← Chapters

အခန်း ၄၀

Vol. 4 Ch. 40

အခန်း ၄၀

Vol. 4 Ch. 40

အခန်း(၄၀)

ကုဟွား ညင်သာစွာ ပြောလိုက်၏။

“ဒီကိုယ်လုပ်တော်က အစ်မနဲ့ ကိုယ်လုပ်တော်ပိုင်တို့ကို သိစေချင်ပါတယ်...ဒါမှ သူတို့တွေ နောက်ထပ် မကောင်းတဲ့ အကြံအစည်တွေ ထပ်မကြံစည်ရဲတော့မှာ... ဒါပေမဲ့...ကျွန်မ တောင်းဆိုပါတယ်... သခင်ကြီးအနေနဲ့ လူအများကြီးကိုတော့ မသိပါစေနဲ့နော်...ဟုတ်ပြီလား...ဘာပဲဖြစ်ဖြစ် သခင်ကြီးရဲ့အနားမှာ ရှိနေရမဲ့ ကျွန်မရဲ့ အဆင့်အတန်းက ကုအိမ်တော်ရဲ့ ဒုတိယ မမလေး အဖြစ်နဲ့ပဲ ရှိနေရမှာမလို့ပါ...”

မုကျွင်းယန်က သူမ၏ ခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးပြီး ဆိုလိုက်၏။

“ကောင်းပြီလေ...”

“သခင်ကြီး... ဆေးရည် ရပါပြီ...”

ကျိုးကျစ်လန်၏ အသံက အပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။

မုကျွင်းယန်က သူမကို ကြည့်ပြီး ပြောလိုက်၏။

“ဒါက ကိုယ်ဝန်တားဆေးရည်ပဲ...”

ကုဟွားက နာခံစွာ ခေါင်းညိတ်ပြလိုက်သည်။

“အမ်... ဒီကိုယ်လုပ်တော်က သွားသောက်လိုက်ပါ့မယ်...”

မုကျွင်းယန်က ဘေးသို့ အနည်းငယ် ဖယ်ပေးကာ နူးညံ့သော ညောင်စောင်းနောက်မှီ သို့ မှီလိုက်၏။ သူသည် ကြိုးတစ်ဖက် ပြတ်နေသော အတွင်းခံအင်္ကျီလေးကို လက်ဖြင့်ဆွဲကိုင်ရင်း ရှက်လွန်းသဖြင့် မျက်နှာလေးတစ်ခုလုံး နီရဲနေသော သူမကို စိုက်ကြည့်နေမိသည်။

“ဆေးရည်ကို တံခါးဝမှာပဲ ထားခဲ့လိုက်ပါ...ပြီးရင် မင်း သွားလို့ရပြီ...”

မုကျွင်းယန်က အမိန့်ပေးလိုက်၏။

“ဟုတ်ကဲ့ပါ...”

ကျိုးကျစ်လန်က ပြန်လည်ဖြေကြားလိုက်ပြီး သူမ၏ ခြေသံများက တဖြည်းဖြည်း ဝေးကွာသွားခဲ့သည်။

ကုဟွား သက်ပြင်းတစ်ချက်ကို အသာချလိုက်မိ၏။

သူမ၏ ခန္ဓာကိုယ်ကို ဝတ်ရုံကြီးဖြင့် ပတ်ထားလိုက်ပြီးနောက် တံခါးဝသို့ လှမ်းသွားကာ တံခါးကို အဟသေးသေးလေး အသာအယာ ဟလိုက်၏။ မြေပြင်ပေါ်၌ ချထားသော ဆေးရည်ပန်းကန်ကို မြင်လိုက်ရသည့်အခါ သူမက ဒူးထောက်ထိုင်ချလိုက်ပြီး လက်လှမ်း၍ အထဲသို့ ယူဆောင်လာခဲ့၏။

သူမက တုံ့ဆိုင်းခြင်းမရှိဘဲ ထိုဆေးရည်များကို တစ်ငုံတည်းဖြင့် အကုန်မော့သောက်လိုက်သည်။

သူမ လှည့်ကြည့်လိုက်သောအခါ မုကျွင်းယန်က သူမကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသသည်။ ကုဟွား မျက်နှာလေးက အနည်းငယ် ပြန်လည်နီရဲလာကာ ခြေလှမ်းသေးသေးလေးများဖြင့် အနားသို့ တိုးကပ်လာခဲ့သည်။

“သခင်ကြီး... အိပ်ဆောင်ကို ပြန်ပြီး မနားတော့ဘူးလားဟင်...”

မုကျွင်းယန်က လက်လှမ်းလိုက်ပြီး သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ဝတ်ရုံကြီးကို ဆွဲချွတ်လိုက်ကာ လက်တစ်ဖက်ဖြင့် သူမ ကိုယ်လုံးလေးကို ပွေ့ချီ၍ သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်တော့သည်။

“ကိုယ် မင်းနဲ့အတူတူ အိပ်မှာ...”

ကုဟွား၏ နှလုံခုန်သံများက မြန်ဆန်နေ၏။ သူမက သူ၏ ကျယ်ပြန့်ပြီး နွေးထွေးလှသော ရင်ခွင်ကျယ်ကြီးထဲတွင် လိမ္မာသိတတ်စွာ မှီတွယ်ရင်း သူ၏ ခပ်ပြင်းပြင်း နှလုံးခုန်သံများကို နားစွင့်နေမိကာ တစ်ချက်မျှပင် မလှုပ်ရှားရဲချေ။

တကယ်ပင် အလွန်အမင်း မောပန်းနွမ်းနယ်နေခဲ့ရသဖြင့် မကြာမီအချိန်၌ သူမ နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့ရသည်။

…

နောက်တစ်နေ့ မနက် မောင်နာရီ (နံနက် ၆ နာရီ တိတိ) တွင်...

မနေ့ညက ကုအိမ်တော်မှ ပေးပို့လာသော ဖိတ်ကြားစာကို ကိုင်ဆောင်ထားရင်း ကုဝမ်ရုက မေးလိုက်၏။

“အဖေ မနေ့ညက အိမ်တော်ကို ပြန်လာခဲ့တယ်ဆိုတာ တကယ် သေချာရဲ့လား...”

ကျင်းခွေ့က ခေါင်းညိတ်ပြလိုက်သည်။

“သေချာပါတယ်... ဒါပေမဲ့ သခင်ကြီးက မနေ့ညက စာကြည့်ဆောင်ထဲကို ဝင်သွားပြီးတော့ ပြန်ထွက်မလာတော့ဘူးလို့ ထင်ရပါတယ်... အခုအထိ အထဲမှာ ရှိနေသေးလားတော့ မသိရပါဘူး...”

ကုဝမ်ရု အတိုင်းထက်အလွန် ဝမ်းမြောက်သွားရ၏။

“အဖေက ညဉ့်နက်တဲ့အထိ အလုပ်တွေ ကြိုးစားပန်းစား လုပ်နေခဲ့တာပဲ... ဒါက ငါ သွားရောက်ပြီး ဂါရဝပြုဖို့နဲ့ အာဟာရဖြစ်စေမဲ့ စွပ်ပြုတ်ပူပူလေး သွားပို့ပေးဖို့အတွက် အကောင်းဆုံး အချိန်ပဲ... အဲဒီအချိန်ကျမှ ကုအိမ်တော်က ကုဟွားကို ပြန်လာခိုင်းနေတဲ့အကြောင်းကို ပေါ့ပေါ့ပါးပါးလေး ထည့်ပြောလိုက်ရင် အဖေ့ဘက်ကလည်း အရေးတယူနဲ့ လိုက်ပြီး စုံစမ်းနေတော့မှာ မဟုတ်ဘူး...”

ကျင်းခွေ့ ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

“အရမ်း မစောလွန်းဘူးလားဟင်... နေတောင် မထွက်သေးဘူးလေ...”

“ယောက္ခမကြီးက တစ်ညလုံး အိပ်မထားရသေးတော့ ဒီအချိန်က အပင်ပန်းဆုံး အချိန်ပဲ... ဒီထက် နောက်ကျသွားရင် သူ ညီလာခံတက်ဖို့ သွားရတော့မှာ... ငါ့ရဲ့ မီးဖိုချောင်လေးထဲမှာ အဆင်သင့် ပြင်ထားတဲ့ ကြက်စွပ်ပြုတ် ရှိတယ်မလား... အဲဒါကို ပန်းကန်လုံးထဲ ထည့်ပြီး အမြန် ယူလာခဲ့စမ်း...”

ကုဝမ်ရုက အဝတ်အစားဘီဒိုဆီသို့ သွားကာ ထည်ဝါပြီး တင့်တယ်သော အဝတ်အစားတစ်ထည်ကို ရွေးချယ်ဝတ်ဆင်လိုက်၏။

သူမ အားလုံးပြင်ဆင်ပြီးသည်နှင့်တစ်ပြိုင်နက် ကျင့်ခွေ့ကို ခေါ်ဆောင်ကာ ကွမ်းရှန်းဆောင်သို့ အလျင်အမြန် လှမ်းလာခဲ့တော့သည်။

အချိန်က စောလွန်းလှသဖြင့် ဝမ်ဟန်ရွှမ်၏ တံခါးမကြီးက ပွင့်မနေသေးချေ။ ကုဝမ်ရု ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုလိုက်သောအခါ စာကြည့်ခန်းရှိရာ ကွမ်းရှန်းဆောင်နှင့် နီးကပ်သော စင်္ကြံလမ်းပေါ်ရှိ တံခါးငယ်လေးက ပွင့်နေသည်ကို တွေ့လိုက်ရသဖြင့် ဘာမျှ အများကြီး မတွေးမိဘဲ အထဲသို့ တန်းပြီး ဝင်လာခဲ့သည်။

ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေပြီး အခြား အစေခံတစ်ဦးမျှပင် မတွေ့ရချေ။

ကုဝမ်ရု အလွန်အမင်း ကျေနပ်သွားရ၏။

အခုဆိုရင် ငါ့ရဲ့ သားသမီးဝတ္တရားအရ ရိုသေမှု ပြသဖို့အတွက်ကို ဘယ်သူကမှ လာတားဆီးနိုင်တော့မှာ မဟုတ်ဘူး...ဟုတ်တယ်မလား...

သူမက ခြေလှမ်းများကို ခပ်သွက်သွက် လှမ်းလိုက်၏။ ကွမ်းရှန်းဆောင်၏ တံခါးဝသို့ ရောက်ရှိလုနီးပါး ဖြစ်နေချိန်၌ လူရိပ်တစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး သူမအား ကျောပေးလျက် ရှေ့မှနေ၍ လမ်းကို ပိတ်ဆို့ထားလိုက်သည်။

“သခင်မလေး... ကျေးဇူးပြုပြီး ပြန်သွားပေးပါ...”

အေးစက်တည်တင်းလှသော အသံကြောင့် ကုဝမ်ရုက ထိတ်လန့်တုန်လှုပ်သွားရ၏။

သူက တကယ်ကို တစ္ဆေတစ်ကောင်လိုပဲ...

သို့သော် ဤလူက သူမ ယောက္ခထီးကို အနီးကပ် စောင့်ရှောက်ရသည့် ကိုယ်ရံတော်ဖြစ်မှန်း သိရှိထားသဖြင့် ကုဝမ်ရုအနေဖြင့် သဘာဝကျစွာပင် အပြုအမူ ကောင်းကောင်းဖြင့် ဆက်ဆံရမည်ဖြစ်သည်။

သူမက စိတ်ကိုပြန်ထိန်းပြီး ပြုံးလိုက်သည်။

“ငါက အဖေ့အတွက် အာဟာရဖြစ်စေမဲ့ စွပ်ပြုတ်လေး လာပို့ပေးတာပါ... ယောက္ခမကြီးက တစ်ညလုံး ကြိုးစားပန်းစား အလုပ်လုပ်ထားရတာ... ပြီးရင် ညီလာခံတက်ဖို့ သွားရဦးမှာလေ... ခန္ဓာကိုယ်နွေးထွေးသွားအောင် ကြက်စွပ်ပြုတ်ပူပူလေး တစ်ခွက်လောက် သောက်လိုက်ရင် ပိုပြီး နေလို့ထိုင်လို့ ကောင်းသွားမှာပါ”

ချီယွီ : “...”

သခင်ကြီးက တစ်ညလုံး ကြိုးစားပန်းစား လုပ်ဆောင်နေခဲ့တာတော့ အမှန်ပဲ...

ဒါပေမဲ့ သူက မင်းရဲ့ ကြက်စွပ်ပြုတ်ကိုတော့ လုံးဝ သောက်နိုင်မှာမဟုတ်ဘူး...

ချီယွီ အေးစက်စွာ ထပ်ပြောလိုက်သည်။

“သခင်မလေး... ကျေးဇူးပြုပြီး ပြန်လှည့်လိုက်ပါတော့...”

ကုဝမ်ရု ဒေါသထွက်လာရသည်။

အစေအပါး အဆင့်လောက်ပဲရှိတဲ့ အစောင့်တစ်ယောက်က ငါ့ရဲ့လမ်းကို ပိတ်ဆို့ရဲတယ်ပေါ့လေ...

သို့သော် သူမက အမြဲတမ်း သဘောထားကြီးမြတ်ပြီး စိတ်ထားကောင်းသူအဖြစ် ဟန်ဆောင်နေကျဖြစ်၍ ဒေါသကို အောင့်အီးထားလိုက်ရသည်။

“နင် ဘာလို့ အရင်ဆုံး သွားပြီး သတင်းမပို့ကြည့်တာလဲ... တကယ်လို့ အဖေက ငါ့ကို မတွေ့ချင်ဘူးဆိုမှ ငါ လှည့်ပြန်လည်း နောက်မကျသေးပါဘူး...”

လမ်းပိတ်ထားသော ထိုလူက သံမဏိမျှော်စင်ကြီးတစ်ခုကဲ့သို့ လုံးဝ မလှုပ်မယှက် ရပ်နေဆဲဖြစ်ကာ သူမကို စကားပင် ဆက်မပြောတော့ချေ။

ကုဝမ်ရု ဒေါသကို ဖိနှိပ်လိုက်သည်။

“ဒီကြက်စွပ်ပြုတ်က အဖေ့အတွက် အထူးတလည် တစ်ညလုံး တည်ထားတာပါ... အဖေ သောက်မသောက်ဆိုတာကို သူကိုယ်တိုင်ပဲ ဆုံးဖြတ်လိမ့်မယ်... နင် အထဲကိုဝင်ပြီး သွားမေးလိုက်စမ်း...”

ချီယွီလည်း စိတ်တိုလာရသည်။

“သခင်မလေးက လူစကားကို နားမလည်တာလား...”

ကုဝမ်ရု သူမ ဒေါသကို ဆက်လက်မထိန်းချုပ်နိုင်တော့ချေ။ သူမသည် မုအန်းကို ယနေ့ အိမ်တော်အပြင်ဘက်သို့ ထွက်သွားရန် စီစဉ်ခိုင်းထားပြီးဖြစ်ကာ သူ အပြည့်အဝ စိတ်ကျေနပ်စေရမည်ဟု ယန်ကျစ်မှတစ်ဆင့် သူ့နားထဲသို့ တိတ်တိတ်လေးပြောခိုင်းကာ ကတိပေးခိုင်းထားခဲ့ပြီး ဖြစ်သည်။

ထို့ကြောင့် သူမအနေဖြင့် ယနေ့တွင် ကုဟွားကို အိမ်တော်အပြင်ဘက်သို့ မဖြစ်မနေ ခေါ်ထုတ်သွားရမည် ဖြစ်၏။

ဂုဏ်သရေရှိ သခင်မလေးတစ်ဦးကို အစောင့်တစ်ယောက်က လက်ဖျားနှင့်ပင် တို့ထိရဲလိမ့်မည်မဟုတ်ဟု သူမက ယုံကြည်ထားသည်။

ကုဝမ်ရုက သူမ ဂါဝန်အနားစကို မပြီး ရှေ့သို့ လှမ်းလိုက်သည်။ သူမ လမ်းကို ပိတ်ဆို့ထားသော ကိုယ်ရံတော်က လှည့်လာပြီး အေးစက်စက်မျက်နှာပေးဖြင့် သူ၏ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်၏။

ဓား၏ တောက်ပပြီး အေးစက်လှသော အလင်းရောင်ကြောင့် ကုဝမ်ရု ထိတ်လန့်သွားရကာ ခြေလှမ်းများ တန့်သွားသည်။

ရုတ်တရက် အခန်းတွင်းမှ ထူးဆန်းသော အသံအချို့ ထွက်ပေါ်လာခဲ့သည်။

အမျိုးသမီးများအား လုံးဝ ဝင်ရောက်ခွင့်မပြုထားသော စာကြည့်ဆောင်ကြီးအတွင်းမှ နူးညံ့ချိူမြိန်လှသော အမျိုးသမီးအသံလေးတစ်သံ ထွက်ပေါ်လာခြင်းဖြစ်၏။

“သခင်ကြီး... ဒီကိုယ်လုပ်တော်မှာ အင်အားတွေ မကျန်တော့ပါဘူးရှင်... လွှတ်ပေးပါဦးလား... မိုးတောင် လင်းတော့မယ်လေ...”

သြဇာညောင်းပြီး နက်ရှိုင်းလှသော အမျိုးသားအသံကြီးက သူမ စကားကို ဖြတ်ပြောလိုက်သည်။

“လှည့်လိုက်... ကိုယ့်ကို လုပ်ခွင့်ပေးပါဦး...”

ကုဝမ်ရု မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရကာ တစ်ကိုယ်လုံး တောင့်တင်းသွားရသည်။

သူမ၏နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာသော ကျင်းခွေ့ကလည်း ထိတ်လန့်သွားမှုကြောင့် အစားအသောက်သေတ္တာလေးကိုပင် လက်ထဲမှ လွတ်ကျလုနီးပါး ဖြစ်သွားခဲ့ရ၏။ သူမက သေတ္တာကို ကျစ်ကျစ်ပါအောင် ပြန်ကိုင်လိုက်ရင်း နောက်သို့ ခြေလှမ်းနှစ်လှမ်း အမြန်ဆုတ်လိုက်မိသည်။

ယခုလိုအသံမျိုးက လုံးဝ ကြားမိလို့မဖြစ်ချေ...

ချီယွီ၏ မျက်နှာတစ်ခုလုံး မည်းမှောင်သွားရသည်။

အကယ်၍ သူက သခင်ကြီး၏ စိတ်ခံစားချက်ကို ဖျက်ဆီးလိုက်မိလျှင်...

သခင်ကြီးက ငါ့ကို ခုတ်ထစ်ပစ်လောက်တယ်...ဟုတ်တယ်မလား...

သူက ဆွဲထုတ်ထားသော ဓားကို ကိုင်ဆွဲလျက် ရှေ့သို့တစ်လှမ်းတိုးကာ လေသံကိုနှိမ့်၍ ပြတ်ပြတ်သားသား ပြောလိုက်၏။

“သခင်မလေး... ကျေးဇူးပြုပြီး ပြန်လှည့်လိုက်ပါတော့...”

ကုဝမ်ရု အလွန်အမင်း ထိတ်လန့်သွားရကာ နောက်သို့ ခြေလှမ်းများ ဆုတ်မိသွားသည်။ သူမ နောက်တွင် လှေကားထစ်များ ရှိနေသည်ကို မေ့လျော့သွားခဲ့သဖြင့် ခြေချော်ကာ အောက်သို့ လိမ့်ကျသွားသည်။ ကျင်းခွေ့ လန့်အော်လိုက်မိပြီး သေတ္တာကို အမြန်ချကာ သူမကို ဖမ်းထိန်းရန် ပြေးသွားခဲ့သည်။

သို့သော် အလောတကြီး ဖြစ်သွားမှုကြောင့် သေတ္တာကို မတော်တဆ ကန်မိသွားခဲ့သည်။ တစ်ညလုံး တည်ထားခဲ့သော ပူပူနွေးနွေး ကြက်စွပ်ပြုတ်များက မြေပြင်ပေါ်သို့ ဖိတ်စင်သွားပြီး ကုဝမ်ရု၏ ဖိနပ်ပေါ်သို့ လွင့်စင်သွားသည်။ နူးညံ့လှပသော ပန်းထိုးဖိနပ်လေးပေါ်၌ အပူရှိန်ကြောင့် အငွေ့များပင် ထွက်ပေါ်လာခဲ့၏။

သူမ၏ ခြေထောက်တစ်ဝက်ခန့်က အပူလောင်သွားခဲ့သော်လည်း ကုဝမ်ရုက မည်သည့်နာကျင်မှုကိုမျှ မခံစားရသကဲ့သို့ ရှိနေသည်။ သူမ သရဲတစ္ဆေတစ်ကောင်ကို မြင်တွေ့လိုက်ရသည့် ပုံစံမျိုးဖြင့် ကျင်းခွေ့ကို လှမ်း၍ ဖမ်းဆွဲလိုက်သည်။

“ခုနက မိန်းကလေးအသံက ကုဟွားရဲ့ အသံမလား...”

အရူးမှပဲ ဝန်ခံပေလိမ့်မည်။

ကျင်းခွေ့က လုံးဝဝေခွဲမရဖြစ်နေသည့် ပုံစံမျိုးဖြင့် ငြင်းဆိုလိုက်သည်။

“ဒီအစေခံကတော့ ဘယ်မိန်းကလေး အသံမှ မကြားမိပါဘူး...အခန်းထဲကနေ ဘာအသံမှ ထွက်မလာခဲ့ပါဘူး...”

ကုဝမ်ရု ခေါင်းခါယမ်းလိုက်၏။

မဟုတ်ဘူး... ငါ သေသေချာချာကို ကြားလိုက်ရတာ...

ဒါက ဘယ်လိုမှ နားကြားမှားတာ မဖြစ်နိုင်ဘူး...

“ဒါက သိသိသာသာကြီးကို...”

“သခင်မလေး... မင်း ဘာပဲကြားခဲ့ကြားခဲ့ မင်းရဲ့ ပါးစပ်ကို ပိတ်ထားဖို့ လိုလိမ့်မယ်... မဟုတ်ရင်တော့ နောက်တစ်ကြိမ် ဘယ်တော့မှ ပါးစပ်ထပ်ဖွင့်ဖို့ လိုတော့မှာ မဟုတ်ဘူး...”

All Chapters