ နူးညံ့သည့် နှုတ်ခမ်းများပေါ်သို့ ကျရောက်သွားသည်။သူမသည် နှုတ်ခမ်းနီ မဆိုးထားသော်လည်း နှုတ်ခမ်းများမှာ သဘာဝအတိုင်း ပန်းရောင်သန်းနေ၏။

မနေ့ညက သူ၏ စုပ်ယူနမ်းရှိုက်မှုကြောင့် နီရဲနေခဲ့သော ထိုနှုတ်ခမ်းလွှာလေးများကို ရုတ်တရက် အမှတ်ရသွားကာ... သူ့ခါးအောက်ပိုင်းဆီမှ အပူလှိုင်းတစ်ခု ဦးခေါင်းဆီသို့ တန်းတန်းမတ်မတ် တက်လာတော့သည်။

သူသည် ခပ်မြန်မြန်ပင် အကြည့်လွှဲလိုက်ပြီး သေရည်ခွက်ကို မကာ တစ်ငုံအကြီးကြီး သောက်လိုက်၏။

မုကျွင်းယန်သည် မိမိကိုယ်ကိုယ် အနည်းငယ် ဒေါသထွက်မိသွားသည်။

သူသည် မလျော်ကန်သော စိတ်ဆန္ဒကို ခံစားလိုက်ရခြင်းပင်။ ၎င်းမှာ သူ မဖြစ်မနေ ထိန်းချုပ်ရမည့် တိရစ္ဆာန်ကဲ့သို့ အလိုရမ္မက်သာ ဖြစ်ပေသည်။

All Chapters