← Chapters

အခန်း ၂၄

Vol. 3 Ch. 24

အခန်း ၂၄

Vol. 3 Ch. 24

အခန်း(၂၄)

ယန်ကျစ် မျက်စိပျက် မျက်နှာပျက်ဖြင့် သူမကို အော်ငေါက်လိုက်၏။

“ဘယ်မှာ သွားပြီး အချိန်ဖြုန်းနေတာလဲ... ဒီလောက်တောင် နောက်ကျမှ ပြန်လာရလား... သခင်မလေးက နင့်ကို ခေါ်နေတယ်... အခုချက်ချင်း ရောက်မလာရင် နင့်ခြေထောက်တွေကို သူ ရိုက်ချိုးပစ်လိမ့်မယ်...”

ကုဟွားလည်း စကတ်ကို မကာ စိုစွတ်နေသော မြေပြင်ပေါ်မှ ဖြတ်လျှောက်သွားရတော့သည်။

တံခါးဝသို့ ရောက်ရုံရှိသေး သူမဆီသို့ တည့်တည့်ဦးတည်လာနေသော အန္တရာယ်ရှိသည့် အငွေ့အသက်တစ်ခုကို ချက်ချင်း အာရုံခံမိလိုက်သည်။

တံခါးရွက်မှာ လှုပ်ရှားသွားပြီး အပြာရင့်ရောင် ဝတ်ရုံတစ်ခု သူမမျက်စိရှေ့တွင် ပေါ်လာ၏။

မုအန်း...

ကုဟွား ရင်ထဲ၌ ထိတ်လန့်သွားရကာ ပျာပျာသလဲ ကိုယ်ကိုလှည့်ပြီး ပြေးတော့သည်။

“အပျက်မ... ပြေးချင်သေးတယ်ပေါ့လေ...”

မုအန်းက သူမ အင်္ကျီလက်ကို ဆွဲဖမ်းကာ သူ့ရင်ခွင်ထဲသို့ အတင်းဆွဲသွင်းလိုက်သည်။

ကုဟွားက အော်ဟစ်ရင်း သူမကိုင်ထားသော ဆီစိမ်စက္ကူထီးဖြင့် မုအန်း၏ ကိုယ်ကို အသည်းအသန် လွှဲရိုက်လိုက်၏။

ထီးက မုအန်း၏ မျက်နှာကို ခြစ်မိသွားသောကြောင့် သူသည် ဒေါသတကြီးဖြင့် ထီးကို ရိုက်ထုတ်ပစ်လိုက်သည်။

ကုဟွား ထပ်ပြေးရန် ကြိုးစားနေသည်ကို မြင်သောအခါ သူက သူမ၏ ခါးစည်းကို ကိုင်ကာ အားဖြင့် ဆောင့်ဆွဲလိုက်တော့သည်။

ခါးစည်း ပြတ်ထွက်သွားပြီး ဝတ်စုံက ပွင့်ဟသွားကာ သူမသည် လေထဲက ဆောင်းဦးသစ်ရွက်လေးတစ်ရွက်ကဲ့သို့ ဆာလောင်နေသော ဝံပုလွေကောင်၏ ရင်ခွင်ထဲသို့ လဲကျသွားရရှာသည်။

မုအန်း သူမကို ပွေ့ချီလိုက်ပြီး ကောက်ကျစ်စွာပြုံးလျက် ပင်မဆောင်ကြီးအတွင်းသို့ ပြန်လှည့်ဝင်သွားတော့သည်။

ကုဝမ်ရုသည် တံခါးဝတွင် ရပ်ရင်း စိုးရိမ်စိတ်နှင့် ဒေါသတို့ ဒွန်တွဲနေ၏။

သူမ၏ ခင်ပွန်းဖြစ်သူက လူအများရှေ့တွင် ထိုအပျက်မလေး၏ အဝတ်အစားများကို ဖရိုဖရဲဖြစ်အောင် ဆွဲဖြဲလိုက်သည့်အပြင် သူမ၏ ပင်မဆောင်၌ပင် လူအများရှေ့၌ အတူတူအိပ်ချင်နေသည်။

သူ့စိတ်ထဲမှာ ငါ့ကို တရားဝင်ဇနီးမယားအဖြစ်ရော သတ်မှတ်သေးရဲ့လား...

ကုဟွားက လေထဲတွင် အချီခံထားရရင်း သူမ၏ လစ်ဟာနေသော ခန္ဓာကိုယ်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ကန်ကျောက် ရုန်းကန်ရင်း အော်ဟစ်ငိုယိုလိုက်သည်။

“အစ်မ... မနေ့က ကျွန်မကို ကတိပေးခဲ့တာ မှတ်မိသေးရဲ့လား... အစ်မ... ကျွန်မကို ကယ်လိုက်တာက အစ်မအတွက် အကျိုးရှိမှာပါ”

ဤသည်ကို ကြားလိုက်ရ၍ မုအန်း၏ ဒေါသသည် ချက်ချင်းပင် ပေါက်ကွဲထွက်သွားသည်။

“ဒီနေ့တော့ ဘယ်သူမှ မင်းကို မကယ်နိုင်စေရဘူး... ငါ အခုပဲ မင်းကို အပိုင်သိမ်းပြမယ်... ဘယ်သူက ငါ့ဆီကနေ မင်းကို လာလုရဲမလဲ ကြည့်ကြသေးတာပေါ့”

ကုဝမ်ရု ယင်ကောင်တစ်ကောင်ကို မျိုချလိုက်ရသကဲ့သို့ အောင့်သက်သက်ဖြစ်ကာ ရင်ထဲတွင် ကြိတ်ခံစားနေရသော်လည်း ထုတ်မပြောရဲပေ။

သူမသည် တံခါးကို လက်ဖြင့် ကာထားရင်း ဝမ်းနည်းဟန်ဖြင့် အော်ပြောလိုက်သည်။

“ခင်ပွန်း... အဖေက ကျွန်မတို့ကို အပြစ်တင်ရင် ဘယ်လိုလုပ်မလဲ...ရှင် ဒီလို လုပ်လို့မရဘူးလေ”

မုအန်းက သူမကို အော်ဟစ်ဆဲဆိုလိုက်၏။

“ဖယ်စမ်း...အသုံးမကျတဲ့ မိန်းမယုတ်...မင်း ငါ့ကို ထပ်တားရဲရင် ငါ မင်းကို ကွာရှင်းပစ်မယ်”

ကုဝမ်ရု ငိုယိုရင်း မကျေမနပ်ဖြင့် ဖယ်ပေးလိုက်ရတော့သည်။

ကုဟွားသည် သူမ ဆံပင်များကို ပျာပျာသလဲ စမ်းမိသည်။ သူမ၏ ငွေဆံထိုးမှာ တစ်နေရာရာသို့ ကျသွားခဲ့ပြီဖြစ်ကာ ဆံနွယ်များမှာလည်း ဖရိုဖရဲ ဖားလျားကျနေ၏။

ရင်ထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေကာ သူမ အသည်းအသန် ရုန်းကန်ရင်း အော်ဟစ်နေပါသော်လည်း အခန်းထဲသို့ သယ်သွားခြင်း ခံရတော့မည်သာ ဖြစ်သည်။

ရုတ်တရက် မုအန်းက “အား” ခနဲ အော်ဟစ်လိုက်သည်။သူ၏ ဒူးခေါင်းနောက်ဘက် ထုံကျင်သွားကာ ‘ဗုန်း’ ခနဲ အသံနှင့်အတူ ဒူးထောက်ကျသွားတော့သည်။

သူ့ရင်ခွင်ထဲမှ လူသည်လည်း အပြင်ဘက်သို့ လွင့်ထွက်သွားရ၏။

ကုဟွားသည် ထိုအရှိန်ကို အသုံးချကာ အပြင်ဘက် မိုးရေထဲတွင် နှစ်ပတ်ခန့် လှိမ့်လိုက်သည်။

သူမ၏ ဖိနပ်တစ်ဖက် ကျွတ်ကျသွားခဲ့၏။ မော့ကြည့်လိုက်သောအခါ မုအန်း ပြန်ထလာသည်ကို မြင်လိုက်ရသဖြင့် သူမသည် ကျွတ်ကျနေသော အပေါ်ဝတ်ရုံကိုပင် ဂရုမစိုက်နိုင်တော့ဘဲ မိုးရေထဲတွင် ခြေဗလာဖြင့် အသက်လုကာ ထွက်ပြေးတော့သည်။

“ဂျိမ်း... ဝုန်း...”

ကျယ်လောင်သော မိုးခြိမ်းသံကြီးသည် သူမ၏ ခေါင်းပေါ်တွင် ပေါက်ကွဲထွက်သွားသကဲ့သို့ မြည်ဟီးသွားသည်။

စင်္ကြံတစ်လျှောက်ရှိ မီးအိမ်များသည် လေပြင်းကြောင့် ရှေ့နောက်လွင့်နေကာ ဖယောင်းတိုင်အလင်းရောင်များမှာလည်း မှိန်ဖျော့၍ တုန်တုန်ယင်ယင် ဖြစ်နေသည်။

တိုက်ခတ်လာသော လေပြင်းနှင့် ရုတ်တရက် သည်းထန်လာသော မိုးစက်များက ကုဟွား၏ လစ်ဟာနေသော ပုခုံးများနှင့် ကျောက်စိမ်းကဲ့သို့ ဖြူဝင်းနေသော လက်မောင်းများကို ရက်စက်စွာ ရိုက်ခတ်နေသည်။

နောက်မှ ကပ်ပါလာသော ခြေသံများကြောင့် သူမ အသိစိတ်များပင် လွင့်ထွက်လုမတတ် ထိတ်လန့်နေမိ၏။

ဆာလောင်နေသော ဝံပုလွေကောင်သည် သူမနောက်သို့ မနားတမ်း လိုက်နေကာ သူမကို တစ်လုတ်တည်းနှင့် မျိုချရန် ကြံစည်နေသည်။

မဟုတ်ဘူး... သူ သူမကို ရေနစ်အောင် လုပ်ချင်နေတာ...

ကြောက်ရွံ့မှုမျာ သူမကို လွှမ်းမိုးထားသဖြင့် ထောင်ချောက်ထဲ ပိတ်မိနေသော သားကောင်တစ်ကောင်ကဲ့သို့ အသက်လုကာ မိုးထဲရေထဲတွင် ရူးသွပ်စွာ ပြေးလွှားနေမိတော့သည်။

ချီယွီက သူ့ကို တစ်ပါးသူ မြင်သွားမည်ကို မလိုလားသည့်အပြင် အဝတ်အစား ဖရိုဖရဲဖြစ်နေသော မိန်းမပျိုလေးတစ်ဦးကို ဗြောင်ကျကျ ကူညီပေးရန်လည်း မသင့်တော်ပေ။

ထို့ကြောင့် သူသည် ကုဟွား၏နောက်မှ ပုံမှန်ခြေလှမ်းများဖြင့် တိတ်တဆိတ် လိုက်ပါလာခဲ့သည်။

သူမ ပြေးနေသည့် အရှိန်ကို ကြည့်ရင်း သူ မအံ့ဩဘဲ မနေနိုင်တော့ပေ။ ခြေထောက်တိုတိုလေးများဖြင့် ဤမျှမြန်မြန်ပြေးနိုင်သည်လားဟု သူ တွေးမိကာ အံ့သြမိရသည်။

ကုဝမ်ရုသည် မျက်ရည်များကြားမှ ယန်ကျစ်၏ ဖေးမမှုဖြင့် မတ်တပ်ရပ်နေသော မုအန်းကို ကြည့်ရင်း ကုဟွား ပြောခဲ့သည်မှာ မှန်ကန်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။

ကုဟွားသည် သူမခင်ပွန်း၏ အိပ်ယာနွေးစေသော အစေခံမလေး ဖြစ်လာ၍မဖြစ်ပေ။

၎င်းသည် ကုဟွား သခင်ကြီးထံ ချဉ်းကပ်ပြီး သူမကို ကူညီပေးနိုင်ရန် မဟုတ်ဘဲ သူမ၏ ခင်ပွန်းက ထိုကောင်မလေးအပေါ် ဤမျှအထိ ရူးသွပ်နေသောကြောင့် ဖြစ်သည်။

အကယ်၍ နောင်တစ်ချိန်တွင် ကုဟွားက သူ့နားထဲသို့ စကားအချို့ ကပ်ပြောလိုက်မည်ဆိုလျှင် ကုဝမ်ရုအနေဖြင့် တရားဝင်ဇနီးနေရာကို ဆက်လက် ထိန်းထားနိုင်ပါတော့မည်လော။

မျက်နှာသာပေးခံရတဲ့ ကိုယ်လုပ်တော်က တရားဝင်ဇနီးကို ဒုက္ခပေးခြင်း...

ဤစကားကို ကုဟွား ပြောဖူးသည်။

ကုဝမ်ရုသည် ရင်ထဲတွင် ထိတ်လန့်သွားရ၏။ သူမ စိတ်ကို ခိုင်ခိုင်ထားကာ စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်ပြီး ရှေ့သို့ ဖြည်းညင်းစွာ တိုးသွားကာ တိုးတိုးလေး ခေါ်လိုက်သည်။

“ခင်ပွန်း...”

မုအန်းက နောက်ပြန်လှည့်ကာ ကုဝမ်ရု၏ အင်္ကျီလည်ပင်းကို ဆွဲဖမ်းလိုက်သည်။

သူ၏ မျက်နှာတွင် ရန်လိုမှုများဖြင့် ပြည့်နှက်နေကာ ကြောက်မက်ဖွယ် ကောင်းလှ၏။

“အဲဒီမိန်းမပျက်ကို အထက်တန်းကျတဲ့ နေရာကို တက်လှမ်းဖို့ မင်းပဲ ပြောခဲ့တာမလား... မင်း ငါ့ကို တမင်တကာ ဆန့်ကျင်ပြီး စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်နေတာမလား...”

ကုဝမ်ရု အလွန်အမင်း ထိတ်လန့်သွားကာ မုအန်း၏ လက်ကို အတင်းဆွဲဖယ်ရန် ကြိုးစားပြီး ငိုသံပါပါဖြင့် တုန်တုန်ယင်ယင် ပြောရှာသည်။

“ခင်ပွန်း... ကျေးဇူးပြုပြီး ဒီလို မလုပ်ပါနဲ့... ကျွန်မမှာ ခင်ပွန်းရဲ့ ရင်သွေးလေး ရှိနေတာလေ... ခင်ပွန်းက ကျွန်မကို ကြောက်အောင် လုပ်နေတာပဲ”

ယန်ကျစ် သူမ၏ ဒဏ်ရာရထားသော လက်ကိုပင် ဂရုမစိုက်နိုင်ဘဲ မုအန်း၏ လက်ကို အတင်းဆွဲဖြုတ်ရန် ကြိုးစားရင်း ပျာပျာသလဲ အော်ဟစ်တော့သည်။

“သခင်လေး... သခင်လေး... သခင်မလေးကို အမြန်လွှတ်ပေးပါဦး... အဲဒီအပျက်မက သခင်ကြီးကို သူ့ဘာသာသူ မြှူဆွယ်ခဲ့တာပါ...သခင်မလေးနဲ့ ဘာမှမဆိုင်ပါဘူး...”

မုအန်း၏ မျက်လုံးများမှာ ယုတ်မာရက်စက်မှုတို့ကြောင့် နီရဲလာသည်။

သူသည် ကုဝမ်ရုကို မကာ အပြင်ဘက် မိုးရေထဲသို့ လွှင့်ပစ်လိုက်၏။

အခြား လက်တစ်ဖက်ဖြင့် ယန်ကျစ်၏ လက်မောင်းကို ဆွဲကာ အခန်းထဲသို့ အတင်းဆွဲသွင်းသွားတော့သည်။

ယန်ကျစ် အလွန်အမင်း ထိတ်လန့်သွားပြီး အော်ဟစ်ငိုယိုတော့သည်။

“သခင်လေး... သခင်လေး... ကျွန်မကို လွှတ်ပေးပါ... ကယ်ကြပါဦး...သခင်မလေး ကယ်ပါဦး...”

ကျင်းခွေ့ ထိတ်လန့်သွားရကာ သူတို့ကို ဆွဲဖယ်ရန် အမြန်သွားတော့သည်။

“သခင်လေး... သခင်လေး... ယန်ကျစ်က စေ့စပ်ထားပြီးသားပါ... သူ အိမ်တော်ကနေထွက်ပြီး လက်ထပ်တော့မှာလေ... အား...”

မုအန်းက ကျင်းခွေ့ကို မိုးရေထဲသို့ ရောက်အောင် အားဖြင့် ကန်ထုတ်လိုက်သည်။

တံခါးသည် ပွင့်လျက်သား ကျန်နေခဲ့ပြီး သူ ယန်ကျစ်ကို အတင်းဆွဲခေါ်သွားကာ ကုဝမ်ရု၏ ကုတင်ကြီးပေါ်သို့ ပစ်တင်လိုက်တော့သည်။

ယန်ကျစ်၏ ကြေကွဲဖွယ် အော်ဟစ်ငိုယိုသံများ၊ အဝတ်အစား ဆွဲဖြဲသံများ၊ မိုးခြိမ်းသံနှင့် မိုးစက်ကျသံများမှာ ရောပြွမ်းသွားတော့သည်။

ကုဝမ်ရုသည် မိုးရေထဲတွင် မြေပြင်ပေါ်၌ လဲကျနေဆဲ ဖြစ်သည်။

သူမ၏ ဒူးခေါင်းသည် အလွန်အမင်း နာကျင်နေသဖြင့် အချိန်အတန်ကြာအောင် ထမရဘဲ ဖြစ်နေသည်။

သူမသည် ရူးသွပ်နေသော ခင်ပွန်းနှင့် ရုန်းကန်နေသော အစေခံမလေးကို ကြောင်ကြည့်နေမိ၏။

ကျင်းခွေ့သည် နောက်ဆုံး၌ ကုဝမ်ရုကို ထူပေးရန် သတိရသွားသည်။

သူမက ငိုယိုရင်း ပြောလာသည်။

“သခင်မလေး... သခင်လေးကို အမြန်တားပေးပါဦး... ဒီလိုဆိုရင် ယန်ကျစ်က နောင်ကျရင် ဘယ်လိုလုပ် လက်ထပ်နိုင်တော့မှာလဲ...”

ကုဝမ်ရုသည် နှုတ်ခမ်းကို တင်းတင်းစေ့ထား၏။

သူမ၏ ကိုယ်ပိုင်ကုတင်ပေါ်တွင် အစေခံမလေးကို ဖိနှိပ်ကာ သားရဲကောင်ကဲ့သို့ ပြုမူနေသော ခင်ပွန်းသည်ကို ကြည့်နေသည့် သူမ မျက်ဝန်းများတွင် ရက်စက်သော အရိပ်ယောင်များ ပေါ်လာခဲ့သည်။

“သခင်မလေး...”

ကျင်းခွေ့သည် သခင်မလေးနှင့် သခင်လေးတို့ ဤကဲ့သို့ ဖြစ်ပျက်နေသည်ကို တစ်ခါမျှ မမြင်ခဲ့ဖူးပေ။

ကုဝမ်ရု တံခါးဆီသို့ ဖြည်းညင်းစွာ လျှောက်သွားပြီး တံခါးကို ပိတ်လိုက်သည်။

အခန်းတွင်းမှ ကြေကွဲဖွယ် ငိုယိုသံများနှင့် သားရဲဆန်သော ဆန္ဒကို ထုတ်ဖော်နေသည့် အမျိုးသားတစ်ဦး၏ ဟိန်းဟောက်သံများ ထွက်ပေါ်နေ၏။

ကုဝမ်ရုသည် ရုပ်ဆိုးလှသော မျက်နှာထားဖြင့် တံခါးကို စိုက်ကြည့်နေသည်။

ထို့နောက် ရုတ်တရက် သူမသည် ပါးစပ်ကို ဖွင့်ကာ ပြုံးလိုက်တော့သည်။

ကျင်းခွေ့က အလွန်ကြောက်လန့်သွားသဖြင့် အသံပင် မထွက်ရဲတော့ပေ။

“ငါ့ကို နင့်အခန်းဆီ ကူတွဲပေးပါဦး... ပြီးရင် အိမ်တော်သမားတော်ကို သွားခေါ်ပေး... ငါ့ဗိုက်က နာနေလို့...”

ကုဝမ်ရုသည် သူမ ဝမ်းဗိုက်ကို ဖိကိုင်ထား၏။

သူမ၏ မျက်နှာက ဖြူလျော်နေပြီး ပင်မဆောင်အတွင်းမှ ထွက်ပေါ်နေသော အသံများကို မကြားမိစေရန် နှုတ်ခမ်းကို တင်းတင်းစေ့ထားရသည်။

မြို့စားအိမ်တော်၏ ပထမဦးဆုံးသော တရားဝင်မြေးဦးရတနာကို မည်သည့် အကြောင်းရင်းနှင့်မျှ အထိအခိုက် အပျက်အစီး မခံနိုင်ပေ။

ကျင်းခွေ့သည် ယန်ကျစ်ကို ဂရုစိုက်နေရန် အချိန်မရှိတော့ဘဲ ကုဝမ်ရုကို သူမ အခန်းဆီသို့ ကူတွဲပေးပြီးနောက် မိုးထဲလေထဲသို့ အမြန်ပြေးထွက်ကာ သမားတော်ကို သွားရှာတော့သည်။

…

လေပြင်းနှင့် မိုးစက်များကြားတွင် အိမ်တော်ရှိ အစေခံများက မိုးခိုရန် သူတို့၏ အခန်းများအတွင်းသို့ အသီးသီး ဝင်ရောက်သွားကြသည်။

အတွင်းအဝတ်အစားသာ ဝတ်ဆင်ထားပြီး ခြေဗလာဖြင့် ဝမ်ဟန်ရွှမ်ဆီသို့ အသည်းအသန် ပြေးလွှားနေသော မိန်းမပျိုလေးကို မည်သူမျှ မမြင်လိုက်ကြပေ။

သူမနောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာသော ချီယွီသည် လေထဲသို့ လက်ဟန်ခြေဟန်တစ်ခု ပြလိုက်၏။

ထိုအခါ အရိပ်အယောင်အချို့သည် အရိပ်များကြားမှ ဖြတ်သန်းသွားကာ ရှေ့လမ်းကြောင်းကို အမြန်ပင် ရှင်းလင်းပေးလိုက်ကြသည်။

All Chapters