← Chapters

အခန်း ၂၆၃

Vol. 27 Ch. 263

အခန်း ၂၆၃

Vol. 27 Ch. 263

အခန်း (၂၆၃)

ပတ်ဆန်းယော့ က စီစဉ်ထားတဲ့ ချိန်းဆိုမှုတွေအားလုံးကို ဖျက်သိမ်းလိုက်ပြီး တက်ဂယူ နဲ့ ခေါင်းချင်းဆိုင်ကာ အခြေအနေကို ဆွေးနွေးတော့တယ်။

"Cryptocurrency၊ နိုင်ငံပိုင် ရေနံတွင်း၊ Petro Coin... သူတို့က ယုံချင်စရာကောင်းတဲ့ ပုံပြင်တွေအကုန်လုံးကို ပုံအောပြီး သုံးထားတာပဲ"

အချက်အလက်တွေကို ကြည့်ရုံနဲ့တင် ပျက်စီးနေပြီဖြစ်တဲ့ ဒါမှမဟုတ် ပျက်စီးလုနီးပါး ဖြစ်နေတဲ့ ဗင်နီဇွဲလားနိုင်ငံက တစ်ခါထဲကို Blockchain ရဲ့ ဗဟိုချက်မကြီးလိုမျိုး ဖြစ်နေတာပါ။

"ဒါနဲ့ ဝမ် သိန်းပေါင်း ၁၅၀ ကုဋေ ဆိုတဲ့ ကိန်းဂဏန်းကြီးကို သူတို့က ဘယ်လို တွက်ချက်ထားတာလဲ"

အဆုံးမရှိ ထိုးကျနေခဲ့တဲ့ ရေနံစျေးနှုန်းတွေက အခုဆိုရင် OPEC အဖွဲ့ဝင်နိုင်ငံတွေရဲ့ ရေနံထုတ်လုပ်မှု လျှော့ချခြင်း၊ မဟာငလျင်ကြီး နဲ့ အမေရိကန် စီးပွားရေး အားကောင်းလာမှုတွေကြောင့် တစ်ပီပါကို ၇၅ ဒေါ်လာဝန်းကျင်အထိ ပြန်လည် ဦးမော့လာခဲ့ပြီ ဖြစ်ပါတယ်။

ဒါကို အခြေခံပြီး တွက်ရင် ရေနံသိုလှောင်မှု ပမာဏက ပီပါ သန်း ၂ထောင်လောက် ရှိတာပါ။ ၁ ပီပါက ၁၆၀ လီတာထက် နည်းနည်းပဲ လျော့တာဆိုတော့ စုစုပေါင်း သန်းပေါင်း ၃သိန်း လီတာတောင် ရှိတာပေါ့။

ဒါပေမဲ့ ရေနံတူးဖော်စရိတ်ကိုလည်း ထည့်တွက်ရဦးမှာလေ။

ဗင်နီဇွဲလားက ကမ္ဘာ့အကြီးဆုံး ရေနံသိုလှောင်မှု ပမာဏ ရှိနေပါရက်နဲ့ စီးပွားရေး အကြပ်အတည်းကနေ မလွတ်မြောက်နိုင်ရတဲ့ အကြောင်းရင်းက တခြား ရေနံထုတ်လုပ်တဲ့ နိုင်ငံတွေနဲ့စာရင် သူတို့ရဲ့ အမြတ်အစွန်း ရရှိနိုင်မှုက ပိုပြီး နိမ့်ကျနေလို့ပါပဲ။

အဆိုးရွားဆုံး ပြဿနာကတော့...

"ဗင်နီဇွဲလား ရေနံက ရေနံစိမ်းအပြင်းစား အမျိုးအစားမလို့ သန့်စင်ဖို့ ခက်ခဲတယ်။ မဟုတ်ရင် သူတို့က ဘာလို့ တခြားနိုင်ငံတွေဆီကနေ ရေနံစိမ်းအပေါ့စားတွေကို တင်သွင်းပြီး ရောစပ်ရောင်းချနေမှာလဲ"

ရေနံစိမ်းတိုင်းက တူညီကြတာ မဟုတ်ပါဘူး။

ရေနံစိမ်းကို ယေဘုယျအားဖြင့် ရေနံစိမ်းအပေါ့စားနဲ့ ရေနံစိမ်းအပြင်းစားဆိုပြီး ခွဲခြားထားတာပါ။ ရေနံစိမ်းတွေကို ဆာလဖာ ပါဝင်မှုအပေါ် မူတည်ပြီး ခွဲခြားတာ ဖြစ်ပေမဲ့ အလွယ်ပြောရရင်တော့ ရေနံစိမ်းအပေါ့စားက ကောင်းပြီး ရေနံစိမ်းအပြင်းစားကတော့ မကောင်းဘူးပေါ့။ ဒါကြောင့်မလို့ ရေနံစိမ်းအပေါ့စားက စျေးကြီးပြီး ရေနံစိမ်းအပြင်းစားကတော့ စျေးပေါပါတယ်။

ဗင်နီဇွဲလား ရေနံစိမ်းက ရေနံစိမ်းအပြင်းစားတွေထဲမှာတင် အရည်အသွေး အညံ့ဆုံးပါပဲ။ တူးဖော်စရိတ်နဲ့ သန့်စင်စရိတ်တွေကို ထည့်တွက်မယ်ဆိုရင် အမြတ်ထွက်ဖို့အတွက် အနည်းဆုံး လီတာ သိန်းပေါင်း ၁ ကုဋေလောက် ရင်းနှီးမြုတ်နှံထားမှ ဖြစ်မှာလေ။

ပြီးတော့ တကယ်ပဲ အဲဒီလို နိုင်ငံပိုင် ရေနံတွင်းတွေ ရှိနေတယ်ဆိုရင် အစိုးရက ကိုယ်တိုင်တူးဖော်ပြီး ရောင်းချမှာပေါ့။ ဘာဖြစ်လို့ ရူးရူးမိုက်မိုက်နဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေကို ရောင်းပေးရမှာလဲ။

"ဒါကို တကယ် ယုံတဲ့လူတွေ ရှိလို့လား"

တက်ဂယူ က ဟောပြောပွဲခန်းမထဲမှာ သူမြင်ခဲ့ရတဲ့ သားကောင်တွေကို ပြန်တွေးကြည့်လိုက်မိတယ်။

"အများကြီးပဲ ရှိတယ်"

တကယ်တော့ လိမ်လည်မှု ဖြစ်ရပ်မျိုးစုံကို လေ့လာကြည့်ရင် အဓိပ္ပာယ်မရှိတဲ့ အဆိုပြုချက်တွေက အများကြီးပါပဲ။

ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေကို ဝယ်ရင် ဆေးရုံတွေကို ပြန်ငှားရမ်းပေးပြီး တစ်လကို ၁၀ ရာခိုင်နှုန်း အမြတ်ပေးမယ်၊ မေထုံမဲ့ဝက်တွေကို ရင်းနှီးမြှုပ်နှံရင် ဝက်ကလေးတွေ ရောင်းပြီး တစ်နှစ်ကို ၆၀ ရာခိုင်နှုန်း အမြတ်ပေးမယ်၊ နစ်မြုပ်နေတဲ့ ရတနာသင်္ဘောတွေကို ဆယ်ယူမယ်၊ (ဓမ္မစေတီခေါင်းလောင်းလိုပေါ့)၊ အာဏာရှင်ရဲ့ လျှို့ဝှက်ရန်ပုံငွေတွေကို ကိုရီးယားထဲ ယူလာမယ်၊ ဂျပန်ကိုလိုနီခေတ်တုန်းက ဂျပန်ဘုရင်ခံချုပ် ဝှက်ထားခဲ့တဲ့ ရွှေတုံးတွေကို တူးဖော်မယ် စသဖြင့်ပေါ့။

"ဒါမျိုးတွေကို ယုံရအောင် ဘယ်လောက်တောင် တုံးအနေလို့လဲ" လို့ တွေးမိဖို့ လွယ်ကူပေမဲ့ အံ့သြစရာကောင်းတာက ခံရတဲ့သူအများစုက ပညာတတ်တွေ ဖြစ်နေကြတာပါပဲ။ ဆရာဝန်တွေ၊ ရှေ့နေတွေနဲ့ တက္ကသိုလ်ပါမောက္ခတွေတောင် ပါဝင်နေကြတာပါ။

ပတ်ဆန်းယော့ က နားလည်သွားတဲ့ ပုံစံနဲ့ ခေါင်းညိတ်ပြတယ်။

"အင်းလေ... မေဒေါ့ဗ် ဖြစ်ရပ်တုန်းကဆိုရင် စတီဗင် စပီးဘာ့ဂ် အပါအဝင် ဟောလိဝုဒ်က နာမည်ကြီး အနုပညာရှင်တွေနဲ့ အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူတွေတောင် ပါသွားခဲ့ကြတာပဲ"

NASDAQ စတော့အိတ်ချိန်းရဲ့ ဥက္ကဋ္ဌဟောင်း ဖြစ်ခဲ့တဲ့ ဘားနတ် မေဒေါ့ဗ် က အမေရိကန်မှာ ဒေါ်လာ သန်းပေါင်း ၅သောင်းကျော် လိမ်လည်မှု ကျူးလွန်ခဲ့လို့ အခုဆိုရင် ထောင်ဒဏ် ၁၂၀ ကျခံနေရတာပါ။

အဲ့ဒီလိမ်လည်မှုနဲ့ မနှိုင်းယှဉ်နိုင်ပေမဲ့ ကိုရီးယားမှာလည်း ချိုဟီးပယ် နဲ့ ဂျူဆူးဒို တို့ ရှိခဲ့ဖူးပါတယ်။ သူတို့ရဲ့ နည်းလမ်းတွေက အနည်းငယ် ကွာခြားနိုင်ပေမဲ့ အားလုံးက Charles Ponzi ရဲ့ မျိုးဆက်တွေလို့ ပြောလို့ရပါတယ်။

Cryptocurrency MLM ဆိုတာက အသစ်အဆန်းတော့ မဟုတ်ပါဘူး။ တစ်ချိန်တုန်းက တောင်ကိုရီးယားမှာ Cryptocurrency ရင်းနှီးမြှုပ်နှံမှု အပြင်းအထန် ခေတ်စားခဲ့တုန်းက အခြေအနေကို အခွင့်ကောင်းယူတဲ့ MLM တွေ အများကြီး ပေါ်ခဲ့ဖူးတယ်။

ဒါပေမဲ့ ယခုနှစ်အစပိုင်းမှာ ကွိုင်စျေးနှုန်းတွေ ထိုးကျသွားတာကြောင့် အဲဒီခေတ်က မှေးမှိန်သွားခဲ့ပြီး MLM တွေလည်း နည်းပါးသွားခဲ့တာပါ။

"သူတို့က ရှိပြီးသား Crypto MLM နည်းလမ်းနဲ့တင် မရတော့ဘူး ထင်လို့ ဗင်နီဇွဲလား ရေနံတွင်းတွေနဲ့ ပေါင်းစပ်ပြီး လိမ်လည်မှု ပုံစံအသစ်တစ်ခုကို ဖန်တီးလိုက်တာ ထင်တယ်"

ဒါ့အပြင် ကန်ဂျင်ဟူ ရဲ့ ဝမ်းကွဲယောက်ဖဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားတဲ့ ချွိုင်းနမ်ဝူး ပါ ပါဝင်လာတော့ တကယ့်ကို ပြည့်စုံသွားတဲ့ လိမ်လည်မှု လက်ရာမွန်ကြီး ဖြစ်သွားခဲ့တာပေါ့။

Jeil Group ကော်ပိုရေးရှင်းက ကိုရီးယားမှာ ရှိနေတာ ဖြစ်ပေမဲ့ JG Blockchain ကော်ပိုရေးရှင်းကတော့ စင်ကာပူမှာ ရှိတာပါ။

စင်ကာပူက ဟောင်ကောင်နည်းတူ အာရှရဲ့ ဘဏ္ဍာရေးဗဟိုချက်နဲ့ အခွန်ရှောင်ရာ နေရာတစ်ခု ဖြစ်ပါတယ်။ ပိုက်ဆံတွေကို ခဝါချဖို့ ဒါမှမဟုတ် တခြားနေရာကို လွှဲပြောင်းဖို့အတွက် လွယ်ကူတာပါ။

ဒါကို ကြည့်ရင် လူလိမ်တွေက သာမန်အားဖြင့် ငတုံးတွေတော့ မဟုတ်ကြပါဘူး။

ပတ်ဆန်းယော့ က ခါးခါးသီးသီး ပြုံးလိုက်ရင်း ပြောတယ်။

"ပြဿနာက သူတို့က ဒီလို ကောင်းမွန်တဲ့ ဦးနှောက်ကို တရားဝင် အလုပ်တွေမှာ အသုံးမချကြတာပဲ"

တက်ဂယူ က အိုဟျွန်းဂျူး ဆီကိုလည်း အခြေအနေတွေကို အကြောင်းကြားလိုက်တာကြောင့် Golden Gate ကနေတစ်ဆင့် ရန်ပုံငွေ စီးဆင်းမှုတွေကို ချက်ချင်း စတင်ခြေရာခံတော့တယ်။ တစ်ဖက်မှာလည်း ပတ်ဆန်းယော့ က သူ့ရဲ့ အဆက်အသွယ်အားလုံးကို အသုံးချပြီး Jeil Group ဥက္ကဋ္ဌ ဟမ်ဆွန်းပြို အကြောင်းကို စုံစမ်းခိုင်းလိုက်တယ်။

ကံကောင်းထောက်မစွာနဲ့ပဲ လက်ရှိ ဖြစ်ရပ်မှန် အစီအစဉ်တစ်ခုက ဒါကို ရိပ်မိသွားပြီး သူ့နောက်ကို ခြေရာခံနေခဲ့တာပါ။ ပတ်ဆန်းယော့ က EDM Entertainment ရဲ့ ဥက္ကဋ္ဌကတစ်ဆင့် တာဝန်ခံ PD နဲ့ ဆက်သွယ်နိုင်ခဲ့ပြီး အချက်အလက်တွေကို ရရှိခဲ့တယ်။

ပတ်ဆန်းယော့ က PDဆီကနေ ရရှိလာတဲ့ အချက်အလက်တွေကို တက်ဂယူ ရဲ့ ရှေ့မှာ ချပြလိုက်တယ်။

"ဒီကောင်က တကယ့်ကို အဓိပ္ပာယ်မရှိတဲ့ ကောင်ပဲ။ သူ့နာမည်အရင်းက ဟမ်ဆွန်းပြို မဟုတ်ဘူး၊ ဟမ်ဆော့ဟွန်း တဲ့။ သူ့မှာ စတော့ရှယ်ယာ စျေးကစားမှု၊ မြေကွက်အကွက်ရိုက် လိမ်လည်မှု၊ MLM စတာတွေနဲ့ လိမ်လည်မှု ရာဇဝင် ၇ ကြိမ်တောင် ရှိခဲ့ပြီး ထောင်ဒဏ် ၃ နှစ် ကျခံပြီးမှ ပြန်လွတ်လာတာ။ ပြီးခဲ့တဲ့နှစ်အထိ ဖိလစ်ပိုင်မှာ အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ လုပ်နေခဲ့ပြီး ပြီးခဲ့တဲ့နှစ်မှာပဲ ကိုရီးယားကို ပြန်လာပြီး ဒီအလုပ်ကို စတင်ခဲ့တာ"

တက်ဂယူ က မေးတယ်။

"သူ အခု ဘယ်မှာလဲ"

"တာဝန်ခံ PD ပြောပြချက်အရ သူ ကိုရီးယားမှာ ရှိနေတာကတော့ သေချာတယ်။ ဒါပေမဲ့ သူ ဘယ်နားမှာ ပုန်းနေလဲဆိုတာကိုတော့ အတိအကျ မသိရသေးဘူး"

အပြင်ပိုင်း လှုပ်ရှားမှုတွေကို တက်တက်ကြွကြွ လုပ်ဆောင်နေတဲ့ ချွိုင်းနမ်ဝူး နဲ့မတူဘဲ ဟမ်ဆွန်းပြို (နာမည်အရင်း ဟမ်ဆော့ဟွန်း) ကတော့ လူလုံးပြခဲပါတယ်။

ချိန်းဆိုထားတဲ့ အချိန်ရောက်တော့ Bithumb ရဲ့ စီအီးအို ဘန်ဂျူးဝန် က အချက်အလက်တွေနဲ့အတူ ရုံးကို ရောက်လာခဲ့တယ်။

"Jeil Gold Coin ရဲ့ Source code က Roidaa ဆီကနေ ကူးချထားတာ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်"

"ဒါဆို Cryptocurrencyအနေနဲ့ သူ့ရဲ့ တန်ဖိုးက ဘယ်လောက်ရှိလဲ"

သူက ခေါင်းခါပြတယ်။

"သုညလို့ပဲ သတ်မှတ်လို့ ရပါတယ်။ ဒီလိုနည်းနဲ့ ဖန်တီးထားတဲ့ လိမ်လည်တဲ့ ကွိုင်တွေက မရေမတွက်နိုင်အောင် ရှိတာပဲလေ။ ဒါက စာရွက်ပေါ်မှာ ဂဏန်းတချို့ ရေးထားပြီး ပိုက်ဆံပါလို့ လျှောက်ပြောနေတာနဲ့ အတူတူပဲ"

"စျေးကွက်တင်ဖို့ကော ဖြစ်နိုင်ပါ့မလား"

စီအီးအို ဗန်ဂျူးဝန် က ရယ်မောလိုက်ရင်း ပြောတယ်။

"တရားဝင်တဲ့ အိတ်ချိန်းတစ်ခုကတော့ ဒီလို အမှိုက်မျိုးကို ဘယ်တော့မှ စျေးကွက်တင်ပေးမှာ မဟုတ်ပါဘူး"

တကယ်လို့ စျေးကွက်တင်နိုင်ခဲ့ရင်တောင် အရောင်းအဝယ် ပမာဏ လုံးဝမရှိသလောက် နည်းပါးတဲ့ အိတ်ချိန်းအသေးစားလေးတွေမှာ ခဏတဖြုတ် တင်ထားပြီးမှ ချက်ချင်း ပြန်ဖြုတ်ပစ်တာမျိုးပဲ ဖြစ်ပါလိမ့်မယ်။

'ငါ ထင်ထားတဲ့အတိုင်းပဲ'

ယုတ္တိဗေဒအရ တွေးကြည့်ရင် တကယ့် ကွိုင်အစစ်အမှန်ဆိုရင် သူတို့က ဘာဖြစ်လို့ MLM စနစ်နဲ့ လိုက်ရောင်းနေမှာလဲ။

"ပထမဆုံး ထုတ်ဝေတဲ့ ပမာဏက ဘယ်လောက်လဲ"

"ကွိုင် သန်း ၂သောင်းပါ"

"......"

ဘာလို့ အဲလောက်တောင် အများကြီး ဖြစ်နေရတာလဲ။

အဲ့ဒီကွိုင်တွေကို ပျမ်းမျှ ဝမ် ၅၀ နဲ့ အကုန်ရောင်းချနိုင်မယ်ဆိုရင် စုစုပေါင်း ဝမ် သိန်းပေါင်း ၁ ကုဋေတောင် ရမှာ ဖြစ်ပါတယ်။

ပတ်ဆန်းယော့ က ဆွံ့အသွားတဲ့ လေသံနဲ့ ပြောတယ်။

"ပြီးတော့ စျေးကွက်တင်ပြီးရင် ဝမ် ၁၀,၀၀၀ ဖြစ်သွားမယ်လို့ ပြောနေကြတာတဲ့လား"

ဒါဆိုရင် စျေးကွက်တန်ဖိုးက ဝမ် သိန်းပေါင်း ၂၀၀ ကုဋေအထိ ဖြစ်သွားမှာပေါ့။

ဒါက ဘန့်ကွိုင်ကိုတောင် ကျော်လွန်ပြီး ခဏလေးအတွင်းမှာတင် စျေးကွက်တန်ဖိုး အမြင့်ဆုံး Cryptocurrency နံပါတ်တစ် ဖြစ်သွားနိုင်တာမျိုးပါ။ ပိုပြီး အဓိပ္ပာယ်မရှိတဲ့ အချက်ကတော့ အဲဒီပမာဏက ဗင်နီဇွဲလားမှာ ရှိတဲ့ ရေနံတန်ဖိုးထက်တောင် ပိုပြီး များပြားနေတာပါပဲ။

ဝမ် သိန်းပေါင်း ၁၅၀ ကုဋေက ရေနံရဲ့ တန်ဖိုးဖြစ်ပြီး ဝမ် သိန်းပေါင်း ၅၀ ကုဋေက Cryptocurrencyရဲ့ တန်ဖိုး ဖြစ်နေတာမျိုးများလား။

ဂယိုဒဲမှာ ရှိတဲ့ အဆောက်အဦးက ဌာနခွဲတစ်ခု သက်သက်ပဲ ဖြစ်ပြီး ရုံးချုပ် မဟုတ်ပါဘူး။

ဆိုးလ်မြို့တစ်ခုတည်းတင် ဒီလို နေရာမျိုးတွေ အများကြီး ရှိနေဦးမှာ သေချာပါတယ်။ ပြီးတော့ အဲဒီနေရာတွေမှာလည်း ကွိုင်တွေကို အရူးအမူး လိုက်ရောင်းနေကြမှာပဲလေ။

MLM ရဲ့ ကြောက်စရာကောင်းတဲ့ အချက်က ကိုယ့်ရဲ့ ပိုက်ဆံတွေ ဆုံးရှုံးရုံတင်မကဘဲ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေအားလုံးကိုပါ ဆွဲသွင်းမိရက်သား ဖြစ်သွားတာပါပဲ။

မိသားစု၊ ဆွေမျိုးတွေ၊ ရင်းနှီးတဲ့ သူငယ်ချင်းတွေ၊ နောက်ပိုင်းကျရင် နာမည်တောင် သေသေချာချာ မမှတ်မိတော့တဲ့ အတန်းဖော်တွေကိုပါ လိုက်ပြီး ဆက်သွယ်ကြတော့တာပါ။ ပြီးတော့ အဲဒီလူတွေကတစ်ဆင့် သူတို့ရဲ့ အသိမိတ်ဆွေတွေကို ထပ်ပြီး ဆွဲသွင်းကြပြန်ရော၊ အဲလိုနဲ့ ခံရတဲ့သူတွေရဲ့ အရေအတွက်နဲ့ ဆုံးရှုံးမှု ပမာဏက နှင်းဘောလုံး လိမ့်သလိုမျိုး တဖြည်းဖြည်း ကြီးမားလာခဲ့တာပဲ ဖြစ်ပါတယ်။

သူတို့ကိုယ်တိုင်က ခံရသူတွေ ဖြစ်နေသလို တစ်ဖက်မှာလည်း တရားခံတွေ ဖြစ်နေကြတာက တကယ့်ကို ရယ်စရာကောင်းလွန်း လှပါတယ်။

'မင်ဟာယောင်း လည်း ခံလိုက်ရတဲ့သူတွေထဲက တစ်ယောက် ဖြစ်နေမှာ သေချာတယ်'

ဘာပဲဖြစ်ဖြစ် ဒါက လိမ်လည်မှု ဖြစ်ကြောင်း ပေါ်ပေါက်သွားခဲ့ရင်တောင် ချွိုင်းနမ်ဝူး တစ်ယောက်ထဲပဲ အဖမ်းခံရမှာ ဖြစ်ပြီး ဟမ်ဆွန်းပြို ကတော့ ထွက်ပြေးလွတ်မြောက်သွားဖို့ များပါတယ်။

ခံရတဲ့သူတွေအနေနဲ့ အနည်းငယ်ဖြစ်ဖြစ် ပြန်လည် ကုစားနိုင်ဖို့အတွက် ဟမ်ဆွန်းပြို ကို မဖြစ်ဖြစ်အောင် ဖမ်းမိဖို့ လိုအပ်ပါတယ်။

တက်ဂယူ က ပြည်သူ့ဆက်ဆံရေး အဖွဲ့ခေါင်းဆောင် ဂျောင်ကီဟုမ် ကို ဆင့်ခေါ်လိုက်တယ်။ သူက ဒီအကြောင်းကို ကြားလိုက်ရတော့ ဒေါသတကြီးနဲ့ ပေါက်ကွဲတော့တာပဲ။

" သူတို့က ဘယ်လိုသတ္တိနဲ့ စီအီးအို ရဲ့ နာမည်ကို သုံးပြီး လိမ်လည်မှု ကျူးလွန်ဝံ့ရတာလဲ။ ကျွန်တော်တို့ဘက်က သူတို့နဲ့ လုံးဝ မပတ်သက်ကြောင်း သတင်းထုတ်ပြန်ချက် ချက်ချင်း ထုတ်ပြန်လိုက်ရမလား"

တက်ဂယူ က ခေါင်းခါပြတယ်။

"အဲလိုလုပ်ရင် သူတို့တွေဟာ အခုထိ ရထားတဲ့ ပိုက်ဆံတွေကို ယူပြီး ထွက်ပြေးသွားကြလိမ့်မယ်"

ကိုရီးယားနိုင်ငံ တည်ထောင်ပြီးကတည်းက အဆိုးရွားဆုံး လူလိမ်ကြီးအဖြစ် လူသိများတဲ့ ချိုဟီးပယ် တောင်မှ သူလိမ်ထားတဲ့ ပိုက်ဆံတွေကို ယူပြီး တရုတ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ကောင်းကောင်းမွန်မွန် နေထိုင်သွားခဲ့တာပဲ မဟုတ်လား။ (သူ တကယ် သေသွားပြီလား ဆိုတာကတော့ သံသယဖြစ်စရာ ရှိနေသေးပေမဲ့ပေါ့လေ)

ဒါကြောင့်မလို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး သူတို့ကို တစ်ပြိုင်ထဲ အမြစ်ပြတ် ဖမ်းဆီးဖို့ လိုအပ်နေတာပေါ့။ အဲလိုလုပ်ဖို့အတွက် ပထမဆုံးအနေနဲ့ ဒါက လိမ်လည်မှု ဖြစ်ကြောင်း အထင်အရှား သက်သေပြဖို့ လိုပါတယ်။

ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတော့ အချက်အလက် အများစုကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ထားလေ့ ရှိတာမလို့ အချက်အလက်တွေရဲ့ မှန်ကန်မှုကို လိုသလောက် စစ်ဆေးလို့ ရပါတယ်။

ဒါပေမဲ့ ဗင်နီဇွဲလားကတော့ လက်ရှိမှာ နိုင်ငံတော် ဒေဝါလီခံထားရတဲ့ အခြေအနေ ဖြစ်နေတာပါ။

လက်တွေ့မှာလည်း စီးပွားရေးက ပြိုလဲနေတဲ့ အခြေအနေ ဖြစ်တာမလို့ နိုင်ငံခြား ကုမ္ပဏီအများစုက အကုန်လုံးနီးပါး ထွက်ခွာသွားခဲ့ကြပြီ ဖြစ်သလို ဘဏ္ဍာရေး အဖွဲ့အစည်းတွေလည်း ရုပ်သိမ်းတာ ဒါမှမဟုတ် ပိတ်ပစ်တာတွေ လုပ်ခဲ့ကြတာပါ။

ဒါပေမဲ့လည်း Golden Gate က ကမ္ဘာ့အကြီးဆုံး ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ် (IB) ဖြစ်တာမလို့ ကာရကတ်စ် မှာ အနည်းဆုံး ဌာနခွဲတစ်ခုတော့ ဖွင့်လှစ်ထားဆဲ ဖြစ်ပါတယ်။ ရေနံရောင်းချမှုနဲ့ နိုင်ငံတကာ ငွေလွှဲပြောင်းမှုတွေကတော့ လုပ်ဆောင်နေဆဲပဲ ဖြစ်ပါတယ်။

"ဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်လဲ"

ပတ်ဆန်းယော့ က ပြောတယ်။

"ငါတို့ ဗင်နီဇွဲလားဆီကို ကိုယ်တိုင်သွားပြီး Jeil Group က တကယ်ပဲ နိုင်ငံပိုင် ရေနံတွင်းတွေကို ဝယ်ယူခဲ့တာ ဟုတ်မဟုတ်နဲ့ ရေနံသိုလှောင်မှု ပမာဏ ဘယ်လောက်ရှိလဲဆိုတာကို သွားရောက် စစ်ဆေးရုံတာပဲလုပ်ကြတာပေ့ါ"

တကယ်လို့ အတည်ပြုဖို့ သက်သက်ပဲ ဆိုရင်တော့ ဒေသခံ Golden Gate ဝန်ထမ်းတစ်ယောက်က လုပ်ဆောင်ရင်တင် လုံလောက်ပါတယ်။

တက်ဂယူ က ထပ်ပြီး ရှင်းပြတယ်။

"ကျွန်တော်တို့ဆီမှာ ဒါက လိမ်လည်မှု ဖြစ်ကြောင်း ထင်ရှားတဲ့ သက်သေ အထောက်အထားရှိဖို့ လိုအပ်တယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ဒါမှမဟုတ် အစိုးရဆီက တရားဝင် စာရွက်စာတမ်းတွေပေါ့။ အဲဒါမှသာ ကျွန်တော်တို့က အဲဒီလူလိမ်တွေကို ချက်ချင်း ဖမ်းဆီးနိုင်မှာလေ"

ဗင်နီဇွဲလားက လက်ရှိမှာ ဒေါ်လာ လိုအပ်ချက် အရမ်းပြင်းထန်နေတာကြောင့် တစ်နိုင်ငံလုံးကို အတင်းအကြပ် အစားအသောက် လျှော့ချနေရတဲ့ အခြေအနေ ဖြစ်နေပြီး လူလတ်တန်းစားတွေတောင် အမှိုက်ပုံးတွေကို မွှေနှောက်ပြီး အစားအစာ ရှာဖွေနေကြရတာလို့ ဆိုကြပါတယ်။ ဒီဒဏ်ကို မခံနိုင်လို့ အိမ်နီးနားချင်း နိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ လူဦးရေကတင် လူဦးရေစုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

ဒီလို စီးပွားရေး အကြပ်အတည်းကို ကျော်လွှားဖို့အတွက် ထောက်ပံ့မှု ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှုတွေက အရမ်းကို လိုအပ်နေတာမလို့ တကယ်လို့ OTK ကုမ္ပဏီ ရဲ့ ဝန်ထမ်းတစ်ယောက်က သွားရောက်ပြီး စာရွက်စာတမ်း တောင်းခံမယ်ဆိုရင် ချက်ချင်း ဆောင်ရွက်ပေးဖို့ အခွင့်အလမ်းက အရမ်းကို မြင့်မားနေတာပေါ့။

ဂျောင်ကီဟုမ် က တက်တက်ကြွကြွနဲ့ ခေါင်းညိတ်ပြတယ်။

"ဒါက တကယ့်ကို ကောင်းမွန်တဲ့ အကြံဉာဏ်ပဲ ဒုတိယ စီအီးအို"

ဒါပေမဲ့ ရုတ်တရက် ဒုတိယ စီအီးအို က သူ့ကို စူးစူးစိုက်စိုက် စိုက်ကြည့်နေတာကို သူ သတိထားမိသွားတယ်။

"ဒါပေမဲ့ ဘာဖြစ်လို့ ကျွန်တော့်ကို အဲလိုကြီး ကြည့်နေရတာလဲ..."

တက်ဂယူ က သူ့ရဲ့ ပုခုံးကို ပုတ်ပေးလိုက်ရင်း ပြောတယ်။

"လမ်းခရီး ဖြောင့်ဖြူးပါစေ"

အဲဒီစကားကြောင့် ဂျောင်ကီဟုမ် က ပျာပျာသလဲ ဖြစ်သွားခဲ့ရတယ်။

"ဟင်... ကျွန်... ကျွန်တော့်ကို ပြောတာလားခင်ဗျာ"

"မင်း မသွားချင်ရင် တခြားလူတစ်ယောက်ကို လွှတ်ရမလား"

"အာ... မဟုတ်ပါဘူး။ ကျွန်တော် သွားပါ့မယ်"

ဂျောင်ကီဟုမ် က ဒုတိယ စီအီးအို အတွက်ဆိုရင် အာဖရိကရဲ့ ဝေးလံခေါင်သီတဲ့ နေရာတွေ ဒါမှမဟုတ် တောင်ပစိဖိတ်ရဲ့ တောနက်ထဲကိုဖြစ်ဖြစ် သွားဖို့ အသင့်ရှိကြောင်း ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို ပြသလိုက်တာပါ။

ဒါပေမဲ့ သူ ပြန်ဖြေပေးပြီးတဲ့ အခါမှသာ ဗင်နီဇွဲလားက အရမ်းကို ဝေးလံလွန်းတယ်ဆိုတာကို သတိရသွားခဲ့တယ်။ တိုက်ရိုက်လေယာဉ်လည်း ရှိမှာ မဟုတ်တာမလို့ သူ ဘယ်လိုနည်းနဲ့ သွားရပါ့မလဲ။

"ဆုံးဖြတ်ချက် ကောင်းတယ်။ ငါ ဒေသခံ Golden Gate ဝန်ထမ်းကို အကြောင်းကြားထားလိုက်မယ်၊ ဒါကြောင့် အခုပဲ ချက်ချင်း ထွက်ခွာတော့"

"အခုချက်ချင်းကြီထွက်ခွာရမှာလား"

"ငါ ဒုတိယ စီအီးအို ရဲ့ လုပ်ပိုင်ခွင့်နဲ့ မင်းကို တစ်ပတ်ကြာ အားလပ်ရက် ခွင့်ပြုပေးမယ်၊ အဲဒီကို ရောက်တုန်း တောင်အမေရိကမှာ အပန်းဖြေ ခရီးထွက်ခဲ့ဦးပေါ့"

မသွားနိုင်တော့ဘူးလို့ ငြင်းဆန်ဖို့ကတော့ နောက်ကျသွားခဲ့ပြီ ထင်ပါတယ်။

"......ကောင်းပါပြီ "

အဲဒီလိုနဲ့ ဂျောင်ကီဟုမ်တို့တွေ ရုံးတက်ပြီး နာရီအနည်းငယ်အကြာမှာတင် ဗင်နီဇွဲလားကို ထွက်ခွာသွားခဲ့ကြတော့တယ်။

မင်ဟာယောင်း က အထက်တန်းကျောင်းတုန်းကတည်းက Webtoon ဖန်တီးရှင်တစ်ယောက် ဖြစ်ဖို့ အိမ်မက်မက်ခဲ့တာပါ။

မင်ဟာယောင်းက တက္ကသိုလ်မှာ သေသေချာချာ သင်ယူပြီး ကာတွန်းတွေ ဆွဲနေခဲ့တုန်းက ကျောင်းပြီးရုံနဲ့ နာမည်ကြီး ပေါ်တယ် ဆိုက်တစ်ခုမှာ Webtoon အနုပညာရှင်အဖြစ် ချက်ချင်း ပွဲထွက်နိုင်လိမ့်မယ်လို့ ထင်ခဲ့တာပါ။

ဒါပေမဲ့ ကာတွန်းဆွဲနေကြတဲ့ မရေမတွက်နိုင်အောင် များပြားလှတဲ့ လူတွေထဲမှာမှ အခွင့်အရေး ရရှိတဲ့သူက အနည်းငယ်ပဲ ရှိတာလေ။

မင်ဟာယောင်းက ပြင်ပအလုပ်မျိုးစုံကို လက်ခံလုပ်ကိုင်ရင်း လူနေမှုစရိတ် ရှာဖွေခဲ့ရသလို၊ အခမဲ့ အပိုင်းဆက် တင်ဆက်မှုတွေ လုပ်ကြည့်တာ၊ ပြိုင်ပွဲတွေကို ဝင်ပြိုင်တာတွေ လုပ်ခဲ့ပေမဲ့ ရလဒ်တွေကတော့ သိပ်မကောင်းခဲ့ပါဘူး။

မင်ဟာယောင်းက နောက်ထပ် ပြိုင်ပွဲတစ်ခုမှာ ထပ်မံ ရှုံးနိမ့်ခဲ့ပြီး စိတ်ပျက်အားငယ်နေတုန်းမှာပဲ မင်ဟာယောင်းထက် အရင်ကျောင်းပြီးသွားခဲ့တဲ့ စီနီယာတစ်ယောက်ဆီကနေ တွေ့ဆုံဖို့ ဖုန်းဆက်လာခဲ့တယ်။

သူက အရမ်းကြီး ရင်းနှီးတဲ့ စီနီယာမျိုး မဟုတ်ပေမဲ့ မင်ဟာယောင်းအနေနဲ့ လိုအပ်တဲ့ အဆက်အသွယ်တချို့ကို ရနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ တွေ့ဆုံမယ့် နေရာကို သွားခဲ့မိတာပါ။

ဟုန်ချန်းဆူး က မင်ဟာယောင်းကို ဘေးပေါက်အလုပ်တစ်ခု လုပ်ဖို့ စိတ်ဝင်စားမှု ရှိလားလို့ မေးခဲ့တာကြောင့် မင်ဟာယောင်း က သူ့နောက်ကို လိုက်သွားခဲ့ပြီး Seminar လို့ ခေါ်တဲ့ ဟောပြောပွဲတစ်ခုကို နားထောင်ခဲ့မိတယ်။

မင်ဟာယောင်းဟာ ဟောပြောပွဲမှာ ပြောတာတွေကို အပြည့်အဝ နားမလည်ခဲ့ပေမဲ့ Jeil Gold Coin လို့ ခေါ်တဲ့ အရာကို ဝယ်ယူထားရင် ဒါက ဘန့်ကွိုင် လိုမျိုး ထိုးတက်သွားမယ်ဆိုတဲ့ အဓိကအချက်ကို သိရှိခဲ့တယ်။

မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်နေခဲ့တဲ့ မင်ဟာယောင်းအတွက်တော့ စီအီးအို က ကန်ဂျင်ဟူ ရဲ့ ဆွေမျိုး တော်စပ်နေတယ်ဆိုတဲ့ အချက်က ဆုံးဖြတ်ချက်ချဖို့အတွက် အဓိက အကြောင်းရင်း ဖြစ်သွားခဲ့တာပေါ့။

ဒါပေမဲ့ ကွိုင်တွေကို ဝယ်ချင်ရင်တောင် မင်ဟာယောင်းမှာ ပိုက်ဆံ မရှိခဲ့ပါဘူး။ မင်ဟာယောင်းရဲ့ မိသားစု အခြေအနေကလည်း မကောင်းဘူးလေ။ မင်ဟာယောင်းရဲ့ မိဘတွေက တော့ပိုကီဆိုင် အသေးလေးတစ်ခု ဖွင့်ထားကြတာ ဖြစ်ပြီး ဆိုင်ဖွင့်ဖို့ ချွေးနှဲစာနဲ့ ချေးထားခဲ့ရတဲ့ အကြွေးတွေကို ပြန်လည် ပေးဆပ်ဖို့အတွက် အသည်းအသန် ရုန်းကန်နေကြရတာပါ။

မင်ဟာယောင်း က သူ့ကိုသူတောင် မသိလိုက်ဘဲ ငွေစုဘဏ် တစ်ခုကနေ ဝမ် ၇.၅ သန်း ချေးယူခဲ့ပြီး ဟုန်ချန်းဆူး ညွှန်ကြားတဲ့အတိုင်း Jeil Gold Coin တွေကို ဝယ်ယူခဲ့မိတယ်။

အတိုးနှုန်း သက်သာတဲ့ ခေတ်ကာလ ဖြစ်ခဲ့ရင်တောင် ငွေစုဘဏ်ရဲ့ လူပုဂ္ဂိုလ် ချေးငွေ အတိုးနှုန်းကတော့ ၂၀ ရာခိုင်နှုန်းလောက်အထိ မြင့်မားနေခဲ့တာပါ။ မင်ဟာယောင်းက အချိန်ပိုင်း အလုပ်မျိုးစုံ လုပ်ကိုင်ရင်း လူနေမှုစရိတ်ကို မနည်း ကာမိအောင် လုပ်နေရတာမလို့ အရင်းကို ပြန်ဆပ်ဖို့ နေနေသာသာ အတိုးကိုတောင် ပြန်ဆပ်ဖို့ မတွေးဝံ့ခဲ့ပါဘူး။

တကယ်လို့ မင်ဟာယောင်းက ကွိုင်တွေကို လုံးဝ မဝယ်ခဲ့ရင်တော့ တစ်မျိုးပေါ့။ ဒါပေမဲ့ တစ်ကြိမ် ဝယ်ယူပြီးသွားတဲ့ အခါမှာတော့ သူ့ရဲ့ အကြွေးတွေကို ပြန်လည် ပေးဆပ်နိုင်မယ့် တစ်ခုထဲသော နည်းလမ်းက Jeil Gold Coin စျေးကွက်တင်ပြီး အချီကြီးမြတ်ဖို့ပဲ ရှိတော့တာပါ။

ဒါပေမဲ့ ဒါက စျေးကွက်မတင်မချင်း ပြန်လည် ရောင်းချလို့ မရတာကြောင့် အဲဒီမတိုင်ခင် ပိုက်ဆံရှာနိုင်မယ့် တစ်ခုထဲသော နည်းလမ်းကတော့ အဖွဲ့ဝင်အသစ်တွေကို ထပ်မံ စည်းရုံးပြီး ကွိုင်တွေ ဝယ်ခိုင်းဖို့ပဲ ရှိတော့တာလေ။

မင်ဟာယောင်း က ကုမ္ပဏီက ညွှန်ကြားတဲ့အတိုင်း သူ့ရဲ့ သူငယ်ချင်းတွေနဲ့ အတူတူ ပန်းချီဆွဲတဲ့ အနုပညာရှင်တွေကို ခေါ်ဆောင်လာခဲ့ဖူးတယ်။ ဒါပေမဲ့ မင်ဟာယောင်းက ခေါ်လာခဲ့သူတွေကို အဖွဲ့ဝင်အဖြစ် အမှန်တကယ် စာရင်းမသွင်းနိုင်ခဲ့တဲ့အပြင် မကောင်းတဲ့ ကောလာဟလတွေက ချက်ချင်း ပျံ့နှံ့သွားခဲ့တာကြောင့် လူတိုင်းက မင်ဟာယောင်းရဲ့ ဖုန်းခေါ်ဆိုမှုတွေကို ရှောင်ဖယ်လာကြတော့တာပဲ။

နောက်ဆုံးမှာတော့ မင်ဟာယောင်းက အထက်တန်းကျောင်းတုန်းက နှစ်ပတ်လည်အမှတ်တရထုတ် ကျောင်းသားကျောင်းသူစာအုပ်ကို ပြန်လည် လှန်လှောကြည့်ရှုခဲ့ရပြီး အိုတက်ဂယူ ဆီကိုတောင် အီးမေးလ် ပေးပို့မိခဲ့တာပါ။

ဟုန်ချန်းဆူး က မင်ဟာယောင်း ကို စိုးရိမ်တကြီး လေသံနဲ့ မေးတယ်။

"အဲဒီ သူငယ်ချင်းက အခုထိ ဆက်သွယ်မလာသေးဘူးလား"

မင်ဟာယောင်း က ခေါင်းခါပြတယ်။

"မလာသေးဘူး"

"ဘာလို့လဲ။ သူက တနင်္လာနေ့ကျရင် လာပြီး ဝမ် သန်း ၁ ထောင်ဖိုး ဝယ်မယ်လို့ သေသေချာချာ ပြောသွားခဲ့တာလေ"

ဒါပေမဲ့ ရက်အနည်းငယ် ကုန်လွန်သွားခဲ့ပြီ ဖြစ်ပေမဲ့ ဘာသတင်းမှ မရခဲ့ပါဘူး။ ဟုန်ချန်းဆူး အနေနဲ့ သူ ဖမ်းမိထားတဲ့ ငါးကြီးက လွတ်ထွက်သွားသလိုမျိုး ခံစားနေရတယ်။

သူ စိတ်ပျက်လက်ပျက်နဲ့ အဖွဲ့ဝင် လျှောက်လွှာဖောင်ပေါ်မှာ ရေးထားတဲ့ ဆက်သွယ်ရန် ဖုန်းနံပါတ်ဆီကို အကြိမ်ကြိမ် ဖုန်းခေါ်ဆိုတာနဲ့ စာတိုပေးပို့တာတွေ လုပ်ခဲ့ပေမဲ့ ဘာပြန်စာမှ မရခဲ့ဘူး။ (စီးပွားရေးသမားတွေ လုပ်လေ့ရှိတဲ့အတိုင်း တက်ဂယူ က ဖုန်းအများကြီး သုံးတာပါ။ ဒါပေမဲ့ လက်တွေ့မှာတော့ ပေးထားခဲ့တဲ့ဖုန်းနံပါတ်က မိုဘိုင်းလ်ဂိမ်းတွေ ဆော့ဖို့ သက်သက်ပဲ ဖြစ်ပြီး စီးပွားရေးနဲ့တော့ လုံးဝ မသက်ဆိုင်တဲ့ဖုန်းပါ)

မင်ဟာယောင်း က အဲဒီနေ့တုန်းက တက်ဂယူ ရဲ့ ပုံစံကို ပြန် တွေးကြည့်လိုက်မိတယ်။

'သူက ဘာဖြစ်လို့ ကွိုင်တွေကို ဝယ်ဖို့လုပ်ခဲ့တာလဲ'

တက်ဂယူ က Jeil Gold Coin ကို အရမ်းကြီး ယုံကြည်နေတဲ့ ပုံစံမျိုး မပေါက်ခဲ့ပါဘူး။ ဒါပေမဲ့လည်း သူက အဖွဲ့ဝင်အဖြစ် စာရင်းသွင်းခဲ့ပြီး မင်ဟာယောင်းရဲ့ လက်အောက်ငယ်သား ဖြစ်လာခဲ့တာပါ။ သူက ထီပေါက်ထားပြီး ဝမ် သန်း ၁ ထောင် ရှိနေတဲ့သူဆိုတော့ ဝမ် ၂.၅၂ သန်း ဆိုတာက သူ့အတွက်တော့ ဘာမှမဟုတ်တဲ့ ပမာဏ ဖြစ်နေနိုင်တာပဲလေ...

'သူက ငါ့ကို သနားလို့ ဝယ်ပေးခဲ့တာမျိုးလား'

မင်ဟာယောင်း က စိတ်လျှော့လိုက်တဲ့ ပုံစံမျိုးနဲ့ ပြောတယ်။

"သူ ကျွန်မတို့ဆီ ထပ်ပြီး ဆက်သွယ်လာတော့မှာ မဟုတ်ဘူး ထင်တယ်"

"ဟင်... ဘာလို့လဲ။ ဘာဖြစ်လို့လဲ"

ဟုန်ချန်းဆူး က ဇွတ်အတင်း မေးမြန်းနေတာကြောင့် မင်ဟာယောင်းက ပြန်မဖြေတော့ဘဲ ရှောင်ဖယ်နေခဲ့တယ်။

ဒါပေမဲ့ အံ့သြစရာကောင်းတာက တက်ဂယူ က ပြန်လည် ရောက်ရှိလာခဲ့ပြန်တာပါပဲ။

"ငါ ကွိုင်တွေ ထပ်ပြီး ဝယ်ဖို့ ရောက်လာတာပါ"

All Chapters