← Chapters

အခန်း (၂၄၅၅-၂၄၅၆)

Vol. 246 Ch. 2455-2456

အခန်း (၂၄၅၅-၂၄၅၆)

Vol. 246 Ch. 2455-2456

အခန်း (၂၄၅၅) - သူ တကယ်ပဲ ပြန်ရောက်လာပြီ

ဖန့်ချန် က ကျိလင် ကို ခေါ်ပြီး ပြန်ရောက်လာပြီတဲ့လား။

ဆွေ့ဟုန်ကျူ ၏ ထိုစကားကြောင့် လူသားမျိုးနွယ်စု ကျောင်းခွဲတစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားသည်။ ဒါက ဖြစ်နိုင်ပါ့မလား။

ကျောင်းသား တစ်ဦးပြီးတစ်ဦး၏ မျက်ဝန်းများထဲတွင် မယုံနိုင်စရာ အမူအရာများ ပေါ်ပေါက်လာသည်။ ကျိလင် သည် ဤမျှကြီးမားသော ဘေးအန္တရာယ်မျိုးကို ကျူးလွန်ထားပြီးမှတော့ သဘာဝအတိုင်း တတ်နိုင်သမျှ ဝေးရာသို့ ထွက်ပြေးနေမည်သာ ဖြစ်သည်။ သူသည် ဤမျှတိုတောင်းသော အချိန်အတွင်း ဖန့်ချန် ၏ ဖမ်းဆီးခြင်းကို မည်သို့လုပ်ခံလိုက်ရသနည်း။

ချင်ဂွေ့ သည် အနည်းငယ် ကြောင်အသွားပြီးမှ ရယ်မောလိုက်သည်။

"ဆွေ့ဟုန်ကျူ၊ မင်း ဖန့်ချန် က ကျိလင် ကို ခေါ်ပြီး ပြန်လာပြီလို့ ပြောနေတာလား စုံစမ်းစစ်ဆေးရေးဌာနက သူတော်စင် ဖြစ်နေရင်တောင် ဒီလောက်အထိ အကာအကွယ်ပေးလို့ မရဘူး မဟုတ်လား"

ဒါ ဆွေ့ဟုန်ကျူ က ဖန့်ချန် ကို အကာအကွယ်ပေးနေတာလား။

ချင်မျိုးနွယ်စုမှ ကာကွယ်ရေးဆရာ အများအပြား၏ မျက်ဝန်းများမှာ အနည်းငယ် ထူးဆန်းလာသည်။ အကယ်၍ ဖန့်ချန် သည် ဆွေ့ဟုန်ကျူ နှင့် ထိုမျှအထိ ရင်းနှီးနေမည်ဆိုပါက သူတို့ ဖန့်ချန် ကို ဖိနှိပ်ရန် ကြိုးစားခြင်းမှာ အနည်းငယ် ခက်ခဲလိမ့်မည်ဟု တွေးမိလိုက်သည်။

ချင်ဂွေ့ က ဆက်ပြောသည်။

"စုံစမ်းစစ်ဆေးရေးဌာနရဲ့ သူတော်စင် တစ်ယောက်အနေနဲ့ စကားတစ်ခွန်း၊ အပြုအမူတစ်ခုတိုင်းက စုံစမ်းစစ်ဆေးရေးဌာနကို ကိုယ်စားပြုတယ်။ စကားတော်တော်များများက အထက်အရာရှိတွေရဲ့ နားထဲအထိ ရောက်သွားနိုင်တယ်။ မင်း ကောင်းကောင်း စဉ်းစားစေချင်တယ်၊ ငါတို့ လူသားမျိုးနွယ်စုရဲ့ ပြည်တွင်းရေးထဲကို ဝင်မစွက်ဖက်ပါနဲ့။"

ထိုအချိန်တွင် နင်ကျောင်းအုပ်၊ ရွှီကာကွယ်ရေးဆရာ၊ နာလန်ချိုဟုန် တို့မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး မည်သည့်မှတ်ချက်မှ မပေးဘဲ အခြေအနေကို ငြိမ်သက်စွာ စောင့်ကြည့်နေကြသည်။

ကျန်းတောက်ယွဲ့ ဦးဆောင်သော ကရုဏာတောင်မှ သူတော်စင်များမှာလည်း ယခုအချိန်တွင် အလွန်ပင် တည်ငြိမ်နေသည်။ သို့သော် ထိုငြိမ်သက်မှုက ထိုနေရာရှိ ချင်မျိုးနွယ်စု သူတော်စင်များအတွက် ဖိအားတစ်ခု ဖြစ်လာသည်။

"ချင်ကာကွယ်ရေးဆရာ၊ ကျွန်မက စုံစမ်းစစ်ဆေးရေးဌာနရဲ့ သူတော်စင် တစ်ယောက်ဆိုတာကို ရှင်သိပါတယ်။ ကျွန််််မက စကားအပိုတွေပြောမှာ မဟုတ်ပါဘူး။"

ဆွေ့ဟုန်ကျူ က ပြုံးလျက် ပြောသည်။

"ကျွန်မက ရှင်တို့ကို အစည်းအဝေး မဆုံးဖြတ်ခင် ဖန့်ချန် ကို အချိန်လေး နည်းနည်းလောက် ထပ်ပေးစေချင်တာပါ။ နောက်ဆုံးမှာ အစည်းအဝေး ဆုံးဖြတ်ချက်က ဟာသတစ်ခု ဖြစ်သွားပြီး အပြင်ကို ပျံ့နှံ့သွားရင် ကြားရတာ မကောင်းပါဘူး။"

ကျောင်းတော်သည် ၎င်း၏ လက်အောက်မှ ကျောင်းခွဲများကို အလွန်အမင်း ထိန်းချုပ်ခွင့် ရှိသည်။ သို့သော် အစည်းအဝေး ဆုံးဖြတ်ချက်မှာမူ ချွင်းချက်ဖြစ်သည်။ ဒါက ကျောင်းတော်က ကျောင်းခွဲတိုင်းကို ပေးထားတဲ့ အခွင့်အရေး ဖြစ်သည်။ ဒါကို ချင်းမင် အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့ ရှိ ထိပ်သီးပုဂ္ဂိုလ်များကပင် ခွင့်ပြုထားခြင်း ဖြစ်သည်။ အချို့သော ကိစ္စရပ်များကို လူမျိုးစုအတွင်းတွင်သာ ဖြေရှင်းရမည်ဖြစ်ပြီး အရာတိုင်းကို ဝင်ရောက်စွက်ဖက်၍ မရနိုင်ပေ။

ထို့ကြောင့် ဆွေ့ဟုန်ကျူ သည် ထိုနေရာသို့ ရောက်လာသော်လည်း အစည်းအဝေး ဆုံးဖြတ်ချက်ကို ခေတ္တရွှေ့ဆိုင်းရန်သာ လုပ်ဆောင်နိုင်မည် ဖြစ်ပြီး အစည်းအဝေးကို ရပ်တန့်နိုင်မည် မဟုတ်ပေ။

"ဆွေ့ဟုန်ကျူ၊ မင်း ဖန့်ချန် ဆီက သတင်းစကား တကယ် ရလိုက်တာလား "

ချင်ဂွေ့ ၏ မျက်ဝန်းများတွင် လေးနက်သော အမူအရာ ပေါ်လာသည်။ သူ၏ နောက်ကွယ်တွင် ရှိနေသော ကျောက်ကျိ သည် အမူအရာမဲ့ နေသော်လည်း မျက်ဝန်းများတွင် မဖုံးကွယ်နိုင်သော စိုးရိမ်မှုများ ပေါ်လာသည်။

"သေချာပေါက်ပေါ့။"

ဆွေ့ဟုန်ကျူ က ခေါင်းကို ညိတ်လိုက်သည်။

"ပြီးတော့ ဒီကိစ္စက စုံစမ်းစစ်ဆေးရေးဌာနရဲ့ သူတော်စင် ရွေးချယ်မှုနဲ့လည်း ပတ်သက်နေတယ်။ ကျိလင် ကို ဖမ်းဆီးဖို့က ဖန့်ချန် ရဲ့ တာဝန်ပဲ။ သူက ဒီကိစ္စကို သုံးပြီး ရှင်တို့ကို လှည့်စားဖို့ ရဲရင့်ရင်တောင် စုံစမ်းစစ်ဆေးရေးဌာနကို လှည့်စားဖို့တော့ မရဲဘူး။ ဒီနေ့ ကျွန်မက စုံစမ်းစစ်ဆေးရေးဌာနရဲ့ အမိန့်အရ ဖန့်ချန် ရဲ့ စစ်ဆေးမှု ရလဒ်ကို စစ်ဆေးဖို့ ရောက်လာတာပါ။"

"စုံစမ်းစစ်ဆေးရေးဌာနက သူတော်စင် ရွေးချယ်မှု စတင်လိုက်ပြီလား "

"မဖြစ်နိုင်တာ၊ ဖန့်ချန် က စွမ်းအင်စုစည်းခြင်းအဆင့် နောက်ဆုံးပိုင်းပဲ ရှိသေးတာမဟုတ်လား "

ကျောင်းသားများ၏ မျက်ဝန်းများ တုန်လှုပ်သွားသည်။ ကျောင်းတိုက်အသီးသီးမှ ဆရာများမှာလည်း အံ့အားသင့်သွားကြသည်။ သူတို့မှာ ထိုသတင်းနှင့် ပတ်သက်၍ ဘာမှ မသိကြပေ။ ဆရာတစ်ယောက်က ရုတ်တရက် တွေးမိလိုက်သည်။ အကယ်၍ ဖန့်ချန် သည် စုံစမ်းစစ်ဆေးရေးဌာန၏ ရွေးချယ်မှု စစ်ဆေးခြင်းကို မပြီးမြောက်ခဲ့လျှင်တော့ နောက်ပိုင်းတွင် သူ၏ မဟာမိတ်အဖွဲ့ လမ်းကြောင်းမှာ ပြတ်တောက်သွားလိမ့်မည်စွမ်းအားကြီးမား၍ ရာထူးကြီးမြင့်နေရင်တောင်ဟော်ဆွေ့ဘိုးဘေး ထိုင်နေသည့် ဟော်ဆွေ့ချင် မျိုးနွယ်စုကို မထိခိုက်နိုင်ပေ။

"အတော်လေး တိုက်ဆိုင်လွန်းနေတယ်၊ ယင်သူတော်စင် ကို ဖမ်းတာကမှ အလုပ်တစ်ခု၊ ကြိုတင်မပြင်ဆင်ထားရင် ရာစုနှစ်ပေါင်းများစွာတောင် သူ့ခြေရာကို ရှာတွေ့မှာ မဟုတ်ဘူး။"

ဆရာများ၏ အတွေးမှာ တူညီနေသည်။ သူတို့မှာ ဤကိစ္စကို အလွန်ပင် တိုက်ဆိုင်လွန်းသည်ဟု ထင်မြင်နေကြသည်။ ထို့အပြင် ချင်ဂွေ့ က ထိုကိစ္စကို အကြောင်းပြပြီး အစည်းအဝေး ခေါ်ယူခြင်းမှာလည်း ဖန့်ချန် ကို အလွန်ပင် ပစ်မှတ်ထားနေသလို ဖြစ်နေသည်။ မိုက်မဲသူ မဟုတ်ပါက ထိုအစည်းအဝေး ဖြစ်လာရသည့် အကြောင်းရင်းကို လူတိုင်း နားလည်နေကြပြီဖြစ်သည်။

ကျိလင် ယင်သူတော်စင် ဖြစ်လာခြင်းမှာပင် ပြင်ပစွမ်းအားတစ်ခုခု၏ ဝင်ရောက်စွက်ဖက်မှု ရှိနေမည်ဟုပင် သူတို့ သံသယ ဝင်နေကြသည်။

"ကောင်းပြီ၊ ဒါဆိုရင် ဖန့်ချန် ကို အချိန်နည်းနည်း ထပ်ပေးလိုက်မယ်။"

ချင်ဂွေ့ က တည်ငြိမ်စွာ ပြောသည်။

"သူသာ ကျိလင် ကို ဖမ်းမိလာရင် ဒီတစ်ခေါက် အစည်းအဝေး ဆုံးဖြတ်ချက်က ပျက်ပြယ်သွားလိမ့်မယ်။"

"ဆရာ"

ကျောက်ကျိ ၏ အမူအရာ ပြောင်းလဲသွားပြီး ချက်ချင်းပင် ရှေ့သို့ တိုးထွက်လာကာ လက်ယှက်၍ ပြောသည်။

"ဆရာ၊ ကျိလင် ယင်သူတော်စင် ဖြစ်လာတာက အမှန်တရားပါ။ ချင်လွမ်း သေဆုံးတာလည်း အမှန်ပါပဲ။ ကျိလင် ကို ဖမ်းမိလာရင်တောင် ဖန့်ချန် ကို အပြစ်ပေးရမှာက မပျက်ပြယ်သွားသင့်ဘူး "

ဝေကွမ်းရှောင် နှင့် ဝေလျန်ရွှမ် ညီအစ်ကိုနှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ ထိုကျောက်ကျိ သည် ကရုဏာတောင်ကို အသေအလဲ တိုက်ခိုက်တော့မည့်ပုံပင်။

ဆွေ့ဟုန်ကျူ ၏ အကြည့်မှာလည်း ကျောက်ကျိ ထံသို့ ရောက်သွားပြီး လှောင်ပြုံးဖြင့် ပြောသည်။

"ရှင်တို့ ဆုံးဖြတ်ချင်လည်း ဆုံးဖြတ်ကြပါ၊ ဒါပေမဲ့ ဖန့်ချန် ရဲ့ စစ်ဆေးမှု ကျရှုံးတဲ့အထိ စောင့်ရလိမ့်မယ်။ သူသာ စုံစမ်းစစ်ဆေးရေးဌာနရဲ့ သူတော်စင် ဖြစ်သွားရင်တော့ ရှင်တို့ လူမျိုးစုရဲ့ စည်းမျဉ်းတွေက သူ့ကို ထိခိုက်နိုင်မှာ မဟုတ်ဘူး။ သူ့ကို အပြစ်ပေးချင်ရင် စုံစမ်းစစ်ဆေးရေးဌာနကို အစီရင်ခံစာ အရင်တင်လိုက်။ သူ တာဝန်မကျေပွန်တာ ရှိ၊ မရှိကို ငါတို့ပဲ စစ်ဆေးပေးမယ်။"

ဤစကား ထွက်လာသည်နှင့် ကျောက်ကျိ ၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။ ချင်ဂွေ့ က သူ့ကို အေးစက်စက် တစ်ချက်ကြည့်လိုက်သည်။

"ဆွေ့ဟုန်ကျူ ဒီကိစ္စကို ဝင်စွက်ဖက်ကတည်းက မင်းက ဒီလိုမျိုး ထွက်မပြောသင့်ဘူး။"

ကျောက်ကျိ တုန်လှုပ်သွားသည်။ သူ၏ နဖူးပေါ်တွင် ချွေးစေးများ ပြန်လာပြီး ချက်ချင်းပင် စကားမပြောဘဲ တိတ်ဆိတ်သွားသည်။ သူ ဒါကို မေ့နေခဲ့သည်။ အကယ်၍ ဖန့်ချန် သည် ထိုစစ်ဆေးမှုကို အောင်မြင်သွားပါက လူသားမျိုးနွယ်စု ကျောင်းခွဲ၏ အစည်းအဝေး ဆုံးဖြတ်ချက်မှာ သူ့ကို မည်သို့မျှ မထိခိုက်နိုင်တော့ပေ။ စုံစမ်းစစ်ဆေးရေးဌာနသည် လူသားမျိုးနွယ်စု၏ အစည်းအဝေး ဆုံးဖြတ်ချက်ရလဒ်ကို လုံးဝ အသိအမှတ်ပြုမည် မဟုတ်ပေ။

သူ့ဆရာက အနည်းငယ် တုံ့ဆိုင်းပြီးနောက် အချိန်ထပ်ပေးလိုက်သည်မှာ အကြောင်းရင်း ရှိသည်။ သူကသာ အလောတကြီး လုပ်မိခြင်း ဖြစ်သည်။

"ခွတ်... ခွတ်..." နင်ကျောင်းအုပ် က ရုတ်တရက် ချောင်းဟန့်လိုက်ပြီး ‌ဆွေ့ဟုန်ကျူ ကို လက်ယှက်၍

"ဟုန်ကျူ ဖန့်ချန် က ဘယ်လောက်ကြာရင် ပြန်ရောက်လာမယ်လို့ ပြောသလဲ "

"သူ ပြန်ရောက်နေလောက်ပြီ၊ ဖြစ်နိုင်ရင် တခြားကိစ္စ အနည်းငယ် ရှင်းစရာ ရှိနေလို့ ဖြစ်မယ်။"

ဆွေ့ဟုန်ကျူ က ပြောသည်။

"ကျွန်မတို့ စောင့်ကြတာပေါ့။"

သူမ၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။ ဖန့်ချန် ဆီက သတင်းရစဉ်က သူမကိုယ်တိုင်လည်း မယုံကြည်ခဲ့ပေ။ သို့သော် ဖန့်ချန် ကို နှစ်ပေါင်းများစွာ သိကျွမ်းခဲ့သည့်အတိုင်း သူသည် လိမ်ပြောမည့်သူ မဟုတ်ဟု ယုံကြည်ထားသောကြောင့်သာ လာခဲ့ခြင်းဖြစ်သည်။

'သူသာ ကျိလင် ကို တကယ်ပဲ ဖမ်းလာနိုင်ရင် တခြား တရားစီရင်ရေး အကြီးအကဲတွေအတွက် အချက်ပေးခေါင်းလောင်းကို တီးလိုက်သလို ဖြစ်သွားမှာ။ သူတို့က ဆယ်နှစ်အတွင်းမှာ အမှုတွဲကို အပြီးသတ်ရမယ်။ မဟုတ်ရင်... အားလုံး ကျရှုံးလိမ့်မယ်။'

ထိုအကြောင်းကို တွေးမိလိုက်သောအခါ ဆွေ့ဟုန်ကျူ ၏ အမူအရာမှာ ပိုမိုထူးဆန်းလာသည်။ စုံစမ်းစစ်ဆေးရေးဌာနက ဒုတိယအကြိမ် စစ်ဆေးမှုကို ထုတ်ပြန်ပြီးနောက် နှစ်အနည်းငယ်သာ ရှိသေးသည် မဟုတ်ပါလား သုံးနှစ်ခန့်သာ ရှိသေးသည်။ အကယ်၍ ထိုအချိန်တွင် တစ်စုံတစ်ယောက်က စစ်ဆေးမှုကို ပြီးမြောက်သွားပါက တခြား တရားစီရင်ရေး အကြီးအကဲများအတွက် နားကွဲလုနီးပါး အချက်ပေးခေါင်းလောင်း ဖြစ်လာလိမ့်မည်။

စစ်ဆေးမှုကို ပြီးမြောက်နိုင်မည့် အခွင့်အရေး ရှိခဲ့သည့် သူတော်စင်များပင် ဤကြောင့် ကျရှုံးသွားနိုင်သည်။

ထိုအချိန်တွင် နက်ရှိုင်းသော ဟင်းလင်းပြင်ထဲတွင် ဖန့်ချန် က အတွင်းကမ္ဘာနယ်မြေ တံခါးပေါက်မှတစ်ဆင့် လူတိုင်း၏ သဘောထား၊ တုံ့ပြန်မှု၊ မျက်ဝန်းနှင့် စိတ်ခံစားမှုအားလုံးကို အသေးစိတ် ကြည့်နေသည်။ သူသည် အမှန်တကယ် ပြန်ရောက်နေသည်မှာ ကြာပြီ ဖြစ်သော်လည်း မပေါ်လာသေးခြင်းသာ ဖြစ်သည်။ သူ၏ ဘေးတွင် ကျိလင် သည် မျက်လုံးများကို တင်းတင်းမှိတ်ထားပြီး ချုပ်နှောင်ခြင်း ၏ ဖိနှိပ်မှုအောက်တွင် နက်ရှိုင်းသော ချောက်ကမ်းပါးထဲသို့ ကျသွားသကဲ့သို့ မည်သည်ကိုမျှ မမြင်ရ၊ မကြားရတော့ပေ။

"အရှင်သခင်၊ ဒါကိုကြည့်ရင် ကျိလင် ယင်သူတော်စင် ဖြစ်လာတာက ဟော်ဆွေ့ချင် မျိုးနွယ်စုရဲ့ လက်ချက်ဆိုတာ သေချာနေပြီ။"

လီဝူ က လှောင်ပြုံးဖြင့် -

"သူတို့က တကယ်ကို ရက်စက်တာပဲ။ အရင်က ငါတို့ ရှန်းဟုန် အကြွင်းအကျန်တွေကို တိုက်ခိုက်တုန်းကလည်း ဒီနည်းလမ်းကိုပဲ သုံးခဲ့တာ။"

"ကိစ္စမရှိပါဘူး၊ ဒီတစ်ခေါက်တော့ စုံစမ်းစစ်ဆေးရေးဌာနကိုပဲ အကုန်စစ်ဆေးခိုင်းလိုက်မယ်။"

ဖန့်ချန် က အေးဆေးစွာ ပြုံးသည်။

"ငါလည်း ဒီအခွင့်အရေးနဲ့ စုံစမ်းစစ်ဆေးရေးဌာနရဲ့ စွမ်းရည်ကို ကြည့်ကြည့်ရတာပေါ့။ သူတို့က လန်ကျောက် ကိုတောင် ဖမ်းလာနိုင်တာဆိုတော့ နောက်ကွယ်ကသူကိုလည်း ဆွဲထုတ်နိုင်မှာပါ။"

စကားပြောပြီးသည်နှင့် အတွင်းကမ္ဘာနယ်မြေမှာ ဟင်းလင်းပြင်ကို ထိုးဖောက်ကာ လူတိုင်း၏ ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။ နေမင်းခုနစ်ပါး အမှတ်အသားက တောက်ပပြီး ပူနွေးသည့် အလင်းရောင်ကို ဖြာထွက်စေလျက် ရှိသည်။

"ဖန့်ချန်"

"သူ တကယ်ပဲ ပြန်ရောက်လာပြီ"

သူတော်စင်များ အားလုံး အံ့အားသင့်သွားကြသည်။

အခန်း (၂၄၅၆) - ငါ တစ်ချက်လောက် ကြည့်ပါရစေ

ကျန်းတောက်ယွဲ့ ၏ မျက်ဝန်းထဲတွင် ပြုံးရယ်ခြင်း အရိပ်အယောင်တစ်ခု ပေါ်လာသည်။ သူ၏ ဖန့်ချန် ညီလေးမှာ ယနေ့မှပင် ပေါ်လာသည်ဆိုကတည်းက ကိစ္စမှာ ပြီးပြတ်သွားပြီဟု ဆိုလိုခြင်းပင်။

"လူတိုင်းသာ ဖန့်ချန် လိုမျိုး ဆိုရင်တော့ ဘယ်လောက်ကောင်းလိုက်မလဲ။"

သူသည် ဝမ်ချုံစန်း တို့ဘက်သို့ တစ်ချက်မျှ စောင်းငဲ့ကြည့်လိုက်ပြီး စိတ်ထဲတွင် ရုတ်တရက် ခံစားချက်များ တက်ကြွလာသည်။ ထိုသို့ဆိုလျှင် သူလည်း စိတ်ပေါ့ပါးသွားမည် ဖြစ်ပြီး လူယုတ်မာတို့၏ လျှို့ဝှက်သော လက်ချက်များကို အချိန်တိုင်း ကာကွယ်နေစရာ မလိုတော့ပေ။

ချင်မျိုးနွယ်စုမှ ကာကွယ်ရေးဆရာ အများအပြားမှာ ဖန့်ချန် ကို မြင်လိုက်ရသည့်အခါ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားကြသည်။ သူတို့၏ အကြည့်များမှာ ချင်ဂွေ့ ထံသို့ တစ်ပြိုင်နက် ရောက်သွားကြသည်။ သို့သော် ချင်ဂွေ့ မှာမူ အေးဆေးတည်ငြိမ်နေဆဲပင်။ သူသည် ဖန့်ချန် ကို အလွန်ပင် တည်ငြိမ်စွာဖြင့် ကြည့်နေသည်။ ကျိလင် ဘယ်ကို ရောက်သွားသလဲဆိုတာ သူ သိထားပြီးသား ဖြစ်သည်။ ဖန့်ချန် သည် စွမ်းအင်စုစည်းခြင်း အဆင့် နောက်ဆုံးပိုင်းသာ ရှိသေးသဖြင့် ကျိလင် ကို ဖမ်းမိလာနိုင်စရာ အကြောင်း လုံးဝမရှိပေ။

ဖန့်ချန် က သူကိုယ်တိုင် စုံစမ်းစစ်ဆေးရေးဌာန၏ သူတော်စင် စစ်ဆေးမှုကို ပါဝင်ဖြေဆိုရမည်ဟု ကြိုတင်မသိထားပါက ဒါမျိုး ဖြစ်လာဖို့ မဖြစ်နိုင်ပေ။

"ဖန့်ချန်၊ စုံစမ်းစစ်ဆေးရေးဌာနက သူတော်စင် ပြောတာတော့ မင်း ကျိလင် ကို ဖမ်းမိလာပြီ ဆိုပါလား"

ချင်ဂွေ့ က အေးဆေးစွာ ပြောသည်။

"လူက ဘယ်မှာလဲ ထုတ်ပေးလိုက်စမ်းပါ။"

နေရာအနှံ့မှ သူတော်စင်များမှာ ဖန့်ချန် ကို စူးစိုက်ကြည့်နေကြသည်။ သူတို့၏ မျက်ဝန်းများထဲတွင် သိချင်စိတ်၊ လေးနက်မှုနှင့် သံသယများ ပြည့်နှက်နေသည်။ အထူးသဖြင့် ချင်ကွမ်း၊ ချင်ယွဲ့ တို့မှာ ဖြစ်သည်။ ချင်ကွမ်း မှာ မယုံကြည်နိုင်ဖြစ်နေပြီး ကျိလင် တကယ်ပဲ အဖမ်းခံလိုက်ရတာလားဟု တွေးနေမိသည်။ ကျိုကျိတောင် မှ ကျောင်းသားများမှာလည်း အမူအရာများ ရှုပ်ထွေးနေကြသည်။ ကျိလင် သည် သူတို့၏ တပည့်ညီအစ်ကို ဖြစ်သည့်အတွက် တကယ်ပဲ အဖမ်းခံလိုက်ရပါက ကျိုကျိုကျိိိိိတောင် ၏ အရှက်ရစရာ ကိစ္စရပ်မှာ ပြီးဆုံးသွားပြီဟု ဆိုရမည်။

ဖန့်ချန် သည် ၎င်းကို မြင်သည့်အခါ လက်ကို ဆန့်ထုတ်၍ အတွင်းကမ္ဘာနယ်မြေထဲမှ ကျိလင် ကို ဆွဲထုတ်လိုက်သည်။

"တကယ်ကြီးပဲ ကျိလင် ပါလား"

ချက်ချင်းဆိုသလိုပင် အကြည့်ပေါင်းများစွာမှာ ကျိလင် ၏ ခန္ဓာကိုယ်ထံသို့ စုပြုံရောက်ရှိလာသည်။ ကျိလင် သည်လည်း ချုပ်နှောင်ခြင်းမှ လွတ်မြောက်သွားပြီး ပတ်ဝန်းကျင်တွင် လူသားမျိုးနွယ်စု ကျောင်းသားများ ပြည့်နှက်နေသည်ကို မြင်လိုက်ရသည့်အခါ သူ၏ မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်မှုနှင့် ရှက်ရွံ့မှုများ ပေါ်လာသည်။

"တကယ်ကြီး ကျိလင် ဖြစ်နေတာပဲလား"

ဇီယွမ် သည် မသိစိတ်က ဝူချုံး ကြည့်လိုက်သည်။ သို့သော် ဝူချုံး သည် ကျိလင် ကို ကြည့်သည့် အကြည့်တွင် အေးစက်ခြင်းနှင့် ခံစားချက်ကင်းမဲ့ခြင်းမှလွဲ၍ ဘာမျှ မတွေ့ရပေ။

'သူ တကယ်ပဲ စိတ်လွှတ်ချလိုက်ပြီ ထင်တယ်' ဟု ဇီယွမ် သည် စိတ်ထဲတွင် တိတ်တဆိတ် တွေးလိုက်သည်။

"ကျိလင်၊ ချင်လွမ်း က မင်းနဲ့ ဘာရန်ငြိုးမှ မရှိဘူး၊ မင်း ဘယ်လိုလုပ်ပြီး သူ့ရဲ့ အတွင်းကမ္ဘာနယ်မြေ အနှစ်သာရကို လုယူဖို့ ရဲဝံ့ရတာလဲ မင်းရဲ့ စိတ်ဓာတ်က တကယ်ကို ရက်စက်လွန်းတယ် "

ချင်ကွမ်း က ဒေါသတကြီး အော်ဟစ်လိုက်သည်။

ထိုအချိန်တွင် ချင်ဂွေ့ က ရုတ်တရက် လက်ကို ဆန့်ထုတ်၍ -

"ငါ တစ်ချက်လောက် ကြည့်ပါရစေ။"

သို့သော် ပုံရိပ်တစ်ခုက သူ့ကို ချက်ချင်းပင် တားဆီးလိုက်သည်။ ၎င်းမှာ ဆွေ့ဟုန်ကျူ ပင် ဖြစ်သည်။

"ကျိလင် က စုံစမ်းစစ်ဆေးရေးဌာနရဲ့ ဖန့်ချန် အတွက် စစ်ဆေးမှုပါ။ သူက တခြားသူရဲ့ လက်ထဲကို ဖြတ်ကျော်ပြီး မသွားနိုင်ဘူး။"

ဆွေ့ဟုန်ကျူ က အေးစက်စွာ ပြောသည်။

ချင်ဂွေ့ ၏ အမူအရာ ပြောင်းလဲသွားပြီး

"ဒါဆိုရင် သူက ကျိလင် အစစ် ဟုတ်၊ မဟုတ် ငါတို့ ဘယ်လို သိနိုင်မလဲ "

ဟု မေးသည်။

ဟုတ်တယ်လေ လူတိုင်း၏ စိတ်ထဲတွင် လှုပ်ရှားသွားသည်။ သူတို့၏ စွမ်းရည်ဖြင့် ကျိလင် အတုတစ်ခုကို အလွယ်တကူ ဖန်တီးနိုင်သည်မှာ အလွန်လွယ်ကူသော ကိစ္စတစ်ခု ဖြစ်သည်။

"စုံစမ်းစစ်ဆေးရေးဌာနက ဟုတ်တယ်လို့ ပြောရင် ဟုတ်တာပဲ။ ရှင်တို့က စမ်းစစ်ဆေးရေးဌာနရဲ့ ကောက်ချက်ကို သံသယဝင်တယ်ဆိုရင် အစီရင်ခံစာ တစ်စောင် တင်လိုက်ပါ။ အဲဒီအခါ အမှန်၊ အမှားကို စစ်ဆေးပေးမယ့်သူ ရောက်လာလိမ့်မယ်။"

ဆွေ့ဟုန်ကျူ က တည်ငြိမ်စွာ ပြောသည်။

စကားပြောပြီးနောက် သူမသည် ဖန့်ချန် ကို ကြည့်ကာ ထူးဆန်းသော အမူအရာဖြင့် -

"ဖန့်ချန်၊ မင်း ငါနဲ့အတူ သစွာစကား စည်းဝေးခန်းမကို လိုက်ခဲ့ပါ။"

"ကောင်းပါပြီ။"

ဖန့်ချန် က ပြုံးကာ ခေါင်းညိတ်သည်။

သူသည် ဆွေ့ဟုန်ကျူ ကို ကြိုတင်ခေါ်ထားခဲ့ခြင်းမှာ တကယ်ကို မှန်ကန်သွားသည်။ ချင်ဂွေ့ သည် ဆွေ့ဟုန်ကျူ ၏ ရှေ့တွင်ပင် သက်သေအထောက်အထားကို ဖျက်ဆီးပစ်ရန် ကြိုးစားခဲ့သေးသည်။ ထိုအကြောင်းကို တွေးမိလိုက်သောအခါ ဖန့်ချန် သည် ကျိလင် ကို ဆွဲခေါ်ကာ ဆွေ့ဟုန်ကျူ ၏ အတွင်းကမ္ဘာနယ်မြေဆီသို့ လျှောက်သွားရင်း ချင်ဂွေ့ နှင့် ကျောက်ကျိ တို့ကို လှည့်ကြည့်ကာ ပြုံး၍ ပြောသည်။

"အားလုံးပဲ၊ အချို့သော ကိစ္စရပ်တွေကို အလေးချိန် မချိန်တွယ်မိရင် ဘာမှ မဟုတ်သလို ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ တစ်ခါလောက် ချိန်တွယ်မိသွားပြီဆိုရင်တော့ ပိဿာချိန် တစ်သောင်းနဲ့တောင် ဖိနှိပ်လို့ မရနိုင်တော့ဘူး။"

ဆွေ့ဟုန်ကျူ သည် ဖန့်ချန် ကို စိုက်ကြည့်လိုက်ပြီး အတွင်းကမ္ဘာနယ်မြေကို မောင်းနှင်ကာ ဖန့်ချန် နှင့် ကျိလင် ကို ခေါ်၍ ဟင်းလင်းပြင်ထဲတွင် ပျောက်ကွယ်သွားသည်။

လူသားမျိုးနွယ်စု ကျောင်းခွဲတစ်ခုလုံးမှာ အလွန်ပင် တိတ်ဆိတ်သွားသည်။ လူတိုင်းမှာ ဖန့်ချန် ပြောခဲ့သည့် စကားကို စဉ်းစားနေကြသည်။ ထိုစကားမှာ ရည်ရွယ်ချက်ရှိရှိ ပြောခြင်း ဖြစ်သည်မှာ ထင်ရှားသည်။ ချင်မျိုးနွယ်စုမှ ကာကွယ်ရေးဆရာများ၏ မျက်နှာမှာ ရုတ်တရက် သဘာဝမကျ ဖြစ်သွားကြသည်။ ချင်ဂွေ့ မှာမူ တည်ငြိမ်နေသော်လည်း ကျောက်ကျိ ၏ လက်ချောင်းများမှာ တုန်ယင်နေသည်။ သူသည် တစ်စုံတစ်ယောက် သိသွားမည်ကို ကြောက်သဖြင့် လက်ထဲတွင် ဝှက်ထားလိုက်သည်။

"ဟားဟားဟား၊ ဖန့်ချန် က အခက်ဆုံး အတားအဆီးကိုတောင် ဖြတ်ကျော်သွားပြီ။ ငါတို့ လူသားမျိုးနွယ်စုမှာ စုံစမ်းစစ်ဆေးရေးဌာနရဲ့ သူတော်စင် တစ်ဦး ပေါ်လာတော့မှာပဲ။"

ရွှီကာကွယ်ရေးဆရာ က ရုတ်တရက် ရယ်မောလိုက်သည်။

"နေမင်းခုနစ်ပါး အမှတ်အသား ရှိတဲ့ ကျောင်းသားတွေက ရှားပေမဲ့ ငါတို့ လူသားမျိုးနွယ်စုမှာ တစ်ခေတ်ကို တစ်ယောက်၊ နှစ်ယောက်လောက်တော့ ရှိတတ်ကြပါတယ်။ ဒါပေမဲ့ စုံစမ်းစစ်ဆေးရေးဌာနရဲ့ သူတော်စင် ဆိုတာတော့ ငါတို့ လူသားမျိုးနွယ်စုမှာ ဘယ်နှစ်ယောက်များ ပေါ်ခဲ့ဖူးလို့လဲ "

"နှစ်ယောက် ပေါ်ခဲ့ဖူးတယ်။ အကယ်၍ ဖန့်ချန် သာ ဖြစ်လာရင်တော့ တတိယမြောက် ပုဂ္ဂိုလ်ပေါ့။"

နင်ကျောင်းအုပ် က ရုတ်တရက် ပြောသည်။

"ဆရာ၊ ဖန့်ချန် တကယ်ပဲ ဖြစ်လာနိုင်မယ်လို့ ထင်သလား "

ရွှီကာကွယ်ရေးဆရာ က နင်ကျောင်းအုပ် ကို သိချင်စိတ်ဖြင့် မေးသည်။

"မသိဘူး။"

နင်ကျောင်းအုပ် က ပြုံးကာ ခေါင်းခါသည်။

"ဒါပေမဲ့ အနည်းဆုံးတော့ ဒီတစ်ဆင့်ကို သူ ဖြတ်ကျော်သွားပြီ။ နောက်တစ်ဆင့်က ဘာဖြစ်မလဲဆိုတာ ဘယ်သူ သိနိုင်မလဲ "

စကားပြောပြီးနောက် သူသည် လက်ကို ဝှေ့ယမ်းကာ -

"ပြန်ကြတော့။ ရလဒ် မထွက်လာခင်အထိ ဒီအစည်းအဝေးကို ထပ်ခေါ်စရာ မလိုတော့ဘူး။"

ကာကွယ်ရေးဆရာ အများအပြားမှာ နှုတ်ဆက်ကာ သူတို့၏ လက်အောက်မှ ဆရာများ၊ ကျောင်းသားများကို ခေါ်၍ ထွက်ခွာသွားကြသည်။

"ငါတို့လည်း သွားကြစို့။"

ကျန်းတောက်ယွဲ့ က ပြုံးကာ လက်ယှက်ပြီး ကရုဏာတောင်မှ သူတော်စင်များကို ခေါ်၍ ထွက်ခွာသွားသည်။ ခဏအတွင်းမှာပင် စည်ကားနေသော နေရာမှာ တိတ်ဆိတ်သွားသည်။

"ချင်ဂွေ့၊ မင်း ငါတို့ကို ပြောခဲ့တယ်လေ၊ ဒီတစ်ခေါက် မင်းရဲ့ ရွေးချယ်မှုက မမှားဘူးဆို။ ဒါပေမဲ့ အခုကြည့်ရတာ ငါတို့ အကြီးအကျယ် မှားသွားပြီ ကျိလင် ကို ဖန့်ချန် ဖမ်းမိသွားပြီ၊ စုံစမ်းစစ်ဆေးရေးဌာနက ဒီကိစ္စကို အသေးစိတ် စစ်ဆေးတော့မှာ။ တစ်ခုခု ပေါ်လာရင် ဘယ်သူ တာဝန်ယူမှာလဲ "

ချင်မျိုးနွယ်စုမှ ကာကွယ်ရေးဆရာ တစ်ဦးက ချင်ဂွေ့ ကို ဒေါသတကြီး ကြည့်ကာ မေးသည်။

"သူ အခုနက ပြောသွားတဲ့ စကားက သူ တစ်ခုခု သိသွားပြီဆိုတာ ပြနေတာပဲ။"

အခြား ကာကွယ်ရေးဆရာ တစ်ဦးက တိုးတိုး ပြောသည်။

"သူ့ စကားကို ယုံနေကြတာလား"

ချင်ဂွေ့ က ရုတ်တရက် နှာမှုတ်လိုက်သည်။

"စုံစမ်းစစ်ဆေးရေးဌာနရဲ့ သူတော်စင် ဖြစ်ဖို့က ဒီလောက် လွယ်မလား။ အဲဒီလိုသာဆိုရင် ငါတို့ ဟော်ဆွေ့ချင် မျိုးနွယ်စုမှာ စုံစမ်းစစ်ဆေးရေးဌာနရဲ့ သူတော်စင် ဘယ်နှစ်ယောက်တောင် ပေါ်နေလောက်ပြီလဲ။ သူ ကျရှုံးသွားတဲ့အထိ စောင့်၊ အစည်းအဝေးကို ပြန်ခေါ်မယ်။ ကျောက်ကျိ ပြောတာ မှန်တယ်၊ ကျိလင် ကို ဖမ်းမိတိုင်း သူ အပြစ်က လွတ်သွားမှာ မဟုတ်ဘူး"

လူတိုင်းမှာ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ သက်ပြင်းချရင်း ထွက်ခွာသွားကြသည်။

"ဆရာ..."

ကျောက်ကျိ ၏ မျက်ဝန်းမှာ တုန်လှုပ်နေသည်။

"ကျွန်တော် ဒီတစ်ခေါက်မှာ အထောက်အထား နည်းနည်း ချန်ထားမိသလား မသိဘူး..."

"စုံစမ်းစစ်ဆေးရေးဌာနက သက်သေအထောက်အထားကိုပဲ ကြည့်တာ။ ကျိလင် လိမ်ပြောရင်တောင် အထောက်အထား ရှိ,မရှိ ဆိုတာကိုပဲ ကြည့်မှာ။"

ချင်ဂွေ့ က အေးစက်စွာ ပြောသည်။

"ကိုယ်တိုင် စိတ်ဓာတ်မကျပါနဲ့။"

ခဏမျှ တိတ်ဆိတ်သွားပြီးနောက်

"ငါ စုံစမ်းခိုင်းတာ အဖြေပေါ်ပြီလား "

ကျောက်ကျိ ၏ စိတ်ထဲတွင် အနည်းငယ် တည်ငြိမ်သွားပြီး တိုးတိုး ပြောသည်။

"ဆရာ၊ ရှင်းရှင်းလင်းလင်း ဖြစ်သွားပါပြီ။ ဖန့်ချန် နဲ့ အဲဒီကိစ္စနဲ့ အချိန်က မကိုက်ညီပါဘူး။ သူ ရွှေဟွေးကျောင်းတော်ကို ရောက်လာတဲ့အချိန်မှာ အဲဒီကိစ္စက အခုလေးတင် ဖြစ်ပျက်ခဲ့တာပါ။ သူ ကျောင်းတော်မှာ လေ့ကျင့်နေတဲ့ နှစ်ပေါင်းများစွာအတွင်းမှာမှ ချင်ဝူဆန့် က ချန်းရွှေ နတ်ဘုရားနယ်မြေကို ပြန်ရောက်လာတာပါ။"

"ဒါဆိုရင် သူက ရှန်းဟုန် မျိုးနွယ်စုရဲ့ ပြန်လည်ဝင်စားသူ မဟုတ်ဘူးပေါ့။"

ချင်ဂွေ့ ၏ မျက်ဝန်းထဲတွင် ရှိသော တင်းမာမှုများ လျော့ကျသွားသည်။

"ပြန်တော့။"

"ဟုတ်ကဲ့။"

……

"ဖန့်ချန်၊ ဒီကောင်ကို မင်း ဘယ်လို ဖမ်းလာတာလဲ"

ဆွေ့ဟုန်ကျူ က ကျိလင် ကို သိချင်စိတ်ဖြင့် ကြည့်ကာ မေးသည်။

"သူ အများကြီး မပြေးနိုင်ပါဘူး။"

ဖန့်ချန် က ပြုံးသည်။

"သူက စိတ်ချလက်ချ ဖြစ်နေပြီလို့ ထင်နေတာနဲ့ တူပါတယ်။"

"ဟုတ်လား..."

ဆွေ့ဟုန်ကျူ သည် ဖန့်ချန် ပြောသည်မှာ အမှန်မဟုတ်ကြောင်း သိသည်။ သို့သော် သူမသည်လည်း အသေးစိတ် မမေးတော့ပေ။ သူတော်စင်တိုင်းမှာ လျှို့ဝှက်ချက် ရှိကြစမြဲပင်။ ဤလျှို့ဝှက်ချက်က ချင်းမင် ကို မထိခိုက်သရွေ့တော့ ဘာမှ မဖြစ်ပေ။

"မင်းတို့ ငါ့ကို ဘယ်ခေါ်သွားမလို့လဲ"

ကျိလင် က တိုးတိုး ပြောသည်။

"မင်း ရောက်သင့်တဲ့ နေရာကို ခေါ်သွားမှာပါ။"

ဆွေ့ဟုန်ကျူ သည် နှုတ်ခမ်းကို ကော့ညွှတ်လိုက်ပြီး တံခါးပေါက်အပြင်ဘက်မှ မြင်ကွင်းကို တစ်ချက်ကြည့်လိုက်သည်။

"ရောက်ပြီ။ ဒီကိစ္စ ပြီးသွားရင် နောက်ဆယ်နှစ်အတွင်းမှာ ဘယ်သူက စစ်ဆေးမှုကို ပြီးမြောက်မလဲ မသိဘူး။ ဒီတစ်ခေါက် ရွှေဟွေးကျောင်းတော်မှာ စုံစမ်းစစ်ဆေးရေးဌာနရဲ့ သူတော်စင် တစ်ယောက်တောင် ထွက်လာပါ့မလား မသိတော့ဘူး။"

သူမသည် အနည်းငယ် ခံစားချက်များ တက်ကြွလာသည်။

All Chapters