← Chapters

အခန်း ၁၂၄

Vol. 13 Ch. 124

အခန်း ၁၂၄

Vol. 13 Ch. 124

အခန်း (၁၂၄)

လင်းယန်သည် ထိုစကားကို ကြားရပြီးနောက် များစွာ ပြောဆိုခြင်း မပြုတော့ဘဲ ချက်ချင်း လက်ခံလိုက်သည်။

ထိုသားငယ်နှစ်ကောင်သည် အလွန် ချစ်စဖွယ် ကောင်းလှသည်ဖြစ်ရာ သစ်တောဦးစီးဌာနသည်လည်း ထောက်ပံ့ကြေး ပေးအပ်သဖြင့် ထိုသားငယ်များ တောတောင်သဘာဝပတ်ဝန်းကျင်နှင့် အသားကျ၍ ကိုယ်တိုင် ရပ်တည်ရှင်သန်နိုင်သည့် အချိန်အထိ စောင့်ရှောက်ကျွေးမွေးရန် လိုလားသည်။

သို့သော် အဘယ်ကြောင့် ကျားမကြီးအား တောတောင်အတွင်းသို့ ပြန်လည် စေလွှတ်ရန် ရွေးချယ်ခဲ့ရသနည်း။

အကြောင်းမှာ ရိုးရှင်းလှ၏။ ကျားမကြီးသည် အရွယ်ရောက်ပြီးသော အရှေ့မြောက်ကျားတစ်ကောင် ဖြစ်သဖြင့် အိမ်၌ အစဉ်အမြဲ မွေးမြူထားရန် မဖြစ်နိုင်ပေ။

ထိုသို့ ပြုလုပ်ခြင်းသည် ကျားမကြီး၏ သက်တမ်းအား အမှန်တကယ် တိုတောင်းစေလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် လင်းယန်သည် ထောက်ပံ့ကြေး ရရှိရုံမျှဖြင့် ကျားမကြီးအား အတင်းအကျပ် ဆွဲထားခြင်း မပြုနိုင်ပေ။

တောတောင်လျှိုမြောင်များသည် ထိုတောရိုင်းတိရစ္ဆာန်များအတွက် အကောင်းဆုံးသော ကျက်စားရာနေရာ ဖြစ်၍ သူ၏ သီးခြားဆိတ်ငြိမ်သော အိမ်ဂေဟာလေး မဟုတ်သည်မှာ ဧကန်မလွဲ ဖြစ်သည်။

ကျားမကြီးသည် သူ၏ အိမ်ဝင်းအတွင်း၌ လှုပ်ရှားသွားလာသည့်အခါ တစ်စုံတစ်ခုကို မတော်တဆ တိုက်မိ၍ ပျက်စီးသွားမည်အား စိုးရိမ်သဖြင့် ပြင်းပြင်းထန်ထန် လှုပ်ရှားခြင်း မပြုဝံ့ကြောင်း လင်းယန် သတိပြုမိသည်။

ထိုသို့ ကျဉ်းမြောင်းသော နေရာ၌ ပိတ်လှောင်ခံထားရသဖြင့် ကျားမကြီးသည် အလွန် စိတ်မသက်မသာ ဖြစ်နေရှာလိမ့်မည်။

ထိုနေ့၌ သစ်တောဦးစီးဌာနမှ လူများသည် ကျားမကြီးအား လာရောက် ခေါ်ဆောင်သွားကြသည်။

သားငယ်နှစ်ကောင်သည် မိခင်ဖြစ်သူ ခေါ်ဆောင်ခြင်း ခံရသည်အား မြင်သောအခါ ၎င်းတို့၏ မျက်ဝန်းများတွင် မခွဲနိုင်မခွာရက်စရာ သံယောဇဉ်များ အရိပ်ထင်လျက် ရှိတော့သည်။

လင်းယန်သည် ထိုသားငယ်များအား အတန်ကြာအောင် ဖျောင်းဖျနှစ်သိမ့်ပေးရ၏။

“ကဲပါ... ကဲပါ... စိတ်မကောင်းမဖြစ်ကြပါနဲ့၊နောက်တန်ကြာရင် မင်းတို့ကို တောထဲက အမေ့ဆီ ခေါ်သွားပြီး တွေ့ပေးမယ် ဟုတ်ပြီလား၊ မင်းတို့ အရွယ်ရောက်လာတဲ့အခါကျရင်တော့ အမေနဲ့အတူ ထာဝရ နေရမှာပေါ့”

လင်းယန်၏ စကား ကြားရမှ ထိုကျားပေါက်စနှစ်ကောင်သည် အနည်းငယ် ပြန်လည် ရွှင်လန်းလာကြသည်။

အတန်ကြာ ပြုစုစောင့်ရှောက်ပြီးနောက် ဟန်ဟော့သည် မူလရုပ်သွင်အတိုင်း ပြန်လည် ကောင်းမွန်လာခဲ့ကာ လွန်ခဲ့သော ရက်အနည်းငယ်တွင် ပျားတုပ်ခံရသဖြင့် မျက်နှာပေါ်၌ စွဲထင်ကျန်ရစ်သော ညိုမည်းယောင်ကိုင်းမှုများမှာလည်း အစအနမျှ မရှိတော့ပေ။

ထို့ကြောင့် သူသည် ယခင်ကကဲ့သို့ ယုံကြည်မှုများ ပြန်လည် ပြည့်ဝလာကာ ကျောက်ကျောက်ထံသို့ သွားရောက်၍ အာရုံစိုက်ခံရစေရန် မကြာခဏ ဟိတ်ဟန်များထုတ်ပြတတ်လေသည်။

သို့သော် ကျောက်ကျောက်မှာမူ သူ့အား အလွန် ရွံရှာမုန်းတီးလျက် ရှိတော့သည်။

“လင်းယန်... လင်းယန်ရေ... အိမ်မှာ ရှိလားဗျို့”

အိမ်ရှေ့တံခါးပြင်ပမှ ရွာလူကြီး၏ အော်ခေါ်သံ ပေါ်ထွက်လာသည်။

လင်းယန်သည် အိမ်ဝင်တံခါးကို အလျင်အမြန် ဖွင့်ပေးလိုက်ကာ ဆိုသည်။

“ရွာလူကြီးပါလား... အထဲကို ကြွပါဦးခင်ဗျာ”

ရွာလူကြီးသည် ဆေးတံကို ခဲလျက်၊ အပေါ်အင်္ကျီကို ဝတ်ဆင်ထားကာ ရာသီဥတု အေးသဖြင့် ခေါင်းပေါ်၌ အစိမ်းရောင်ဦးထုပ် ဆောင်းထားပြီးလျှင် ကုလားထိုင်၌ မဆိုင်းမတွ ဝင်ထိုင်လိုက်သည်။

ရန်အာဟူသည် အကဲခတ် အလွန် တော်လှသည်ဖြစ်ရာ ရွာလူကြီးအတွက် ရေနွေးကြမ်း တစ်ခွက် ငှဲ့ပေးရင်း ဆို၏။

“ရာသီဥတုက တဖြည်းဖြည်း အေးလာပြီဆိုတော့ ရေနွေးပူပူလေး သောက်ရင်း စကားပြောကြတာပေါ့”

ရွာလူကြီးက ခေါင်းညိတ်ပြလျက် မေးသည်။

“မင်း ပြီးခဲ့တဲ့ ရက်ပိုင်းက ငါးသားပေါက် ဝယ်ချင်တယ်လို့ ပြောတယ်မလား၊ အဲဒီငါးသားပေါက်တွေကို မင်းရဲ့ လူလုပ်ရေကန်ထဲ လွှတ်မလို့လား”

လင်းယန်သည်ပြန်ဖြေ၏။

“ဟုတ်ကဲ့ခင်ဗျာ”

“မင်းရဲ့ ရေကန်က ဒီလောက်တောင် ကြီးတာကို ငါးသားပေါက် ပိဿာချိန် ခြောက်ဆယ် ပဲ ဝယ်မယ်ဆိုတာ သေချာလို့လား”

လင်းယန်သည် မိမိ၏ စိတ်ထဲတွင် ဝိဉာဉ်စမ်းရေ အနည်းငယ် ရှိရုံဖြင့် ငါးပိဿာ ခြောက်ဆယ်ဆိုသည်မှာ များကြောင်း တွေးနေမိ၏။

အကယ်၍ ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေကြောင်း ပြသရန်အတွက် ငါးသားပေါက် အနည်းငယ် မဝယ်မဖြစ် ဝယ်ယူရခြင်းသာ မဟုတ်ပါက သူ၏ ကိုယ်ပိုင်ရေကန်ထဲမှ ငါးအနည်းငယ်သည် လုံလောက်သည်။

“ကျွန်တော် ဒီလိုမျိုး လုပ်ဖူးတာ ဒါပထမဆုံးအကြိမ်မို့လို့ အောင်မြင်ပါ့မလားဆိုတာ မသေချာဘူးဗျ၊ အဲဒါကြောင့် အစမ်းသဘောမျိုးနဲ့ နည်းနည်းပဲ အရင်ဝယ်ပြီး စမ်းသပ်ကြည့်ချင်တာပါ၊ နောက်ပြီး ကျွန်တော်မွေးတဲ့ငါးတွေကို ကျွန်တော် တစ်ယောက်တည်းလည်း ကုန်အောင် စားနိုင်မှာ မဟုတ်ပါဘူး၊ ကျွန်တော့်ကန်ထဲမှာ ငါးတွေ ဘယ်လောက်တောင် ပေါများနေလဲဆိုတာ ရွာလူကြီးလည်း မြင်သားပဲဥစ္စာ၊ ကျွန်တော်က ငါးမွေးတာ ဝါသနာပါပုံရတယ်ဗျာ၊ ငါးသားပေါက် ပိဿာ ခြောက်ဆယ်ကနေ ငါးအကောင်ရေ သောင်းနဲ့ချီပြီး ဖြစ်အောင် မွေးပစ်လိုက်ဦးမယ်”

ထိုသို့ တစ်ဝက်နောက်ပြောင်လျက် ပြောဆိုလိုက်သော စကားကြောင့် ရွာလူကြီးသည် ဆွံ့အသွားသည်။

ထိုသူငယ်သည် အလေးအနက် ပြောဆိုနေခြင်း ဖြစ်ပုံရသည်။

ပြန်စဉ်းစားကြည့်ပါက လွန်ခဲ့သော ရက်ပိုင်းတွင် လင်းယန်သည် အိမ်တိုင်ရာရောက် ငါးများ လိုက်လံ ပေးဝေခဲ့ရာ ရွာထဲရှိ မည်သည့်အိမ်ကမျှ သူပေးသောငါးကို မရဘဲ မနေခဲ့ပေ။

ထိုသူငယ်သည် အမှန်တကယ် အံ့ဩဖွယ်ကောင်းသော ငါးမွေးမြူရေး ပညာရပ်များကို တတ်ကျွမ်းထားလေသလော။

“ကောင်းပြီလေ... မင်းမှာ ကိုယ်ပိုင် အတွေးအခေါ် ရှိတယ်ဆိုမှတော့ ငါလည်း ဘာမှ ထပ်မပြောတော့ပါဘူး၊ ငါးသားပေါက်မွေးမြူရေးစခန်းကိုတော့ ငါ မေးမြန်းပေးထားပြီးပြီ၊ ငါးသားပေါက် ပိဿာ ခြောက်ဆယ်အတွက် စရံငွေအနေနဲ့ ယွမ်ငါးရာ ပေးလိုက်ရင် ရပြီ”

ယေဘုယျအားဖြင့် ငါးမွေးမြူရေးစခန်းများမှ ငါးသားပေါက် ဝယ်ယူကြရာတွင် လူတိုင်းသည် ပိဿာချိန် ထောင်နှင့်ချီ၍ ဝယ်ယူလေ့ ရှိကြသဖြင့် လင်းယန်ကဲ့သို့ တစ်ကြိမ်လျှင် ပိဿာ ခြောက်ဆယ်မျှ ဝယ်ယူသူမျိုး တစ်ခါမျှ မကြားဖူးခဲ့ချေ။

လင်းယန်သည် ပြုံးလျက် ဖိတ်ခေါ်သည်။

“ဒါကတော့ ရွာလူကြီးရဲ့ ဩဇာအာဏာကြောင့်မို့လို့ပါဗျာ၊ ဒါမှမဟုတ်ရင် ဘယ်သူက ကျွန်တော့်ကို ငါးသားပေါက် ပိဿာ ခြောက်ဆယ်ပဲ ရောင်းပေးပါ့မလဲ၊ ဒါနဲ့ အတော်ပဲ... ဒီမနက် ဈေးကနေ ဟင်းသီးဟင်းရွက်တွေ ဝယ်လာတာ ရှိတာမို့လို့ ကျွန်တော့်ဆီမှာပဲ တစ်နပ်လောက် ဝင်စားသွားပါဦးလား”

ထိုစကားကို ကြားသောအခါ ရွာလူကြီး၏ မျက်ဝန်းများသည် ဝင်းပသွားကာ မဆိုင်းမတ သဘောတူလိုက်တော့သည်။

ထိုသူငယ်၏ လက်ရာမှာ အလွန်ကောင်းမွန်လှသဖြင့် မည်သူ ငြင်းပယ်နိုင်ပါအံ့နည်း။

သူ ချက်ပြုတ်သော ပဲပြားသည် တစ်ခုနှင့်တစ်ခု အရသာ မတူညီအောင် ထူးခြားလှသည်။

ရွာလူကြီးသည် အလကား ကျွေးမွေးသော ထမင်းတစ်နပ်အား စားသုံးရုံမျှမက လင်းယန် ကိုယ်တိုင် ချက်လုပ်ထားသော ဆန်အရက်ကို ဖလားကြီးဖြင့် အဝသောက်သုံးပြီးမှ ပြန်ထွက်သွားလေသည်။

ရွာလူကြီးသည် ဟန်ချက်မညီဘဲ ယိမ်းထိုးလျက် ရှိသည်ကို မြင်သောအခါ လင်းယန်သည် စိတ်မချသဖြင့် ရန်အာဟူအား လိုက်ပို့ဆောင်စေ၏။

“ရွာလူကြီးကို အိမ်အထိ ဘေးကင်းကင်းနဲ့ ရောက်အောင် သေချာ လိုက်ပို့ပေးလိုက်ပါဦး”

ရွာလူကြီးသည် လေချဉ်တက်လျက်၊ မျက်နှာတစ်ခုလုံးနီမြန်းကာ လေးလေးပင်ပင်ပြောသည်။

“မင်းရဲ့ အရက်က တကယ့်ကို ကောင်းလွန်းတယ် သူငယ်လေးရေ၊ မင်းရဲ့ အဒေါ်ကို မနက်ဖြန်ကျရင် လာဝယ်ခိုင်းလိုက်ဦးမယ်”

လင်းယန်သည် သက်ပြင်းချလျက် ပြုံးကာ ပြန်ပြောလိုက်၏။

“ကျွန်တော်တို့တွေက တစ်ရွာတည်းသားတွေပဲဥစ္စာ... ဘာလို့ လာဝယ်နေဦးမှာလဲခင်ဗျာ၊ ကျွန်တော်ကိုယ်တိုင်ပဲ နှစ်ပုလင်းလောက် လာပို့ပေးပါ့မယ်”

သူသည် ယခုတစ်ကြိမ်တွင် ဆန်အရက် များများ ချက်လုပ်ထားခြင်း မရှိပေ။ စုစုပေါင်း ပိဿာချိန် တစ်ဆယ်ခန့်သာ ရှိ၍ ရန်အာဟူ၏ မိသားစုထံသို့ အချို့ကို ပေးခဲ့သည်။

ရွာလူကြီးအတွက် သုံးပိဿာခန့် ပေးအပ်ခဲ့သေး၏။

နောင်တွင် အားလပ်ချိန် ရပါက ပိုချက်လုပ်ရဦးမည်။

အင်တာနက် အသုံးပြုသူများ သည် ကျေးလက်တောရွာထွက် ဆန်အရက်ကို နှစ်သက်ကြပါ့မလားဟု သူ တွေးနေမိသည်။

အကယ်၍ အင်တာနက် အသုံးပြုသူများသည် လင်းယန်၏ အတွေးကို သိပါက ၎င်းတို့သည် အလွန် နှစ်သက်မည်ကြောင်း ဧကန်မလွဲ ပြောဆိုကြလိမ့်မည်။

အကြောင်းမှာ လင်းယန် ပြုလုပ်သမျှ အရာမှန်သမျှသည် အလွန်အရသာ ရှိလှသောကြောင့် ဖြစ်၏။

ရွာလူကြီးအား လိုက်လံ ပို့ဆောင်ပြီးနောက် ရန်အာဟူသည် လရောင်အောက်တွင် အိမ်သို့ ပြန်လာခဲ့ရာ မိမိ၏ အိမ်ဝင်တံခါးဝ၌ အဝိုင်းပတ်လေးတစ်ခုတွေ့လိုက်ရသဖြင့် အစပိုင်းတွင် တစ်စုံတစ်ယောက်က မိမိအိမ်ရှေ့၌ အမှိုက် လာရောက် စွန့်ပစ်သွားကြောင်း ထင်မှတ်မိသည်။

“ဘယ်သူကများ ဒီလောက်တောင် စည်းကမ်းမရှိဘဲ ငါတို့အိမ်ရှေ့မှာ အမှိုက်တွေ လာလွှတ်ပစ်ထားရတာလဲ”

သူသည် ခြေထောက်ဖြင့် ခေါက်ကြည့်ပြီးနောက် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိသွား၏။ အဘယ်ကြောင့် ထိုအရာသည် ဤမျှလောက်အထိ နူးညံ့အိစက်နေရသနည်း။

All Chapters