← Chapters

အခန်း ၂၆၈

Vol. 27 Ch. 268

အခန်း ၂၆၈

Vol. 27 Ch. 268

အခန်း (၂၆၈)

ကျိုးမော်တာက တရုတ်နိုင်ငံမှာ အကြီးမားဆုံး မော်တော်ကား လုပ်ငန်းစုကြီးပါ။

တိုယိုတာနဲ့ ပူးပေါင်းထားတဲ့ ကျိုးတိုယိုတာ အပြင် ကျိုးမော်တာ အပါအဝင် ကိုယ်ပိုင် အမှတ်တံဆိပ် ငါးခုကို လည်ပတ်နေတာပါ။ မနှစ်က တရုတ်နိုင်ငံ တစ်ခုထဲမှာတင် အစီးရေ ၂.၇ သန်း ရောင်းချခဲ့ရပြီး တရုတ် အမှတ်တံဆိပ်တွေထဲမှာ နံပါတ်တစ် ချိတ်ခဲ့တယ်။ (ဒါက ဖက်စပ် လုပ်ငန်းတွေကို ထည့်မတွက်ဘဲ ကိုယ်ပိုင် အမှတ်တံဆိပ်တွေရဲ့ ရောင်းအား သီးသန့်စာရင်းပါ) တရုတ် ပြည်တွင်း ဈေးကွက်ကိုပဲ အဓိက အားစိုက်တဲ့ ကုမ္ပဏီ ဖြစ်လို့ ကိုးရီးယားမှာတော့ သိပ်မလူသိများပေမဲ့ တရုတ်နိုင်ငံမှာတော့ တကယ့် အမျိုးသားစီး ကားတစ်စီးလို ဖြစ်နေတာပါ။

ကျိုးမော်တာက ပြည်တွင်း ရောင်းအားကနေ စုဆောင်းမိထားတဲ့ အလွန်အမင်း များပြားတဲ့ အရင်းအနှီးတွေကို သုံးပြီး နိုင်ငံခြား ကုမ္ပဏီတွေကို ဝါးမြိုခဲ့တယ်။ အထင်ရှားဆုံး ဥပမာကတော့ Volvo ကားကုမ္ပဏီကို ဝယ်ယူခဲ့တာ ဖြစ်ပြီး မကြာသေးခင်ကပဲ Daimler AG (Mercedes-Benz) ရဲ့ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခွင့် ရခဲ့တယ်။ ဒါနဲ့တင် မပြီးသေးပါဘူး။ ဟောင်ကောင်၊ အမေရိကန်နဲ့ ဗြိတိန်တို့က ကားမျှဝေစီးတဲ့ Starup လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံတာ၊ လန်ဒန် တက္ကစီ ကုမ္ပဏီကို ဝယ်ယူတာ စတဲ့ ပေါင်းစည်း ဝယ်ယူမှုတွေကို တက်တက်ကြွကြွ လုပ်ဆောင်နေတုန်းပါပဲ။ လွန်ခဲ့တဲ့ အနှစ် ၂၀ ကမှ Scooterတွေ ထုတ်လုပ်နေတဲ့ ဒီကုမ္ပဏီသေးသေးလေးဟာ ရုတ်တရက် အရှိန်အဟုန်နဲ့ ကြီးထွားလာတာက တရုတ် အစိုးရရဲ့ ပံ့ပိုးကူညီမှုကြောင့် ဆိုတာကတော့ လူတိုင်းသိတဲ့ လျှို့ဝှက်ချက် တစ်ခုပါ။

မော်တော်ကားက အဓိက လုပ်ငန်း အမျိုးအစား ဖြစ်တာမလို့ အစိုးရက ပံ့ပိုးပေးတာ သဘာဝ ကျပါတယ်။ ကိုရီးယား အစိုးရသာ ဘာမှမလုပ်ဘဲ လက်ပိုက်ကြည့်နေခဲ့ရင် အွန်ဆောင်း မော်တာက ကမ္ဘာ့အဆင့်မီ ကုမ္ပဏီ ဖြစ်လာပါ့မလား။ ဒါပေမဲ့ အစိုးရရဲ့ပံ့ပိုးမှုကို ထည့်တွက်ရင်တောင် ကျိုးမော်တာရဲ့ ကြီးထွားမှုက အံ့ဩစရာပါပဲ။

သူတို့ရဲ့ ရှယ်ယာတွေကို ဟောင်ကောင် စတော့အိတ်ချိန်းမှာ စာရင်းသွင်းထားပြီး လက်ရှိ စျေးကွက် တန်ဖိုးက ဟောင်ကောင်ဒေါ်လာ သန်း ၃၅၀,၀၀၀ ရှိပါတယ်။ ဝမ် သိန်းပေါင်း ၅၀ကုဋေလောက်နဲ့ ညီမျှတဲ့ပမာဏပေါ့။ သူတို့ရဲ့ ရှယ်ယာ စျေးနှုန်းက မနှစ်ကတင် ၈၀ ရာခိုင်နှုန်းကျော် ခုန်တက်သွားခဲ့တာပါ။

ကျွန်တော့် ရှေ့မှာ ထိုင်နေတဲ့ အရပ်ပုပု၊ သက်လတ်ပိုင်း လူကို ကြည့်လိုက်တယ်။ သူက ကျိုးမော်တာရဲ့ ဒုတိယ ဥက္ကဋ္ဌ ဝမ်ယီချန်း ပါပဲ။ ဥက္ကဋ္ဌ ကျိုးခိုင် ကတော့ ရုံးချုပ်ရှိတဲ့ ကွမ်ကျိုးကနေ အပြင်ကို ထွက်လေ့မရှိဘဲ ဒုတိယ ဥက္ကဋ္ဌ ဝမ်ယီချန်း ကပဲ ပြင်ပ လုပ်ငန်း အများစုကို တာဝန်ယူရတာပါ။

သူက အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ ကားလုပ်ငန်းကို တရားဝင် စတင်ပြီးကတည်းက ကျိုးမော်တာကို ဝင်ရောက်ခဲ့သူ ဖြစ်ပြီး ကွန်မြူနစ် ပါတီ ထိပ်တန်း ခေါင်းဆောင်တွေရဲ့ သားသမီးများ အဖွဲ့မှာ အတွင်းရေးမှူးဟောင်း အဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။ အဲဒီ အဖွဲ့က လက်ရှိ တရုတ် ကွန်မြူနစ် ပါတီမှာ အာဏာ ရထားတာမလို့ သူက သမ္မတ ကျန်းဖင်ဟွာ အပါအဝင် အဆင့်မြင့် ခေါင်းဆောင်တွေနဲ့ ရင်းနှီးတယ်လို့ လူသိများပါတယ်။ ဒါကြောင့်မလို့လည်း ဒုတိယ ဥက္ကဋ္ဌ ဝမ်ယီချန်း က ဥက္ကဋ္ဌ ကျိုးခိုင် ထက် ပိုပြီး အာဏာ ရှိတယ်ဆိုတဲ့ ကောလာဟလတွေ အများကြီး ထွက်ခဲ့တာပါ။

ပုံမှန်ဆိုရင် ဒီလို အဆင့်အတန်းရှိတဲ့ လူတစ်ယောက် ကိုရီးယားကို လာရင် သတင်းတွေ ကြိုထွက်တတ်ပါတယ်။ ဒါပေမဲ့ ဘာကြောင့်လဲတော့ မသိဘူး၊ သူက အခြံအရံ နည်းနည်းပဲ ခေါ်ပြီး ကိုရီးယားကို တိတ်တဆိတ် လာရောက်ခဲ့တယ်။

တွေ့ဆုံဖို့ တောင်းဆိုချက်ကို မနေ့ကမှ လက်ခံရရှိခဲ့တာပါ။ သူ ဘာပြောမလဲ ဆိုတာ နားထောင်ကြည့်သင့်တယ် ထင်လို့ တွေ့ဖို့ ဆုံးဖြတ်ခဲ့တယ်။ အယ်လီ ကို ဘာသာပြန်ခိုင်းဖို့ စဥ်းစားခဲ့ပေမဲ့ ဒုတိယ ဥက္ကဋ္ဌ ဝမ်ယီချန်း က တရုတ်-ကိုရီးယား နွယ်ဖွား အခြံအရံ တစ်ယောက်ကို ခေါ်လာခဲ့တယ်။ လျိုယိရှင်း လို့ မိတ်ဆက်တဲ့ အဲဒီ လူက နိုင်ငံခြားသားတွေရဲ့ လေယူလေသိမ်း မဟုတ်ဘဲ ဆိုးလ် လေယူလေသိမ်းနဲ့ ကိုရီးယားစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ပါတယ်။ ကျိုးမော်တာ ဒုတိယ ဥက္ကဋ္ဌကို လိုက်ပါ စောင့်ရှောက်ရသူ ဆိုတော့ သူက တကယ့် ထိပ်သီး ပညာတတ် တစ်ယောက် ဖြစ်မှာပါပဲ။

ဒုတိယ ဥက္ကဋ္ဌ ဝမ်ယီချန်း က နှုတ်ဆက်ပြီး လက်ဆောင် တစ်ခု ပေးတယ်။ ဘာလဲဆိုပြီး ကြည့်လိုက်တော့ သေတ္တာထဲမှာ ဓာတ်ပြားပြားကြီးလို အရာတစ်ခု ရှိနေတာပါ။

“ဒါက ယူနန် ပြည်နယ်က နာမည်ကြီး ပူအာ လက်ဖက်ရည်ပါ”

“အာ… ကျေးဇူးတင်ပါတယ်”

စျေးကြီးတဲ့ ပူအာ လက်ဖက်ရည်တွေက ဝမ် သန်းပေါင်း ဆယ်ချီ တန်ဖိုးရှိပြီး နိုင်ငံရေးသမားတွေ ကြားမှာ လာဘ်ပေးလာဘ်ယူ အဖြစ် လဲလှယ်ကြတယ်လို့ ကြားဖူးပါတယ်။ ဒါကတော့ လာဘ်ပေးတာမျိုး မဟုတ်လောက်ပါဘူးလေ။

အပြန်အလှန် နှုတ်ဆက်ပြီးတဲ့နောက် အစည်းအဝေးခန်းထဲမှာ ထိုင်လိုက်ကြတယ်။ သူတို့ ဘက်မှာတော့ ဒုတိယ ဥက္ကဋ္ဌ ဝမ်ယီချန်း နဲ့ ဘာသာပြန် အတွင်းရေးမှူး၊ ကျွန်တော်တို့ ဘက်မှာတော့ ကျွန်တော်နဲ့ တက်ဂယူ တို့ ရှိနေပါတယ်။

ဒုတိယ ဥက္ကဋ္ဌ ဝမ်ယီချန်း က ရိုးရှင်းတဲ့ အင်္ဂလိပ် စကားလုံး တချို့ကို ပြောပေမဲ့ အဓိကစကားတွေကိုတော့ ဘာသာပြန်ကတစ်ဆင့် သူ ဆိုလိုတာကို ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် ဆက်သွယ်ပြောဆိုရတဲ့ နေရာမှာ ကြီးကြီးမားမား ပြဿနာ မရှိခဲ့ပါဘူး။

ကော်ဖီနဲ့ လက်ဖက်ရည် သောက်ရင်း စကားစမြည် ပြောပြီးတဲ့နောက်မှာတော့ သူက အဓိက အချက်ကို စပြောတယ်။

“CarOS က ဒီနှစ်အတွင်းမှာ လျှပ်စစ်ကား တစ်စီး ထုတ်ဖို့ ပြင်နေတယ်လို့ သိရပါတယ်”

CarOS က ကားနှစ်မျိုးပဲ ထုတ်ရသေးပေမဲ့ ကိုယ်တိုင်မောင်းနှင်တဲ့ ကားပြိုင်ပွဲမှာ ရှေ့တန်းက ရှိနေတယ်လို့ အကဲဖြတ်ခံထားရတာပါ။ အဲဒါကြောင့်မလို့လည်း CarOS ထုတ်မယ့် လျှပ်စစ်ကားကို ကမ္ဘာက အာရုံစိုက်နေကြတာလေ။

“မှန်ပါတယ်”

“စီအီးအို ကန်ဂျင်ဟူ သိတဲ့အတိုင်း ကမ္ဘာ့အဆင့်မီ ကုမ္ပဏီ ဖြစ်လာဖို့ဆိုရင် CarOS အနေနဲ့ တရုတ် ဈေးကွက်ကို ဝင်ရပါလိမ့်မယ်”

တရုတ်နိုင်ငံက ဘယ်ကုမ္ပဏီမှ လက်မလွှတ်နိုင်တဲ့ ဈေးကွက်ကြီးတစ်ခုပါပဲ။ GDP မှာ တရုတ်က အမေရိကန်ကို ကျော်လွန်သွားပြီးပါပြီ။ GDP မှာ ထုတ်လုပ်မှုရော၊ စားသုံးမှုပါ ပါဝင်ပါတယ်။ ကမ္ဘာမှာ လူဦးရေ အများဆုံး နိုင်ငံ ဖြစ်တာကို ထည့်တွက်ရင် အဲ့လိုအမေရိကန်ကို ကျော်တက်နိုင်တာက သဘာဝ ကျပါတယ်။ အဲဒါကြောင့်မလို့လည်း ကမ္ဘာ့ မော်တော်ကား ကုမ္ပဏီတွေ အားလုံးက တရုတ် ဈေးကွက် တံခါးကို ခေါက်နေကြတာပါ။

“ကျွန်တော်တို့ ကျိုးမော်တာက CarOS နဲ့ OTK Company အတွက် အကောင်းဆုံး မိတ်ဖက် ဖြစ်နိုင်မယ်လို့ ယုံကြည်ပါတယ်”

တရုတ်နိုင်ငံရဲ့ မော်တော်ကား အခွန်က ၂၅ ရာခိုင်နှုန်း ဝန်းကျင် ရှိပါတယ်။ ဆိုလိုတာက နိုင်ငံခြားမှာ ကားထုတ်ပြီး တရုတ် ဈေးကွက်ကို ပို့ရင် သယ်ယူပို့ဆောင်ရေး စရိတ် မပါဘဲ စျေးနှုန်းက ၂၅ ရာခိုင်နှုန်း ပိုကြီးသွားမှာပါ။ အဲဒါကြောင့် မော်တော်ကား ကုမ္ပဏီ အများစုက ပြည်တွင်းမှာပဲ ထုတ်လုပ်ကြပြီး ဒီလို အခြေအနေမျိုးမှာ ပြည်တွင်း ကုမ္ပဏီ တစ်ခုခုနဲ့ မဖြစ်မနေ ဖက်စပ် လုပ်ကိုင်ရပါတယ်။

လက်ရှိ တရုတ် ဥပဒေအရ နိုင်ငံခြားသား ပိုင်ဆိုင်မှုက ၅၀ ရာခိုင်နှုန်းထက် မကျော်လွန်စေရဘူးလို့ ပြဋ္ဌာန်းထားပါတယ်။ နောက်ဆုံးတော့ နိုင်ငံခြားကုမ္ပဏီတွေဟာ ပြည်တွင်း ကုမ္ပဏီ တစ်ခုနဲ့ ၅၀:၅၀ ဖက်စပ် လုပ်ငန်းကို မလိုလားလည်း ဖွဲ့စည်းရတာပါပဲ။ စစချင်းမှာတော့ ကြီးကြီးမားမား ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက် ပြည်တွင်း ကုမ္ပဏီတွေက ကမ္ဘာ့ ကုမ္ပဏီတွေရဲ့ နည်းပညာနဲ့ ကျွမ်းကျင်မှုတွေကို သင်ယူပြီးတဲ့ အခါမှာတော့ ပြဿနာတွေ စတက်လာတော့တာပါပဲ။ ပြည်တွင်း ကုမ္ပဏီတွေက တဖြည်းဖြည်း အသံကျယ်လာပြီး ရင်းနှီးမြှုပ်နှံမှုနဲ့ စီမံခန့်ခွဲမှုတွေမှာ ထိပ်တိုက်တွေ့ကြတယ်။

နှစ်ဖက်စလုံးက ရှယ်ယာ တူညီနေတဲ့ အခြေအနေမှာ တစ်ဖက်ထဲရဲ့ အလိုအတိုင်း ဆုံးဖြတ်ချက် ချဖို့ ခက်ခဲပါတယ်။ ပိုဆိုးတာက ပြဿနာက ပြင်းထန်လာလို့ တရားရုံးမှာ တရားစွဲရင်တောင် တရုတ် တရားရုံးတွေက ပြည်တွင်း ကုမ္ပဏီတွေ ဘက်ကပဲ အပြည့်အဝ ဘက်လိုက်ကြတာပါ။ Nikola ကလည်း ဖက်စပ် လုပ်ငန်း ပြဿနာတွေကြောင့် တရုတ်ပြည်တွင်းမှာ မထုတ်ဘဲ အခွန်ကြီးကြီး ပေးပြီး တင်ပို့နေရတာပါ။ အဲဒါကြောင့်မလို့လည်း ဝယ်ချင်တဲ့သူတွေက ဝယ်ကြပေမဲ့ ဈေးနှုန်း ပြိုင်ဆိုင်မှုမှာတော့ နစ်နာရတာပဲလေ။

“တရုတ်နဲ့ ကိုရီးယားက ကြာလှပြီဖြစ်တဲ့ ချစ်ကြည်ရေး ဆက်ဆံရေး ရှိခဲ့တာပါ။ အခုလည်း အတူတူပါပဲ။ OTK Company နဲ့ ကျိုးမော်တာ အုပ်စုလည်း အဲဒီလို ဖြစ်နိုင်မယ်လို့ ဥက္ကဋ္ဌ ယုံကြည်ပါတယ်”

အိမ်နီးနားချင်း နိုင်ငံတွေက ကိုရီးယားနဲ့ ဂျပန်၊ ထိုင်းနဲ့ ဗီယက်နမ်၊ အင်္ဂလန်နဲ့ အိုင်ယာလန်၊ တူရကီနဲ့ ဂရိ၊ ပြင်သစ်နဲ့ ဂျာမနီ တို့လို ဆက်ဆံရေး မကောင်းကြတာ များပါတယ်။ အဲဒီ အခြေအနေတွေနဲ့ နှိုင်းယှဉ်ရင် တရုတ်နဲ့ ကိုရီးယားက ဆက်ဆံရေး သိပ်မဆိုးလှပါဘူး။ အားလုံးထက် ပိုအရေးကြီးတာက ကိုရီးယားရဲ့ ပို့ကုန်တွေမှာ တရုတ်က အများဆုံး ဖြစ်နေတာပါပဲ။

ဒုတိယ ဥက္ကဋ္ဌ ဝမ်ယီချန်း က ဆက်ပြောတယ်။

“တရုတ်ရဲ့ လျှပ်စစ်ကား စျေးကွက်က ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာ အဆ ၅၀ ကျော် ကြီးထွားလာခဲ့ပြီး လက်ရှိ ကမ္ဘာ့ စျေးကွက် ဝေစုရဲ့ ၄၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်”

တစ်နည်းအားဖြင့်ပြောရရင် လျှပ်စစ်ကား အစီး ၁၀၀ မှာ ၄၀ က တရုတ်နိုင်ငံမှာ ရောင်းရတာပါ။ တရုတ် လူဦးရေကို ထည့်တွက်ရင်တောင် ဒါက မြင့်မားတဲ့ ကိန်းဂဏန်းပါပဲ။ တရုတ် အစိုးရက ဒီအပေါ်မှာ ဘယ်လောက် အာရုံစိုက်နေလဲ ဆိုတာကို ပြသနေတာနဲ့ မခြားပါဘူး။ တကယ်တော့ တရုတ်နိုင်ငံက လျှပ်စစ်ကား တိုးတက်မှုမြှင့်တင်ရေးမှာ ကိုရီးယားထက် ပိုပြီး တက်တက်ကြွကြွ ရှိပါတယ်။ တရုတ်အစိုးရက မော်တော်ကား ကုမ္ပဏီ တစ်ခုချင်းစီကို သူတို့ရဲ့ ရောင်းအား တချို့ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကားတွေအဖြစ် ရောင်းချဖို့ အတင်းအကြပ် တိုက်တွန်းထားတာပါ။

“Made in China” ကို အထင်သေးခဲ့တာတွေက အတိတ်မှာ ကျန်ခဲ့ပါပြီ။ အထူးသဖြင့် လျှပ်စစ်ကားတွေမှာ သူတို့ရဲ့ နည်းပညာက ကိုရီးယားထက် သာလွန်ပါတယ်။ BYD က ဂျေဂျူးကျွန်းနဲ့ ကမ္ဘာတစ်ဝှမ်းကို လျှပ်စစ် ဘတ်စ်ကားတွေ တင်ပို့နေပြီး နည်းပညာကို အသိအမှတ်ပြု ခံထားရပါတယ်။ ကျိုးမော်တာ ကလည်း လျှပ်စစ်ကားတွေ ရောင်းချနေပြီး မနှစ်က ရောင်းအားက အစီးရေ ၁၂၀,၀၀၀ ရှိခဲ့တယ်။ ကျိုးမော်တာ ဝယ်ယူခဲ့တဲ့ Volvo ကလည်း လာမယ့် ငါးနှစ်အတွင်း ကားအားလုံးကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကားတွေအဖြစ် ထုတ်လုပ်မယ့် အစီအစဉ်ကို ကြေညာခဲ့တယ်။

ဒါကို ကြည့်ရင် ကိုရီးယား မော်တော်ကား ဈေးကွက်က ဂါလာပါဂိုးစ် ကျွန်းလို ခြောက်တီးခြောက်ကပ်ဖြစ်နေတာပါ။ ဒီအတွက် အကြီးမားဆုံး အကြောင်းရင်းကတော့ အွန်ဆောင်း မော်တာရဲ့ လက်ဝါးကြီးအုပ်မှု ကြောင့်ပါပဲ။ ရှိပြီးသား လုပ်ငန်းတွေကို ကောင်းကောင်း လုပ်ရုံနဲ့တင် ပိုက်ဆံရနေတဲ့ စျေးကွက်မှာ စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ဖို့ မလိုဘူးလေ။

“တရုတ် အစိုးရက ၃ နှစ်အတွင်း လျှပ်စစ်ကား ၁၀ သန်း ထောက်ပံ့ဖို့ ရည်မှန်းချက်နဲ့ ပံ့ပိုးကူညီမှုတွေကို ရက်ရက်ရောရော ပေးနေတာပါ။ ကျိုးမော်တာ ရှိတဲ့ ကွမ်တောင်း ပြည်နယ်ကလည်း CarOS သာ ကျိုးမော်တာနဲ့ ဖက်စပ် စက်ရုံ ဆောက်ရင် အပြည့်အဝ ပံ့ပိုးပေးမယ်လို့ ကတိပြုထားပါတယ်”

သူ စကားပြောပုံအရ နိုင်ငံရေး အသိုင်းအဝိုင်းနဲ့ အတိုင်းအတာတစ်ခုအထိ ဆွေးနွေးပြီးသား ဖြစ်ပုံရတယ်။ မုန့်က မရသေးဘူး၊ ဟင်းရည်ကို အရင် သောက်နေကြတာလား။

ကျွန်တော် သတိထားပြီး ပြောလိုက်တယ်။

“တရုတ်မှာ ထူးချွန်တဲ့ လျှပ်စစ်ကား ကုမ္ပဏီတွေ အများကြီး ရှိပါတယ်။ သူတို့နဲ့ နှိုင်းယှဥ်ရင် ကျွန်တော်တို့က တရုတ်ကို ဝင်ဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ ပြီးတော့ ကျွန်တော်တို့က လုပ်ငန်းကို ဦးဆောင်ပြီး လုပ်ချင်တာပါ။ အဲဒါကြောင့်မလို့လည်း ကျွန်တော်တို့က သီးသန့် ကုမ္ပဏီ အဖြစ်ပဲ ရှိနေတာပါ”

ဒုတိယ ဥက္ကဋ္ဌ ဝမ်ယီချန်း က ခေါင်းညိတ်တယ်။

“မင်း စိုးရိမ်တာကို ငါ ကောင်းကောင်း နားလည်ပါတယ်။ အာဏာပိုင်တွေက လျှပ်စစ်ကား လုပ်ငန်းကို မြှင့်တင်ဖို့ လျှပ်စစ်ကား ကုမ္ပဏီတွေမှာ နိုင်ငံခြား ကုမ္ပဏီတွေကို ရှယ်ယာ ၇၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခွင့် ပေးဖို့ စဉ်းစားနေပြီး ဥပဒေကို ဒီနှစ်အတွင်းမှာပဲ ပြင်ဆင်ပါလိမ့်မယ်”

တရုတ်နိုင်ငံက အကြောင်းမရှိဘဲ သူတို့ရဲ့ မူဝါဒကို ပြောင်းလဲမှာ မဟုတ်ပါဘူး။

“နည်းပညာ လွှဲပြောင်းပေးရမယ် ဆိုတဲ့ အခြေအနေတွေ ပါလာမယ်လို့ ကျွန်တော် နားလည်ပါတယ်”

သူတို့က ဘာကို ရည်ရွယ်နေတာလဲ။ ကိုယ်တိုင်မောင်းနှင်တဲ့ နည်းပညာလား၊ ဘတ္ထရီ နည်းပညာလား။ သဘာဝ ကျကျ နှစ်ခုစလုံးပေါ့။

ကျွန်တော် ခေါင်းခါလိုက်တယ်။

“ကျွန်တော် နောက်ထပ် နည်းနည်းလောက် ထပ်ပြီး စဥ်းစားရပါဦးမယ်”

ဒုတိယ ဥက္ကဋ္ဌ ဝမ်ယီချန်း က အခြေအနေ အမျိုးမျိုးကို တင်ပြတယ်။ စက်ရုံမြေနေရာ အလကား ပေးမှာဖြစ်သလို၊ စီမံခန့်ခွဲခွင့် အာမခံချက်လည်း ပေးမှာဖြစ်ပြီး၊ အမှတ်တံဆိပ် တန်ဖိုး မြှင့်တင်ပေးတာတို့၊ ရောင်းအား တိုးလာမှာတို့ စတာတွေကို ပြောပြနေတာပါ။ အထူးသဖြင့် အကောင်းဆုံးအချက်ကတော့ သူတို့က ဖက်စပ် လုပ်ငန်းရဲ့ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေတွေကို အတိုးနှုန်း သုညနီးပါးနဲ့ ချေးပေးမှာပါ။ အတိုချုပ် ပြောရရင် သူတို့က ကော်ဇောနီ ခင်းပေးထားမှာမလို့ ကျွန်တော်တို့က ဝင်လာရုံပဲ လို့ ပြောနေတာနဲ့ အတူတူပါပဲ။

ဒီအခြေအနေတွေကိုပဲ ကြည့်ရင်တော့ အရမ်းကောင်းတယ်လို့ ထင်ရပါတယ်။ ဘယ်မော်တော်ကား ကုမ္ပဏီမှ တရုတ် ဈေးကွက်ကို ဒီလို ရက်ရောတဲ့ အခြေအနေမျိုးနဲ့ မဝင်ရောက်ဖူးပါဘူး။ ဒါပေမဲ့ ကမ္ဘာမှာ အလကားရတဲ့ နေ့လယ်စာ ဆိုတာ မရှိဘူး။ ကျွန်တော်တို့မှာ ဘယ်လောက်ပဲ အရင်းအနှီး ရှိရှိ၊ တရုတ် အစိုးရနဲ့ နှိုင်းယှဉ်ရင် သမုဒ္ဒရာထဲက ရေတစ်စက်စာပဲ ရှိတာပါ။ သူတို့ ရှေ့မှာ ကျွန်တော်တို့ ရှိနေတာက လျှပ်စစ်ကား နည်းပညာပါပဲ၊ တကယ်လို့ အဲဒီ နည်းပညာသာ အလုခံရရင် အားလုံး ပြီးဆုံးသွားမှာပါ။

စည်းရုံးတာတွေ ဆက်လုပ်နေပေမဲ့ ကျွန်တော်က တရုတ်ကို ဝင်ဖို့ အချိန်မတန်သေးဘူးလို့ပဲ ပြောခဲ့တယ်။ နေ့တစ်ဝက်နီးပါး စည်းရုံးတာကိုတောင် ကျွန်တော်က မတုန်မလှုပ် ရှိနေတဲ့အခါ ဒုတိယ ဥက္ကဋ္ဌ ဝမ်ယီချန်း ရဲ့ မျက်နှာ အမူအရာက တဖြည်းဖြည်း တင်းမာလာတယ်။

နောက်ဆုံးတော့ သူက ထိုင်နေရာကနေ ထရပ်လိုက်တယ်။ ပြီးတော့ အေးစက်တဲ့ အသံနဲ့ တစ်ခုခု ပြောလိုက်ပြီး လျိုယိရှင်း က ကျွန်တော့်ကို ဘာသာပြန်ပေးတယ်။

“ရှေးစကားပုံတစ်ခု ရှိတယ်၊ ‘နိုင်ငံကြီးကို ဆန့်ကျင်တဲ့ နိုင်ငံငယ်က ဘေးဒုက္ခ ကြုံရလိမ့်မယ်’ တဲ့”

ဒါက ခြိမ်းခြောက်တာလား။

ဒီစကားကို ကြားလိုက်ရတော့ ငြင်းပယ်ဖို့ ဆုံးဖြတ်ခဲ့တာ မှန်တယ်လို့ ကျွန်တော် တွေးလိုက်မိတယ်။

ကျွန်တော်က မယုံနိုင်သလို ရယ်မောလိုက်တယ်။

“ငါ ပြောတဲ့အတိုင်း အတိအကျ ဘာသာပြန်ပေးပါ။ အခုသူရောက်နေတာက အမေရိကန် ဖြစ်ပြီး ငါက အမေရိကန်လူမျိုး ဖြစ်နေရင်တောင် သူ ဒီလိုမျိုး ပြောနိုင်မလားလို့ မေးပေးပါ”

နောက်ဆုံးတော့ ဒုတိယ ဥက္ကဋ္ဌ ဝမ်ယီချန်း က တရုတ်နိုင်ငံကို လက်ဗလာနဲ့ ပြန်သွားခဲ့တယ်။ CarOS က တရုတ်မှာ ရောင်းအား ကွန်ရက် မရှိသလို တင်ပို့တာလည်း မရှိဘူးဆိုတော့ သူတို့က ဘာလုပ်နိုင်မှာမလို့လဲ။

ဒါပေမဲ့ တွေ့ဆုံပြီး မကြာခင်မှာပဲ ကိစ္စတွေ ဖြစ်လာတော့တာပဲ။

တရုတ်နိုင်ငံက ပြီးခဲ့တဲ့ လေအိတ် ပြန်သိမ်းတဲ့ ကိစ္စကို ပြောပြီး အွန်ဆောင်း မော်တာကို အိတ်ဇောဂက်စ် မမှန်မကန် လုပ်တယ်လို့ သံသယဝင်ကာ ရလဒ်တွေ မထွက်မချင်း တချို့ ကားမော်ဒယ်တွေကို ရောင်းချခွင့် ရပ်ဆိုင်းဖို့ အမိန့်ပေးခဲ့တယ်။ တရုတ်မှာ ကားအသစ် မိတ်ဆက်ဖို့ ပြင်ဆင်နေပြီး အကြီးအကျယ် ကြော်ငြာကာ ကြိုတင် အော်ဒါတွေ လက်ခံထားတဲ့ အွန်ဆောင်း မော်တာကတော့ အလန့်တကြား ဖြစ်သွားရတယ်။

ပြီးတော့ တရုတ်နိုင်ငံ၊ ချင်တောင်က ဆိုဆောင်း အီလက်ထရောနစ် ရဲ့ အိမ်သုံးပစ္စည်း စက်ရုံကလည်း မီးဘေး စစ်ဆေးတာ စတဲ့ အကြောင်းပြချက်တွေကြောင့် ပိတ်ပစ်ခြင်း ခံခဲ့ရတယ်။ တရုတ် အစိုးရရဲ့ ရုတ်တရက် အရေးယူ ပိတ်ဆို့မှုတွေကြောင့် လူတိုင်းက ဇဝေဇဝါ ဖြစ်ကုန်ကြတယ်။ ဒါပေမဲ့ ပိုပြီး ကြောက်စရာ ကောင်းတာက တရုတ်ပြည်တွင်းက တုံ့ပြန်မှုပါပဲ။ တရုတ်ကုမ္ပဏီတွေနဲ့ တရုတ်ပြည်တွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရတွေက တရုတ် အစိုးရရဲ့ အခြေအနေကို ကြည့်ပြီး ကိုရီးယားနဲ့ ပတ်သက်တဲ့ ပွဲတွေကို တစ်ခုပြီးတစ်ခု ရွှေ့ဆိုင်းတာ ဒါမှမဟုတ် ဖျက်သိမ်းတာမျိုး လုပ်ခဲ့ကြတယ်။

အတိုချုပ် ပြောရရင် အင်တာနက် စျေးဝယ်စင်တာတွေရဲ့ ပင်မ စာမျက်နှာမှာ ရှိနေတဲ့ ကိုရီးယား ထုတ်ကုန်တွေ အားလုံးက နောက်စာမျက်နှာတွေဆီ ပျောက်ကွယ်သွားခဲ့ပြီး Portal Websiteတွေမှာ တင်ထားတဲ့ ကိုရီးယား အနုပညာရှင်တွေ၊ ဒရာမာတွေနဲ့ ရုပ်ရှင်တွေရဲ့ သတင်းတွေလည်း လုံးဝ ပျောက်ကွယ်သွားခဲ့တယ်။

တက်ဂယူ က မေးတယ်။

"အွန်ဆောင်း မော်တာက တရုတ်မှာ ဘေဂျင်း မော်တာနဲ့ ဖက်စပ် လုပ်နေတာ မဟုတ်ဘူးလား။ ဒါဆို ဘေဂျင်း မော်တာလည်း ထိခိုက်မှာပေါ့"

"သူတို့မှာ ကိုယ်ပိုင် အမှတ်တံဆိပ်တွေ ရှိပေမဲ့လည်း..."

ဟုတ်ပါတယ်။ သူတို့လည်း အနည်းနဲ့အများ ထိခိုက်မှုကို မရှောင်လွှဲနိုင်ပါဘူး။ ပုံမှန် နိုင်ငံတစ်ခုမှာဆိုရင် ကုမ္ပဏီတွေက အစိုးရကို ချက်ချင်း တရားစွဲကြမှာပါ။ ဒါပေမဲ့ တရုတ် ကုမ္ပဏီတွေကတော့ သူတို့ ဆုံးရှုံးမှု ကြုံရမှာ သေချာနေတာတောင် ဘာတစ်ခွန်းမှ မပြောဘဲ အစိုးရ မူဝါဒအတိုင်း လိုက်နာခဲ့ကြတယ်။ ဒါက တရုတ်လို့ ခေါ်တဲ့ နိုင်ငံရဲ့ ထူးခြားချက် တစ်ခုလို့လည်း ပြောလို့ရပါတယ်။

သူတို့က ကျွန်တော်တို့ကို တိုက်ရိုက် မထိခိုက်စေနိုင်လို့ ဆက်စပ် ကုမ္ပဏီတွေကို အရင် ပစ်မှတ်ထားနေတာလား။

"ဒီလိုလုပ်လို့ရလို့လား"

"အာဏာ ရှိရင်တော့ ရတာပေါ့"

ကိုရီးယားသာ ကိုရီးယားမှာ လည်ပတ်နေတဲ့ တရုတ် ကုမ္ပဏီတွေကို ဒီလိုမျိုး လုပ်ခဲ့ရင် တရုတ် အစိုးရက ချက်ချင်း လက်စားချေမှာပါ။ ဒါပေမဲ့ ကိုရီးယား အစိုးရကတော့ သင့်တော်တဲ့ တုံ့ပြန်မှုကို ရှာမတွေ့နိုင်ခဲ့ဘူး။ ဒါက အာဏာရှိတဲ့ နိုင်ငံနဲ့ အာဏာမရှိတဲ့ နိုင်ငံကြားက ကွာခြားချက်ပါပဲ။

ကျွန်တော် စကားတစ်ခွန်း ထပ်ဖြည့်ပြောလိုက်တယ်။

"ဒါပေမဲ့ သူတို့က အာဏာ ရှိရုံနဲ့ ဒီလိုမျိုး မလုပ်သင့်ဘူး"

တစ်ဖက်လူထက် ပိုပြီး အာဏာရှိရုံနဲ့ စိတ်အလိုကျ ပြုမူတတ်တဲ့ နိုင်ငံကို ဘယ်နိုင်ငံက ယုံကြည်ပြီး လိုက်နာမှာလဲ။ ဒါကြောင့်မလို့လည်း တရုတ်ကို နိုင်ငံကြီး လို့ မခေါ်နိုင်တာပါ။ တကယ်လို့ သူတို့က အကြောင်းပြချက် တစ်ခုခုနဲ့ တရားဝင် ပိတ်ဆို့ အရေးယူမှုတွေ လုပ်ရင် ကျွန်တော်တို့က ကန့်ကွက်တာ ဒါမှမဟုတ် WTO (ကမ္ဘာ့စီးပွားရေအဖွဲ့ချုပ်) မှာ တိုင်ကြားတာတို့ လုပ်လို့ရပါတယ်။ ဒါပေမဲ့ WTOက အရေးယူမှုမလုပ်ဘဲ စိုးရိမ်ကြောင်းပဲ စာထုတ်ပြီး အချိန်ဆွဲနေရင်တော့ ဘာအဖြေမှ ရလာမှာ မဟုတ်ပါဘူး။

အမျိုးမျိုးသော ပိတ်ဆို့ အရေးယူမှုတွေက ရှယ်ယာ စျေးနှုန်းတွေအပေါ် ချက်ချင်း သက်ရောက်မှု ရှိခဲ့တယ်။ လျှပ်စစ်ကား စက်မှုဇုန် အစီအစဉ်ကို ကြေညာပြီးကတည်းက တောက်လျှောက် တက်နေတဲ့ ဆိုဆောင်း အီလက်ထရောနစ် နဲ့ အွန်ဆောင်း မော်တာ တို့ရဲ့ ရှယ်ယာ စျေးနှုန်းတွေက တရုတ် အစိုးရရဲ့ ပိတ်ဆို့ အရေးယူမှု သတင်းတွေကြောင့် ၃ ရာခိုင်နှုန်းနဲ့ ၅ ရာခိုင်နှုန်း အသီးသီး ကျဆင်းသွားခဲ့တယ်။

ဥက္ကဋ္ဌ လင်ဂျင်ယုံ က တုံ့ပြန်မှုလုပ်ဖို့အတွက် ကျွန်တော်တို့ အဆောက်အဦးကို ရောက်လာခဲ့တယ်။

တက်ဂယူ က ထပ်ပြောတယ်။

"ဒါပေမဲ့ OTK Company က အမေရိကန် ကုမ္ပဏီ ဖြစ်ပြီး CarOS ကလည်း အမေရိကန် ကုမ္ပဏီပဲ။ သူတို့က အမေရိကန် ကုမ္ပဏီတွေကိုလည်း လက်စားချေသင့်တာ မဟုတ်ဘူးလား"

ဒါပေမဲ့ တကယ်တမ်းမှာတော့ သူတို့က အမေရိကန် ကုမ္ပဏီတွေကို လုံးဝ မထိဘဲ ကိုရီးယား ကုမ္ပဏီတွေကိုပဲ သူတို့ရဲ့ ဒေါသတွေကို ပုံချနေတာပါ။

ဥက္ကဋ္ဌ လင်ဂျင်ယုံ က ဟာသလုပ်သလို ရယ်ရင်း ပြောတယ်။

"သူတို့သာ အဲဒီလို လုပ်ရင် ရိုနယ် က ငြိမ်ခံနေမှာ မဟုတ်ဘူး"

နောက်ဆုံးတော့ ကိုရီးယားကပဲ အနိုင်ကျင့်ရလွယ်တဲ့ ပစ်မှတ် ဖြစ်နေတာလား။

တက်ဂယူ က အံ့ဩသွားတဲ့ အသံနဲ့ ပြောတယ်။

"မဟုတ်ဘူးလေ။ ဒီလုပ်ရပ်က ဘာကြီးလဲ။ လူမိုက်လိုမျိုး အားနည်းတဲ့သူကို အနိုင်ကျင့်ပြီး အားသာတဲ့သူကို ဘောမနေတာလား။ ဒါက ဘယ်လို နိုင်ငံကြီးလဲ"

လက်စားချေတာက ဒီတင် မပြီးသေးပါဘူး။

တရုတ်နိုင်ငံက ကုန်စည်ပို့ဆောင်ရေး ထရပ်ကား ပွဲစား ဝန်ဆောင်မှု ဖြစ်တဲ့ ထန်းဝေ ရဲ့ စီအီးအို ယောက်မိန်ဆီကနေ ဖုန်းဝင်လာခဲ့တယ်။

[အာဏာပိုင်တွေက လုပ်ငန်း ရပ်ဆိုင်းမိန့် ထုတ်ပြန်လိုက်ပါပြီ]

ဒါက တရုတ်နိုင်ငံမှာ OTK Company ရင်းနှီးမြှုပ်နှံထားတဲ့ တခြား Starup လုပ်ငန်းတွေမှာလည်း အတူတူပဲ ဖြစ်ခဲ့တာပါ။

All Chapters