← Chapters

အခန်း (၂၉၅၉-၂၉၆၀)

Vol. 236 Ch. 2959-2960

အခန်း (၂၉၅၉-၂၉၆၀)

Vol. 236 Ch. 2959-2960

အခန်း(၂၉၅၉)

ဤဓားအလင်းကို ရှေးဟောင်းမိစ္ဆာနန်းတော်မှ တလော့အင်မော်တယ်သည် မည်သို့မျှ မခုခံနိုင်ခဲ့ပေ။

ဓားအလင်းတန်းက သူ၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို မျက်စိတစ်မှိတ်အတွင်း စေ့စေ့ညက်ညက် ခြေမွှသွားသည်ကို ဒီအတိုင်း ကြည့်နေခဲ့ရသည်။

“ကောင်လေး ငါနဲ့အတူ သေဖို့သာ ပြင်ထားလိုက်တော့”

လှုပ်ရှားမှု တစ်ခုတည်းဖြင့်ပင် ရှေးဟောင်းမိစ္ဆာနန်းတော်မှ တလော့အင်မော်တယ်၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပြီးနောက်တွင် ကျန်းချန်သည် သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်ကာ လေထဲကို လှမ်းဖမ်းလိုက်ရာ အင်မော်တယ် ခရစ္စတယ်နှင့် အနည်းငယ် ဆင်တူပြီး မိစ္ဆာစွမ်းအင်များ ကိန်းအောင်းနေသည့် အနက်ရောင်ခရစ္စတယ်တုံး တစ်တုံးကို မျက်စိတစ်မှိတ်အတွင်း ဖမ်းမိသွားခဲ့ပြီး သူ၏ လက်ထဲတွင် မြဲမြံစွာ ဆုပ်ကိုင်ထားလိုက်သည်။

ထိုအချိန်တွင် အလွန်တရာ ရက်စက်ကြမ်းကြုတ်သော မျက်နှာတစ်ခုသည် အနက်ရောင်ခရစ္စတယ်တုံး ပေါ်တွင် ပေါ်လာခဲ့ပြီး အနက်ရောင်ခရစ္စတယ်တုံး တစ်ခုလုံးသည် မိစ္ဆာစွမ်းအင်များ လှိုင်းထလာခဲ့ကာ ကျန်းချန်၏ လက်ထဲတွင် သိသိသာသာ ဖောင်းကားလာခဲ့သည်။

“မင်းကိုမင်း ဖောက်ခွဲချင်တာလား.. မင်းမှာ အဲဒီလို အခွင့်အရေးရှိမှာမဟုတ်ဘူး”

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် သူ၏ လက်ဖဝါးကို အသာအယာ အားထည့်ကာ ဖောင်းကားနေသော အနက်ရောင်ခရစ္စတယ်တုံးကို ဖိနှိပ်လိုက်သည်။

ကြောက်မက်ဖွယ် ဓားချီစွမ်းအားများသည် အနက်ရောင်ခရစ္စတယ်တုံးကို ချက်ချင်း ထိုးဖောက်သွားခဲ့ပြီး ရက်စက်ကြမ်းကြုတ်သောမျက်နှာကို လုံးဝ ချေမှုန်းပစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ကျန်းချန်၏ နတ်အသိစိတ်အာရုံသည် အနက်ရောင်ခရစ္စတယ်တုံးထဲကို တိုက်ရိုက်ပင် ဖောက်ဝင်သွားခဲ့ပြီး တလော့အင်မော်တယ်၏ ကြေမွသွားသော ဝိညာဥ်အပိုင်းအစများထဲကနေ မှတ်ဥာဏ်တချို့ကို တိုက်ရိုက်ပင် ဆွဲထုတ်လိုက်သည်။

သို့ရာတွင် ထိုတလော့အင်မော်တယ်၏ အဆင့်အတန်းသည် ရှေးဟောင်းမိစ္ဆာနန်းတော်တွင် မမြင့်မားသောကြောင့် ရှေးဟောင်းမိစ္ဆာနန်းတော်နှင့် ပတ်သက်၍ များများစားစား မသိရှိပေ။

သို့သော်လည်း မှတ်ဥာဏ်ကို စစ်ဆေးမှုအရ ကျန်းချန်သည် ရှေးဟောင်းမိစ္ဆာနန်းတော်နှင့် ပတ်သက်သည့် အကြောင်းအရာ တချို့ကိုမူ သိရှိသွားခဲ့သည်။

ရှေးဟောင်းမိစ္ဆာနန်းတော်သည် အင်မော်တယ်ဝိညာဥ် ပြောခဲ့သလိုပင် အင်မော်တယ်လောက၌ နှစ်ကြိမ်တိုင်တိုင် ပေါ်ထွက်လာခဲ့ဖူးပြီး နှစ်ကြိမ်စလုံး နှိမ်နင်းခြင်း ခံခဲ့ရသည်။

ယခု မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေတွင် ပေါ်ပေါက်လာသည့် ရှေးဟောင်းမိစ္ဆာနန်းတော် ဆိုသည်မှာ ဒုတိယအကြိမ်က နှိမ်နင်းခြင်း ခံလိုက်ရပြီးနောက် အင်မော်တယ်လောကတွင် ကျန်ရစ်ခဲ့သည့် ရှေးဟောင်းမိစ္ဆာနန်းတော်၏ အကြွင်းအကျန်မျှသာ ဖြစ်သည်။

ဤကိစ္စကို မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်က ရိပ်မိသွားသောကြောင့် သူတို့က အချိန်မတိုင်ခင် ထွက်ပေါ်လာခဲ့ရခြင်း ဆိုလည်းမမှားပေ။

“တော်သေးတယ်.. ရှေးဟောင်းမိစ္ဆာနန်းတော်က အင်မော်တယ်လောကမှာ အလုံးအရင်းနဲ့ ထွက်ပေါ်လာတာမျိုးတော့ မဟုတ်သေးဘူးပဲ”

ရှေးဟောင်းမိစ္ဆာနန်းတော်မှ တလော့ အင်မော်တယ်၏ မှတ်ဥာဏ် အပိုင်းအစများကို ဖတ်ရှုပြီးနောက်တွင် ကျန်းချန်က နှုတ်ကနေ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ရှေးဟောင်းမိစ္ဆာနန်းတော်၏ အင်အားသည် အလွန်ပင် နက်ရှိုင်းပြီး ခန့်မှန်းရခက်ခဲ၏။

အထူးသဖြင့် အင်‌မော်တယ်လောကတွင် ပထမဆုံးအကြိမ် ပေါ်ထွက်လာစဥ်က ဖြစ်သည်။

ထိုအချိန်က ကောင်းကင်ဧကရာဇ် နန်းတော်သည် အင်မော်တယ်လောကတွင် အထွတ်အထိပ်ရောက်ရှိနေသည့် ခေတ်ကာလဖြစ်ပြီး အဆုံးသတ်တွင် ရှေးဟောင်းမိစ္ဆာနန်းတော်ကို နှိမ်နင်းနိုင်ခဲ့သော်လည်း ထိုအတွက် ကောင်းကင်ဧကရာဇ်နန်းတော် ကိုယ်တိုင်သည်လည်း အလွန်ကြီးမားသော ပေးဆပ်မှုများကို ပြုလုပ်ခဲ့ရသည်။

အကယ်၍ ရှေးဟောင်းမိစ္ဆာနန်းတော်သာ အလုံးအရင်းနှင့် ပြန်လည် ပေါ်ထွက်လာခဲ့မည်ဆိုလျှင် ယနေ့ခေတ် အင်မော်တယ်လောကတွင် အင်မော်တယ်ဧကရာဇ်တစ်ပါးမှ မရှိသောကြောင့် ရှေးဟောင်းမိစ္ဆာနန်းတော်ကို ခုခံရန် ဆိုသည်မှာ အလွန်တရာ ခဲယဥ်းလိမ့်မည်ကို သူစိုးရိမ်နေမိသည်။

“မိတ်ဆွေလေးကျန်းချန်.. တကယ်ပဲ ကျေးဇူးအများကြီးတင်ပါတယ်.. တကယ်လို့ မင်းသာ ဒီနေ့လို သေရေး၊ရှင်ရေးအချိန်မှာ အချိန်မီ ပြန်မလာခဲ့ရင် ထျန်းရွှေအင်မော်တယ်မြို့တော်က သေချာပေါက် ပျက်စီးရမှာပဲ”

ကျန်းချန်က ရှေးဟောင်းမိစ္ဆာနန်းတော်မှ တလော့အင်မော်တယ်ကို အလွယ်တကူ သတ်ဖြတ်လိုက်သည်အားမြင်လျှင် လော့ချန်ချိုးသည် မှင်တက်ရာကနေ ပြန်လည်သက်သာလာရန် အချိန်အတော်ကြာ ယူလိုက်ရပြီးမှ ကျန်းချန်ကို ကျေးဇူးတင်သော အမူအရာဖြင့် ပြောလိုက်သည်။

လော့ချန်ချိုးသည် ယခုအချိန်အထိ အဆင့်နိမ့် စကြဝဠာကနေ တက်လှမ်းလာသော ကောင်လေးက ဤအဆင့်အတန်းအထိ ကြီးထွားလာလိမ့်မည်ဟု မယုံကြည်နိုင်သေးပေ။

သူ၏ စိတ်ထဲတွင် အလွန်တရာ တုန်လှုပ်နေမိပြီး ကျန်းချန်နှင့်ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ခဲ့သည်ကိုပင် အတော်လေး ဝမ်းမြောက်နေခဲ့သည်။

သို့မဟုတ်လျှင် သူတို့အားလုံးသည် ယနေ့တွင် ဤနေရာမှာပင် သေဆုံးသွားကြရလိမ့်မည်မှာ သေချာသလောက်ပင်။

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“ကျွန်တော်ကလည်း အရင်က လော့‌ရွှေကုန်သည်အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့ဖူးတာပဲ.. အဲဒီလောက်အထိ အားနာနေဖို့မလိုပါဘူး”

သူ အင်မော်တယ်လောကကို ပထမဆုံးအကြိမ် စတင်ဝင်ရောက်ပြီး လော့ရွှေကုန်သည်အဖွဲ့ဆီကို ရောက်လာစဥ်က လော့ရွှေကုန်သည်အဖွဲ့သည် သူ့ကို များစွာ အကူအညီပေးခဲ့သည်။

ယခု လော့ရွှေကုန်သည်အဖွဲ့က ဒုက္ခရောက်နေသည် ဖြစ်ရာ ကျန်းချန်အနေဖြင့် သဘာဝကျစွာပင် လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။

ကျန်းချန်က လော့ချန်ချိုးနှင့် စကားပြောဆိုပြီးနောက်တွင် ထျန်းရွှေအင်မော်တယ် မြို့တော် ဆီသို့ လှမ်းကြည့်လိုက်ရာ ရင်းနှီးသောပုံရိပ် တစ်ခု ပေါ်သို့ သူ၏ အကြည့်က ကျရောက်သွားခဲ့သည်။

ကျန်းချန်၏ ပုံရိပ်က လက်ခနဲ ဖြစ်သွားခဲ့ပြီး ထိုသူ၏ ရှေ့တွင် ပေါ်လာခဲ့သည်။

သူက ပြုံး၍ ပြောလိုက်သည်။

“ညီနောင်ဝူရှင်း.. မင်းလည်း အင်မော်တယ်လောကကို ရောက်လာပြီပဲ.. မတွေ့ရတာတောင် အတော်ကြာပြီ.. နေကောင်းတယ်မလား”

“ဟုတ်တယ်.. ငါတို့ မတွေ့ရတာ အတော်ကြာပြီပဲ”

ဝူရှင်းက သူ့ရှေ့မှ ကျန်းချန်ကို ကြည့်ကာ မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။

“မင်းက ငါတို့ နတ်ဘုရားနယ်မြေရဲ့ ပြိုင်ဘက်ကင်း နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်ရုံတင်မကဘူး.. ဒီအင်မော်တယ်လောကမှာလည်း အရင်အတိုင်း ထူးခြားဆန်းကြယ်နေဆဲပဲ”

ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။

“ညီနောင်ဝူရှင်းက ချီးမွမ်းလွန်းနေပါပြီ.. ငါက မင်းထက် အင်မော်တယ်လောကကို နည်းနည်းလောက်စောပြီး ရောက်ခဲ့လို့ပါ.. ညီနောင်ဝူရှင်းရဲ့ ပါရမီနဲ့ဆိုရင် လုံလောက်တဲ့ အချိန်သာရှိရင် ညီနောင်ဝူရှင်းရဲ့ အနာဂတ် အောင်မြင်မှုတွေက အကန့်အသတ် ရှိမှာ မဟုတ်ပါဘူး”

ဝူရှင်းသည် နတ်ဘုရားနယ်မြေ ကဲ့သို့ နေရာမျိုးကနေ အင်မော်တယ်လောက ဆီသို့ တက်လှမ်းလာနိုင်ခဲ့သည် ဖြစ်ရာ ဝူရှင်း၏ ပါရမီသည် သံသယဖြစ်စရာ မလိုလောက်အောင်ပင် ထူးခြားသည်။

ဝူရှင်းကိုသာ လုံလောက်သည့် အချိန်နှင့် အရင်းအမြစ်များ ပေးလိုက်မည် ဆိုလျှင် ဝူရှင်း၏ ကြီးထွားနှုန်းသည် အင်မော်တယ်လောကမှ ပါရမီရှင် အများစုထက် သေချာပေါက် နိမ့်ကျမည် မဟုတ်ပေ။

ဝူရှင်းက မချိပြုံး ပြုံးလိုက်ပြီး ထိုကိစ္စနှင့်ပတ်သက်၍ ကျန်းချန်နှင့် ငြင်းခုံမနေတော့ပေ။

သူ့ရှေ့မှ ကောင်လေးသည် နတ်ဘုရားနယ်မြေတွင် တစ်ဆင့်ပြီး တစ်ဆင့် မည်ကဲ့သို့ ကြီးထွားလာခဲ့သလဲ ဆိုသည်ကို ဝူရှင်းသည် သူကိုယ်တိုင် မျက်စိဖြင့် မြင်တွေ့ခဲ့ရသည်။

ဝူရှင်းက သူ၏ ပါရမီပေါ်တွင် ယုံကြည်မှုတချို့ ရှိသော်လည်း ကျန်းချန်ကို လိုက်မီဖို့ ဆိုသည်မှာ သူ့အတွက် မဖြစ်နိုင်သည့်အရာမှန်း လက်ခံထားလိုက်သည်။

သူက ခေါင်းခါရမ်းလိုက်ပြီး ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

“ညီနောင်ကျန်းချန်.. ဒီတစ်ကြိမ် အင်မော်တယ်လောက ဆီကို တက်လှမ်းလာတာ ငါတစ်ယောက်တည်း မဟုတ်ဘူး”

ထိုစကားကိုကြားလျှင် ကျန်းချန်က အံ့ဩသော အမူအရာဖြင့် မေးလိုက်သည်။

“ဒါဆို နောက်ထပ် တက်လှမ်းလာတာ ဘယ်သူလဲ.. လနတ်နန်းတော်က သခင်မ မင်ယွဲ့ရှင်းလား”

နတ်ဘုရားနယ်မြေ တစ်ခုလုံးတွင် ဝူရှင်းက လွဲလျှင် လနတ်နန်းတော်မှ သခင်မ မင်ယွဲ့ရှင်းက အစွမ်းအထက်ဆုံးပုဂ္ဂိုလ်ဖြစ်ရာ အင်မော်တယ်လောကသို့ တက်လှမ်းလာနိုင်ခြေ အရှိဆုံး ဆိုလည်းမမှားပေ။

“မဟုတ်ဘူး”

ဝူရှင်းက ခေါင်းခါရမ်း၍ ပြောလိုက်သည်။

“မင်းထွက်သွားပြီးတဲ့နောက်မှာ မုန့်ချင်းရွှယ်နဲ့ ကူဖုန်းအာတို့က အပတ်တကုတ် ကျင့်ကြံခဲ့ကြပြီး သူတို့ရဲ့ စွမ်းအားတွေက တစ်ဟုန်ထိုး တိုးတက်လာခဲ့တယ်.. သိပ်မကြာခင်မှာပဲ သူတို့က အုပ်စိုးသူအဆင့်ကို ရောက်ရှိသွားခဲ့ကြပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်က ငါနဲ့အတူ အင်မော်တယ်လောက ဆီကို တက်လှမ်းလာခဲ့ကြတယ်”

“မုန့်ချင်းရွှယ်နဲ့ ကူဖုန်းအာတို့ နှစ်ယောက်စလုံးက အင်မော်တယ်လောကဆီ ရောက်နေကြပြီလား”

ဝူရှင်း၏ စကားကို ကြားလိုက်ရလျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့ဩဝမ်းသာသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

“ဒါဆို သူတို့ အခုဘယ်မှာလဲ”

“သူတို့တွေ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေကို သွားခဲ့ကြတယ်”

လော့ချန်ချိုးကလည်း ဤအချိန်တွင် ကျန်းချန်၏ နံဘေးသို့ ရောက်ရှိလာခဲ့ပြီး ကျန်းချန်ကို ဆက်လက် ရှင်းပြလိုက်သည်။

“အင်မော်တယ်လောကကို ရောက်ပြီး သိပ်မကြာခင်မှာပဲ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ရဲ့ အကြီးအကဲ တစ်ယောက်က တိုက်တိုက်ဆိုင်ဆိုင် ထျန်းရွှေအင်မော်တယ်မြို့တော်က ဖြတ်သွားရင်း ဒီမိန်းကလေးနှစ်ယောက်ကို သဘောကျသွားတဲ့ အတွက် မြောက်ပိုင်းအေးစက်သောအင်မော်တယ် နန်းတော် ဆီကို ခေါ်ဆောင်သွားခဲ့တယ်”

“မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ကိုတောင် ရောက်နေပြီပေါ့”

ကျန်းချန်က ခေါင်းညိတ်လိုက်သည်။

မုန့်ချင်းရွှယ်နှင့် ကူဖုန်းအာ ကဲ့သို့ ပါရမီရှင်မျိုးသည် အင်မော်တယ်လောကတွင်ပင် အလွန်တရာ ရှားပါးသည်။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ကသာ ထိုနှစ်ယောက်ကို ရှာတွေ့ခဲ့လျှင် ကျင့်ကြံရန် အတွက် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော် ဆီကို ခေါ်ဆောင်သွားမည်မှာ သဘာဝကျသည် မဟုတ်ပါလား။

ယခုအခါ ရှေးဟောင်းမိစ္ဆာနန်းတော်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေတစ်ခုလုံးကို လွှမ်းမိုးထားသော်လည်း မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေတစ်ခုလုံးတွင်မူ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်သည် ယခုအချိန်အထိ ဘေးအန္တရာယ်အကင်းဆုံးနေရာ ဖြစ်နေဆဲပင်။

မုန့်ချင်းရွှယ်တို့နှစ်ယောက်က မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်တွင် ရှိနေကြမှန်း သိလိုက်ရလျှင် ကျန်းချန် အတော်လေး စိတ်အေးသွားခဲ့ရသည်။

ထို့ကြောင့် စန်းယွင်ပြည်နယ်မှ ရှေးဟောင်းမိစ္ဆာနန်းတော် ကိစ္စကို ရှင်းပြီးမှသာ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော် ဆီကို သွားရန် သူ ဆုံးဖြတ်လိုက်သည်။

ကျန်းချန်က သူ၏ အတွေးစများကို ဘေးဖယ်ထားလိုက်ပြီး ချက်ချင်းဆိုသလိုပင် လော့ချန်ချိုးကို ကြည့်ကာ မေးလိုက်သည်။

“ခေါင်းဆောင်လော့.. စန်းယွင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေက ဘယ်လိုရှိလဲ”

“အခြေအနေကတော့ သိပ်မကောင်းဘူး”

လော့ချန်ချိုးက လေးနက်စွာ ပြောလိုက်သည်။

“ငါ ရရှိထားတဲ့ သတင်းတွေအရဆိုရင် စန်းယွင်ပြည်နယ်ကို တာဝန်ယူထားတဲ့ စန်းယွင်အင်မော်တယ်နန်းတော်က ရှေးဟောင်းမိစ္ဆာနန်းတော်ရဲ့ လက်အောက်မှာ ရှုံးနိမ့်သွားခဲ့ရပြီ.. စန်းယွင်အင်မော်တယ်နန်းတော်နဲ့ စန်းယွင်ပြည်နယ်ရဲ့ လက်ကျန် အင်အားစုတွေက ရှုံးနိမ့်သွားပြီးတဲ့နောက်မှာ စန်းယွင်ပြည်နယ်က အမည်မဲ့အင်မော်တယ် နန်းတော် ဌာနခွဲ ဆီကို ဆုတ်ခွာပြီး ရှေးဟောင်းမိစ္ဆာနန်းတော်ကို ဆန့်ကျင်တိုက်ခိုက်ဖို့ အတွက် အမည်မဲ့အင်မော်တယ်နန်းတော်နဲ့ ပူးပေါင်းဖို့ စီစဥ်ထားကြတယ်”

ကျန်းချန်၏ မျက်ဝန်းထဲတွင် တောက်ပသော အလင်းတန်းများ ဖျတ်ခနဲ လက်သွားခဲ့သည်။

စန်းယွင်ပြည်နယ်တွင် စန်းယွင်အင်မော်တယ် နန်းတော် အပြင် တလော့အင်အားစု နှစ်ခုလည်း ရှိနေပါသေးသည်။

ထို့အပြင် တလော့ အင်အားစုများထက် မနိမ့်ကျသည့် အမည်မဲ့အင်မောယ်တယ် နန်းတော်၏ ဌာနခွဲ တစ်ခုလည်း ရှိနေသေး၏။

အကယ်၍ ဤကဲ့သို့ အင်အားစုများသာ ရှေးဟောင်းမိစ္ဆာနန်းတော်၏ လက်ချက်ဖြင့် အလွယ်တကူ ရှုံးနိမ့်သွားခဲ့ရသည်ဆိုလျှင် ရှေးဟောင်းမိစ္ဆာနန်းတော်၏ စန်းယွင်ပြည်နယ်ထဲမှ အင်အားသည် အားမနည်းမှန်း သက်သေပြရန် လုံလောက်နေခဲ့ပြီး ၎င်းတို့ဘက်တွင် ထိုက်ယီအဆင့် အင်မော်တယ် တစ်ပါးပင် ရှိနေနိုင်သည်ကို စိုးရိမ်ရ၏။

အခန်း(၂၉၅၉)ပြီး၏။

အခန်း(၂၉၆၀)

ကျန်းချန်က အချန်ဆွဲမနေတော့ဘဲ လော့ချန်ချိုးကို ကြည့်ကာ ပြောလိုက်သည်။

“ခေါင်းဆောင်လော့.. ထျန်းရွှေအင်မော်တယ် မြို့တော်ရဲ့ အကျပ်အတည်းက ပြေလည်သွားပြီ ဆိုတော့ ကျွန်တော် အမည်မဲ့အင်မော်တယ် နန်းတော်ကို သွားပြီး အခြေအနေကြည့်လိုက်ဦးမယ်”

“ကောင်းပါပြီ”

လော့ချန်ချိုးက ခေါင်းညိတ်ပြလိုက်သည်။

ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် ထိုက်ယီအင်မော်တယ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ တစ်ခုလုံးဖြင့် ကြည့်လျှင်ပင် ကျန်းချန်ကို ယှဥ်နိုင်သူမှာ လက်ချိုးရေတွက်၍ပင် ရ၏။

ကျန်းချန်၏ အင်အားဖြင့်ဆိုလျှင် ရှေးဟောင်းမိစ္ဆာနန်းတော်ကို ဆန့်ကျင်တိုက်ခိုက်ရာတွင် အဆုံးအဖြတ်ပေးနိုင်မည့် အဓိက အခန်းကဏ္ဍကနေ သေချာပေါက် ပါဝင်နိုင်လိမ့်မည်ဖြစ်သည်။

ကျန်းချန်က လော့ချန်ချိုးတို့ကို တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် ရှေးဟောင်းမိစ္ဆာနန်းတော်က တစ်ကျော့ပြန် တိုက်ခိုက်လာနိုင်ခြေ ရှိသည်ကို တွေးမိကာ တစ်ခဏမျှ စဥ်းစားလိုက်သည်။

ချက်ချင်းဆိုသလိုပင် သူ၏ လက်ထဲကနေ ဓားအလင်းတန်းက အရှိန်အဟုန် ပြင်းစွာ ထွက်ပေါ်လာခဲ့ပြီး လော့ချန်ချိုး၏ လက်ထဲရှိ တလော့အင်မော်တယ်ဓားထဲကို တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။

“ခေါင်းဆောင်လော့.. ကျွန်တော် ခင်ဗျားရဲ့ လက်နက်ထဲမှာ ဓားချီ တစ်ခု ချန်ထားပေးခဲ့တယ်.. အဲဒီဓားချီကို အသက်သွင်းလိုက်တာနဲ့ တလော့အင်မော်တယ်ကို သတ်ဖြတ်နိုင်စွမ်းရှိပြီး ထျန်းရွှေအင်မော်တယ်မြို့တော်ကို ကာကွယ်ဖို့ အတွက် လုံလောက်ပါလိမ့်မယ်”

ထျန်းရွှေအင်မော်တယ် မြို့တော် ဆိုသည်မှာ စန်းယွင်ပြည်နယ်ထဲမှ သာမန် အင်မော်တယ်မြို့တော်လေး တစ်ခုမျှသာ ဖြစ်သည်။

အကယ်၍ ရှေးဟောင်းမိစ္ဆာနန်းတော်မှ တစ်ကျော့ပြန်လာခဲ့လျှင်ပင် အလွန်ဆုံး တလော့အင်မော်တယ် အဆင့်လောက်သာ ရှိမည်ဖြစ်ရာ သူချန်ထားရစ်ခဲ့သည့် ဓားချီသည် ရင်ဆိုင်ဖြေရှင်းရန်အတွက် လုံလောက်မှုရှိလိမ့်မည် ဖြစ်သည်။

“ကျေးဇူးအများကြီးတင်ပါတယ်”

ကျန်းချန်၏ စကားကိုကြားလျှင် လော့ချန်ချိုးသည် အတော်လေး ဝမ်းသာသွားခဲ့သည်။

ကျန်းချန် ချန်ထားပေးခဲ့သည့် ဓားချီဖြင့် ဆိုလျှင် ထျန်းရွှေအင်မော်တယ်မြို့‌တော်သည် စိုးရိမ်စရာမရှိဘဲ စိတ်အေးလက်အေး နေနိုင်တော့မည် မဟုတ်ပါလား။

“အားလုံးပဲ နှုတ်ဆက်ပါတယ်”

ယင်းနောက်တွင်မူ ကျန်းချန်သည် ဝူရှင်းနှင့် လော့ဝူကျိတို့ကို ခေါင်းညိတ်ပြလိုက်ပြီး ချက်ချင်းဆိုသလိုပင် လူတိုင်း၏ မြင်ကွင်းအောက်ကနေ ပျောက်ကွယ်သွားခဲ့သည်။

ကျန်းချန်က ထျန်းရွှေအင်မော်တယ် မြို့တော်ကနေ ထွက်ခွာလာပြီးနောက်တွင် စန်းယွင်ပြည်နယ်ထဲတွင် ရှိသည့် အမည်မဲ့အင်မော်တယ်နန်းတော်၏ ဌာနခွဲနန်းတော် ဆီသို့ တိုက်ရိုက်ပင် ဦးတည်သွားခဲ့သည်။

လမ်းခရီးတွင် ကျန်းချန်သည် ထိုက်ယီအင်မော်တယ်အဆင့်၏ နတ်အသိစိတ် အာရုံခံနိုင်စွမ်းကြောင့် မိုင်ပေါင်းသောင်းချီ ဧရိယာအတွင်းမှ အရာအားလုံးကို အကဲခတ်မြင်နိုင်စွမ်းရှိခဲ့သည်။

ကျန်းချန်က သူ၏ နတ်အသိစိတ်အာရုံထဲတွင် ပေါ်ပေါက်လာသည့် ရှေးဟောင်းမိစ္ဆာနန်းတော်မှ မိစ္ဆာမှန်သမျှကို အလျင်အမြန်ပင် သုတ်သင် ရှင်းလင်းပစ်ခဲ့သည်။

လမ်းခရီးတွင် ရှေးဟောင်းမိစ္ဆာနန်းတော်မှ မိစ္ဆာများကို ရှင်းလင်းရင်းဖြင့် ကျန်းချန်သည် စန်းယွင်ပြည်နယ်ထဲမှ အမည်မဲ့အင်မော်တယ်နန်းတော် ဌာနခွဲဆီသို့ ခရီးနှင်လာခဲ့သည်။

ယခုအခါ ကျန်းချန်က ထိုက်ယီအင်မော်တယ်အဆင့်သို့ ရောက်ရှိနေသည်ဖြစ်ရာ ဟင်းလင်းပြင်ကို ဖြတ်ကျော်နိုင်သည့် အရှိန်အဟုန်သည် အလွန်တရာကြောက်မက်ဖွယ်ရာကောင်းသော အတိုင်းအတာ အထိ ရောက်ရှိနေခဲ့ချေပြီ။

အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာခန့် အချိန်ကုန်လွန်ပြီးနောက်တွင် ကျန်းချန်သည် စန်းယွင်ပြည်နယ်ရှိ အမည်မဲ့အင်မော်တယ်နန်းတော်၏ ဌာနခွဲနန်းတော် အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။

စန်းယွင်ပြည်နယ်ထဲမှာ အမည်မဲ့အင်မော်တယ် နန်းတော်၏ ဌာနခွဲ တစ်ခုအနေဖြင့် စန်းယွင်ပြည်နယ်ထဲရှိ ဌာနခွဲနန်းတော်၏ အဆင့်အတန်းသည် စန်းယွင်ပြည်နယ်ကို တာဝန်ယူ အုပ်ချုပ်သည့် စန်းယွင်အင်မော်တယ် နန်းတော်ထက် လုံးဝမနိမ့်ကျပေ။

ရှင်းလင်းစွာဆိုရလျှင် အမည်မဲ့အင်မော်တယ် နန်းတော်တွင် နန်းတော်မှလူများကို စန်းယွင်အင်မော်တယ် နန်းတော်မှ လူများပင်လျှင် ယဥ်ကျေးစွာ ဆက်ဆံကြရ၏။

သို့သော်လည်း ယခုအခါတွင် စန်းယွင်ပြည်နယ်ထဲရှိ အမည်မဲ့အင်မော်တယ် နန်းတော်ဌာနခွဲ၏ ကောင်းကင်ယံ၌ သတ်ဖြတ်ခြင်း အရှိန်အဝါများ လွှမ်းမိုးနေခဲ့သည်။

ဟင်းလင်းပြင်ထဲတွင် အင်အားစု နှစ်စုသည် ထိပ်တိုက်ရင်ဆိုင်နေကြသည်။

တစ်ဖက်မှလူများမှာ ရှေးဟောင်းမိစ္ဆာနန်းတော်မှ လူများဖြစ်ကြသည်။

တစ်ခြားတစ်ဖက်ကမူ အမည်မဲ့အင်မော်တယ်နန်းတော်မှ လူများ ဖြစ်သည်။

ထိုအထဲမှာ ခေါင်းဆောင်မှာ ကျန်းချန်နှင့် မစိမ်းပေ။

ထိုလူမှာ စန်းယွင်ပြည်နယ်ရှိ အမည်မဲ့အင်မော်တယ် နန်းတော်ဌာနခွဲ၏ နန်းတော်သခင်ဖြစ်သူ အရှင်ယင်ယွဲ့ ဖြစ်သည်။

“ယင်ယွဲ့.. ဒီအရှင်က မင်းကို ငါ့တို့ ရှေးဟောင်းမိစ္ဆာနန်းတော်ဆီမှာ အညံ့ခံဖို့ နောက်ဆုံး အခွင့်အရေးပေးမယ်.. အညံ့မခံရင်တော့ မင်းသေရလိမ့်မယ်”

ရှေးဟောင်းမိစ္ဆာနန်းတော်ဘက်မှ ခေါင်းဆောင်ဖြစ်သည့် ခန္ဓာကိုယ်တွင် မိစ္ဆာစွမ်းအင်များ ပြည့်နှက်နေသော အနက်ရောင်သံချပ်ဝတ် လူထွားကြီးသည် အရှင်ယင်ယွဲ့တို့ လူစုကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

သူ၏ လူသတ်‌ငွေ့များ လွှမ်းမိုးနေသောအသံသည် မျက်စိတစ်မှိတ်အတွင်း ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။

မျက်နှာချင်းဆိုင်မှ အနက်ရောင်သံချပ်ဝတ်စုံဝတ် လူထွားကြီး၏ စကားကိုကြားလိုက်ရလျှင် အရှင်ယင်ယွဲ့သည် မျက်မှောင်မကြုတ်ဘဲ မနေနိုင်ခဲ့ပေ။

စန်းယွင်ပြည်နယ်ရှိ သူတို့ အမည်မဲ့အင်မော်တယ် နန်းတော်ဌာနခွဲသည် ကျန်းချန်၏ ကူညီမှုဖြင့် အမည်မဲ့အင်မော်တယ်နန်းတော်၏ ဌာနခွဲ အားလုံးထဲတွင် ပထမနေရာကို တစ်ဟုန်ထိုး ရောက်ရှိသွားခဲ့သည်။

ဤနှစ်များအတွင်း သူတို့သည် အမည်မဲ့အင်မော်တယ်နန်းတော် ဆီကနေ အရင်းအမြစ်အများအပြား ရရှိခဲ့သောကြောင့် သူတို့၏ အင်အားက အလွန် လျင်မြန်စွာ တိုးတက်လာခဲ့သည်။

လက်ရှိအချိန်တွင် အရှင်ယင်ယွဲ့သည် တလော့အင်မော်တယ် အထွတ်အထိပ်အဆင့်ကိုပင် ရောက်ရှိနေပြီ ဖြစ်သလို အကြီးအကဲချုပ် ဖြစ်သည့် လျှိုဝူချန်းသည်ပင် တလော့ အင်မော်တယ်အဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့ပြီဖြစ်သည်။

အမည်မဲ့အင်မော်တယ်နန်းတော်၏ အင်အားက တစ်ဟုန်ထိုး တိုးတက်လာသည့် အပြင် စန်းယွင်အင်မော်တယ် နန်းတော်နှင့် အခြားသော အင်အားစုများ ပူးပေါင်းလိုက်သည့် အခါတွင်မူ ရှေးဟောင်းမိစ္ဆာနန်းတော်ကို ရင်ဆိုင်နိုင်ခဲ့သည်။

အကယ်၍ ရှေးဟောင်းမိစ္ဆာနန်းတော်သာ ယခင်တုန်းကလိုဆိုလျှင် အမည်မဲ့အင်မော်တယ် နန်းတော်သည် ရှေးဟောင်းမိစ္ဆာနန်းတော်လက်ချက်ဖြင့် ပျက်စီးသွားခဲ့သည်မှာ ကြာပြီ ဖြစ်၏။

အရှင်ယင်ယွဲ့က သက်ပြင်းရှည်ကို လေးလံစွာ ချလိုက်ပြီး ချက်ချင်းဆိုသလို အေးစက်စက် အော်ဟစ်လိုက်သည်။

“အရှင်မီးလျှံနက် အပိုစကားတွေပြောမနေနဲ့တော့...ဒီအရှင်က မင်းတို့ ရှေးဟောင်းမိစ္ဆာနန်းတော်ကို ဘယ်တော့မှ အညံ့ခံမှာမဟုတ်ဘူး”

“မင်းက စကားကောင်းပြောနေတာကို နားမထောင်ချင်ဘူးပဲ.. ကောင်းပြီလေ.. မင်းက သေလမ်းကို ရွေးချယ်နေမှတော့ ဒီအရှင်က မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”

စကားဆုံးသည်နှင့် အရှင်မီးလျှံနက်၏ ခန္ဓာကိုယ်ကနေ မိစ္ဆာစွမ်းအင်များ ထွက်ပေါ်လာခဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းသော အနက်ရောင်မီးပင်လယ် အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ဟင်းလင်းပြင်တွင် ပျံ့နှံ့သွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကြောက်မက်ဖွယ်ရာကောင်းသော မီးပင်လယ်ကြီးသည် အရှင်ယင်ယွဲ့တို့ ဆီသို့ ပျံ့နှံ့လာခဲ့၏။

အရှင်ယင်ယွဲ့၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်ရာ ကောင်းကင်နှင့်မြေပြင်ကြားမှ အင်မော်တယ် အဆီအနှစ် စွမ်းအားများသည် အကာအကွယ် တစ်ခုအဖြစ်သို့ ချက်ချင်းဆိုသလို စုစည်းသွားခဲ့ပြီး ပျံ့နှံ့လာသော အနက်ရောင်မီးပင်လယ်မှ မီးလျှံများကို ခုခံကာကွယ်လိုက်သည်။

သို့သော်လည်း အရှင်ယင်ယွဲ့ ထုတ်ဖော်လိုက်သောအကာအကွယ်သည် အနက်ရောင်မီးပင်လယ်ကို တစ်ခဏမျှသာ ခုခံနိုင်ခဲ့ပြီး ထို့နောက်တွင်မူ အနက်ရောင်မီးပင်လယ်၏ ရိုက်ခတ်မှုအောက်တွင် တိုက်ရိုက်ဆိုသလို ပေါက်ကွဲသွားခဲ့သည်။

“အကြီးအကဲဝူချန်း”

ထိုအချင်းအရာကိုမြင်လျှင် အရှင်ယင်ယွဲ့က လျှိဝူချန်းကို အော်ဟစ်လိုက်သည်။

သူတို့နှစ်ယောက်က အမည်မဲ့အင်မော်တယ် နန်းတော်၏ ကာကွယ်ရေး အစီအရင်ကို လှုံ့ဆော်ရင်း လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်ကြ၏။

ထိုအခါမှသာ အနက်ရောင် မီးပင်လယ်၏ ရိုက်ခတ်မှုကို ခုခံနိုင်ခဲ့သည်။

“အားလုံးပဲ သတိထားကြ.. ဒီမိစ္ဆာရဲ့အင်အားက ခြေလှမ်းတစ်ဝက် ထိုက်ယီအင်မော်တယ် အဆင့်ကို ရောက်နေပြီထင်တယ်”

အရှင်ယင်ယွဲ့က သူ၏ ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို ဖိနှိပ်လိုက်သည်။

သူ၏ မျက်နှာအမူအရာက ချက်ချင်းဆိုသလိုပင် အလွန်တရာ လေးနက်သွားခဲ့၏။

သိပ်မကြာခင်က အရှင်မီးလျှံနက်နှင့် သူက ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့စဥ်တွင် အရှင်မီးလျှံနက်၏ အင်အားသည် သူနှင့် သိပ်မကွာပေ။

သို့သော်လည်း ဆယ်ရက်ပင် မပြည့်သေးသော အချိန်အတွင်းမှာပင် အရှင်မီးလျှံနက်၏ အင်အားသည် တစ်ဟုန်ထိုး တိုးတက်လာခဲ့ပြီး တလော့အဆင့်ကိုပင် ကျော်လွန်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။

ရလဒ်အနေဖြင့် သူတို့သည် ယနေ့တိုက်ပွဲတွင် အန္တရာယ်ရှိသော အခြေအနေနှင့် ရင်ဆိုင်နေရ၏။

“အရှင်ယင်ယွဲ့ ငါမင်းကို အခွင့်အရေးပေးခဲ့ပြီးပြီ.. မင်းက အခွင့်အရေးကို တန်ဖိုးမထားမှတော့ ငါ့ရဲ့ လက်ချက်နဲ့ သေဖို့သာ ပြင်ထားလိုက်တော့”

အရှင်မီးလျှံနက်၏ စကားဆုံးသည်နှင့် အနက်ရောင်မီးပင်လယ်ထဲကနေ ကောင်းကင်ကိုပင် လောင်ကျွမ်းစေနိုင်မည့် မြေပြင်ကိုပင် ပျက်စီးစေလောက်သည့် ကြောက်မက်ဖွယ် စွမ်းအားများကို ပိုင်ဆိုင်ထားသော အနက်ရောင်မီးလျှံငှက်တစ်ကောင် ထွက်ပေါ်လာခဲ့ပြီး အရှင်ယင်ယွဲ့တို့ လူစုဆီသို့ တစ်ဟုန်ထိုး ပျံသန်းလာခဲ့သည်။

“အားလုံး အတူတူပူးပေါင်းပြီး ရင်ဆိုင်ကြစို့”

အရှင်ယင်ယွဲ့က မျက်မှောင်ကြုတ်သွားခဲ့ပြီး လျင်မြန်စွာပင် အော်ဟစ်လိုက်သည်။

ခြေလှမ်းတစ်ဝက် ထိုက်ယီအင်မော်တယ် အဆင့်သည် စစ်မှန်သော ထိုက်ယီအင်မော်တယ် အဆင့်ထက် အနည်းငယ်နိမ့်ကျသော်လည်း တလော့အင်မော်တယ် အဆင့်ကိုမူ လုံးဝကျော်လွန်နေပြီ ဖြစ်သည်။

သူနှင့် လျှိုဝူချန်းတို့ အနေဖြင့် အမည်မဲ့အင်မော်တယ်နန်းတော်၏ အကာအကွယ်အစီအရင် အကူအညီကို ရရှိနေခဲ့သည့်တိုင် အရှင်မီးလျှံနက်၏ တိုက်ကွက်ကို တားဆီးရန် ခဲယဥ်းလိမ့်မည်ကို သူ စိုးရိမ်နေမိသည်။

အရှင်ယင်ယွဲ့၏ စကားကိုကြားလျှင် အရှင်ယင်ယွဲ့၏ နောက်တွင် ရပ်နေသည့် တလော့ အင်မော်တယ် အနည်းငယ်၏ မျက်နှာအမူအရာက ချက်ချင်းဆိုသလို အလွန်တရာ လေးနက်သွားခဲ့သည်။

သူတို့က ခန္ဓာကိုယ်ထဲမှ တလော့အင်မော်တယ် စွမ်းအားများကို ထိမ်ချန်မထားဘဲ အပြည့်အဝပင် ထုတ်ဖော်လိုက်ကြ၏။

ဤကဲ့သို့ သေရေး ရှင်ရေးအချိန်တွင် သူတို့အားလုံးသည် အရှင်မီးလျှံနက်ကို ပူးပေါင်းရင်ဆိုင် တိုက်ခိုက်ရုံက လွဲ၍ တခြားနည်လမ်း မရှိတော့ပေ။

သို့သော်လည်း လူတိုင်းက အရှင်ယင်ယွဲ့နှင့် ပူးပေါင်းကာ အနက်ရောင်မီးလျှံငှက်ကို ခုခံရန် ပြင်ဆင်နေရသည့် အချိန်မှာပင် တောက်ပသော ဓားအလင်းတန်း တစ်ခုသည် အဝေးရှိ ဟင်းလင်းပြင်ထဲကနေ ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး သူတို့ထံသို့ ဦးတည်လာသည့် အနက်ရောင်မီးလျှံငှက်ကို ထိမှန်သွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင် အနက်ရောင်မီးလျှံငှက်သည် ဟင်းလင်းပြင်ထဲမှာပင် ပေါက်ကွဲသွားသည်ကို သူတို့မြင်လိုက်ရ၏။

ရုတ်တရက် ဖြစ်ပေါ်လာသော အပြောင်းအလဲကြောင့် ပတ်ဝန်းကျင်ရှိ လူတိုင်းသည် တစ်ခဏမျှ မှင်တက်သွားခဲ့ကြသည်။

အရှင်မီးလျှံနက်က မျက်မှောင်ကြုတ်သွားခဲ့ပြီး သူ၏ အကြည့်သည် ဓားအလင်းတန်း ထွက်ပေါ်လာသည့် နေရာဆီသို့ ကျရောက်သွားခဲ့သည်။

“ဘယ်သူလဲ.. ဒီအရှင်ရဲ့‌ရှေ့ကို အမြန်ဆုံး ထွက်ခဲ့စမ်း”

All Chapters