← Chapters

အခန်း ၃၉

Vol. 4 Ch. 39

အခန်း ၃၉

Vol. 4 Ch. 39

အခန်း(၃၉)

ယခု အရက်မမူးဘဲ သူမ သတိကောင်းကောင်း ရှိနေချိန်၌ ကြောက်မက်ဖွယ်ကောင်းလှသည်ဟု နာမည်ကြီးသည့်အပြင် သတိအပြည့်ရှိနေသော ယုံမြို့စားကြီးကို ရင်ဆိုင်ရင်း မည်မျှအထိ ဆက်လက်လုပ်ဆောင်နိုင်မည်ကို မုကျွင်းယန် အမှန်တကယ် သိချင်မိသည်။

မိန်းမပျိုလေးက ငယ်ရွယ်လွန်းသဖြင့် သူမ ဆွဲဆောင်မှုက နုနယ်လှပြီး စကားပြောချင်သော်လည်း တုံ့ဆိုင်းနေသည့် ပုံစံမျိုး ဖြစ်နေ၏။

မုကျွင်းယန် လက်မြှောက်၍ သူမ၏ ကျောက်စိမ်းကဲ့သို့ လှပကျော့ရှင်းသော လည်တိုင်တစ်လျှောက်ကို လက်ချောင်းများဖြင့် အသာအယာ ပွတ်သပ်လိုက်၏။

ပူလောင်ပြင်းပြနေသည့် လက်ချောင်းသည် ကျောရိုးတစ်လျှောက် ပွတ်ဆွဲသွားကာ အောက်သို့ ဖြည်းညင်းစွာ လျှောဆင်းသွားခဲ့သည်။

“မင်းက ငယ်ပါသေးတယ်...ငါကတော့ အသက်နှစ်ဆယ့်ရှစ်နှစ် ရှိနေပြီ... မင်းအတွက် အရမ်း ပင်ပန်းခက်ခဲလိမ့်မယ်”

ဤစကားလုံးများထဲ၌ လေးနက်သော အဓိပ္ပာယ်များ ကွယ်ဝှက်နေသည်။

သူ့လက်ချောင်းများ၏ ပွတ်သပ်ကျီဆယ်မှုများကြောင့် ကုဟွားတစ်ကိုယ်လုံး တုန်ယင်သွားရသည်။ မျက်နှာလေးတစ်ခုလုံး နီမြန်းသွားရပြီး မျက်ဝန်းအစုံတွင်လည်း ညှို့ဓာတ်ပြင်းသော ဆွဲဆောင်မှုများ ထွက်ပေါ်လာသည်။

“အမ်းးး... ဒီကိုယ်လုပ်တော်က ဖြည်းဖြည်းချင်း ကျင့်သားရသွားမှာပါ... သခင်ကြီးရဲ့ အသက်အရွယ်နဲ့ဆိုရင် အနားမှာ ပြုစုပေးမဲ့ အမျိုးသမီးတစ်ယောက် ရှိသင့်နေပါပြီ”

မိန်းမပျိုလေး၏ အနည်းငယ် အက်ရှနေသော အသံတိုးတိုးလေးက မုကျွင်းယန်၏ နှလုံးသားကို ငှက်မွှေးလေးဖြင့် ပွတ်သပ်ကျီစယ်လိုက်သကဲ့သို့ ယားကျိကျိဖြစ်သွားစေပြီး သူ့ ကိုယ်တွင်းမီးတောက်ကို ချက်ချင်း ဟုန်းခနဲ တောက်လောင်သွားစေသည်။

မုကျွင်းယန်က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်သည်။

“မင်းက ငါ့ကို အသက်ကြီးနေပြီလို့ ထင်နေတာလား”

ကုဟွား ခေါင်းကို အလောတကြီး ခါယမ်းလိုက်သည်။

“မဟုတ်ဘူး... မဟုတ်ပါဘူး...”

သူမက နှုတ်ခမ်းကို ကိုက်ထားရင်း စိတ်ရှုပ်ထွေးနေဟန်ဖြင့် ပြောလိုက်သည်။

“သခင်ကြီးကို အသက်ကြီးတယ်လို့ ထင်တာ မဟုတ်ပါဘူး... သခင်ကြီးက... အရမ်း အရမ်းကို သန်မာထွားကျိုင်းလွန်းလို့...ဒါကြောင့် ဒီကိုယ်လုပ်တော်အတွက် နည်းနည်း ပင်ပန်းခက်ခဲလိမ့်မယ်လို့ ထင်တာပါ”

မုကျွင်းယန်၏ လည်စေ့လေးက လှုပ်ရှားသွားရ၏။

“ဒါဆို ငါတို့ ဘာလုပ်ကြမလဲ”

ကုဟွား၏ နားရွက်လေးများက နီစွေးနေသည်။ သူမ၏ ဆွဲဆောင်မှုရှိသော မျက်ဝန်းများအတွင်း ပိုမို၍ ထပ်ပြောချင်နေသော အရိပ်အယောင်များ ပေါ်လွင်နေသည်။

“တကယ်လို့ ဒီကိုယ်လုပ်တော်က... စာကြည့်ဆောင်ကို နောက်ထပ် အကြိမ်နည်းနည်းလောက် ထပ်လာမယ်ဆိုရင်တော့... ကျွန်မ... ကျွန်မ... ကျင့်သားရသွားမှာပါ...”

မိန်းမပျိုလေး၏ အသံက တိုးညှင်းလွန်းလှပြီး ရိုးရှင်းသည့် စကားအနည်းငယ်က မုကျွင်းယန်၏ စိတ်ဆန္ဒများကို လုံးဝ လှုံ့ဆော်ပေးလိုက်သည့်အလား။

သူ မျက်လုံးများကို မှေးစင်းလိုက်၏။

လက်ချောင်းများက သူမ၏ ဖြူဖွေးနူးညံ့သော မျက်နှာလေးတစ်လျှောက် ပွတ်သပ်သွားပြီး စိုစွတ်နီရဲနေသော နှုတ်ခမ်းအစုံပေါ်တွင် ရပ်တန့်သွားကာ အသာအယာ ပွတ်သပ်လိုက်သည်။

သူ၏ အခြားလက်တစ်ဖက်ဖြင့် သူမ၏ ဆံထိုးကို ဆွဲဖြုတ်လိုက်ရာ သူမ၏ နက်မှောင်သော ဆံနွယ်များက ချက်ချင်းပင် ပြေလျော့ကျဆင်းသွားသည်။

“ဒီကိုလာခဲ့...”

သူ၏ နက်ရှိုင်းပြီး အက်ကွဲနေသော အသံအတွင်း အစွမ်းကုန် ဖိနှိပ်ထားရသည့် စိတ်ရိုင်းများ ပါဝင်နေသည်။

ကုဟွား၏ ရင်ထဲ၌ တုန်လှုပ်ချောက်ချားသွားရသည်။ သူမ နာခံစွာပင် သူ့ခြေထောက်များကို အမှီပြုရင်း သူ့ကိုယ်ပေါ်သို့ ဖြည်းညှင်းစွာ တက်သွားခဲ့သည်။

စာရေးခုံပေါ်ရှိ ဖယောင်းတိုင်က မငြိမ်းသတ်ရသေးချေ။

မုကျွင်းယန် အလင်းရောင်အောက်ရှိ အလှပဂေးလေးကို စိုက်ကြည့်နေမိသည်။ သူမက ဝေဝေဝါးဝါး အလင်းရောင်အောက်တွင် ပိုမို၍ တောက်ပနေကာ ချစ်စဖွယ် ကောင်းလွန်း၏။

ထိုမျှမက သူမသည် အလွန်အမင်းပင် နာခံတတ်လှသည်။ ထိတ်လန့်ကြောက်ရွံ့တတ်သော်လည်း သတ္တိရှိသည့်အပြင် သနားစဖွယ်ကောင်းလှသော မိန်းမပျိုလေးပင် ဖြစ်သည်။

မုကျွင်းယန်၏ လည်ချောင်းက မအောင့်နိုင်ဘဲ တင်းကျပ်သွားရတော့သည်။

သူ့လက်မောင်းများဖြင့် သူမအား ဆွဲဖက်ကာ သူမကိုယ်လုံးလေးကို နူးညံ့သော ညောင်စောင်းလေးပေါ်သို့ တင်လိုက်သည်။ ပူလောင်ပြင်းပြနေသည့် အနမ်းရိုင်းများက မိုးရွာသကဲ့သို့ ကျဆင်းလာပြီး သူမကို မူးဝေပြီး အသက်ရှူမဝဖြစ်သည်အထိ နမ်းရှိုက်ပြီးမှသာ လွှတ်ပေးလာခဲ့သည်။

ယနေ့ညတွင် ဤအမျိုးသားသည် အရက် လုံးဝ မသောက်ထားခဲ့ချေ။

ထိုအချိန်ကျမှသာ ကုဟွားတစ်ယောက် ကျားခံတွင်းသို့ ကျရောက်သွားရသော သိုးငယ်လေးတစ်ကောင်၏ ဘဝက မည်သို့ဖြစ်ကြောင်းနှင့် ကြမ်းတမ်းပြီး အားကောင်းခြင်းဟူသည် မည်မျှအထိဖြစ်ကြောင်း အမှန်တကယ်ပင် နားလည်သွားရသည်။

ဆောင်းဦးအစ အချိန်၏ ညဉ့်နက်သန်းခေါင်ယံတွင် အေးစက်သော လေပြင်းများ တိုက်ခတ်နေပြီဖြစ်သော်လည်း အခန်းတွင်း၌မူ ပူလောင်ပြင်းပြသော အငွေ့အသက်များဖြင့် လွှမ်းခြုံလျက် ရှိနေသည်။ ချွေးစက်များက ပူလောင်ပြင်းပြနေသော အရေပြားတစ်လျှောက် ပွတ်တိုက်ကာ ကျဆင်းသွားသည်။

တစ်ညလုံး လှုပ်ရှားပြီးနောက် ကုဟွားတစ်ယောက် လက်တစ်ချောင်းမျှပင် မလှုပ်ရှားချင်တော့ပေ။ သူမ အလွန်အမင်း မောပန်းနွမ်းနယ်နေသဖြင့် မျက်လုံးများပင် သေချာမဖွင့်နိုင်တော့ဘဲ ဝေဝေဝါးဝါးဖြင့် အိပ်ပျော်သွားသည်။

မုကျွင်းယန် သူ့ပခုံးပေါ်တွင် ဝတ်ရုံကို လွှမ်းခြုံလိုက်ပြီး တံခါးအပြင်ဘက်သို့ လှမ်းထွက်လာခဲ့၏။

ကြေးအင်တုံကို ကိုင်ဆောင်ကာ အပြင်ဘက်၌ စောင့်ဆိုင်းနေသော ကျိုးကျစ်လန် အခန်းထဲသို့ အမြန်ဝင်သွားခဲ့သည်။

ကျိုးကျစ်လန်က ဖယောင်းတိုင်မီးကို ထွန်းညှိလိုက်၏။ သူမသည် ညောင်စောင်းအတွင်းဘက်သို့ မျက်နှာမူလျင် ဘေးစောင်းလေး လှဲလျောင်းကာ အိပ်ပျော်နေသော မိန်းမပျိုလေးကို ရုတ်တရက် မြင်လိုက်ရသည်။ သူမ၏ နှင်းကဲ့သို့ ဖြူဖွေးနေသည့် ကျောပြင်လေးက ပေါ်လွင်နေပြီး လက်မောင်းများပေါ်ရှိ ထင်ရှားလှသော အမှတ်အသားများကြောင့် ကျိုးကျစ်လန်၏ မျက်နှာလေး ချက်ချင်းပင် နီမြန်းသွား၏။

စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း သခင်ကြီးက လူတစ်ယောက်ကို ဤမျှအထိ ပြင်းပြင်းထန်ထန် နှိပ်စက်ထားလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့မိချေ။

‘ဒီ နုနုနယ်နယ် မိန်းကလေးရဲ့ ခန္ဓာကိုယ်က ဘယ်လိုလုပ် ခံနိုင်ရည် ရှိပါ့မလဲလို့’

တံခါးအပြင်ဘက်၌

ချီယွီက အနားသို့ တိုးကပ်လာပြီး တိုးညှင်းစွာ သတင်းပို့လိုက်သည်။

“သခင်ကြီး... ဒီနေ့ညမှာ ကုအိမ်တော်ကနေ သခင်မလေးဆီကို ဖိတ်ကြားစာတစ်စောင် ပို့လာခဲ့ပါတယ်... မနက်ဖြန်ကျရင် ကုအိမ်တော်ရဲ့ ဒုတိယမမလေးကို အိမ်တော်အပြင်ဘက် ခေါ်ထုတ်လာခဲ့ဖို့ မှာကြားထားပါတယ်...”

မုကျွင်းယန်က မျက်မှောင်ကြုတ်လိုက်သည်။

“သူ့ကို ကုအိမ်တော်ဆီ ပြန်ခေါ်သွားမလို့လား...”

“မဟုတ်ပါဘူး... ယီချွန်း ပြည့်တန်ဆာအိမ်ကို ခေါ်သွားမလို့ပါ...”

မုကျွင်းယန် ခေါင်းကို ရုတ်တရက် လှည့်ကြည့်လိုက်၏။ သူ ချီယွီကို စူးစိုက်ကြည့်လိုက်ပြီး ပတ်ဝန်းကျင်ရှိ လေထုတစ်ခုလုံးက ချက်ချင်းပင် ရေခဲမတတ် အေးစက်သွားတော့သည်။

“သူ့ကို ရောင်းပစ်မလို့လား...”

ချီယွီ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ဆက်ပြောလာသည်။

“မဟုတ်ပါဘူး...သခင်လေးဆီကို ပေးအပ်ဖို့ပါ...”

မုကျွင်းယန်၏ မျက်နှာတစ်ခုလုံး မည်းမှောင်သွားရသည်။

ကျိုးကျစ်လန်က ကြေးအင်တုံကို ကိုင်လျက် အပြင်သို့ လှမ်းထွက်လာပြီး တိုးညှင်းစွာ မေးလိုက်၏။

“သခင်ကြီး... မမလေးကို ယာယွင်ဆောင်ဆီ ပြန်ပို့ပေးရမလားဟင်...”

“ဆေးရည် ပြင်ဆင်လိုက်ပါ...”

မုကျွင်းယန်က ကိုယ်ကိုလှည့်၍ အခန်းထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။

ကျိုးကျစ်လန် ပါးစပ်အဟောင်းသား ဖြစ်သွားရပြီးနောက် ချီယွီကို တစ်ချက် လှမ်းကြည့်လိုက်မိသည်။

ချီယွီကလည်း လှည့်ထွက်သွားသည်။

ဤသည်က သူ့ကိစ္စမဟုတ်ပေ။

ကျိုးကျစ်လန် သက်ပြင်းတစ်ချက်ကို အသာချလိုက်ရင်း ဆေးရည် သွားရောက်ပြင်ဆင်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ချေ။

ကုဟွား၏ မျက်နှာတစ်ခုလုံး နီရဲနေသော်လည်း နံရံဘက်သို့ မျက်နှာမူထားသည့် ပုံစံအတိုင်း ဆက်လက်နေနေမိသည်။

မုကျွင်းယန် ကျိုးကျစ်လန်ကို အထဲခေါ်ပြီး သူမကို ရေပတ်တိုက်ပေးလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့မိချေ။

သူမ ရှက်လွန်းသဖြင့် မြေကြီးထဲ၌ ကျင်းတူးပြီးသာ ပုန်းနေချင်စိတ်ပေါက်သွားရသည်။

ထို့ကြောင့် အိပ်ပျော်ချင်ယောင်ဆောင်ကာ ကျိုးကျစ်လန်ကို သူမအလုပ် သူမ လုပ်ပါစေဟုသာ လွှတ်ထားလိုက်ရသည်။

လေးလံပြီး အားပါလှသော ခြေသံများ အနားသို့ တိုးကပ်လာသည်ကို ကြားလိုက်ရသောအခါ သူမ၏ မျက်တောင်လေးများ လှုပ်ခတ်သွားသော်လည်း ဆက်လက်၍ အိပ်ပျော်ချင်ယောင်ဆောင်နေလိုက်သည်။

မုကျွင်းယန် သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အမှတ်အသားများကို ကြည့်ရင်း မျက်ဝန်းများ အနည်းငယ် ပိုမိုနက်မှောင်သွားခဲ့သည်။

နောက်တစ်ကြိမ်၌ သူ ပိုပြီး နူးညံ့ပေးရန် လိုအပ်လိမ့်မည်။

မိန်းကလေး၏ အသားအရေက အလွန်နူးညံ့လွန်းလှသဖြင့် အနည်းငယ် ထိတွေ့ရုံမျှဖြင့် နီရဲသွားတတ်၏။

သူမ ကျောပြင်လေးက အနည်းငယ် လှုပ်ရှားနေပြီး ပခုံးအနေအထားက အနည်းငယ် တောင့်တင်းနေသည်ကို သူ သတိပြုမိလိုက်သည်။

သူမ အိပ်ပျော်ချင်ယောင်ဆောင်နေခြင်း ဖြစ်၏။

မုကျွင်းယန် သူမဆီသို့ ငုံ့မိုး၍ လက်တစ်ဖက်ဖြင့် ခန္ဓာကိုယ်ကို ထောက်ထားလိုက်သည်။

သူမ၏ ကျောပြင်အား ဖက်ထားသော အခြားလက်တစ်ဖက်ဖြင့် သူမ၏ မေးဖျားအား မော့လာစေပြီး မျက်နှာလေးကို သူ့ဘက်သို့ အသာအယာ ဆွဲလှည့်လိုက်၏။ ပြီးနောက် သူမ၏ နားရွက်ဖျားလေးကို ငုံ့ကိုက်လိုက်သည်။

“အာ့...”

ကုဟွားက အသံတိုးတိုးလေးဖြင့် အော်လိုက်ပြီး သူ့ကို မျက်စောင်းတစ်ချက်ထိုးကာ ကြည့်လာသည်။

‘သူက ခွေးနှစ်ဖွားများလား’

“ကိုယ့်ကို မျက်စောင်းထိုးပြီး ကြည့်ရဲတယ်ပေါ့လေ”

မုကျွင်းယန်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားပြီး အပြုံးရိပ်လေးတစ်ခုပင် ထွက်ပေါ်လာသည်။

ဤသည်မှာ မိန်းမပျိုလေးက သူ့ကို ဒုတိယအကြိမ်မြောက် မျက်စောင်းထိုးခြင်း ဖြစ်သည်။

‘လိမ္မာနာခံတတ်တဲ့ ကြောင်ကလေးမှာတောင် ချွန်ထက်နေတဲ့ လက်သည်းလေးတွေ ရှိနေတတ်သေးတာပဲ’

ကုဟွားက သူ့အပြုံးကြောင့် ရုတ်တရက် ကြောင်အမ်းသွားရကာ သူ့ကို ငေးမောကြည့်နေမိသည်။

အကြင်သူသည် အမှန်တကယ်ကို အလွန် ချောမောခန့်ညားလှသည်။

ဓားသွားကဲ့သို့ ထက်ရှနေသော မျက်ခုံးအစုံက နားထင်စပ်ဆီသို့ တည့်တည့် ပင့်တက်နေသည်။ မျက်ဝန်းများက နက်ရှိုင်းလှသော ရေကန်တစ်ခု၏ အေးစက်သော ရေပြင်ကဲ့သို့ နက်မှောင် လေးနက်ပြီး တောက်ပနေကာ လူတို့၏ နှလုံးသားကို ထိုးဖောက် မြင်နိုင်သကဲ့သို့ ခံစားရစေသည်။ နှာတံက တောင်တန်းတစ်ခုကဲ့သို့ ဖြောင့်စင်း မြင့်မားနေကာ အာဏာရှိသော အရှိန်အဝါကို

ပေးစွမ်းနေသည်။

ပုံမှန်ဆိုလျှင် ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါက ပြင်းထန်လွန်းလှသဖြင့် လူများက သူ၏ တကယ့်ရုပ်ရည်အစစ်အမှန်ကို သတိမပြုမိဘဲ ကျော်သွားတတ်ကြသည်။

“ကိုယ်က ကြည့်ကောင်းလို့လား”

မိန်းမပျိုလေး၏ မျက်ဝန်းထဲတွင် သူ့အပေါ် အံ့ဩချီးကျူးနေသည့် အကြည့်များကို မြင်တွေ့လိုက်ရသဖြင့် မုကျွင်းယန်၏ ရင်ထဲ၌ ထူးဆန်းစွာပင် ကျေနပ်မှုကို ခံစားလိုက်ရသည်။

ကုဟွား မျက်နှာလေး နီမြန်းသွားရကာ နှုတ်ခမ်းလေးကို စေ့ပိတ်ရင်း ပြုံးလိုက်မိသည်။ သူမ ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး ကျောက်စိမ်းကဲ့သို့ ဖြူစင်သွယ်လျနေသော လက်မောင်းလေးများကို ဆန့်တန်းကာ သူ၏ လည်တိုင်ကို သိုင်းဖက်လိုက်သည်။

“အမ်း... ဒီလောကမှာ သခင်ကြီးထက် ပိုပြီး ကြည့်လို့ကောင်းတဲ့ အမျိုးသား မရှိတော့ပါဘူး”

မုကျွင်းယန် ထပ်မံ၍ ပြုံးလိုက်မိသည်။

သူ သူမ၏ လှပသော နှာခေါင်းလေးကို အသာအယာ ဆွဲညှစ်လိုက်ရင်း မေးလိုက်၏။

“ဒါကလည်း မင်းရဲ့ ကိုယ်လုပ်တော်အမေက သင်ပေးထားတဲ့ အမျိုးသားတွေကို မြှူဆွယ်တဲ့ နေရာမှာသုံးတဲ့ ယောက်ျားချော့နည်းတစ်မျိုးလား”

ကုဟွား၏ အပြုံးများက တောင့်တင်းသွားပြီး မျက်နှာထားကလည်း အနည်းငယ် ပြောင်းလဲသွားကာ သူ၏ လည်တိုင်ကို သိုင်းဖက်ထားသော လက်မောင်းများကို ပြန်လည် လွှတ်ချလိုက်သည်။

မုကျွင်းယန်ကသူမအနေဖြင့် ကိုယ်လုပ်တော်ပိုင်အကြောင်းကို မပြောချင်မှန်း သိလိုက်ရသည်။

‘ဘာပဲဖြစ်ဖြစ် သူ့ရင်ထဲမှာတော့ ကိုယ်လုပ်တော်ပိုင်က မွေးမိခင်အရင်းပဲဟာ’

အကယ်၍ မွေးမိခင်က သမီးဖြစ်သူ၏ဘဝကို သူမလက်နှင့် ကိုယ်တိုင် ဖျက်ဆီးခဲ့သည်ဆိုလျှင် သူမအနေနှင့် ဘယ်လိုလုပ်ပြီး နာကျည်းမှုမရှိဘဲ နေနိုင်ပါမည်နည်း။

“သခင်ကြီး ဒီကိုယ်လုပ်တော်ကို ထခွင့်ပေးပါဦး”

ကုဟွား သူ့ကို တွန်းထုတ်လိုက်သည်။

“မင်း ကုဝမ်ရုကို သိစေချင်လား”

မုကျွင်းယန်က ရုတ်တရက် မေးလိုက်၏။

ကုဟွား ကြောင်အမ်းသွားရသည်။

မုကျွင်းယန်၏ မျက်နှာထားကို ကြည့်ရသည်မှာ သူက သူမ၏ သဘောထားအမြင်ကို အမှန်တကယ် သိချင်၍ မေးမြန်းနေခြင်း ဖြစ်သည်။

All Chapters